Nuffnang Ads
Thursday, 8 August 2013
49- Camera Setting (Part-III)                                    ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၄၉)
ကင်မရာ တစ်လုံး၏ Setting များ အကြောင်း တစ်စေ့ တစ်စောင်း
(A Brief note on Camera Settings)
Part (III)
( Metering, ISO and Noise )
စကားဦး
ဓါတ်ပုံ တစ်ပုံ ရိုက် ရာတွင် လက်တွေ့ အသုံးချရ မည့် အခြခံ Camera Setting များ နှင့် ပတ်သက် သည့် မှတ်စု အပိုင်း (၁) နှင့် (၂ ) တို့ တွင်တွင် Focusing, Aperture, Shutter Speed, Depth of Field စသည် တို့ နှင့်ပတ် သက်၍ ရေး ခဲ့ပြီး ဖြစ်ပါသည်။
ယခု အပိုင်း(၃) ၌ Metering အကြောင်းကို ရေး မည်ဖြစ်ပါသည်။ Metering အကြောင်း ရေးရာတွင်လည်း ၄င်းနှင့် တိုက်ရိုက် ဆက်နွယ်နေသည့် ISO နှင့် ISO ကြောင့် ဖြစ်ပေါ်လေ့ရှိ သော Niose အကြောင်း ကို မရေး၍ မဖြစ်ပါ။ သို့ နှင့် ISO နှင့် Noise များ ၏ အကြောင်းများကိုပါ အကျဉ်း ရေးသားထားပါသည်။ အထူးသဖြင့် Noise သည် သိပ္မံဘာသာ ရပ်နှင့် စိမ်း နေသူများအတွက်အနည်းငယ် ရှုတ်ထွေးသည့် အလင်းဆိုင်ရာ ရူပဗေဒ ဘာသာ ရပ်ဖြစ်နေရာ ယင်းကို အသေးစိတ် မရေးဘဲ သဘောပေါက်ရုံ မျှသာ ရေးသား ထားပါသည်။
Metering
ပုံ တစ်ပုံ အား မည်သို့သော အလင်း အမှောင် တို့ ဖြင့် ဖွဲ့ စည်း မည်နှင့် ပတ်သက်၍ ကင်မရာ ၏ Metering စနစ်က တွက်ချက် ဆောင်ရွက်ပေးပါသည်။ တစ်နည်း အားဖြင့် ကင်မရာ၏ Firmware က ပုံ တစ်ပုံ ၏ အလင်းကို တိုင်းထွာ ကာ ကင်မရာ တွင် ပေးထားသည့် Metering Mode များ အတိုင်း လိုအပ် သလို ဖွဲ့ စည်းပေးခြင်း ဖြစ်ပါသည်။
Digital Single Lens Reflector Camera နှင့် ဓါတ်ပုံ ရိုက်ရာတွင် မှတ်တမ်း အတွက် ပုံထင်လျှင် ပြီးစတန်းဟု ဆိုကာ ရိုက်သည့် ပုံများ အတွက်အကြောင်း မဟုတ်သော်လည်း မိမိလိုချင်သည့် Subject ကို အလင်း အမှောင် အကောင်းဆုံး ရရန် အမိအရ လု ၍ ရိုက်ရတော့ မည် ဆိုလျှင် DSLR Metering ကိုသုံးရန် လိုအပ် လာပါသည်။
ပုံ တစ်ခု လုံး ကိုဘဲ အလင်း ရောင် မျှ ကာ တွက်ချက် ပြီး အလင်း ကိုမျှတစွာ ဖွဲ့ စည်း ရန် နှင့် မိမိ ပုံ ၏ မည်သည့် နေရာကို လိုအပ် သည့် အလင်း အတိအကျ ရရန် - စသည် တို့ အတွက် Metering ၏ သဘော ကို သိရန် လိုလာပါသည်။
ကင်မရာအတွင်းရှိ ပုံရိပ် ဖေါ်ရန် အလင်းကို ဖမ်းပေးသည့် Metering Sensor တစ်ခု ၏ပုံ။
ကင်မရာ တွင် Metering sensor ရှိနေသည့် နေရာ။
DSLR ကင်မရာ ပေါင်းများစွာ ရှိကြရာ၌ ကင်မရာတိုင်းတွင် သူ့ ပုံစံ နှင့် သူ Metering စနစ်များရှိပါသည်။ သို့ သော် တစ်ခု နှင့် တစ်ခု အခေါ် အဝေါ် လောက်သာလျှင် ကွာခြားပြီး Function များမှာမူ များစွာ ကွာခြားမည် မဟုတ်ကြပါ။ အချို့ Metering (၃) ခုရှိပြီး အချို့မှာ (၄) ခုရှိပါသည်။
Metering Mode (၄) မျိုး။
Frame တစ်ခုလုံးရှိ Light ကို ပျမ်းမျှ တွက်ချက်ပေးပြီး ၄င်း၏ စနစ် အရ အကောင်းဆုံး ဖြစ်အောင် ဖန်တည်း သည့် စနစ်ကို Canon က Evaluative ဟု အသုံး အနှုံး ဖြစ်ပြီး Nikon က မူ Matrix ဟုခေါ်ပါသည်။ Canon နှင့် Nikon တို့ တွင် -
(၁) Matrix/ Evaluative,
(၂) Center- Waighted,
(၃) Spot/ Partial Metering စသည်ဖြင့် (၃) ခုရှိကြပါသည်။
အချို့ကင်မရာ များတွင် Partial နှင့် Spot ထပ်ခွဲ ထားသောကြာင့် Metering Mode (၄) ခုဖြစ်နေသည်။ ရှေ့တွင် အများသုံးသည့် Metering (၃) မျိုးကိုသာ ဖေါ်ပြပါမည်။
Metering Sensor သည် ရိုက်မည့် Frame အတွင်းရှိ အလင်းရောင် အားလုံး၏ Overall Light ကို တွက်ချက်ခြင်းမရှိဘဲ Frame အား ဧရိယာ အပိုင်းများ (Multiple Areas ) ခွဲကာ အဆိုပါအပိုင်း အတွင်းသို့ ကျရောက်သည့် (Light Exposure ) ကိုသာ တိုင်းထွာ ပါသည်။ ယင်းနောက်  ရရှိ ထား သည့် Signal အပေါ် မူတည်၍ ပုံဖေါ် ရန်အတွက် Shutter Speed နှင့် Aperture အပါအ၀င် အခြားသော Data များကို ကင်မရာအား  Setting  သတ်မှတ်စေပါသည်။
Metering သုံးမျိုး ၏အလင်း တွက်ချက် မှု။
၁။    Matrix Metering
ကင်မရာများတွင် ယေဘူယျ အားဖြင့် Matrix Metering ( Nikon) , Evaluative Metering ( Canon ) တို့ကို အဆင်သင့် သုံး Default စနစ်အဖြစ် ထားပေးလေ့ ရှိသည်။ အဆိုပါ စနစ် တွင် ကင်မရာ (Metering Sensor ) သည် Frame ၏ အကျယ် ကို ဧရိယာ အပိုင်း များခွဲကာ အဆိုပါ ဧရိယာ အတွင်း ရှိ အလင်းရောင် နှင့် အရောင်များ အပါအ၀င် Light Exposure အားလုံးကို ခြုံငုံ တွက်ချက်ကာ ကင်မရာ Exposure Setting ကို သတ်မှတ် သည်။ အောက်ပါMetering သင်္ကေတ ပုံများသည် Nikon ကင်မရာ ရှိ ပုံများဖြစ်ပါသည်။ Nikon ပုံ များဖြစ် နေသောကြာင့် အခေါ် အ၀ါ် ကိုလည်း ပုံ ပါအတိုင်း Nikon အခေါ် အ ဝေါ် နှင့်ပင် ဖေါ်ပြပါမည်။
