Nuffnang Ads

Thursday, 29 November 2012



" ချစ်သော ယမုံနာ "



စိုးလှိုင် ( မန်းတက္ကသိုလ်)






(၁)


တိုယိုတာကိုရိုလာ ကားဖြူ လေးသည် နယူးဒေလီမြို့ ၏ ဝေလီဝေလင်း နံနက်ခင်း တွင် နှင်းထုကိုခွင်း၍ပြေးနေသည်။ နံနက်ခင်း ဖြစ်၍လည်း အစဉ် ရှုပ်ထွေးလျက် ရှိသည့် နယူးဒေလီ လမ်းများမှာရှင်းနေသည်။ ထိုကြောင့် မောင်မောင်စိုး တစ်ယောက် ခရီးဝေးကားမောင်းလျှင် နံနက်စောစောပိုင်းတွင်သာ မောင်းလေ့ရှိ သည်။ နေ့ခင်းတွင်မူ လမ်းပေါ်၌ စိတ်အေးလက်အေး သွားနေကြသော၊ အိပ်နေ ကြသော နွားများ ကို ရှောင်ရသည့် ဒုက္ခ က မသေးလှ။၊ တိုက်မိလို့ကဖြင့် ပြဿနာက ကြီးလေပြီ။ အခန့်မသင့်လျှင် လမ်းပြောင်းပြန် ပင် မောင်းတတ် သည့် " ဗ၈ျတ် " သုံးဘီး အငှား ယာဉ်ငယ်များ၊ ပရွက် တွင်းမှ ထွက်လာ သကဲ့ သို့သော လူ အုပ် မော်တော်ယာဉ်ပေါင်းစုံ အုပ်စု၊ စူးရှကျယ်လောင်လှသည့် ဟွန်းသံများကို ရှောင် လို၍ဖြစ်သည်။ အလင်းရောင် မပေါ်ခင် မြို့ အပြင်ရောက်မှ ထို ထို သော ဒုက္ခများ မှ လွတ်ပေမည်။


 မနေက ညနက်ပိုင်းအထိ နယူးဒေလီမြို့မြန်မာသံရုံး၏များမြောင် လှသည့် လုပ်ငန်း  ဆောင်တာများကို ရှင်းနေရ၍ အပြန် မိုးချုပ် သည်။ အထူးသဖြင့် ရေမြော ကမ်းတင် ကိစ္စ သည် နယူးဒေလီ မြန်မာသံရုံး အနေနှင့် အိန္ဒိယ သက်ဆိုင်ရာ အာဏာ ပိုင်များနှင့် မြန်မာ သက်ဆိုင်ရာ အာဏာပိုင်များအကြား အချိန်ယူ ညှိနှိုင်းရသည့် ကိစ္စဖြစ်သည်။ 


မကြာမကြာ ဖြစ်လေ့ရှိသည်မှာ အက်ဒမန်ကျွန်းအနီး၌ အိန္ဒိယ ရေတပ်က ဖမ်းဆီးမိသည့် ငါးဖမ်း စက်လှေများတွင် ပါနေသည့် မြန်မာနိုင်ငံသားများ ဟု ဆိုသူများ ကိစ္စဖြစ်သည်။ တစ်ချီ တစ်ချီ ဖမ်းမိသည့် ဦးရေကလည်း မနည်းလှ။ အက်ဒမန်ကျွန်းရှိ ပို့ဘလဲမြို့ တွင် အပြစ်ဒါဏ်ချပြီးမှ မြန်မာ သံရုံးသို့အကြောင်း ကြားခြင်းဖြစ်သည်။ ယခုကိစ္စ သည် မြန်မာနိုင်ငံသားများ ဟု ဆိုသူများ အား ထိုင်းငါးဖမ်း လှေ Choke Sommai-9 နှင့် Choke Sirada -1 နှစ်စင်း နှင့်အတူ အိန္ဒိယနိုင်ငံ သြရစ္စပြည်နယ် ရေပြင်တွင် အိန္ဒိယကမ်းခြေစောင့် တပ်က ဖမ်းဆီးစစ် ဆေးကာ  ပြစ်ဒဏ် ကျခံပြီး သည့် နောက် လွှတ်ပေး လိုက်သည့် မြန်မာ ၄ဝ ခန့် ၏ကိစ္စဖြစ်သည်။ အားလုံး ကလည်း ပြည်ပသို့ တရားမဝင် ထွက်ခွာ ကာ အလုပ် လုပ်ကိုင် ကြသူများ ဖြစ်သည်။


 အိန္ဒိယ အာဏာပိုင်များက မြန်မာနိုင်ငံသားများဟုဆိုစေကာမူ မြန်မာနိုင်ငံသားများ ဟုတ်မဟုတ် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက် ရသည်။ မြန်မာ နိုင်ငံသားမှန်စေဦးတော့ အဆိုပါ မြန်မာ နိုင်ငံ မှ တရား မ၀င်ထွက် ခွာ ကျ သည့် ကိစ္စသည် မြန်မာနိုင်ငံ၏ရေမြောကမ်းတင် စည်းမျဉ်း နှင့် ကိုက်ညီမှု မရှိသဖြင့် မြန်မာနိုင်ငံအစိုးရ စရိတ်နှင့်ပြန်ပို့ ရန် အကျုံး မဝင်။ 

သို့သော် နှစ်နိုင်ငံချစ်ကြည်ရေး ကို ထောက်ကာ လေယာဉ်စင်းလုံးဖြင့် ဖြစ်စေ၊ သေ င်္ဘာဖြင့်ဖြစ်စေ နှစ်နိုင်ငံ ညှိနှိုင်းကာ အခေါက် ခေါက် အခါခါ ပြန်ပို့ ရသည်။ ဤသို့ ပြန်ပို့ ရာတွင် သံရုံး ဒုတိယအကြီး အကဲ သံမှူးး ဖြစ်သူ မောင်မောင်စိုး ဦးဆောင် ကာ သွားရောက်ကြီး ကြပ် ပို့ဆောင်ပေးရသည်။

Taj Mahal and Yamuna River

ရေမြောများ၏ ကိုယ်ရေး ပုံစံများကို လာမည့်သံတမန်ချောအိတ် အမှီ ပါသွားစေ ရန်  ကောင်စစ် ဌာနမှ ဝန်ထမ်းများနှင့် အပြီးသပ်ဆောင်ရွက် နေရ၍ မိုးချုပ်မှ အိမ်ပြန်နိုင်သည်။ ရေမိုးချိုး၊ စားရေး သောက်ရေး ကိစ္စတို့ကြောင့်  အိပ်ရာဝင်  နောက်ကျ သွားသည်။ 


သို့သော် မြဝတ်ရည်မိုးကို လိုက်ပို့ မည်ဟူသော ကတိ ကြောင့်သာ ထွက်လာရသည် အိပ်ရေးက မဝလှ။ သူကလည်း နယူးဒေလီ သို့ ကာလတို သင်တန်း လာတက် သူဖြစ်၍ ကိုယ်တိုင် မလှုပ် ရှားနိုင် ။ ငယ်စဉ် ကပင် ညီမငယ် တစ်ဦးလို ခင်မင် ခဲ့ရသူမို့လည်း အိန္ဒိယ မှာ ရှိစဉ် လိုသမျှ ဆောင်ရွက် ပေးရသည်။ သူကလည်း အားကိုးရှာသည်။ သွားသင့် သည့်နေရာများကို ပို့ ပေး မှလည်းရောက်ရမည့် သူဖြစ်သည်။ 


ရှေးဟောင်းယဉ်ကျေးမှု အထင်ကရ နေရာ များပြားလှသည့် အိန္ဒိယတွင် လည်ပတ် သင့်သည့် နေရာတွေကလည်း များလှသည်။ တစ်ချို့ နေရာများမှာ နီးသော်လည်း များသောအားဖြင့် နေရာ အတော် များများမှာမူ ဝေးလှသည်။ လမ်းအခြေအနေ ကားအခြေအနေ မရေရာသည်များ ရှိနိုင်သည့် အတွက် ဝေးဝေး နီးနီး ခရီးထွက်တိုင်း ဝတ်စုံအပိုများ နှင့် ရေချိုး ခမ်းသုံး ပစ္စည်း များကို ကားထဲထည့်ထားရသည်။ သူ့ ကိုလည်း ခရီးထွက်တိုင်း အပိုဝတ်စုံများ နှင့် မိန်းကလေး အသုံး အဆောင်များ အစဉ် ယူဆောင်လာ ရန်မှာထားရသည်။

အိန္ဒိယ ၏ နွေသည် ပူလှ သကဲ့သို့ဆောင်းမှာလည်း အေးလှသည်။ အပူအအေး များစွာ ခြားနားသည့် ရာသီဥတုဖြစ်သည်။ သို့သော် နယူးဒေလီ၏ နိုဝင်ဘာ ဆောင်းမှာမူ လူဦးရေ နှင့် မော်တော်ယာဉ် ထူထပ်လှည့် နယူးဒေလီမြို့ ကိုမူ အအေး ဓါတ် လွှမ်းခြုံနိုင်စွမ်းမရှိ။ မြို့၏အထွက် ဂူရဂေါင်း အရပ်ရောက် မှ ပင် ရှင်းလင်းနေသော ကွင်းပြင်မှ အေးမြသင်းပြံ့ နေသော လေနုအေး၏ အထိအတွေ့ နှင့်အငွေ့ လေးများ ရတော့သည်။

ဂူရဂေါင်းသည် နယူးဒေလီ မြို့ ပြင်ရှိ တိုးချဲ့ မြို့ သစ် ဖြစ်သည်။ ခေတ်မှီ လူနေ တိုက်တာ အသစ်များ၊ စက်ရုံများ လုပ်ငန်း ဆိုင်ရာ ရုံးများ ကို စနစ် တကျ အကွက်ချ ဆာက်လုပ်ထားသော နေရာ ဖြစ်သည်။ အလင်း ရောင် ပေါ်လာပြီ ဖြစ်၍ လမ်းမကြီးပေါ် တွင် အဝေးပြေး ကုန်တင်ကားကြီးများ ပေါ်လာသည်။ ဗ၈ျတ် သုံးဘီး ယာဉ်များလည်း လူးလာ ဆံခတ်လျှက်ရှိနေ၍ သတိထား မောင်းရသည့် အချိန်ရောက် လာပြီ ဖြစ်သည်။

