Friday 11 October 2013

Photo Clinic (7)




56- Photo Clinic (7)                              ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု ( ၅၆)

 

 

ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ

အပိုင်း ( ၇ )

 

( Photo Clinic  - VII )

 

 

 

စကားဦး

ယခု မှတ်စု တွင် ဖေါ်ပြသည့် ဓါတ်ပုံများ နှင့်ပတ်သက်၍ အကြံပြုခြင်းများမှာ အင်္ဂလန်နိုင်ငံထုတ် Digital Photography မဂ္ဂဇင်း၏ အယ်ဒီတာ ဖြစ်သူ Karl Foster  ရေးသားထား သည့် Photo Tips, You must Try! အမည်ရှိ ဓါတ်ပုံ များ အား ဝေဘန် သုံးသပ် အကြံပြုချက် ဆောင်းပါးကို ဆီလျှော် သကဲ့သို့ ဘာသာ ပြန် ထားခြင်း ဖြစ်ပါ သည်။

 

Karl Foster သည် အင်္ဂလန် နိုင်ငံ ရှိ Freelance Journalist, Photographer တစ်ဦး ဖြစ်ပါသည်။ သတင်း နှင့် ဓါတ်ပုံ ဆိုင်ရာ နှင့် News and Lifestyle ဆောင်းပါးများကို စာစောင် အသီးသီး တွင် ရေးသား နေသူ တစ်ဦးလည်း ဖြစ်ပါ သည်။ ယခု ဆောင်းပါး ဖေါ်ပြ ပါရှိသည့် Digital Photography  မဂ္ဂဇင်း သည် ၄င်း အယ်ဒီတာအဖြစ် နှင့် ဦးစီး ထုတ်ဝေသည့် အင်္ဂလန်ရှိ ထင်ရှား သော ဓါတ်ပုံ မဂ္ဂဇင်း တစ်စောင် ဖြစ်ပါသည်။

 

 ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည် အသွေး မဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ် ကြောင်း ဖေါ်ပြ အပ်ပါသည်။

 

Photography Tips

 

“ လုပ်မနေပါနဲ့ကွာ….ဓါတ်ပုံ သမား ကောင်းတစ်ယောက် ဆိုတာ မွေးထည်းက ပါလာတဲ့ ဗီဇ ကြောင့် ဖြစ်လာတာပါ “  လို့  မိမိ ကိုပြော လာတဲ့ သူများရှိရင် အဲ ဒီလူ ကို နားရင်းသာ အုပ် လိုက် စမ်းပါ။

 

များသောအား ဖြင့် Designer, Musician , Writers , Photographic Expert စသည် တို့ ၏ အနုပညာ များသည်  လက်ဖြင့် ဆုတ်ကိုင်ပြ၍ မရ သော ၄င်းတို့၏ စိတ်အစဉ် ခံစားမှု တန်ခိုးစွမ်းအင်ဖြင့် ဖန်ဆင်း ကြသည်ချဉ်းသာ ဖြစ်ပါသည်။ အနပညာ ဖန်တည်း မှု တစ်ရပ်သည် ပုဂ္ဂိုလ် တစ် ခြင်းအလိုက် ၄င်းတို့၏ စိတ်အစဉ် ခံစားမှု အလိုက် ဖန်းဆင်းကြရာ မှ ထွက်ပေါ် လာသည့် ရလာဒ်များပင် ဖြစ်ပါသည်။ မွေး ထည်းက ပါလာသည့် အရာ များ မဟုတ်ကြပါ။

 

တစ်နည်း အားဖြင့် ထပ်ဆင့် ပြော ရပါလျှင် ကောင်းမွန်သည့် အနုပညာ တစ်ရပ်ကို တင်ပြ ခြင်း တစ်ရပ်ကို  တော်ပေ သည် တတ် ပေသည် ဟု ချီးကျူး နိုင် သကဲ့ သို့ မိမိ ပြလိုသည်ကို မြင်အောင် ပရိသတ် ၏ အာရုံကို လှည့်ဖျား နိုင်စွမ်း ရှိသည်ဟု လည်း ဆိုနိုင်ပါသည်။

