Monday 5 August 2013

Camera Setting (Part-I)




47- Camera Setting (Part-I)                                   ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၄၇)


 

ကင်မရာ တစ်လုံး၏ Setting များ အကြောင်း တစ်စေ့ တစ်စောင်း

(A Brief note on Camera Settings)

 

Part (I) -Focusing

 

စကားဦး

ဓါတ်ပုံ တစ်ပုံ ရိုက် ရာတွင် လက်တွေ့ အသုံးချရ မည့် အခြခံ Camera Setting များ နှင့် ပတ်သက်သော Focusing, Aperture, Depth of Field, Metering စသည့်  အကြောင်းအရာ များကို ဓါတ်ပုံဆိုင်ရာ ဘာသာ ရပ်အလိုက် ခေါင်းစဉ် များအောက် တွင် သီး ခြားစီ ရေး ခဲ့ပြီး ဖြစ်ပါသည်။

 
သို့ရာတွင် ဓါတ်ပုံ တစ်ပုံ ရိုက် ရာတွင် လက်တွေ့ သုံး ရမည့် Function ဆိုင်ရာ အကြောင်း အချက်များ တစ်စု တစ်စည်း ထဲ မဟုတ်ဘဲ မှာ အကွဲကွဲ အပြားပြား ဖြစ်နေပါသည်။
 
ဤကဲ့ သို့ ကင်မရာ Setting ဆိုင်ရာ အကြောင်းအရာ များကို စုစည်း လိုက်ပါက ဓါတ်ပုံပညာ စတင်လေ့လာ လျှက်ရှိသော ၀ါသနာရှင်များ  အနေနှင့် ပို၍ အဆင်ပြေ မည်ဟု ယူဆ သည့် အတွက်လည်းကောင်း မိတ်ဆွေတစ်ဦး ကလည်း ဤ ခေါင်းစဉ် ရေးသားသင့်သည့်ဟု အကြံ ပြု သဖြင့် လည်းကောင်း ယခင် ရေးသား ပြီးခဲ့သော မှတ်စု များကို ပြန်လည် စုစည်း ကာ ခေါင်း စဉ် နှင့် လျှော်ညီအောင်  ပြန်လည် ပြင်ဆင် ဖြည်စွက်၍  ဤ “ A Brief note on Camera Settings “  ကို ထပ်မံ ရေးသား ရခြင်း ဖြစ်ပါသည်။
 

ရေးသားရ မည့်အကြောင်းအရာ နှင့် နမူနာ ပုံ များ မှာ များပြားလှ သည့် အတွက် Focusing, Metering, ISO, Depth of Field  အပါ အ၀င် အခြားသော အကြောင်း အရာ များကို ကို အပိုင်း အလိုက် ခွဲ ကာ ရေးသား တင်ပြ သွားပါမည်။

 

 

Basic Setting

ဓါတ်ပုံ တစ်ပုံ ရိုက် တော့ မည် ဆိုလျှင် Aperture တို့ ၏သဘော နှင့် Focusing ၏သဘော များကို ကနဦး သဘောပေါက် ရန် လိုမည် ဖြစ်ပါသည်။ Aperture ကျဉ်းသွားခြင်း ကျယ်လာခြင်း တို့၏ ပုံတစ်ပုံ အပေါ် အကျိုး သက်ရောက်မှု နှင့် Fousing အပိုင်း၏ အဓိက Mode နှစ်ခု ဖြစ်သည့် မည်သို့ Focus လုပ်လိုသည် ဆိုသည့် Autofocus Mode အပိုင်းနှင့် မည်သည် နေရာကို Focus လုပ်လို သည်ဆို သည့် AF-Area Mode တို့ ၏ အကြောင်း ကို ပထမ ဦးစွာ  သိရှိထားရန် လိုမည် ဟု ယူဆပါသည်။

 

Focusing

DSLR ကင်မရာတစ်လုံး၏ Auto Focus စနစ်တွင် Active Auto Focus နှင့် Passive Auto Focus ဟူ ၍ စနစ် နှစ်မျိုး ရှိပါသည်။

 

Active Auto Focus.

Active Focus စနစ် သည် ကင်မရာက Infrared ကို Subject ထံသို့ ထုတ်လွှတ် လိုက်ပါသည်။  Subject မှ Bounce ဖြစ် လာသည့် Signal ဖြင့် ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေးကို  တွက်ချက်ကာ  Lens အား  မည်သို့ Focus လုပ် ရန် စေခိုင်း သည့် Focusing စနစ်သည် Active AF  ဖြစ်ပါသည်။  ည အချိန် Flash နှင့် ရိုက် လျှင် Flash မှ အနီရောင် Infrared ထုတ်လွှတ်ကာ Focus လုပ်ခြင်းသည် Active Auto Focus ဖြစ်ပါသည်။

 

Active Auto Focus ၏ အားသာ ချက်မှာ ပုံမှန် Passive AF လုပ်ဆောင်၍မရသည့် အလင်းရောင် များစွာ နည်း သည့် နေရာ များတွင် Focusing လုပ် နိုင်ခြင်း ဖြစ် ပါသည်။ အားနည်း ချက်မှာ Active Auto Focus သည် ငြိမ်နေသည် Subject များကို Focus လုပ် နိုင်ပါသည်။ အလွန် ဆုံး ၁၅ ပေ နှင့် ပေ ၂၀ ခန့် အကွာ ရှိ Subject များကို သာ Focus လုပ်နိုင်ပါသည်။

 

 

Passive Auto Focus.