 မောင်းရ မည်က ကီလိုမီတာ ၂ဝဝ ကျော် ရှိသည့် အ၈္ဂရာ ၊ သွားမှာ က ကမ္ဘာ့ အထင်ကရ တတ်ခ်ျ မဟာ ။ ဂူရဂေါင်း ကျော်သော် ဝမ်းက ဟာ လာသည်။ တစ်ယောက် ထည်း သမားမို့ အိမ်တွင် ဘာမှ အရန်သင့် မရှိ ။ သို့နှင့် ထုံးစံ အတိုင်း ဘာမျှ မစားခဲ့ရ။ 

 " မေမိုး ဘာ စားခဲ့ သလဲ၊ တစ် ခုခု စားရင်ကောင်းမယ်"
 မြဝတ်ရည်မိုးကို ငယ်စဉ် ခေါ် သည့်အတိုင်းပင်ခေါ်လိုက်သည်။
" မေမိုး ဘာမှ မစားခဲ့ ရသေးဘူး အစ်ကို၊ အစ်ကို အဆောင်ကို လာခေါ်တော့  အဝတ်အစားလဲလို့ ပြီးစဘဲ ရှိသေးတာ"
 " အစ်ကိုလည်း ည က ပြန်တာနောက်ကျ၊ အိပ်ရာထလည်း နောက်ကျ၊ မေမိုး ဆီကို  လည်းအချိန်မှီ ရောက် ဘို့ကသော ကမြော လာရလို့ ဘာမှ မစားခဲ့ရဘူး "
 " နောက်ကျ တော့ကော ဘာဖြစ် သလဲ အစ်ကိုရယ် "
 " မေမိုး ကို မစောင့် စေချင်ဘူးလေ။  စောင့်ရတဲ့ ဒုက္ခ မရောက်စေချင်လို့ပါ "


Taj Mahal and Yamuna River


နယူးဒေလီမှ တစ်နာရီမျှ မောင်း ပြီးသည့် အချိန်တွင် Golden Green Golf Club အဝင် သို့ ရောက်လာသည်။ လမ်းပေါ်တွင် စားသောက်ဆိုင် များ ရှိကြ ပါသည်။ သို့ သော်  မောင်မောင်စိုး ပါးစပ် နှင့် မတွေ့ သည် ကများသည်။ စောစောလည်း ဖွင့်လေ့ မရှိကြ။ သို့နှင့် နံနက် စောစော လည်းဖွင့် Breakfast လည်းကောင်းကောင်းရသည့် Golden Green Golf Club Restaurant သို့ ဝင်ရန် ဖြစ်လာသည်။ လမ်းမကြီး မှ ၅ ကီလို မီတာခန့် အတွင်း သို့ ဝင်လိုက်သော် Club House သို့ရောက် လာသည်။


မောင်မောင်စိုး ကစားနေကြ ကွင်းဖြစ်၍ လည်း မန်နေ၈ျာ ကအစ ကလပ် ဝန်ထမ်း အားလုံး နှင့် ခင်မင် ရင်းနှီးသည်။ Egg Toast, Bacon နှင့် ကော်ဖီ သောက် ၍ ပြီးစတွင် အင်ဒိုနီးရှားသံရုံးမှ ပထမအတွင်းဝန် ဖိုင်ဇာနှင့် ဘရူနိုင်းသံရုံးမှ ဒုတိယ အတွင်းဝန် ဟာရွန်းတို့ ရောက်လာကြသည်။ မတွေ့ စဘူး မောင်မောင်စိုး အား အမျိုး သမီး ငယ်တစ်ဦး နှင့်ေ၈ါက်ကွင်း တွင်တွေ့ရ၍ ဝေခွဲရခက်နေပုံ ရသည်။ အစဉ်နောက်လေ့  နောက်ထရှိနေကြသည့်  ကစားဖက်များ ဖြစ်သော်လည်း မိန်းကလေး ဧည့်သည် မေမိုး ပါနေ၍ နောက် ရခက်နေကြသည်။ ဒါ တောင် ဖိုင်ဇာ ကလုပ် လိုက်သေးသည်။

" မောင်စိုး ဒီနေ့ မင်း ဘယ်မှာ ကစားမှာလည်း"
 သူ့မျက်နှာက စပ်ဖြဲဖြဲ ။

 " အ၈္ဂရာ မှာ ကစားမယ် "
 " ဟုတ်မှလည်း လုပ်ပါကွာ " 
 
 မောင်မောင်စိုး က ချော်လဲ ရောထိုင် သာ ပြောလိုက်သည် စင်စစ် အ၈္ဂရာေ၈ါက်ကွင်းမှာ မကောင်းလှ။ ကစားလေ့ ကစားထလည်းမရှိ။ ကစားမည့် အဖေါ်လည်း ရှိမည် မဟုတ်သည်ကို သူတို့အသိ ဖြစ်သည်။ သူတို့ ဘာမှ ပြန်မပြောနိုင်ဘဲ ပါးစပ်ပြဲ နေစဉ် သကောင့်သား နှစ်ယောက်ကို ဘိုင့် ဘိုင် လုပ်ကာ ထွက်လာခဲ့ကြသည်။ စကားဆက်ပြောလိုက် လျှင် စကားကြောပြတ်မည် မဟုတ်။ သွားရမည့် ခရီး ကလည်း  ဝေးသည်။ 


 မိန်းမလှ ကလေး များသည် လှလေလေ အစ ခံရလေ ဖြစ်သည်။ မေမိုးသည် သာမန် မိန်းကလေး ထက် သွယ်လျ မြင့်မား၍ အသားဖြူဖြူ လေး။ မျက်ဝန်း၊ နှာတန် နှင့် နှတ်ခမ်း ကလေးများသည် ပန်းချီ စကားအရ ဆိုရလျှင် ကောက်ကြောင်းကလေးများ ပီပြင်စွာနှင့် လှသူလေးဖြစ် သည်။ အစ ခံရလွန်း၍ အရေထူနေသည့် မိန်းမလှလေး တွေထဲတွင် မေမိုး ပါသည်။ သူငယ်ချင်းများ နောက် နေသည်ကို သိ၍လည်း ချို နေသည့် သူ့ မျက်နှာ က တစ်ချက် မပျက်။



(၂)

 Yamuna River



မောင်မောင်စိုးနှင့် မေမိုးတို့သည် ငယ်စဉ်ကပင် ခင်မင်ကြသည်။ မောင်မောင်စိုး တို့ အိမ် နှင့် မေမိုးတို့ ပွဲရုံ က တစ်လမ်းသာခြားသည်။ မောင်မောင်စိုး ရူပဗေဒ ဒုတိယ နှစ် ရောက်တော့ မေမိုး က ရှစ်တန်း။ မောင်မောင်စိုးမိဘများက မေမိုး မိဘများ နှင့် နှိုင်းစာလျှင် နွမ်းပါးသည်။ မိသားစုအတွက် ရှေ့တွင်ထမ်းရမဲ့ တာဝန်တွေက များသည်။ မောင်မောင်စိုးက ရိုး ရိုး အစိုးရ ကျောင်းကို တက်ခဲ့ရသည့်အချိန် တွင် မေမိုးက ပြည်နယ်မြို့ ကြီးရှိ ခရာစ်ယံသီလရှင် မိန်းကလေး ကွန်ဗင့်ကျောင်းတွင် တက်နေသူဖြစ်သည်။ အင်္ဂလိပ်စာကောင်းပြီပေါ့။ မေမိုး မိဘများက ရှမ်းပြည် မြောက်ပိုင်း၏ အဓိက လုပ်ငန်းများ ဖြစ်ကြ သည့် လဘက်နှင့်လိမ္မော် ပွဲစားများဖြစ်၍ လူကုန် တန်များ  ဖြစ်ကြသည်။ အားသည့် အချိန် များတွင် မောင်မောင်စိုး မေမိုး တို့ ပွဲရုံတွင် အလုပ်ကူလုပ်သည်။

 လဘက်ချိန် ပလောင်တောင်ပေါ်မှ လဘက် သယ်လာသည့် လား အုပ်ကို စောင့်၍ နေရာချပေးသည်။ ဝန်တင် ခေါင်းဆောင် လားသည် ထိပ်တွင်ပန်းပွားနီ အရှည် တပ်ထားသည်။ အစောင့်မပါ သူကပင် လားအုပ်ကြီး တစ်ခုလုံးကို ဦးဆောင်ကာ လာနေ ကြ ပွဲရုံသို့ တန်းတန်းမတ်မတ် လာသည်။ သို့ သော် လားအုပ်စု အစောင့်ခွေးငယ် တစ်ကောင်တော့ ပါလေ့ရှိသည်။ နောက် အတော်ကြာ မှ ပိုင်ရှင်များရောက်လာ လေ့ရှိ ကြသည်။ ထို့ကြောင့် ပွဲရုံရှိ လူတစ်ဦးက ကြို စောင့်၍ ၀န်တင် လားများကို နေရာချခြင်း ဝန်များချခြင်းများ လုပ်ပေးရသည်။ မောင်မောင်စိုး အနေနှင့် လဘက် အိတ်  နေရာချသည့်အလုပ် မှအစ အောက်ဒေသ များအလိုက် ယင်းတို့ အကြိုက် လဘက် ကို ရောစပ်ရသည့် အလုပ်အဆုံး အားလုံး ဝင်လုပ်သည်။


  မောင်မောင်စိုးတွင် ရိုးသားမှ နှင့် ကြိုးစားမှုရှိသည်ကို မေမိုး မိဘများက သဘောကျ သည်။ မေမိုး အဖေ ဦးမောင်ကြီးက သူတတ်ကျွမ်းသည့် လဘက် နှင့် လိမ္မော် ရောင်းဝယ်ရေး ပညာ သင်ပေးမည်ဟု ဆိုသည်။ ပညာရေး နှင့်ပတ်သက်၍ လိုအပ်တာရှိလျှင်လည်း ပြော ကူညီ မည်ဟု ပြောသည်။ အမေ့ ကို ပြန် ပြော ပြ တော့ အမေ့ မျက် နှာ က မကြည် သာလှ။