 

ယခု ရေးသားဖေါ်ပြမည့် အကြံပြုခက်များ မှာ မူ ထိပ်တန်း မဟုတ် စေကာ မူ သာမန် ဓါတ်ပုံ ဆိုင်ရာ ပစ္စည်း ပစ္စယ များ နှင့် ပင် ဖန် တည်း နိုင် သည့် အချက်များ ဖြစ်ပါသည်။ အား လုံး စမ်းသပ် ကြည့် နိုင်သည့် နည်း များ ဖြစ်ပါသည်။

 

အောက်တွင် ဖေါ်ပြမည့် ဓါတ်ပုံ တစ်ပုံ ရိုက်ရာ တွင် လုပ်ဆောင် သင့်သည့် ၊ လက်တွေ့လည်း လုပ်ဆောင်နိုင်သည့် အကြံပြုချက်များကို လုပ်ဆောင် ကြည့်ခြင်း ဖြင့် ပုံ များပိုမို ကောင်း မွန် လာနိုင်ပါသည်။ အချို့ ပြသ ထားသည့် အချက်များ မှာ အနည်းငယ် ဖြန့်တွေးယူ ရမည့် အချက်များ ဖြစ်ပြီး အချို့ မှာ မူ ပုံ မှန်သဘောအရ ပင် မြင်သာ ထင်သာသည့် အချက်များ ဖြစ်ကြပါသည်။

 

  

Picture (1)
 
 
 
 
လှုပ်ရှား မှု ကို အမိဖမ်းပါ -   Square No. (1)   
     
အထက်ပါ ပုံ ကဲ့သို့ အဆောက် အဦး အတွင်းရိုက်သည့် ပုံ များကို အချို့ က မည်သည်ကို မျှ မတွေးတော့ ဘဲ Flash နှင့် ရိုက်လေ့ ရှိကြပါသည်။ အထက်ပါ ပုံ ကို ပကတိ အရှိ အလင်း ရောင် Ambient Light အတွင်း Long Exposure ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ ထို့ ကြောင့် ဆံပင် ညှပ် နေသော စက်ကပ်ကြေး ကိုင်ထားသည့် လက်၏ လှုပ်ရှားနေသည်ကို ဖေါ် ညွှန်း သော Motion Blur  ဖြစ်နေသည်ကို တွေ့ နိုင်ပါသည်။ ဤ သည်မှာ ပုံ၏ အသက် တစ်ခု ပင်ဖြစ်ပါသည်။ အကယ်၍ Flash ဖြင့် ရိုက်ပါက အဆိုပါ အချက် ကို ရလိမ့် မည် မဟုတ်ပါ။
 
ပုံကို အဓိက အားဖြစ်စေမည့် နေရာ အထိ Crop လုပ်ပါ-  Square No. (2)
 
ပုံ ကို အဓိက အားဖြစ်စေသည် ကို ကွက်ကွင်းစွာ မြင် နိုင်သည်အထိ Crop လုပ်ရိုက်ရန် လိုပါသည်။ ပုံ တွင် ဆံပင် ညှပ်သည့် သူကို လုံးဝ ထည့် မထားဘဲ Crop လုပ်ထားပါသည်။ ဆံပင် ညှပ်သမားကို မပြပါ။ ၄င်း၏ လှုပ်ရှားနေသည့် လက် နှင့် စက်ကပ်ကြေး ကိုသာ ပြလိုသောကြောင့် ဖြစ်ပါသည်။
 