 

Passive Auto Focus စနစ် သည်  Active AF နှင့် များစွာ ကွာပါသည်။ Passive Auto Focus စနစ် သည် Infrared ကို အားကိုး ကာ ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေးကို တိုင်း ထွာ ပြီး Focus လုပ် ခြင်း မဟုတ်ဘဲ Light Contrast ပေါ် မူတည်ကာ Focus လုပ်ခြင်း ဖြစ်ပါသည်။ ဤ စ နစ် တွင် လည်း နည်း နှစ် မျိုး ရှိပါသည်-

-      ပထမ နည်းမှာ Lens ကို ဖြတ်ကာ ၀င်လာသည့် အလင်း ( Light ) အား  ကင်မရာ Sensor က ဖမ်းယူ ( Detect )လုပ်ကာ Light မှ ထွက် ရှိသည့် Contrast များ အလိုက် တွက်အချက်၍ Focus လုပ် သည့် နည်း ဖြစ်ပါ သည်။ ယင်းကို “ Phase Detection “ နည်းဟု ခေါ် ပါသည်။

 

-      အခြား နည်း မှာ ကင်မရာ Sensor က Lens မှ ၀င်လာသည့် Image ပေါ်ရှိ အပြတ်သားဆုံး  အလင်းရောင် ၏ Contrast ကို မှတ်ကာ Focus လုပ် သည့် နည်း ဖြစ်ပါသည်။ ဤ နည်းကို “ Contrast Detection “ နည်းဟု ခေါ်ပါသည်။

 

အကယ်၍ Image သည်မှုန် ၀ါးနေပါ ကင်မရာ၏ Auto Focus System က Lnes အား ပုံ ရိပ် ပြတ်သား စေလာသည်အထိ Focus လုပ်ရန် စေခိုင်း သည့် နည်း ဖြစ်ပါသည်။ ထို့ ကြောင့် Passive AF စနစ် တွင် ကင်မရာ က Focusing ကောင်းစွာ လုပ် နိုင်စေရန် လိုအပ်သည့် အလင်း Contrast ပမာဏ ကောင်း မွန်စွာ ရ ရှိ ရန် လိုပါ သည်။

နောက် ပိုင်းပေါ်သည့် Mirrorless Camera နှင့် Compact ကင်မရာ များသည် Passive AF  စနစ် များ ဖြစ်ကြ ပါသည်။

 

ခေတ်မှီ DSLR ကင်မရာ များသည် Active AF ရော Passive AF ပါ စနစ် နှစ်မျိုး စလုံး နှင့် Focus လုပ်ပါသည်။ DSLR များတွင် မူ Mirror ကို မ တင် ထားသည် အချိန်တွင်သာ Contrast Detection နည်း ဖြင့် Focus လုပ် ပါသည်။ တစ်နည်းအားဖြင့် Live View Mode တွင်သာ Contrast Detection Focus လုပ်ပါသည်။ Contrast Detection Focus သည် ငြိမ်နေသည့် Subject များကို ရိုက်ရာ တွင် များစွာ အသုံး ၀င်ပါသည်။  Focus လုပ်ရာ တွင် နှေး ပါသည်။ သို့ရာတွင်  Phase Detection စနစ် ထက် ပို၍ တိကျ မှု ရှိပါသည်။  ဤ Focusing စနစ်များသည် ကင်မရာ Sensor က ၄င်းပေါ် ကျရောက် လာသည့် Light  Signal ကို မှတ် သားပြီး Lens ကိုအပ်သလို Focus လုပ် ခိုင်း ခြင်း ဖြစ်ပါသည်။

 

လှုပ်ရှားနေသည့် ပျံ နေသည့်  ငှက် ကဲ့ သို့ Moving Subject များ ကို ရိုက်ရာ တွင် မူ Phase Detection Focusing စနစ် ဖြင့်သာ လျှင် Focus လုပ် နိုင်ပါသည်။ ကင်မရာ ရှိ အဆိုပါ Mode  နှင့်ပတ်သက် သည့် Setting လုပ် လိုက်လျှင် ကင်မရာ Firmware  က လိုအပ်သည်များကို အလိုအလျှောက် လုပ်ဆောင် သွားပါ လိမ့် မည်။

 

 

 Autofocus Mode and AF-Area Mode

 

အထက်တွင် ဖေါ် ပြ ထားသကဲ့ သို့ ကင် မရာ များ တွင် ယေဘူယျ အားဖြင့် ဓါတ်ပုံ ရိုက်သူက မည်သို့  သော ပုံစံမျိုး နှင့် Focus လုပ် လိုသည်ကို ရွေး ချယ် နိုင်သည့် Autofocus Mode  နှင့် မည်သည် နေရာ များ အား Focus လုပ် လိုသည်ကို ရွေးချယ် နိုင်သည့် အတိုကောက် အားဖြင့် ( AF-Area Mode ) ဟု ခေါ်သည့် Auto Focus Area Mode ဟူ ၍ နှစ်ပိုင်း  ရှိပါသည်။

 

Autofocus Mode တွင်-

 

အမှတ်စဉ်
အတိုကောက်
ဆောင်ရွက် မှု
ကင်မရာ Control Panel တွင် မြင်ရမည့် မြင်ကွင်း
 
1.
 