 အထက်တန်း ကျောင်းသားဘဝ ထည်းက ကျောင်းပိတ်၍ မေမိုး မြို့ ပြန်လာလျှင် မေမိုး ကို သင်္ချာ ပြ ပေးရသည်။ မေမိုးက သင်္ချာ ကိုကြောက်၍ မလုပ်၊ ရှောင်သည်။ ရှောင် လေ ခက်လေ၊ ခက်လေ မတွက်လေ ၊ မတွက်လေ ခက်လေ ဆိုသည့် အားနည်းသည့် သံသရာ လည်နေသည်။


 မောင်မောင်စိုး က အက္ခရာသင်္ချာတွင် ဖေါ်နည်းကား ပုံသေနည်းများ၊ အသင့် အဖြေထုတ်ထားပြီးသည့် အများသုံးကိန်း များ၊ ထပ်ကိန်းများ ခွဲရာတွင် မှတ်ရလွယ်သည့် ပုံသေနည်းများကို အသင့် ထုတ်ပေးသည်။ သင်္ချာတစ်ပုဒ်အား ချဉ်းကပ်နည်းများ နှင့် ဖြေရှင်းနည်းများကို အချိန်ယူ ပြပေး သည်။ မေမိုးသည် ဥာဏ်ကောင်း သူဖြစ်သည်။ သင်္ချာ၏ အကြော နှင့် သဘောကို မသိ၍သာ ခက်နေခြင်းစ်ြရာ ကြာလာတော့ မေမိုးသင်္ချာတွင် ပျော်လာ သည်။ နောက်ပိုင်းတွင် တော်လာသည်။ 


 မောင်မောင်စိုး တက္ကသိုလ်တွင် ရူပဗေဒတက်တော့ ရူပဗေဒကို ပါတိုး ၍ပြလာရ သည်။ အားလပ်သည့် အချိန်များတွင် ရန်ဖန်ရန်ခါ မေမိုးသွားလို သည့်နေရာများ ကို စက်ဘီးနှင့် ပို့ပါဆိုလျှင် ပို့ ရသည်။ စာတွေ များပြီး ခေါင်းပူ လို့ ဒုဠဝတီမြစ်ဆိပ် ပို့ပေးပါ ဆိုလျှင်လည်း ပို့ရသည်။ တစ်ခါ တစ်ရံ သူနှင့် ဖေါ်လုပ်ပြီး အတူရုပ်ရှင် ကြည့်ပါဆိုလျှင်လည်း လိုက်ကြည့်ပေးရသည်များ လည်းရှိသည်။ စာပြသည့် နေ့များတွင် မေမိုး နှင့်ထမင်း စားရသည် က များပါသည်။

ကျောင်းပြန်တက် ကြရသည့်ကာလများတွင် စာအပြန်အလှန်ရေး ဖြစ်ကြသည်။ အစကတော့ ရပ်အကြောင်း ရွာအကြောင်း မာကြောင်းသာကြောင်းများသာပင်။ တစ်ဖြည်း ဖြည်း အမှတ်ရ စရာလေးများပါလာသည်ကအစ သတိရကြောင်းလေး အလယ်၊ ပြန်ဆုံ လိုသည့် အဆုံး လွမ်းဆွတ် တသမှုကလေးတွေ ပါလာသည်။


 မေမိုးက မောင်မောင်စိုး ထံ သို့ ရေ စီးဆင်းလာစေရန် မြောင်းကလေး ဖေါက်ပေး ခဲ့သည်။ အစက ရိုးရိုး နောက်တော့ တစ်မျိုး တိုးလို့ ဆိုသည့် သီချင်းကဲ့သို့ တစ်မျိုး တိုး လာတော့မည့် အနေအထား မျိုး ရောက် လာတော့ မောင်မောင်စိုး၏ ဘဝက ဆန္ဒကို ဇက်သတ်ခဲ့ရသည်။

 မောင်မောင်စိုး ထံ သို့ စီးလာသည့် ရေများ က မေမိုး ဖေါက်ထားပေးသည့် မြောင်း အတိုင်း မစီးဘဲ ကွေ့ ကာ ဝိုက်ကာ ဖြစ်လာသည်။ 


 "  ဝေ့ကာဝိုက်ကာ လုပ်မနေ ပါနဲ့ အစ်ကို၊ အဖြေကို သိနေပါလျှက် တွက်ရခက်အောင် လုပ်ထားတဲ့ ပုစ္ဆာလိုဘဲ၊ သတ္တိရှိရှိ တွက်ချလိုက်စမ်းပါ အစ်ကို "   လို့ မေမိုးကဆိုသည်။


" တစ်နေ့မှာ အပေါင်းနဲ့ အနှုတ် လက္ခဏာနှစ်ခု မြှောက်တဲ့ ကိန်းတန်းတစ်ခုမှာ အနှုတ် ဆိုတဲ့အဖြေမထွက်အောင် တွက်တဲ့နည်းရှာပြီးတဲ့ အချိန်မှာ  အကြွင်းမဲ့အဖြေ ထွက်တဲ့အထိ တွက်ပြ ပါ့ မယ် "   လို့ မောင်မောင်စိုး ပြန်ပြောခဲ့ပါသည်။

ဘဝ၏ ခိုင်မာသော အဆင့်တစ်ဆင့်ရောက်ရန်  ရုံးကန်နေရသည့်ကာလ တွင်  မောင်မောင်စိုး  ရှေ့မတိုးရဲ။ ဆွဲအားတစ်ခု ထပ်မတိုးစေ လို။ ပြန်လည် ပေးဆပ်ရမည့် မိသားစု တာဝန်ကလည်း ကြီးလှသည်။ 


သို့နှင့် မေမိုး က  မောင် မောင်စိုး အတွက် ဖါက်ပေးထားသည့် မြောင်းကလေးထဲ မှ ရေ လေးများ သည်   မြောင်း  မဆုံးခင် မှာ ပင်  ရပ် တန့် သွား ခဲ့ရသည်။



 Sun Set at Yamuna River



မောင်မောင်စိုး ဘွဲ့ရ တော့ မေမိုး အဖေက အိုးမကွာ အိမ်မကွာ ပွဲရုံတွင် အလုပ် လုပ် ရန် တိုက်တွန်းသည်။ တစ်ချိန် မင်းလဲ ပွဲစားဖြစ်လာမှာပေါ့လို့ လဲအားပေးသည်။ ဘဝကို သည်တွင် မရပ်လိုသော မောင်မောင်စိုး ရန်ကုန်ဆင်းကာ အလုပ်ရှာသည်။ ရန်ကုန် ဆင်းတော့ ဘူတာရုံ သို့ မေမိုး လိုက်ပို့သည်။ စာရေး နောအစ်ကို လို့ မျက်ရည် လေး ဝဲဝဲ နှင့်မှာ ရှာသည်။





(၃)

 ရန်ကုန်တွင် ဆွေမျိုး အိမ်၌ တည်းခိုကာ နေ့စားအလုပ်၊ အလုပ်ကြမ်း အလုပ် ၊ ညစောင့် အလုပ် အားလုံး ရရာ လုပ်မည်ဟုရှာသည်။ တစ်ဖက်ကလည်း အ၈င်္လိပ်စာ သင်တန်း တက် ရသည်။ စာပေ နှင့် ဘာသာ စကားကိုလည်း လက်လှမ်း မှီသမျှ လေ့လာရသည်။ မင်းစေ အလုပ်ရ လျှင် ကံထူးလှပြီ ဟုမျှော် လင့်ခဲ့ ရသည်။


နောက် စိတ်ဓါတ် အတော်ကျသည့် အချိန်ရောက်မှ ဆရာသမားများ၏ ကျေးဇူးကြောင့် အစိုးရဌာနတစ်ခုတွင် ခိုင်မာသည့် အလုပ်ကလေး တစ်ခုရခဲ့ သည်။

 နောက် တစ်ဖြည်းဖြည်း ကြိုးစား ဆည်းပူးရင်း၊ ဌာနတစ်ခုမှတစ်ခု ပြောင်းရင်းနှင့် နိုင်ငံ ခြား ရေးဝန် ကြီးဌာနသို့ ရောက်လာရသူဖြစ်သည်။ အမှီ မရှိ၊ ရေဝေး၊ ကမ်းဝေး၊ ကုန်းခေါင်ခေါင် တွင် အတွယ်မဲ့ ပေါက်ရသည့် သစ်ပင်သဘွယ် ဖြစ်၍လည်း ဖြတ်သန်း ရသည့် ဘဝမှာ ပင်ပမ်း ကြမ်းတမ်း လှသည်။


 ရုန်းကန်လှုပ်ရှားနေရ၍ မမိုးနှင့်လည်း ဆက်အသွယ် ကြဲလာသည်။ နောက်ပိုင်း တွင် မေမိုး မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်စာနှင့် ဘွဲ့ ရကာ တက္ကသိုလ်တွင်ပင် နည်းပြအဖြစ် အလုပ် ဝင်ကာ ဘွဲ့လွန်ဆက်တက်နေသည်ဟုသာ ကြား ခဲ့ရသည်။


မောင်မောင်စိုးလည်း ပြည်ပတွင် နှစ်ရှည် လများ တာဝန် ထမ်းဆောင်လိုက် ဌာနချုပ် သို့ ပြန်ဝင်လိုက်နှင့် မို့  မေမိုးနှင့် အဆက်အသွယ်  ပြတ် သလောက်   ဖြစ်ခဲ့သည်။  ပြန်တွေ့ တော့ တိုက်တိုက် ဆိုင်ဆိုင် သူ ဒေလီတက္ကသိုလ်မှာ အ၈င်္လိပ် ဘာသာ လေ့လာသင်ကြားမှု ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ လာရောက် တက်သည် နှင့်ကြုံ ပြန်ပါသည်။



