Friday 18 January 2013

Camera Lens





(33)  Camera Lens                                         ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၃၃)

 

ကင်မရာ မှန်ဘီလူး များ အကြောင်း တစ်စေ့ တစ်စောင်း

A Brief Note on Camera Lens.

 

By Soe Hlaing

စကားဦး။

ကင်မရာ ရှိ မှန်ဘီလူး ( Lens ) ကို အမျိုးမျိုး ပြောင်းလဲကာ တပ်၍ ရသည့် Digital Single Lens Reflector ( DSLR )ကင်မရာ ၀ယ်သည် ဖြစ်စေ၊ နောက်ဆုံးပေါ် Compact ပုံစံကို APS-C Sensor Type တပ်ကာ lensအမျိုးမျိုး လဲ ၍ ရသည့် ကင်မရာ ကိုဘဲ ၀ယ် သည် ဖြစ်စေ ကိုယ် ရိုက်လိုသည့် ကဏ္ဍ အား ထိရောက် အောင် ရိုက် နိုင်သည့် Lens အပိုများ ထပ်၍ ၀ယ် ရန်လိုလာပါ လိမ့်မည်။ ဓါတ်ပုံ ဆိုသည် ကလည်း များများ ရိုက်လာလေလေ၊ ကဏ္ဍ အမျိုးမျိုး ကို ရိုက် လာလေလေ တစ်ဖြေးဖြေး လိုအပ်တာတွေ များလာလေ ဖြစ် သည့် ၀ါသနာ တစ်ရပ်ဖြစ်ပါ သည်။
 
 
ဓါတ်ပုံ ၀ါသနာရှင်များ ပထမဦး ဆုံး စတင် စုဆောင်းသည်က Lens များပင် ဖြစ်ပါသည်။ သို့ နှင့် Camera Lens များ နှင့် ပတ်သက်၍ သိသင့် သိထိုက်သည့် အကြောင်းအရာအချို့ ကို ရေးသား လိုက်ရပါသည်။ အလွန်ကျယ်ပြန့် သည့် အလင်း ဆိုင်ရာ သိပ္မံ နည်းပညာရပ် ဖြစ်သဖြင့် ခြေနိုင်လက်နိုင် ကျွန်တော် လက်လှမ်း မှီ နိုင်သမျှ ရေးသား ရ ခြင်း ဖြစ်ပါသည်။
 
 

Lens ( မှန်ဘီလူးများ )

မြန်မာ လို မှန်ဘီလူးဆိုသည် မှာ မှန် နှင့် ဘီလူး (ကြီးမားခြင်း ) ကိုတွဲ သုံးထားသည့် ဝေါ ဟာရ ဖြစ်မည်ဟု ထင်ပါသည်။ စင်စစ် အားဖြင့် ရုပ်ပုံ အား ပုံ မှန်အနေ အထားမှ ကြီး လာစေခြင်းသာ မက သေး လည်း သွားစေသည့် မှန် များ ဖြစ်ကြပါသည်။

တစ်ချပ်ခြင်း စီသော မှန်ဘီလူး အမျိုးမျိုး ၏ ပုံ များ။




















အထက်ပါ ပုံများမှာ တစ်ခု ခြင်းစီသော Lens များ၏ နမူ နာပုံ များဖြစ်ကြပါသည်။ အဓိ က အားဖြင့် မှန်ဘီလူး အခုံး ( Convex )နှင့် မှန်ဘီလူး အခွက် ( Concave ) တို့ ဖြစ်ကြပါသည်။
Focal Point (F) and Focal Length (f) of the Lens.





















အထက်ပါ ပုံ မှာ မှန်ဘီလူး အခုံး ( Convex ) နှင့် မှန်ဘီလူး အခွက် ( Concave ) တို့ ပုံရိပ် ပေါ်ရာ Focal Poit (F) နှင့် ဆုံတာ Focal Length (f) တို့ ကို ပြသည့် နမူနာပုံ များ ဖြစ် ကြပါသည်။ မှန်ဘီလူး အခုံး ( Convex ) ၏ Focal Point မှာ Lens ၏နောက် တွင် ရှိပြီး မှန်ဘီလူး အခွက် ( Concave ) ၏ Focal Point မှာ Lens ၏ ရှေ့ တွင် ရှိသည်ကို မြင်နိုင်ပါသည်။ တစ်ခုခြင်းစီသော မှန်ဘီလူးများ ၏ Focal Point သည် ရှေ့ သို့ မဟုတ် နောက် တစ်နေရာ တွင်သာ ရှိကြပါသည်။




















