Friday 7 June 2013

HDR Part (II)


(43)   HDR Part (II)                                                  ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၄၃)

 

HDR ပုံ  ရိုက်ကူး ပုံ ဖေါ် ခြင်း နည်း လမ်း များ

 (  Shooting and Processing of HDR Pictures )

HDR Part (II)



စကားဦး


HDR အကြောင်း မှတ်စု ရေးရာ တွင် HDR အကြောင်း Theory ကို သာ ရေးသား ရုံ မျှ နှင့် မဖြစ်ဘဲ မည်ကဲ့ သို့ အသုံးပြု ရမည့်ကိုပါရေးမှသာ လျှင် စ-လယ်-ဆုံး  ပြည့်စုံ မည် ဖြစ်ပါသည်။ သို့နှင့် အလင်းရောင် အခြေအနေ မမျှမတ ဖြစ်နေသည့် အခြေအနေတွင် ရိုက်ကူးရသည့် ပုံ များအတွက်  HDR နည်းစနစ် ဖြင့် ပြုပြင် ဖန်တည်း ခြင်း ဆိုင်ရာ အတွက် ရှာဖွေ လေ့လာ ရာတွင် ကံ အားလျှော်စွာ ပင်  Peter Tellone    “ How to shoot and Post-Process Professional HDR Photo “ ဆောင်းပါးကို တွေ့ ရှိရပါသည်။ Peter Tellone သည် HDR Landscape ကို Specialize ရိုက်ကူးသည့် Professional Photographer တစ်ဦး ဖြစ်ပါသည်။ အဆိုပါ ဆောင်းပါးသည် အတော် ပင် ပြည့်စုံ ကာ လက်တွေ့ ကျ သည့် ဆောင်းပါး ဖြစ်ပါသည်။ Peter Tellone  သည် အတော် စေတနာ ထားကာ ရေးသားခဲ့ သည်ကို သူ၏ ဆောင်းပါးက သက်သေ ပြနေပါသည်။ သို့ နှင့် ယင်း ဆောင်း ပါး ကိုပင် တိုက်ရိုက် ဘာသာပြန် လိုက်ခြင်း ဖြစ်ပါသည်။


အောက် တွင် သုံး နှုန်း ထားသည့်  “ ကျွန်တော် “ ဟူ သော အသုံး အနှုံး သည် မူ ရင်း ဆောင်းပါးရှင် Peter Tellone   ကို ရည်ညွှန်းပါသည်။


HDR ပုံ တစ်ပုံ ဖန် တည်းခြင်း။


HDR ပုံ ရိပ် ဖန်တည်း ရန် အသုံးပြုသည့် Software များမှာ Photomatix Pro နှင့် Photoshop တို့ ဖြစ်ပါသည်။ နမူနာ ပုံများမှာ လည်း ဆောင်းပါးရှင် Peter Tellone ရိုက်ကူး ထားသည့် ပုံ များသာ ဖြစ်ပါသည်။




HDR အတွက် ရိုက်ကူးခြင်း ဖန်တည်းခြင်း ( Shooting and Processing)  များ ဆောင်ရွက် ရာတွင် လက်တွေ့ ဆောင်ရွက် ခြင်း ကိုသာ ဇောက်ချ ဆောင်ရွက် ရုံ မျှ သာ မက HDR ဆိုင် ရာ Theory ကို နားလည် သိရှိထားရန် လိုပါသည်။ သို့ မှသာ လျှင် လုပ်ငန်းဆောင် ရွက် ရာတွင် မျက်ကမ်း လမ်းလျှောက် သဘော မျိုး အဖြစ်မှ ရှောင်ကွင်း နိုင်ပါ လိမ့်မည်။



ဆောင်ရွက် နည်း အဆင့်ဆင့်


High Dynamic Range သည် Scene တစ်ခုထည်း တွင်အလင်း အပြင်း အပျော့ မတူ သည့် Different Exposure ဖြင့် ရိုက်ထားသည့် ပုံ ပေါင်း (၃)  ပုံ မှ (၇) အထိ ပေါင်းစပ်သည့် နည်း ဖြစ်ပါသည်။ ပုံ တိုင်း သည် လိုအပ်သော နေရာ များတွင် တိကျသော Exposure ရှိရပါမည်။


အဆိုပါ ပုံ (Scene) တစ်ခု ထည်းကိုပင် Exposure အလျှော့ အတင်း အမျိုး မျိုး ပြောင်းကာ ပုံ များစွာ ရိုက်ရာတွင် Exposure ကိုမည်ကဲ့ သို့ ပြောင်းမည် နည်း ဆိုသည့် အမေးရှိလာပါမည်-


