Nuffnang Ads

Tuesday, 7 May 2013


(39)    Factors to consider on DSLR                              ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု(၃၉)

 

 

DSLR တစ်လုံး သုံးတော့ မည် ဆိုလျှင် သိထား သင့်သည့် အချက်များ။

(Factors to Consider when choosing a DSLR Camera )

 

 

By Soe Hlaing

 

စကားဦး

ဤမှတ်စုကို DSLR သုံးရန် တာစူနေသူများ နှင့် DSLR စတင် သုံးစွဲ ကာစ မိတ်ဆွေ ဓါတ်ပုံ သမားများ အတွက် အတန် အသင့် အထောက်အကူ ဖြစ်စေရန် လေ့လာ ဖတ်ရှု ထားသည်မျာကို စုဆောင်း ရေး သား ခြင်း ဖြစ်ပါ သည်။ ဓါတ်ပုံပညာ လေ့လာသူ များ အခြင်းခြင်း စုဆောင်း ၊ သိရှိ သမျှလေးများ ကို ပြန်လည် မျှဝေ ခြင်းသာ  ဖြစ်ပါသည်။ ကျွန်တော် ကိုယ်တိုင် ကလည်း ရသမျှ လေးများကို စုဆောင်း လေ့လာ နေသည့် အဆင့်သာ ဖြစ် သဖြင့် ဤ ကဲ့ သို့ ရသမျှ  ပြန် မျှ သည့် သဘော သာ ဖြစ်ပါသည်။

 

DSLR သုံးရ သည့် အကြောင်းရင်း။

Point and shoot ကင်မရာ မှ DSLR  ကို ပြောင်း ၍ သုံး ရသည့် အကြောင်းရင်းမှာ အကြောင်း များ စွာ ရှိပါသည်။ ဤ နေရာတွင် မူ လိုရင်း တိုရှင်း ကိုသာ ဖေါ်ပြပါမည်။

 




၁။     ရှေး ဦးစွာ ဖေါ်ပြ ရမည့် အကြောင်းရင်း မှာ Sensor Size ဖြစ်ပါသည်။ DSLR ၏ Sensor Size သည် Point and shoot Compact ထက် ပို၍ ကြီးပါသည်။ ထို့ ကြောင်း Lens မှ တစ်ဆင့် ၀င်လာသော Light Signal ကို ပို၍ များစွာ လက် ခံ နိုင်ပါသည်။ Sensor Size ကြီးလေ Sensor ပေါ်ရှိ အလင်း (Photon ) များကို လက်ခံ သည် Photosite well  များ ကြီးလေ ဖြစ်သည်။ ထို့ ကြောင့် Light Signal ကို အဖိတ်အစင် နည်းစွာ လက်ခံ နိုင်သည်။ Photosite well   တစ်ခု နှင့် တစ်ခု အကြား နေရာ ကျယ် သည်။ Photon အဖိတ်အစင်ကြောင့် ဖြစ်ပေါ်လာသည့် Blooming effect အဖြစ် နည်း သည်။ သို့ နှင့် Sensor သေးသေး ထက် ပို၍ အရည်အသွေး မြင့်သည့် ပုံ များကို ဖေါ် ပေး နိုင်ပါသည်။ အောက်တွင် Sensor အကြောင်း ကို အနည်း ငယ် အကျယ် ချဲ့  ဖေါ်ပြပါမည်။

 

၂။     Lens ကို ကင်မရာ အမျိုး အစား အလိုက် အမျိုးမျိုး ပြောင်း ကာ ရိုက် နိုင်သည်။

 

၃။     Manual Mode ဖြင့် စိတ် ကြိုက် အနေအထားအမျိုးမျိုးကို ပြောင်းလဲ ရိုက်နိုင်ပါ သည်။ ကင်မရာ Firmware က ပေးသည့် programme Mode ၏ အနေအထား အပြင် Manual Mode ဖြင့် လိုတိုး ပိုလျှော့ အနေအထားအားလုံးကို စိတ်ကြိုက် ဖန်တည်း ရိုက်ကူး နိုင် ပါသည်။

 

၎။     DSLR ၏ Start up, Focusing နှင့် Shutter Leg. တို့ သည် Compact ကင်မရာ များထက် ပို၍ မြန်သည်။

 

၅။     DSLR သည် Lens မှ ၀င်လာသော ပုံ ရိပ်ကို Reflector မှ တိုက်ရိုက် မြင်နိုင် Optical View Finder  ဖြစ်သောကြောင့် မြင်သည်ကို မြင်သည့် အတိုင်း အတော် တိကျ သည့် ပုံ ရ နိုင်ပါသည်။


 Optical View Finder မှ မြင်ရ မည့် အလင်းတန်းပုံ။

၆။     ISO Range များစွာ ရနိုင်ပါသည်။ ထို့ ကြောင့် အလင်းရောင် နည်းသည့် အခြေ အနေများ တွင် ISO မြင့်မြင့် တင်ကာ  Shuter Speed မြန်မြန် ဖြင့် လှုပ် ရှားနေသည့် Subject များကို Freeze လုပ်ရာတွင် တစ်ပမ်း သာသည်။

 

၇။     Aperture ကျယ် သော Lens များ ဖြင့် Shallow Depth of Field များကို လှပစွာ ရိုက်ကူး နိုင်သကဲ့ သို့ Aperture ကျဉ်းကျဉ်း နှင့် ရှေ့ နောက် အားလုံး ပြတ်သား သည့် Hyper Depth of Field ကိုလည်း ရိုက်ကူး နိုင်ပါသည်။

 

 
Shallow Depth of Field
 
 
 
 


Hyper Depth of Field





၈။     Lens များ၏ အရည်အသွေး သည် Glass Element များစွာ ကို Group ဖွဲ့  ကာ ဖန်သား ပြင် ပေါ် မှ Coating များ ဖြင့် ဖုံး ထား သည့် အတွက် ပုံ ၏ အရည် အသွေး သည် Compact ကင်မရာ များ ထက် များစွာ သာ လွန်ပါသည်။


 


၉။     အထူး သဖြင့် နောက် ဆုံးပေါ် DSLR ကင်မရာ များသည် ISO ကို 16000 အထက် အထိ တင်ရိုက် စေကာ မူ ပုံ၏ အရည် အသွေး မထိ ခိုက်စေသည့် Engine များ ပါရှိသည့် အတွက် Low Light ကို စိတ်တိုင်း ကျ ရိုက် ကူး နိုင်ပါသည်။


 


 
DSLR ၏ Sensor နှင့် ပတ်သက်၍ သိသင့် သည်များ။


 


 Format Size

DSLR ကင် မရာ တစ်လုံး တွင် ပုံ ရိပ်ကိုဖမ်းပေးသည့် Sensor သည် အလွန်အရေး ပါသည့်နေရာတွင် ရှိပါသည်။ ထို့ ကြောင့် Sensor အကြောင်းကို အကျဉ်း မျှ ဖေါ်ပြ လိုပါသည်။

 

Digital ကင်မရာ များ မပေါ်မှီ က Lens မှဝင်လာ သည့် ပုံရိပ်( Image )ကို ဖလင် ( Film ) က ဖမ်းယူကာ ပုံဖေါ်ပေးသည်။ Digital ကင်မရာများ ပေါ်လာသည့် အချိန်တွင်မူ ကင်မရာ၏ Lens မှ ၀င်လာသော ပုံရိပ်သည် Film အစား ကင်မရာ Sensor က ပုံဖေါ်ပေး သည်။ Immage Sensor သည် အမြင်ပုံရိပ်ကို (Optical Image) ကို Digital Photo ဖြစ်လာစေရန်အတွက် Electronic Signal အဖြစ် ပြောင်းပေးသည့် အရာဖြစ်သည်။
 


ဖလင် ခေတ်တွက်လည်း ဖလင် အရွယ် အစား အမျိုးမျိုး ရှိသကဲ့ သို့Digital Sensor သည်လည်း အရွယ် အစားအမျိုးမျိုး ရှိသည်။ အသေးဆုံး Compact Camera မှသည်DSLR 35mm အထိ အရွယ် အစားအမျိုးမျိုး ရှိသည်။
 
Digital Camera အတွင်းရှိSensor Size အကြီး နှင့် အသေး ကို ယှဉ်ပြထားပုံ။
 
 
ကင်မရာအတွင်းရှိ Sensor ကိုတွေ့ မြင်ရမည့် ပုံ။
 
အရွယ် အစား အမျိုးမျိုးသော Sensor များ။
 
 
 