ထို့ အပြင် ဆံ အပင်အညှပ် ခံနေသည့် ခလေး ငယ် ၏ ရှေ့ လာမည့် ကာလများ အတွင်း ၌ မှတ်တမ်းလေး တစ် ခု ကျန်နေစေမည့် ပုံ မျိုး ဖြစ်ပါသည်။ တစ်နည်း အားဖြင့် သူ ၏ ဘ၀ ပုံပြင်လေး တစ် စိတ် တစ်ပိုင်း ဖြစ် သည့် မှတ် တိုင်လေး တစ်ခု လည်း ဖြစ်နေစေပါသည်။ ခလေး ငယ် သည့် ကင်မရာ ကို ကြည့် မနေ ပါ။ ဤသည် ပင်လျှင် ကျောင်းများ တွင် အမူအယာ လုပ်ခိုင်းပြီး ရိုက် သည့် ပုံ များ နှင့် အဆင့် ခြင်း ကွာ သွားပြီ ဖြစ်ပါသည်။ ဆံပင်ညှပ် ခံနေရသည့် အချိန်တွင် ခလေး ငယ် တစ်ဦး ၏ ဖြစ်ပေါ်နေသည့် အမူ အရာ Expression ကို သူ၏ မျက်နှာပေါ် တွင် မြင်နိုင်ပါသည်။ ဤ ပုံ သည်  ပုံထင်လျှင် ပြီးစတမ်း ဆိုသည့် မှတ်တမ်းပုံ မဟုတ်ဘဲ ဘ၀မှတ်တမ်း ပုံ လေးဟု ဆို ရပါမည်။
 
Picture (2)
 
 
ကောင်းကင်တွင် တစ်ခုခု ရှိနေပါစေ ၊ ပြောင်ကြီး ဖြစ်မနေစေပါနှင့် -
Square No. (1)
 
ပြာလွင် နေ သည့် မိုးကောင်းကင်ပြင်၏ အရောင်သည် လှပ အေးမြ သည် မှန်သော် လည်း၊ အပြာ ရောင်ချဉ်း ပြောင် တလင်း ဖြစ်နေလျှင်လည်း ကြည့်၍ မကောင်းပေ။ စိတ်ဝင်စား ဘွယ်ရာ တိမ် တိုက် ကလေး တစ်ခုလောက် တော့ ရှိနေစေသင့် သည်။ အထက်ပါ နေ၀င်ချိန်ပုံ ၏ကောင်းကင် တွင် Gold, Blue, Black စသည့် စိတ်ဝင်စား ဖွယ်ရာ  အရောင်များစုံအောင် ပါနေသည်။ အပြာရောင် ပြောင် တလင်း ချဉ်းမဟုတ် ဘဲ ကောင်းကင်တွင် ရောင်စုံချယ် ထားသကဲ့ သို့ ဖြစ်နေသည်။ အောက်ခြေရှိ တိမ်တိုက် မဲ  သည် တောက်ပသည့် နေရောင် ကို လျှော့ချ လိုက်ကာ အတန် အသင့် ချောက်ခြား စေသော ရဿ မျိုး ကိုဖေါ် ပေးနေသည်။
 
ရေပြင်ညီ လိုင်း ဖြင့် ပုံ ပို ထက်ဝက် မပိုင်းပါ နှင့် - Square No. (2)
 
အထက်ပါ ပုံ ကဲ့ သို့ ကောင်းကင် နှင့် ရေပြင် ဆက် စပ် နေသည်ပုံ မျိုး တွင် ရေပြင်ညီလိုင်းကို ပုံ အား ထက်ဝက် ပိုင်းသည့် အနေအထားမျိုး ဖြစ်သည့် ပုံ၏ အလယ် ခေါင် တည့်တည့် တွင် မထားပါနှင့်။
 
အားကောင်းသည့် အပိုင်း ကို ပို၍ နေရာ ပေးကာ စိတ်ဝင်စား ဘွယ်ရာ မရှိသည့် အပိုင်းကို ရိုက်စဉ်ထည်းက Crop လုပ်ထားရပါမည်။ အထက်ပါ ပုံ တွင် တိမ်ရောင်စုံ ပါသည့် အပိုင်းကို ပုံ၏ သုံးပုံ နှစ်ပုံ နေရာ ပေးထားပါသည်။ ၀င်နေသည့် နေ ကို Rule of Thirds နေရာ တွင် ထားပေး သည် ကို တွေ့ နိုင်ပါသည်။
 