Yellow Yamuna River


" ဟေ့ အစ်ကို ငြိမ်လှချည် လား ဘာတွေ တွေးနေတာလဲ "

 " သြော အစ်ကိုတို့ ငယ်ငယ် တုန်းက အကြောင်းလေးတွေ အတွေးထဲ ပြန်ရောက် လာ   လို့ ပါ "

 " ကြည်နူးစရာလေးတွေပေါ့ နော်။ ဒါထက် အစ်ကို အသက်လည်း သုံးဆယ်  ကျော်  နေပြီ၊ အခြေ လည်း ကျပြီ ၊ ဒီတော့ သတ္တိ တွေလည်း ရှိလာ ရောပေါ့ နော် "

 သည် တစ်ချိန်တွင် မူ မောင်မောင်စိုး " အင်း " လိုက်ခါ ဝန်ခံ လိုက်ပါသည်။

 " အစ်ကို့ ရဲ့ အက္ခရာသင်္ချာ ပုစ္ဆာရော တွက်နည်းတွေ့ ပြီလား အစ်ကို "

" အမှန်တော့ တွက်နည်းက ရှိပြီးသားပါ မေမိုး။ အဖြေထုတ်ရုံသာ ချန်ထားတာပါ။  အနှုတ်ပြတဲ့ဘဝနဲ့ အနှုတ်ဆိုတဲ့ ကြိုးစားရုန်းကန်မှု ၊ သည် အနှုတ် နှစ်ခုကို  အရင်  မြှောက်ပြီး အပေါင်း လက္ခဏာ ရ မှ ဆက်တွက် ရမဲ့ ပုစ္ဆာဆိုတာ အစ်ကို အရင်ထည်းက သိပါတယ် "

  မေမိုး ၏အပြုံးရောင်လွှမ်း လာသည့် မျက်နှာကို သတိထားလိုက် မိပါသည်။





(၄)

Taj Mahal and Yamuna



 အ၈္ဂရာ ရောက်တော့ ကားကို တတ်ခ်ျမဟာ နဲ့ခပ်လှမ်းလှမ်း နေရာမှာ ရပ်ခဲ့ရသည်။ တတ်ခ်ျ မဟာ အနီးသို့ စွန့် ပစ် ဓါတ်ငွေ့ ထုတ်လွှတ်သည့် မည့်သည့် ယာဉ်မျှ သွားခွင့်မပြု။ လျှပ်စစ် ကားနှင့် မြင်းလှဲ များသာ သွားခွင့် ပြုသည်။ တတ်ခ်ျ မဟာ ၏ ဖြူလွှ သော ကျောက် သလင်းများ အရောင် ပျက် မည်စိုး၍ ဖြစ်သည်။


 ကြီး မား ခန့်ထည်သည့် မုဒ်ဦးကြီးကို ကျော် ဖြတ် လိုက်သည်နှင့် ဖြူဝင်း တောက်ပ ခန့်ငြား လှသည့် တတ်ခ်ျ မဟာ အဆောက် အဦ ကြီးကို ယမုံနာ မြစ်ကမ်းတွင် အပြာရောင် ကောင်းကင်နောက်ခံ၌ ဘွားကနည်း ရင်သတ်ရှုမော မြင်ကြရသည်။ သဲကျောက်တုံးများနှင့် ဆောက်လုပ်ထားသည့် မုဒ်ဦးကြီး ကလည်း မြင့်မားခန့်ညား လွန်းလှလေသည်။ မုဒ်ဦး ကြီး က ပင် ဝင်လာသူများကို ဖြုန်းကနဲ တတ်ခ်ျမဟာ ကို မြင်စေရန်  လိုက်ကာ လှစ်ပြ သကဲ့ သို့ ဖြစ်စေသည်။


" လှပ ခန့်ညား လိုက်တာ အစ်ကိုရယ်၊ အမှန်တော့ ဒီ ထက် ပိုပါတယ် ၊ ဒါပေမဲ့ မေမိုး  ဒီထက်လဲပို မပြော တတ်လို့ပါ "

 " အစ်ကိုလည်း ဧည့်သည် ပို့တဲ့ တာဝန်နဲ့ အကြိမ်ကြိမ်ရောက် ခဲ့ပေမဲ့ ရောက်တိုင်း မေ  မိုး လိုဘဲ ခံစား ရပါတယ် "

 " စိတ်ထဲ မှာ ဖေါ်ပြလို့ ခက် တဲ့ ရင် ထဲ မှာ နင့် နင့် နဲ နဲ တစ်ခု ခံ စားရ သလိုဘဲ အစ်ကို "

" မေမိုး ဒီ အဆောက်အအုံ ဟာ တစ်ကယ်တော့ မ၈ို ဘုရင်ကြီး ရှား၈ျဟန်း က ကွယ်လွန် သွားတဲ့ သူ့ ရဲ့ မိဘုရား မွန်တတ်ခ်ျ မဟာ ကို မြှုပ် နှံ ထားတဲ့ နေရာဘဲ။


မိဘုရားကို ချစ်လွန်းခြင်း၊ ဝမ်းနည်းကြေ ကွဲခြင်း၊ နှမြော တသခြင်း၊ ဖြေမဆည်နိုင်ခြင်းများ ကို ဒီ အဆောက် အဦကြီး ဆောက်ပြီး ဖြေသိမ့် ခဲ့တာဘဲ။ ဒါ ကြောင့်လည်း ဒီရာဇဝင် ကို ပြောကြရင် -The World Greatest Love Story - လို့ ဆိုကြတယ် "

 ထိုစဉ် ဧည့်လမ်းညွှန် ပီ ကေ ဆင်း ရောက်လာသည်။ သူ့ကို တော့ ဧည့်သည်များ လာတိုင်း ခေါ်နေကြမို့ ရင်းနှီးပြီးသား ဖြစ်သည်။

 " မစ္စတာ စိုး ကျွန်တော် လိုက်ခဲ့ မယ်လေ၊ အရင် တစ်ခေါက် က ပြော ဘို့ ကျန် ခဲ့တဲ့ Balck Taj အကြောင်း ပါ ပြော ပါ့မယ် "


 " လိုက်ခဲ့လေ။ VIP ပါတယ်ကွ။ ဒါ ငါ့မိတ်ဆွေ မစ္စမြဝတ်ရည်မိုး ၊ မန္တလေး တက္ကသိုလ်က လက်ထောက်ကထိက။ မေမိုး ဒါက မစ္စတာပီကေဆင်း ၊ ရှေးဟောင်း သုတေသန ပညာ မဟာဝိဇ္ဇာတက်နေတာ။ အခုလို စနေ လို ရုံးပိတ်ရက်တွေမှာ ဧည့်လမ်းညွှန် လာလုပ် နေတာ "

 " တွေ့ရတာ ဝမ်းသာပါတယ်။ မစ္စ မိုး လို့ ခေါ် နိုင်ပါတယ် "

 " ကျွန်တော့် လည်း မိတ်ဆွေ တိုးတာကို ဝမ်းသာ ပါတယ် ၊ ကျွန်တော့ကို လည်း - ဆင်း - လို့ ဘဲ ခေါ်ပါ "

" မင်း ရှင်းပြရ မှာက အချက်အလက် တင် မဟုတ် ဘူးနော်။ ရှား၈ျဟန်း ရဲ့ အချစ်ပုံ  ပြင်ကို ပါပြောရမှာနော် "

 ပီကေ ဆင်း ရယ်နေသည်။

 တတ်ခ်ျမဟာ နှင့်ပတ်သက်၍ မောင်မောင်စိုးလည်း သိတန် သလောက် သိပြီး ဖြစ် သော်လည်း နှိုက်နှိုက် ချွတ်ချွတ် လေ့လာထားကာ စီကာပတ်ကုန်း စိတ်ဝင်စား အောင် ပြော တတ်ကြသည့် ဧည့်ကြို များလောက်တော့ ပြောနိုင်မည်မဟုတ်။

သုံး ဦးသား လျှောက်လာကြစဉ် တတ်ခ်ျမဟာ ရှေ့ ထင်ရူးပင်တန်း နှင့် ရေကန် ငယ်ရှေ့ရှိ ကျောက် ခုံတန်း ကလေး ထံရောက် လာသည်။

" မစ္စတာ စိုး သိတဲ့ အတိုင်း ဘဲ အလွန် အရေး ကြီး တဲ့နေရာရောက်လာ ပါပြီ "

 ပီ ကေ ဆင်းက ဆက် မပြောဘဲ ပြုံးနေသည်။

 " ဘယ်လို နေရာ မို့လို့လဲ အစ်ကို "

 မေးမိုး နားရှုပ်နေသည်။

 " သြော် အမှတ် တစ်ရ ဓါတ်ပုံ ရိုက်ကြတဲ့ အဓိက နေရာပါ ။ မေတ္တာ ကို သက်သေထူ ကြတဲ့ ကြင်သူ သက်ထားတို့ လို ၊ ချစ် သူ စုံတွဲ တွေ လို သူတွေ  တတ်ခ်ျ မဟာ ကြီးကို နောက် ခံ ထားပြီး ဓါတ်ပုံ ရိုက်တဲ့ ထိုင်ခုံကို ပြောတာပါ။ မေတ္တာ သင်္ကေတ လို့ ဆိုကြတယ်။ ကဲ မေမိုး သွား ထိုင် အစ်ကို ရိုက်ပေးမယ်"


  မေမိုး ထိုင်ခုံဆီ အသွား မောင်မောင်စိုး ကင်မရာပြင် နေတော့ ပီကေ ဆင်းက ၊

 " မစ္စမိုး တစ်ယောက်ထဲ မထိုင်နဲ့ နိမိတ် မကောင်းဘူး၊ မင်းသမီး ဒိုင်ယာနာ ပရင့်ချားလ် နဲ့ ကွဲပြီး တော့ ဒီထိုင်ခုံ မှာ တစ်ယောက်ထဲ ထိုင်ပြီး ဓါတ်ပုံ ရိုက်တယ်။ လွမ်းဆွေးဘွယ်ရာ ဓါတ်ပုံအဖြစ် ကမ္ဘာကျော်သွားခဲ့တယ်။ မစ္စတာစိုး ပါ သွားထိုင်ပါ။
 Pictures for good Luck and good Love "

