Saturday 3 November 2012

Low Light Photography Part (II)

(14)   Low Light Photography Part (II)                  ဓါတ်ပုံပညာရပ်ဆိုင်ရာမှတ်စု(၁၄)

(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။)


                   အလင်းရောင် အဖျော့ တွင် ရိုက်ကူးခြင်း
                      Low Light Photography

 
Part (2)






2) အလင်းရောင် အဖျော့တွင် ရိုက်ကူးခြင်း၊ အလင်းရောင် လျှော့နည်း လာသည့် အခြေအနေ
ဓါတ်ပုံ ရိုက်ကူးနေစဉ်  လင်းနေရာမှ ရုတ်ချဉ်း မှောင်လာသည့် အခြေအနေနှင့် အလင်းရောင် မှောင်တိ မှောင်မွှား ဖြစ်နေသော အခန်းထဲတွင် ရိုက်ကူး ရသည့် အခြေ အနေမျိုး တွင် Aperture ကို ချဲ့ ရခြင်း ISO ကို ISO 800 လောက်အထိ တင်ရခြင်းများ ရှိလာမည်။ ထို အခါ ပုံ ၏ ပြတ်သားမှု အရည်အသွေး ကျလာ လိမ့် မည်။ ထို အခြေအနေမျိုးတွင် ဆောင် ရွက်ရမည်မှာ-
                                Sunset, 1/10th @ f/4.8, ISO 200
 
2.1) အလင်းရောင် ရနိုင်သည့် အရာ များ နေရာများ ဆီသို့ တတ်နိုင်သမျှ ကပ် ၍ ရိုက်ပါ။
အလင်းရောင် ပေးနိုင်သည့် အရာများ ၊ နေရာများအနားသို့ ကပ်နိုင်သမျှလေ အလင်းရောင် အားကောင်း လေဖြစ်သည်။ ပြူတင်းပေါက် ကြီးများ မှာ အလင်းရောင် ကောင်းစွာပေးနိုင်သည့် နေရာများဖြစ်သည်။ ပြူတင်း ပေါက်ကြီးများကိုဖွင့်ခြင်း လိုက်ကာများဖွင့်ခြင်း များဆောင်ရွက်ပါ။ အောက်ပါပုံ Group Photo ရိုက်ကူးစဉ်က ဓါတ်ပုံ ဆရာသည် Flash မေ့ခဲ့သဖြင့် ဂိတ် တံကားကြီး ကို ဖွင့်ကာ အလင်းရောင်ယူ ခဲ့ရသည်ဟု ဆိုသည်။
 
                            Rocky Mountain Roller Girls in ambient light (no flash)
2.2)  ကင်မရာ ကို တည်ငြိမ်စွာ ကိုင်ပါ
ကင်မရာကို ကိုင်ရာတွင် ကင်မရာ အလေးချိန်ညီသည့် ( Center of the weight ) နေရာတွင် ဘယ်ဘက် လက်ဖြင့် ကိုင်ပါ။ ဖြစ်နိုင်လျှင် ဒူး တစ်ဘက် ထောက်ပါ။ ညာ ဒူး (Right Knee) ကိုထောက် ၍ ဘယ်ဒူး ( Left Knee ) ပေါ်တွင် ဘယ်ဘက် တဒေါင် ဆစ်ကို တင်ပါ။ Shutter ကို ညင်သာစွာနှိပ်ပါ။ Shutter  Release Button ကို ကင်မရာ လုံးဝလှုပ် ခြင်းမရှိဘဲ  ညင်သာ စွာ နှိပ် နိုင်ရန်အတွက် လေ့ကျင့် ပါ။
2.3)  ISO ကို တင်ပေးပါ
Low Light ရိုက်ကူးရာတွင် ပုံ ၀ါး မည် သို့မဟုတ် ပြတ်သားပြီး Noise များ မည် ဆိုသည့် နှစ်မျိုးသော အခြေအနေမျိုး ရှိနိုင်သည်။ မည်သည့်အချက်ကို ရွေးမည်နည်းဆိုသော် သာမန်အားဖြင့် ဒုတိယ အခြေအ နေကို ရွေးရမည်သာ ဖြစ်သည်။ Noise များနေသည်ကို လျှော့ချရန် software များရှိသည်။ များသော အားဖြင့် ISO 800 အထိ တင်ရိုက် ခြင်းသည် တော်သင့်သော အနေအထားဖြစ်သည်။ လိုအပ် ပါက ISO 1600 – 3200 အထိ တင်၍ရိုက်ခြင်း များလည်း ရှိသည်။ အထက်တွင် ဖေါ်ပြခဲ့ပြီးသည့် အတိုင်း အချို့သော Technology မြင့်သည့် ကင်မရာများ သည် ISO 6400 အထိ တင်ရိုက် သော်လည်း ISO 200 ဖြင့် ရိုက်သည့် ပုံ နှင့် မည်သို့ မှ ကွာခြားခြင်း မရှိသည်ကို တွေ့ ရသည်။
 