-      Shutter Speed အား ပုံသေထားကာ Aperture ကို အမျိုးမျိုး ပြောင်းကာ Exposure ကို ပြောင်းနိုင်ပါသည်။ သို့ ရာ တွင် ပုံ၏  Depth of Field များ ပြောင်း ကုန်ပါမည်။ ပုံ များ ပြန်ပေါင်း ရာတွင် မလိုလားအပ်သည့် အနေအထားများ ပေါ်လာပါမည်။

-      ISO အပြောင်း အလဲ ဖြင့် လည်း Exposure ကို ပြောင်း နိုင်ပါသည်။ သို့ ရာ တွင် High ISO ပုံ များတွင်မလိုလားအပ် သည့် Noise များပါလာ ပါမယ်။ HDR ဖန်တည်းရာ တွင် Noise များပို ထ လာ ပါမည် ကို သတိပြု ရန် လိုပါမည်။



-      အမှန်သုံး ရမည့် နည်း မှာ နောက် ဆုံး Adjust လုပ်ရန် ကျန်နေသည့် Shutter Speed ကိုသာ ပြောင်း ရန် ဖြစ်ပါသည်။


ပုံ အနေ အထားမပြောင်းစေရန် Tripod သုံးရန်လိုပါသည်။ ISO ကို အနိမ့် ဆုံး ထားပြီး၊ Aperture ကို f-16 တွင် Set လုပ်ထားရပါ မည်။  Aperture ကို ကျယ်ကျယ် ဖွင့် ထားပါက ပုံ၏ Detail များပျောက် သွားပါမည်။ HDR လုပ်ရခြင်း ရည် ရွယ် ချက် မှာ Detail များဖေါ် ပေးရန် ဖြစ်ပါသည်။ 


မူလ ပုံ အစ ထည်းက ပုံ ကို တတ် နိုင်သမျှ ပြတ်သား စေရန် စီစဉ် ရပါမည်။ ထို့ ကြောင့် Aperture -16 ထားရန် အကြံပြု ရခြင်း ဖြစ်ပါသည်။ ဓါတ်ပုံ အနုပညာ ရှင် များစွာအသုံးပြုသည့် Aperture လည်း ဖြစ်ပါသည်။


Exposure အမျိုး မျိုး ပြောင်းလဲ ရိုက်ကူးခြင်း


Shutter Speed အမျိုးမျိုး ပြောင်းကာ ရိုက်ရာ တွင် ကင်မရာ AV Mode သို့မဟုတ် Auto Bracketing Mode များ ဖြင့် ရိုက် နိုင်ပါသည်။ Canon ကင်မရာ တွင် ( + and  - 2EV Max) ကို (၃)  ပုံ ရိုက် နိုင်ပါသည်။ အချို့ သော Nikon ကင်မရာ များတွင်မူ Exposure Value (EV) အမျိုးမျိုး ဖြင့် ပုံ ပို၍ ရိုက် နိုင်ပါသည်။ 

ကျွန်တော် အကြံပြု လိုသည်မှာ Exposure  အမျိုးမျိုး သော ပုံ များ ၏ Exposure အပြောင်း အလဲ အတွက် ကင်မရာကို ခိုင်းသည်ထက် မိမိကိုယ်တိုင် Interval များကို Manual Set လုပ် သင့်သည်ဟု အကြံပြု လိုပါသည်။ သို့သော် အတင်း တိုက်တွန်း ခြင်း မဟုတ်ပါ။ မိမိစိတ်ကြိုက် အဆင်ပြေ သကဲ့ သို့ လုပ် နိုင်ပါသည်။


HDR အတွက် မည်ကဲ့ သို့ ပုံ အမျိုး အစား လိုအပ် သနည်း။


HDR ပုံ သည် 32 Bit Image ဖြစ်သည်။  ဆိုလိုသည်မှာ ဤမျှ လောက် bit ရှိမှသာ လျှင် အဆိုပါ ပုံသည် မြောက်များ စွာသော Different Tone နှင့် Brightness Level တို့ ကို ထိမ်း နိုင်ပေမည်။ ကင်မရာက 32 Bit ကို မထုပ်ပေးနိုင်၊ RAW နှင့် Tiff တို့ သည်လည်း အများ ဆုံး 16-Bit လောက်သာ ရှိသည်။ ဤ အနေအထား မှာ 64,000 မျှသော  Information Level ကိုသာပေး နိုင်သည်။ 