" ဟာ ပီကေ ဆင်းကလဲကွာ"

 မေမိုး လည်း ထိုင်ခုံ နားရောက်မှ ထိုင်ရမလို ထရမလို ဖြစ်နေသည်။ သို့သော် အလွန် မှင်သေသည့် ခေတ် မိန်းကလေး ဖြစ်သည်။

 " အစ်ကို လာ ၊ မေမိုး နဲ့ အတူ အမှတ် တစ်ရ ရိုက်ရ အောင် "

 မောင်မောင်စိုး ချီတုန် ချတုန် ဖြစ်နေသည်။

" လာပါအစ်ကို ..လာ.... ၊ ဓါတ်ပုံရိုက်ဘို့ လူတွေ တစ်ပုံကြီး စောင့်ကြတယ် "

 ပီကေဆင်း က ကင်မရာမင်း လုပ်သည်။ မောင်မောင်စိုးနဲ့ မေမိုး ယှဉ်ထိုင်နေသည့် ပုံများကို မောင်မောင်စိုး ကင်မရာ နှင့် ရော မေမိုး ကင်မရာနှင့်ပါ ပုံ များစွာ ရိုက် ကြသည်။

 သည်နောက် ရင်သပ် ရှုမောဘွယ် ရင်ပြင်ကြီး တစ်လျှောက် တတ်ခ်ျမဟာ ဗိမာန်ကြီး ဘက်သို့ လျှောက်ကြ ရင်း ပီကေ ဆင်းက ရှား၈ျဟန်း၏ အချစ်ရာဇဝင် ကို အာဝဇ္ဇာန်း ရွှင်စွာ အစချီ ပါတော့သည်။





(၅)

Red Yamuna



" ရှား၈ျဟန်း က ဒေလီ ကိုတည်ခဲ့တဲ့ မ၈ိုမင်းပါ။ သူရဲ့ ဒုတိယ မိဘုရား မွန်တတ်ခ်ျ မဟာ က ရုပ်ရည် ချောမော လွန်းလှ လို့ သူ့မျက်နှာကို လမင်း မြင်ရင်တောင် အလှခြင်း မယှဉ်နိုင်လို့ ပုန်းနေရတယ်လို့ဆိုပါတယ်။ ဘုရင်ကို အစဉ် အကြံကောင်း ဥာဏ်ကောင်း လည်းပေးနိုင်တယ်။ စစ်တိုက်ရာလည်း အမြဲ လိုက် လေ့ရှိ တယ်။ ဘုရင်ကြီး အနေနဲ့ ဇနီး အဖြစ်သာမက အကြံပေး အဖြစ်ပါ ချစ်ခင် အားကိုး ရတယ် လို့ ဆိုရမယ် "

 သူက ဆက်ပြောသည်။

" တစ်ဆယ့် လေးယောက်မြောက် ခလေး ကိုယ်ဝန်ရှိစဉ် မင်းကြီး က ထကြွ နေတဲ့ ဗဟန်ပူ နယ် ကို နှိမ်နှင်းဖို့ စစ်ထွက် တော့ ထုံးစံအတိုင်း သူပါ လိုက်သွားတယ်။ အတိအကျ ပြောရရင် ၁၆၃၁ ခုမှာပေါ့။ လမ်းမှာ ခလေး မျက်နှာမြင်စဉ် ဆုံးပါးသွား တယ်။ ဘုရင်ကြီး လည်း အသည်းနှလုံးကို နုတ်၊ လက်ရုံးပြုတ်သလို ဖြစ်ကာ ဖြေဆည် လို့ ကိုမရ ဘူး "

" ဒီလောက်ဘဲလားကွာ "

" ဒါတော့ မေးစရာ မလိုဘူး၊ ခလေး တစ်ဆယ့် လေးယောက်  မွေးတာသာကြည့်... "

 ပီကေ ဆင်းက နောက်သလိုလို အတည်လိုလို ပြောသည်။ မေ မိုးက ရယ်နေသည်။ ပီကေဆင်း က ဇာတ် လမ်းကိုပြန် ဆက်သည်။

" မိဘုရား မဆုံးခင်မှာ သူ့အပေါ် မှာ ဘုရင်ကြီး ထားရှိတဲ့ မေတ္တာထု ကို နှိုင်းတု နိုင်မဲ့ ဗိမာန် တခုဆောက်ပေးဘို့ မှာခဲ့တယ်။ ဘုရင်ကြီးလည်း ချစ်ခြင်း၊ လွမ်းဆွတ်ခြင်း၊ နှစ်မြော တသခြင်း များစွကြောင့် မိဘုရားဆုံးပြီး တစ်ညတွင်းမှာ ဆံပင်တွေ အကုန်လုံး ဖြူကုန်တယ် လို့ဆိုတယ်။


ဒါနဲ့ အ၈္ဂရာကို ပြန်ရောက်ပြီး ၁၉၃၁ ခု မှာ ဒီ တတ်ခ်ျမဟာ ကို စဆောက်တော့ တာပါဘဲ၊ အကောင်းဆုံး ကျောက်သလင်းတွေကို အိန္ဒိယ က ပညာရှင် တွေသာမက အာရှ အလယ်ပိုင်း ၊ အီရန်၊ ဥရောပ က ပညာရှင်တွေ နဲ့တည်ဆောက် တယ်၊ အဓိက ဦးဆောင် သူ ဗိသုကာ ပညာရှင် ကတော့ အီရန်က ဗိသုကာ ပညာရှင် ရှီရတ် လို့ မှတ်တမ်း အချို့မှာ တွေ့ရပါ တယ်၊ နောက်ပြီး အဆောက် အဦးမှာ မြှုပ်ပြီး အလှဖေါ် တဲ့ ရောင်စုံ ကျောက်မျက် ပညာရှင်များ ကတော့ နှစ်ပေါင်း များစွာ သားစဉ်မြေးဆက် ရိုးရာ အလုပ်အဖြစ်လုပ်ကိုင် ခဲ့ကြတာ ယခုအထိ သူတို့ မျိုးဆက် တွေက အ၈္ဂရာမှာ ပန်းထွင်းအလုပ်ကို ဆက်လုပ် နေကြ တုန်းပါဘဲ ။


 အဆောက် အဦးကြီး ၁၆၅၃ ခုမှာ ပြီးတယ် လို့ ဆိုတယ်။ ဒီ ပေ ၂၄ဝ မြင့် တဲ့ ဗိမာန်ကြီး ကို လုပ်သားပေါင်း နှစ်သောင်းကျော်နဲ့ ဆောက်တာ ၂၂ နှစ်လောက် ကြာတယ်။ သည် နောက်  ပီကေဆင်းက ပါးစပ် ပုံပြင် လေး ဟု ဆိုသည့် အချက်လေးပါ ဖြည့်ပြောသေး သည်။


" ဗိမာန်ကြီး ပြီးပြီ လို့ ဘုရင်ကြီး ထံ လျှောက်ထားတော့ ဘုရင်ကြီး က ငြမ်းဖျက် ဖို့ဘယ်လောက်ကြာ မလဲ လို့ မေးတယ်။ ဗိသုကာတွေက လနဲ့ ချီပြီးကြာမယ်လို့ ဆိုတယ်။ ဗိမာန်ကြီး ပြီးဘို့ (၂၂) နှစ် လောက် စောင်ခဲ့ရတဲ့ ဘုရင်ကြီး  ဟာ ကြည့်လိုတဲ့ဆန္ဒ ပြင်းပြ လွန်းတဲ့အတွက် ချက်ချင်းအမိန့်တစ်ခု ထုတ်လိုက်တယ်။ ဒီငြမ်းကို ပြည်သူပြည်သား အားလုံး မည်သူမဆို လာဖြုတ်ကြ ၊ ကိုယ် ဖြုတ်တဲ့ အစိတ်အပိုင်းကို ကိုယ်ပိုင်စေ လို့ အမိန့် ထုတ်လိုက် တယ်။ သစ် ဝါး ရှားလှတဲ့ ဒီဒေသမှာ ဒါတွေဟာ ရွှေ ပေါ့။


ပြည်သူပြည်သားတွေ ဖြုတ် လိုက်ကြတာ တစ်ရက်တည်းမှာ ငြမ်း ဖျက်လို့ ပြီးသွားတယ်။ ဘုရင်ကြီး လည်းအဲဒီနေ့မှာတင် ဗိမာန်ကြီး ကို စစ်ဆေး နိုင်တယ်လို့ ဆိုကြတယ် ။ ခန့်ငြား ထယ်ဝါ တာကို တော့ ရောက်မှ ကြည့်ကြ တာပေါ့ ။ ကြီးမားလှတဲ့ ဘုရင်ကြီး ရဲ့ မေတ္တာကို ပါးစပ် နဲ့ပြောတာထက် ဗိမာန်ကြီး က သက်သေ ပြပါလိမ့် မယ်"



Taj Mahal and Yamuna.