အကြမ်း ဖျဉ်း ပြောရပါက Sensor Size အရွယ် အစား သေးပါက ၄င်းအပေါ် တွင် ထင် လာသည့် ပုံ ရိပ် သေးမည် ဖြစ်ပြီး အထက်ဖေါ်ပြပါ နမူနာပုံစံ ထဲ ရှိ Sensor အရွယ် အစားများထဲ မှအကြီး ဆုံး Sensor ဖြစ်သော 35mm ပေါ်တွင် ထင်သည့် ပုံ မှာ အကြီးဆုံး ဖြစ်ပေလိမ့် မည်။ Sensor အသေးပေါ်တွင်ပေါ်လာသည့် ပုံရိပ် အသေးကို Sensor အကြီး ဖြစ်သည့် 35mm Full Size ပေါ်တွင် ထင်လာသည့် ပုံ အရွယ် အစားရအောင် Crop လုပ်မည် တစ်နည်းအားဖြင့် အကြီး ချဲ့မည် ဆိုပါက Sensor အသေး နှင့် ရိုက်ကူးထားသည် မူလ ပုံ ၏ အရည် အသွေး လျှော့ သွားမည် ဖြစ်သည်။ ပြတ်သား မှု ကျဆင်း သွားမည် ဖြစ်သည်။
 
35mm Sensor ကို 35mm Film ဖလင် အရွယ် နှင့် နှိုင်းဆကာ Full Frame ဟု ခေါ်ကြသည်။ Nikon တွင် အတိုကောက် အားဖြင့် FX Format ဟုအတိုကောက် ခေါ်သည်။ ၄င်းထက် ငယ် သော Sensor Size DSLR ကင်မရာများကိုNikon တွင် DX Format ဟု ခေါ်သည်။
 
 
Full Frame နှင့်DX Format တို့၏ ပုံရိပ် ဖေါ်ဆောင်ပေးမည့် အနေအထား။
 
 
ကင်မရာ ပေါင်း မျာစွာ ရှိသော်လည်း လက်လှမ်းမှီရာ Nikon ကင်မရာ နှင့် ဥပမာ ပေးရ သော်- Nikon Full Frame, 35mm ၏ Sensor ၏ အလျှား နှင့် အနံ မှာ ( 36mm X 24mm ) ဖြစ်ပြီး Advanced Photo System – C (APS-C) အမျိုး အစားဖြစ်သည့် Nikon DX အမျိုးအစား ကင်မရာ Sensor Size ၏ အလျှား နှင့် အနံ မှာ ( 23.7mm X 15.8mm ) ဖြစ်သည်။ Full Frame သည်35mm Film ကို နှိုင်းရပ်ထားကာ 35mm Full Frame ဟု ခေါ်စေကာမူ ၄င်း၏ Sensor ၏ အလျှားမှာ36mm ရှိသည်။
 
Nikon DX ၏ Sensor ပေါ်တွင် ထင် သည့် ပုံ ရိပ်ကို ( 1.5 x ) နှင့် မြောက်ပါ မှ Nikon Full Frame 35mm Sensor ပေါ်တွင် ထင်သည့် ပုံ ရိပ် အရွယ် ကိုမှီ မည်။ ဤ မြှောက် ဖေါ် ကိန်းကို Crop Factor ဟုခေါ်သည်။
 
အထက်ပါ ကင်မရာ နှစ်ခုတွင် DX Format Sensor sizs ကို (24 X 16) ဟု အနီးဆုံး ကိန်းပြည့် ဖြင့် ဖေါ်ပြထားခြင်း ဖြစ်သည်။ အတိအကျ မှာ ( 23.7mm X 15.8mm ) ဖြစ်သည်။
 
 
Crop Factor တွက်နည်း
- Full Frame (FX) 35mm Sensor ၏ ( အလျှား X အနံ )
( 36mm X 24mm) ၊ ထောင့်ဖြတ် (Diagonal ) = 43.3mm
- DX Sensor ၏ ( အလျှား X အနံ )
( 23.7mm X 15.8mm )၊ ထောင့်ဖြတ် ( Diagonal) = 28.4mm
FX’s Diagonal 43.3mm ÷ DX’s Diagonal 28.4mm = 1.5246 Nearest= 1.5
အထက်ပါ တွက်နည်းသည် Full Frame ၏ထောင့် ဖြတ် မျဉ်း ကိုDX ၏ ထောင့်ဖြတ်မျဉ်း နှင့် စား ခြင်း ဖြစ်သည်။ ရလဒ်မှာ (1.5 ) ဖြစ်သည်။ ထို နှစ်ခု ၏ အလျှား ကို အလျှားခြင်း အနံကိုအနံခြင်း စား ပါကလည်း ထိုအဖြေအတိုင်းပင် ရသည်။ အောက်တွင် တွက်ပြ ပါမည်။
 
- FX Sensor အလျှား 36mm ÷ Dx Sensor အလျှား 23.7mm =1.518 Nearest = 1.5
- FX Sensor အနံ 24mm÷ Dx Sensor အနံ 15.8mm =1.518 Nearest = 1.5
ထို့ ကြောင့် Nikon DX ကင်မရာများ၏ Crop Factor မှာ 1.5 ဖြစ်သည်။ Nikon DX Format တွင် Sensor Size ကွာခြားချက်မှာ ဒဿမ ကိန်းမျှသာ ဖြစ်၍ Crop Factor တွက်ချက်ရာတွင် အဖြေ၏ ကိန်းပြည့်ကို ထိခိုက်ခြင်းမရှိပါ။ Crop Factor သည် ကင်မရာ တစ်ခု နှင့် တစ်ခု မတူ ကြပါ။
 
ကင်မရာ အမျိုး အစားအလိုက် Crop Factor များ အောက်ပါ အတိုင်း ဖြစ်ပါသည်-
Canon - EOS 1D/1D MK II N Crop Factor = 1.3 x
Nikon - D40…./ D90/ D200/D 2X…. Crop Factor = 1.5 x
Minolta - 7D/ Fuji S3 Pro/ Pentax ist DS/ Crop Factor = 1.5 X
Canon - EOS 300D/ 400D/ 20D/ 30D Crop Factor = 1.6 X
Olympus - E400/E-500/ E-300/ E-1 Crop Factor = 2.0 X
အလွယ်တကူ ရှိထားသည့် စာရင်းဇယားကို ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။ အခြားများစွာသော Model များတွင်လည်း အတန်အသင့် ကွာ ခြားနိုင်ပါသည်။

 
Black – Full Frame
Red – 1.3x Crop Factor
Yellow –1.5x Crop Factor
Green – 1.6x Crop Factor




 
Focal Length Multiplier (FLM)
Crop Factor ကို အချို့ က Focal Length Multiplier (FLM)၏ မြှောက်ဖေါ် ကိန်း အဖြစ်ပြောကြသည်မှာ မှန်ကန်ခြင်းမရှိဟု မှတ်သားဘူးပါသည်။ FLM ကို ဥပမာ ပြရပါလျှင် Full Frame Lens ဖြစ်သည့် Nikon 80-400mm Lens ကို DX Camera တွင် တပ်၍ ရိုက်မည်ဆို ပါက Zoom အစတွင် ရှိ Focal Length သည် 80mm ရှိရမည့် အစား ( 80mm X 1.5 ) = 120mm)ဖြစ်လာပြီး Zoom အဆုံးတွင် 400mm ဖြစ်ရမည့် အစား ( 400mm X 1.5 ) = 600mm ဖြစ်သွား မည်။ Focal Length ကို Crop Factor ( Constant Digit ) ဖြင့် မြှောက် ခြင်း ဖြစ်သည်။ ဤ တွက်ချက်ခြင်းကို Focal Length Multiplier (FLM) ဟုခေါ်သည်။
 
 
Sensor အရွယ် အစားများ။
 
 
 

 


အထက်တွင် ဖေါ်ပြပြီး ခဲ့သည့် အတိုင်း Immage Sensor သည် အမြင် ပုံရိပ် ( Optical Image ) ကို Digital Photo ဖြစ်လာစေရန်အတွက် Electronic Signal အဖြစ် ပြောင်းပေးသည့် အရာဖြစ်သည်။ ဤ ကဲ့ သို့ Immage Sensor မှ Electronic Signal သို့ ပြောင်းပေးသည့် Sensor များစွာ ရှိသည် အဓိ အသုံးများ သည့် Sensor များမှာ -
- CCD ( Charge-Coupled Device ) Sensor
- CMOS (Complementary Metal–Oxide–Semiconductor ) Sensor
- Bayer Sensor
- Foveon X3 Sensor
- 3CCD Sensor
စသည်ဖြင့်ဖြစ်ကြသည်။ သို့ ရာတွင် လက်ရှိ ကင်မရာ အများစု သုံးနေကြသည် မှာ CCD Sensor နှင့် CMOS Sensor များဖြစ်ကြသည်။
 
 
CCD Sensor
CCD Sonsor သည် Analog Device ဖြစ်သည်။ Sensor အပေါ်ရိုက် ခတ်လာသည့် အလင်းရောင် အား ၄င်း၏ Photo Sensor က Electric Charge အဖြစ် လက်ခံ ထားလိုက်သည်။ ယင်းနောက် Electric Charge ကို Voltage အဖြစ်ပြောင်းပေး သည်။ နောက်ဆုံးတွင် ကင်မရာ အတွင်းရှိCircuitry က Digital Information အဖြစ် ပြောင်းပေးခြင်း ဖြစ်သည်။ CD Sensor ကို ကင်မရာများအပြင် သိပ္မံ နှင့် နည်း ပညာ ဆိုင်ရာ ဆေးပညာ ရပ်ဆိုင်ရာ တို့ ၏ အဆင့်မြင့် ပုံရိပ်များ လိုအပ် သည့် နေရာများတွင်လည်း သုံးသည်။
 
 
CCD Sensor တစ်ခု၏ပုံ။
 
 
CMOS ( Complementary Metal-Oxide Semiconductor )
 
CMOS Sensor သည်လည်း CCD Sensor နည်းတူပင် အလင်း ကို Electronic Signal အဖြစ်သို့ ပြောင်းပေးသည့် အရာများ ဖြစ်ကြသည်။ CMOS ကို Complementary Symmetry Metal Oxide Semiconductor ( COS-MOS ) ဟုလည်း ခေါ်သည်။ Complimentary Symmetry ဆိုသည့် စကားရပ်မှာ CMOS အနေနှင့် Complementary and Symmetrical pair of P-Typeနှင့် N-Type Metal Oxide Semiconductorတစ်စုံကို အသုံးပြု ၍ Light ကို ဖမ်းယူ ကာ Electronic Signal သို့ ပြောင်းပေးခြင်းကို ဆိုလိုသည်။
Sensor size များကို အချုပ် ပြန်လည် ဖေါ် ပြရပါမူ-
 
အသုံး အနှုံး
Sensor ရွယ် အစား
မှတ်ချက်
Full Frame
36mmX 24mm
35mm Film  Size. 
 