 
Picture (3)
 
 
 
Micro ရိုက်ပါ - Square No. (1)
 
အများစု သော ဒစ်ဂျစ်တယ် ကင်မရာ (Digicam)  များ တွင် ပန်းပွင့် ပုံကလေး နှင့် ပြထားသော Micro Mode ပါလေ့ ရှိပါသည်။ အဆိုပါ ခလုပ် သည် အနီးကပ် ရိုက် သည့် ခလုပ် ကလေး ဖြစ်ပါသည်။ အဆိုပါ ခလုပ် ကို နှိပ် လိုက်သည်နှင့် Aperture သည် ကျယ် သွားပါသည်။ Shutter Speed ကလည်း အဆိုပါ Aperture နှင့် လိုက်လျှော ညီထွေ ရှိသည့် Shutter speed ကို ချိန် ညှိပေးပါသည်။
 
လူ အများ စု က Micro သည် ပန်း နှင့် သတ္တ၀ါ ငယ် ကလေး များကို ရိုက် ရမည့် Mode ဟု သာ မှတ်ယူနေကြသည်။ မဟုတ်ပါ။ Micro Mode သည် မည်သည့် Small Subject ကိုမဆို ရိုက် ၍ ရပါသည်။ အထက် ပါပုံ မှာ သာ မန် Mode များ နှင့် ရိုက် လေ့ရှိကြ သည့် မှို ပွင့် ကို Micro ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ ဤ သို့ ဖြင့် အသေးစိတ် ကလေးများ ပို ၍ ပေါ် လာပါသည်။ နောက်ခံ ၀ါး သည့် Bokeh ရ လာစေပါသည်။
 
ပုံ ကို ထောက် အကူဖြစ်စေမည့် အရာ များ ထည့် ပေးပါ - Square No. (2)
 
အထက်ပါ မှို ပုံကို သည်အတိုင်းသာ သူ့ချဉ်းထားပါက ကြေးနီရောင် လွမ်းနေသည့် ပုံ ဖြစ် ကာကြည့် ရသည်မျာ  ပသာဒ မဖြစ်ပါ။ ထို့ကြောင့် ရှေ့ Foreground တွင် ပုံ ကို ပို၍ စိတ်ဝင်စား လာစေနိုင်သည့် အရာ များ အပင်ငယ် ကလေးများ ဖြင့် အား ဖြည့် ပေးထားရပါသည်။ ရှေ့ ပိုင်း ရှိ အရာ လေးများကို ရိုက်စဉ်ကပင် ထည့် ရိုက်ပါ။ နောက်ပိုင်း မလိုတော့ ဟု ထင်လျှင် Post Production တွင်ဖျက်လိုက်ပါ။ သို့သော် ဤ နည်းသည်   Main Subject ကို အထောက် အပံ့ ဖြစ်သည် က များပါသည်။
 
 
Picture (4)
 
 
အလင်းရောင် ကောင်းစွာ ရတဲ့ အချိန် အထိ စောင့်ပါ - Square No. (1)
 
နေရောင်ချည် သည် အလွန် ကောင်း မွန်သည့် Light source ဖြစ်ပါသည်။ သဘာဝ နှင့် လူတို့ ဖန်တည်း ထားသည့် အဆောက် အဦး တို့ ၏ ပုံ စံ အချိုး အကွေး လေး များကို အသေးစိတ် ပေါ်လာစေရန်၊  ကြွ တက်လာစေရန် ဖန်တည်းပေးသည့် သဘာဝ ၏ အကောင်းဆုံး အလင်းရောင် ဖြစ်ပါသည်။
 