 " ပီကေ ဆင်းရာ မင်း ရှင်းပြတာတွေ ကလည်း အချက် အလက် တွေ ချည်း ပါလား "

 " မစ္စတာ စိုး တတ်ခ်ျ မဟာ အကြောင်း ပြောရင် အချက် အလက် ကို အဓိက ရှင်းပြရ  ပါတယ်။ အဲ ဒီ အချက်တွေမှာ အချစ်တွေ ပါနေပါတယ်။ ခိုင်မာတဲ့အချက် မရှိဘဲ  မြင့် မားတဲ့အချစ် လည်း မရှိနှိုင်ပါဘူး "


 ပီကေဆင်း ပြောတာလည်း ဟုတ်ပေသားဘဲလို့ မှတ်ထားလိုက်ရပါတယ်။ မေမိုး ကတော့ ပွဲကြည့်ပရိသတ်ပေါ့။ နောက် မျက်ခင်းစိမ်းများ၊ ထင်းရူးပင်တန်းများ၊ ဆိုက်ပရပ် ပင်များ ရေကန်ငယ်များ ပန်းပင် မျိုး စုံများ နဲ့ စီချယ်ထားတဲ့ ဥယဉ် ကိုဖြတ်ကာ တတ်ခ်ျ မဟာ အဆောက် အဦ ကြီး ဆီသို့ သွားကြသည်။




 " မစ္စ မိုး နဲ့ မစ္စတာ စိုး တို့ ဒီဥယာဉ် ထဲမှာရှိတဲ့ ပန်း တွေကို သတိထားကြည့် ပါ။  အားလုံးဟာ မေတ္တာ သရုပ် ကို ဆောင်တဲ့ အဖြုနဲ့ အစိမ်း တွေချည်းဘဲ "


 ပီကေဆင်း ပြောမှ သတိထားကြည့်မိရာ နှင်းဆီဖြူ ၊ စပ္ပါယ်၊ တရုတ်စကားအဖြူ ၊မြတ်လေးစတဲ့ အပွင့်ဖြူ နဲ့ အရွက်စိမ်း ပန်းများကိုသာ လှပ စနစ်ကျစွာ အကွက်ချ စိုက်ထား သည်ကို သတိပြု မိသည်။



 " ဒီ လို မေတ္တာ နဲ့ဆက်နွယ် ထူးခြားတဲ့ အချက် လေးကို ပြပေးတဲ့ မစ္စတာဆင်း ကို မေမိုး ကျေးဇူး ရမယ် ။ အခုလိုရှင်းပြတော့ ကြည်နူး မှု နဲ့ လွမ်းမောဘွယ်ရာကို ပိုပြီးခံစား မိတယ်၊ အစ်ကို ရော ဟင် "


" မေမိုးလိုပါဘဲ"

 မေမိုး က မျက်စောင်းကလေးနှင့် ပြုံး ၍ ကြည့်သည်။

 ကြည့်ပါလား လူကိုက အရင် တုန်း က အတိုင်းဘဲ မထုံ တက်တေး နဲ့ လို့ လည်း မကြား တကြား ပြောလိုက်သေးသည်။ မေမိုးသည် မောင်မောင်စိုးထံမှ သည့်ထက်ပို သည့် စကား ကြားလိုသည်ကို မောင်မောင်စိုး မသိ၍ မဟုတ်။

                       " ရင်မှာဝှက် ထား၊ သည်စကားကို၊
                         နှုတ်ဖျားတွင်မှ၊ ဖေါ်လှစ်ဟ၍၊
                         ပြောရမည်ကို၊ သူကဆိုသည်၊
                         လိုသေးလို့လားအချစ်ရယ်။ " 

ရင် ထဲ မှာ ရေး ထားသော ကဗျာ လေး ကို မောင်မောင်စိုး နှုတ် ဖျား မှ ဖွဖွ ကလေး ဆိုလိုက်မိပါသည်။

တတ်ခ်ျမဟာသည် မေတ္တာအေးရိပ်တွင် မှေးမှိတ်နေသူများကို ငြင်ငြင် သာသာလေး လှုပ်နှိုး လိုက်ပါသည်။





(၆)

 Yamuna River and Taj Mahal
 
 ပင်မ ဗိမာန် ထဲ မဝင်မှီ အောက်ခြေ အဆင့် တွင်ပင် ဖိနပ်များ ချွတ်ကြရသည်။ ဖိနပ် ချွတ်ရန် အခက်အခဲ ရှိတဲ့ လူကြီးသူမ များနှင့် ၊ အထင်အရ ဧည့်သည်များ ကိုတော့ ဖိနပ်မှာ အစွပ်များ စွပ်ပေး ကြသည်။ အဝင်ဝ ရောက်တော့ ကြီးမားထယ်ဝါ လှတဲ့ ကျောက် သလင်း ဗိမာန်ကြီး၏ နံရံများတွင် ရောင်စုံကျောက်များ ကို ကျောက်ဖြူ သလင်း နံရံ အတွင်း မြုပ် သွင်း စီချယ်ထားသည်ကို တွေ့ ရသည်။ အဝင်ဝ ရှိ နံရံတွင် ထုတွင်း ထားသည့် စပါယ် ပန်းပွင့် များ အနက် တစ်ပွင့် စီ၏ ပွင့် ချပ်သည် ချပ်ရေ ခြာက်ဆယ် ရှိသည် ဟု ပီကေ ဆင်း ပြော၍ မေမိုး ရေတွက် ကြည့်ရာ ဟုတ်နေသည်။ 


ယင်းကဲ့သို့ ပန်းပွင့် ပေါင်း ထောင်သောင်း ချီသည်။ ခေတ် စကား နှင့် ဆိုရလျှင် ဒါက အကင်းပင် ရှိသေးသည်။ သည်ထက်မက ထောင်သောင်း နှင့် ချီ၍ ထုဆစ်ထားသော ပန်းများ၊ ကျောက် ရောင်စုံများ မြုပ်ကာ ပုံဖေါ် ထားသည့် ပုံ များမှာလည်း ဒု နှင့်ဒေး ပင်။


  " မစ္စ မိုး အခု တွေ့ ရတဲ့ ဂူက မိဘုရား မွန်တတ်ခ်ျ မဟာ ရဲ့ ၈ူ ပါ နောက် တစ်၈ူ တစ်ခုက ဘုရင်ကြီး ရှား ၈ျဟန်းရဲ့ ၈ူပါ။ အခု မြင်နေကြရတဲ့ ၈ူတွေက အတုတွေ ပါ။ အစစ်တွေက ဒီကြမ်းပြင်ရဲ့ အောက်မှာ ပါ။ လူတွေ ကြည့်ရ လွယ်ဘို့ နဲ့  ၈ူ မပျက်စီး စေဘို့ အခုလို လုပ်ထား တာပါ။ အခု ၈ူ ထားတဲ့ ပင်မ ခန်းမကြီး ဟာ ၁ဝ၈ ပေ မြင့်တယ်။ ဘာ ဒေါက်တိုင်မှမပါဘဲ ဆောက်ထား တာ။


 ခမ်းမ တစ်ခုလုံးကိုလည်း ကျောက်ရောင်စုံ တွေ မြုပ်ထားတဲ့ ပန်းတွေ၊ ရုပ်ပုံ တွေ ၊ နဲ့ အချို့ နေရာတွေမှာ ကိုရမ် ကျမ်းစာတွေ ထွင်းထု ထားတယ် ။ အချို့ ကျောက်ပြား နံရံကြီး တွေဟာ တစ် စ တည်း ( One Piece ) ပါ။ အဆက်လုံးဝ မပါ ပါ ဘူး"


 ဗိမာန်ကြီး ရဲ့ အနောက် ဘက်ရောက်တော့ သာမောဘွယ်ရာ ယမုံနာ မြစ်ကြီး ကို တွေ့ကြရသည်။ ကွေ့ကောက် ရစ်ခွေ စီးဆင်းနေသည့် ယမုံနာ မြစ်ကြီး ကို တွေ့ရတော့ - " ယမုံနာ သီတာသောင်ခြေဦးမှာလ ၊ ကို တံငါ လှေယာဉ် ကိုစီးပါလို့ ပိုက်ကြီးကို ရေချလာ -"  ဆိုတဲ့ သီချင်းကို သတိရမိသည်။ 


မှုန်းမှိုင် ရည်ဝေ နေသည့် တစ်ဘက်ကမ်းတွင် ရွာစုလေးများ၊ လယ်ယာ လုပ်ကိုင်သူများ ၊ တငြိမ့်ငြိမ့် ပျံသန်းနေသည့် ရေပျော် ငှက် များကို တွေ့ ရသည်။ ယမုံနာသည် တတ်ခ်ျမဟာ၏ အလှအားကို ဖြည့်ပေး နေသည်။


" မစ္စတာစိုး အမှန်တော့ ဘုရင်ကြီးဟာ ဒီမုံနာ မြစ်ရဲ့ တစ်ဘက်ကမ်းမှာ အခု တတ်ခ်ျမဟာ နဲ့ ပုံစံတူ ဗိမာန်တစ်ခုကို ကျောက်သလင်းအနက် နဲ့ ဆောက်ပြီး ဗိမာန် တစ်ခုနဲ့ တစ်ခုကို တံတားနဲ့ ဆက်ထား ဘို့နဲ့ သူ နတ်ရွာစံရင် မြုပ်နှံ ၈ူသွင်း ဘို့ ကြံရွယ်ခဲ့ပါတယ်။ 


ဒါပေမဲ့ ၁၆၅၇ မှာ ဘုရင်ကြီး ကျန်းမာရေး ယိုယွင်းစဉ် သားတော်တွေ နန်းလုရာမှာ တတိယ သားတော် အောရမ်ဇတ် က အစ်ကိုတွေ နဲ့ တူတော်များစွာကို သတ်ပြီး ၁၆၅၈ ခု နှစ်မှာ ခမည်း တော်ကို နန်းချခဲ့ တယ်။ ခမည်းတော်ကိုတော့ အ၈္ဂရာ ခံတပ် မှာ နတ်ရွာစံတဲ့ ၁၆၆၆ ခုနှစ်အထိ ချုပ်ထားလို့ အဲဒီ Black Taj ကို မဆောက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံတော့ တွေ့ခဲ့တဲ့ အတိုင်းဘဲ သူ့ ရဲ့ ၈ူ ကို သူ့မိဘုရား မွန်တတ်ခ်ျ မဟာ ၈ူရဲ့ ဘေးမှာ ထားပေးပါ တယ်။ "


Sun Set at Agra Fort.


 ပီကေ ဆင်းက ယခင် အကြွေးကျန် များကို ဖြည့်ပြော ပေးသည်။


" အစ်ကို ယမုံနာ ကြောင့် တတ်ခ်ျမဟာ ကြီးဟာ ပို ပြီး ထယ်ဝါ လာတယ် နော်၊ သည်နှစ်ခု ဟာ One Unit ဘဲ နော် "

" ဟုတ်တယ်မေမိုး ယမုံနာနဲ့ တတ်ခ်ျမဟာ ဟာ ခွဲလို့ မရတဲ့ အလှစုစည်းမှု တစ်ခု လို့ ဆိုရ မှာပါ "



Yamuna River and Taj Mahal.