Focal length

Focal Length သည် အထက်ပုံ တွင် ပြထားသကဲ့သို့ မှန်ဘီလူး ခုံး သို့မဟုတ် မှန်ဘီလူး ခွက် ၏ အလယ် နှင့် ၀င်လာသော မျဉ်းပြိုင် အလင်းတန်း များ ဆုံရာ အမှတ် တို့ ၏ အကွာ အဝေး ပင်ဖြစ်သည်။ အထက်ပါ ပုံမှာ Focal Length တစ်ခုထဲ ရှိသောLens တစ်ခု ၏ ပုံ သာ ဖြစ်သည်။ ကင်မရာ Lens မှာမူ Lens များစွာကို ပေါင်းစပ် ဖွဲ့ ထားသည့် Lens ဖြစ်သည်။ Lens များစုပေါင်း ဖွဲ့စည်းထားသည် Compound Lens ဖြစ်သည်။ ထို့ကြောင့် Focal Length သည်လည်း အမျိုးမျိုး ရှိသည်။
 

ထို့ကြောင့် ကင်မရာ Lens - Focal Length ၏ Angle အမျိုးမျိုးကြောင့် ပုံ ရိပ် အရွယ် ပမာဏ သည်လည်း မျိုးမျိုး ကွဲပြားလာသည်။



















Camera Lens Focal Length အမျိုးမျိုး ပေါ် မူတည်၍ ထွက်ပေါ်လာသည့် ပုံ ရိပ် အရွယ် အစား များ ကို အထက်ပါ ပုံ တွင် ပြထားပါသည်။ Focal Length 16mm တွင် အကျယ် ဆုံး မြင်ကွင်းကိုမြင်ရပြီး Focal Length 200mm တွင် အကျဉ်းဆုံး ဖြစ်သွားသည် ကို အထက်ပါ ပုံ တွင် တွေ့ နိုင်ပါသည်။

အောက် ပါ ပုံများ မှာမူ Focal Length အလိုက် ပြောင်းလဲ သွားသည့် ပုံ များ ၏ Angle အနေအထား ဖြစ်ပါသည်။

Focal Length 28mm, f-4



Focal Length 50mm, f-4



Focal Length 70mm, f-4




Focal Length 210mm, f-4


 














အောက်ပါ Diagram ပုံသည် ကင်မရာတွင် တပ်ဆင်ထားသောCompound Lens တွင် ရှိသည့် Focal Point ( Front ) နှင့် Focal Point ( Rear ) တို့ ကိုပြ သည့် Disgram ပုံ ဖြစ်ပါသည်။





ကင်မရာ တစ်ခု၌ တပ်ဆင်ထားသည့် Compound Lens တွင် Focal Point ( Front ) ရှေ့ နှင့် Focal Point ( Rear ) နောက် ဟူ ၍ ရှိပါသည်။ အဆိုပါ Focal Length နှစ်ခုတူညီ နေလျှင် Symmetric Focal Lens ဟူ၍ ခေါ်ပြီး မတူညီပါက Asymmetric Focal Lens ဟူ၍ ခေါ်ပါသည်။

ကင်မရာ အများစုသည် Compound, Complex, Asymmetric Lens များကို အနည်း နှင့်အများ ဆိုသလို တပ်ဆင် ထားကြရာ အကွာ အဝေး ဆိုင်ရာ သတင်း အချက်အလက် (Distance Information ) ကို သာမန် Lens Formula တစ်ခု ထည်း ဖြင့် အတိအကျ တွက်ချက် ၍ ရ နိုင် မည် မဟုတ်ပါ။

 

Focal Length တွက်ချက်ခြင်း။

ဤနေရာ တွင် ကြုံကြိုက် သဖြင့် တစ်ဆက်ထည်း ဖေါ်ပြ လိုသည်မှာ ကင်မရာ များ တွင် Focal Length တွက်ချက် ခြင်းဖြစ်ပါသည်။ Lens Focal Length သည် ကင်မရာ Sensor Size နှင့် တိုက်ရိုက် ဆက်နွယ်နေပါသည်။ Focal Lengthကို တွက်ချက်ရာတွင် 35mm Film Size ကို စံ ထားကာ တွက် ချက် ခြင်း ဖြစ်ပါသည်။
 

APS-C ( Advanced Photo System -Type-C ) - NiKon တွင်မူ DX ဟု ခေါ်ပါသည် - ၏ Sensor Size မှာ  36mm အပြည့် မဟုတ် သော Aspect Ratio 3:2 ဖြစ် သည့်3.6mm x 15.8mm အရွယ် ဖြစ်ပါသည်။ APS-C Sensor Size တစ်ခု နှင့် တစ်ခု ဒဿမ ကိန်း အနည်းငယ်ခန့် ကွဲလွဲမှု ရှိပါသည်။ Full Frame 35mm ဖြင့် နှိုင်း ယှဉ်ရာတွင် Crop Factor မြှောက် ဖေါ်ကိန်း တစ်ခု ပေါ်လာပါသည်။

