Friday 20 September 2013

Optical Low Pass Filter




53 – Optical Low Pass Filter                        ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၅၃)

 

ကင်မရာတွင် တပ်ဆင်ထားသည့် Optical Low Pass Filter

အကြောင်း သိကောင်း ဘွယ်ရာ။

 

 

 

စကားဦး

 အများစု သော ကင်မရာ ၏ Sensor ရှေ့ တွင် ပုံ ရိပ် များ တွင် ပေါ် လေ့ ရှိ သည့်  Moiré pattern ဟုခေါ်သော  ရောင်ပြန် လှိုင်းတွန့်လေးများပေါ်လာလျှင် ပြန် ညှိပေးရန် အတွက် Opical Low-Pass Filter (OLPF ) ကို တပ်ဆင်ထား ပါသည်။ အချို့သော ကင်မရာ များက ပုံ၏ ကြည်လင်ပြတ်သားမှု ကို ထိခိုက် စေသည်ဟု ဆိုကာ တပ်ဆင်ထားခြင်း မရှိပါ။

 

စင်စစ်အားဖြင့် ကင်မရာ တွင် Optical Low-Pass Filter (OLPF ) ဆက်ရှိရန် လို အပ်နေ သလော၊ သို့ မဟုတ် မလိုတော့ ပြီလော ဆိုသည့် အခြေ အတင် ဆွေးနွေး နေမှု မှာ ဆယ်စု နှစ် တစ် စု ခန့် ကြာခဲ့ ပြီ ဖြစ်ပါသည်။

 

သို့ ရာတွင် မကြာ မြင့် မှီ ကာ လအတွင်း က Nikon D 800 E နှင့် D 7100 တို့ ကို ကြော်ငြာ ရာတွင်ပုံ ကြည်လင်ပြတ်သား စေရန်အတွက်  Opical Low-Pass Filter  ထည့် ထားခြင်း မရှိ ဟူ၍ ကြော်ငြာ သည့် အချိန်တွင်မူ ကျွန်တော် အပါအ၀င် ဓါတ်ပုံပညာ စတင်လေ့လာနေသည့်  ၀ါသနာရှင်များ အကြား Optical Low-Pass Filter (OLPF ) ကို ဖယ်ရှား လိုက် ခြင်းသည် ကင်မရာ ထုတ်လုပ်ခြင်း၏ မည်ကဲ့ သို့ သော ခြေလှမ်း သစ် တစ်ရပ် ပါလိမ့် ဟူ၍ စူးစမ်း စိတ် များပေါ်လာပါသည်။

 

 
သို့ နှင့် ကျွန်တော် လည်း သိလိုဇော နှင့် ရှာဖွေ လေ့ လာခဲ့ပါသည်။ ကျွန်တော် တွေ့ ရှိသည်လေးများကို ၀ါသနာရှင် မိတ်ဆွေ များကိုလည်း ပြန်လည် မျှဝေ လိုသည့် အတွက် ဤ မှတ်စု ကို ရေးလိုက်ရခြင်း ဖြစ်ပါသည်။

 

ကင် မရာ တစ်လုံး၏ Sensor ရှေ့ တွင် တပ်ဆင်ထားသော Optical Law-Pass Filter ။
 
 
 
 
 
 

အထက်ပါပုံတွင် ကင်မရာ Sensor ရှေ့ Opical ၌ Optical Low-Pass Filter တပ်ဆင် ထားသည်ပုံ ဖြစ်ပါသည်။
 
အောက်ပါပုံတွင်မူ DSLR ကင်မရာ Sensor တွင် Opical Low-Pass Filter ကို ပူး တွဲကာ ထိုင်ထားသည်ပုံ ဖြစ်ပါသည်။
 


 
 
အောက်ပါပုံ မှာ Opical Low-Pass Filter တစ်ခု ၏ပုံ ဖြစ်ပါသည်။
 
 
အလင်း တန်း တစ်ခု Optical Low Pass Filter ကို ဖြတ် ကာ Sensor ပေါ် သို့ ကျရောက်သည့် Diagram ပုံ။
 
 
အများစုသော ကင်မရာ Sensor များ၌ ဖြစ်ပေါ်လေ့ရှိသည့် Pattern များထပ်ရာ တွင်ပေါ် သော Moiré pattern ပြဿနာ။
 