အပြန်တွင် ပီကေဆင်းက သည်နေ့ သည် လပြည့်နေ့  ဖြစ်၍ ထင်ရှားပြီးကြုံ ကြိုက် ခဲလှတဲ့ တတ်ခ်ျမဟာရဲ့ ညအလှ ကိုခံစား ကြည့်ကြရနိုက်တွန်းသည်။

ပီကေ ဆငိးက-
`ဤ သို့  တတ်ခ်ျမဟာ ကို အနီးဆုံး နဲ့အတားအဆီး မရှိ  မြင်နိုင် တဲ့ ကမားလ် ဟိုတယ် တွင် တည်းခို ရန်စီစဉ် ပေးမည် ဖြစ်ကြောင်း၊ ဈေး နှုန်းလည်း သင့်မြတ်ပြီး တတ်ခ်ျမဟာ ၏ ညမြင်ကွင်းကို အတားအဆီး မရှိ အကောင်းဆုံး မြင်ရသည့် နေရာဖြစ်ကြောင်း ၊ ထို ဟိုတယ်သည် လူသိ လည်းနည်းကြောင်း၊ ဧည့်ကြို တွေက ကော်မရှင် များများရတဲ့ Five-Star, Four-Star ဟိုတယ်တွေကိုသာ ပို့လေ့ရှိကြောင်း၊ ဒါကြောင့် တတ်ချမဟ်ာရဲ့ ည အလှ ကြည့်ရတဲ့ စရိတ်ဟာ များစွာကြီးနေကြောင်း၊ သူစီစဉ်ပေးမည့် ဟိုတယ်သည် အလွန်ဈေး သင့်မြတ်သည့်အပြင် မစ္စတာစိုးတို့အတွက် လက်ဆောင်အဖြစ် ကော်မရှင် မပါဘဲ စီစဉ် ပေးမည့်အတွက် စရိတ်များစွာ သက်သာ မည်ဖြစ်ကြောင်း နှင့် နေခင်းပိုင်း တွင် အ၈္ဂရာခံ တပ်ကို ဝင်ဖြစ်အောင် ဝင်ရန် ၊ ဘုရင်ကြီး ရှား၈ျဟန်း ဇာတ်လမ်းသည် ထိုနေရာ ရောက်ပြီး ကြည့်ရမှ သာ ပြည့်စုံစွာပြီး ဆုံးမည် ဖြစ် ကြောင်း မှာသည်။


" ဟုတ်တယ် မေမိုး အစ်ကိုလည်း အခေါက်ခေါက် ရောက် ဘူးပေမဲ့ နံမည် ကြီးလှ တဲ့ တတ်ခ်ျမဟာ ရဲ့ ည အလှကို ကြည့်ဘို့ တစ်ခါမှ မကြုံခဲ့ဘူး။ မနက်ဖြန်လည်း တနင်္ဂနွေဆို တော့ ကြုံတောင့်ကြုံခဲ ဒီအခွင့် အရေးလေးကို ယူ လိုက်ရင် ကောင်းမယ် ထင်တယ် "


" ကောင်းတယ် အစ်ကို ၊ မေမိုးလည်း ကျောင်းက သူငယ်ချင်းတွေပြောတာ ကြားဘူးတယ်၊ လရောင်အောက်မှာ တတ်ခ်ျမဟာ ဟာ အံ့သြရလောက်အောင် လှတယ်တဲ့"


ပီကေဆင်းအား ဟိုတယ် စီစဉ်ပေးရန်မှာကာ နှုတ်ဆက်ပြီးနောက် လမ်းညွှန်ခပေး သည်တွင် မယူဟုဆိုရာ အတင်းတောင်းပန်ကာ ပေးလိုက်ရသည်။




Yamuna and Taj Mahal.




သည်နောက်အ၈္ဂရာ ခံတပ် သို့သွား ကြသည်။ အ၈္ဂရာ ခံတပ်သည်လည်း ယမုံနာ မြစ်ကမ်းတွင် ရှိပြီး တတ်ခ်ျ မဟာ နှင့် ရှား၈ျဟန်း ဥယာဉ် ကြီး ခြားထားသည်။ ခံတပ် ဆိုစေကာမူ သဲကြောက်တုံး အနီရောင်များနှင့် ဆောက်ထားသည့် နန်းတော်ရှိသော  မြို့ငယ်တစ်ခုဖြစ်သည်။


 မြို့ရိုး၊ ပစ္စင် ရင်တား၊ ကျုံး များနဲ့ တစ်ဘက်မှာ ကာရံ ထားပြီး တစ်ဘက်တွင်မူ ယမုံနာမြစ်ကြီး ဆီးတားထားသည်။ နန်းဆောင်၊ မိဘုရားဆောင်၊ မောင်းမဆောင်၊ ဝတ်ပြုခန်း ရုံး၊ လူနေဆောင်၊ ရင်ပြင်၊ ရေကန်၊ ပန်းခြံ အစုံရှိသည်။ တစ်ချိန်က ဘုရင်ကြီးရှား၈ျဟန်း နန်းစံသည့်နေရာ ဖြစ်ခဲ့သော် လည်း ဘဝ၏ အနှောင်းပိုင်း တွင် သားတော်၏ အကျဉ်းချခံ ရသည့်နေရာ ဖြစ်ခဲ့ ရသည်။




Agra Fort




ခမည်းတော် ဘုရင်ကြီးအား အကျဉ်းချ ထားသည့် နန်းဆောင်သည် ယမုံနာ ကမ်းခြေ မြေပြင် မှ ပေ ၆ဝ ခန့် မြင့်သည့်နေရာတွင်ရှိသည်။ ယင်း နန်းဆောင် သည် မြစ်ပြင်ပေါ်သို့ မိုး၍ ဆောက် ထားသဖြင့် ယမုံနာမြစ်ကြောင်း တစ်လျှောက် အထက် အောက်အားလုံး နှင့် တစ်ဘက်ကမ်း ကို အတားဆီးမဲ့ မြင်နိုင်သည်။ ကွေ့ဝိုက် ရစ်ခွေ စီးဆင်းနေသည့် ယမုံနာမြစ် တစ်လျှောက် မှ တစ်ဆင့် တတ်ခ်ျမဟာကို မှုန်ပြပြ မြင်ရသည်။




Agra Fort and Taj Mahal.




ဘုရင်ကြီးရှား၈ျဟန်းသည် ထိုနေရာမှသာ မိဘုရား၏ ၈ူ ဗိမာန်ကို အလွမ်းပြေ ကြည့်ခဲ့ ရသည်။ ဘဝ၏ နောက်ဆုံး အချိန်အထိ သည်နေရာမှ မိဘုရား၏ ၈ူဗိမာန်ကို ကြည့်ရင်း နတ်ရွာစံ ခဲ့ရသည်။ မေမိုးသည် နန်းဆောင်၏ ပြူတင်းမှ မှုန်ပြပြ မြင်ရသည့် တတ်ခ်ျ မဟာကို ငေးမော ကြည့်နေသည်။ ပတ်ဝန်းကျင် ကိုပင် မေ့ မတတ်ပင်။



" အစ်ကို သည်နေရာကနေ တတ်ခ်ျမဟာ ကို ကြည့်ရတော့ ဘုရင် ကြီး အတွက် စိတ်မကောင်း လို့ ရင်ထဲမှာ နင့် နေ တာဘဲ  အစ်ကို ရယ်.."



 " သည်နေရာရောက်တဲ့သူ တိုင်း မေမိုးလိုဘဲ ခံစားကြရ ပါတယ် "



 " ယမုံနာ မြစ်ကြီး က ဘုရင်ကြီး ရဲ့ အကျဉ်းစံ နန်းဆောင်နဲ့ သူချစ်ရလွန်းတဲ့ မိဘရားရဲ့ ဂူဗိမာန် တတ်ခ်ျမဟာကို ပေါင်းကူး ပေးထားသလို ဘဲနော် အစ်ကို "



 " ဟုတ်တယ် မေမိုး ဘုရင်ကြီး ရှား၈ျဟန် နဲ့ မွန်တတ်ခ်ျမဟာ တို့ ရဲ့ မေတ္တာ ဇာတ်လမ်း  မှာ ယမုံနာ လည်း အဓိကဘဲ လို့ ဆိုရမယ် "



Sun Set at Taj Hamal.



(၇)


 ကမားလ်ဟိုတယ်သည် ခပ်သေးသေး ဆိုစေကာမူ သန့် ရှင်းသပ်ရပ်သည်။ ဝင် ဝင်လာ ခြင်း ဟိုတယ် ဧည့်ကြို ကောင်တာ ရှိ ကလေးမလေး တစ်ယောက် ထွက် လာကာ အိန္ဒိယ ထုံးစံ အရ ကြိုဆိုသည့် ပန်းအဝါများ နှင့် သီကုန်းထားသည့် ပန်းကုန်းလေးများ စွပ်ပေး ကာကြိုဆိုသည်။



 " မစ္စတာစိုး နဲ့ မစ္စ မိုး အတွက် အပေါ်ဆုံး အထပ်မှာ တစ်ယောက်ခမ်း တစ်ခမ်းစီ ကပ်လျှက် စီစဉ်ထားပါတယ်။ ညမှာ Roof Top ပေါ်ကနေ တတ်ခ်ျမဟာ ကို အလွယ် တကူကြည့် နိုင်အောင် စီစဉ် ပေးပါလို့ မစ္စတာ ဆင်း က မှာ ခဲ့ပါတယ် "



 နေ့ခင်း ပိုင်း နေ ပူချိန် လည်းဖြစ် ၊ ပင်ပမ်းလည်း ပင်ပမ်းနေကြ၍ ရေမိုးချိုး ကာ နားကြသည်။