 
မြှောက် ဖေါ်ကိန်း မှာFull Frame ၏ ထောင့် ဖြတ် အရှည် 43.3 mm ကို APS-C / DX ၏ ထောင့် ဖြတ် အရှည် 28.4 mm နှင့် စား ခြင်း ၏ ရလဒ် ဖြစ်သော = 1.5246 ( Nearest ) 1.5 ဖြစ်ပါသည်။ အဆိုပါ မြှောက်ဖေါ်ကိန်း ( Crop Factor ) သည် ကင်မရာ အမျိုး အစား ပေါ် တည် ၍ အောက်ပါတိုင်း ကွဲ လွဲ မှု ရှိပါသည်။

 
·        Canon- EOS 1D/1D MK II N Crop Factor = 1.3 x

·        Nikon- D40…./ D90/ D200/D 2X…. Crop Factor = 1.5 x

·        Minolta- 7D/ Fuji S3 Pro/ Pentax ist DS/ Crop Factor = 1.5 X

·        Canon- EOS 300D/ 400D/ 20D/ 30D Crop Factor = 1.6 X

·        Olympus- E400/E-500/ E-300/ E-1 Crop Factor = 2.0 X

 

ဤ အကြောင်း အသေးစိတ် ကို မှတ်စု အမှတ် (၁၆) Camera Sensor တွင် ဖတ်ရှု နိုင်ပါသည်။
 

ယင်းကဲ့ သို့ Sensor Size 23.6mm x 15.8mm အရွယ် တပ်ဆင်ထားသည့် APS-C Sensor ကင်မရာ များကို ကင်မရာ အမျိုး အစားအလိုက် အောက်ပါအတိုင်း အမည် သတ်မှတ် ထားကြ ပါ သည်။

 

·         Canon - EF-S

·         Nikon - DX

·         Pentax - DA

·         Sony - DT

·         Sigma - DC

·         Tamron - Di II

·         Tokina - DX

ထို့ကြောင့် APS-C Type Lens များ၏ Focal Length ကို 35 mm Full Frame စံ ဖြင့် နှင့် ယှဉ်ကြည့်ပါက Crop Factor မြှောက် ဖေါ်ကိန်း ဖြင့် ပြန် မြှောက် ခြင်းဖြင့် ထွက်ပေါ်လာ သည့် ရလာဒ် ဖြစ်လာပါသည်။ ဥပမာ အားဖြင့် 18-55mm Kit Lens သည် 28-90mm ဖြစ်သွားပါမည်။ ဆိုလိုသည်မှာ 35mm ကို စံပြုကာ ထုတ်လုပ်ထားသည့် 18-55mm Lens ကို APS-C Type ကင်မရာ တွင် ထပ်ဆင်လိုက်လျှင် Foacl Length ( Angle of View ) သည် 28-90mm သို့ ပြောင်း သွားပါသည်။

Crop Factor အကြောင်း အကျယ်ကို ယခင်ရေးသား ခဲ့သော Sensorများ အကြောင်းတွင် အသေးစိတ် တွက်ချက် ဖေါ် ပြထားပါသည်။ စိတ်ဝင်စားသူများ အကျယ် ကို မှတ်စု အမှတ် (၁၆) Camera Sensor တွင် ဖတ်ရှု နိုင်ပါသည်။

အာက်ပါ ဇယား မှာ Lens အမျိုး အစား အလိုက် ယေဘူယျ Angleအခေါ် အဝေါ် များကို ဖေါ် ပြထားသည့် ဇယား ဖြစ်ပါသည်။

Lens Type
35mm 'full-frame'
APS-C / DX
Four Thirds
Ultra wide angle
24mm and wider
16mm and wider
12mm and wider
Wide angle
28mm
18mm
14mm
Standard
(Normal)
50mm
30mm
25mm
Telephoto
80mm and longer
55mm and longer
42mm and longer

 
Nikon ၏ အခေါ် အဝေါ် များမှာ မူ အောက်ပါအတိုင်း ဖြစ်ပါသည်။

Lens Type
Focal Length from
to
Wide-Angle Zoom
10mm
35mm
Normal Zoom
16mm
200mm
Telephoto Zoom
55mm
400mm
Fixed Focal -Lens
Starting from Fixed Focal Length 14mm to Fixed Focal Length 600mm.
Special Purpose Lens , ( Micro)
40mm, f-2.8 and Others.

 

Fixed Focal Length Lens များကို Prime Lens များဟု ခေါ်ကြသည်။ Prime Lens များသည် ယေဘူယျ အားဖြင့် Focal Length အပြောင်းအလဲ လုပ်နိုင်သည့် Lens များ ထက် ပုံထွက် အရည် အသွေး ပို၍ ကောင်း မွန် လေ့ ရှိပါသည်။
 

Lens Type အလိုက် နမူနာ ပုံများ။





Tamron 18-270mm, f-3.5-6.3 Super Zoom Lens.




  Picture of 18mm Wide Angle.



  Picture of Telephoto 270mm.







Sigma 10-20mm, f 4-5.6 Lens




  Picture of 10mm Wide Angle.








Olympus 50mm f 1:2 Macro Lens.







A Macro Picture.

 















Camera Lens.