AF-A
Auto –servo AF
 
Subject ငြိမ်နေစဉ် ကင်မရာက အလို အလျှောက် Single-Servo ဖြင့် Focus လုပ်မည် ဖြစ်ပြီး 
သာမန် ရွှေ့ လျှားသည့် အချိန် တွင် Continuous-servo သို့ အလိုအ လျှောက် ပြောင်း ကာ Focus  လုပ် ပေး သည့် Mode ဖြစ်ပါသည်။ ကင်မရာ Firmware က သူ့ ဟာ သူ ဆုံး ဖြတ်ကာ Focus လုပ် ပါ လိမ့် မည်။
Focus Points များသည်  တစ် ဘက် ဇယား ရှိ ပုံပါ Points  များ အတွင်း ၌  ကင်မရာ Firmware ကဆုံးဖြတ်ပေးသကဲ့ သို့ ပြောင်းလဲ နေပါ လိမ့်မည်။
 

 
 
2.
AF-S
Single –servo AF
လှုပ်ရှား မှု မရှိဘဲ ငြိမ်နေသည့် Subject ကို Single Point ဖြင့် Focus လုပ်ကာ  ရိုက်သည့် Mode ဖြစ်ပါသည်။ လို သည့်နေရာ သို့ တစ်ဘက် ဇယား ကွက် ပါ အလယ် ရှိ Focus Point လေးကို ရွေ့ ယူ နိုင်ပါသည်။
Shutter-Release Button ကို တစ်ဝက် နှိပ်ထားပါက Focus Lock ဖြစ်သွားပါ လိမ့်မည်။ In-Focus Indictor ပြ ၍ Focus မိမှသာ Shutter-Release Button ကို အဆုံး နှိပ် နိုင် ပါလိမ့် မည်။
 
 
3.
AF-C
Continuous-servo AF
ရွှေ့လျှားနေသည့် Subject ကို ယင်း ရွှေ့ လျှား နေသည် နောက် လိုက် ကာ Focus လုပ် ပေးသည့် Continuous Focusing Mode ဖြစ်ပါသည်။ Shutter-Release Button  ကို တစ်ဝက် နှိပ် ထားပါက ကင်မရာ သည် Predictive focus tracking စနစ် ဖြင့် ရွှေ့ လျှားနေ သည့် Subject ၏ နောက် သို့ လိုက်ကာ တောက်လျှောက် Focus လုပ်နေပါ လိမ့် မည်။ Focus မိသည် ဖြစ်စေ၊ မမိ သည်ဖြစ်စေ Shutter-Release Button ကို နှိပ် ကာ ရိုက် နိုင်ပါသည်။
 

 

 

AF-Area Mode

 

AF-Area Mode တွင်မူ  Niko D-7000 ၏ View Finder ၌ တွေ့ ရမည့် မြင်ကွင်း  ကို အောက် ပုံ တွင် ပြထားပါသည်။ D-7000 Manual တွက် ပါရှိသည့် ပုံ ကို ပြန် ရိုက်ကူး ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။

 






အထက်ပုံ တွင် ဖေါ်ပြထာသည့်-
 
-              Single Point AF သည် မိမိ ရွေးချယ် သတ်မှတ် ပေးသည့် နေရာ တစ်ခု ထည်း ကိုသာ Focus လုပ်ပါလိမ့် မည်။
 
-      9-Point dynamic –Area AF, သည် ( အပြေး ပြိုင် ပွဲ တွင် များစွာ မမြန် လှဘဲ ဦးတည်ရာ တစ်ဘက်ထည်း သို့ ပြေးနေသည့် သီးခြား Subject  များ အားရိုက် ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)
 
-      21-Point dynamic –area AF, သည်( ဘောလုံးပွဲ ကဲ့ သို့ ဦးတည်ရာ အမျိုးမျိုး သို့ မြန် ဆန် စွာ ပြေးနေသည့် Subject  များ အားရိုက် ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)
 
 -     39-Point dynamic –area AF, သည် (အလွန်လျှင် မြန်စွာ စွာရွှေ့လျှားနေသော ကြောင့် Frame လုပ်ရန် ခက်သော အရှိန် နှင့် ပျံသန်း နေသည့် ငှက် များကိုရိုက်ရန်  သင့် လျှော်သည့် Mode ဖြစ်ပါသည်။)
 
-      3D Tracking သည် Shutter Release Button ကို တစ်ဝက် နှိပ်ထားပါ ပတ်ဝန်း ကျင် ရှိ အရောင် ( Colour ) ကို ကင်မရာ ကမှတ်ထားလိုက်ပြီး မိမိ မှတ်သား ပေးလိုက်သော အရောင်ရှိသည့် Subject ကို လိုက် ကာ Focus လုပ်ပါသည်။ နောက်ခံ အရောင် နှင့် Subject တို့ ၏ အရာင် များ နီးစပ်နေလျှင် ကင်မရာက Fous ယူ ရာ တွင် အခက်အခဲ ရှိပြီး မှားတတ် ပါသည်။ AF-A, AF-C တို့ နှင့် Tracking တွင် တွဲ သုံး နိုင်ပါသည်။
 
-      Auto-Area AF  တွင် ကပင်မရာသည် အလိုအလျှောက် Subject ကို Detect လုပ်ပါသည်။ Focus Point ကို ကင်မရာက ရွေးချယ် ပေးသည့် နည်း ဖြစ်ပါသည်။ နောက်ခံ ရှုခင်း နှင့် လူ တို့  တွဲ ရိုက်ရာ တွင် Aperture ကျယ်ကျယ်  ရိုက် ပါ မူ ရှေ့ ရှိ လူ ပုံ သေးသေး ထက် နောက်က ထင်ရှားနေ သည့် နောက်ခံ ကို Focus ယူ တတ် ပါသည်။ Shallow Depth of Field ပါး သွား သဖြင့် လူ ပုံ သည် ပြတ်သား သင့် သလောက် ပြန် သား ခြင်း မရှိ တတ် သည် ကို သတိထားရ မည့် Mode ဖြစ်ပါသည်။
 



 
 Autofocus Mode နှင့် AF-Area Mode တို့ တွဲ ကာ အသုံး ပြုခြင်း။

 

No.
 