JPEG မှာ မူ 8-Bit သာ ရှိသည့် အတွက် ပေး နိုင်သည် Information Level သည် 255 Different Information Level ကိုသာ ဖြစ်သည်။  အဆိုပါ အခြေအနေများသည် လိုအပ် သည့် အမြင့် ဆုံး အဆင့် မဟုတ်စေကာ မူ လိုအပ် သည့် အချိန်တွင်မူ မရှိသုံး အဖြစ်တော့ သုံး နိုင်ပါသည်။


ပုံ မည်မျှ လိုမည် သနည်း ၊ Exposure Value ကိုမည်မျှ ခြား ထားသင့် သနည်း။


အများ အားဖြင့် ပုံ (၃) ပုံ ကို EV 2 Stop ခြား၍ ရိုက် လျှင် လုံလောက်ပါသည်။ ပုံ တွင် နေ ( Sun) ပုံ ပါနေပြီး Bright  Sun Light  ကိုရိုက်ပါမူ ပုံ ပို၍ လိုပါမည်။ ကျွန်တော် အနေ နှင့်မူ EV 1-Stop ခြားကာ အနည်းဆုံ (၅) ပုံ ရိုက်ပါမည်။ အခြားသူ ကြိုက် မကြိုက် တော့ မပြော နိုင်ပါ။ ကျွန်တော့် သဘောကျသည့် အနေအထားများကို သတ်မှတ် ကာ ရိုက်ခြင်းသာ ဖြစ်ပါမည်။ တစ်ဦး နှင့် တစ်ဦး နည်းစနစ် ၊ အကြိုက်ခြင်း မတူ နိုင်ပါ။

ကင်မရာ ဆိုင်ရာ ပစ္စည်းများ ပြင်ဆင်ပြီး၍ စရိုက်သည် နှင့် ကင်မရာ မီတာ က Exposure အမှန်ပြသည့် ပုံ ကို စတင်ရိုက်ပါ။ ဒုတ်ယ ပုံ ကို EV –2  ဖြင့် ရိုက်ပါ။ တတိယ ပုံ ကိုမူ EV +2 ရိုက်ပါ။ ကင်မရာ ရှိ Auto Brackting Mode ကို သုံးပါမူ ကင်မရာ က အလိုလို ပြောင်းလဲ ရိုက် ပေး ပါလိမ့် မည်။ 

ကျွန်တော်ရိုက်ရာ တွင်မူ ပထမ ပုံ ကို EV 0 ထားပါသည်။ ဒုတိယ ပုံ ကို (-1) နောက်ပုံ ကို (-2) ဖြင့် ရိုက်သည်။  နေရောင် တောက်နေသည့် အခြေ အနေ ဆိုလျှင် (-4) ထား၍ ရိုက်သည့် အခါ လည်းရှိပါသည်။ ပုံ၏ အလင်း ဆုံးနေရာ တွင် ဖြူသွားခြင်း ( Blown-Out ) မဖြစ်စေရန် သတိပြု ရပါမည်။ (-4 ) သုံးရန် အတွက် ကင်မရာတွင် Meter Reading မရှိပါ။ ထို့ ကြောင့် ဆောင်ရွက် ရန်မှာ ကျွန်တော် တို့ သည် Shutter Priority ဖြင့် ရိုက်နေသည်အတွက် အကယ်၍ (-2) တွင် Shutter Speed 1/50 ဖြစ်သည် ဆိုပါက ကျွန်တော်သည် x2 ( 1 Stop) ထို့နောက် x2 ( 1 more Stop) စသည့် နည်း ဖြင့် ပြောင်းခြင်း ဖြင့် 1/200th Second ရလာသည်။ ယင်း Exposure ကို ကျွန်တော် Set လုပ် လိုက်ပါသည်။ ထို့ နောက် တစ်ပုံ ကို (+1) နောက် တစ်ပုံကို (+2) စသည်ဖြင့် ရိုက်ပါသည်။ ( + ) ဘက်တွင် ထို ထက် ပို၍ ရိုက်သည်မှာ အလွန် ရှားပါသည်။ (+2) ၏ Normal Shadow Expose သည်ပင်အတာ် ကောင်းနေပြီ ဖြစ်သည်။ အောက်တွက် HDR အတွက် ရိုက်ကူးထားသည့် နမူ နာ ပုံ များ ပြထားပါသည်-

