Thursday 21 February 2013

Steel Wool Photography


( 37)    Steel Wool Photography                                     ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၃ရ)

 

 

Steel Wool Photography

 

By Soe Hlaing

စကားဦး

ယခင် ရေးခဲ့သည့် Light Painting Photography ဓါတ်ပုံ ပညာ ရပ်ဆိုင်ရာ မှတ်စုတွင် ပန်းချီရေး သကဲ့သို့ လက်ဖြင့် ရေးဆွဲသည့် Light Painting ၏ မူကွဲတစ်မျိုး ဖြစ်သည့် Steel Wool  အကြောင်း ရေး ရန် ကျန်နေခဲ့ပါသည်။ Steel Wool   Photography မှာ  မီးဖိုချောင်များတွင် အိုးမဲ များကို တိုက်ချွတ်သည့် အခါ သုံးသည့် Steel Wool  Sponge ဟုခေါ်သော သတ္တု အမျှင် များကဲ့ သို့ သော သတ္တု အမျှင်များကို မီး ရှို့ ကာ ဝှေ့ ရမ်း ခြင်း ဖြင့် ဆန်းပြား သည့် ပုံ အမျိုးမျိုး ဖန် တည်း သည့် နည်း တစ်ခု ဖြစ်ပါသည်။ သို့ သော် မီးဖို ချောင်သုံး Steel Sponge ကိုမူ သုံး ၍ မရပါ။

 

ယခု ရေးသားမည့်  Steel Wool မှာမူ  မီး ဖို ချောင်သုံး Steel Wool   ကဲ့သို့ မကြမ်း လှပါ။ အနုစား ဖြစ်ပါသည် အတန်းစား အဆင့်ဆင့် ရှိပါသည်။ စင်စစ် အားဖြင့် အဆိုပါ Steel Wool သည်လည်း ဆေး များ ချေး များ တိုက် ချွတ်သည့် နေရာ အမျိုးမျိုး တွင် သုံးသည့် အရာ သာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းကို မီး ရှို့ လျှင် မီး လောင်ပါ သည်။ မီးလောင်သည် ဆိုရာတွင် သတ္တု အမျှင်များ မီး ရဲ လာခြင်းသာ ဖြစ်ပါသည် မီးတောက် ( Falme ) မဟုတ်ပါ။ ၄င်းကို မီး ရှို့ ကာ အဆိုပါ Light Source ကို ပုံ အမျိုးမျိုး ဝှေ့ ရမ်း လှုပ် ရှား ခြင်း ကို ဓါတ်ပုံ ရိုက်ခြင်း  ဖြင့် ဆန်း ကျယ်သည့် ပုံ များ ရ ရှိလာ သဖြင့် Steel Wool Phptography ဟု သီးးခြား ခေါ် လာ ကြခြင်း ဖြစ်ပါသည်။  Light Painting မှာ Light Soure အမျိုးမျိုး ဖြင့် ပန်းချီးရေးသကဲ့ သို့ လိုရာ ပုံ ကိုရေး ဆွဲခြင်း ၊ ပုံ သဏ္ဍာန် များဖေါ်ခြင်း ဖြစ်ပြီး Steel Wool Painting မှာ မူ ရုပ် ပုံ အတိအကျ ရေးဆွဲ ခြင်းမဟုတ်ဘဲ Pattern များကို ဖန်တည်း ခြင်းသာ ဖြစ်ပါသည်။



 
Steel Wool အတန်း အစား အမျိုးမျိုး နှင့် အသုံး ပြု မှု။
 
Steel Wool အလိပ် တစ်လိပ်၏ ပုံ။
 
 
Steel Wool သည် သေးငယ် လှသည့် Steel သတ္တု အမျှင်ကလေးများသာ ဖြစ်ပါ သည်။ အဓိက အသုံးပြု သည်မှာ ချေး ချွတ် သည့် နေရာတွင် သုံး ခြင်း ဖြစ်ပါ သည်။
 
Grade
 Number
Common Uses
Coarse
 3
Paint and varnish removal; removing paint spots from resilient floors.
Medium coarse
 2
Removing scratches from brass; removing paint spots from ceramic tile; rubbing floors between finish coats.
Medium
 1
Rust removal; cleaning glazed tiles; removing marks from wood
floors;
with paint and varnish remover, removing finishes.
Medium fine
 0
Brass finishing; cleaning tile; with paint and varnish remover, removing stubborn finishes.
Fine
 00
With linseed oil, satinizing high-gloss finishes.
Extra fine
 000
Removing paint spots or stains from wood; cleaning polished metals; rubbing between finish coats.
Super fine
 0000
Final rubbing of finish; stain removal. Clean window and Glass without liquid.
 