Autofocus Mode
Autofocus Mode များ နှင့် တွဲ ဘက် သုံး နိုင်သည့် AF-Area Mode
 
1
AF-A
AF-Area Mode အားလုံး နှင့် တွဲ သုံးနိုင်ပါသည်။
 
2
AF-S
Auto- Area AF Mode နှင့် Single Point AF Mode များ နှင့်သာ တွဲ သုံး နိုင်ပါသည်။
 
3
AF-C
AF-Area Mode အားလုံး နှင့် တွဲ သုံးနိုင်ပါသည်။ သို့ရာတွင် Subject ၏ လျှင်မြန်စွာ လှုပ် ရှားနေ သည့် အရှိန်ပေါ် မူတည်ကာ Subject 9-Poins, 21-Points, 39-Points Area Mode တို့ နှင့် တွဲ ဘက် သုံး ပါက ပို၍ တိကျ မှု ရရှိနိုင်ပါသည်။

 

 

အထက်ပါ Dynamic Mode များ တွင် အထက်ပုံ တွင်သာ 9-Poins, 21-Points, 39-Points တို့ ကို အစက် ကလေးများစွာ ဖြင့် Point များ၏ဧရိယာ ကို မြင်သာစေရန် ပြထားစေကာမူ အမှန် တကယ် View Finder တွင် ကြည့် လျှင် Active ဖြစ်နေသော Point လှုပ် ရှားနေသည် ကိုပင် မြင်ရမည် ဖြစ်ပါသည်။

 

အကြမ်း အားဖြင့် ဆိုရပါ မူ အရှိန် မြန် မြန် နှင့် ပျံသန်းနေသည့် အကောင် သေးသေး ငှက် များကို  Auto Focus Mode ၏ AF-C နှင့် AF Area Mode တွင် ပါဝင်သည့်  39-Point တို့ တွဲ သုံး သင့်ပါသည်။

 

အကောင်ကြီးကြီး နှင့် ခတ် လေးလေး ပျံနေသည့် လင်းဒ ကဲ့သို့ ငှက်များ အတွက် မူ များ AF-Area Mode Point နည်းသည့်  9-Poins, 21-Points, တို့နှင့် လည်း တွဲကာ သုံးနိုင်ပါသည်။

 

 

 Single Point Focus.

AF-Area Mode ရှိ Single Point AF  သည် မိမိ လိုသည့် နေရာကို ကွက် တိ Focus လုပ် သည် နည်း ဖြစ် သောကြောင့် Serious Photographer များ အများဆုံး သုံးသည် နည်း ဖြစ်ပါသည်။ မည် သို့သော  တိတိကျကျ  Subject မှ မ ပါသည့် ရှုခင်း ကဲ့ သို့ ပုံ များ ရိုက်သည့် အချိန်တွင်သာ  ကင်မရာ က Focusing ကိုရွေး ချယ်သည့် Auto-Area AF  ကိုသုံးကြသည်ဟု သိရှိရပါသည်။ မိမိ လိုသည့် နေရာ (Area) အား Focus လုပ် ခြင်း ကို မိမိ လိုသလို ထိန်းချုပ် လို၍ ဖြစ်ပါသည်။

 

Single Point Focus ကို စတင် သုံးစဉ်က Single Point Focus ကျရောက်သည့် နေရာ မဟုတ်သည့် အခြားသော နေရာ များ ၏ ပြတ်သား မှု အတွက် စိတ် ပူ မိခဲ့ ပါသည်။ Single Point Focus နေရာ သာလျှင် ပြတ်သားနေပြီး ကျန်သောအရာ များ ၏ ပြတ်သား မှု ကျ သွားးလေ မလား ဆိုသည့် စိုးရိမ် မှု ဖြစ်ပါသည်။

 

ဓါတ်ပုံသမား  တစ်ဦးက “ သူသည် လူ သုံး ဦး ရင်ဘောင် တန်း ကာ ယှဉ် ၍ ရပ် နေရာတွင် အလယ် က လူ ကို Single Point Focusing လုပ်မည် ဖြစ် ကြောင်း၊ ဤ ကဲ့ သို့ လုပ်ရာ တွင် အဆိုပါ လူ ၏ ဘေး ဘယ်-ညာ ရှိ လူ နှစ်ဦး Focus မှ လွတ်ကာ မပြတ်မသား ဖြစ်လေ မည် လား” ဟူ သော မေးခွန်းကို Forum တစ်ခုတွင် မေး ခဲ့သည်ကို တွေ့ ခဲ့ ရပါသည်။

 

အဆိုပါ မေးခွန်းကို ၀ါရင့် ဓါတ်ပုံ ဆရာ တစ်ဦးက “ Focus doesn't fall off side to side. It only falls off front to back.”  Focus ၏ သက်ရောက် မှုသည် ဘေး တိုက် သက်ရောက်ခြင်း မရှိဘဲ ရှေ့ နှင့် နောက် တို့ တွင်သာ သက်ရောက်မှု ရှိသည်ဟူ၍ ပြန်လည်ဖြေကြားသည့် စာပိုဒ်လေး တစ်ခု ကို တွေ့ လိုက်မိပါသည်။

 