2.4)  RAW Mode  ဖြင့် ရိုက်ပါ ၊ Underexpose နည်းနည်း ထားရိုက်ပါ။
RAW Mode နှင့် ရိုက်ခြင်းဖြင့် အတော်အသင့် Underexpose, Overexpose ဖြစ်သည့် ပုံများအား  Detail  ပြန်ရရန်  ဆောင်ရွက်နိုင်သည်။ သို့သော် ဤကဲ့သို့ ပြန်အဖတ်ဆည် နိုင်သည့် အခြေအနေမှာ အကန့်အသတ်တော့ရှိသည်။ အချို့သော အခြေအနေတွင်  Exposure Compensation  ဖြင့် 1, 1.5 stop အထိ Exposure ကို ချကာ ရိုက်ကူးပါ။  ဤ သို့ ဖြင့် ပုံ၏ Detail များကို ဖေါ်ယူနိုင်သည်။ ထိုထက် များသွားလျှင်တော့ Detail များကို ပြန်ဖေါ်ရမည်မဟုတ်။ Exposure ကို မဆိုသလောက် ချ ရိုက်ခြင်းဖြင့် Detail များကို ဖေါ် နိုင် သည်ကို လက်တွေ့ စမ်းကြည့် နိုင်သည်။
                                 Sunset Gazebo, captured in RAW
 2.5)  Autofocus  ဖြင့် ရိုက်လျှင် ဂရု စိုက်ပါ။
အလင်းရောင် နည်းပါက Autofocus သည် တိကျစွာ Focus လုပ်နိုင်ခြင်း မရှိ AF Illuminator ပါစေဦး အခက်အခဲရှိနိုင်သည်။ View Finder မှကြည့် ရာတွင် ပြတ်သားသည်ဟု ထင်ရသော်လည်း အမှန်မှာ ပြတ် သားခြင်း မရှိသည်ကို မကြာမကြာ ကြုံ ရတတ်သည်။ Shutter ကို တ၀က် နှိပ်ကာ ကြိမ်းသေသည့် Focus ရမှသာ အပြည့်နှိပ်ပါ။ Low Light ရိုက်ကူးရာ၌ ကင်မရာ၏ View Finder မှ တစ်ဆင့် ကြည့်ရာတွင် ပြတ်သားသည်ဟု ထင်ထား သည့် ပုံ များမှာ အမှန်တကယ် ပုံထုတ် သည့် အချိန်တွင်  အနည်း နှင့် အများ ၀ါး နေသည် ကို မကြာ ခန ကြုံ ကြ ရတတ်သည်။
2.6)  Full-frame Camera များကို သုံးပါ။
Full Frame ကင်မရာများသည် ဈေး ကြီး သော်လည်း Low Light Situation တွင် များစွာ အသုံး ၀င် သည်။ ဥပမာ အားဖြင့် Nikon D 700 ( Full Frame ) ဖြင့် ISO 3200 နှင့်  ရိုက်သည့် ပုံနှင့်  Nikon 300 (DX/ Cropped Sensor) ဖြင့် ISO 800 နှင့် ရိုက် သည့် ပုံ တို့သည် Noise အခြေအနေ အတူတူ ပင် ဖြစ်သည်။ Full Frame သည် Low Light ရိုက်ကူးရာတွင် များစွာ အားသာ မှု ရှိသည်။
                                          Fireworks, captured on a tripod
 