 မောင်မောင်စိုး ကတော့ ခဏတစ်ဖြုတ်သာ လဲလှောင်းကာ ဟိုတယ် အောက်ထပ်ကို ဆင်း၍ အမှတ်တစ်ရ ပစ္စည်းများဆိုင်များ သို့သွားကာ ကျောက်သလင်းဖြူ နှင့် ပြုလုပ်ထား သည့် တတ်ခ်ျမဟာ ပုံတူကလေးတစ်ခု ဝယ်လိုက်သည်။ 

 ရောင်စုံ ကျောက်များ မြုပ် နှံကာထုလုပ်ထားသည့် တတ်ခ်ျမဟာ ရုပ်ထုကလေးမှာ လှလွန်းပေသည်။ ပလပ်စတစ် အကြည် ဘူးအမာ ထဲတွင် ထည့်ထား၍လည်း ကိုင်တွယ်ရလွယ်သည်။



အရုပ်များကို ကြည့်စဉ် ဆိုင်ရှင်မရိပ်မိစေရန် လက်သည်းနှင့် ဖိကာ စစ်ကြည့်သည်။ အဂ္ဂရာ သည် ကမ္ဘာလှည့် ခရီးသည်မြောက်များစွာ လာသည့်နေရာ ဖြစ်၍ အတုအပများစွာကို အစစ်များကြားညှပ်၍ ရောင်းသည့် နေရာဖြစ်သည်။ ကျောက်သလင်း အစစ် နှင့် ပြုလုပ် ထားသည့်ပစ္စည်းသည် လက်သည်း နှင့် ဖိကြည့်ပါက တင်းခံနေသည်။ အတု မှာမူ အထဲသို့လက်သည်း နစ် ဝင်၍ မသွားစေကာမူ အိသွားသည့် ခံစားမှု ရနိုင်သည်။ ဝယ်ထားတဲ့ တတ်ခ်ျ ရုပ်ထုကို တော့ စစ်ပြီးသား။ ဒါကလည်း သဘာရင့် များထံမှ ရသည့် ပညာ။



 ည (၇) နာရီလောက်တွင် မေမိုးကို ခေါ်ကာဟိုတယ် ခေါင်မိုး ပေါ်သို့ တက်လာ သည်။ အ၈္ဂရာ သည် သဲ ကန္တာ ရ ဒေသ ဆန်ဆန် နေရာ ဖြစ်၍ ည နှင့် နေ့ အပူ ခြားနားလှသည်။ ညခင်းမှာ အေး လိမ့်မည်ဟု ပြောထား၍ မေမိုးက နက်ပြာရောင်ကိုယ်ကြပ် ဆွယ်တာဝတ် လာသည်။ နို့နှစ်အဖြူရောင်ပေါ်တွင် အစိမ်းရင့်ရောင် ပန်းပွင့်များ ဖေါက်ထားသည့် ထမီ ဝတ်ထားသဖြင့် ထို အရောင်စပ်များအတွင်း မေမိုး၏ ဖြူဝင်းသည့်အသား၊ သွယ်လျှသော ကိုယ်လုံးတို့၏ အလှ ပို၍ ပေါ်လွင် နေသည်။



ဟိုတယ်အမိုးပေါ်ရောက်တော့ ဧည့်သည်အတော်များများ ရာက်နှင့်နေကြပြီ။ ကံကောင်း  ထောက်မစွာ အမှတ်တစ်ရ ပစ္စည်းများနှင့် ပန်းရောင်းသည့်ဆိုင်များ၏ မလှမ်းမကမ်းတွင် ခုံ နှစ်လုံးရလိုက်သည်။ မောင်မောင်စိုး နဘေးတွင် ကပ်လျှက် ထိုင်နေသည့် မေမိုးထံမှ သင်းပြံ့ သည့် မွှေးရနံ့ကလေးများရ နေသည်။



အစပိုင်းတွင် တတ်ခ်ျမဟာ ကို ခပ်မှုန်မှုန် သာမြင် နေရသည်။ ည နက်၍ လမင်းကြီး ပို၍လင်းလာလေ တတ်ခ်ျမဟာ ၏အလှပို၍ ထင်းလာလေ ဖြစ်သည်။ လ ၏ အလင်းရောင် ပြောင်းလာချိန်တွင် မထင်မှတ် ထားသည့် မြင်ကွင်းကို တွေ့ လိုက်ရသည်။



" မေမိုး ကြည့်စမ်း တတ်ခ်ျ မဟာ ရဲ့ အရောင်ကို "


 " ဟုတ်ပါရဲ့ အစ်ကို တစ်သက်လုံး သိထားတဲ့ တတ်ခ်ျမဟာ ရဲ့ အဖြူရောင် ဟာအခု  ပန်းနုရောင် ဖြစ်နေပါလား "


" ဆက်ကြည့်ဦး မေမိုး အရောင်ပြောင်းလိမ့် ဦး မယ် လို့ အစ်ကို ကြားဘူးတယ် "


 ငွေရောင်တောက် နေသည့် လ ရောင်အောက်၌ ပန်းနုရောင် တတ်ခ်ျမဟာ သည် နက်ပြာရောင် နောက်ခံတွင် သူ၏ ထူးခြားလှသည့် အလှကို လှစ်ပြနေသည်။ နောက် လရောင် အနည်းငယ်ထပ်၍ ပြောင်းသွားတော့ နို့နှစ် ရောင်သို့ ပြောင်းလာ ပြန်သည်။



 " ရင်သပ် ရှုမောရတဲ့ မြင်ကွင်း ဆို တာ ဒါဘဲ ထင်တယ် အစ်ကို။ တကူး တက ပို့ပေး  တဲ့ အစ်ကို့ကို ကျေးဇူးတင်ပါတယ် "



 " ဒီလို အချိန်မှာ အစ်ကို့ဘေး မှာ ရှိနေပေးတဲ့ မေမိုးကိုလည်း ကျေးဇူးတင်ပါတယ်"



 ည နက်လာ လို့ (၉) နာရီကျော် လောက်မှာ ပိုအေးလာတော့ မေမိုး က မောင်မောင်စိုး အနားပို၍ တိုးလာသည်။ နှစ်ဦးစလုံး ပို၍နွေးလာကြသည်။ ဧည့်သည် အတော် များများ လည်း ပြန်ဆင်း ကုန်ပြီ။




 " မေမိုး အေးလာ ပြီ ပြန်ကြစို့။ အောက် မဆင်း ခင် မေမိုး ကို တတ်ခ်ျမဟာ ကိုယ်ပွား အစ်ကို လက်ဆောင်လေး ပေးမယ် "



 မောင်မောင်စိုး နေ့ခင်းက ၀ယ်ထားတဲ့ တတ်ခ်ျမဟာဘူးလေးကို စက္ကူအိပ်မှ ထုတ်ကာ မေမိုးအား ပေးလိုက်သည်။ မေမိုး၏ မျက်နှာပေါ်တွင် အံ့အားသင့်ခြင်းနှင့် ဝမ်းမြောက် ခြင်းဟူသော ခံစားမှု နှစ်ခု ပေါ်လာ သည်ကို မောင်မောင်စိုး သတိပြု မိလိုက် သည်။



 " တတ်ခ်ျ မဟာ ကိုယ်ပွား ဆိုတော့ မေတ္တာ ကိုယ်ပွား ဘဲပေါ့ မေမိုး "



 သည်တစ်ကြိမ်တွင်တော့ မေမိုး၏ ရှက်သွေးဖြန်းသည့် မျက်နှာလေးကို တွေ့လိုက် ရသည်။


 နှစ်ဦးသား တတ်ခ်ျမဟာဘက်သို့ ကြည့်နေရာမှ မေမိုးရုတ်တရက် လှည့်ထွက် သွားသည်။ ပြန်လာတော့ လက်ထဲတွင် ပန်းစည်းတစ်စည်း ၊ ဖြူလွှနေသည့် နှင်းဆီပန်း၊ စိမ်းနေ သော အရွက် နှင့် ရိုးတန် အဖြားတွင် အဖြူရောင် လွှလွှ နှင်းဆီ ပွင့်များ။




 " ရော့ အစ်ကို့အတွက် မေမိုးရဲ့ လက်ဆောင်။ ဒါလည်း တတ်ခ်ျမဟာ ဥယာဉ် ကိုယ်ပွား ဆိုတော့ မေတ္တာရဲ့ သင်္ကေတ ပါဘဲ အစ်ကို "



 " အစ်ကိုက တတ်ခ်ျမဟာ ပေးတယ်။ မေမိုး လက်ဆောင်က တတ်ခ်ျမဟာရဲ့ ဥယာဉ် ၊ ဒါ မပြည့်စုံသေးဘူး။ မေမိုး အစ်ကို့ ကိုဖြည့် ပေးဘို့ တစ်ခု ကျန်နေ သေးတယ် "

 " ဘာလဲ အစ်ကို "


" ယမုံနာလေ "



 မေမိုး၏ ရွှန်းလဲ့သော မျက်လုံးနှင့် ပြုံးသွဲ့သော မျက်နှာက လရောင် အောက်တွင် ဝင်းပနေ သည်။ မမိုးသည် နွဲ့နွဲ့ ကလေးရပ်လျှက် သူ့ရဲ့ဘယ်လက်နှင့် ရင်ညွန့်ကို အသာ  ထောက်ပြကာ  ညာလက်အား မောင်မောင် စိုးထံ ကမ်းပေးရင်း -



 " ဒီမှာလေ အစ်ကို့ အတွက် ယမုံနာ "



 ကမ်းလင့်သောလက်ကို အသာတွဲ၍ အခန်း သို့ ပြန်လာချိန်တွင် လ မင်း၏ အရောင်သည် ပို၍တောက်ပလာပါသည်။ ယမုံနာ မြစ်ပေါ်ရှိ လှိုင်းကြက်ခွတ်ကလေး များသည်လည်း ကြည်လင် ၀င်းလက်သည့် တတ်ချမဟာ၏ လရောင် အောက်တွင် တဖြတ်ဖြတ်နှင့် ဝင်းလက် လှုပ်ရှား ဆော့ကစား နေကြပေပြီ။





စိုးလှိုင် ( မန်းတက္ကသိုလ်)

--------------------- 











No comments:

Post a Comment