Focus Pointသည် Focal Plain ပေါ် သို့ ကျရာက် ရာတွင် ပြင်လိုက် တန်ဘိုးညီ ကျရောက်ပြီး ၊ Focusထိရောက်မှု အနည်း အများသည် ရှေ့ ရောက်ခြင်း နောက် ရောက် ခြင်း တို့ ၏ အပေါ် တွင်သာ တည် နေသည် ဆိုသည့် အချက် ကိုပြော လိုက်ခြင်း ဖြစ်ပါသည်။

 

Single Point Focus သည် Focal Plain ပေါ် ရှိ မိမိ အလေး အနက် ပြလိုသည့် နေရာ ကို အတိအကျ Focus ဖြတ်ခြင်း ဖြစ်ပါသည်။ အောက်ပါ ပုံ များ မှာ Single Point Focusing ပေးထားသည့် နေရာ များကို နမူနာ ပြထားသည့် ပုံ များ ဖြစ်ကြပါသည်။ လေးထောင့် ကွက် ငယ်လေးသည် Single Point Focus နေရာ ဖြစ်ပါသည်။

 
 
  
 
 
အောက်ပါပုံ မှာ မူ ပြေးနေသည့် ခွေးကို Auto-Area AF   ယူ ထားသည့် ပုံ ဖြစ်ပါသည်။ ပုံတွင် မြင်ရသော လေးထောင့် ကွက်များသည် Auto-Area AF    ယူထား သည့် နေရ များဖြစ်ပါသည်။ ကင်မရာက Single Point  Focusing နှင့် Auto-Area AF   တို့ တွင် Focus Point များ ယူ ပုံ ကို ထင်ရှားစွာ မြင်နိုင်ပါသည်။
 
 
Focus ၏ အကျိုး သက်ရောက် မှု သည် အတာ် ကျဉ်းသည့် Aperture နှင့် ရိုက်သည့်ပုံများ မှ အပ ဘေး တိုက် ပြင်ညီ တွင် အကျိုးသက် ရောက်မှု မရှိဘဲ ရှေ့ ရောက် ခြင်း နောက် ရောက် ခြင်း တို့ အပေါ် တွင် သာ အကျိုး သက်ရောက် မှု ရှိပါသည်။
 
 
 


အနီး ၊ အဝေး မတူ သည့် Subject များ အပေါ် ကျရောက်သော Focus.
 
အောက်ပါ ပုံ မှာ Single Focus Point သည် နှုတ် ခမ်း ပေါ်တွင် ကျ နေသည့် ပုံ ဖြစ်ပါသည်။ ထို့ ကြောင့် Focus Point ၏ နောက် သို့ ရောက်နေသည့် မျက် လုံး မှာ ၀ါး နေသည်ကို တွေ့ နိုင်ပါသည်။ နှုတ်ခမ်းကို အထူးပြု ရိုက် ကူးလိုလျှင် ဤ ပုံ သည် ကောင်းမွန် မှန်ကန် သည် ဟု ဆိုနိုင်ပါသည်။ သို့ သော် မျက်လုံးကို အထူးပြု ပြသ လိုသဖြင့် ရိုက်ကူး သည့် ပုံ ဖြစ်ပါမူ Focus လွဲ နေသည်ဟု ဆိုရပါမည်။

 

 

 


အောက်ပါ ပုံ မှာ Focus Point သည် မျက်လုံး ပေါ်တွင် ကျ ရမည့် အစား မျက်မှန်ပေါ် တွင် ကျ နေသည့် ပုံ ဖြစ်ပါသည်။ Focus သည် အထူးပြု ပြသ ရမည့် မျက်လုံး အစား ယင်း၏ နောက်တွင်ရှိ မျက်မှန်ပေါ်သို့ ကျော်ကာ ကျရောက်နေ သဖြင့် မျက်လုံး၏ပြတ် သား မှု သည် လျှော့ သွားခြင်း ဖြစ်ပါသည်။
ISO 200, f2.0, Shutter Speed 1/1000.



အောက် ပါပုံ တွင် မူ Focus သည် Subject ၏ ပုခုံး တွင် ကျနေသဖြင့် ပုခုံး နှင့် ပုခုံး ထက်ရှိ အင်္ကျီ ပြတ်သားနေပြီး ပုခုံး၏ ရှေ့ တွင် ရှိ မျက် နှာ အနည်းငယ် ၀ါး နေသည်ကို တွေ့ နိုင်ပါသည်။



ISO 100, f2.8, Shutter Speed 1/200.




အထက်ပါ ပုံ မှာ Apertureအကျယ် ဖြစ်သည့် f-2.8 နှင့် ရိုက်သည့် အတွက် Subject ပု ခုံး ၏ ရှေ့ နှင့် နောက် နေရာ များ ပြတ်သား မှု လျှော့ နေသော်လည်း Aperture f-16လောက် နှင့် သာ ရိုက်မည် ဆိုပါ က ယခု ပုံ တွင် ၀ါး နေသည့် နေရာ များ သည် ပြတ်သား သင့် သလောက် ပြတ် သား လာ မည် ဖြစ်ပါသည်။


 
အထက် ပါ နမူနာ ပုံ များ အားလုံးသည် Aperture ကျယ်ကျယ် နှင့် ရိုက်ထားသည့် ပုံ များ ဖြစ်ပါသည်။ Apertureကျဉ်းကျဉ်း နှင့် ရိုက် မည် ဆိုပါက Single Focus Point ၏ အပြင်ဘက် အနီးပတ်ဝန်းကျင် နေရာ များရှိ ပြတ်သား မှု လျှော့နည်း နေသည်ကို ဤ ကဲ့ သို့ သိသာ နိုင်မည် မဟုတ်ပါ။