ကင်မရာ အတွင်းသို့  Lens ကိုဖြတ်ကာ ၀င်လာ သည့် အလင်း၊ နှင့် အရောင် တို့ ကို ဖမ်းယူသည့် ကင်မရာ Sensor အများစု မှာ Bayer Array Sensor များ ဖြစ်ကြပါသည်။ Bayer Sensor Sensor ကို တည်ထွင် သူမှာ Eastman Kodak.   မှ Dr. Bryce E. Bayer ဖြစ်သာကြောင့် ၄င်း၏ အမည် ကို အစွဲပြုကာ Bayer Sensor ဟု အမည် ပေးထာခြင်း ဖြစ်ပါသည်။
 
Bayer Array Sensor အရောင်ကွက် ( Mosaic) မိုဆေး ကို စီစဉ် ထားပုံ မှာ 2 X 2 Pattern ဟု ခေါ်သည့် One Red, One Blue and Two Green Sensor စနစ် ဖြစ်သည်။ ပုံရိပ် ၏ အရောင်ကို ဖေါ် ပေးရာ တွင် အရောင် မျှတစေရန် အားလုံးကို Demosaicing Algorithm စနစ်ကိုသုံးကာ ပြန် လည် Process လုပ်ကာ ညှိပေးရပါသည်။
 
Bayer Sensor ကင်မရာ များ၏ Sensor Pixels တစ်ခုသည် အခြေခံ အရောင် သုံးရောင်ဖြစ်သည့် အနီ ၊ အစိမ်း၊ အပြာ တို့ အနက် အရောင် တစ် ခု ထည်းကိုသာ မှတ်သား နိုင်ပါသည်။ အရောင် အားလုံးကို မှတ်သားနိုင်စွမ်း မရှိခြေ။ ထက်တွင် ဖေါ် ပြ ခဲ့ သည့် အတိုင်း အရောင် အားလုံး စုံသည့် ပုံ တစ်ပုံ ဖြစ်ပေါ် လာစေရန် အထက်တွင် ဖေါ်ပြခဲ့ သည့် အမျိုး မျိုးသော Demosaicing algorithms စနစ် ကို သုံးရသည် ။ အကြမ်း အားဖြင့် Demosaicing Algorithms  (၄) မျိုး ခန့် သုံးရသည်ဟု သိရပါသည်။
 
အရောင် RGB - အနီ၊ အစိမ်း၊ အပြာ စသည့် အခြေခံ အရောင် (၃) မျိုး စီစဉ် မှု မှာ အညီ အမျှ မဟုတ်ဘဲ အစိမ်းရောင် ကို နှစ်ဆ ကဲ ထား သည်မှာ Bayer Sensor ၏ ထူးခြား ချက် ဖြစ်ပါသည်။ အကြောင်း မှာ လူ ၏ မျက်စေ့ အား အစိမ်း ရောင်က ပို၍ ဆွဲဆောင် သည့် အတွက်ဟု သိရပါသည်။
 
 
အောက်ပါ ပုံမှာ  Bayer Array Sensor “ တစ်ခု  ဆောက်လုပ်ထားသည့် နမူ နာ Diagram ကိုကြည့်ပါရန်။
 
 
Bayer Array Sensor ဖြင့် တည်ဆောက်ထားသည့် ကင်မရာ တွင်သာ လျှင် Sensor ရှေ့ တွင် Optical Law Pass Filter တပ်ဆင်ထားရန်လိုပါသည်။ ယင်းကို Optical Low Pass Filter ဟု ခေါ် သကဲ့ သို့ Long Pass Filter ဟုလည်းခေါ်သည်။ အကြောင်းမှာ Filter က ဆောင်ရွက်သည့် Low Frequency များ ၏ Wavelength မှာ ရှည် သည့် အတွက် Long Pass Filter ဟုလည်း ခေါ် ရခြင်း ဖြစ်ပါသည်။
 
 
Sensor များရှိ Pixels well များသည် အရောင် အားလုံးကို မှတ်နိုင်စွမ်း မရှိပါ။ သို့ရာ တွင် Sigma မှထုတ်သည့် Foveon Sensor မှာမူ Red, Green, Blue စသည့် အခြေခံ အရောင် သုံးရောင်ကို Sensor သုံးခု နှင့် သီးခြားစီ ဖမ်းသည့် စနစ်ကို သုံး ထားသည့် အတွက် Optical Low Pass Filter ထည့် ရန် မလိုတော့ ဟု သိရပါသည်။
 
