Friday 9 November 2012

Photo Clinic (2)


(19)  Photo Clinic (2)                              ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု ( ၁၉ )

 


ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ (၂ )

                                          Photo Clinic (2)



ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများကို ဝေဘန်ချက်ပေးခြင်း နှင့် အပြုသဘော အကြံပြုခြင်း များမှာ ဓါတ်ပုံ ပညာရှင်များနှင့် Phpto Editor များဖြစ်ကြသည့် John Cosgrove, Rakesh Nawarni နှင့် Kath Cosgrove တို့ဖြစ်ကြပါသည်။ အဆိုပါ ပညာရှင်များက ၄င်းတို့ထံပေးပို့ အကြံပြုချက် တောင်းခံထား သော ဓါတ်ပုံများ အပေါ် ဝေဘန်အကြံပြု ချက်များနှင့် ပတ်သက်၍ ရေးသားထားသည့် ဆောင်းပါးများမှ အပိုင်းအလိုက် ကောက်နှုတ်ကာ ဆီလျှော် သကဲ့သို့ ဘာသာ ပြန် ထားခြင်း ဖြစ်ပါသည်။
 
ဓါတ်ပုံနှင့် ပတ်သက်သည့် ဝေဘန် အကြံပြုချက်ကိုသာ ဖေါ်ပြခြင်း ဖြစ်သော ကြောင့် ဓါတ်ပုံ ရှင်၏ အမည် နှင့် ဝေဘန်အကြံပြုသည့် ဓါတ်ပုံပညာရှင် တို့၏ အမည်များကို အတိအကျ ဖေါ်ပြခြင်း မပြုတော့ပါ။ ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည်အသွေး ဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ်ပါသည်။ ရိုက်ကူးသည့် ကင်မရာဆိုင်ရာ အချက် အလက်များကို ရနိုင်သမျှ ဖေါ်ပြထားပါသည်။

 
Green Caterpillar


Canon Power Shot  S 2 IS


ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-

၁။ ရိုက်ကွက် ( Scene ) ကို ကောင်းစွာ မြင်တတ်သည် ( Very well seen ) ။

၂။ နှစ်လိုဘွယ်ကောင်းသည့် ရှင်းရှင်းလင်းလင်း ပုံ တစ်ပုံဖြစ်သည်။ ( Lovely Clean Image)

၃။ ဓါတ်ပုံ ၏ Impact ကောင်းစွာ ရနိုင်စေရန် ကောင်းမွန် သည့် Shooting Angle ယူထားသည်။

 
အကြံပြု ချက်

ရိုက်ကွက်ကို ကောင်းစွာ မြင်တတ်သည်။ အနှစ်သက်ဆုံးမှာ Selective Depth of Field ကို ယူကာ ရိုက်ထားခြင်း ပင် ဖြစ်သည်။ ( Main Subject ဖြစ်သည့် ခူစိမ်း တစ်ခုထည်းကို ပင် Depth of Field  က ဖြတ်ထားသဖြင့် နောက်ခံအားလုံး ၀ါးနေသည်။ ထို့ကြောင့် ခူစိမ်း အား မည်သည့် Distraction မရှိသည် ကို သန့်သန့်လေး  မြင်နိုင်ပါသည်။ ) ရိုက်ထားသော Angle ကောင်းမွန် ကာ Colour Saturation လည်းကောင်းသည်။
 
Sydney 117
 
Casio QV R 41





ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
 
၁။ Horizon Line ကို ပုံ ၏ အလယ် တွင် ထား ရန် မသင့်။
၂။ အား ကောင်း သည့် ပုံ ( Strong Image ) မဟုတ်။
၃။ Lower Shooting Angle ဖြင့် ရိုက်သင့် သော ပုံ ဖြစ်သည်။

 အကြံပြု ချက်

Sun Set နှင့် Sun Rise တို့မှာ ဓါတ်ပုံ သမားများအား ဖမ်းစားသည့် အချိန်များ ဖြစ်သည်။ လှပသည့် ပုံများ ပေး သည့် အချိန်ဟု ဆိုရမည်။ သို့သော်  မှန်ကန်သည့် White Balance Set လုပ်ရန် လိုသည်။  Rule of Composition များအတိုင်း နေရာ ချရန်လိုသည်။ ထိုမှသာ ပုံ ကောင်း ရနိုင်မည်။ ဓါတ်ပုံ ရိုက်သူသည် မိမိ  မည်သည့် အရာကို ရိုက်မည်နည်း- ၀င်နေတဲ့ နေ ကိုလား- ဒါမှ မဟုတ် ကန်ရေပြင်ပေါ်မှာ ထင်နေတဲ့ Reflection ကိုလား- ဘာကို ရိုက်မည်ဆိုသည် ကို ဆုံးဖြတ်ရမည်။  ဤ ပုံတွင် ပြလိုသည့် Center of Interest ကို ပုံ အလယ်တဲ့ တဲ့ တွင် ထားလိုက်သဖြင့် ဓါတ်ပုံ ကို နှစ်ချမ်း ခွဲ လိုက်သကဲ့ သို့ ဖြစ်နေကာ  ကြည့်သူ က မည်သည့် အချမ်း ကြည့် ရမည်ကို မသိ ဖြစ်သွားသည်။ ကောင်းကင်တွင် ကြည့်သူ အာရုံ ကို ဆွဲ ဆောင် စေမည့် လှပသည့် တိမ်တိုက် ကလေး ရှိလျှင် ကောင်းသည်။ အကြံပြုလိုသည်မှာ ကောင်းကင် ကို လျှော့ပြီး Crop လုပ်ကာ  Upper Top Third နေရာမှာ ထားပါ။ သို့ ဖြင့် ရေပြင် ပေါ် ရှိ Reflection Details များ ပို ပေါ် လာမည်။ ၄င်း အပြင် Shooting Angle ကို Low angle ပြောင်းသင့်သည်။ ထိုသို့ ဆိုလျှင် ပုံ ပို၍ အားကောင်း လာမည်။
 