Matrix Metering သည် Frame အတွင်းရှိ အလင်း နှင့် အမှောင် အားလုံးကို မျှတစွာ ဖြစ်စေရန် တွက်ချက် ပေးသည့် စနစ် ဖြစ်ပါသည်။
အထက်ပါ ပုံတွင် အနီရောင် လေးထောက် ကွက် များသည် Matrix Metering တွက်ချက်သည့် ဧရိယာ ဖြစ်သည်။ အဆိုပါ ပုံတွင် လူပုံ ကိုရော နောက်ခံ ရှုခင်း ကိုပါ အရောင် ၊ အလင်း အားလုံးတို့ ကို မျှပြီး ပုံဖေါ် ထားသည်ကို တွေ့ နိုင်ပါ သည်။
၂။    Center Weighted Metering
ဤ စနစ်တွင် အဓိက အားဖြင့် Frame ဧရိယာ အလယ် ဗဟိုစက်ဝိုင်း၏ 8mm ခန့် စက် ၀ိုင်း ဧရိယာ အတွင်းရှိ အလင်း ဆိုင်ရာအချက်အလက် များကို သာ အဓိက ထား၍ တွက်ချက်ပါသည်။ သို့ သော် ၄င်း ဧရိယာ ၏ ဘေးနေရာ အချို့ ကိုလည်း ထည့်သွင်း တွက်ချက်သည်။ ဤ စနစ်ကို ရှေးယခင်ထည်းက Portrait ရိုက်ရာတွင် အသုံးများ ခဲ့သည့် Metering စနစ်လည်း ဖြစ်သည်။
အထက်ပါ ပုံ၏ အနီရောင် စက်ဝိုင်းသည် Centre  Weighted Metering တွက်ချက် သည့်ဧရိယာ ဖြစ်သည်။ အထက်ပုံပါ Centre Weighted Metering သည် အပြင်ရှိ ရှုခင်း ကို ချိန် ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် လူ ပုံ သည် အတန်အသင့် မှောင်သွားကာ ပြင်ပရှိ ရှုခင်း အလင်းရောင်က ပို၍ မျှတ ပြတ်သားစွာ ပေါ် နေသည်ကို တွေ့ နိုင်သည်။ အကယ်၍ Centre Weighted Metering အနီရောင် စက်ဝိုင်းသည် လူ ၏မျက်နှာပေါ် သို့  ထောက်ကာ ချိန် လိုက်လျှင် လူ၏ မျက် နှာ နှင့် ဘေးပတ်ဝန်း ကျင်နေရာများ မျှတစွာ လင်း လာပြီး ပြူတင်းပေါက် အပြင်ဘက်ရှိ နောက်ခံ ရှု ခင်း သည် ယခု ပုံထက်စာလျှင် အတန်ငယ် မှောင် သွား ပေလိမ့် မည်။
Spot Metering နှင့် လူ ကို ထောက် ထားပါမူ   လူ နှင့် နောက်ခံ ရှုခင်း တို့ ၏ Exposure သည် သိသိ သာသာ ကွာသွားပါမည်။ လူ၏ Exposure သည် များစွာမျှတ လာကာ နောက်ခံ ရှု ခင်း မျာ များစွာ မှောင် သွား ပါလိမ့် မည်။ အောက်ရှိ Spot Metering အကြောင်း တွင် ဆက်ဖတ်ကြည့် ပါရန်။ Centre Weighted Metering နှင့် Spot Metering တို့ နှစ်ခု သည် မသိမသာ ချိတ်ဆက် နေသဖြင့် ပဏာမ ရှင်းလင်း ဖေါ်ပြ ထားရခြင်း ဖြစ်ပါသည်။
၃။    Spot Metering
Spot Metering တွင် ကင်မရာ သည် Focus ရွေးချယ် ထားသည့် နေရာတစ်ခု ထည်း ကွက်ကွက် ကလေး အတွင်းရှိ Light Exposure ကိုပင် တွက်ချက် ကာ ကင်မရာ၏ Exposure Setting ကို Settလုပ်ပေးမည်ဖြစ်သည်။ Spot Metering တွက်ချက်သည့် ဧရိယာ စက်ဝိုင်း သည် 3.5 mm ခန့် သာရှိသည်။
အထက်ပါ ပုံတွင် Spot Metering (အနီရောင် စက်ဝိုင်း ) သည် Single Point Focus လုပ်ထား သည့် ခလေးမလေး ၏ မျက်နှာ ပေါ်ရှိ နေရာအတွက်သာလျှင် တွက်ချက် ပုံဖေါ် ပေးသည်။
အထက်ပါ ပုံတွင် Spot Metering သည် လူ ( Subject ) ကိုသာ အဓိက တွက်ချက်ပြီး ကျန်သည့် အပိုင်းများကို ထည့် သွင်း တွက်ချက်ခြင်းမရှိပါ။ ထို့ ကြောင်း လူ ပုံ ၏ Exposure သည် မျှတ စွာ ရှိနေပြီး နောက်ခံရှုခင်း မှာမူ Overexpose ဖြစ်ကာ ဖြူနေသည်။ ကင်မရာသည် လူ အနည်းငယ်မှောင်နေသည့် အတွက် အလင်းရောင် နည်းနေသည်ဟု တွက်ကာ အပြင် ရှိ ရှု ခင်း ကို လုံး ၀ ထည့်မတွက်ဘဲ Exposure ကို တင်ပေး လိုက်သောကြောင့် ဖြစ်သည်။
Metering သုံးမျိုး၏ သဘော သဘာဝ များ။
 ၁။    Matrix Metering
Nikon တွင် Matrix Metering ဟုခေါ်ပြီး Canon တွင် Evaluative Metering ဟု ခေါ်သည် ။ အခြားသော ကင်မရာ များ၏ အခေါ် အဝေါ်နှင့် အနည်း အကျဉ်း ကွဲလွဲ နိုင်သည်။ များသောအား ဖြင့် ကင်မရာများ၏ Default Setting ဖြစ်သည်။ ဤ Multi-segment Metering သည် ပုံ၏ Frame အတွင်းရှိ ဧရိယာ အသီးသီး ၏ Light Exposure ကို ဖတ်ကာ ( Average) မျှခြေ ကို တွက်ချက်ကာ ကင်မရာ ၏ Shutter Speed နှင့် Aperture အပါအ၀င် တွက်ချက်မှု များကို သတ်မှတ်ပေးခြင်း ဖြစ်သည်။
သို့ သော် နောက်ခံ Backgroundအရောင်၊ အလင်း သည် Foreground ထက် များစွာ ကွာခြားစွာ တောက်ပနေပါက Meter အဖတ် မှားတတ်သည်ကို သတိပြုရန်လိုသည်။ အထူးသဖြင့် အဆောက်အဦ၏ အတွင်းမှ နေ၍ ဖွင့်ထားသည့် တံခါး ၊ ပြူတင်း ပေါက် များကို နောက်ခံ ပြုကာ ရိုက်သည့် ပုံများတွင် ဤ အခြေအနေမျိုး ကြုံ နိုင်သည်။ Background ရော Foreground ပါ အလင်း (Light Illumination ) မျှနေသည့် နေရာမျိုးတွင် သုံးသင့်သည် စနစ် ဖြစ်သည်။
သို့သော် ခြုံ၍ ကြည့်လျှင် ကင်မရာက Frame Area တစ်ခုလုံးကို ပျမ်းမျှယူ ကာ တွက်ချက်သည့်အတွက် Good for all round metering mode ဟုလည်း အချို့ သော ပညာရှင်များက ဆိုကြသည်။ သို့ကြောင့် လည်း ကင်မရာများတွင် Default Setting ပေးထားခြင်း ဖြစ်သည်။