Faveon X3 Sensor တစ်ခု တွင် အရောင် အလိုက် Sensor (၃) ခု ဆင်ထားသည့် Diagram ပုံ။
 

 
အခြားတစ်ချက်မှာ ပုံ များ တွင် ပေါ် လာလေ့ ရှိသည့် Bayer filter Moiré pattern ကိစ္စ ဖြစ်ပါသည်။ ပြင်ပမှ ပုံရိပ် ကိုဖမ်းရာ တွင် Pattern (၃) ခု ထွက်လာပါသည်။ ပထမ Psttern မှာ Subject Pattern ဖြစ်ပြီး ဒုတိယ Pattern မှာ Image Sensor က ဖေါ် ပေးသည် Pattern ဖြစ်ပါသည်။ တတိယ Pattern မှာ အဆိုပါ Pattern လိုင်းနှစ်ခု ကို ထပ် လိုက်သည့် အချိန် တွင် ပေါ်လာသည့် Pattern ဖြစ်ပါသည်။ အဆိုပါ Pattern ကို မွားဟေး ပုံစံကွက် (Moiré Pattern) ဟုခေါ်ပါသည်။ အောက် ပါ Diagram ကို ကြည့်ပါရန်-
 



 
 
တတိယ ပုံ တွင် Pattern နှစ်ခုထပ် ရာတွင် အ၀ိုင်းကွက် ကလေးများ သည် ပုံ တွင် လှိုင်း ရိပ် ကလေးများသဖွယ် ပေါ်လာ ပါသည်။ ပုံ တွင် ယင်းကဲ့ သို့ လှိုင်းရိပ်များ ပေါ် မလာစေရန် Optical Law Pass Filter က ပြန်ဖြေ ပေးပါသည်။





Moiré Lines အသေးစိတ် ပုံ။

 

Optical Low Pass Filter ၏ အဓိက လုပ်ငန်းတာဝန်။

 

အောက်ပါ နမူနာ ပုံများ မှာ Moiré Lines မှာ Pattern များ ထပ်နေသည့်အတွက် Moiré Lines များပေါ်နေသည့် ပုံ များ ဖြစ်ပါသည်။
 
 

160 px Moiré Fringes.
 
 

160 px Moiré on Parrot Father.
 
 

 
 အုတ်ချပ် များစီထားသည့် ပုံ ၊ တောက်ပသည့် သံဇာ ကွက်ကြီးများ နှင့် Under Water Photography များ ကို ရိုက်ရာ ၌ Subject တစ်ခုတွင် ထင်ရှား တောက်ပ ကာ အကြိမ် ကြိမ် ထပ်နေသည့် ( Strong repetitive pattern ) ပုံစံ ကွက် များ ရှိနေသည့် အတွက် ကင်မရာ Sensor သည် Pattern ကို မှတ်ရာ တွင် မှန်ကန် အောင် မှတ် နိုင်စွမ်း မရှိဖြစ်တတ်သည်။ ယင်းကို Aliasing ဟု ခေါ်ပါသည်။ 
 
ယင်းကို Computer တွင် Process လုပ်သည့်အချိန်တွင် ထပ်ပေါ်လာသည့် Pattern နှင့် Pattern ခြင်း ထပ် သွားသည့် အချိန် တွင် အဆိုပါ အလွဲ နှစ်ခု သည် ပို၍ ဆိုးသွား ကာ လှိုင်း ရိပ် ပုံ Moiré များ ပေါ်လာ တတ်ပါသည်။ ယင်းကို ပြန် ဖြေ ရန် Optical Low Pass Filter ကို Sensor ရှေ့ တွင် တပ်ပေးရသည်။ ဤကဲ့ သို့ Sensor ရှေ့ တွင် Low Pass Filter တပ် ခြင်း ကြောင့် ပုံ ရိပ်၏ ပြတ်သားမှု အနည်းငယ် ကျ သွား သည်။ 
 
 
ဤ ကဲ့သို့ Optical Low Pass Filter သည် Sensor ရှေ့ မှ တစ်ဆင့်ကာ ၍ ဆောင်ရွက် ပေးရာ တွင်  Sensor ရှေ့ မှ အတားအဆီး တစ်ခု ရှိနေသည့် အတွက် ပုံ ၏ ကြည်လင် ပြတ်သား မှု မှာ အနည်းငယ် လျှော့ သွားပါသည်။ ထိုအချိန်တွင် ပြတ်သားသည်ကိုဘဲ ယူ မှာ လား ၊ သို့ မဟုတ် အရောင်မှန်မှန် နှင့် လှိုင်းရိပ် Moiré မပါသည် ကိုဘဲ ယူ မှာ လား ဆိုသည့် ကိစ္စ ပေါ်လာပါသည်။ ကြော်ငြာ ဆိုင်း ဘုတ် ကြီးကြီး ရိုက်သူများက မူ ပြတ်သား မှုကို လိုလားကြပြီး အရောင် မှန်၊ ပုံ သန့် လိုသူများကမူ Optical Low Pass Filter နှင့် စစ်ပြီးသည့် ပုံ ကို လိုလားကြကြောင်းသိရပါသည်။
 
 
ဤဘာသာရပ်သည့်  အမြင့်တန်း အလင်း သိပ္မံ နည်း ပညာ ပိုင်း ဆိုင်ရာ ဖြစ် သောကြောင့် ခြေနိုင် လက်နိုင် အကျဉ်း သဘောမျှ သာ ဖေါ်ပြ ရခြင်း ဖြစ်ပါသည်။
 
 
An example of extreme Moiré at  Strong Repetitive Pattern.
 
 
 
 
Optical Low Pass Filter  ပါသည့် ပုံ နှင့် မပါသည့် ပုံ တို့ ၏ နှိုင်းယှဉ် ချက်။
 
 အောက်ပါပုံ နှစ်ပုံ မှာ Canon 5D Mark III ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ ပထမ ပုံ မှာ Optical Low Pass Filter ခံကာ ရိုက်ထားပြီး အောက် ပုံ မှာ Optical Low Pass Filter မခံ ဘဲ ရိုက်ထားခြင်း ဖြစ်ပါသည်။
 
 
 
 
 
 
အချို့သော Optical Low Pass Filter  ကို မကြိုက် သည့် ဓါတ်ပုံ သမားများသည် ၄င်း တို့ ကသ်မရာ ရှိ Optical Low Pass Filter ကို Camera Service Center များတွင် သွားဖြုတ်ကြသည်ဟု သိရပါသည်။
 
 
အောက်ပါ ပုံများ မှာ Optical Low Pass Filter  ပါသည့် Nikon D 800 နှင့် Optical Low Pass Filter မပါသည့် Nikon D 800E တို့ ရိုက်သည်းသည့် ပုံ များကို နှိုင်းယှဉ် ပြထားခြင်း ဖြစ်ပါသည်။
 
ပထမ ဆုံးပုံ မှာ  မူရင်း ပုံ ဖြစ်ပြီး ဒုတိယ ပုံ ကို Optical Low Pass Filter  ပါသည့် Nikon D 800 ဖြင့် ရိုက် ကာ တတိယ ပုံ ကိုမူ Optical Low Pass Filter မပါသည့် Nokon D 800 E ဖြင့် ရိုက် ထားကာ အကြီး ချဲ့ ထား ခြင်း ဖြစ်ပါသည်။
 
 
Geisha Comparison
 
 
 
 
Rocks Comparison
 
 
 
Snow Comparison
 
 
 
Trees Comparison
 
 
 
အထက်ပါ ပုံ များ တွင် အရောင် ကွာ ခြားမှု များစွာ မသိသာ သော် လည်း အချို့ သော ကင်မရာ များ နှင့် စမ်းရာ တွင် Optical Low Pass Filter   ခံ ထားသည့် ပုံ တွင် အအေးရောင်ဖြစ်သည့် အစိမ်းဘက် သို့ လု ကာ Optical Low Pass Filter   မပါဘဲ ရိုက်သည့် ပုံ များမှာ ပို၍ ပြတ်သားသော်လည်း အပူရောင် သို့ အနည်းငယ် လုနေသည် ကို တွေ့ ရပါသည်။
 
 
Optical Low Pass Filter ကို ထိန်းချုပ် ရန် ကျိုးပမ်း မှု များ။
 
Nikon D 800 E နှင့် D 7100 တို့ တွင် Optical Low Pass Filter မပါ စေကာ မူ IR Filter ခံ ထားသေးသည်ဟု သိရှိရပါသည်။
 
 
 
 
Nikon သည် ၂၀၁၁ ထည်းက Optical Low Pass Filter ကို အပိတ် အဖွင့် လိုသလို လုပ်နိုင်ရန် (Mechanical ON/OFF solution ) နှင့် Optical Low Pass Filter ကို Sensor ရှေ့ တွင် တွဲ မထားဘဲ Lens အတွင်း ထည့်ရန် စီစဉ် ခဲ့စေကာမူ အထ မမြောက်ခဲ့ ဟု သိရပါသည်။
 
 
 အောက်ဖေါ်ပြပါ အချို့ သော ကင်မရာ များ မှာ မူ Optical Low Pass Filter ထည့် ထားခြင်း မရှိပါ။
 
 
45x30mm sensor  ပေါ်တွင် Optical low-pass filter  မပါသည့် နံမည်ကြီး Leica S2 ကင်မရာ။
 
 
 
 
Fujifilm မကြာမြင့်မှီကမှ ထုတ်လုပ်ထား သော X-Trans CMOS Sensor ရှေ့ ၌ Optical Low Pass Filter မပါသည့် X-Pro 1 ကင်မရာ။
 
 Fujifilm ကထုတ်သည့် X-Pro1 သည် သမားရိုးကျ Bayer Pattern Sensor ကဲ့သို့ သီးခြား Optical Low Pass Filter ခံကာ Moire ကို မလျှော့ ဘဲ Random Pixel Arrangement ကို သုံးထားကြောင်း သိရပါသည်။
 



OLPF  မပါစေကာမူ IR Filter ကိုတော့ ထည့် ထားရသည်။။


ကင်မရာ များ တွင် Optical Low Pass Filter ( Anti-Aliasing filter ) မခံ ထားဟု ဆိုစေကာမူ  ကင်မရာ ထုတ်လုပ် သူများသည် သမားရိုးကျ Anti-Aliasing Properties များ မပါ ဘဲ Infra Red ကို သာတားဆီးပေးသော Non Low pass Filter အသစ် တစ်မျိုးကို ထပ်ဆင် ပေးရသည်။ IR Filter ဟုလည်း ခေါ်သည်။ Infra Red ရောင်ချည် များ Sensor ပေါ်သို့ မရောက်အောင် တားဆီး ပေးသည့် Filter ဖြစ်ပါသည်။ IR Filter မခံ ထားပါက ပုံများ တွင် Red, Green ,Blue အရောင်များ နေရာတွင်  Infra Red အရောင် ဖြစ်သည့် နီကျင့်ကျင့် အရောင် များကသာ လွှမ်း မိုး သွား ပါ လိမ့်မည်။
 
 
 
 
 
ဤ ကဲ့ သို့  သမားရိုးကျ Sensor ရှေ့ တွင်  Optical Low Pass Filter ခံ ထား ခြင်း မှ လမ်း ခွဲကာ IR Filter ခံပေးရခြင်း ဖြင့် ကင်မရာ တန်ဘိုး လည်း မြင့် လာပါသည်။ ထို့ ကြောင့်  အဆိုပါ Filter အသစ် ထည့် ထားသည့် Nikon D 800 E, Pentax K-5 II,  စသည့် ကင်မရာ များ ဈေးကြီး ရခြင်း ဖြစ်ပါသည်။
 
Optical Low Pass Filter ၏ အနာဂါတ်။
 
ဈေးကွက် တွင် မည်သို့ ကြော်ငြာ နေကြ စေကာမူ Optical low-pass filter   ပါတာ ကောင်းသလော၊ မပါတာ ကောင်းသလော ဆိုသည့် ကိစ္စ မှာ မည်သည့် ဘက်က  မျှ အနိုင် အရှုံး မရှိသေးပါ။ ကင်မရာ ထုတ်လုပ်သူများ သည် ပုံ ၏ ပြတ်သားမှု ကို မထိခိုက် စေမည့် မည်ကဲ့ သို့ ဆန်းသစ် သည့် နည်းပညာ များ ကို ထပ်မံ တည်ထွင် ကာ Low Pass Filter ကို ဖယ်ရှားမည်ကို စောင့် ကြည့် ရဦးမည် ဖြစ်ပါသည်။
 
အထက်ပါမှတ်စု မှာ ကျွန်တော် စုဆောင်း ဖတ်မှတ် ထားသည့် များကို သဘော ပေါက် သမျှ ပြန် လည်ရေးသားရခြင်း ဖြစ်သဖြင့် ပြီး ပြည့်စုံ သည် ဟု မဆိုနိုင်ပါ။ အလင်း သိပ္မံ ပညာကို တတ်ကျွမ်း နားလည် ကြသူများ အနေနှင့် လိုသည် ကိုဖြည့် ၍လည်းကောင်း ပို သည်ကို လျှော့ ၍ လည်း ကောင်း  “ လို တိုး ပို လျှော့ “ သဘော ဖြင့် ဖတ်ကြ ပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။
 
________________________________________________
 
 
 

 
 
 

 

 

2 comments:

  1. အကျိုး ရှိတနးသရွှေ့ အပျိုး ရှိသည် ဟု သိရ၍ ၀မ်းသာပါတယ် Ko Kyawlinnhtike ခင်ဗျား။

    ReplyDelete
  2. Thank you, I didn't understand when D800E ad what was OLPF . Now I understand about it, thanks again.

    ReplyDelete