လက္ခဏာ ဆရာ များသုံးသည့် အကြီးချဲ့ မှန်ဘီလူး ( Magnifying Glass ) ၏ ပုံဖေါ်မှု သဘောမှာ Subject သည် မှန်ဘီလူး၏ ရှေ့တွင် ရှိကာ ပုံ ရိပ်ကို မြင်ရသည့် Focal Point မှာ နောက်တွင်ရှိသည်။Focal Length တစ်ခုတည်း ရှိသည့် မှန်ဘီလူး ဖြစ်ပါသည်။

 
ဓါတ်ပုံရိုက်သည် ကင်မရာ Lens များမှာမူ မျိုးမျိုးသော မှန်ဘီလူးများကို ပေါင်းစပ်တည်ဆောက် ထားသည့် မှန်ဘီလူး ( Lens ) ဖြစ် သည့် Compound Lens ဖြစ်ပါသည်။ ထို့ ကြောင့် Focal Lengthသည်လည်း lens ၏နောက်တွင် တစ်ခု သို့ မဟုတ် နှစ်ခု ရှိပါသည်။

 
ကျွန်တော် နှင့် Nikon.

ကျွန်တော် အစဉ် တစ်စိုက် သုံးနေသည့် ကင်မရာများမှာ Nikon များသာ ဖြစ်ပြီး Lens နှင့် ပတ်သက်၍ စုဆောင်း ထားသည့် စာအုပ်စာတန်း များ မှာ လည်း Nikon Lens စာအုပ် များသာဖြစ်သောကြောင့် ဥပမာ များ နှင့် နမူနာ ပုံ အများစုမှာ Nikon Lens ပုံများသာ ဖြစ်နေရခြင်း ဖြစ်ပါသည်။ များစွာသော Lens များ အတွင်း မှ အချို့ ကို နမူ နာ အဖြစ် ထုတ်နှုတ် ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။
 

ကျွန်တော် ဘာကြောင့် Nikon ကင်မရာ သုံးရ သနည်းဟု မေးပါက Technical အထောက်အထား နှင့် ရှင်းပြ ရသည်ထက် ဘ၀အတွေ့ အကြုံနှင့် ယှဉ်၍ ပြောရ မည် ဖြစ်ပါသည်။ ငယ်စဉ်က ဓါတ်ပုံ ကို ၀ါသနာ ပါ၍ မြ၀တီ ဓါတ်ပုံ ပြိုင်ပွဲ တွင် ဦးခင်လေးမောင် ရေးသည် ဆောင်းပါး များကို ဓါတ်ပုံ နှင့် ယှဉ်ကာ မပြတ် ဖတ်ခဲ့ သော်လည်း ကင်မရာ မကိုင်နိုင်ခဲ့ပါ။ ဓါတ်ပုံ တစ်ပုံ ၏ အကဲဖြတ် ဆောင်းပါး တစ်ခု၏ နောက်ဆုံး တွင် ဖေါ်ပြထားသည့် အချက် အလက် များ အနက် ပထမဦး ဆုံး ရှာ ၍ ဖတ်သည်မှာ ဘာ ကင်မရာ နှင့် ရိုက်သလဲ ဆိုသည့် အချက် ကိုပင် ဖြစ်ပါသည်။ စာ ဖတ်ကာ ကြေနပ် ခဲ့ရသည် ဘ၀ ဖြစ်ခဲ့ရပါသည်။

 

သို့သော် နိုင်ငံခြားရေး ၀န်ထမ်း အဖြစ် ပြည်ပတွင် စတင် တာဝန် ထမ်းသော အချိန် လွန် ခဲ့သော ဆယ်စုနှစ် သုံးစု ခန့်တွင် ထိုစဉ်က နံမည်ကြီး ဓါတ်ပုံ ပညာရှင် ရန်ကုန် တက္ကသိုယ် ပါမောက္ခချုပ် ဟောင်း ဆရာခ ၏ သားမက် ဖြစ်သူ ကိုသိန်းဇော်လွင် နှင့် ခင်မင် မိတ်ဆွေ ဖြစ်ခဲ့ပါသည်။ ကိုသိန်းဇော် လွင်က Nikon သည် Pin Point Sharp ကို ပေးပြီး Canon က Razor Sharp  ကို ပေးသည်ဟု ပြောခဲ့သည်ကို ယနေ့ အထိ အမှတ်ရနေပါ သည်။ ကျွန်တော် ကင်မရာ မ၀ယ် နိုင်ခင်ထည်းက ဓါတ်ပုံ၏ အခြေခံ များကို ကင်မရာ တစ်လုံး နှင့် ည ပိုင်း ရိုက် ကွက် များ ကို လက်တွေ့ ရိုက်ပြကာ ၊ နေ့ခင်းပိုင်းတွင် စာ တွေ့ များကို ရှင်းပြခဲ့သူ လက်ဦး ဆရာ ဖြစ် ပါသည်။ ယခု အမေရိကန်တွင် နေထိုင်လျှက်ရှိပါသည်။ ကိုသိန်းဇော်လွင် အား ဤ မှတ်စု ဖြင့် ဂါရ၀ ပြု အပ်ပါသည်။