အောက်ပါ Matrix Metering ဖြင့် ရိုက်ထားသည့်ပုံ ကိုကြည့် လျှင် Matrix Matering သည် Frame ကို မည်ကဲ့သို့ ခွဲခြမ်း စိတ်ဖြာ ထွက်ချက် ကာ ပုံထုတ်ပေးသည်ကို တွေ့ နိုင်သည်။ ပုံ ၏ နေရာ အသီးသီးတွင် Lighting Exposureမျှတစွာ တွက်ချက် ပုံဖေါ် ပေးသည်ကို တွေ့ နိုင်သည်။
ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Matrix Metering တွက်ချက် သည့် နေရာများ ကို အနီရောင် ဖြင့် ပြထား ပါသည်။ Frame အတွင်းရှိ နေရာ အားလုံး ကို မျှကာ Average ယူခြင်း ဖြစ်ပါသည်။
သို့ သော် Matrix Metering က အထက်ပါ ပုံကဲ့သို့ အလင်း များ နေသည့် နောက်ခံ Background ကို (Average ) ပျမ်းမျှ ယူ လိုက် လျှင် အလင်း များလွန်း သည်ဆိုကာ အလင်းကို လျှော့ချ လိုက်သည့် အတွက် ရှေ့ရှိ Main Subject သည် အနည်းငယ် Under Expose ဖြစ်သွားတတ် သည်ကို လည်း သတိပြုရန် လိုပါသည်။
အောက်ပါ နမူနာ ပုံများမှာ Nikon D 90 ပေါ်ကာစ က Matrix Metering ဖြင့် ရိုက်ကူး ထားသည့် ဓါတ်ပုံ နမူနာများ ဖြစ်ကြသည်။
၂။    Center Weighted Metering
Nikon တွင် Center Weighted Metering ဟု ခေါ် Canon တွင် Center Weighted Average Metering ဟုခေါ်သည်။ ဤ စနစ် တွင် ကင်မရာသည်Frame ၏ ဗဟို အပိုင်း ရှိ Data ကိုသာ အဓိကထား တွက်ချက် သည်ဆိုစေကာမူ ဘေးပတ်ဝန်းကျင်နေရာ အနည်းငယ်ကိုလည်းထည့်တွက်သည်။ SubJect သည် Frame ၏အလယ် တွင် ကောင်းမွန်စွာ ပေါ်လွင်နေလျှင် သုံးသင့်သည့်စနစ် ဖြစ်ပါသည်။ ယင်းကဲ့သို့ အနေအထား တွင် Center Weighted Metering သည် Subject ကို ကောင်းစွာ ဖတ် နိုင်သည့်အတွက်Background ၏ အရောင် ၊ အလင်းတို့၏ လွမ်းမိုးမှု မရှိရန် တွက်ချက်ပေးမည် ဖြစ်ပါ သည်။ အကယ်၍ Background ၏ အရောင် ၊ အလင်းတို့ သည် Subject ထက်ပို၍ အားကောင်းနေလျှင် Center Weighted Metering သည်Subject ကို ထိရောက်စွာ ဖတ်နိုင်မည်မဟုတ် သဖြင့်  ပုံလည်း ကောင်းမည် မဟုတ်ပါ။
ဓါတ်ပုံတစ်ပုံ၏ Frameအတွင်း Center Weighted Metering တွက်ချက်သည့် နေရာ။( အနီရောင် ဧရိယာ)။
အထက်ပါ လူပုံ ကို Center Weighted Metering နှင့် လူ အပေါ် ထောက်ကာ ရိုက်သည့်အချိန်တွင်မူ ရှေ့ရော နောက်ပါ Lighting Exposure မျှလာသည့်ကို တွေ့ရမည်ဖြစ်သည်။ အင်္ကျီအနက် တစ်ခုထည်းသာမက ၄င်းအနီးပတ်ဝန်းကျင်ရှိ နေရာ အချို့ ကိုပါထည့် တွက် ခြင်းကြောင့် ဖြစ်သည်။
သို့သော် Subject သည် လွန်စွာ တောက်ပခြင်း၊ များစွာ မဲ မှောင်ခြင်း နှင့် Background များစွာ တောက်ပခြင်း ၊ မှောင်နေခြင်း များ စသည့် အလင်းရောင် အလွန် ခြားနား မှု ရှိပါက Centering Weighted Metering အဖတ် မှား တတ် သည်လည်း ရှိပါသည်။
အထက်ပါ ပုံသည် ခုန်နေသည့် ခလေးနှင့် လှိုင်းကို Center Weighted Metering ၏ယူကာ ရိုက်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် ပုံတွင် လူ နှင့် လှိုင်း နှစ်ခု ပြတ်သားကာ Exposure မျှတစွာ ရှိနေသည်။
Center Weighted Metering နမူနာပုံ အချို့
၃။    Spot Metering
Nikon က Spot Metering ဟု ခေါ်ပြီး Canon က Partial Metering ဟုခေါ်သည်။ ယင်း သည် ဧရိယာ သေးသေး လေး၏ Light Exposure ကိုသာ တွက်ချက်ပြီး Setting လုပ်သည့်အတွက် Subject ၏ Exposure သည် ပို၍ တိကျပါသည်။ အလင်း၊ အရောင် ကွာခြားမှု များသည့် High Contrast များသည့် အခြေ အနေများတွင် သုံးသင့်သည်။ သို့သော် Spot ယူလိုက်သည့် နေရာ မှား သွားလျှင်မူ ပုံ ပျက်သွားပေလိမ့်မည်။ အကယ်၍ Spot Metering ကို သုံးပါက Main Subject ၏ Mid-Tone Part နေရာ ကို ရွေး၍ Spot လုပ်သင့် ပါသည်။
တစ်ပုံ၏ Frame အတွင်း Spot Metering တွက်ချက် သည့် နေရာ။ ( အနီရောင် ဧရိယာ)။
အထက်ပါ ပုံမှာ Matrix နှင့် Center-Weighted Matering ကဏ္ဍများ တွင် ဖေါ်ပြခဲ့ပြီးသည့် ပုံပင် ဖြစ်ပါသည်။ Subject ၏ အင်္ကျီ အနက်ရောင်၏ အလယ်ကို Spot Metering လုပ်ထားသည့်အတွက် ကင်မရာက မှောင်လွန်းသည်ဟု သတ်မှတ်ကာ Exposure ကို တင်လိုက်သဖြင့် Overexpose ဖြစ်သွား ရခြင်း ဖြစ်သည်။ ဤသည်မှာ ပုံ တွင် အလင်း အမှောင် ကွာလွန်းသောကြောင့် ဖြစ်သည်။ ဤ အချက် သည် Spot Metering တွင် အထူး သတိပြုရ မည့် အချက်ဖြစ်ပါ သည်။
အကယ်၍ Subject နောက် ရှိ အလင်းများလွန်းနေသောကြောင့် မျက်နှာမဲနေသည့် Back Lit အခြေ အနေမျိုး တွင် Spot Metering မယူ ပါက Subject သည် Silhouette သာလျှင် ထွက်လာပေလိမ့်မည်။ မျက်နှာသည် မဲနေ ပေလိမ့်မည်။ မျက်နှာကို Spot Metering ယူ၍ ရိုက်ပါက Subject ၏မျက် နှာ ပေါ်လာပြီး သို့ သော် နောက်ခံ မှာမူ ယခင်ကထက် ပို၍ လင်းလာ လိမ့်မည်.