 
Sitting Boy
 
 
Panasonic DMC-FZ 5
 
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ကြည့်သူ၏ အာရုံ ကို ဆွဲဆောင် သည့် (Center of Interest ) မရှိ။
၂။ Subject ဘာကြည့်နေသည်ကို ကြည့်သူက မသိနိုင်။
၃။ ပုံ ထွက် ကောင်း သည့် Nice Expose ပုံ ဖြစ်သည်။


အကြံပြု ချက်
 
 
ခလေးငယ် သည် Mian Subject ဖြစ်သည်။ သို့ ရာတွင် ခလေးငယ် ကြည့်နေသည့် အရာကို Secondary Subject အဖြစ် အပြသဘောလောက် ထည့်သင့်သည်။ ဓါတ်ပုံ ရိုက်သူ အနေနှင့် ခလေး ဘာကို ကြည့်နေသည်ကို သိ သကဲ့သို့ ကြည့်သူလည်း သိစေ သင့်သည်။ သို့ မဟုတ်ပါက ခလေး၏ ထူးခြား သည့် Expression ကို ပြရမည်။ ယခုပုံတွင် ကြည့်နေသည့် အရာသည် Frame ထဲမှ ပြောက်နေသည့် အတွက် စည်းရုံးမှုမဲ့ သွားကာ ပုံ၏ Centre of Interest ပြောက်သွားသည်။ Focusing သည် Subject အပေါ် မကျဘဲ Background ပေါ် ကျနေသည်။ နောက် တစ်ခါ ရိုက်ပါက Subject အပေါ် Focus ကို shutter Release Button  တစ်ဝက် နှိပ် ကာ Lock လုပ်ထားပြီးမှ ပြန်၍ Recompose လုပ်ကာ ရိုက်ပါ။
 
Ian
 
Fuji Film SP 2000
 
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ကောင်းမွန်စွာ ရိုက်နိုင်သည်။ ( Well Capture)

၂။ လိုအပ်သည့် ပုံစံ ကို ကောင်းမွန် တိကျစွာ ယူနိုင်သည်။
၃။ ခလေး ၏အမူအယာ (Expression ) နှစ်လိုဘွယ် ကောင်းသည်။ (Portrait တစ်ခုတွင် Technical Details များအပြင် Subject ၏ Expression နှင့် Mood တို့ သည်လည်း များစွာ အရေး ပါသည်။)
 
 
 အကြံပြု ချက်
 
 
ရိုက်ကွက်ကို ကောင်စွာ မြင် တတ်သည်။ ခလေးငယ် ၏ Expression ၊ အထူးသဖြင့် မျက်လုံးသည် ကြည့်သူ၏အာရုံကို ဖမ်း၍ ဆုတ်ကိုင် ထားနိုင်ခြင်းက ပုံကို  ပို၍နက်ရှိုင်း အသက်ဝင်စေသည်။ ကောင်းမွန် သည့် ပုံ တစ်ပုံ ဖြစ်သည်။
 
Along the Causeway
 
 
Sony DSC-H 5
Speed 10 Sec, f-8.0
ISO 80
 
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ရိုက်ကွက် ကို ကောင်းစွာ မြင်တတ်သည်( Well Seen)။
၂။ Panorama ပုံ မျိုး Crop လုပ်သင့်သည်။
၃။ Horizon Line ကို အလယ် တဲ့တဲ့ တွင် မထားသင့်
 
 
အကြံပြု ချက်
 
 
ရှုခင်းပုံ တစ်ပုံတွင် Horizontal Line ကို ပုံ ၏ အလယ် တဲ့တဲ့ တွင် ထားခြင်းဖြင့် ပုံ၏ အား ( Impact) ကို လျှော့ စေသည်။ ဤပုံ၏ ကောင်းကင်တွင် စိတ်ဝင်စားဘွယ်ရာ အမည်သည့်အရာမှ မရှိ။ ထို့ကြောင့် အဆိုပါ ဟင်းလင်း ပွင့်နေသည့် ကောင်းကင် ကို ဖြတ်ထုတ် ပြီး ကျန်သည့် ကောင်းကင် အပိုင်းကို Upper Top Third ကို ပို့ ကာ အောက်ပါ ပုံအတိုင်း Panorama အဖြစ် Crop လုပ်သင့် သည်။
 
 
 
------------------------------------------ 



 
 




 

 

 




 

 

 




No comments:

Post a Comment