APS-H
18.7mm X 28.7mm
Advanced Photo System – Type H
H Format of APS Film,
 
APS-C
25.1mm X 16.&mm
 
Advanced Photo System – Type C,
 
Four-Thirds
13.5mm X 18mm
Olympus and Kodak Design,
 
 
CMOS  Sensor တစ်ခု၏ပုံ။
 
 
 
အဓိက စဉ်းစားရ မည့် DSLR တစ်လုံး၏ စွမ်းဆောင် နိုင်မှု များ။
 
Lens ပြောင်းလဲ တပ် ဆင် နိုင်မှု။
DSLR တစ်လုံး ၌ Lens ပြောင်းလဲ တပ်ဆင်ရာတွင် Nikon Camera  ကို ဥပမာ ပေး ရေး ရပါလျှင်။ မိမိ ကင်မရာ ကိုယ်ထည် နှင့် တွဲ၍ အသုံးပြုမည့် Lens သည် မိမိ ကင်မရာ ကိုယ် ထည် တွင် တပ်ဆင်လျှင် Function များပြည့် စုံ စွာ ရ နိုင်၊ မရ နိုင် စိစစ်ရန်လိုပါမည်။
 
ဥပမာ ပြရပါလျှင် အောက်ပါ Nikon D 7000 ၏ Lens Mount တွင် Lens ကို Auto Focus လုပ်ပေးသည့် AF Arm လေး ပါ ရှိပါသည်။ ထို့ ကြောင့် Lens ၏ တည် ဆောက်မှု တွင် Auto Focus မော်တာ မပါစေကာ မူ ကင်မရာ ကိုယ် ထည်က Auto Focus လုပ်ပေး နိုင်ပါသည်။ ဥပမာ Nikon  D  Series  Lens များ တွင် Auto Focus Motor မပါရှိပါ။ ထို ကဲ့ သို့  Lens များကို D 7000 ကိုယ် ထည်က Auto Focus လုပ်ပေးနိုင်ပါသည်။
 
 
အောက်ပါ  ပုံ ဖြစ်သည့် Nikon D 5100 ၏ Lens Mount တွင် Auto Focus Arm မပါ သည် ကို တွေ့ နိုင်ပါသည်။ အဆိုပါ ကင်မရာကိုယ် ထည် သည်။ အထက်တွင် ဖေါ် ပြခဲ့ သည့် Nikon D Series Lens ကို  Auto Focus လုပ်ပေး နိုင်စွမ်း မရှိ ပါ။ Manual Focus သာ လုပ် နိုင်ပါသည်။ ထို ချက် များကို ထည့် သွင်းစဉ်းစားရန် လိုပါသည်။
 
 
 
Image Stabilization
အတော် အသင့်သော လှုပ် ရှား မှုများကို ငြိမ် အောင် ထိမ်းပေးသည့် စနစ် ဇြစ်ပါ သည်။ Nikon နှင့် Canon တို့ သည် အဆိုပါ Stabilization System ကို Lens အတွင်း ထည့်သွင်း တည်ဆောက် ထားပြီး။ Pantex, Sony, Olympus တို့ ကမူ ကင်မရာ ကိုယ် ထည် အတွင်း ထည့် သွင်းတည်ဆောက် ထားပါသည်။ လှုပ်ရှားမှု ကို 2-3 Stop လောက်အထိ လျှော့ ချနိုင်သော အလွန်ထိရောက် သည့် စနစ် ဖြစ်ပါသည်။
 
အချို့ ကမူ Nikon နှင့် Canon တို့ ၏ Lens အတွင်း တည်ဆောက် ထားသည့် Stabilization System သည် ပို၍ ထိရောက်မှု ရှိသည် ဟု ဆိုပြီး အချို့ ကလည်း ကိုယ်ထည် အတွင်း Stabilization System ထည့်သွင်း တည်ဆောက် ထား ခြင်း နှင့် များစွာ ထူးခြားမှု မရှိဟု ဆိုပါသည်။ Nikon နှင့် Canon တို့၏  24mm, 35mm, 50mm Lens များတွင် Stabilization System ပါရှိခြင်း မရှိပါ။ Focal length တိုသဖြင့် Stabilization System မလို သောကြောင့် ဟု ထင်ပါသည်။
 
 
သို့ သော် ကိုယ် ထည်တွင် Stabilization System ပါရှိသော ကင်မရာများ ကမူ အဆိုပါ Lens များကို Stabilize ဖြစ်အောင် ဆောင်ရွက် နိုင်ပါသည်။
 
Focal Length အလွန်ရှည်သော Long Tele Lens များ အတွက်မူ Lens အတွင်း Stabilization System ထည့် သွင်း တည်ဆောက်ထားသည့် Nikon နှင့် Canon တို့ က တည် ငြိမ်မှု ကို ထိန်း ရာတွင် ပို၍ အားသာ မှု ရှိသည်ဟု ဆိုကြပါသည်။
 
Pixel Count
DSLR ကင်မရာ Sensor များသည် ယခင်က 6 Mega Pixels မျှသာ ပုံရိပ် ဖမ်း နိုင်ရာမျ ယခု အချိန်တွင် 30MP အထက် ပုံ ရိပ် ဖမ်းနိုင်သော Full Frame ကင်မရာ များ ပေါ်နေပြီ ဖြစ်ပါသည်။ မည်သို့ ဆိုစေကာမူ 240 ppi ( Pixels per Inch) လောက် ဆိုလျှင် ပုံမှန် အကွာအဝေး မှ ကြည့်လျှင် အတော် အသင့် ကောင်းမွန်သည့် ပုံ ထုတ် ပေး နိုင်ပြီ ဖြစ်ပါသည်။ အနီး ကပ် ကြည့် မည့် ပုံ ဆိုလျှင်မူ 300ppi ခန့် ရှိမှသာ ကြည့် ၍ ကောင်းမွန် သည့် ပုံ ဖြစ်ပါသည်။  ခပ်လှမ်းလှမ်း မှ ကြည့် မည့် ပုံ အတွက် 180 ppi လောက် ဖြင့် ဆိုလျှင်ပင် သာမန် အဝေးမှ ကြည့် သည့် 300ppi ပုံ နှင့် မည်သို့ မျှ ကွာခြားမှု မရှိသော ပုံ များ အဖြစ် တွေ့ မြင်နိုင်ပါသည်။
 
အောက်ပါ ဇယားကို ကြည့်လျှင် 6MP Sensor ကင်မရာသည် 8 X 12 လက်မ အရွယ် ရှိ အရည် အသွေး ကောင်းမွန်သည့် ပုံ ကိုထုတ်ပေး နိုင်ပြီး 10 MP Sensor ကင်မရာသည် အရည် အသွေး ကောင်းမွန်သည့် 10 x 16 လက်မအရွယ် ရှိ ပုံ ကို ထုတ်ပေး နိုင်ပါသည်။
 
သို့ ရာတွင် Canon EOS 30 D ကဲ့သို့  ကင်မရာသည် 8 MP ဖြစ်စေကာမူ  အရည်အသွေး ကောင်း သည့် 16 X 20  လက်မပုံ ကို ထုတ်ပေး နိုင်သည်ဟု သိရှိရပါသည်။
 
 
 
MP Count
6
8
10
12
14
16
18
20
22
Print size (240dpi)
8.3" x 12.5"
9.6" x 14.4"
10.7" x 16.1"
11.8" x 17.7"
12.7" x 19.1"
13.6" x 20.4"
14.4" x 21.7"
15.2" x 22.8"
16" x 24"
 