 
ထို့နောက် ထိုစဉ်က ၀န်ကြီးချုပ် Delegation နှင့်ပါလာသည့် ပြန်ကြားရေး ၀န်ကြီးဌာန မှ ထိုစဉ်က ဓါတ်ပုံ ဆိုင်ရာ ဌာနမှူး အဆင့် ရှိသူ ဦးထွန်းမင်းအား -
 

“ ဦးထွန်းမင်း.. ကျွန်တော် ကင်မရာဝယ် ခြင်လို့ ပါ။ ဘယ်လို ကင်မရာ မျိုး ၀ယ်ရမလဲ ဗျာ။ “ လို့ မေးလိုက်ရာ သူက-
 

“ Nikon ၀ယ်ဗျာ။ ဘာကြောင့်လဲ ဆိုတော့ အတော် ခိုင်ခန့် တယ်ဗျ။ အရေး အခင်း တစ်ခုမှာ ကျွန်တော် တို့ သတင်းထောက် တစ်ယောက် ကို အရေး အခင်း က လူတွေ တွေ့ သွားတော့.. လူကို တော့ ဘာမှ မလုပ်ပါဘူး ဗျာ.. သတင်း ထောက်ရဲ့ Nikon ကင်မရာကို ဖလင်ထုတ်ပြီး လမ်း ဖခုံး ကျောက်တုံး နဲ့ ထုပြီး ဖျက် ဆီး လိုက်တယ်ဗျ။ သတင်းစာ တိုက် ရောက်လာတော့ ကြည့်ရတာ တော့ ရစရာ ကိုမရှိ ဘူးပေါ့။ ဒါပေမဲ့ ရိုက်ကြည့်တော့ ရိုက်လို့ ရတုန်းပဲဗျာ… ခိုင် ချက်က တော့ ဗျာ …။ ”
 

သို့ နှင့် ကျွန်တော် Nikon ကင်မရာ ၀ယ်ဖြစ် သွား ခဲ့ရာ ထိုစဉ် ကအစ ယခု ထိပင် ဖြစ်ပါသည်။

 
Lens Construction.





အထက်ပါ ပုံ မှာ Nikon 80-400mm Lens အား ဖွဲ့ စည်း တည် ဆောက် ထားသည့်ပုံ ဖြစ်ပါသည်။ အဆိုပါ Lens ကို Lens Element (၁၇) ခု အား Group (၁၁) ခု အဖြစ် ဖွဲ့ စည်း တည်ဆောက် ထားခြင်း ဖြစ်ပါသည်။ ဖွဲ့ စည်းထားရာတွင် အလင်းပြန် မှု ကို ထိမ်းချုပ် သည့်ED (Extra-Low Dispersion ) Glass (၃ ) ခု ( အ၀ါရောင် ) ထည့်သွင်း ဖွဲ့ စည်း ထားသည် ကို တွေ့ နိုင် ပါသည်။

 















အောက်ပါ Lens မှာ Nikon AF-S DX 17-55mm, f-2.8 G IF-ED ဖြစ်ပါသည်။ DX Lens အတွင်းProfessional အများစု သုံးသော DX Format Lens တစ်လုံးလည်း ဖြစ်ပါသည်။




Construction of AF-S DX 17-55mm, f-2.8 G IF-ED


SWM = Smooth Wave Motor, ED = Extra-Low Dispersion, AS = Aspherical Surface, M/A = Quick switching from Manual to Autofocus, IF = Internal Focus.


 














၎င်း၏ ဖွဲ့စည်းပုံတွင် Lens Elements (၁၄) ခု ရှိပြီး Group (၁၀) ခု ဖြင့် ဖွဲ့ စည်း ထားပါသည်။ တည်ဆောက်ရာတွင် (3) ED Glass ( အ၀ါရောင်) နှင့် (3) Aspherical Glass ( အပြာ ရောင် ) တို့ ပါဝင်ပါသည်။
ED (Extra-Low Dispersion ) Lens သည် အလင်းရောင် ပြန့် ထွက် လာသည့် Secondary Spectrum မှ အရောင် များကို ထိန်းချုပ်ကာ Focal Length အရှည် များတွင် ဖြစ်တတ်သည့် ရောင်စဉ်များ၏ လှိုင်းအလျှား ( Wave length ) တို့ ကွေးညွှတ် မှု ကြောင့် အစိမ်း၊ အနီ၊ အပြာ စသည့် အခြေခံ အရောင်များကို မျှတ စွာ Focus လုပ်နိုင်ခြင်း မရှိနိုင်သည့်Chromatic Aberration အဖြစ်မျိုး မဖြစ်စေရန် ပြန်လည် ချိန်ညှိ ပေးသည့် Lens များဖြစ်သည်။
 