အထက်ပါ ပုံ တွင် ကြည့်ပါ။ အလင်းရောင်းကောင်းစွာ ရသဖြင့် တိုင်လုံးထိပ် ရှိ မျက်နှာ ပုံ သည် သုံးဘက်မြင် အဖြစ် ကြွ လာသည်ကို တွေ့ နိုင်ပါသည်။ ညနေပိုင်း နေကျ ချိန် ကို ကြည့် လျှင် လည်း နေ တစ် စ တစ်စ ကျ သည့် အချိန် တွင်  အချိန် အလိုက် ပြောင်းလဲ လာသည့် နေရောင်ချည် ၏ လှပသော  ရောင်စဉ် ပြောင်းလဲ လာခြင်း နှင့် Pattern တို့ ကို ကြည့် လျှင် သဘာဝ က ပေးသော Light Source ၏ အဖိုးတန် မှု ကို သိနိုင်ပါလိမ့် မည်။
 
ကင်မရာ ကို ခိုင်မြဲ စွာ ကိုင်ပါ - Square No. (2)
ကင် မရာ ကို လက် နှစ်ဘက် ဖြင့် ခိုင်မြဲစွာ ကိုင်ပါ။ အများစု မှား တတ် သည့် အမှား မှာ ကင်မရာ ကို ခိုင်မြဲ စွာ မကိုင် ထားသည့် အတွက် Camera shake ကြောင့် ပုံ မှုံ ၀ါး သွားသည့် ပြဿနာ ဖြစ်ပါသည်။ ပုံ မှုံ ၀ါး ခြင်း မှာ Post Production တွင် ပြင်မရ သော အရာ ဖြစ်ပါသည်။ ပြန် ရိုက် ၍မရ သည် ပုံ မျိုး ၍ကဲ့ သို့ ၀ါး သွားပါက အလွန် နှ မျှော ဘွယ်ရာ ဖြစ်ပါသည်။ အကယ်၍ သယ်ရ လွယ်ကူသည့် Tripod  ပါမသွားလျှင် ပုံ တွင် ပြ ထားသကဲ့ သို့ ကင်မရာ ကို လက်နျစ်ဘက် အကြား တွင် Snadwich ကဲ့ သို့ ခိုင်မြဲစွာ ကိုင် ၍ သော်လည်း ကောင်း သဲ အိပ် ပေါ်တွင် တင် ၍ သော်လည်းကောင်း ရိုက်ရပါမည်။
 
Angle အားလုံးကို ကြည့် ပါ - Square No. (3)
 
အများစု သော အပျော် တမ်း ( Amateur ) ဓါတ်ပုံ သမား များသည် အထက်ပါ ပုံ ကဲ့ သို့ ဆောက် အဦးမျိုး တွေ့ လျှင် သမိုင်း မှတ်တမ်း ( Historical Record ) ရိုက် သကဲ့သို့  မျက်နှာ စာ တည့် တည့် မှ ရိုက်လေ့ ရှိကြသည်။ ၍ ကဲ့ သို့် ရိုက်ရန် မလို ပါ။ သမိုင်း ဌာန တွင် ၍ ကဲ့ သို့ ပုံ များ ဒု နှင့် ဒေး ရှိပြီး ဖြစ်ပါသည်။
 
အများ သတိ မပြု မိသည့် Angle ကိုရှာ ပါ။ အဆိုပါနေရာများမှ ရိုက်ပါ။ ထူးခြား သည့် နေရာ များကို အနီးကပ် ရိုက်ပါ။ လိုအပ် ပါက လှေကား ငှားကာ အထက်စီး မှ ရိုက်ပါ။ Angle သည် ပုံ တစ်ပုံ တွင် အရေးကြီး သည့် နေရာ တွင် ရှိသည် ကို မမေ့ သင့်ပါ။
 
Picture ( 5 )
 
 
မှန်ထဲ သို့ ကြည့် ပါ - Square No. (1)
 
