Thursday 15 November 2012

Photo Clinic (5)


(22)   Photo Clinic (5)                              ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု ( ၂၂ )

 
 

ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ (၅ )

                                          Photo Clinic (5)

 
ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများကို ဝေဘန်ချက်ပေးခြင်း နှင့် အပြုသဘော အကြံပြုခြင်း များမှာ ဓါတ်ပုံ ပညာရှင်များနှင့် Phpto Editor များဖြစ်ကြသည့် John Cosgrove, Rakesh Nawarni, Chris Yap နှင့် Kath Cosgrove တို့ဖြစ်ကြပါသည်။ အဆိုပါ ပညာရှင်များက ၄င်းတို့ထံပေးပို့ အကြံပြုချက် တောင်းခံထား သော ဓါတ်ပုံများ အပေါ် ဝေဘန်အကြံပြု ချက်များနှင့် ပတ်သက်၍ ရေးသားထားသည့် ဆောင်းပါးများမှ အပိုင်းအလိုက် ကောက်နှုတ်ကာ ဆီလျှော် သကဲ့သို့ ဘာသာ ပြန် ထားခြင်း ဖြစ်ပါသည်။

 
ဓါတ်ပုံနှင့်ပတ်သက်သည့် ဝေဘန် အကြံပြုချက်ကိုသာ ဖေါ်ပြခြင်း ဖြစ်သော ကြောင့် ဓါတ်ပုံ ရှင်၏ အမည်နှင့် ဝေဘန်အကြံပြုသည့် ဓါတ်ပုံပညာရှင် တို့၏ အမည်များကို အတိအကျ ဖေါ်ပြခြင်း မပြုတော့ပါ။ ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည် အသွေး မဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ်ပါသည်။ ရိုက်ကူးသည့် ကင်မရာဆိုင်ရာ အချက်အလက်များကို ရနိုင်သမျှ ဖေါ်ပြထားပါသည်။

 

Lower Selector Reservoir
 
    Olumpus C 60 Z


ရှင်းလင်းချက်

ဤ ပုံကို တနင်္ဂနွေ နံနက်ခင်း တစ်ခုတွင် စင်ကာပူ ရှိ Sembawang မှ Somerset သို့MRT ရထားဖြင့်အသွား Lower Selector Reservoir အရောက်၌ လှပနေ သည့် ကောင်းကင်ကို တွေ့ ရသဖြင့် ရထားပေါ်မှ Olympus C 60 Z ဖြင့် လှမ်း ရိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ရထား တံခါးဘောင်ပေါ်တွင် လက်ထောာက်ကာ ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ Post Production ဆောင်ရွက်ရာတွင် Saturation boosted 20%, နှင့် Curve Adjustment လုပ်ထားကြောင်း ရိုက်ကူးသူက ဖေါ်ပြ ထားသည်။

 
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ခုတ်မောင်းနေသည့် ရထား (MRT) ပေါ်မှ ကောင်းမွန်စွာ ရိုက်ကူး နိုင်သည်ကို ချီးကျူး ပါသည်။
၂။ Horizon Line ကို ကောင်းမွန် မှန်ကန်စွာ နေရာချ ထားခြင်းဖြင့်  မိုးကောင်ကင် ၏ တောက်ပ မှု ကို ပို၍ အားကောင်းစေသည်။ 
၃။ Post Production တွင် Photshop ဖြင့် မှန်ကန်သည့် အရောင်များ တောက်ပ လာအောင် လုပ်ဆောင် နိုင်ပါသည်။
 
အကြံပြု ချက်
The Early Bird does indeed catches the early the Worm ဆိုသည့် အတိုင်း စောစောလှုပ်ရှားသဖြင့် ဤကဲ့သို့ လှပသည့်နေထွက်ချိန်ကို ရပေသည်။  ခုတ် မောင်း နေသည့် ရထား ပေါ်မှ ဤကဲ့ သို့ ပုံကောင်း ရအောင် ရိုက်ကူးနိုင်သည် ကို Great Shot ဟု သာ ပြောလိုသည်။
 
Headstones
 


Canon Power Shot A 70 d Compact Camera.
 
ရှင်းလင်းချက်
မဂ္ဂဇင်းတွင် ဖတ်ရှု ထားသည့် Composition Rule များ အနက် Rule of Thirds Lesson ကို လေ့ကျင့်ရန်အတွက် dCompact ကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ရိုက်ကူး သူက ဖေါ်ပြထားသည်။
 
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ အလွန်ကောင်းမွန်သည့် ရိုက် ချက်ဖြစ်သည်။
၂။ လှပသော Leading Lines နှင့် Shadow ကို ကောင်းစွာ အသုံးချထားသည်
၃။ Main Subject ကို ပုံဖေါ် ပံ့ပိုးပေးသည် ၀န်းကျင် နေရာ (Negative Space)  ကို အားကောင်းလှသည့် အရောင် (Very Strong Colours ) များဖြင့် သုံးထား သည်။   
 