 

လူ တစ်ဦး ထည်း မဟုတ်ဘဲ တစ်ဦး ထက် ပိုသည့် လူ များကို ရိုက်ရာ တွင် လူ တစ်ဦး ၏ မျက်လုံး ကို Focus ဖမ်း ရပါမည်ဖြစ်ပြီး အခြားသူများ လည်း ပြတ်သား မှု ရှိလာစေရန် Aperture ကို လည်း လို အပ် သည် အထိ ကျဉ်း ပေးရန် လိုပါသည်။

အောက်ပါ ပုံ တွင် လူ (၃) ဦး အနက် အလယ်ရှိ ခလေး ၏ မျက် လုံးကို Focus ဖမ်းထားပါသည်။




အောက်ပါ ပုံ မှာ ခလေး အကြီး မလေး၏ မျက် လုံးကို Focus ဖမ်း ထားကာ ISO 100, f- 1.8, Shutter Speed 1/320 ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ Aperture ကျယ် ကျယ် နှင့် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။





အဆိုပါ ပုံ ကို ပုံကြီး ချဲ့ ကြည့်ရာ တွင် Main Subject ဖြစ်သူ အကြီးမလေး၏ ဘယ်ဘက် ရှိ ခလေး ငယ်၏ မျက်လုံးမှာ Main Subject ၏ မျက် လုံး လောက် ပြတ်သား မှု မရှိ သည်ကို တွေ့ နိုင်ပါသည်။ Aperture ကျယ် သည့် ရိုက်ချက် ဖြစ်သဖြင့် Single Point Focusing သည် Focus ထောက်သည့် နေရာ ကိုသာ အတိအကျ ယူ လိုက်သည် ကို တွေ့ နိုင်ပါသည်။ အလေး ငယ် လေးမှာ Main Subject ခလေးမလေး ၏ အရှေ့ သို့ အနည်း ငယ် ရောက်ရောက်နေသည့် အတွက် ဖြစ်ပါသည်။

 
 
သို့ ရာတွင် အောက်ပါ ပုံ မှာ မူ Focus Point ကို အလယ် ရှိ ခလေး ကိုသာ ယူ ထားသော်လည်း f-4, Shutter speed 1/ 320 ဖြင့် Aperture ကို ကျဉ်း ကာ ရိုက်သည့် အတွက် ဘေး နှစ်ဘက်ရှိ ခလေး ပါ ပြတ် သား နေသည် ကို တွေ့ နိုင်ပါသည်။

 
အောက်ပါ ပုံ တွင် Single Focus Point ကို ကစားစရာ အရုပ် ပေါ် တွင် ယူ ထားသည်။ Aperture f-1.8 ဖြင့် ရိုက်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် ယင်းနောက် ရှိ လူ သည် ၀ါးနေပါသည်။
ISO 100, f1.8, Shutter Speed1/100
အနီး ၊ အဝေး တူညီမှု မရှိ သည့် Subject များ အပေါ် ကျရောက်သော Focus
နှင့် Aperture အကျဉ်း အကျယ် ကို လိုက်၍ ပြောင်းလဲ လာသည့် ပြတ်သားမှု။
 
အောက်ပါ နမူ နာ ပုံ များ မှာ မသိမသာ စောင်း နေသည့် ၊ တစ်နည်း အား ဖြင့် ကင်မရာ နှင့်Subject အနီး အဝေး မသိမသာလေးမျှသာ ကွာနေ သည့် Subject နှစ်ခု ကို Single Point Focus ဖြင့်Aperture အမျိုး မျိုး ပြောင်းကာ ရိုက် ထားသည့် ပုံ များ ဖြစ် ပါသည်။ အဆိုပါ ပုံ များကို ISO-200, Nikon 50mm, f-1.4 Lens, Aperture Priority ဖြင့် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ Single Point Focus လုပ်ထားသည့် နေရာ ကို အနီရောင်ဖြင့် Single Point Focus ဟုရေး ထားပါသည်။

 

 



အထက်ပါ ပုံ မှာ ခပ်စောင်းစောင်း ဖြစ်နေသည့် သော့ ( Lock) နှစ်လုံး အနက် နောက် မှ သော့ ကိုSingle Point Focus ဖြတ်ထားကာ Aperture f-1.4 ဖြင့် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။ ကြည့်သူ၏ ဘယ်ဘက်ရှိသော့သည် Focus ဖမ်းထားသည့် ညာဘက်ရှိ သော့ထက် ကင်မရာ နှင့် မသိမသာ လေး မျှသာ ပိုနီးပါ သည်။ ပုံ တွင်မူ အဆိုပါ မသိမသာ ကွာ နေသည့် ရှေ့ပိုင်းသို့ ရောက်နေသော ( Lock) သည် အနည်း ငယ် ၀ါးနေသည် ကို မြင်နိုင်ပါသည်။ ဤ အနေအထား မှာ “ Focus only falls off front to back.” ဆို သည် ပြသ ခြင်း ဖြစ်ပါသည်။




အထက်ပါ ပုံ မှာ ယင်း ပုံ ကို ပင် Aperture f-8 ရိုက် ကူး ရာ ၌ ရှေ့ တွင် ရှိသော့ အနည်းငယ် မျှ ပို၍ ပြတ်သား လာသည့် ကို တွေ့ ရမည် ဖြစ်ပါသည်။
 

 

အဆိုပါ ပုံကိုပင်လျှင်  Aperture f-16 ဖြင့် ရိုက်သည့် အချိန်တွင် သော့ နှစ်လုံး စလုံး ပြတ် သား လာသည့် ကိုတွေ့ နိုင်ပါသည်။


 


ထို့ ကြောင့် Aperture ကျယ်ကျယ် နှင့် လိုသည့် နေရာ ကို အတိအကျ Focus ဖြတ် မည် ဆိုပါက Single Point Focus သုံး ရန် လိုပါသည်။ အထူး သဖြင့် Portrait ရိုက် ရာတွင် အသုံးများသည့် နည်း ဟု ဆိုရပါမည်။

 

၎င်းအပြင် လိုသည့် နေရာ ကို ရွေးကာ အတိအကျ Focus ယူ လိုလျှင် Single Point Focusing နည်းကို သုံးရမည် ဖြစ်ပါသည်။ ဥပမာ အား ဖြင့် မိမိ ရိုက် လိုသည့် Subject သည် မျက် ပင် ရှည် များ ၏နောက်တွင် ရှိနေသည် ဆိုပါစို့။ ဤ ကဲ့ သို့ အခြေ အနေ မျိုး တွင် Auto-Area Auto Focus ( Auto-Area AF ) ဖြင့် ရိုက် မည် ဆိုပါက ကင်မရာ သည် ၄င်း နှင့် အနီးဆုံး ဖြစ်သည့် Subject ရှေ့ ရှိ မျက် ပင် များကိုသာFocus ဖြတ် မည် ဖြစ်သောကြောင့် ရှေ့ ရှိ မျက်ပင် ရှည် များ ပြတ်သားကာ နောက် ရှိSubject သည် လိုအပ် သည့် အတိုင်း အတာ အထိ ပြတ်သား တော့ မည် မဟုတ်ပါ။

 

အဆိုပါအခြေ အနေမျိုး တွင် မျက်ပင် များ အကြား မှ နေ၍ ဖြတ်ကာ မိမိ ရိုက် လိုသည့် Subject ကိုSingle Point Focusing ဖြင့် ထောက် ကာ ရိုက်ပါက ရှေ့ တွင် ရှိ မျက် ပင် များ ၀ါးသွားပြီး ယင်းနောက်ရှိ Subject ပြတ်သား နေပါလိမ့် မည်။




 

အထက်ပါ ပုံ တွင် Main Subject ဖြစ်သည့် ငှက်သည် မျက် ကဲ့ သို့ အရွက် များနောက်တွက် ရောက်နေပါသည်။ သာမန် Auto-Area AF ဖြင့် သာ ရိုက် မည် ဆိုပါက ရှေ့ ရှိသစ်ရွက် များသာ ပြတ်သားနေမည်ဖြစ်ပြီး ငှက် ကလေး ၀ါးနေမည် သာ ဖြစ်ပါသည်။ ယခု ပုံ တွင် မူ ငှက် ကလေး ကို Single Point Focus ယူ ကာ ရိုက် ထားဖြင့် ငှက် ပြတ်သားနေပြီး ရှေ့ ရှိ သစ်ရွက် များ ၀ါး နေခြင်း ဖြစ်ပါသည်။
 
Portraitရိုက် ရာတွင် လည်း Auto-Area AF ဖြင့် ကင်မရာ အလိုကျ Focusing ဖြင့် သာ ရိုက် မည် ဆိုပါက အသားပေး ရိုက်ကူး ရမည့် Subject ၏ မျက်လုံး နေရာ မှာ ပြတ်သား သင့် သလောက် ပြတ်သား လိမ့် မည် မဟုတ်ပါ။
 
 
အနီး ၊ အဝေး တူညီသည့် Subject များ အပေါ် ကျရောက်သော Focus.
 
 အောက်ပါ ပုံ မူ Subject (၃) ခု ကို တစ်ပြေး ညီ ထည်း ထားကာ အောက်ပါ ပထမ ပုံကို Aperture f-1.4 ဖြင့် Single point Focus ကို Main Subject အဖြစ်ထားသည့် အလယ် ရှိ စက္ကူ ဘူးပေါ် သို့ ထောက်ကာ ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။ Main Subject ၏ ဘေး ဘယ် ၊ ညာ ရှိ ပုံ များ ၏ ပြတ်သား မှု မှာ ထူးခြားစွာ စွာ ကွာ ခြား မှု မရှိ သည်ကို တွေ့ နိုင်ပါသည်။
အောက်ပါ ပုံကို ISO-200, Nikon 50mm, f-1.4Lens, Aperture Priority ဖြင့် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
 
 
 

အောက်ပါပုံ မှာ အဆိုပါ တစ်ညီထည်း စီ ထားသည့် Subject (၃) ခု ကိုပင် Apertutre f-8 နှင့် ပြောင်းကာ ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။ သေချာစွာ ကြည့်လျှင် Subject (၃) ခု စလုံး သည် မျှ တ စွာ ပို၍ ပြတ်သားလာသည့်ကို တွေ့ ရပါသည်။


အောက်ပါ ပုံ မှာ အဆိုပါ တစ်ညီထည်း စီ ထားသည့် Subject (၃) ခု ကိုပင် ထပ်မံ ၍Apertutre f-16 နှင့် ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။ Subject (၃) ခု စလုံး ပို၍ မျှ တစွာ ပြတ်သားလာသည်ကို တွေ့ ရပါသည်။ အချုပ် အားဖြင့် ဆိုရပါလျှင် Focus ၏ ဘေး တိုက် အကျိုး သက် ရောက် မှု သည် ထူးခြား စွာ မရှိ ခြင်း ကို ပြ ခြင်း ပင် ဖြစ်ပါသည်။
 