2.7)  Monopod သို့ မဟုတ် Tripod သုံးပါ။
Low Light Situation တွင် Tripod  သို့ မဟုတ် Monopod သုံးပါ။ Monopod သည် အချို့ သော နေရာ များတွင် အသုံးဝင်သော်လည်း ကင်မရာတည်ငြိမ်မှု အတွက် Tripod သုံးခြင်း က ပိုစိတ်ချရသည်။ Tripod သုံးခြင်းဖြင့် ISO ကို အနည်းဆုံးအထိ လျှော့ ချနိုင်သည်။ ထို့ကြောင့် Low Light  Photography အတွက် အတော် များများ သော အခြေ အနေ များတွင် Tripod သုံးပါ။
3) Low light photography:  မှောင် နေသည့် အခြေအနေ  ( Dark Conditions )
အလင်းရောင် အလွန်နည်းသည့် ည ပိုင်းတွင် အထက်ပါနည်းများ သုံး၍အဆင်ပြေမည် မဟုတ်။ အထက်ပါ နည်းများမှာ အလင်းရောင်နည်းသည့်  Low Light အတွက်သာဖြစ်သည်။ ည ပိုင်းဆိုသည်မှာ အလင်းရောင် မရှိသည့် အခြေအနေ ဖြစ်သည်။
3.1)  Tripod  သုံးပါ။
ညပိုင်း၊ အလင်းရောင် မရှိသည့် အချိန်သည် Hand-Held ရိုက်၍ မရ တော့ သည့် အခြေအနေ မျိုး ဖြစ်သည်။ အလွန် နှေးသည့် Shutter Speed ဖြင့် ရိုက် ရမည်ဖြစ်သောကြောင့် Tripod သုံးရမည်။ တောင့်တင်း ခိုင်မာသည့် Tripod ကိုသုံးပါ။ Remote Control သုံး ပါ။   Remote Control မရှိပါက Timmer ကို သုံးပါ။ သို့သော်Timmer သုံးရာ၌ Shutter Release Button ကို နှိပ်သည့် အချိန်တွင် ကင်မရာ လှုပ် နိုင်သည့်အတွက် Remote Control လောက် မကောင်း။
3.2) Light painting အတွက် Flash သုံးပါ။
ရိုက်ကူးမည့် Subject သည် များစွာ မှောင်နေပါ က Flash ဖြင့် အလင်း ပက်ဖြန်းကာ Flash Paint လုပ်ပါ။ လှပသည့်ပုံ ရပါလိမ့်မည်။ အထူးသဖြင့် အရောင်အမျိုးမျိုး ရှိသော subject များကို  Flash ဖြင့် ပက်ဖြန်း ကာ Flash Paint လုပ်ပါက ပိုလှပသည်။
                   Light Painting, 30 seconds exposure, f/6.3, ISO 200
3.3)  Manual Focus သုံးပါ။
ပတ်ဝန်ကျင် သည် အလွန် မှောင်နေ ပါက Autofocus  အလုပ်ကောင်းစွာ လုပ်မည် မဟုတ်။ Subject နီးနေလျှင် AF Illuminator ဖြင့် Focus ချိန် နိုင်သော်လည်း Subject သည် အလှမ်း ဝေး နေပါက  AF Illuminator ဖြင့် Focus ချိန်၍ မရ။ ထိုကဲ့သို့ အခြေအနေ မျိုးတွင် Flashlight အကူအညီဖြင့် Focus ချိန်ပါ။ Flashlight လည်း မရှိပါက Manual Focus လုပ်ပါ။ များသော အားဖြင့် Lens ကို “ Infinity “  တွင် ထားခြင်းဖြင့် အလှမ်းဝေးသည့် Subject ကို Focus မိ နိုင်သည်။
3.4)  လေ့ကျင့်ပါ၊ လေ့ကျင့် ပြီးရင်း လေ့ကျင့်ပါ။
 အထူးပြောရန်မလိုပါ။ လေ့ကျင့် ပါ။ အကြိမ်ကြိမ် လေ့ကျင့်ပါ။ တိုးတက်လာပါလိမ့်မည်။ Low Light Photography သည် ပျော် စရာလည်းကောင်း ၊ စိတ်ဝင်စား ဘွယ်ရာ လည်း ကောင်းသည့် ရိုက်နည်း ဖြစ်သည်။ အလင်းရောင် အနေအထား အမျိုးမျိုး ၊ အခြေအနေအမျိုးမျိုးတို့တွင် စမ်းရိုက်ကြည့်ပါ။ Low Light Photography သည် Day Light Photography နှင့်မတူသော ရဿ ကို ပေး ပါလိမ့်မည်။
 
_________________________________________


 



No comments:

Post a Comment