အကြံပြု ချက်
ပုံတွင် အလင်းရောင် ၏အနေအထား ကို ကောင်းစွာ အသုံးချထားနိုင်သည်။ Rule of Thirds နှင့် leading Lines များ ကို တစ်နည်း သော ပုံစံ ဖြင့် တင်ပြခြင်း ဖြစ်သည်။ ပုံတွင် Main Subject ဖြစ်သော Headstones ကို ပုံဖေါ် ပံ့ပိုးပေးသည် ၀န်းကျင်နေရာ၏ အရောင် (Negative Space Colour)  သုံးထားသည်မှာ သဘော ကျ ဘွယ်ရာ ဖြစ်သည်။ ပုံကောင်း တစ်ပုံ ဖြစ်သည်။
 
Yellow Bug
 
Konica Minolta 5 D,
Lens-Konica Minolta 100mm Macro
Speed-1/125, f-8
 
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ရိုက်ကွက် ကို ကောင်းစွာ မြင်တတ်သည်။
၂။ Subject ပုံကြီး လာစေရန် Tight Crop လုပ်သင့်သည်။
၃။ အလွန် ရှင်းလင်း ကောင်းမွန်သည့်  Background ဖြစ်သည်။
 
အကြံပြု ချက်
Subject ၏ အရောင်ကို ထိရောက်စွာ ပံ့ပိုးပေးသည့် အရောင်  ( Complimentary Colour ) ကို ထိရောက်စွာ သုံးထားသည်။ Subject ဦးခေါင်း ကြည်လင် ပြတ်သားမှု ရှိသည်။ Subject ကို မည်သို့သော Distraction မျှ မပေးသည့် သန့်ရှင်းသော Background ရှိသည်။ Cropping လုပ်ရာတွင် အောက်ပါအတိုင်း Crop လုပ်ရန် အကြံပြု လိုသည်။
 
Suggested Cropping
 
 
 
Atop
 
 
Panasonic Lumix FZ 10
 
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ အလွန်အား ကောင်း သည့် ပုံ ဖြစ်သည်။
၂။ အလင်းရောင်ကို အကောင်းဆုံး အသုံးချ ထားသည်။
၃။ Composition Rule ကို အကောင်းဆုံး အသုံးချ ထားသည်။
 
အကြံပြု ချက်
ရိုးရိုးလေး နှင့် အား အလွန်ကောင်းသည့် ပုံ ဖြစ်သည်။ ပုံကို ရှင်းပြရန်မလိုဘဲ ပုံ က သူ့အကြောင်းကို သူကိုယ်တိုင် ရိုးရိုးလေးရှင်းပြသည့် ပုံမျိုး ဖြစ်သည်။ ပုံ၏သဘာဝ မှာ ၀ိဝါဒ ကွဲစရာမလို သော Impact နှင့် Drama  ရှိသော ရိုက်ချက် ကောင်း ဖြစ်သည်။
 
Hungry
 
Panasonic Lumix FZ 10
Speed 1/125, f-3.7,
 ISO - 50
 
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ အားကောင်းသည့်  ကြည့်သူ၏ အာရုံကိုဆွဲဆောင်သည့် Center of Interest  ( COI)  ၊  Background တို့ဖြင့် ဖွဲ့စည်း ထားသော ပုံဖြစ်သည်။
၂။ ပြလိုသည်ကို ကောင်းစွာ ပေါ်လွင် အောင်ပြနိုင် သည့် ပုံဖြစ်သည်။
၃။ ခလေးများ၏ မျက်နှာ အမူအရာ ( Facial Expression ) များစွာ ပေါ်လွင် ကောင်း မွန်သည်။
 
အကြံပြု ချက်
ရိုက်ကူးသူသည် ခရီးသွား ဓါတ်ပုံသမား တစ်ဦး ဖြစ်သည်နှင့်အညီ အခွင့်အရေး ကောင်းကို  မလွတ်တမ်း ရိုက်နိုင်သူ ဖြစ်သည်။ Travel Photographer တို့၏ အဆို တစ်ခု မှာ “ တွေ့စဉ်မှာ ရိုက်ထား၊ နောက်တစ်ကြိမ် အခွင့် အရေး ရဘို့ ရန် မလွယ် “ ဆိုသည့်  အဆိုပင် ဖြစ်သည်။ ပုံ မှာ အထူး ရှင်းပြရန်မလိုသည့် ပုံကောင်း တစ်ပုံ ဖြစ်သည်။ Tight Crop ကို ကောင်းစွာ လုပ်ထားသဖြင့် Center of Interest ဖြစ်သည့် ခလေးငယ်များ ကောင်းစွာ ပေါ်လွင်သည့်အပြင် ပတ်ဝန်းကျင် ကိုပါ တွေ့မြင်ခံစားနိုင်သည်။
 
 
-------------------------------------------------
 




No comments:

Post a Comment