ကွန်ပြူတာပေါ် တင်ခြင်း။

Exposure အပြောင်းအလဲ ကို သဘော ပေါက် လာသည့် အချိန် တွင် Exposrure  အပြောင်း အလဲ များစွာ မလို တော့ပါ။  HDR ဖန်တည်း ရန် အတွက် 0, -2, +2 သုံးပုံ လောက် သုံး မည် ဆို လျှင် လည်း လုံလောက်ပါသည်။ နောက် တဆင့်မှာ ပုံ များကို ကွန်ုပြူ တာပေါ်တွင် လုပ်ဆောင် ရမည့် အဆင့် ရောက်လာပြီဖြစ်သည်။
ဤ အဆင့်တွင် ကျွန်တော့် အနေနှင့် HDR Software ဖြစ်သည့် Photomatix အသံးပြု ပုံ ကို ရှင်းပြ ပါမည်။ များစွာ တန် ဘိုး မကြီး လှ ဘဲ လူသုံးများသည့် Software လည်း ဖြစ်ပါသည်။ ၄င်း အပြင် ဓါတ်ပုံ သမားတိုင်း အကျွမ်း တ၀င် ရှိသည့် Photoshop အသုံးပြု ပုံ ကိုပါရှင်းပြ ပါမည်။ Photoshop မှာ မူ CS-2 အထက် အဆင့် ရှိရပါမည်။


Processing your HDR image in Photomatix Pro.

Photomatix ကို ဖွင့်လိုက်ပါ။  Shortcut Box ကို တွေ့ ရပါလိမ့် မည်။ Generate HDR Image ကို Click လုပ်လိုက်ပါ။ ယင်းက Window ရှိ Select Images  ကိုဖွင့်ပေး ပါလိမ့် မည်။ ထိုနေရာ မှ နေ၍ သင်၏ ပုံ ရျိသည့် Folder သို့ သွားပါ။ ထို့ နောက် ပုံများကို ရွေး ပြီး OK ကို နှိပ်ပါ။ ထိုအချိန် တွင် New Dislog Box ပေါ်လာ လိမ့်မည်။ ထိုအချိန်တွင် Photonatix သို့   သင် Process လုပ်မည့် ပုံ များ ထည့် လိုက်ပါ။
 
အဆင့်(၁)


 ပထမ အဆင့်တွင် ပုံ များကို ပုံစံ တစ်ညီထည်း ဖြစ်စေ ရန် ညှိ ( Aligning ) ရပါမည်။ ရန်ဖါ ရန် ခါ “ Match Feature ” ဖြင့် လည်း လုပ်လေ့ ရှိပါသည်။ ထိုအချိန် တွင် ပုံ များ အားလုံးသည် ညီသွားကာ တစ်ထပ်တည်း ကွက်တိ ကျသွားပါမည်။ အခြားနည်း တစ်ခု မှာ Vertical and Horizontal Shift ကိုသုံးသည့် နည်း ဖြစ်ပါသည်။ ပုံ များ ညှိ ခြင်းကို Match Features မရှိပါ မှ Vertical and Horizontal Shift အား သုံး သင့်ပါသည်။

အခြားTool Box တစ်ခု မှာ  Correct Chromatic Aberrations’ and ‘Reduce Noise ဖြစ်ပါသည်။ ကျွန်တော် က တော့ မသုံးပါ။ အဆိုပါ ကိစ္စများအတွက် သုံး ဘို့ လိုအပ်လာလျှင် RAW Image ကို 16-Bit Tiff ပြောင်း လိုက်ပြီး မှ Correction လုပ်ပါသည်။ ဤ နည်းသည် HDR နှင့် ပို အဆင်ပြေပါသည်။
နောက် တစ်ဆင့်မှာ Attempt to Reduce Ghosting Artifacts ဖြစ်ပါသည်။ အဆိုပါ Tool သည် လေ တိုက်သောကြောင့် ဝှေ့ ရမ်းနေသည့် သစ်ပင်များ ၊ လှုပ်ရှားသွားလာနေသည့် လူများ။ ပုတ်ခတ်နေသည့် သမုဒ္ဒရာ ရေလှိုင်း များ စသည့် လှုပ်ရှားနေသော  Moving Subject များစွာ အသုံးဝင် သည့် Tool ဖြစ်ပါသည်။ ငြိမ် သက်နေသည့် ပုံ အတွက် ကိုမူ ပုံ မှာ ပြတ်သား ပြီး ဖြစ်သဖြင့် သုံးရန် မလိုပါ။
ယင်းနောက်မူ မိမိ စိတ် ကြိုက် ဖန် တည်း နိုင်ပါပြီ။ ကျွန်တော် ကမူ Wider Gamut ဖြစ်သည့် Adobe RGB Colour Space ကိုသုံးပါသည်။ စာဖတ်သူများ အနေနှင့် အရောင်တွင် ထိပ်တန်း ဖြစ်သည့် sRGB သုံးလိုက လည်း သုံး နိုင်ပါသည်။ ယင်းနောက်  OK ကို Click နှိပ် လိုက်ပါ။