 Aspherical Lens သည် အထူးသဖြင့် Wide Angle တွင် Variation in the Magnification ကြောင့် ဖြစ်တတ်သည့် ပုံပျက်ခြင်း ( Distortion ) နှင့် အချို့ သော ပုံမှန် အခြေအနေမှ လွဲသွေထွက် သွားသည့် အလင်းများကို ပြန်လည် ညှိ ပေးသည့် Lens ဖြစ်သည်။
 
 
အောက်ပါLens မှာ Nikon AF-S 70-200mm, f-2.8 G IF-ED VRII ဖြစ်ပါသည်။ Full frame Lensတစ်ခု ဖြစ်ပါသည်။ ယင်းသည် လည်းProfessional အများစု သုံးသော Lens တစ်လုံးလည်း ဖြစ်ပါသည်။



 



Construction of Nikon AF-S  70-200 mm, f-2.8 G IF-ED VRII

SWM = Smooth Wave Motor, N =Nano Crystal Coating,  ED = Extra-Low Dispersion, AS = Aspherical Surface, M/A = Quick switching from Manual to Autofocus, A/M = Auto/Manual Swith Lever, IF = Internal Focus. 

















၎င်း၏ ဖွဲ့စည်းပုံတွင် Lens Elements (၂၁) ခု ရှိပြီး Group (၁၆) ခု ဖြင့် ဖွဲ့ စည်း ထားပါသည်။ တည်ဆောက်ရာတွင် (7) ED Glass ( အ၀ါရောင်) ပါဝင် ဖွဲ့ စည်းထား ပါသည်။
 
 

အောက်ပါ Lens မှာ Nikon AF-S 200 mm f-2 G ED VRIIဖြစ်ပါသည်။ Full frame Lens တစ်ခု ဖြစ်ပါသည်။ အဆိုပါ Lens သည် လည်း Professional အများစု သုံးသော Full Frame Lensတစ်လုံးလည်း ဖြစ်ပါသည်။ Focusing အလွန်မြန်သည့် Lens ဖြစ်ပါသည်။







Construction of Nikon AF-S  200mm, f-2  G IF-ED VRII

SWM = Smooth Wave Motor, N =Nano Crystal Coating, ED = Extra-Low Dispersion, AS = Aspherical Surface, M/A = Quick switching from Manual to Autofocus, A/M = Auto/Manual Swith Lever, IF = Internal Focus.  

















၎င်း၏ ဖွဲ့စည်းပုံတွင် Lens Elements (၁၃) ခု ရှိပြီး Group (၉) ခု ဖြင့် ဖွဲ့ စည်း ထားပါသည်။ တည်ဆောက်ရာတွင် (၃) ED Glass ( အ၀ါရောင်)၊ (1) Super ED Glass ( အနီ ရောင်) ၊ (1) Meniscus Protective Lens တို့ ပါဝင် ဖွဲ့ စည်းထား ပါသည်။
 

အဆိုပါLens Group ( အုပ်စု) များအနက် အချို့သော အုပ်စုသည် ပုံရိပ်ကို ချဲ့ ပေးခြင်း အချို့သော အုပ်စု က ပုံရိပ်ကြည်လင်ပြတ်သားအောင် ဆောင်ရွက်ခြင်း ၊ အချို့သော အုပ်စုက ၀င်လာသည့် အလင်း ပြန့်လွင့်နေသည် ကို ထိန်းချုပ် ခြင်း ၊ အချို့ သော အုပ်စု အနေနှင့်မူ အလင်းမှ မလိုလားအပ်သော ဖြာထွက် လာသည့် အလင်း များကို တားဆီး ပေးခြင်း ၊ ပုံရိပ် ကွေးကောက်မှု ၊ ဘေးသား အရိပ်ကျ မှု စသည်တို့ ကို ကာကွယ် ပေးခြင်း စသည် တို့ ကို အသီးသီး လုပ်ဆောင်ကြသည်။

 
 
Lens အတွင်း ရှိ Electronic ဆိုင်ရာ အစိတ်အပိုင်းများ။

Lens Stabilizations System.


Tamron  28-300mm Lens Stabilizations System.

















Lens တစ်ခု ကိုတည် ဆောက်ရာတွင် Glass Element များသာ မက Lens အုပ်စုကြီး တစ်ခု လုံးကို လိုသလို စေခိုင်း သည့် Gyro Sensor, Micro Cpmputer, Driving Coil, Control Circuit စသည့် Electronic Components များလည်း ပါဝင်သည်။ ၄င်းအပြင် Lens ၏ လှုပ်ရှားမှု အရှိန်ကိုလျှော့ ပါးစေသည့် ထိန်းချုပ် ကိရိယာများ ကိုလည်း တပ်ဆင်လာကြသည်။ အတော် အသင့်သော အလင်းရောင် နည်းသည့် အခြေအနေ နှင့် Focal Length ရှည်သော အခြေအနေများတွင် လက်နှင့် ကိုင်ကာရိုက်ရာတွင် များစွာ အထောက်အကူ ပြုသည့် ကိရိယာ ဖြစ်သည်။
 