 
Noise နှင့်ပတ်သက် သည့် အခြေခံ အချက် များ။
 
ကင်မရာ၏Exposure ဖွင့် ထားသည့် အချိန် အတွင်း အလင်း (Photon) သည် Lens ကို ဖြတ်ကာ Sensor ပေါ်ရှိ Photosite ပေါ် သို့ကျလာသည်။ Photosite ပေါ်ရှိ Light Sensitivity ဖြစ်သော Photodiode နှင့် ဓါတ်ပြုပါသည်။ ထို့ နောက် Photoelectric Effectကြောင့် Photosite ပေါ်တွင် Electric Charge ပေါ်လာသည်။ Exposure ဖွင့်ထားသမျှ အချိန် ကာလအတွင်း Photosite တိုင်းသည် အဆိုပါ Electric Charge များကို ဖတ်သည် ယင်းနောက် Amplified လုပ်သည် ပြီးလျှင် Digitized လုပ်သည်။ ယင်းနောက်တွင် Storage Medium တွင် သိမ်းထားလိုက် သည်။ ဤသည်မှာ Light အဆင့် မှ Digital Immage ဖြစ်လာသည့် ဖြစ်စဉ်ကို ရိုးရှင်းစွာ အကျဉ်း ဖေါ်ပြ ခြင်း ဖြစ်ပါသည်။
 
ပြဿနာ တစ်ခု မှာ အဆိုပါ ဖြစ်စဉ် အတွင်း Sensor ပေါ်သို့ အလင်း ရောင်ကျ ရောက်ရာတွင် Electric Charge များက အပူ စွမ်း အင် ကို ထုတ်လွှတ်သည်သာမ က Sensor ပေါ်သို့ Cosmic Ray နှင့် Radioactivity စသည် များ ကျရောက်ခြင်း၊ အနီး အနား Photosite မှ လျှံ ကျလာသည့် Electricity Leakage များကြောင့် မလိုလား အပ်သည့် လျှပ်စစ် လှိုင်း “ Unwanted Signal “ Noise များပေါ် လာရသည်။
 
Electric Charge များက အပူ စွမ်းအင်ကို ထုတ် လိုက်ရာတွင် Sensor ရှိ Electron များသည် တည်ဆဲ နေရာများမှ လွတ်ထွက် လာသည်။ ဤ ဖြစ်စဉ် သည် “ True “ Photoelectron များကို ညစ်နွမ်းစေသည်။ အဆိုပါ Thermal Electron များသည် Tharmal or Dark Noise ဟုခေါ်သည့်Noise များကို ဖြစ်ပေါ်စေသည်။ ဤ ကဲ့ သို့ Noise မျိုးမှာ DSLR ကင်မရာများတွင် ဖြစ်ပွားမှု ပိုများသည်။ နွေ ရာသီတွင် ရိုက်သည့် ပုံ များမှာ ဆောင်းရာသီ ရိုက်အတွင်း ရိုက်သည့် ပုံများ ထက် Noise ပိုများလေ့ ရှိသည်။
ထို့ အပြင် Analogue မှ Digital သို့ ပြောင်းသည့် ဖြစ်စဉ်တွင် Electric Charge များကို Amplifyလုပ်ခြင်း ၊ A/D Converter ဖြင့် ပြောင်းခြင်း များတွင် လည်း Noise ပေါ်လာပြန်သည်။
 
၎င်းအပြင်Photon သည် Sensor ပေါ်ရှိ Photosite အားလုံး ကို ထိမှန်အောင် ရိုက်ခတ်သည်မဟုတ်ဘဲ အချို့ သော Photosite များကို လွတ်သွားသည်များ လည်း ရှိသည်။ မဆိုပါ နေရာ များသည်လည်း Noise ပေါ်လာပြန်သည်။
 
အခြား နည်းတစ်ရပ်မှာ Exposure ဖွင့်ထားသည့် အချိန်အတွင်း Lens မှ ၀င်လာသည့်Photon များက Sensor ကို ထိတွေ့ရာမှ ပေါ်ထွက်လာသည့် Generated Electrons များကို ကျင်း ( Potential Well ) များအတွင်း ဖြည့်ထည့် ပေးသည့် အချိန်တွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ်ဖြစ်သည်။
 
အဆိုပါ ကျင်း သည် Electron မည်ရွေ့မည်မျှ ဆန့်အောင်ဖြည့်နိုင်သည်ဆိုသည်ကို Full-Well Capacity ဟု ခေါ်သည်။ Generated Electrons များသည် Exposure ဖွင့် ထားသည့် အချိန်အတွင်း ကျင်း များ အတွင်း ပြည့်သွားပါက ဘေးသို့ လျှံကျကာ အနီးရှိ အခြားသော ကျင်းများ အတွင်းသို့ ၀င်ကုန် တော့သည်။
 
ယင်းကို Blooming ဖြစ်သည်ဟုဆိုသည်။ ယင်းကို ဒေါင်လိုက်အချွန် ကလေးများ နှင့် တောက်ပသော ကျယ် ပုံ ကလေးများ အဖြစ် တွေ့ရမည် ဖြစ်သည်။ ကင်မရာ များတွင် အဆိုပါ ဖြစ်ရပ် ကို တားဆီး ရန်Anti-Blooming များ တပ်ဆင်ထားလေ့ ရှိကြ သည်။ ထိရောက် မှု ရှိသည် ကိုလည်း တွေ့ ရသည်။ အထက်ပါအကြောင်း များ အားလုံးသည် Noise တစ်နည်း မဟုတ် တစ်နည်း ဖြင့် Noise ပေါ်လာရသည့် အကြောင်း များဖြစ်ကြပါသည်။
 
သာမန် အားဖြင့် အချို့ DSLR များ၏ Noise ကို ထိန်း နိုင်သည့် Range မှာ ISO 100 မှ 32000 အတွင်းလောက် တွင် ဖြစ်ပြီး  Canon EOS 5D MIII ကဲ့သို့ အချို့ သော နောက်ဆုံး ထုတ် ကင်မရာများ ကြီးများ  မှာ မူ ISO 102400 အထိ Noise ပြဿနာ များစွာ မရှိဘဲ ရိုက်နိုင်ပါသည်။
ဤ ကဲ့ သို့ ISO မြင့်မြင့်  သုံးကာ ရိုက်နိုင်ခြင်းဖြင့် အလင်းရောင် အလွန်နည်းသည် Low Light များ အတွင် လှုပ် ရှား မှု များကို Shutter Speed  မြန်မြန် ဖြင့် Freeze လုက် တွင် အလွန် အသုံး ၀င်ပါသည်။
 
Metering
 

 DSLR ကင်မရာ တွင် metering Mode များစွာ ရှိကြပါသည်။ ကင်မရာ ၏ Firmware သည် Lens မှ ၀င်လာသော အလင်း ကို (internal “smart” algorithm ) အရ အပိုင်း ပိုင်း ခွဲခြား တွင်ချက်ကာ  အသင့်တော်ဆုံး အလင်း အမှောင် အရောင်း တို့  ကို ပုံဖေါ်ပေးသည့် အသင့် သုံး Metering မျိုး ကင်မရာ တိုင်း တွင် ရှိပါသည် အဆိုပါ Metering ကို Canon က ယင်း ကို Evaluative Metering ဟုခေါ်ကာ Nikon က  Matrix ဟု ခေါ် သည်။  ယင်း အပြင် Metering ကို စိတ်ကြိုက် ရွေးနိုင်သည့် အခြားစော Metering Mode များလည်း ရှိပါသည်။ အချို့ Metering (၃) ခုရှိပြီး အချို့မှာ (၄) ခုရှိပါသည်။ သို့ သော် တစ်ခု နှင့် တစ်ခု အခေါ် အဝေါ် လောက်သာလျှင် ကွာခြားပြီး Function သဘော မှာ မူ များစွာ ကွာ ခြားမည် မဟုတ်ကြပါ။

 
 
Metering Mode (၄) မျိုး
 
 
 
 
 
အထက်တွင် ဆိုခဲ့သည့် အတိုင်း Evaluative မှာ Canon အသုံး အနှုံး ဖြစ်ပြီး Nikon က မူ Matrix ဟုခေါ်သည်။ Canon နှင့် Nikon တို့ တွင် (၁) Matrix/ Evaluative, (၂) Center- Waighted, (၃) Spot/ Partial Metering စသည်ဖြင့် (၃) ခုရှိကြသည်။ အချို့ကင်မရာ များတွင် Partial နှင့် Spot ထပ်ခွဲ ထားသောကြာင့် Metering Mode (၄) ခုဖြစ်နေသည်။ ရှေ့တွင် Metering (၃) မျိုးကိုသာ ဖေါ်ပြပါမည်။
Metering Sensor သည် ရိုက်မည့် Frame အတွင်းရှိ အလင်းရောင် အားလုံး၏ Overall Light ကို တွက်ချက်ခြင်းမရှိဘဲ Frame အား ဧရိယာ အပိုင်းများ (Multiple Areas ) ခွဲကာ အဆိုပါအပိုင်း အတွင်းသို့ ကျရောက်သည့် (Light Exposure ) အား တိုင်းထွာ ရရှိ ထား သည့် အပေါ် မူတည်၍ ပုံဖေါ် ရန် Shutter Speed နှင့် Aperture အပါအ၀င် အခြားသော Data များကို ကင်မရာအားပေးကာ Setting ကို သတ်မှတ်စေသည်။
 
အဓိက Metering သုံးမျိုး





 
Matrix Metering
ကင်မရာများတွင် ယေဘူယျ အားဖြင့် Matrix Metering ( Nikon) , Evaluative Metering ( Canon ) အချို့ က လည်း အထက် ပုံတွင် ပြ ထားသကဲ့သို့ Multi-Segment ဟု ခေါ်ပါသည်။ အဆိုပါ Metering Mode ကို  အလွယ် တကူ အဆင်သင့် သုံး Default စနစ်အဖြစ် ထားပေးလေ့ ရှိသည်။ အဆိုပါ စနစ် တွင် ကင်မရာ (Metering Sensor ) သည် Frame ၏ အကျယ် ကို ဧရိယာ အပိုင်း များခွဲကာ အဆိုပါ ဧရိယာ အတွင်း ရှိ အလင်းရောင် နှင့် အရောင်များ အပါအ၀င် Light Exposure အားလုံးကို ခြုံငုံ တွက်ချက်ကာ ကင်မရာ Exposure Setting ကို သတ်မှတ်သည်။ အောက်ပါ Metering သင်္ကေတ ပုံများသည် Nikon ကင်မရာ ရှိ ပုံများဖြစ်ပါသည်။ Nikon ပုံ များဖြစ် နေသောကြာင့် အခေါ် အ၀ါ် ကိုလည်း ပုံ အတိုင်း Nikon အခေါ် အဝေါ် နှင့်ပင် ဖေါ်ပြပါမည်။

Matrix Metering သည် Frame အတွင်းရှိ အလင်း နှင့် အမှောင် အားလုံကို မျှတစွာ ဖြစ်စေရန် တွက်ချက် ပေးသည်။
အထက်ပါ ပုံတွင် အနီရောင် လေးထောက် ကွက် များသည် Matrix Metering တွက်ချက်သည့် ဧရိယာ ဖြစ်သည်။ အဆိုပါ ပုံတွင် လူပုံ ကိုရော နောက်ခံ ရှုခင်း ကိုပါ အရောင် ၊ အလင်း အားလုံးတို့ ကို မျှပြီး ပုံဖေါ် ထားသည်ကို တွေ့ နိုင်ပါသည်။
 
Center Weighted Metering
ဤ စနစ်တွင် အဓိက အားဖြင့် Frame ဧရိယာ အလယ် ဗဟိုစက်ဝိုင်း၏ 8mm စက်ဝိုင်း ဧရိယာ အတွင်း ရှိ အချက်အလက် များကို သာ အဓိက ထား၍ တွက်ချက်သည်။ သို့ သော် ၄င်း ဧရိဝာ ၏ ဘေးနေရာ အချို့ ကိုလည်း ထည့်သွင်း တွက်ချက်သည်။ ဤ စနစ်ကို ရှေးယခင်ထည်းက Portraitရိုက်ရာတွင် သုံးသည်။

 

အထက်ပါ ပုံ၏ အနီရောင် စက်ဝိုင်းသည် Center Weighted Metering တွက်ချက် သည့်ဧရိယာ ဖြစ်သည်။Center Weighted Metering သည် အပြင်ရှိ ရှုခင်း ကို ချိန် ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် လူ ပုံ သည် အတန်အသင့် မှောင်သွားကာ ပြင်ပရှိ ရှုခင်း အလင်းရောင်က ပို၍ မျှတ ပြတ်သားစွာ ပေါ် နေသည်ကို တွေ့ နိုင်သည်။
 
Spot Metering
Spot Metering တွင် ကင်မရာ သည် Focus ရွေးချယ် ထားသည့် နေရာတစ်ခု ထည်း ကွက်ကွက် ကလေး အတွင်းရှိ Light Exposure ကိုပင် တွက်ချက် ကာ ကင်မရာ၏ Exposure Setting ကို Settလုပ်ပေးမည်ဖြစ်သည်။ Spot Metering တွက်ချက်သည့် ဧရိယာ စက်ဝိုင်း သည် 3.5 mm ခန့် သာရှိသည်။
 
 
 
အထက်ပါ ပုံတွင် Spot Metering (အနီရောင် စက်ဝိုင်း ) သည် Single Point Focus လုပ်ထား သည့် ခလေးမလေး ၏ မျက်နှာ ပေါ်ရှိ နေရာအတွက်သာလျှင် တွက်ချက် ပုံဖေါ် ပေးသည်။
 
အထက်ပါ ပုံတွင် Spot Metering သည် လူ ( Portrait ) ကိုသာ အဓိက တွက်ချက်ပြီး ကျန်သည့် အပိုင်းများ ကို ထည့် သွင်း တွက်ချက်ခြင်းမရှိ။ ထို့ ကြောင်း လူ ပုံ ၏ Exposure သည် မျှတ စွာ ရှိနေပြီး နောက်ခံရှုခင်း မှာမူ Overexpose ဖြစ်ကာ ဖြူနေသည်။ ကင်မရာသည် လူ အနည်းငယ်မှောင်နေသည့် အတွက် အလင်းရောင် နည်းနေသည်ဟု တွက်ကာ အပြင် ရှိ ရှု ခင်း ကို လုံး ၀ ထည့်မတွက်ဘဲ Exposure ကို တင်ပေးလိုက်သောကြောင့် ဖြစ်သည်။
 
 
Meteringသုံးမျိုး၏ ပုံထွက် ကွာခြားမှု များ။
Matrix Metering
Nikon တွင် Matrix Metering ဟုခေါ်ပြီး Canon တွင် Evaluative Metering ဟု ခေါ်သည် ။ အခြားသော ကင်မရာ များ၏ အခေါ် အဝေါ်နှင့် အနည်း အကျဉ်း ကွဲလွဲ နိုင်သည်။ များသောအား ဖြင့် ကင်မရာများ၏ Default Setting ဖြစ်သည်။ ဤ Multi-segment Metering သည် ပုံ၏ Frame အတွင်းရှိ ဧရိယာ အသီးသီး ၏ Light Exposure ကို ဖတ်ကာ မျှခြေ ကို တွက်ချက်ပြီး ကင်မရာ ၏ Shutter Speed နှင့် Aperture အပါအ၀င် တွက်ချက်မှု များကို သတ်မှတ်ပေးခြင်း ဖြစ်သည်။ သို့ သော် နောက်ခံ Backgroundအရောင်၊ အလင်း သည် Foreground ထက် များစွာ ကွာခြား စွာ တောက်ပနေပါက Meter အဖတ် မှားတတ်သည်ကို သတိပြုရန်လိုသည်။ အထူးသဖြင့် အဆောက်အဦ၏ အတွင်းမှ နေ၍ ဖွင့်ထားသည့် တံခါး ၊ ပြူတင်း ပေါက် များကို နောက်ခံ ပြု ကာ ရိုက် သည့် ပုံများတွင် ဤ အခြေအနေမျိုး ကြုံ နိုင်သည်။ Background ရော Foreground ပါ အလင်း (Light Illumination ) မျှနေသည့် နေရာမျိုးတွင် သုံးသင့်သည် စနစ် ဖြစ်သည်။
 
သို့သော် ခြုံ၍ ကြည့်လျှင် ကင်မရာက Frame Areaတစ်ခုလုံးကို ပျမ်းမျှယူ ကာ တွက်ချက်သည့်အတွက် Good for all round metering modeဟုလည်း အချို့ သော ပညာရှင်များက ဆိုကြသည်။ သို့ကြောင့် လည်း ကင်မရာများတွင် Default Setting ပေးထားခြင်း ဖြစ်သည်။
 
အောက်ပါ Matrix matering ဖြင့် ရိုက်ထားသည့်ပုံ ကိုကြည့် လျှင် Matrix Matering သည် Frameကို မည်ကဲ့သို့ ခွဲခြမ်း စိတ်ဖြာ ထွက်ချက် ကာ ပုံထုတ်ပေးသည်ကို တွေ့ နိုင်သည်။ ပုံ ၏ နေရာ အသီးသီးတွင် Lighting Exposureမျှတစွာ တွက်ချက် ပုံဖေါ် ပေးသည်ကို တွေ့ နိုင်သည်။


 
 


ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Matrix Metering တွက်ချက် သည့် နေရာများ ( အနီရောင် ဧရိယာ)
 
 
 
 
Center Weighted Metering
Nikon တွင် Center Weighted Metering ဟု ခေါ် Canon တွင် Center Weighted Average Metering ဟုခေါ်သည်။ ဤ စနစ် တွင် ကင်မရာသည်Frame ၏ ဗဟို အပိုင်း ရှိ Data ကိုသာ အဓိက ထား တွက်ချက် သည်ဆိုစေကာမူ ဘေးပတ်ဝန်းကျင်နေရာ အနည်းငယ်ကိုလည်းထည့်တွက်သည်။ SubJect သည် Frame ၏အလယ် တွင် ကောင်းမွန်စွာ ပေါ်လွင်နေလျှင် သုံးသင့်သည့် စနစ် ဖြစ်သည်။ ယင်းကဲ့သို့ အနေအထားတွင် Center Weighted Metering သည် Subject ကို ကောင်းစွာ ဖတ် နိုင်သည့်အတွက်Background ၏ အရောင် ၊ အလင်းတို့၏ လွမ်းမိုးမှု မရှိရန် တွက်ချက်ပေးမည် ဖြစ်သည်။ အကယ်၍ Background ၏ အရောင် ၊ အလင်းတို့ သည် Subject ထက်ပို၍ အားကောင်းနေလျှင် Center Weighted Metering သည်Subject ကို ထိရောက်စွာ ဖတ်နိုင်မည်မဟုတ်။ ပုံလည်း ကောင်းမည် မဟုတ်။
 
 
 
ဓါတ်ပုံတစ်ပုံ၏ Frameအတွင်း Center Weighted Metering တွက်ချက်သည့်နေရာ။( အနီရောင် ဧရိယာ)
 
 
 ယခု ပုံကိုမူ Center Weighted Metering နှင့် ရိုက်သည့်အခါတွင် ရှေ့ရော နောက်ပါ Lighting Exposure မျှလာသည့်ကိုတွေ့ရမည်ဖြစ်သည်။  အင်္ကျီအနက် တစ်ခုထည်း သာမ က ၄င်းအနီးပတ်ဝန်းကျင်ရှိ နေရာ အချို့ ကိုပါထည့် တွက် ခြင်းကြောင့် ဖြစ်သည်။ သို့သော် Subject သည် လွန်စွာ တောက်ပခြင်း၊ များစွာ မဲ မှောင်ခြင်း Backgroundများစွာ တောက်ပခြင်း ၊ မှောင်နေခြင်း များရှိပါက Centering Weighted Metering အဖတ် မှား နိုင်သည်။
 
ဤ ပုံ ကိုပင် Spot Metering ဖြင့် Subject ၏ အင်္ကျီ အမဲကို ထောက်၍ ရိုက်သည့် အချိန်တွင် မူ Subject ဖြူသွား ပါသည်။ Metering က မှောင်လွန်းသည်ဟု ယူဆကာ Exposure ကို တင် လိုက် သောကြောင့် ဖြစ်ပါသည်။ ( Spot Meteringတွင် ကြည့်ပါရန် )
 
 
 
 
 
အထက်ပါ ပုံသည် ခုန်နေသည့် ခလေးနှင့် လှိုင်းကိုCenter Weighted Metering ၏ယူကာ ရိုက်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် ပုံတွင် လူ နှင့် လှိုင်း နှစ်ခု ပြတ်သားကာ Exposure မျှတစွာ ရှိနေသည်။
 
Spot Metering
Nikon က Spot Metering ဟု ခေါ်ပြီး Canon က Partial Metering ဟုခေါ်သည်။ ယင်း သည် ဧရိယာ သေးသေး လေး၏ Light Exposure ကိုသာ တွက်ချက်ပြီး Settingလုပ်သည့်အတွက် တိကျသည်။ အလင်း၊ အရောင် ကွာခြားမှု များသည့် High Contrast များသည့် အခြေ အနေများတွင် သုံးသင့်သည်။ သို့သော် Spot ယူလိုက်သည့် နေရာ မှား သွားလျှင်မူ ပုံ ပျက်သွားပေလိမ့်မည်။ အကယ်၍ Spot Metering ကို သုံးပါက Main Subject ၏ Mid-Tone Part နေရာ ကို ရွေး၍ Spot လုပ်သင့် သည်။
 
 
 
ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Spot Metering တွက်ချက် သည့် နေရာ။ ( အနီရောင် ဧရိယာ)
 
 
 
အထက်ပါ ပုံမှာ Center-Weighted Matering ကဏ္ဍတွင် ဖေါ်ပြခဲ့ပြီးသည့် ပုံပင် ဖြစ်ပါ သည်။ Subject ၏ အင်္ကျီ အနက်ရောင်၏ အလယ်ကိုSpot Metering လုပ်ထားသည့် အတွက် ကင်မရာက မှောင်လွန်းသည်ဟု သတ်မှတ်ကာ Exposureကို တင်လိုက်သဖြင့် Overexpose ဖြစ်သွား ရခြင်း ဖြစ်သည်။ ဤသည်မှာ ပုံ တွင် အလင်း အမှောင် ကွာလွန်းသောကြောင့် ဖြစ်သည်။ Spot Metering တွင် သတိပြုရမည့် အချက်ဖြစ်သည်။
အကယ်၍ Subject နောက် က အလင်းများလွန်းနေသောကြောင့် မျက်နှာမဲနေသည့် Back Lit အခြေ အနေမျိုး တွင် Spot Meteringမယူ ပါက Subject သည် Silhouette သာလျှင် ထွက်လာပေလိမ့်မည်။ မျက်နှာသည် မဲနေပေလိမ့်မည်။ မျက်နှာကို Spot Metering ယူ၍ ရိုက်ပါက Subject ၏မျက် နှာ ပေါ်လာပြီး သို့ သော် နောက်ခံ မှာမူ ယခင်ကထက် ပို၍ လင်းလာ လိမ့်မည်။
 


အထက်ပါ ပုံ မှာ ဂူ အ၀ ရှိ မိုးကောင်းကင်သည် လင်းနေ၍ ဂူ ၏အတွင်းပိုင်းသည် မှောင်နေသည်။ ဂူ အတွင်းရှိ မှောင်နေသော နေရာများကို Sopt Metering ယူပါက ဂူ အတွင်း၌ လင်းလာမည် ဖြစ်သော်လည်း ဂူ အ၀င်ရှိ ကောင်းကင်သည် Overexpose ဖြစ်ကာ ဖြူဖွေး သွား လိမ့် မည်။ ထို့ ကြောင့် ဂူ အ၀င်ဝရှိ မိုးကောင်းကင်ကို Spot Metering ယူ၊ AE Lock လုပ်၍Focus ကိုပြန်နေရာရွှေ့ Recompose လုပ်ကာ ရိုက်ထားခြင်း ဖြစ်သည်။ ဤ သို့ ဖြင့် အဓိက ပြချက် ဖြစ်သည့် ကောင်းကင် ကိုပုံမှန် အနေအထားရသည်။


 

အထက်ပါ ပုံသည် လည်း ဘေးမှဝင်လာသည့် အလင်းကို Spot Metering ယူ ကာ ရိုက် ထားခြင်း ဖြစ်သည်။ ထို့ကြောင့် Main Subject ဖြစ်သည့် အလင်းရောင်သည် မျှတစွာ ပေါ်နေသည်။

 

Autofocus

 
Autofocus သည် မည် ကဲ့သို့ ပြတ်သားသည့် ပုံ ထွက် လိမ့် မည် ကို View Finder မှ ကြည့် ရုံ မျှ ဖြင့် အတော် ခန့် မှန်းရခက် သည် ကိစ္စ ဖြစ်ပါသည်။ ကြည့်စဉ်က ပြတ်သားသည် ဟု မြင်ရ စေကာမူ အမှန် တကယ် ပုံ ထွက် လာသည့် အချိန်တွင် ထင်သလို ဖြစ်မလာ သည် ဖြစ်ရပ် များစွာ ရှိပါသည်။

 

ခေတ်ပေါ် DSLR များသည်ပင် အလင်း ရောင် ကောင်းစွာ ရသည့် High Contrast အခြေ အနေတွင် Auto Focus ကောင်းစွာ မိ နိုင်စေကာမူ အလင်း ရောင်နည်း သည့် Low  Contras အခြေ အနေမျိုး နှင့် Tracking လုပ် ရိုက်ရသည့် အနေ အထား တွင် ထင် သလောက် ပြတ်သားအောင် မစွမ်း ဆောင် နိုင်သည့် အဖြစ် မျိုး လည်း ရှိတတ် ပါသည်။

 

DSLR ကင်မရာများတွင် Auto Focus Zone များ ပေးထားပါသည် ဥပမာ Nikon D 40 တွင် AF Zone 4 ခုသာ ပေးထားပြီး Nikon D 90 တွင်မူ AF Zone 11 ခု ပေးထားကာ Nikon D 7000 တွင်မူ AF Zone 39 ခု ပေးထား ပါသည်။ Full Fram ဖြစ်သည့် Nikon D 4 ကဲ့ သို့  ကင်မရာတွင်မူ AF Zone 51 ခု ပေးထား ပါသည်။ ယခင်က မူ Focus Point အလယ် မှ ဘေး သို့ ရောက်နေသည့် Off-Center Subject များကို ကြိမ်းသေသည့် ပြတ်သားမှု  ရစေရန် Recompose လုပ်ကာ ရိုက်ကြ ရသော်လည်း AF Zone များ သော နောက် ဆုံး ပေါ် ကင်မရာများတွင် မူ ဤ ဒုက္ခ  ငြိမ်းသွားပြီ ဟု ဆိုရပါမည်။ AZ Zone အတွင်း ၌ စိတ်ကြိုက် ရိုက်နိုင်မည် ဖြစ်ပါသည်။

 

DSLR ကင်မရာများ၏ Autofocus တွင် Cross Type နှင့် Linear Type ဟူ၍ နှစ် များရှိရာ Cross Type သည် ဒေါင် လိုက်ရော အလျှားလိုက် ပါ Focus လုပ်နိုင် ပြီး Linear Type မှာမူ Direction တစ်ခု ထည်း အတွက် သာ အတိအကျ ပြတ်သား အောင်  Focus လုပ်နိုင် သောကြောင့် Cross Type က ပို အသုံး တည့် သည်ဟု ဆိုရပါ မည်။ ကင်မရာ အများစု၏ AF Type မှာ Cross Type များ ဖြစ်ကြပါသည်။

 

ကင်မရာ Lens များအနက် Autofocus အလွန် မြန်သည့် 70-200mm, f-2.8 ကဲ့သို့ Lens များသည် Focusing လုပ်ရာတွင် အလွန်မြန်ကာ တိကျစွာ Focus လုပ် နိုင်သည့် Lens များဖြစ်ပါသည်။

 

Continuous Capture Rate and Buffer Size.

 
အကယ်၍ အားကစားပွဲ ကဲ့ သို့ လှုပ်ရှားမှု များ ကိုမြန်မြန် နှင့် ဆက်တိုက် ရိုက်ရ သည့် အချိန်မျိုးတွင် မြန်မြန် နှင့် များများ  ရိုက်ထားသည့် ပုံ အားလုံး ကို ချက်ခြင်း  Processor က ဆောင် ရွက် ရမည် များကို ဆောင်ရွက် ပြီးနောက် Memory Card အတွင်း Save လုပ် ရန် အချိန်မမှီ ဖြစ်တတ် ပါသည်။ ထိုအချိန်တွင် ပုံ များကို ခေတ္တ Buffer တွင် သိမ်းထားပြီး မှ အချိန်ယူ ကာ Process လုပ်ပါသည်။ Nikon ကင်မရာတွင်မူ အဆိုပါ Buffer တွင် သိမ်းဆည်းကာ Process လုပ် နေသည့် ဆိုင်းငံ့ ကာလ ကို Job ဆိုသည့် Sign ပြ ပါသည်။ မည်သည့် Function ကို မှ ဆောင်ရွက် ၍ မရ သည် အချိန် ဖြစ် ပါသည်။  အဆိုပါ အချိန် သည် Camera Processor နှင့် Memory Card တို့ ပေါ် မူတည်ကာ စက္ကန့်  အနည်း ငယ်မှ မိနစ် အနည်း ငယ် အထိကြာမြင့် နိုင်ပါသည်။
 
ဤကဲ့သို့  ပုံ များကို ခေတ္တ သိမ်း ထား ရာတွင် Buffer Size ကြီးလျှင် များများ သိမ်း ထားနိုင်ပါသည်။ ကင်မရာ ပေါ် မူတည်ကာ အချို့ ကင်မရာ သည် Buffer တွင် ပုံ များ ရာချီ ကာ ခေတ္တ သိမ်း ထားနိုင်ပါသည်။ Buffer တွင် သိမ်း ဆညိး ထားနိုင် သည့် ပုံ ပြည့်သွားလျှင် ရိုက်သည့် Frame Rate နှေးသွား မည် ဖြစ်ပါသည်။ Buffer Size သေးသော ကင်မရာများသည် Frame များ များ နှင့် မြန်မြန် ရိုက် ခြင်း၊ Shutter ကို အချိန် ကြာမြင့် စွာ ဖွင့်ကာ Light Siganl များများ ယူရ သည့် ပုံ များ ရိုက် သည့်အချိန် တွင် Frame Rate  သိသာ စွာ နှေးသွားပါသည်။ နည်းပညာ အဆင့် မြင့်သည့် ကင်မရာ များ တွင် မူ အဆိုပါ ဆိုင်းငံ့ ချိန် မှာ များစွာ တို ပါသည်။
 

 

Live View

DSLR များတွင် Live View ကို ကင်မရာ၏နောက်တွင် သုံးလက်မ ခန့် Screen ဖြင့် ပုံဖေါ် ပေးပါသည်။   အဆိုပါ Live View ကို အနေအထားအမျိုးမျိုး ပြောင်းကာ သုံး နိုင်သည် များလည်း ရှိပါသည်။  နောက် ပိုင်းပေါ် ကင်မရာ များ အနေနှင့် Live View တွင် ပေါ်သည့် ပုံ နှင့် Sensor ပေါ်တွင် ထင်သည့် ပုံ သည် အတူတူ နီးပါးမျှ ရှိတူ ညီမှု ရှိပါသည်။  Live View သုံး လျှင် Battery အားကို ပိုသုံးရပါသည်။ နောက် ပိုင်း ပေါ်သည့် ကင်မရာ များ၏ View Finder သည် ကို၍ ကြည်လင် ပြတ်သားကာ အရောင် ပို၍ တောက်ပ သည် ကိုတွေ့ ရပါသည်။

 

DSLR များတွင် Optical Viewfinder က ပို၍ အသုံးတည့် သည်ဟု ဓါတ်ပုံ ပညာ ရှင်ကြီးများက ဆိုကြပါသည်။ Live View ဖြင့် Autofocus လုပ်ရာတွင် Canon EOS 40D ကဲ့ သို့ ကင်မရာသည် Reflect Mirror ကို အောက်ကိုချ ကာ လုပ်သဖြင့် LCD Display တွင် ပုံ ပြောက် သွားပြီး သာမန် အခြားသော ကင်မရာ များမှာမူ Reflector အတက် တွင် Focus လုပ်သဖြင့် Live View Display တွင် ပုံ ပြန်ပေါ် လာပါသည်။ အချို့ သော ကင်မရာများမှာ မူ Analysis of the Live View Image ကို အခြေခံကာ Contrast Detection ဖြင့် Autofocus သည် လည်းရှိပါသည်။ အဆိုပါ နည်းမှာ ပုံ မှန် နည်းလောက် တိကျ မှု မရှိဟု သိရပါသည်။ သို့ သော် အဆိုပါ နည်း စနစ်တွင် Reflect Mirror ကို အတင်အချ လုပ်ရန်မ လိုဘဲ Autofocus လုပ်ပါသည်။

မည်သို့ သော Live View စနစ် ဖြစ်စေ ကာမူ ယင်း နှင့် လုပ်ဆောင် သည့် Autofocus လုပ်ရာတွင်  Optical View Finder နှင့် လုပ်သည့် Autofocus ထက် ပို၍ နှေးပါသည်။ ထို့ကြောင့် ဓါတ်ပုံကို Serious ရိုက်သူများသည် Optical View Finder ဖြင့် သာ Fofus လုပ်လေ့ ရှိကြပါသည်။

 

Video
 
ယနေ့ DSLR တိုင်းတွင် High Definition  Video ရိုက် နိုင်ပါသည်။  အချိန် မည်မျှ ကြာကြာ ရိုက် နိုင်သည် ၊ Autofocus Function ကို မည် မျှ အထိ ဆောင်ရွက် နိုင်သည်တို့ ကို စိစစ်ရန် လိုပါသည်။ အချို့ သော ကင်မရာများ တွင် Video ရိုက်ရာ ၌ အချို့ သော Aperture များတွင် သာ Autofocus ရိုက် နိုင်သည် ကို တွေ့ ရပါသည်။
 

View Finder Size


DSLR ကို ရိုက်ပါက  “ Optical View Finder အပေါက် ကနေ ချောင်းကြည့် ရမှ အရသာ ရှိတယ် “  ဟု ၀ါရင့် ဓါတ်ပုံ သမားကြီး များ ပြော သည်ကို ကြားဘူးပါသည်။ View Finder Size ကို လေ့လာပါလျှင်  View Finder အတွင်း မည်မျှ ကျယ်ကျယ် မြင်နိုင်သည် ဆိုသည့် (Coverage ) နှင့် ပုံရိပ် ချဲ့ နိုင်စွမ်း ( Magnification ) ဟူ၍ နှစ်မျိုး ဖေါ် ပြလေ့  ရှိပါသည်။ သာမန် ကင်မရာများ၏ View Finder သည် တကယ့် မြင်ကွင်း၏ 95% မျှ ကို မြင် နိုင်ပါသည်။ Magnification ကို တွက်ရာတွင် 50mm Lens ကို တပ်ကာ View Finder မှ ကြည့်ပါက မြင်ရ သည့် ပုံရိပ်ကို မျက်စေ့ မှ အမှန်မြင်ရ သည့် Size အဖြစ် 1X ဟု စံပြုထားပါသည်။ ဤကဲ့ သို့ 1X မြင်နိုင်သည့် ကင်မရာ ရှားပါမည်။

 

အောက်ပါကင်မရာများနှင့် ယှဉ်တွဲဖေါ်ပြထားသည့် Coverage and Magnification များမှာ ရ သမျှ မှ အချို့ ကို နမူနာ ဖေါ် ပြထားခြင်း ဖြစ်ပါသည်။


Relative View Finder Size ကိုသိ နိုင်ရန်မှာ မူ ၄င်း၏ Coverage နှင့် Magnification ကို မြှောက် ရ မည် ဖြစ်ပါသည်။ အောက် တွင် နမူနာ တွက် ပြထားပါသည်။

  • Canon EOS 5D:  (0.96×0.71)/ 1 = 0.682
  • Canon EOS 40D:   (0.95×0.95)/1.6 = 0.564
  • Olympus E-410:  (0.95×0.92)/2 = 0.437 (approx.)

ဤ သို့ တွက် ချက် ကြည့် ခြင်း ဖြင့် Canon EOS 5D ၏ View Finder သည် EOS 40D ၏ View finder ထက် 21% ပိုကျယ် သည်ကို တွေ့ နိုင်ပြီး Olympus E-410 ထက် 29% ပို၍ ကျယ် သည်ကို တွေ့ ရမည် ဖြစ်ပါသည်။
သို့ ရာတွင် Four-Third System ၏ View Finder Ratio ကို တွက်ရာမှာ မူ Full Frame, APS-C တို့ နှင့် ကွာခြား ပါသည်။ အထက်ပါ View Finder Size များကို များကို ကြည့်ပါက Olympus E- 410 ၏ View Finder Size သည် EOS 5D ၏ 41% ရှိပြီး EOS 40D ၏ View finder Size မှာမူ EOS 5 D ၏ 68% ရှိသည်ကို တွေ့ နိုင်ပါသည်။

 

Flash System

Flash Photography ကို အလေး ထားရိုက် မည် ဆိုပါလျှင်မူ Flash Accessories မည်မျှ အထိ တပ်ဆင် နိုင်မည် ကို စစ်ဆေး ကြည့်ရန်လိုပါမည်။ ယခု ကာ လတွင် DSLR များတွင် Built-in- Flash များ တပ်ဆင်ပေးထားပါသည်။ flash ၏ အလင်း အားကိုလည်း အတိုး အလျှော့ လုပ် နိုင် သဖြင့် လို အလို အလင်း အပြင်း အပျော့ ချိန်ဆ နိုင်ပါသည်။ အချို့ သော Built-in-Flash ဥပမာ Nikon D -90 ၏ Built-in Flash သည် Off Camera Flash ၏ Commander အဖြစ် သုံး နိုင်ပါသည်။ အချို့ သော ကင်မရာ များတွင်မူ Commander အဖြစ်သုံးရန် အပို ပစ္စည်း သီးခြားဝယ် ရန် လိုပါသည်။ Macro Photography ရိုက်ကး လျှင်မူ သီးခြား Flash များ လိုလာပါ မည်။

 

Other Features.

 
DSLR အချို့သည်  12-bit Converter သုံး၍ အချို့ မှာ 14-bit Converter ကိုသုံးပါသည်။ အကြမ်း ဖျဉ်း ဆိုရပါက Analog မှ Digital ပုံရိပ် ပြောင်း ပေးသည့် စွမ်း အားဟု ဆိုရပါမည်။ ချို့ သော ကင်မရာကြီးများ မျာ 16 bit အထိ ရှိကြပါသည်။

 
Bit ၏သဘောကို အကြမ်း ဖေါ်ပြ ရပါမူ ပုံတစ်ပုံ တွင်ရှိ Pixel တစ်ခု ၏ Tonal Value သို့ မဟုတ် Brightness ကို Memory Card ၏  Image File တွင် Colour File နှင့်အတူ သိမ်းဆည်း ထားသည်။  Bit Depth ဆိုသည်မှာ Pixel တစ်ခု တွင် Tonal information ကို Digit ဘယ်နှစ်ခု နှင့် သိမ်းဆည်း ထားသနည်း ဆိုသည်ကို ဆိုလို ခြင်း ဖြစ်ပါသည်။ ကင်မရာ သည် Bit-Depth of Digit One ဖြင့် သိမ်းထားသည် ဆို ပါက ပုံသည် မည် မျှ မဲ မှောင်သည် ဆိုသည့် Information ကိုသာ ပေးမည် ဖြစ်ပါသည်။ ပုံ သည် Value 0 and 1 – Two Tone သာလျှင် ရှိပြီး အဖြူ နှင့် အမဲ သာ ပေးသည့် Information သာ ရမည် ဖြစ်ပါသည်။
 
1-bit picture
 
 
2-bit picture
 
Histogram for File with Bit Depth of 2
အထက်ပါ 2-bit ပုံတွင် Black, Dark Gary, Light Gray and White အရောင်များသာ ထွက် လာမည် ဖြစ်ပါသည်။
 
5-bit picture
 
 
Histogram for Image with Bit Depth of 5
 
 
 
 
Bit Depth ကို 2 to 5 သို့ ပြောင်းလိုက် လျှင် အနု စိတ်များ ပို၍ ပေါ်လာမည် ဖြစ်ပါသည်။ သို့သော်  ကောင်းကင် တွင် Polarization များသိသာ စွာ ရှိနေဆဲ ဖြစ်ပါ သည်။
 
8-bit picture
 
Histogram of Image with Bit Depth of 8
 
 
8-bit ပုံတွင်မူ အနုစိတ်များစွာ ပေါ် လာပြီး  ကောင်းကင်တွင် Polarization မရှိတော့ သည်ကို တွေ့ ရမည် ဖြစ်ပါသည်။ 8-bit Histogram သည် ပို၍ ပုံ တိကျ လာသည် ကိုလည်း တွေ့ နိုင်ပါသည်။
Bit များလာသည်နှင့်အမျှ အရောင် များလည်း အနုစိတ် လာသည်ကို အောက်တွင် ဖေါ်ပြထားပါသည်။
-      14bit  color= 16384^3 = 4.4 trillion colors
-      12bit color = 4096^3 = 68.7 billion colors
-      8bit color = 256^3 = 16.7 million colors
14 bit သည် အဖြူ နှင့် အမည်း အရောင် နှစ်ခု အကြား နှင့် အနီ ရောင်၊ အစိမ်းရောင် နှင့် အပြာ ရောင် Channel  များအကြား Level 16384 Representation ရှိပြီး 12 bit မှာ မူ Level 4096 Representation သာ ရှိပါသည်။ ထို့ ကြောင့် bit များလေ Tonal Information များလေ ဖြစ်ကာ ပုံ သည် ပို၍ အနု စိတ်လာမည် ဖြစ်ပါသည်။
 
သာမန်အားဖြင့် မူ DSLR တစ်လုံးသည် ISO 100, 200 ---800 မျှလောက် နှင့် ပုံ ကောင်း ကောင်း Size 11 x 14 – inch လောက် ရိုက် နိုင် မည် ဆိုပါက သာ မန် သုံး ရန် အဆင် ပြေ သည် ကင်မရာ ဟု ဆိုနိုင်ပါသည်။ သာမန် အဆင့် မှ တစ်ဆင့် တက်ကာ ISO မြင့်မြင့် နှင့် Low Light တွင် ရိုက်ကူ ခြင်း၊ AF Tracking ဖြင့် အမြန် ရိုက် ကူး ခြင်း များတွင်မူ ယင်း နှင့် သင့်လျှော် သည့် ကင်မရာ ကို ရွေး ရပါလိမ့် မည်။  ကင်မရာ ဆိုင်ရာ နည်း ပညာ သည် လည်း နေ့ စဉ် နှင့်အမျှ တိုးတက် လျှက် ရှိနေပါသည်။ ထို့ ကြောင့် မည်သို့  ကင်မရာ ကို ရွေး ချယ် ရမည် နည်း ဆိုသည် ကို တိကျ စွာ  ဖြေရန် မှာ များစွာ ခက် သည် ကိစ္စ ဟု ဆိုရပါမည်။
 
မိမိ ကိုယ် တိုင်က  ကင်မရာ များ၏ Specification များကိုလေ့လာ ခြင်း၊  Website များတွင် ရေးသားထားသည့် သုံး သပ် ချက် များကို ဖတ်ရှု လေ့လာ ခြင်း ၊ အထက် တွင် ရေးသား မျှဝေ ထားသည့် အချက် များကို ဖတ်ရှု လေ့လာ ခြင်း များ ဖြင့် သာ မည် သို့ သော DSLR ကို မည်ကဲ့ သို့ သုံး လိုသည် ဆို သည့် မိမိ ၏ စိတ်ဆန္ဒ  က သာ ဆုံးဖြတ် နိုင် လိမ့် မည် ဖြစ်သည် ဟု ဆိုရပါ မည်။
 ဓါတ်ပုံ နှင့် ကင်မရာ  ပညာရပ် ဆိုင်ရာ အမြင့်တန်း ပုဂ္ဂိုလ် များ အနေနှင့် လိုသည်များကို ဖြည့် ၍ သော်လည်းကောင်း ပိုသည်များကို နှုတ် ၍ သော် လည်းကောင်း ဖတ်ရှု ကြပါရန် မေတ္တာ ရပ်ခံ အပ် ပါသည်။
 
_____________________________________________
 
 
 
 
 
 
 
 

 
 
 

 

 
 
 
 
 
 
 

 
 
 
 
 
 
 
 
 
 
 
 


 


 
 

 

 

 

 

 


 


 

 

 



2 comments:

  1. ​thanks a million. Let me know which is the best cam for me to choose canon eos 60 and 70d!

    ReplyDelete