အဆင့်(၂)
ယခု အချိန်တွင်  Photomatix သည် သင်၏ RAW  File ကို 32-Bit HDR  ဖြင့် စ၍ Process လုပ် ပါလိမ့် မည်။ Process လုပ်သည့် အချိန် သည် သင်၏ ကွန်ပြူတာ ၏ အမြန် နှုန်း ( Speed) ပေါ်တည် ၍ အနှေး အမြန် ရှိနိုင်ပါလိမ့် မည်။


အကယ် ၍ သင်၏ ကွန်ပြူတာ Monitor ၏ အရည် အသွေး ညံ့ ပါမူ ကွန်ပြူတာ သည် 32-Bit HDR Image ကို ပြည့် စုံစွာ မဖေါ် နိုင်သည့် အတွက် အရည် အသွေး ကို ဆိုးဝါးစွာ  မြင် ရ ပါလိမ့် မည်။ နောက် တစ်ဆင့်တွင် “ Tone Map” ဖြင့် Low Dynamic Range  ထဲ ထည့် ကာ ပုံ ကို Screen ပေါ် တွင် ဖေါ် နိုင်ပြီး Print လုပ် နိုင်သည့် အတင့် ကို ဆောင်ရွက်ရပါမည်။
အဆင့်(၃)

 ဤ အဆင့် တွင် HDR Image ကို Radiance HDR Image သို့ မဟုတ် Open EXR HDR ဖြင့် Save လုပ်ရပါမည်။ အဆိုပါ နှစ်ခု သည် အနည်း ငယ် မျှ ကွာ ခြား မှု ရှိသော်လည်း အသုံးပြု ရာ တွင် များစွာ ထူးခြားမှု မရှိပါ။

နောက် တစ် ဆင့်တွင် Tone Mapping ကို Click လုပ်ပါ။ ဆိုပါ နေရာ တွင် ပုံ ကို မိမိ လို အပ် သည့် လိုအပ်သည့် အနေအထားရသည် အထိ ညှိပါ။
Photomatic ‘ Tone Mapping ‘ သည် Lightroom ၏ Set Up ကဲ့ သို့ ပင် ဖြစ်သည်။ ဤ အဆင့် တွင် စတင် ဆောင်ရွက်ခဲ့သည့် အဆင့် မှ စ၍  Top Down  ကို ပြပေ လိမ့် မည်။  Process ကို Clean Slate မှ တစ်ဆင့် စ ပါ။ ထို့ နောက် Down to the Bottom of the Panel  အထိ ဆင်းပါ။ အခြား Setting များကို မေ့ ထားကာ Default ကို ရွေး၍ Click လုပ်ပါ။ ယခု ဆို လျှင် Starting Point သို့ ရောက်ပြီ ဖြစ်ပါသည်။
.


အဆင့်(၄)

Panel ၏ ထိပ်တွင် Tab နှစ်ခု တွေ့ ပါ လိမ့် မည်။ တစ်ခု မှာ Detail Enhancer ဖြစ်ပြီး ကျန်တစ်ခု မှာ Tone Compressor ဖြစ်ပါသည်။ Detail Enhancer သည် HDR ပုံ ကို အကြမ်း မှ အနု ( Wild to Mild ) ရအောင် ဆောင် ကျဉ်း ပေးပါ လိမ့် မည်။ Tone Compressor မှာ မူ သဘာဝ နှင့် အနီးစပ် ဆုံး Realistic Photography အဖြစ် ဖေါ် ပေးပါ လိမ့် မည်။


ထိပ်ပိုင်း တွင် Strength, Colour Saturation, Luminosity, Light Smoothing and Micro Contrast စသည်တို့ ကို တွေ့ ပါ  လိမ့် မည်။ အဆိုပါ Tool များကို မိမိ နှစ်သက် သကဲ့ သို့ သုံးပါ။ ကျွန်တော့် အနေနှင့်မူ Strength ကို ၁၀၀ အထိ တင်ပါသည်။ Light Smoothing ကို မူ ရှေ့ တိုး နောက် ဆုတ် လုပ်ကာ ကျွန်တော် လိုသည့် အဆင့် အထိ ချိန် ပါသည်။ လှုပ် ရှား မှု ကြောင့် ပုံ များထပ်ရာ တွင် လွဲ နေသည့်  Ghosting များကို ဖြောက် ရပါမည်။ ပုံ များ ပေါင်း သည့် အဆင့် မရှိသေး ဟု ထင်ပါက Strength ကို ပြန်သွားပါ။  Strength ကို မိမိ လိုသည့် အဆင့်ရ အောင် ပြန် ညှိပါ။

High Light Smoothing သည် သဘာဝ နှင့် နီး စပ်သည့် Realistic ပုံ ကိုဖေါ် ပေး၍ Low Light Smoothing သည် Computer Generated Image ကို ဖေါ် ပေးသည်။ မည်သည် အရာ က မှန်သည် ၊ မည်သည့် ဟာ မှား သည် ဟု ဆို၍ မရပါ။  မိမိ စိတ်ကြိုက် သာ ဆောင်ရွက် နိုင်ပါသည်။ ပုံ တွင် ရောင်ပြန် Haloing  များနေပါက Strength များနေ၍ ဖြစ်သည်။  အကယ် ၍ ကောင်းကင် ရှိ တိမ် များ ၏  အဖြူ နှင့် အပြာ ရောင်တို့ သည် သည် မီးခိုး (Gray)  ရောင် လွှမ်းနေပါမူ ပုံ တွင် Light Smoothing များနေ၍ ဖြစ်ပါသည်။ အရောင် ကို မိမိ လိုသည့် အဆင့် ရောက် သည် အထိ  ပြန် ညှိ ရပါမည်။

ယင်းနောက် Colour Saturation ကို ပြန် ကြည့်ပါ။  ဒါကလည်း မိမိ အကြိုက် နှင့်သာ ဆိုင်ပါသည်။ ကျွန်တော် အနေနှင့် မူ 70 ခန့် ထားပါသည်။ ပုံ၏ အားလုံးသော အရောင် များ၏ တောက်ပ မှု ကို Luminoisty ဖြင့် ပြန် ချိန်ပါ။ ပုံ ရှိ အရောင် ပြန် နေသည့် Haloing များကို Micro Contrast ဖြင့် ချိန် ပေးပါ။
hdr photography tutorial
  
အဆင့်(၅)

ယခု အဆင့် တွင် မူ ယေဘူယျ အားဖြင့် မိမိ လို သည့် အနေအထားတစ်ရပ် သို့ ရောက်ပြီဖြစ်ပါသည်။ လိုအပ်လျှင် ပုံ ကြွတက် လာစေရန် Punch လုပ်ရမည့် အနေ အထားရောက် လာပြီ ဖြစ်သည်။ HDR သည် တောက်ပ သည့် အရောင်များ ဖြင့် တစ်ပြင် တည်း ချယ် မှုန်း ထားသည့် ပုံဖြစ်သည့် အတွက် Contrast မပေါ်ဘဲ ဖြစ်နေသည်။  ထို့ ကြောင့် Contrast ဖေါ် ပေးရန် လိုလာသည်။ ထို အတွက် အဆင့် သုံးဆင့် ဖြင့် ပြင် ရပါမည်။
ပထမ အဆင့်အဖြစ် White Point, Black Point and Gamma တို့ ကို သုံးရပါမည်။ White Point သည်  Highlights ကို ထိန်းချုပ်ကာ Black Point သည် Shadow ကို ထိန်း ချုပ်ပါသည်။ Gamma မှာမူ Mid-tone Contrast ကို ထိန်း ချုပ်ပါသည်။


ကျွန်တော့် အနေနှင့်မူ Gamma နှင့် စပြင်ပါသည်။ ပြီး မှ White Point နှင့် Black Point တို့ ကို ဆက် သုံးပါသည်။ ယခု အဆင့် သည် ပုံ ကို Tone Mapped Low Dynamic Range Image အဆင့် ဖန်တည်း ၍ ပြီး လု သည့် အဆင့် သို့ ရောက်ပြီ ဖြစ်ပါသည်။ ကျန် သော လိုအပ် ချက် ကလေး များ ကို ပြန် စစ်ကြည့်ပါ။ တွေ့ ပါက ပြင်ပါ။
ပုံ တစ်ခု လုံး၏ Colour Temperature မမှန်ဟု ထင်လျှင် White Balance ကိုပြင်ပါ။ သီးသန့်  တစ်ခုခြင်း ပြင် လိုလျှင်မူ Highlight or Shadow မှ Saturation ကို အတိုး အလျှော့ လုပ်ကာ ပြင်ပါ။


အဆင့်(၆)

ယခု ဆိုလျှင် ပုံ ကို Process လုပ်၍ ပြီး စီးပြီ ဖြစ်သည်။ Process Image ကို Click  လုပ်ပါ။ ထိုအချိန်တွင် အားလုံးသော လုပ်ဆောင်ချက်များသည် HDR သို့ ပြောင်း သွား မည် ဖြစ်သည်။ ထိုပုံ ကို Save လုပ် လိုက် သော အခါ HDR Image ရပြီ ဖြစ်ပေ သည်။

အာလုံးပြီစီး သွားပါက ကျွန်တော်သည် ဆောင်ရွက်ချက် အားလုံးကို မှတ်သား သိမ်း ဆည်း ထား ရန်  16-Bit Tiff ဖြင့် Save လုပ်ပါသည်။ JEPEG ဖြင့် လည်း Save လုပ်လိုက လုပ် နိုင်ပါသည်။ ပုံ ကို Photomatix Save Panel တွင် Save လုပ် ခြင်း၏ အားသာ ချက်မှာ အဆိုပါ ပုံ ကို Photoshop သို့ တိုက်ရိုက် ပို့ ၍ ရသည့် အားသာ ချက် ဖြစ်ပါသည်။ ပုံ ၏ နောက်ဆုံး အဆင့် ပြင်ဆင်ခြင်းကို Photoshop တွင် လိုအပ်များကို ပြင်ရပါမည်။ Overall Levels, Sharpness, Noise Reduction စသည် များကို လိုအပ် သကဲ့ သို့ Photoshop တွင် ပြင်ရပါမည်။


Final Image of Photomatix  HDR



Processing your HDR Image in Photoshop CS2, CS3 or CS4
HDR အတွက် Photoshop ကို သုံးလျှင် ပုံ ကို Photoshop  တွင် ဖွင့် ပြီး HDR နှင့် Marge လုပ်ရပါမည်။ ထိုသို့ ဖြစ်စေရန်  File>Automate> Marge to HDR အဆင့် လိုက် လုပ်ပါ။




RAW or 16-Bit Tiff Image ကို HDR နှင့်Marge လုပ်ပါ။ Attempt to Automatically Align Source Image Box ကို Click လုပ်ပါ။ မိမိ တင် လိုက်သည့် ပုံ ၏ High Megapixels Load ကို ကွန်ပြူတာ က မနိုင်လျှင် Warning ပေး ygလိမ့် မည်။ ထို့နောက် OK ကို Click လုပ်ပါ။ ထိုအချိန် တွင် HDR Processing အတွက် Photshop ကို စတင် သုံး၍ ရပြီ ဖြစ်သည်။
အဆင့်(၁)

ဤ အဆင့်တွင် New  Screen Pop Up ဖြစ်လာပါလိမ့်မည်။ ထို အချိန် တွင် 32-Bit HDR Image ကို Radiance HDR File အဖြစ် Save လုပ် လိုက်ပါ။ ယခု အခါ တွင် Tone Mapping သို့ တိုက်ရိုက် ရောက်သွားမည် ဖြစ်သော ကြောင့် Bit Depth ကို  မယူဘဲ 16-Bit/ Channel ကို OK လုပ်ပါမည်။ ထို အချိန် တွင် Photoshop သည် Merging Process ကို စတင် နေပြီ ဖြစ်ပါသည်။ ပြီးပါက HDR Conversion New Dialog Box ပေါ် လာပါမည်။ ထို အခါ Drop Down Menu မှ Local Adaptation ကို ရွေးပါ။ Dialog Box ကို Tone Curve နှင့် Histogram ပေါ်လာသည် အထိ ချဲ့ ပါ။


Photoshop နှင့် Photomatix တို့ ကွာ ခြား ချက် မှာ Photomatix သည် အားလုံး Process များကို Tone Mapping မှ ဆောင်ရွက်ပြီး Photoshop မှာ မူ Tone Mapping သည် အကန့် အသတ် ရှိနေသည်။ ပြင်ဆင် ချက် များကို အခြားသော Tool များဖြစ်သော Level, Curve, Hue and Saturation စသည်တို့ဖြင့် ဆောင်ရွက် ရပါသည်။ Radius,  Threshold and Curve တို့ ကို လည်းသုံးရန်လိုပါမည်။ Radius ကို 10 နှင့် Threshhold ကို 1.50 တို့ တွင် ထားပါ။ ထို အနေအထားမှ ပုံကို မိမိလိုသည့် အနေအထားရောက် အောင် Adjustment ကိုအတိုး အဆုတ် လုပ်ပါ။ ပုံ သည် များစွာ Flat ဖြစ်နေလျှင် စိတ်မပျက် ပါနှင့် နောက် တစ်ဆင့် တွင် ပြန် ပြင် နိုင်ပါသည်။


လိုအပ်သည့် နေရာများကို Tone Curve ဖြင့် Artistic Version ရအောင် ပြင်ပေးပါ။ Curve ကို သုံးရာတွင် လိုအပ်သည့် နေရာ များ အတွက် Eye Dropper Toll ကို လည်း သုံးပါ။
hdr photography tutorial
အဆင့်(၂)


ပုံ၏ Tone သည် မျှတလာပြီ ဆိုလျှင် OK လုပ်လိုက်ပါ။ ထို့ နောက် ပုံ ၏ Contrast ကိုတင် ပေးပါ။

ကျွန်တော့် အနေ နှင့်မူ Level  ဖြင့် စတင်ပါသည်။ စာဖတ်သူများ အနေနှင့် Curve ဖြင့် စလိုက လည်း စလို့ ရပါသည်။ကျွန်တော့် အနေ နှင့်မူ Highlight and shadow Sliders ကို အလယ် သို့ ဦးစွာ  ပို့ ထားပါသည်။ ယင်းနောက်မှသာ Black and White အကြား အလင်းကို ချိန် ညှိပါသည်။ ထိုသို့ ညှိခြင်း ဖြင့်  ပုံ သည် ပြန် ကြွလာပါလိမ့်မည်။


အဆင့်(၃)

ထို အဆင့်တွင် ကျွန်တော်သည် Saturation ကို စိတ်ကြိုက် ညှိ ပါသည်။ Noise Reduction, Sharpening,  တို့ကိုလည်း သုံးပါသည်။ ပြင်ရန် လိုအပ် သည့်နေရာ သေးသေး လေး များ တွင် Dodge , Burn Tool များကိုလည်း သုံးပါသည်။
စိတ်ကြိုက် ရပြီဆိုလျှင် Save လုပ်ပါ။ Save လုပ်ရာ တွင် JPG ဖြင့် Save လုပ်ပါက 16-Bit to 8-Bit သို့ ( Image> Mode> 8-Bit ) ပြောင်းရပါမည်။
Photoshop HDR Final Image.
အောက် တွင် Photoshop ဖြင့် HDR ဖန်တည်း ထားသည့် ပုံ များ အနက် သဘာဝ ဆန်ဆန် Mild ဖြစ်သည့် ပုံ နှင့် စုတ်ချက် ကြမ်းကြမ်း Wild ဖြစ်သည့် ပုံ များကို ပြထားပါသည်။

HDR Styles
Mild
Wild


hdr photography tutorialPhotomatic Programme အရ ဖန်တည်းသည့် HDR  ပုံသည် HD ပိုဖြစ်ပြီး Final Image Effect ကို ပို ကျယ်ပြန့်စွာ ဖေါ်ဆောင်ပေးသည်။ Photoshop ဖြင့် HDR ဖန်တည်းရာတွင် မူ အကန့် အသတ် များရှိနေသည်။ Photomatic Programme သည် ပေါ့ သည့် Preogramme ဖြစ်သဖြင့် ကွန်ပြူတာ Memory သက်သာသည့် အတွက် ပုံ များ ကို process လုပ်ရာတွင် Photoshop ထက် ပို မြန် သည်။ မည်သည့် Programme သုံးရမည် ဆိုသည် မှာ မူ အသုံးပြုသူ၏ စိတ်ကြိုက် ဆုံးဖြတ် ရမည့် အချက် ပင် ဖြစ်ပါသည်။
_______________________________________________________






3 comments:

  1. လေ့လာချင်လို အန်ကယ်. software လေးတင်ပေးလို့ရင်တင်ပေးပါလား ကျေးဇူးတင်ပါတယ်..

    ReplyDelete
  2. I do not have software Ko Aungaung.

    ReplyDelete
  3. http://www.hdrsoft.com/download/pmp.html

    ReplyDelete