အဆိုပါ lensတုန်ခါ မှုကိုထိန်းချုပ် သည် Stabilization စနစ် ကို Nikon က VR ( Vibration Reduction ) ဟု ခေါ်၍ အခြားသော ကင်မရာ များ သည်လည်း ၄င်းတို့သတ်မှတ် ထားသည့် အခေါ် အဝေါ် များ အတိုင်း ခေါ်ဆိုကြသည်။ အောက် တွင် Lens အလိုက် Stabilization ဆိုင်ရာ အခေါ် အဝေါ် များကို ဖေါ် ပြထား ပါသည်။

 

Stabilizationဆိုင်ရာ အခေါ် အဝေါ်များ
·         Canon - Image Stabilization (IS)
·         Fujifilm, Panasonic and Samsung - Optical Image Stabilization (OIS)
·         Nikon - Vibration Reduction (VR)
·         Sony (NEX system) - Optical Steady Shot (OSS)
·         Sigma - Optical Stabilization (OS)
·         Tamron - Vibration Control (VC)
Lens Autofocus Mortor

အောက် ပါပုံ မှာ AF-S Nikon Lens များအတွင်းရှိ Autofocus Function ကို ဆောင်ရွက် ပေးသည့် မော်တာ များ ဖြစ်ကြသည်။



















Silent Wave Motor ( SWM)များ တွင် Ring Type နှင့် Compact Type ဟူ၍ နှစ်မျိုး ရှိသည်။ သက်ဆိုင်ရာ Lensအလိုက် သင့်လျှော် သကဲ့ သို့ တပ်ဆင်ခြင်း ဖြစ်သည်။ အဆိုပါ မော်တာက ပုံရိပ် ၏ Focusကို အတိအကျ ရစေရန် ဖမ်း ပေးသည်။ အချို့ သော Lens များ - ဥပမာ Nikon D Series Lens များ၏အတွင်း၌ Autofocus Motor မပါ သည့်အတွက် ကင်မရာ Body တွင် Motor တပ်ဆင် ထားသည့် Body Motor က Autofocus Function ကို ဆောင် ရွက် ပေးရသည်။
 

ဥပမာ Nikon D 40X မှ D 5100 အထိ Nikon ကင်မရာ၏ Bodyတွင် Autofocus Motor မပါ ရှိပါ။ ထို့ ကြောင့် Lens အတွင်း Autofocus Motorမပါသည့် Nikon D Series Lens များ ကို Autofocus မလုပ်နိုင်ပါ။ Nikon D 7000 ကဲ့သို့ ကင်မရာ၏ Body တွင်မူ Autofocus Motor ပါလာပြီ ဖြစ်သောကြောင့် Nikon D Series Lens များ ကိုရော G Series Lens များကိုပါ Autofocus လုပ်နိုင်ပါသည်။
 


Nikon D 5100 Body


Nikon D 5100 ၏ ကိုယ်ထည်ဖြစ်ပါသည်။ ကိုယ်ထည်တွင် Autofocus Motor မပါ ပါ။ Lens Mount အောက်ခြေတွင် Autofocus Motor Arm အငုတ် ကလေး မရှိသည်ကို တွေ့ နိုင်ပါသည်။

 
 
 
Nikon D 7000 Body
 
ကင်မရာ Body တွင် Autofocus Motor ပါသည့် Nikon D 7000 ကင်မရာ ၏ ကိုယ်ထည် ၏ Lens Mount  အောက်ခြေတွင် Lens ကို Autofocus လုပ်ပေးမည့် မောင်းတန် အငုတ် ( Arm) ၏ထိပ် ကလေးကို မြင်နိုင် ပါသည်။ Nikon D 5100 တွင် ဤ ကဲ့သို့ Autofocus Motor Arm မပါရှိပါ။ ထို့ ကြောင် Lens ၏ ကိုယ်ထည် အတွင်း Autofocus Motor မပါသည့် Nikon D Series Lens များကို Nikon D 5100 က Autofocus မလုပ် နိုင်ခြင်း ဖြစ်ပါ သည်။ Manula Focus သာ လုပ်၍ ရပါသည်။














 
Lens and Aperture.
Lens တွင် ပြင် ပမှ ၀င်လာသော အလင်းကို ဖွင့် ပေးသည့် အကျဉ်း အကျယ် လုပ်နိုင်သည့် တံခါး ( Aperture ) သည် လည်း Lens ၏ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ရေးသားပြီး မှတ်စုအမှတ် (၂ရ) Sunny 16 Rule တွင် Apertureနှင့်ပတ်သက်၍ ယင်းနှင့် ဆက်နွယ်နေသည့် အကြောင်းအရာ အသေး စိတ်ကို ရေးခဲ့ပြီး ဖြစ်ပါသည်။ Aperture နှင့်ပတ်သက်၍ သီးခြား အသေးစိတ် ဖတ် ရှု လိုပါက ( ၅ - ၁၂ -၂၀၁၂ ) ရက်နေ့ စွဲပါ ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု အမှတ် (၂၇) Sunny 16 Rule တွင် ဖတ်ရှု နိုင်ပါ သည်။
 