အထက်ပါ ပုံ များသည် “ Focus doesn't fall off side to side. It only falls off front to back.” ဆိုသည့် အချက် ကို ပြ သ ခြင်း ပင် ဖြစ်ပါသည်။  ၄င်းအပြင်  အထက်ပါ ပုံ များ ကို ကြည့် ခြင်း ဖြင့် Aperture ကျဉ်းလာသည်နှင့်အမျှ နောက်ခံ Background သည် တစ်စ တစ်စ  ပို၍ ပို၍ ပြတ်သား လာသည့်ကို သိသာ စွာ မြင်နိုင်ပါသည်။


 

 

Lens များ၏ Sweet Spot ။

အခြား သတိပြု ရမည့် အချက် မှာ Lens တိုင်းတွင် “ Sweet Spot “ ဆိုသည့် အကောင်း ဆုံး အနေအထားတစ်ရပ် ရှိ လေ့ ရှိပါသည်။ မည့် သည့် Aperture တွင် ပုံ ကြည့် လင် ပြတ်သား မှု အရှိဆုံး ဆိုသည် ကို သိရန် လိုပါသည်။ စိတ်တိုင်းကျ စမ်း သပ် ရိုက် ကူး ကြည့် ခြင်း ဖြင့် သိနိုင်ပါသည်။

 
အောက် ပါ ပုံ များကို Nikon 50mm, f-1.8 ၏ Sweet Spot ကိုသိ နိုင်ရန်အတွက် ကင်မရာ အားTripod ပေါ် တင်၍ Aperture အမျိုးမျိုး ပြောင်းကာ စမ်းသပ် ရိုက်ကူး ထားခြင်း ဖြစ်ပါသည်။


 

ပုံများကို စစ်ဆေးကြည့်ရာတွင် အလယ် အလတ် ( Mid-Range ) Aperture များတွင် ပုံ များသည် မတိမ်း မယိမ်း ဖြစ်နေကြသော်လည်း f-2.5 နှင့် f-7.1 ဖြင့် ရိုက် ထားသည့် ပုံ များမျာ အပြတ် သား ဆုံး ဖြစ်နေသည်ကို တွေ့ ရပါသည်။ အဆိုပါ Aperture များသည် အဆိုပါ Lens ၏ Sweet Spot များ ပင် ဖြစ်ပါသည်။ ယခု ဥပမာ သည် Nikon 50mm, f-1.8 ၏ နမူ နာသာ ဖြစ်ပါသည်။ Lens တစ်ခု နှင့် တစ်ခု Sweet Spot များ ခြားနား နိုင်ပါသည်။ စမ်းသပ် ရိုက် ကူးမှ သာလျှင် အတိအကျသိနိုင်မည် ဖြစ်ပါသည်။


 


ကင်မရာ ပစ္စည်း များသည် အချိန် နှင့် တစ်ပြေးညီ တိုး တက် လျှက်ရှိပါသည်။ မည် သို့ပင် ပစ္စည်းကိရိယာ များ တိုးတက် ထွန်းကား လာသော် လည်း လူ ၏ ကျွမ်းကျင်မှု ၊ စမ်းသပ် လေ့ကျင့်မှု၊ ပညာ ဗဟုသုတ တို့ သည်လည်း ယင်းတို့ နှင့်အတူ မြင့် မားရန် လိုလာပြီ ဟု ဆိုရပါမည်။ တိုး တက်လာ သော ပစ္စည်း ကိရိယာများ ကို မြင်းကောင်းတစ်စီး ဟု တင်စား ဆိုရပါလျှင်၊ အဆိုပါ မြင်း ကို အမြင့်ဆုံး စွမ်းအင် ဖြင့် ပြေး ရန် မှာ မြင်းစီးသူ က ဇက်ကြိုး ကို နိုင်ရန် လိုအပ် မည် ဖြစ်ပါသည်။
 
 

 





8 comments:

  1. ကျေးဇူးတင်ပါတယ် အန်ကယ် ခင်ဗျာ..ပြီးဆုံးအောင်လေ့လာချင်ပါတယ်..

    ReplyDelete
  2. I've posted Part(II) and Part(III) as Note No. 48 and 49 Ko Aung Aung.

    ReplyDelete
  3. သေချာဖတ်နေပါတယ် အန်ကယ်..။ အားလုံးကုန်အောင်ဖတ်မှာ.. TQ

    ReplyDelete
  4. ကျွန်တော်တို့ အတွက် အရမ်းကို အထောက်ကူပြုပါတယ်ဗျ... ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. အရမ်းတန်​ဘိုးရှိပါတယ်​ ကင်​မ၇ာနဲ့အသက်​​မွေးမှာပါ အခုမှကင်​မရာစဝယ်​မှာပါ ၅သ်​န်းဝန်းကျင်​တန်​ ဘယ်​လိုအမျိုးအစားဝယ်​ရမယ်​ဆိုတာလမ်းညွန်​ပြပါဦးဆ၇ာ​ကျေးဇူးတင်ပါတယ်​ခင်​ဗျ

    ReplyDelete
  6. အရမ်း​ကောင်းတဲ့ စာ။

    ReplyDelete
  7. လေးစားပါတယ်ဆရာ...ကျေးဇူးလည်းတင်ပါတယ်...ကျွန်တော်လည်းbeginer ပါပဲ...ဆက်ပြီးလေ့လာသွားပါ့မယ်ဆရာ

    ReplyDelete