အထက်ပါ ပုံ မှာ ( Cave) ဂူ အ၀ ရှိ မိုးကောင်းကင်သည် လင်းနေ၍ ဂူ ၏အတွင်းပိုင်းသည် မှောင်နေသည်။ ဂူ အတွင်းရှိ မှောင်နေသော နေရာများကို Sopt Metering ယူပါက ဂူ အတွင်း၌ လင်းလာမည် ဖြစ်သော်လည်း ဂူ အ၀င်ရှိ ကောင်းကင်သည် Overexpose ဖြစ်ကာ ဖြူဖွေး သွား လိမ့် မည်။ ထို့ ကြောင့် ဂူ အ၀င်ဝရှိ မိုးကောင်းကင်ကို Spot Metering ယူ၍ AE Lock လုပ်ကာ Focus ကိုပြန်နေရာရွှေ့ပြီး Recompose လုပ်ကာ ရိုက်ထားခြင်း ဖြစ်သည်။ ဤ သို့ ဖြင့် အဓိက ပြချက် ဖြစ်သည့် ကောင်းကင် ကိုပုံမှန် အနေအထားရသည်။
အထက်ပါ ပုံသည် လည်း ဘေးမှဝင်လာသည့် အလင်းကို Spot Metering ယူ ကာ ရိုက် ထားခြင်း ဖြစ်သည်။ ထို့ကြောင့် Main Subject ဖြစ်သည့် အလင်းရောင်သည် မျှတစွာ ပေါ်နေသည်။
Spot Metering ဖြင့် ရိုက်ထားသည့် ပုံများကို နမူနာ ပြထားပါသည်-
ISO ဆိုသည်မှာ။
ကင်မရာ Lens မှ ၀င်လာသည့် အလင်း ကို ကင်မရာ အတွင်း ရှိ ပုံ ရိပ်ဖေါ် Sensor က မည်မျှ မြန်ဆန်စွာ တုန့်ပြန် ဖမ်းယူ နိုင်သည် ဆိုသည့် အညွှန်း ကိန်းကို ISO Number ( နံပါတ် သို့မဟုတ် အမှတ်) ဟုခေါ်ကြသည်။ အချို့သော ကင်မရာများ အနေနှင့် ISO 50, 100 လောက်မှ စတင် ကာ အချို့ သော ကင်မရာများမှ မူ ISO 200 မှ စတင်လည်းရှိပါသည်။ လက်ရှိ ခေတ်ပေါ် ကင်မရာများသည် ISO 6400 အထိ Noise ပေါ် ပေါက်မှု သိသာ စွာ မရှိစေဘဲ ရိုက်နိုင်သည်။
ကင်မရာ အတွင်းရှိ Sensor ၏ပုံ။
CCD (Charge-Coupled Device ) Sensor .
CMOS ( Complementary Metal–Oxide–Semiconductor ) Sensor.
အကြမ်း အားဖြင့် ဖေါ်ပြရပါလျှင် ISO နံပါတ်ငယ် လျှင် Sensor အနေနှင့် ၀င်လာ သည့် အလင်းကို ဖမ်းယူကာ ပုံရိပ် ဖေါ် ပေးရမည့် အချိန် ကြာမြင့်သည်။ ထို့ ကြောင့် ကင်မရာ၏ Shutter Speed ကို နှေး ပေး ရန်လိုသည်။
ISO နံပါတ် ကြီးလျှင် Sensor ၏ အလင်းတုန့်ပြန်မှု ( Sensitivity ) သည် မြန်လာသည့်အတွက် အလင်းကိုဖမ်းယူကာ ပုံရိပ် ဖေါ်ပေးမည့်အချိန်သည် တိုလာသည်။ ထို့ကြောင့် ကင်မရာ၏Shutter Speed ကို အချိုးကျ မြန် ပေး ရန် လိုလာသည်။
ထို့ကြောင့် သင်္ချာ သဘောအရ ပြောရပါလျှင် ISO Number နှင့်Shutter Speed Number တို့ သည် ပြောင်းပြန် အချိုး ( Inversely Proportion ) ကျ သည်ဟု ဆိုရမည်။
ဥမာ အားဖြင့် Low Light အခြအနေ တစ်ရပ် တွင် ပုံ တစ်ပုံ ရိုက်ရာ ၌ Aperture F-3.5 နှင့် ISO အမှတ်ကို ISO 200 Set လုပ်ကာ Shutter Speed ကို 4 Second ဖြင့် ရိုက်သည် ဆိုပါစို့။ ထိုပုံ ကိုပင် အဆိုပါ Aperture အတိုင်းထားကာ ISO အမှတ်ကို ISO 500 သို့ တိုး ကာ ရိုက်ပါက Sensor ၏ အလင်း စုတ်ယူ နိုင်မှု မြန် လာ သည့် အတွက် Shutter Speed သည် လည်း ယခင် ပုံ လောက် နှေး ရန်မလိုတော့ဘဲ  မြန်လာ ရမည် ဖြစ်သောကြောင့်  2 Seconds ဖြင့် သာ ယခင်ထက် နှစ်စက္ကန့် လျှော့၍  ရိုက်ရမည် ဖြစ်ပါသည်။
အကယ်၍ ISO အမှတ်ကိုISO 800 သို့ ထပ်၍ တိုး လိုက် ပါလျှင် အလင်း စုတ်ယူနိုင်မှုသည် ပို၍ မြန် လာ သည့် အတွက်Shutter Speed ကို 1.3 Seconds လောက်ဖြင့် သာရိုက်ရမည် ဖြစ်လာမည်။ အလင်း ၀င်ရန် အချိန် ကို လျှော့ ချ လာရပါသည်။
အောက်ပါပုံမှာ ISO အမှတ် အတိုးအလျှော့ ပေါ် တည်ကာပြောင်းလဲလာသည့် အလင်းဝင်ရောင်မှု Exposure အချိန် အတို အရှည် နမူနာပြ ဇယား ဖြစ်ပါသည်။
Aperture
ISO
Shutter Speed
F- 3.5
ISO 200
4 Seconds
F- 3.5
ISO 500
2 Seconds
F- 3.5
ISO 800
1.3 Seconds
အထက်ပါ ဇယားကို ကြည့်ပါလျှင် ISO Number နှင့် Shutter Speed တို့ ၏ ပြောင်းပြန် အချိုးကျမှု ကို မြင်နိုင်သည်။ အဆိုပါ ISO ၏အမှတ်များသည်Sensor အလင်း စုတ်ယူ နိုင် သည့် စွမ်း အင် ၏ “ စံ အမှတ်” များ ဖြစ်ပါသည်။
Film Speed.
ဤ “ စံ နှုန်း” ကို Digital Camera များ မပေါ် မှီက ပင် Film ဖြင့် စတင် သတ်မှတ် ခဲ့သည်။ Film သည်ပင် အရောင်(Colour ) ဖြင့် မဟုတ်သေးဘဲ အဖြု အမဲ ( Balck and White ) ဖြင့် စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ISO 100 Film ကို အလင်း စုတ်ယူမှု နှေးသည့်အတွက် Slow Film ဟု ခေါ်ကာ အလင်း စုတ်ယူမှု အား ကောင်းသည့်ISO 400 ကဲ့ သို့ Film မျိုးကို Fast Film ဟု ခေါ် ကြသည်။ ထိုစဉ်က Technology သည်လည်း ယခု ခေတ်ကဲ့သို့ မြင့် မားမှု မရှိသေးသည့် အတွက် ISO အမှတ် များလေ Film Grain ထလေ့ရှိဖြစ်ပြီး ပုံ ၏ အရည် အသွေး လည်း ကျ ဆင်း လာသည်။ ယင်းတို့ သည် ယခု ISO ၏ ကနဦး ကာ လ ဖြစ်ပါ သည်။
Light Sensitivity ဆိုင်ရာ နိုင်ငံ တကာ စံ နှုန်းများ
စင်စစ် အားဖြင့်ISO သည် ကင်မရာ Sensor ဆိုင်ရာ အလင်းစုတ်ယူ နိုင်မှု “ စံ နှုန်း “  သာမက ကမ္ဘာပေါ်ရှိ ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများ၏ စံ နှုန်းများကို လည်း သတ်မှတ်ပေးသည့် International Organization for Standardization ၏ အတိုကောက် ( Acronym ) ဖြစ်ပါသည်။ အတိုကောက် Acronym မှာ ( IOS ) ဖြစ်သော် လည်း International Standards Organization ဟု ခေါ်ရာမှ အင်္ဂလိပ် ဘာသာ ဖြင့် ISO အဖြစ်အမည် တွင် နေခြင်း ဖြစ်ပါသည်။
အဆိုပါ ကာလ မတိုင်မှီ အချိန် များတွင်လည်း သူ့ နည်း သူ့ ဟန် ဖြင့် စံ သတ်မှတ် မှု များ မှာ နိုင်ငံ အလိုက် ရှိခဲ့ ကြသည်။ ဥပမာအားဖြင့် Light Sensitivity စံ နှုန်းကို ဗြိတိန်က BSI ( British Standards Institution ) ဖြင့် သတ်မှတ်ပြီး ဂျာမဏီ ကမူ ၁၉၃၄ ခုနှစ် ထည်းက ( DIN ) Deutsches Institut für Normung ဖြင့်သတ်မှတ် ခဲ့သည်။
ဂျာမဏီသည် အဖြူ အမဲ Negative Film ၏ Light Sensitivity စံ နှုန်း ကို ၁၉၇၁ ခုနှစ်တွင် DIN 4512-1:1971-04 ဖြင့် သတ်မှတ်ခဲ့ပြီး Colour Negative Film အတွက် ကိုမူ ၁၉၇၇ ခုနှစ်တွင် DIN 4512-4:1977-06 ဖြင့် သတ်မှတ်သည်။
အမေရိကန် က မူ ၁၉၄၃ ခုနှစ်တွင်ပင် (ASA ) American Standards Association ဖြင့် အဖြူ အမဲ Negative Film ၏ Light Sensitivity ကိုASA Z38.2.1-1943 ဖြင့် သတ်မှတ်ခဲ့ပြီးColour Negative Film အတွက် စံ ကိုမူ ၁၉၆၅ ခုနှစ်တွင် ASA PH2.27- 1965 ဖြင့် သတ်မှတ် ခဲ့ပါသည်။
အခြားသော စံ နှုန်းများစွာလည်း ရှိသေးသည်။ ကမ္ဘာ ပေါ် ရှိ စံ နှုန်း များ အကွဲကွဲ အပြားပြား ဖြစ်နေမှု ကို မြင်သာစေရန် အချို့ကို ထုတ်နှုတ် ဖေါ် ပြထားခြင်းသာ ဖြစ်ပါသည်။
ဤ ကဲ့သို့ အကွဲကွဲ အပြားပြား ဖြစ်နေသည့် စံ နှုန်း အမျိုးမျိုး ကို International Coordination and Unification of Industrial Standards အဖြစ် စုစည်းနိုင်ရန် ၁၉၄၆ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံ လန်ဒန် ၌ စုဝေးတိုင်ပင် ဆွေးနွေး ကြရာမှ ၁၉၄၇ ခုနှစ်တွင် ယခုတွင်ကျယ် စွာ သုံးနှုံးနေသည့် International Organization for Standardization ( IOS) ပေါ်လာသည်။ တစ်နည်း အားဖြင့် International Standards Organization ဟုလည်း ခေါ်သဖြင့် ( ISO ) အတိုကောက် ဖြစ်လာသည်။
Noise ဖြစ်ပေါ်လာမှု
ကင်မရာ၏Exposure ဖွင့် ထားသည့် အချိန် အတွင်း အလင်း (Photon) သည် Sensor ပေါ်ရှိ Photosite ပေါ် သို့ကျလာသည်။Photosite ပေါ်ရှိ Light Sensitivityဖြစ်သော Photodiode နှင့် ဓါတ်ပြုသည်။ ထို့ နောက် Photoelectric Effect ကြောင့် Photosite ပေါ်တွင် Electric Charge ပေါ်လာသည်။
Exposure ဖွင့်ထားသမျှ အချိန် ကာလအတွင်း Photosite တိုင်းသည် အဆိုပါ Electric Charge များကိုဖတ်သည် ယင်းနောက် Amplified လုပ်သည် ပြီးလျှင် Digitized လုပ်သည်။ ယင်းနောက်တွင် Storage Medium တွင် သိမ်းထား လိုက်သည်။ ဤသည်မှာ Light အဆင့် မှ Digital ဖြစ်လာသည့် ဖြစ်စဉ်ကို ရိုးရှင်းစွာ အကျဉ်း ဖေါ်ပြ ခြင်း ဖြစ်ပါသည်။
ပြဿနာ တစ်ခု မှာ အဆိုပါ ဖြစ်စဉ် အတွင်း Sensor ပေါ်သို့ အလင်း ရောင်ကျ ရောက်ရာတွင် Electric Charge များက အပူ စွမ်း အင် ကို ထုတ်လွှတ်သည်သာမ က Sensor ပေါ်သို့ Cosmic Ray နှင့်Radioactivity များ ကျရောက်ခြင်း၊ အနီး အနား Photosite မှ လျှံ ကျလာသည့် Electricity Leakage များကြောင့် မလိုလား အပ်သည့် လျှပ်စစ် လှိုင်း “ Unwanted Signal “ Noise များပေါ် လာရသည်။
Electric Charge များက အပူ စွမ်းအင်ကို ထုတ် လိုက်ရာတွင် Sensor ရှိ Electron မျာသည် တည်ဆဲ နေရာများမှ လွတ်ထွက် လာသည်။ ဤ ဖြစ်စဉ် သည် “ True “ Photoelectron များကို ညစ်နွမ်းစေသည်။ အဆိုပါ Thermal Electron များသည် Tharmal or Dark Noise ဟုခေါ်သည့် Noise များကို ဖြစ်ပေါ်စေသည်။ ဤ ကဲ့ သို့ Noise မျိုးမှာ DSLR ကင်မရာများတွင် ဖြစ်ပွားမှု ပိုများသည်။ နွေ ရာသီတွင် ရိုက်သည့် ပုံ များမှာ ဆောင်းရာသီ ရိုက်အတွင်း ရိုက်သည့် ပုံများ ထက် Noise ပိုများလေ့ ရှိသည်။
ထို့ အပြင် အလင်းပုံ ရိပ် တစ်ခု ကို Analogue မှ Digital သို့ ပြောင်းသည့် ဖြစ်စဉ်၏   Electric Charge များကို Amplifyလုပ်ခြင်း ၊ A/D Converter ဖြင့် ပြောင်းခြင်း များတွင် လည်း Noise ပေါ်လာပြန်သည်။
၎င်းအပြင် အလင်း (Photon) သည် Sensor ပေါ်ရှိ Photosite အားလုံး ကို ထိမှန်အောင် ရိုက်ခတ်သည်မဟုတ်ဘဲ အချို့ သော Photosite များကို လွတ်သွား သည်များ လည်း ရှိပါသည်။ မဆိုပါ နေရာ များသည်လည်း Noise ပေါ်လာပြန် သည်။
အခြား နည်းတစ်ရပ်မှာ Exposure ဖွင့်ထားသည့် အချိန်အတွင်း Lens မှ ၀င်လာသည့် Photon များက Sensor ကို ထိတွေ့ရာမှ ပေါ် ထွက်လာသည့် Generated Electrons များကို ကျင်း ( Potential Well ) များအတွင်း ဖြည့်ထည့် ပေးသည့် အချိန် တွင် ဖြစ်ပေါ်လာသည့် ဖြစ်ရပ် ဖြစ်သည်။
အဆိုပါ ကျင်း သည် Electron မည်ရွေ့မည်မျှ ဆန့်အောင်ဖြည့်နိုင်သည် ဆိုသည့် အခြေ အနေ ကို Full-Well Capacity ဟု ခေါ်သည်။ Generated Electrons များသည် Exposure ဖွင့်ထားသည့် အချိန်အတွင်း၌ ကျင်း များအတွင်း ပြည့်သွား ပါက ဘေးသို့ လျှံကျကာ အနီးရှိ အခြားသော ကျင်းများ အတွင်းသို့ ၀င်ကုန် တော့သည်။
ယင်းကို Blooming ဖြစ်သည်ဟုဆိုသည်။ ယင်းကို ဒေါင်လိုက်အချွန် ကလေးများ နှင့် တောက်ပသော ကျယ် ပုံ ကလေးများ အဖြစ် တွေ့ရမည် ဖြစ်သည်။ ကင်မရာ များတွင် အဆိုပါ ဖြစ်ရပ် ကို တားဆီး ရန် Anti-Blooming များ တပ်ဆင်ထားလေ့ ရှိကြ သည်။ ထိရောက် မှု ရှိသည် ကိုလည်း တွေ့ ရသည်။
အထက်ပါအကြောင်း များ အားလုံးသည် Noise တစ်နည်း မဟုတ် တစ်နည်း ဖြင့် Noise ပေါ်လာရသည့် အကြောင်း များ ဆိုင် ရာ အကျဉ်း သဘော ဖြစ်ကြပါသည်။
Sensor Size ကြီးများသည် Sensor Size သေး များထက် Noise ကို ပို ထိန်း နိုင်သည်။
Lens မှ ၀င်လာသည့် အလင်း ( Photon ) ကို Full Frame ကဲ့ သို့ Sensor Size ကြီး ကြီး ရှိ Ptosite ကျင်း ကြီး များ နှင့် ဖမ်းယူ ဖြည့်သွင်းထား ခြင်း နှင့် Point and shoot ကင်မရာ Sensor ကဲ့သို့ Sensor Size သေးသေး ရှိ Ptosite ကျင်း ငယ် များ နှင့် ဖမ်းယူ ဖြည့်သွင်းထား ခြင်းကို  ဥပမာ ပေးရပါမူ (၄) ဂါလံ ၀င် ပုံး ကြီး ဖြင့် ကွမ်းသီး လုံးများ ကို ဖြည့်သွင်းထား ခြင်း နှင့် တစ်ဂါ လံ ၀င်ပုံး ငယ် ဖြင့် ကွမ်းသီး လုံးများ ကို ဖြည့်သွင်းထား သည် နှင့် တူ သည် ဟု ဥပမာ ပေး လိုပါသည်။
ထို့ ကြောင့် လေးဂါလံ ၀င်ပုံး တွင် ထည့်နိုင်သည့် ကွမ်းသီး အရေ အတွက် သည် တစ်ဂါလံ ၀င် ပုံးထက် များစွာ ပို များ ပေလိမ့် မည်။ ထို့ အတူပင် Full Frame Sensor ကဲ့ သို့ Sensor Size ကြီးများသည် အလင်း ( Photon Signal ) ပမာဏ ကို Sensor Size ငယ်များထက် များစွာ ပို၍ ဖြည့် ထား နိုင်သည်။
Photosite ကြီးသည်ဖြစ်စေ ငယ်သည် ဖြစ်စေ Unwanted Photon Signal ၀င်ရောက် လာသည့် ပမာဏ မှာမူ အတူတူ ပင် ဖြစ်သည်။ ထို့ ကြောင့် Sensor Size ကြီးများ၏ Photosite တွင် ဖြည့် သွင်းထားသည့်  Photon Signal နှင့် မလိုအပ် ဘဲ ၀င်လာသည့် Unwanted Signal တို့၏ အချိုး ( Signal-to-Noise Ratio ) သည် Sensor အသေး များ ထက် ကြီးသည်။ Signal-to-Noise Ratio  ကြီး လျှင် Noise ကို ပို ၍ ထိန်း နိုင်သည်။
ISO မြင့်လာလျှင် Noise လည်း မြင့်လာသည်။
 အထက်ပါ ဖေါ်ပြချက်များ အရ ဆိုပါက Noise ဖြစ်ပေါ် မှု မှာ ပုံ သေ ကိန်း Constant) သဘောမျိုး ဆောင်နေပါသည်။ ဤသို့  ပုံ သေ ကိန်း Constant) သဘောမျိုး ဆောင်နေပါ လျှက် ISO တင်လိုက် လျှင် မည်သည့် အတွက် Noise ပို များ လာရသနည်း ဆိုသည့် အမေး ပေါ်လာပါသည်။
အလင်းကို ဖမ်းရာ တွင်Sensitivity ကိုပြောင်းလိုလျှင် မည်ကဲ့သို့ လုပ်ကြမည်နည်း။ ကြိမ်းသေ သည်က Sensorကို ပြောင်း၍မရ။ ကင်မရာ ထုတ်လုပ်စဉ်က ပင် ပုံသေ လုပ်ထား သည့် အရာ ဖြစ်သည်။ Secsor အရွယ်အစား နှင့် အမျိုး အစားပြောင်း မှ သာ လျှင် Light Sensitivity ကို ပြောင်းနိုင်မည် ဖြစ်သည်။ ဤကဲ့ သို့ အနေအထားတွင် ကင်မရာ တစ်ခု ရှိ Sensor တစ်ခု၏ Light sensitivity ပြောင်းရန်မှာ ISO ပြောင်း ရန်သာ ရှိသည်။
ISO ပြောင်းခြင်း ဖြင့် အခြေအနေ နှစ်မျိုး ဖြစ်ပေါ် လာသည်။
၁။     ISO ပြောင်း ပေးခြင်းဖြင့် Exposure Metering ကို လည်း ပြောင်း ပေးလိုက် သည်။ ISOတင်လိုက်ခြင်း၊ ဥပမာ - ISO နံပါတ် ကို ISO 200 မှ ISO 500 သို့ မြှင့် ပေးလိုက် ခြင်းဖြင့် Sensor အလင်းဖမ်းရန် ဖွင့်ထားပေး ရသည့် (Expose) အချိန် ကို 4-Sec မှ 2-Sec သို့ လျှော့ချ လိုက် သည်။
၂။ ယင်း အချက် က Sensor နှင့် Analog to Digital ( A/D ) Converter အကြား ရှိ Light Signal Amplifier ကို လက်ရှိ - ရှိနေသည့် အနေအထားမှ ပို၍ ကျဉ်းသည့် Exposure သို့ အလျှော်အစား အတိုးအဆုတ်( Compansate ) လုပ်စေလိုက်ခြင်း ဖြစ်သည်။
ISOအမျိုးမျိုး တွင် တွေ့ ရသည့် ပုံ များ၏ အခြေအနေ အမျိုးမျိုး။
Sensor အတွင်း၌ Electrical Charge များကို Amplifiedလုပ်ရာ တွင် Amplifier သည် Phptosites ကို Light က ထိတွေ့ သည်နှင့် အခြားသော အရာ များ ထိတွေ့ သည်ကို ခွဲခြား နိုင်ခြင်း မရှိ။  ထို့ ကြောင့်  Sensor အား ထိတွေ့ ရိုက်ခတ်လာ သည့် အရာအား လုံးကို ခွဲခြားခြင်း မရှိဘဲ Amplified လုပ်လိုက်သည်။ သို့ နှင့် လိုအပ် သည့် Photon Signal များ ကြီးလာသကဲ့သို့ မလိုလား အပ်သည့် Unwanted Signal ဖြစ်သော  Noise  ( Constant)  များလည်း ကြီးလာ သည်။ ထို့ ကြောင့် Noise ပိုများလာခြင်းဖြစ် သည်။
အောက် ဖေါ်ပြပါ ပုံသည် Unwanted Signal များအား Amplified လုပ်လိုက်ခြင်း ကြောင့် ကြီးလာသည့် ပုံ ကို ပြထားခြင်း ဖြစ်သည်။
အထက်ပါ ပုံ တွင် Photositeထဲရှိ လိုအပ်သည့် Light (Photon) Signal ( Green ) နှင့် မလိုလားအပ်သည့် Signal (Red) Noise များကို ဥပမာ ပြထားခြင်းသာ ဖြစ်ပါသည်။ အလယ်ပုံတွင် လိုအပ်သည့် Photon Signal ( Green ) သည် Implified မလုပ်မှီ ဘယ်အစွန်ပုံ ထက်လျှော့ သွားရခြင်းမှာ ISO မြင့် သွားကြောင့် Exposure လျှော့ သွားကာ Photon Signal ( Green ) အ၀င်လည်း နည်း သွားခြင်း ကြောင့် ဖြစ်သည်။ Noise ပမာဏ မှာ မူ ဘယ် အစွန်ပုံ ၏ ပမာဏ အတိုင်းသာ ရှိနေသည်။ သို့ ရာတွင် Amplified လုပ်ရာတွင်Noise ပမဏ ပါ ကြီး သွားသည်ကို တွေ့ နိုင်ပါသည်။
Sensor အသေးများတွင် Noise ပို၍ များသည်။
Sensor သေးသည့် အရွယ်အစားများ၏ Photosite သည်လည်း သေးသည်။ Light Sensitivity လည်း နည်းသည်။ ထို့ကြောင့် ထိတွေ့ တုန့်ပြန် သည့် Signal လည်း နည်းသည့် အတွက် လိုအပ် သည့် ပုံမှန် ISO အနေအထား ရောက် အောင် Amplify လုပ်ရာတွင် Sensorကြီးသော ကင်မရာများ ထက် ပို၍ လုပ်ရသည်။ ဤ ကဲ့ သို့ Amplify ပို လုပ်ရာတွင် လိုအပ်သည့် Light Signal များ ကြီးလာသကဲ့သို့ မလိုအပ်သည့် Noise များပါ တစ်ပါထည်း များလာပါသည်။  
Exposureအချိန် ပိုကြာ လေ Noise ပိုများလေ ဖြစ်သည်။
Exposure ပိုကြာသည့် ပုံနှင့် Exposure မြန်သည့် ပုံ နှစ်ပုံသည် ISO တူနေ စေကာမူ Exposure ပိုကြာသည့် ပုံ သည် မြန် သည့် ပုံ ထက် Noise ပိုထ သည်ကို တွေ့ နှိင်သည်။ ဤသည်မှာ လည်း အမျိုးမျိုးသော Signal နှင့် Noise များ ကြောင့် ဖြစ်သည်။
Sensor ကို ထိရိုက် သည့် Light သည် မည် မျှ ကြာမြင့်စွာ ထိစေကာမူ Noise သည် Exposure Time နှင့် တိုက်ရိုက် ( Direct effect) ပတ်သက်မှု မရှိ။ သို့ ရာတွင် အလင်းဖွင့် ထားသည် နှင့်အမျှ ဖြစ်ပေါ်လာသည့် အပူ နှင့် ပြင်ပမှ မလိုလား အပ်သည့် Signal များ ကြောင့် လည်း Noise ပေါ်လာသည်။ ထို့ကြောင့် Exposure Time နှင့် Indirect effect သာ ရှိသည်ဟု ဆိုရပါမည်။ Exposure တစ်စက္ကန့် ဖွင့်ထားသည့် ပုံ နှင့် နှစ် စက္ကန့် ဖွင့်ထားသည့် ပုံ နှစ်ပုံ ကို ယှဉ်ကြည့် လျှင် နှစ်စက္ကန့် ဖွင့် ထားသည့် ပုံ ၏ Noise သည် တစ်စက္ကန့် ပုံထက် နှစ်ဆ ပိုနေမည် ကို တွေ့နိုင်သည်။ အကြောင်း မှာ Exposure ဖွင့် ထားသည့် အချိန် အတွင်း ထွက် ပေါ်လာသည့် အပူ နှင့် မလိုလားအပ် သည့် Unwanted Signal များကြောင့် ဖြစ်ပါသည်။
ISO တင် ၍ ရိုက် သင့် မသင့်။
 ဓါတ်ပုံ ဆရာ တိုင်း တွင် သူ့ အစွဲ နှင့် သူရှိကြ ပါသည် အချို့ သော ဓါတ်ပုံဆရာ များသည် ISO တင်ရိုက်ခြင်း ကြောင့် ပေါ်လာမည့် Noise ကို မလိုလားကြပါ။ ထို့ ကြောင့် အချို့ သော ဓါတတ်ပုံ ဆရာ များသည်  ISO တင် ရိုက်ရန် များစွာ ၀န်လေး တတ်ကြပါသည်။ မှန်လည်း မှန်ပါသည်။ အချို့ နည်းပညာ နိမ့် သည့် ကင်မရာများသည် အလင်း ရောင် နည်း သည့် နေရာ များတွင် ISO တင်ကာ ရိုက်ရာတွင် Noise များ မြင်မကောင်း အောင် ထ တတ်ပါသည်။
Noise များ ဖြင့် ပြည့် နှက်နေသည့်ပုံ။
ISO တင်လျှင် သာမန်ထက် Noise ပို လာလေ့ ရှိသည်မှာ မှန်ပါသည်။ သို့ ရာတွင် သေရေး ရှင်ရေး အချိန်တိုအတွင်း ရတောင့် ရခဲ သည့်ပုံများကို Shutter Speed မြန်မြန် ဖြင့် လု၍ ရိုက်ရသည့် အခြေအနေများ ၊ အလင်းရောင်နည်း လှသည့်နေရာ တွင် ရတောင့်ရခဲ ထူးခြားသည့် ပုံများကို Tripod ကဲ့သို့ အထောက်အကူ မပါဘဲ ရုတ်တရက် လက်နှင့် ကိုင်ကာရိုက် ရသည့် အနေအထား မျိး စသည့်  အခြေ အနေ များတွင် ပုံ မ၀ါး (Blur) သွား စေရေး အတွက် အဖြစ်မနေ ISO တင်ရိုက် ကာ Fast Shutter Speed ဖြင့် ရိုက်ရန်လိုသည်ဟု  ဓါတ်ပုံ ပညာရှင်အချို့ က အကြံပြု ကြပါသည်။
 နောက်ဆုံးပေါ် DSLR ကင်မရာကြီးများသည် SIO 6400 လောက်တင် ရိုက်၍ မည်သို့မျှ Noise မသိသာပါ။ အချို့ ထိပ်တန်း ကင်မရာများသည် ISO ကို မယုံကြည့် နိုင်သည့် သိန်းဂဏန်း အထိ တင် ရိုက် နိုင်ကြသည်ဟု သိရပါသည်။
အောက်ပါပုံများ မှာ Nikon D-800 ၏ Noise မည် မျှ ထိန်း နိုင် သည်ကို ပြထားသည် နမူနာ ပုံ များ ဖြစ်ပါသည်။
 ISO 100 ဖြင့် ရိုက်ထားသည့် မူရင်း ပုံ။
အထက်ပါ ISO -100 ဖြင့် ရိုက်ထားသည်ပုံကို ဆင်၏ အမြီး ရင်း ပိုင်း နေရာ အား အကြီးချဲ့ထားခြင်း။ ပုံတွင် အသေးစိတ် များပေါ်နေသည်ကို တွေ့ နိုင်ပါသည်။
အဆိုပါပုံကိုပင်  ISO-800 ဖြင့် ရိုက် ၍ အကြီး ချဲ့ ထား ရာတွင် မြင်ရသည့် ပုံ။
အဆိုပါပုံကိုပင်  ISO-3200 ဖြင့် ရိုက် ၍ အကြီး ချဲ့ ထား ရာတွင် မြင်ရသည့် ပုံ။
အဆိုပါပုံကိုပင်  ISO-6400 ဖြင့် ရိုက် ၍ အကြီး ချဲ့ ထား ရာတွင် မြင်ရသည့် ပုံ။
အဆိုပါပုံကိုပင်  ISO-25600 ဖြင့် ရိုက် ၍ အကြီး ချဲ့ ထား ရာတွင် မြင်ရသည့် ပုံ။
အထက်ပါ နမူ နာပုံ များကို ကြည့် လျှင် ISO 6400 လောက်အထ အသုံးပြု ၍ ရသည့် ပုံ ထွက်ပါသည်။ ထိပ်တန်း ကင်မရာ များသည် ISO ကို အတော်များများ တင် လိုက်စေကာမူ Noise ရုပ် ဆိုးစွာ  မထ ဘဲ အလွန် အမင်း တင်မှသာ လျှင် Noise  များလာ သည်ကို  မြင်နိုင်ပါ သည်။
ကျွန်တော် စုဆောင်းထားသည့် မှတ်တမ်း များမှာ NiKon နှင့်ပတ်သက် သည့် မှတ်တမ်း များသာ ဖြစ်သောကြောင့် Nikon ပုံများကိုသာ တင်ပြနိုင်ခြင်း ဖြစ်ပါသည်။ Canon ထိပ်တန်း ကင်မရာများ သည်လည်း  Noise  ကိုထိန်း ရာတွင် လွန် စွာ  နံ မည် ကြီးပါသည်။ ISO တင်နိုင် ရိုက် နိုင်သည့် အတွက် ယခင် က Fast moving Subject များကို အလင်းရောင် နည်းလှသည့် Low Light  တွင် ခက်ရာ ခဲ ဆစ် ရိုက်ရသည့် ဒုက္ခ စသည့် အခြေအနေ အကန့် အသတ် များ ကို ကျော် လွှားနိုင် ပြီဟု ဆိုရပါမည်။
_______________________________________________
4 comments:
  1. I am also happy to here that Ko kyawlwinhtike.
    ReplyDelete
  2. Isoအ​ကြောင်းကို အခုမှရှင်းရှင်းလင်းလင်းသိသွားတယ်​ တကယ်​​ကျေးဇူးပါ
    ReplyDelete
  3. အလွန်တန်ဖိုးရှိလှတဲ့ စာစုလေးပါ။
    ရေသား ပြောဆို ထားတာ
    အလွန်ရှင်းလင်း ပြီး
    ကောင်းစွာ သဘောပေါက်နိုင်သည်ဖို့
    စာဖတ်သူ အားလုံးကိုယ်စား
    လေးစား ကျေးဇူးတင်ရှိတယ်ခင်ဗျ။
    ReplyDelete
  4. အလွန်တန်ဖိုးရှိလှတဲ့ စာစုလေးပါ။
    ရေသား ပြောဆို ထားတာ
    အလွန်ရှင်းလင်း ပြီး
    ကောင်းစွာ သဘောပေါက်နိုင်သည်ဖို့
    စာဖတ်သူ အားလုံးကိုယ်စား
    လေးစား ကျေးဇူးတင်ရှိတယ်ခင်ဗျ။
    ReplyDelete