မိမိ ပုံ ကို မှန်ထဲ တွင် ကြည့်ကာ ပြန်ရိုက် ၍ ရပါ သည်။ သို့ သော် Angle မည် မျှ စောင်းပြီး ရိုက် ရမည် ဆိုသည် အချက် တော့ ရှိပါသည်။ အထက်ပါပုံ ကို ရိုက်ရာ တွင် Lift တစ်ခု  အတွင်းရှိ မှန် ပေါ် တွင် ပေါ်နေသည့် ကိုယ့် ပုံ ရိပ် ကို ကိုယ် တိုင် ပြန် ရိုက်ထားခြင်း ဖြစ်ပါသည်။
 
နောက်ခံ တွင် ထုတ်များတန်း များကဲ့ သို့ အရာ များ နှင့် Gothic-Industrial Thingummy  ပုံ  လာဖြေစ်လာ စေရန် ကင်မရာ ကို အနည်း ငယ် စောင်း ရိုက် ထားပါ သည်။ Lift ထဲ တွင် အလင်းရောင် နည်း သည့်အတွက် Flash ဖွင့် ကာ ရိုက်ထားပါသည်။ Lift အတွင်းရှိ Internal Reflection ကိုပါရအောင် ယူထားပါသည်။
 
Contrast မြှင့် ပေးပါ - Square No. (2)
ဖေါ်ပြခဲ့သည့်အတိုင်း  ရိုက်စဉ်က အလင်းရောင်အလွန် နည်း သည့် နေရာဖြစ် ပါသည်။ ထို့ ကြောင့် Flash ဖွင့် ရိုက်ရပါသည်။ Flash အလင်းရောင်က ပုံရိပ် ကို မထိခိုက်စေရန်လည်း Camera Angle ယူထားရပါသည်။  ပုံ ကြည့် ၍ ကောင်းလာ စေရန် ရ ထားသည့် အ၀ါ ရောင် Contrast ကို တင် လိုက်ပါသည်။ သို့ နှင့် တစ်မူ ထူးတန်း သည့်  Jaundice အရောင် ကလေး ဖြစ်လာပါသည်။
 
Picture ( 6 )
 
 
နောက်ခံ Background များကို ဖယ်ထုတ် လိုက်ပါ - Square No. (1)
 
Zoom Lens များသည် Subject ကို အနှောက် အယှက် ပေး လေ့ ရှိ သည့် Background ကို Out of Focus လုပ်ကာ ဖယ်ထုတ်ရာတွင် များစွာ ကောင်းပါ သည်။ အကြောင်း မှာ DOF ပါးသည့် Shallow Depth of Field  ရ သည့် အတွက် ကြောင့် ဖြစ်သည်။  ဤ သို့ ဖြင့် Subject သည် အနှောက် အယှက် ကင်းစွာ ထင်းထင်း ပေါ်လာပါ လိမ့် မည်။ Shallow Depth of Field ရစေရန် Long Tele, Wide Aperture lens များဖြင့် ရိုက် နိုင်ပါသည်။
 
အမြဲ တန်း မျက်နှာ ကိုချဉ်း ရိုက် ရန် မလိုပါ - Square No. (2)
 
လူ ပုံ Portrait ရိုက်တိုင်း Subject မျက်နှာ ကင်မရာ ဘက်ကို လှည့်နေ စရာ မလိုပါ။ အထက်ပါပုံ တွင် စစ်သား ၏ပုံသည် ကင်မရာ ဘက်သို့ မလှည့်ဘဲ အခြားဘက်သို့ လှည့်နေပါသည်။ ဤ ကဲ့သို့ Subject ၏ တစ်ဘက်သို့ လှည့် ကြည့်နေခြင်းဖြင့် ၄င်း၏ မျက်လုံးဦးတည်ရာ သို့ ကြည့် သူ အား ဆွဲ ခေါ် သွားပါ လိမ့်မည်။
 
ဤ ရိုက် နည်း ကို Classic Rule of Thirds ရိုက်ချက် ဟု ခေါ်ပါသည်။ ဤ ရိုက် နည်း မှာ Main Subject သည် အလယ် မဟုတ် သည့် Off Center နေရာ တွင် ရှိနေစေပြီး ရုပ်သေ ( Still ) ပုံ ကို အသက် ၀င် လှုပ်ရှားလာစေသည့် Dynamism Still Photography နည်း ဟုခေါ်ပါသည်။
 
 
Picture (7)
 
ပုံစံ ကွက် ( Patterns ) များကို ရှာပါ - Square No. (1)
 
အိမ် တစ်လုံး ကို ရှေ့ မှ ရိုက်ပါက ပြုတင်းပေါက်ကဲ့ သို့ တူညီသည့် ပုံစံကွက် Patterns များ နှင့် အခြားသော Architectural  ပုံစံ များစွာ ကို မြင်ရမည် ဖြစ်ပါသည်။ အထက်ပါ ပုံ တွင် ပြထားသည့် ဆင်တူ ပုံစံ ဒိုင်း များ တန်းစီ နေစကဲ့သို့ ပုံစံတူများ ဆင့်ကဲ ဆင့်ကဲ ရှိနေသည့် အရာ များသည် ပုံ ကို ဆွဲ ဆောင် အားကောင်းစေပါသည်။ ဘေး ပတ်ဝန်း ကျင် ရှိ အခြားသော အရာ များကို မေ့ ထားကာ ဆင့်ကဲ တူညီစွာ ရှိနေသည့် Patterns များ ၏ Form နှင့် Texture  များကို လေ့လာ ရိုက်ကူး ပါက အာရုံ ဆွဲဆောင် နိုင်သည့် ပုံ များရ နိုင်ပါသည်။
 
 
Picture (8)



 
 
 
သဘာဝ ပေးသည့် အခြေအနေ ကိုရွေးချယ်ပါ - Square No. (1)
အထက်ပါ ပုံ၏ နောက်ခံ Window Blinds သည် အိမ်တစ် အိမ် တွင် ရှိသည့် သဘာဝ အရ ပေးထားသည့် Background ဖြစ်ပါသည်။ ဤ နောက်ခံမျိုးသည် Subject အပေါ် အာရုံ လျှော့ပါးခြင်းမှ ကင်းစေသည့် Background မျိုး ဖြစ်ပါသည်။ အကယ် ၍ နောက်ခံ Background သည် ပုံစံ အမျိုးမျိုး နှင့် ရှုပ် ထွေး နေလျှင် Subject အပေါ် ကျရောက် မည့် အာရုံ ကို ဖဲ့ယူ သွား လိမ့် မည် ဖြစ်ပါသည်။
 
အလင်းရောင်အနေအထား ကိုကြည့်ပါ - Square No. (2)
 
ဓါတ်ပုံ ဆိုသည်မှာ အလင်း ( Light) ဖြင့် ပုံဆွဲ ခြင်းဟု ပြော လေ့ ရှိပါသည်။ မှန် လည်း မှန်ပါသည်။ အလင်းရောင်ကြောင့် ပုံ တစ်ပုံ ၏ အခြေအနေသည် များစွာ ပြောင်းလဲ သွား နိုင်ပါသည်။ အထက် ပါပုံ ကိုကြည့် လျှင် Subject ၏ ညာ ဘက်မှ Strong Light ထိုးထားသည် ကို တွေ့ နိုင်ပါသည်။ ထို့ ကြောင့် ပုံသည် ရုပ်လုံး ကြွ ကာ အသေူစိတ် ကလေးများ ပေါ်နေပါသည်။
 
အကယ်၍ Front Light ဖြင့် သာ ရိုက်မည်ဆိုပါက ပုံ သည် Flat ဖြစ်သွားပါ လိမ့် မည်။ ပြုတင်းပေါက် အလင်းရောင်သည် အကောင်းဆုံး Light Source ဖြစ်ပါသည်။
 
လက်ကို ပုံထဲ ထည့် ရိုက်ပါ - Square No. (3)
Subject  ၏ င်း၏ ကိုယ်လုံး ချဉ်းထက် ယင်း၏ လက်ကိုလည်း ပုံ ထဲ ထည့် ရိုက်ရန် လိုပါသည်။ လက် ဖြင့် တစ်ခုခု လုပ်နေခြင်း၊ မေးစေ့ ကို ပွတ်နေခြင်း၊ စာရေးနေခြင်း စသည့် လက်၏ လှုပ်ရှားလုပ်ကိုင်နေမှု ကို ထည့် ရိုက်ရန် လိုပါသည်။ လက်သည် လည်း မျက်နှာကဲ့ သို့ ပင် Expression ကိုဖေါ် ပြသည့် အရာ ဖြစ်ပါသည်။
 
Picture (9)
 
 
 
နံနက် စောစော ထပါ - Square No.(1)
 
ညနေစောင်း နေကျ ချိန် တွင် ကောင်းကင် ၏ အလှ အပ ကို ဖမ်းပါ ဟု အထက် တွင် ရေးခဲ့ပါသည်။ ထို့ အတူ ပင် မိုးသောက် Daybreak ၏ ကောင်းကင် နှင့် အလင်းရောင်သည်လည်း များစွာ ဆန်းကျယ် လှပပါသည်။ အထူးသဖြင့် အဆောက်အဦး များအပေါ် ကျနေသည့် နံနက်ခင်း အလင်းရောင်သည် များစွာ လှပ ပါသည်။ အထက်ပါ ပုံ ကိုကြည့်လျှင် လူသူ တစ်ဦး မျှ မရှိသည်ကိုတွေ့ ရပါမည်။ အေးဆေးငြိမ်သက်သည့် နံနက်ခင်းရှုခင်း ဖြစ်ပါသည်။ ၄င်းအပြင် နံနက်ခင်း နေရောင် ကြောင့် ရေပြင်ပ်ါတွင် ထင်နေသည့် စုလစ် မွတ် ချွန် အရိပ်  များသည် လှပစွာ ပေါ်နေသည်။
 
ရောင်ပြန်  (Reflection) ကို သုံးပါ - Square No. (2)
အထက်ပါ ပုံ ကိုကြည့်ပါက ကန်ငယ် ၏ရေပြင်တွင် အဆောက်အဦး၏ ရောင်ပြန် (Reflection ) များ သည် လှိုင်းတွန့်ကလေး များအကြားတွင် လှပစွာ ပေါ်နေ ပါသည်။ ဤကဲ့သို့ သာ ရေပြင် တွင် အဆောက် အဦး “ Reflection “ မရှိပါက ရေပြင်သည်လည်း မဲမဲ သဲသဲ နှင့် လှမည် မဟုတ် သကဲ့ သို့   အဆောက် အဦး များ၏ ပုံသည်လည်း အိုမင်းဟောင်း နွမ်းနေသည့် အဆောက်အဦး များ၏ Moribund Architectural ပုံမျိုး သာ ဖြစ်သွားပါ လိမ့် မည်။ ရေပြင်သာ မဟုတ် Glass နှင့် Mirror တို့သည်လည်း လှပသည့် ရောင်ပြန် များ ထုတ် ပေး နိုင်ပါသည်။ ဈေးဆိုင်၊ ရုံးခန်း များ၏ ပြူတင်းပေါက်များ သည် လည်း Reflection ပေးနိုင်သည့် နေရာ များ ဖြစ်ကြပါသည်။ ထို့ ကြောင့် Reflection ကို Viewfinder မှ မြင်အောင်ရှာ ကြည့်ရန် လိုပါသည်။
 
----------------------------------------
 
 

 

3 comments:

  1. ကျေးဇူးတင်ပါတယ် အန်ကယ်

    ReplyDelete
  2. ဆရာစိုးလှိုင်လည်း စေတနာ ရောင်ပြန်ဟပ်ပြီး ကင်မရာခလုတ်တစ်ခါနှိပ်တိုင်း ပုံကောင်းတစ်ပုံရပါစေခင်ဗျာ။ ကျေးဇူးအနန္တပါ :)

    ReplyDelete