Lens နှင့်ပတ်သက် သည့် အထွေထွေ အကြောင်း အချက်များ။
Lens များကို ထုတ်လုပ်ရာတွင်Nikon, Canon, Sony, Olympus, စသည့် မူရင်း ကုမ္မဏီများ က ထုတ်လုပ် သည့် Original Lens များသည် စိုက်ထုတ်ရသည့် လုပ်အားနှင့် စိုက်ထည့် ရသည့် ပစ္စည်း ကိရိယာ တန်ဘိုး တို့ကြောင့် ဈေးကြီး သည့် အလျှောက် ဘက်စုံ လည်း စိတ်ချရ သည့် Lens များ ဖြစ်ကြသည်။ သို့ ရာတွင် Third Party Lensများ ဖြစ်ကြသည့ှ်Sigma, Tamron, Tokina စသည့် Lens များသည်လည်း သူ့ဈေး နှင့်သူ သုံးပျော် သည့် Lens များ ဖြစ်ကြပါသည်။ Original Lens နှင့် ပုံ ထွက်ခြင်း နှိုင်းယှဉ် ကြည့်လျှင် အသေးစိတ်နေရာ များတွင်သာ အားနည်းချက် များကို တွေ့ နိုင်သည် ဟူ ကျွမ်းကျင် သူများက ဆိုပါသည်။
 
အထူး သဖြင့် wild Life Photography ကဲ့ သို့ Focusing အလွန်မြန်ရန်လိုပြီး Long Tele, Wide Aperture Lens အမျိုး အစားများမှာ ဈေးလွန်စွာ ကြီး သည့်အတွက် Wild Life Photography ကို ၀ါသနာ အရ ရိုက်သူများ အနေနှင့် ဈေး သက်သာသော Third Party Lens များကို သုံးပါက လည်း လက်ခံ နိုင်လောက်သည့် Wild Life ပုံ များရနိုင်ကြောင်း ကို ဓါတ်ပုံ ပညာ ရှင်များက အကြံပြုထားပါသည်။
 
Lens အမျိုးအစား အလိုက် တွင်ကျယ်စွာ သုံးစွဲ နိုင်မှု အချို့ကို Nikon Lens စာအုပ်မှ ကောက် နှုတ်ကာ အောက် ပါ ဇယား ဖြင့် ပြထားပါသည်-
 
Type of Lens
Focal Length
Aperture
Usefulness
Wide Angle Zoom
AF-S DX, 10-24mm,
f 3.5-4.5 G ED
Close up Shooting with minimized distortion.
AF-S , 17-35mm,
f 2.8 IF - ED
High Contrast Image, reliable Professional Lens.
Normal Zoom Lens
AF-S DX, 16-85mm,
f 3.5-5.5 G ED VR
From Daily Snap shot to Travel Document work.
AF-S DX, 17-55mm,
f 2.8 G IF ED
Lens of Professional who value Image quality.
AF-S DX, 18-200mm,
f 3.5-5.5 G ED VR II
Wide to medium Tele Lens for light Travel.
Telephoto Zoom
AF-S DX, 55-300mm,
f 4.5-4.5 G ED VR
High Refractive Index ( HRI) Lens, Ideal for Travel and Events.
AF-S , 70-200mm,
f 2.8, G ED VR II
Confident in Difficult Situation.
AF-S, 200-400 mm,
f 4 G ED VRII
Contributing to sharp Image in demanding situation.
Fxed Focal Length
AF-S 24mm,
f 1.4 G ED
Perfect for Landscape, architecture, and environment Portrait.
AF-S 35mm,
f 1.4 G
Great Choice for Nature, Landscape, Night Scenes and astrophotography.
AF-S 85mm,
f 1.4 G
Natural Image rendering for Portrait.
AF-S 18mm,
f 1.8 G
Not only just for Portrait but for others as well.
AF-S 180mm,
f 1.8 D IF ED
Favorite of astronomical Photography, well suited for close Portrait, Short range Sport, Theater Photography.
Special Purpose Lens
AF-S DX Micro 40mm
f 2.8 G
Excellence Micro for DX Format.
AF-S VR 105 mm
F 2.8 G IF ED
Delivers crisp yet natural Image.
 
ဤ ဇယား ပါ အချက်အလက်များ အရ မိမိ မည်သည့် အကြောင်း အရာ ကို ရိုက်လျှင် မည်သို့သော Lens က ပို၍ သင့်လျှော် မှု ရှိသည်ကို ခန့် မှန်း နိုင်ပါမည်။
 
-----------------------------------------------
 





1 comment: