Monday 2 September 2013

Flowers Photography




51 – Flowers  Photography                             ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၅၁)

 

ပန်းများကို ဓါတ်ပုံ ရိုက်ကူး ခြင်း ။

Photographing the Flowers.

 

 

 

စကားဦး

 

ပန်းများဓါတ်ပုံ ရိုက်ကူး ခြင်း နှင့် ပတ်သက်၍ ရှာ ဖွေ ရာ တွင် တိုတိုနှင့် လိုရင်း များစွာ ပါသည့် Darren Rowse ၏ How to photograph Flowers ဆောင်း ပါး နှင့် Jose Antunes   Better Flower Photography ဆောင်းပါး နှစ်ပုဒ် တွေ့ရှိရပါသည်။ အဆိုပါ ဆောင်းပါး များသည် Flowers Photography နှင့် ပတ်သက်၍ အခြေခံ အားဖြင့် အတော် ပင်ပြည့်စုံ ဖြစ်ကြ သဖြင့် ယင်း တို့ ကို ပင်မ ထားကာ ဤ မှတ်စု ကိုရေး သား ရခြင်း ဖြစ်ပါသည်။ အချို့ သော နေရာများတွင် Doug Harman ၏ The Digital Photography Handbook  စာအုပ်ပါ ပန်းများရိုက် ကူး ခြင်းအပိုင်း မှသင့် လျှော် သည် များကို လည်း ထုတ်နှုတ် ဖြည့်စွက် ထားပါသည်။

 

ပန်း များကို ဓါတ်ပုံ ရိုက်ရာတွင် ရှု ခင်း များရိုက်သကဲ့ သို့ အဝေး မှ လှမ်း ရိုက် သည် မျိုး မဟုတ်ဘဲ အနီး ကပ်၍ ရိုက်သည့် Close up  နှင့် Micro ရိုက်ခြင်း များ ဖြစ်ကြပါသည်။ မည်သည့် နေရာ ကို မည်သည့် နည်း ဖြင့် ရိုက်ရမည် ဟု ပုံသေ သတ်မှတ်၍ မရ ဘဲ ဓါတ်ပုံ ရိုက်သူ၏ အနုပညာ ခံစား တင်ပြ လိုမှု အပေါ် အခြေတည် ကာ ရိုက်ကူး သည့် နည်း လည်း ဖြစ်ပါသည်။

 

အောက်တွင် ရေးသား မည့် အခန်း မှာ ဆောင်းပါးရှင် Darren Rowse ၏ How to photograph Flowers ဆောင်းပါး နှင့် Doug Harman ၏ The Digital Photography Handbook မှ ကောက် နှုတ်ချက် များ ဖြစ်ပါသည်။

မှတ်စု တွင် သုံး နှုံး ထားသည့် “ ကျွန်တော် “ ဟူ သော အသုံး အနှုံး မှာ ဆောင်းပါး ရှင်သည့် Darren Rowse  အား နာမ်စား အဖြစ်သုံး နှုံး ခြင်း ဖြစ်ပါသည်။   

 

 
 

ကြိုတင်ပြင်ဆင်ခြင်း သည် အဓိက။

 ပန်းများကို ဓါတ်ပုံ မရိုက်မှီ မိမိ ဓါတ်ပုံ ပစ္စည်း ပစ္စယ များကို သေခြာစွာ စီစစ် ပြင်ဆင်ရန် လိုပါမည်။ ပန်းများရိုက်ရန် လိုအပ်သည့် Lens  နှင့် Tripod စသည်တို့ အဓိက လိုပါမည်။ Subject ဖြစ်သည့် ပန်း ကို မရိုက် မှီ ဓါတ်ပုံရိုက်ခြင်း နှင့် ပတ်သက်၍  စီစစ် သည့် အနေဖြင့် အောက်ပါမေးခွန်း များ ကို မိမိ ကိုယ် မိမိ မေး ကြည့် ရန်လိုပါမည်-

၁။   ပုံကို မည်ကဲ့သို့ ပုံစံချ ( Crop) မည်နည်း။ အနီးကပ် ( Close up) ရိုက်မည်လား၊ မြင်ကွင်း ကျယ် ( Wide ) ရိုက် မည် လား၊

၂။   အဓိက ပြသလိုသည့် Focal Point က မည်သည့် အရာ နည်း ၊ အာရုံ စူးစိုက် စေရာ Point of Interest  က ဘာလည်း၊ ပန်းပေါ်က ပိုးကောင် မွှားကောင် ကိုလား၊ ရိုးတန် လား၊ ပန်း၏ အရောင် လား၊ ပန်း၏ ပုံစံ ( Shape) ကိုလား၊ ဘာကို အဓိက ထား ပြ လိုသ နည်း၊

 


ပျား ကို Focal Point ထားသည့် ပုံ။

 
 
ပန်း ၏ အရောင် ကို Focal Point ထားသည့် ပုံ။
 
 

 

       ၃။   အကောင်းဆုံးမြင်ကွင်း ( Perspective) ရအောင် မည်ကဲ့သို့ Angle က ရိုက်မည်နည်း၊
၎။   ပန်း ကို ရိုက်ရာ တွင် တစ် ခုလုံးကိုဘဲ ပြ မှာ လား၊ သို့ မဟုတ် ပန်းရဲ့ ၀တ်ဆံ လေးတွေ ကိုဘဲ ပြမှာ လား ၊ မည်သည် အပိုင်းကို အထူးပြု ပြသ လိုသည် ဆိုသည့် Depth of Field အထူ အပါး များကို မည်ကဲ့ သို့ စီစဉ် ရိုက်ကူး မည် နည်း။
 
ပန်း၏ ၀တ်ဆံ ကလေးကို သာ  အထူးပြု  ပြသည့် Depth of Field။
 
 
 
 
ရှေ့ ပိုင်းရှိ ရေစက် များကို ပြသည့် Depth of Field.
 
 
 
ပန်းပေါ်ရှိရေ စက် ကလေး ကိုသာ  အထူးပြု  ပြသည့် Depth of Field.
 
 
 
ပုံရှေ့ ပိုင်း ရှိပန်းကို သာ  အထူးပြု  ပြသည့် Depth of Field.
 
 
ပုံ၏ အလယ် ပိုင်း ရှိပန်းကိုသာ  အထူးပြု  ပြသည့် Depth of Field.
 
 
 
အထက်ပါ ပုံ အများစုမှာ Fame တစ်လုံး မဟုတ်ဘဲ မိမိ ပြလိုသည့် အပိုင်း ကို သာ ကွက်၍ ပြသည့် Depth of Field ယူထားသည့် ပုံ များ ဖြစ်ပါသည်။
Frame တစ်ခုလုံးအပြည့် ပုံကို ဖြည့် လိုပါက Depth of Field ရှည် ရှည် ရ နိုင်သည့် Aperture ကိုကျဉ်းကာ ရှေ့ နောက် ပုံ များပြတ် သားစေရန် ရိုက်ရန်လိုပါမည်။
 
၅။   ပန်း ၏ အလင်းမှောင် ကို မည် မျှလောက် ထားပေး မည် နည်း၊
၆။   အလှဆုံး ပုံ ထွက် လာရန် မည်ကဲ့ သို့ ပန်းများကို ရိုက်မည်နည်း၊
၇။   မိမိရိုက်မည့် နေရာ တွင် ပုံ၏ ရှေ့ နှင့်  နောက် ( Foreground and Background) တို့ ၌ ပုံ၏ အာရုံ ကို လျှော့ ပါးစေမည့် မည်သည့် Distraction တွေ ရှိနေသနည်း၊
၈။   မည်ကဲ့ သို့ ပုံစံ မျိုး ရိုက် မည်နည်း ဒေါင် လိုက်လား၊ အလျှား လိုက်လား၊
စသည့် မေးခွန်း များကို မိမိ ကိုယ် မိမိ အရင် မေးကြည့် ပါ။ ယင်းနောက်စဉ်းစား ကာ တစ်ခု ခြင်း  ဖြေ ပြီး မှ ရိုက် ရန်အကြံ ပြု လိုပါသည်။
 
 
 
 
Subject ကို ပေါ်လွင် အောင် ပြသ ခြင်း။
 
အထက်တွင် မေး ထားသည့် မေးခွန်း တစ်ခု ဖြစ်သော ပုံ၏ ရှေ့ နှင့်  နောက် ( Foreground and Background) တို့ တွင် ပုံ၏ အာရုံ ကို လျှော့ ပါးစေမည့် Distraction ဆိုသည်မှာ ပန်းဥယာဉ် အတွင်း ရှိလေ့ ရှိထ ရှိတတ် သည့် အဆောက် အဦးငယ်၊ ဂေါ်ပြား၊ ပေါက်ပြား ၊ စသည့် ဥယာဉ် သုံး ပစ္စည်းများ အပါအ၀င် အခြား မလို အပ်သည့် ပန်းများ၊ အ၀တ်တန်း၊ စသည်တို့ ကို ဆိုလို ပါသည်။
 
သို့ ရာ တွင် မိမိ က ထို အရာ များကို လို အပ် သလား၊ မလိုအပ် သလားဆိုသည့် အမေး လည်းရှိလာ ပြန်ပါသည်။ ထိုပစ္စည်း များကို လိုအပ် လျှင် Frame ထဲ ထည့် လိုက်ပါ။ များသော အားဖြင့် တော့ မလို အပ်ကြပါ။ အဆိုပါ Distraction များကို ဖယ် ရှား ရပါမည်။
 
အဆိုပါ Subject အပေါ် အာရုံ လျှော့ ပါး စေမည့် Distraction များ ကင်းရှင်းရေး နှင့်ပတ်သက်၍ ဆောင်ရွက်ရန်မှာ  -
 
၁။   Distraction များ ကို Frame ထဲ ပါ မလာအောင် ကိုယ်တိုင် ဖယ်ရှားပါ။ များသော အားဖြင့် လွယ်လွယ် နှင့် ဖယ်ရှားနိုင်ကြပါသည်။
၂။   သို့ မဟုတ် မိမိသည် အဆိုပါ Distraction များ နှင့် လွတ်ရာ သို့ ပြောင်း ရပါ မည်။
၃။   အထက်ပါ နည်း နှစ်နည်း ဖြင့် အဆင်မပြေပါက အဆိုပါ Distraction များ Frame ထဲ မပါ ရလေ အောင်  Zoom ဆွဲ၍ သော်လည်းကောင်း သို့မဟုတ် ပန်း အနီး သို့  ကပ် ၍ သော်လည်းကောင်း ရိုက်ပါ။
 
၎။   Aperture ကို ကျဉ်း လိုက် ကာ Shallow Depth of Foeld ၊ DOF ပါးပါး ဖြင့် ရိုက်ပါ။ ဤ သို့ ဖြင့် Foreground နှင့် Background တို့ Focus ထဲ မှ လွတ် သွားကာ Main Subject ဖြစ်သည့် ပန်း သာလျှင် အထိက Focus ပြတ် နေပေလိမ့် မည်။
၅။   ကျွန်တော့် အနေ နှင့် မူ ပန်း ကို နေရာ ရွှေ့ ရိုက်သည် ကို မကြိုက်ပါ။ အချို့သော ဓါတ်ပုံ ဆရာ များမှာ မူ ပန်းကို နေရာရွှေ့ ရိုက်လေ့ ရှိပါသည်။ အချို့  က ပန်း ကို အပင်မှ ခူးကာ စိတ်ကြိုက် Angle  ရစေရန် စိတ်တိုင်းကျ နေရာ သို့ ရွှေ့  ကာ ရိုက်လေ့ရှိကြပါသည်။ ဤ ကဲ့ သို့ နေရာ ရွှေ့ ရိုက်ရာ တွင် ပန်း နှင့် သဟဇာတ ဖြစ်သည့် သဘာဝ အနေအထား မျိုး (Environmental impact ) ဖြစ်နေရန် သတိပြု ရန် လိုပါမည်။
 
 
ပန်းဝတ်ဆံ Micro  ပုံ။
 
နွမ်း နေသည့် ပန်း ခြောက် နေသည့် ပန်း များ၏ အလှ ကိုလည်း ရှာ ဖွေ ရန်။
နွမ်း နေသည့် ပန်း ခြောက် နေသည့် ပန်း များ ၏ အလှကို လည်း ကြည့် တတ် ရပါမည်။ တစ်ခါ တစ်ရန် တွင် နွမ်းခြောက်နေသည့် ပန်း များ၏ ပုံ သည် အံ့ မခန်း လှနေသည်ကို တွေ့ နိုင်ပါသည်။ အကျဉ်း တန် စေကာ မူ တင်ပြ တတ် ၊ ရိုက်တတ်က စိတ်ဝင်စား ဘွယ် ကောင်း သည့် ပုံ ထွက် လာနိုင်ပါသည်။
 
Focal Point ကိုသတ်မှတ် ပါ။
ဓါတ်ပုံ အားလုံး သည် ကြည့်သူ ပုံ ၏ မည်သည့် နေရာ ကို အာရုံ စိုက်စေလိုသည် ( Center of  Interest ) ကို အဓိက ဖန်တည်း ပြသ ကြသည် ချဉ်းသာ ဖြစ်ပါသည်။ ဤ သို့ လုပ်ဆောင်ကြရာ တွင် Rule of Thirds ကဲ့သို့ ဓါတ်ပုံ ဖွဲ့စည်း မှု ( Composition ) ဆိုင်ရာ ဥပဒေသ များကို အသုံးပြု လာ ကြပါသည်။ အဓိက မှာမူ မိမိ ပုံ အား ကြည့်သူ ၏ မျက် လုံး ကို မည်ကဲ့ သို့ ဖမ်းစား မည် ဆိုသည့် အချက် ကို ဆောင်ရွက် ကြရ ခြင်းသာ ဖြစ်ပါသည်။
 
အာရုံ ကွန့်မြူးကာ ခံ စား နိုင်မည့်  Abstract  ကို ဖန်တည်းပါ။
တစ်ခါ တစ်ရန် ပန်း ပွင့် တစ်ပွင့်လုံး မဟုတ်မူဘဲ အထူးပြု ပြသလိုသည့် နေရာတစ်နေရာ ထည်း - ဥပမာ ၀တ်ဆံ ကဲ့သို့ နေရာ မျိုး- ကိုသာ Focus ဖမ်းကာ ထားကာ ကျန်နေရာ များ ကို မှုံ ရည်ေ၀၀ါး စွာ ပြသ သည်လည်း  ရှိပါသည်။ ဤ သို့ ဖြင့် ကြည့် သူ အနေနှင့် အာရုံ ကွန့်မြူး ခံ စားနိုင်သည့် Abstract ပုံ အရည် အသွေးမျိုး ရှိရန် လိုသည်။ ဤသို့ ဖြစ်လာစေမည့် အရောင်အသွေး နှင့် ပုံစံ ပေါ်လွင်သည့် Contrasting Colour, Patterns, Textures လှပ သည့် ပန်း များကို ရှာဖွေ ရပါမည်။
ပန်းကို အရှိအတိုင်း ရိုက်သည်ထက် ပို၍ အသက်ဝင် ဆွဲ ဆောင်မှု ရှိလာစေရန် ရေပန်း နှင့် ရေ ဖြန်းပေး ကာ ရိုက်ခြင်း ဖြင့် ပန်းပေါ် တွင် လှပသည့် ရေစက် ရေပေါက် ကလေး များရ နိုင်ပါသည်။
 
ရေစက် ရေ ပေါက် ကလေး များ နှင့် မှုန်ရည် ဝေ ၀ါး စွာ လှပနေသည့် ပန်း။ အဓိက အထူးပြု လိုသည့် နေရာကိုသာ Depth of Field ဖမ်းထားပါသည်။
 
 
ရေစက် ရေ ပေါက် ကလေး များ နှင့် ပန်း။
 
 
Focus  သည် အဓိက အချက် ပင်ဖြစ်သည်။
ဓါတ်ပုံ တစ်ပုံ ၏ အဓိက အရေး အကြီးဆုံး အချက် ( Key) မှာ Focus ပြတ်သား နေစေရေး ပင် ဖြစ်သည်။ ပန်းများကို Micro Photography ရိုက်ရာ တွင် မူ Depth of Field သည် အလွန် ပါးသည့် (ှShallow Depth of Field ) ဖြစ်သည့် အတွက် မီလီ မီတာ ၏ အစိတ် အပိုင်းကလေး မျှ ပင် အလွဲ မခံ သည်အထိ သိမ်မွေ့ လှပါသည်။
ထို့ကြောင့် မိမိ အနေနှင့် အဓိက ပြ လို သည့် ပန်း၏ အစိတ် အပိုင်း ကို  ပြတ်သား စွာ ပေါ် လွင် နေစေရန် Focus ကို အတိအကျ ချိန် ရပါမည်။ ပြင်ပ တွင် ရိုက်သည့် အချိန် မျိုး ၌ လေ နည်းနည်း တိုက် လိုက် သည် နှင့် ပင် Focusing ပျက် သွား နိုင်ပါသည်။ ကြိမ်းသေ စေရန် ပုံ ပေါင်း များစွာ ရိုက် ရန်လိုပါသည်။ အခြေ အနေ အချိန် အခါ ကံ ကောင်း ထောက်မ သည့် အချိန်တွင်  ပုံ ကောင်း များ ရနိုင်ပါသည်။

 

Lighting
ပုံကောင်း တစ်ပုံ ရ ရန်  အလင်းရောင် အလင်းရောင် ၏ ပံ့ ပိုး မှု သည် လွန်စွာ အရေး ကြီးပါသည်။ ပြင်ပ၌ ပန်း များကိုရိုက် ရာ တွင်မူ မိမိ လို အပ်သည့် အလင်း ရောင် အနေအထားမျိုး ရလိုမှ ရပေလိမ့်မည်။ နေ အလွန်ပြင်းသည့် နေရောင် အောက်တွင် တိုက်ရိုက် အလင်း ရောင် ဖြင့် ရိုက်ပါက ပုံ၏ အလင်း အမှောင် များ အလွန် ကွာ ခြား ကာ အနုစိတ်များ ပြောက် သွားပါလိမ့်မည်။
နေရောင် ကို တိမ်ဖုံးသည့် အချိန် မျိုး ကဲ့သို့ အလင်းရောင် ဖြော့ သည့် အချိန် မျိုး တွင် ရိုက် လျှင်မူ ပန်း၏ Details များ ပေါ် လာပါလိမ့် မည်။ သို့ မဟုတ် စက္ကူ အဖြူ ကဲ့ သို့ ရောင်ပြန် ပြား များ  ဖြင့် Indirect Light ပေးကာ ရိုက်ရန် လိုပါမည်။
 
Flash ကို သုံးရာ တွင် Auto သုံး လိုက်ပါ က ပုံ သည် အနုပညာ ဆန်ဆန် ကြွ တက်မလာဘဲ  Flat ဖြစ်သွား တတ်ပါသည်။ လိုအပ် သည့် အလင်း ပမာဏ ကို  Flash တွင် ပြန် ညှိ ခြင်း Diffuser သုံး ခြင်း များ ဆောင်ရွက် ရန် လိုပါမည်။ နေရာ တစ်ခုခု ကို Bounce လုပ်ကာ ရိုက်သည့် Indirect Light သည် ပန်းကို ပို၍ သဘာဝကျ ကာ လှပ စေသည်။  ပန်များကို ဓါတ်ပုံ ရိုက် ရာ တွင် Reflector မှ ပေးသည့် အလင်း ရောင် သည် မျှတ ကောင်း မွန်သည်။ သဘာဝ အလင်းရောင် စိတ် တိုင်းကျ မရ ပါက သုံး ရမည့် Lighting ဖြစ်သည်။ အရောင် နှင့် Reflector များကိုလည်း စမ်းသပ် အသုံးပြု သင့် သည်။
 


 
 
 
Lenses
Point and Shoot Cameras ကို သုံး မည် ဆိုလျှင် Lens လဲ ကာ ရိုက်နိုင်မည် မဟုတ်။ ကင်မရာ တွင် ပါသည် Micro Mode  ကို သုံးရ လိမ့် မည်။    ဤ Mode တွင် ကင်မရာသည် Aperture ကို ကျယ်ပေး လိုက်ခြင်း ဖြင့် Depth of Field ပါးပါး ( Shallow Depth of Field) ရ လာမည်။ အချို့  သော Point and Shoot Cameras များတွင် မူ Micro Lens Attachment  ပါသည်။
DSLRs ကင်မရာ များ မှာ မူ Lens ကို လို အပ် သကဲ့ သို့ ပြောင်းလဲ တပ်ဆင် ရိုက်ကူး နိုင်သည်။ Micro Lens များဆိုလျှင် 50mm, 60mm, 100mm, 180mm စသည် ဖြင့် Focal Length အမျိုးမျိုး ရှိ သကဲ့ သို့ Focal Length အလိုက် သက်ဆိုင်ရာ အစွမ်း သတ္တိလည်း ရှိကြသည်။
Focal Length တိုသော Lens များ မှာမူ Subject အနီးသို့ ကပ်၍ ရိုက်ရန် လိုသော်လည်း Focal Length ရှည် လျှင် Subject အနီးသို့  များစွာ ကပ်ရန် မလိုတော့ပါ။ ထို့ ကြောင့် အဆိုပါ Focal Length ရှည်သည့် Micro Lens များသည် ပိုးကောင် မွှားကောင် များရိုက်ရန် ပို၍ သင့်လျှော်သည်။
 
 
 
ပန်းများကို ဓါတ်ပုံ ရိုက်ရာ တွင်ဆောင်ရွက်သင့်သည် များ။
ဤ အခန်း မှာ ဆောင်းပါးရှင် Jose Antunes Better Flower Photography  ၏ ဆောင်းပါး မှ ကောက် နှုတ်ချက် များ ဖြစ်ပါသည်။ အောက်တွင် သုံး နှုံး မည့် “ ကျွန်တော် “ ဟူသော အသုံး အနှုံး မှာ ဆောင်းပါး ရှင် Jose Antunes  ကို ကိုယ်စား ပြုပါသည်။
 
န်းများကို ဓါတ်ပုံ ရိုက် ရာတွင် ယေဘူယျ အားဖြင့် Tripod  သုံးရန် လိုသည် ဆိုစေကာမူ နေရာ တိုင်း တွင် တော့ မလို အပ်ပါ။ အခြေ အနေ ပေါ် မူတည်ပါ သည်။ ဥပဒေသ တစ်ခု အဖြစ် ပုံသေ မမှတ်ယူ သင့်ပါ။ Photography သည် ဖန်တည်း မှု အနုပညာ တစ်ရပ် ဖြစ်သည် ကို သတိ ချပ်ထားရန် လိုပါသည်။
 
၁။     Compact ကင်မရာ
Compact ကင်မရာ များ နှင့်လည်း ပန်း များကို ရိုက် နိုင်ပါသည်။ ကျွန်တော် ၏ Flower Collection ပုံ များ တွင် DSLR နှင့် ရိုက်သည့် ပုံ များ ရှိသကဲ့သို့ Comapact ကင်မရာ ဖြင့် ရိုက် သည့် ပုံ များ လည်း ရှိပါသည်။ ကျွန်တော် အနေနှင့် ပန်းများ အား  DSLR နှင့် ရိုက်ရသည်ကို ကြိုက်ပါသည်။ ပုံ ကောင်း များ ရ ပါသည်။ သို့သော် DSLR ချဉ်း သာ မဟုတ်ဘဲ Compact ကင်မရာ နှင့် လည်း ပုံ ကောင်း များ ရ နိုင်ပါသည်။ ရိုက်သည့် လူ ပေါ် တွင် မူ တည်ပါသည်။
 
 

 California Poppy.

Compact ကင်မရာ ၏ Macro Mode သည် ပန်း များကို Close up ရိုက်ရန် အလွန်ကောင်း ပါသည်။ ကျွန်တော်သည် သွား လေရာ သို့ Compact ကင်မရာ ယူဆောင်သွားလေ့ ရှိပါသည်။ Compact ကင်မရာကိုလည်း ကျွမ်းကျင် စွာ ရိုက်နိုင်လျှင် ကောင်း မွန်သည့် Close up ပုံများ ရနိုင်ပါသည်။
 
အထက်ပါပုံသည် ကျွန်တော် အတော် ဈေးသက်သာ သည့် Compact ကင်မရာ ဖြင့် ရိုက်ထားသည့် California Poppy ပုံ ဖြစ်ပါသည်။ စိတ်ကြိုက် Angle ရစေရန် ကျွန်တော် မြေပြင်ပေါ် တွင် မှောက် ကာ ရိုက်ခဲ့ ခြင်း ဖြစ်ပါသည်။
 
၂။     ဒူး ထောက် ကာ ရိုက်ပါ။
ပန်းဥယာဉ် များ အတွင် Amateurs Photographer များသည် မတ်တပ် ရပ်ကာ ပန်းများကို  အပေါ်စီး မှ ရိုက် ကြပါသည်။ သည့်နောက်  ချက် ခြင်း ပင် နောက် Subject တစ်ခု ကို ပြောင်းရိုက် သည် ကို မကြာခဏ တွေ့ ရလေ့ ရှိပါသည်။ မှားသည် လုပ်ရပ် ဖြစ်ပါသည်။ Angle ကောင်း ရ စေရန် သေခြာစွာ ကြည့် ပြီးမှ ရိုက်သင့် ပါသည်။ ပန်း ကို ဓါတ်ပုံ ရိုက် မည် ဆိုလျှင် လည်း ပန်း တစ်ခု ထည်းကိုပင်  စိတ် တိုင်းကျ ရသည့်အထိ အလေး ထား ရိုက် သင့်ပါသည်။
 
 

 
 
ပန်း သည် များသော အား ဖြင့် အနိမ့် ပိုင်း တွင် သာ ရှိကြသဖြင့် ပန်းကို ရိုက် ရန် အတွက် ဒူးထောက် ချ ကာ ရိုက်သင့် သည်။။ သာမန် ထက် ထူးခြားသည့် Angle မြင်ကွင်း ကိုရ လာပါလိမ့် မည်။ ဤသို့ ဖြင့် ပန်း ကို ဓါတ်ပုံ ရိုက်သည့် New Horizon တစ်ခု ကို ရ ရှိလာ ပါ လိမ့်မည် ။  သာ မန် အပျော် သဘော ရိုက် သူ များ အနေနှင့်မူ ဖြစ်သလို ထိုးရိုက် လိုက်သည် ချဉ်းသာ ဖြစ်သည်။ အလေး အနက် ရိုက်သူ များ အနေနှင်မူ ဤ ကဲ့ သို့ မရိုက် ကြပါ။ သေခြာစွာ ထိုင် ချလိုက်ကာ ပန်း ကို သေချာ စွာ ကြည့်ပါ။ သာမန် အပျော်  ရိုက် သူများ မမြင် သည့် အလှ များကို မြင် လာပါ လိမ့် မည်။ ဤ သို့ ဖြင့် သင်  သည် ပန်း ၏  စစ်မှန်သော အလှ ကို စတင် တွေ့ ရှိလာ မည် ဖြစ်ပါသည်။
 
 
၃။    ထိုင်လိုက်ပါ၊ အာရုံ စိုက် ကာ ကြည့်ပါ။
 
ပန်း ကို မြင်သည် နှင့် ချက် ခြင်း မရိုက်ပါနှင့်။ ထိုင်ချ လိုက်ပါ။ အာရုံ ကို နှစ် လိုက် ကာ သူ့အလှကို ကြည့်ပါ။ လူ အများ မမြင် သည့် အလှ ကို ကြည့်ပါ။  ပန်း ၏ ပုံစံ ၊ အရောင်၊ အနေအထား တို့ ၏ အလှကို ရှာ ဖွေပါ။
 
 
လက်ရှိထိုင်နေသည့် နေရာ မှ မရွှေ့ ဘဲ မိမိ ပတ် ၀န်းကျင် တစ်ဝိုက် တွင် အခြား ရိုက်ရန် သင့်လျှော်သည့် ပန်း များကိုလည်း ရှာ ကြည့်ပါ။ ဤ နည်းသည် ကျွန်တော့်အား အလွန်  အကျိုးပြု သည့် နည်း ဖြစ်ပါသည်။ ပန်း ကို မရိုက် မီ View Finder ထဲ တွင် ဦးစွာ Frame ချ ကြည့်ပါ ။ ပုံ ထွက် လာလျှင် မည် ကဲ့ သို့ ရှိမည် ကို မှန်းကြည့်ပါ။ ပြီး မှ ရိုက်ပါ။
 
၎။    Lens ကို အမျိုးမျိုး အနေအထား ဖြင့်သုံးကြည့်ပါ။
Lens ကို ၄င်း၏အခြေအနေ အမျိုးမျိုး အလိုက် ပေး လာမည့် ပုံ ထွက် Result ကို စမ်းကြည့်ပါ။ Full Automatic Programs  ကို မေ့ ထား လိုက်ပါ။ Aperture ကို မိမိ ကိုယ် တိုင် စိတ် တိုင်းကြ ထိန်းချုပ် ထားပါ။ ဤ အချက် သည် ပန်း ရိုက် ရာ တွင် အရေး ကြီးသည့် အချက် ပင် ဖြစ်ပါသည်။ ပန်း အနီး သို့ မည် မျှ အထိ ကပ် ၍ ရိုက် နိုင်သည် ကို စမ်းသပ် ကြည့် ပါ။ Lens များတွင် Subject နှင့် အနီး ဆုံး ရိုက် နိုင် သည့် အကွာ အဝေး အမျိုး မျိုး ရှိကြပါသည်။
 
 

 
 
Compact ကင်မရာ များသည် ဤ နေရာ တွင် တစ်ပန်းသာ ပါသည်။ အတော် နီးနီး အထိ ကပ်၍ ရိုက် နိုင်ပါသည်။ မည် မျှ အထိ အနီး ကပ် ရိုက် သင့်သည်။ မည်မျှ အထိ ခွာ ရိုက် ရမည် ဆိုသည်မှာ မူ အခြေအနေ နှင့် မိမိ ၏ အကြိုက် ပေါ် တွင် တည် ပါသည်။
 
၅။    ပန်း ရိုက်ရန် အတွက် ကျွန်တော့် ၏ အကောင်းဆုံး Lens များ။
 
ဓါတ်ပုံ သမား အများ စု သည် Subject အနီးသို့ ကပ် ရိုက် လျှင် Micro Lens များကို အများဆုံး သုံးလေ့ ရှိပါသည်။ ပန်း ရိုက် သည့် အချိန် တိုင်း တွင် Micro Lens မလိုပါ။ ကျွန်တော် အတွက် မူ ပန်းရိုက်ရာ တွင် 100-400mm ဖြင့် Focal Length အဆုံး ဆွဲ ရိုက်သည်ကို ပိုကြိုက်ပါသည်။ ဤသို့ဖြင့် ပန်းနှင့် နောက်ခံ Background တို့ ကို လွယ်ကူ စွာ ခွဲ ထုတ် နိုင် သည့် အတွက် ဖြစ်ပါသည်။
 

 
 
အထက်ပါ ပုံ သည် ကျွန်တော် ၏ ပန်း ရိုက်ရာ တွင် အနှစ်သက်ဆုံး Lens ဖြစ်သည့် 100-400mm ဖြင့် ရိုက်နေသည်ကို ကျွန်တော်၏ သား Miguel Antunes  ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။ 100-400mm ဖြင့် ရိုက်ပါက များသော အားဖြင့် ကျွန်တော် Tripod ကို မသုံးပါ။ Wide Aperture, High Shutter Speed ဖြင့် သာ ရိုက်ပါသည်။  ISO ကိုတော့ နှိမ့် ထားပါသည်။ သို့ ရာ တွင် ပုံသေ တော့ မဟုတ်ပါ။ ကျွန်တော် ပန်း တစ်ခု လုံး ကို Focus လုပ်သည့် အနေအထားမျိုး အလွန် ရှား ပါသည်။ ကျွန်တော် အထူးပြု ပြ လို သည့် အစိတ်အပိုင်း ကိုသာ Focus ဖြတ် ပါသည်။
 ပန်း ၏ အကောင်း ဆုံး အလှ ကို ရနိုင်မည့် Angle မှ သာ လျှင် ဓါတ်ပုံ ရိုက် ရန် ကျွန်တော် အမြဲ ကျိုးပန်းလေ့ ရှိပါသည်။ ထိုအချက် များ သည် ပန်း ရိုက်ရာ တွင် ကျွန်တော် အစဉ် တစ်စိုက် လုပ်ဆောင် သည့် အချက် များ ဖြစ်ပါသည်။
 
၆။    Subject ကို သီးခြား ခွဲ ထုတ် လိုက်ပါ။
အောက် တွင် ပြ ထားသည့် White Poppy Flower ပုံ နှစ် ပုံ တွင် ကြည့်သူ၏ ဘယ် ဘက်ရှိ ပုံ၏ နောက်ခံ Background ရှိ အရာဝတ္တု မျိုး စုံတို့သည် ကြည့်သူ အတွက် Subject ဖြစ်သည့်  ပန်း  ကို အာရုံ လျှော့ ပါးစေသည်။ ညာ ဘက် ရှိ ပုံ မှာ Background Distraction များကို  Main Subject ဖြစ်သည့် ပန်း မှ ခွဲ ထုတ် ထားသည့် ပုံ ဖြစ်သည်။ Subject အား နောက် ခံ အနှောက် အယှက် တို့ မှ ကင်းဝေး စေရေး သည် ဓါတ်ပုံ တစ်ပုံ တွင် အလွန်အရေး ကြီး ပါသည်။ ဤ အနှောက် အယှက် များ မှ ကင်း ဝေး စေရန် မှာ Lens, Aperture နှင့် ကငိမရာ နှင့် Main Subject တို့ အကွာအဝေး မှာ အလွန် အရေးကြီးသည်။ Focal Length ရှည် သည့် Lens များသည် နောက် ခံ များကို Subject မှ ခွဲ ထုတ်သည့် Compress Planes of Focus လုပ်ရာ သည့် နေရာ တွင် များစွာ ထိရောက် သည်။ Subject ကို အနီး ကပ် ရိုက် ခြင်း သည်လည်း အဆိုပါ  နောက် ခံ များကို Subject မှ ခွဲ ထုတ်သည့် Compress Planes of Focus ကို ကောင်း စွာ ဆောင်ရွက် နိုင်သည့် နည်း ဖြစ်သည်။
 
 
 
 

ဤ နေရာတွင် Aperture  သည် များစွာ အရေး ကြီးသည်။ မိမိ Set လုပ်ထားသည် Aperture သည် မိမိ လို အပ် သည့် Depth of Field Result ကိုပေး မည့် Aperture ဟုတ် ၊ မဟုတ် အစဉ် Depth of Field Preview ကို ကြည့်ကာ Check လုပ်ပါ။ Subject ကို အနှောက် အယှက် များ ကြား မှ ခွဲ ထုတ်သည့် နေရာ တွင် ကျွန်တော် ၏ 100-400mm Lens သည် များစွာ အစွမ်းထက်သည်။ အထက် ညာ ဘက် ရှိ White Poppy Flower ပုံ ကဲ့ သို့  Distraction ကင်းသည့် ပုံ မျိုး ရရှိနိုင်သည်။ ဤကဲ့သို့ လုပ်ဆောင်ရန် အမြဲ တမ်း ဖြစ်နိုင် ခြေ ရှိခြင်မှ ရှိပေမည်။ အခြေအနေ မပေးသည် ကာလ၊ ဒေသ များ တွင် မူ ဤနေရာ မျိုး ကို ရှောင်ကာ  မိမိ လို အပ် သည့် အဖြအနေမျိုး ဖေါ်ဆောင်၍ ရ နိုင်သည့် အခြား ပန်း များကို ရိုက် ရပါမည်။

 

၇။    Subject နှင့် နောက်ခံ အရောင် ကွဲ နေပါစေ။

Main Subject ဖြစ်သည့် ပန်း နှင့် နောက်ခံ တို့  အရောင် သည် မတူဘဲ တစ်ခု နှင့် တစ်ခု အထောက်အပံ့ ဖြစ်စေသည့် Contrast ဖြစ်နေစေရန် လိုပါသည်။ အောက် ပုံ ကိုကြည့် လျှင် နောက်ခံ အစိမ်း ရင့် ရောင်သည်။ ပန်း ရောင် အရင့် ဖြစ်သော Subject ကို ပို ၍ ပေါ် လွင် စေသည်။

 
 
 

ဒူးထောက် ခြင်း သို့ မဟုတ် လှဲချ ကာ ရိုက်ခြင်း မျိုး သည် ပတ်ဝန်းကျင် နှင့် Main Subject တို့၏ Colour Contrast ရရှိ စေရေး ကို အထောက်အကူပြုသည်။

 

 

၈။    ပန်း တစ်ပွင့်လုံး ကို ဘက်စုံ မှ ရိုက်ပါ။

ကျွန်တော် သင်တန်း သားများကို ပန်း  ရိုက် နည်း နှင့် ပတ်သက် ၍ ပို့ ချရာ တွင် “ Peel the Onion” ကြက်သွန်နီ အခွန် နွှာ သကဲ့ သို့  ဘက်ပေါင်း စုံမှ တစ်လွှာခြင်း နွှာ သည့် သဘောမျိုး ရိုက်ရန် သင်ကြားပါသည်။ ကျွန်တော်လည်း မည်သည့် အချိန်တွင်မှ တစ်ပုံ ထည်း ရိုက်ခြင်း၊ Angle တစ်ခု ထည်း မှ ရိုက်ခြင်း မျိုး မလုပ်ပါ။ Angle ပေါင်းစုံ မှ ပုံ အမျိုးမျိုး ကို ပုံ ပေါင်း များစွာ ရိုက်ပါသည်။ အောက် ပုံ တွင် ပန်း တစ်ပွင့် ထည်း ကိုပင် အမျိုး မျိုး သော အနေ အထားများ မှ ရိုက်ထားသည် ကို တွေ့  နိုင်ပါသည်။

ကျွန်တော် သည် ပန်း တစ်ပွင့် ကို ရုတ်ချဉ်း ကြည့် ၍ မြင် ရသည့် အလှ တစ်ခု ထည်း ကို ပုံသေ မယူပါ။ အဘက်ဘက် မှ အပြန်ပြန်အ လှန်လှန် ကြည့် ပါသည် ထိုထက် လှသည့် နေရာ များစွာ ကို တွေ့ နိုင်ပါသည်။ ယင်းနောက် အသေးစိတ် အလှ အများ ဆုံး  ရ နိုင် သည့် နေရာ ကို ရွေးပါသည်။ ကျွန်တော့် အတွေ့ အကြုံ အရ မူ ပန်း အနား တွင် ကြာကြာ နေ လေ အလှ ကို ပိုတွေ့ လေ ဖြစ်ပါသည်။

 
 
 
 

“Peeling the onion,” နည်းသည် အနု စိတ် တစ်လွှာ ခြင်း ခွာသည့် သဘော ဖြစ်၍ Subject ကို အသေးစိတ် ကြည့် ကာ ရိုက် ရန်ကို ဆိုလို ခြင်း ဖြစ်ပါသည်။ ဤ သို့ မလုပ်ဆောင်ပါက ပုံ ကောင်း မရ နိုင်ပါ။  ပထမ ပိုင်း တွင် သာ မန် ရိုက် ရိုးရိုက်စဉ် ရိုက်ရာ မှ နောက်ပိုင်း တွင် အနု စိတ် များကို ပြောင်း ရိုက်ပါ။ ခေတ်ပေါ် Mirror Less ကင်မရာ များနှင့် Comapct ကင်မရာများသည် Subject အနီးသို့ များစွာ ကပ် ရိုက် နိုင်သည်ကို မမေ့ သင့်ပါ။ DSLR ချဉ်း အားကိုးမနေဘဲ အဆိုပါ ကင်မရာ များ က်ုလည်း သုံးကြည့်ပါ။

 

၉။    Depth of Field ကို ထိန်းပါ။

ပန်း ကို ရိုက်ရာ တွင် အချို့ က ပန်း ၏ နေရာ အားလုံ Focus မိနေစေလိုကြသည်။ အားလုံး Focus မိနေရန် မလိုပါ။ အားလုံး  Focus မိ နေလျှင် ကြည့်သူ၏ အာရုံ ရှုပ်ထွေး ( messy ) နေ လိမ့် မည်။ အောက်ပုံ ကို ကြည့်ပါ။ ပန်း ပွင့် အ၀ါ ပွင့် ချပ် ကလေး ကိုသာ Focus ဖမ်း ထားသည်ကို တွေ့ နိုင်ပါသည်။

 


 
 

အထက်ပုံ သည် နောက်ခံ Background Distraction ကိုဖယ်ထုတ်ထားပြီး Focus ကို ပွင့်ဖတ် အ၀ါ တွင်သာ ဖမ်း ထားပါသည်။ ဤ ကဲ့ သို့ ဖြစ်စေ ရန်အတွက် Micro Lens နှင့် ရိုက်ခြင်း ၊ Aperture ကျယ်ကျယ် နှင့် ရိုက်ခြင်း၊ Lens ကို Long Tele ဆွဲ ကာ ရိုက်ခြင်း တို့ ဖြင့် ဆောင်ရွက် နိုင်ပါသည်။ ပန်း ကို ဓါတ်ပုံ ရိုက်ရာ တွင် မုဆိုးက သား ကောင်ကိုချောင်း သကဲ့သို့ ဘက်ပေါင်းစုံ မှ ချောင်း ကာ အကောင်း ဆုံး Result ရအောင် ဆောင်ရွက် ရန်လိုပါသည်။ မိမိ လို အပ် သည့် Result ရ စေရေး တွက် မည်သို့ ဆောင်ရွက် ရ သည် ဖြစ်စေ ရှက် ရွံ့ နေရန် မလိုပါ။ 

ကျွန်တော် အထက်က ပေး သည် နည်း များ သည် ပန်း ဆိုသည့် ကားကောင် ကို ပစ် ရန် လက်နက် တပ်ဆင် ပေး လိုက် ခြင်း ဖြစ်ပါသည်။ ကိုယ်တိုင် ပစ် ကြည့် ကြပါရန်။

 

၁၀။ ကိုယ် ပိုင် နည်း ကို လည်း တည် ထွင်ပါ။

 

အထက်တွင် ပြထားသည် နမူနာ ပုံများကို ကြည့် ခြင်း ဖြင့် ပန်း ဓါတ်ပုံ ရိုက်ခြင်း နှင့် ပတ်သက်၍ များစွာ ဗဟုသုတ ရလိမ့်မည်ဟု မျှော်လင့် မိပါသည်။ ကျွန်တော် တုန်းက လည်း ဤ ကဲ့ သို့ ပင် California poppies images and tulips ရိုက် ရာ တွင် ထင်ရှား ကျော်ကြား လှသည့် George Lepp ကဲ့ သို့ ဓါတ်ပုံ ဆရာ ကြီးများ၏ ၏ ပုံ များကို ကြည့်ရှု လေ့ လာ မှီငြမ်း ကာ ရိုက်ကူး ခဲ့ရပါသည်။

 

ကျွန်တော် တွင် အထက်တွင် ဖေါ်ပြထားသည်မှာ ကျွန်တော် သိသည့် အိတ်သွန်ဖါမှောက် ပန်း ရိုက် နည်း ဖြစ်ပါသည်။ ယင်း မှ အပ အခြား ဆရာစား ချန်သည့် အချက်များ မရှိပါ။  အထက်ပါ ပုံ များ ကို ရိုက်သည့် ဓါတ်ပုံ ၊နှင့် ပတ်သက်သည့် ပစ္စည်း များမှာ လည်း သာမန် ပစ္စည်း များ သာ ဖြစ်ပါသည်။ ကျွန်တော့် တွင် ထိပ်တန်း ကင်မရာ နှင့် ပစ္စည်း များရှိစေကာမူ အထက်ပါ ပုံ များကို ကျွန်တော် သည် Canon EOS 50D, နှင့် ရိုက် ထားခြင်း သာ ဖြစ်ပါသည်။

 
 
 

 

အထက်ပါ ပုံ မှာ ပန်း တစ် ပွင့် ထည်း ကိုပင် Exposure နှစ်မျိုး နှင့် ရိုက်ကာ ပြန် ပေါင်း ထားခြင်း ဖြစ်ပါသည်။ Detail များ ရစေ ရေး အတွက် ဖြစ်ပါသည်။ ပုံ များ ပြန်ထပ်ရာ တွင် အလွဲ အနည်းငယ် ရှိနေသည် ကို မြင်နိုင်ပါသည်။
 
ပန်များကို ရိုက်ရာတွင် Result သည် “ Sitting, Watching  and Waiting “ ဟူသော ဆိုရိုး စကား ရှိပါသည်။ ယခင် ရိုက်ခဲ့သည့် နေရာ တစ်ခု ထံ သို့ ပြန်လာပါ၊ အကြိမ်ကြိမ် ပြန်ရိုက်ပါ၊ ကျွန်တော် လည်း ထိုကဲ့ သို့ ပင် ဆောင်ရွက်ခဲ့ပါသည်။
 
ပန်း များ ရိုက် ကူးရေး နှင့်ပတ်သက်၍ ကျွန်တော့် အနေနှင့်  အရေး အကြီး ဆုံး ကို အချုပ်အားဖြင့် ပြော လိုသည်မှာ -
  အချိန်ယူပါ၊ အေးအေး သက်သာ ထိုင်ချလိုက်ပါ၊ ပန်းများ စကားပြောနေသည် ကို နားထောင်ပါ၊ မိမိ ကလည်း ပန်းများကိုလည်း စကားပြောပါ။ “
 
ပန်း နမူ နာပုံ များ။
 
 
 
 

 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
___________________________________

8 comments:

  1. ကျေးဇူးတင်ပါတယ် အန်ကယ် ရဲ့ အနုပညာ လက်ရာလေးတွေကို အရမ်းသဘောကြပါတယ်. အခုလို သိသမျှကို ပြောပြပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်။

    ReplyDelete
  2. Thank for every post brother .. that you sharing were so valuables for me .

    ReplyDelete
  3. မင်္ဂလာပါခင်ဗျာ...

    ဦးစိုးလှိုင်ရဲ့ ဒီပို့စ်လေးကို သဘောကျလို့ Myanmar Blogs Digest Page လေးမှာ ဝေမျှခွင့်ပြုပါ။ ဆက်လက်ပြီးတော့လည်း အခုလိုမျိုး ကျူတိုရီယယ်လ် ပို့စ်ကောင်းလေးတွေကို ရေးသားနိုင်ပါစေခင်ဗျာ....

    https://www.facebook.com/mmblogsdigest

    ခင်မင်လေးစားလျက်

    Yan.

    ReplyDelete
  4. ဓါတ်ပုံပညာကို အရမ်း စိတ်ဝင်စားပါတယ်။ ခုလို အကျယ်တဝင့် ရှင်းပြပေးတာ ကျေးဇူးပါ။ လင့်ချိတ်ခွင့်ပြုပါ။
    Myanmar Blogs Digest Page ကနေ ရောက်လာခဲ့တာပါ။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ဆရာ ဦးစိုးလှိုင်ခင်ဗျား ...
    ကျွန်တော်က ဓါတ်ပုံဝါသနာရှင်တစ်ယောက်ပါ။ ဆရာ့သင်ခန်းစာတွေကို လေ့လာရင်း ဆရာ့ကိုလည်း ကျေးဇူးတွေအများကြီး တင်မိပါတယ်။ ကင်မရာကောင်းကောင်းတစ်လုံး ကိုင်နိုင်ဖို့ဆိုတာ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေနဲ့ အလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ ၀ါသနာအရ တစ်နေ့မှာ ကျွန်တော် ကင်မရာကောင်းကောင်းတစ်လုံး ကိုင်နိုင်အောင် ကြိုးစားပြီး ရအောင်ဝယ်ဦးမယ် ဆရာရယ် ... ။
    အဲ့ဒီအချိန်ကျရင် ဆရာ့သင်ခန်းစာလေးတွေ ပြန်ရှာမရတော့မှာစိုးလို့ သိမ်းထားဖို့အတွက် ဆရာ့သင်ခန်းစာတွေကို ကျွန်တော် ကော်ပီကူးထားမိတယ်။ အဲဒီလိုကူးရင်းနဲ့ PDF လေး လုပ်ထားရင် ပိုအဆင်ပြေမယ်ဆိုပြီး ကိုယ့်ဟာကိုယ် PDF လေးလုပ်ထားမိတယ်။ ဓါတ်ပုံလေးတွေ မဖန်တီးနိုင်ခင် ကိုယ်ဝါသနာပါရာကဏ္ဍလေးမှာ စိတ်ကူးမိတာလေး လျှောက်လုပ်ကြည့်တဲ့ သဘောပါခင်ဗျာ။
    အဲဒီအတွက် နှစ်ပတ်လောက် ညစဉ်အိပ်ရေးပျက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ စာအုပ်လုပ်နေရင်းက ပိုပြီး အိပ်မပျော်စေတဲ့ အကြောင်းက တဖြည်းဖြည်း ဈာန်ဝင်ရင်း လုပ်သွားမိတာ ပြီးခါနီးမှာ သတိဝင်လာတော့ ပိုင်ရှင်ကို ခွင့်မတောင်းပဲ လုပ်နေမိပြီဆိုတာကြောင့်ပါပဲ။ အဲဒီအတွက် ဆရာ့ဆီက ခွင့်ပြုမှုလေး ရချင်ပါတယ်ဆရာ။ နောက်ပြီး ကြိုပြီး ခွင့်မတောင်းမိခဲ့တဲ့အတွက်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ ဆရာ့ရဲ့ ခွင့်ပြုမှု၊ ခွင့်လွှတ်မှုကို မရခဲ့ရင် ကျွန်တော် နောင်တတွေ တပွေပွေနဲ့ လိပ်ပြာမလုံဘဲရှိနေရတော့မှာမို့ ခွင့်မလွှတ်နိုင်ရင်လည်း အသိလေးတော့ ပေးပေးပါလို့ တောင်းပန်အပ်ပါတယ်ခင်ဗျား ...
    ဆရာ ပြန်လိုချင်ရင်လည်း ပြန်ပို့ပေးပါ့မယ်ခင်ဗျား ...

    လေးစားလျက်
    မြဖေ

    ReplyDelete
    Replies
    1. အကြံတူတွေ လာတွေ့နေပါပေါ့လား :D ကျွန်တော်လည်း ဆရာစိုးလှိုင် ဘလော့တစ်ခုလုံးကို ခွင့်မတောင်းရသေးပဲ ဒေါင်းလုဒ်ချထားမိပါတယ် .. ခွင့်ပြုပါနော် အချိန်မရွေးပြန်ဖတ်နိုင်အောင်လို့ပါဆရာ

      Delete
  7. စီးပွားရေး အတွက် မဟုတ်ဘဲ မိမိ လေ့ လာရန်အတွက် ဆိုပါက ပြော ရန်မရှိပါ ခင်ဗျာ။

    ReplyDelete