 
Steel Wool fibre width, mm
Type
Lower specification limit
Upper specification limit
000#
0.00635
0.00889
00#
0.00889
0.0127
0#
0.0127
0.0381
1#
0.0381
0.0635
2#
0.0635
0.0889
3#
0.0889
0.1143
4#
0.1143
0.1778
 
အထက်ပါ Steel Wool အမျိုး အစား များ အနက် ယေဘူ ယျ အားဖြင့် နူးညံ့ သည့် အဆင့် များဖြစ်သော Medium Fine -00 မှ Super Fine – 0000 အဆင့် များကို Steel Wool Photography အတွက် သုံး လေ့ ရှိကြသည်ကို တွေ့ရပါသည်။ Medium Fine -00 အဆင့်သည် Super Fine – 0000 နှင့် နှိုင်းယျဉ် လျှင် အတန် အသငိ့ အမျှင် ပိုထူ ကာ မီးလောင်နှုန်း နှေး ပါသည်။ Super Fine – 0000 မှာ မူ မီးလောင်နှုန်း ပို၍ မြန်ပါသည်။
 
Steel Wool Photography အတွက် လိုအပ်သည့် ပစ္စည်း များ။
 
 
 
အထက်ပါ ပုံတွင် Steel Wool အလိပ်၊ Steel Wool ထည့် ကာ မီးရှို့ ရန် မွှေတန် ( Whisk) ၊ Steel Wool ကို ဖြတ်ရန် Cutter ၊ မီးရှို့ ထားသည့် Steel Wool ထည့် ထားသော မွှေတန် ( Whisk ) ကို ချည် ကာ ဝှေ့ ရမ်းရန် သံ ကြိုး ၊ Steel Wool ကို မီးရှို့ ရန် မီးချစ် ၊ မီးလောင်နေသည့် Steel Wool ကို ဝှေ့ ရမ်း ရာတွင် မီးဖွားများ ကို ကာကွယ်ရန် ထီး စသည် တို့ ဖြစ်ပါသည်။ Steel Wool ကို မီးရှို့ ရာတွင် 9V ဘက်ထရီ နှင့် လည်း ရှို့ ၍ ရပါသည်။ 9V ဘက်ထရီ ၏ Positive- Negative ငုတ် နှစ်ခု မှာ တစ်ဘက်ထည်း တွင် ဖြစ် သောကြောင့် ဘက်ထရီ နှင့် Steel Wool ကို တို့ လိုက်လျှင် Electric Short Circuit ဖြစ်ကာ Steel Wool ကိုမီးလောင် စေခြင်း ဖြစ်ပါသည်။
 
Steel Wool ထည့်ရန် အိမ် (Housing) ပြု လုပ်နည်း။
Stell Wool ထည့်ရန် မွှေတန် ( Whisk ) မရှိပါက Stell Wool  ထည့် သည့် Housing ကို အောက်ပါအတိုင်း ပြု လုပ် နိုင်ပါသည်။
၁။     Stell Wool အပူ ရှိန် ကိုခံ နိုင်သည့် သံဇကာ အကျဲ ကို အောက် ပါအတိုင်း ဒေါင့်များ ဖြတ်ပါရန်။
 
၂။     ဒေါင့်များကိုခေါက်ကာ လေးဒေါင့် ခြင်းကလေး ဖြစ်လာရန် ချိုးပါ။
၃။     အောက်ပါ ပုံ အတိုင်း လေးဒေါင့် အဖုံး တစ်ခု ချိုးပါ။
 


၎။     ပုံ ပါအတိုင်း လေးဒေါင့် အဖုံး ကို အောက်ခံ အိမ် တွင် တပ် ပါ။ ဆက်သည့် နေရာ များကိုကြေးနန်း ဖြင့် ချီပါ။
 
၅။     အောက်တွင်  ပြထားသည့် Stell Wool သည် 0000 အဆင့် ရှိ အနူးညံ့ ဆုံး အမျိုး အစား ဖြစ်ပါသည်။ ယင်းကို Housing ထဲ ထည့် ကာ ဝှေ့ ရမ်း မည့် ကြိုး ဖြင့် ချီပါ။
 
 
၆။     ဝှေ့ ရမ်း ရာ တွင် အလေးချိန် စီး နေစေရန် Housing အနီးတွင် အလေး ( Weight )တစ်ခု ထည့် ပေးပါ။
 
 
 
ထိုအချိန် တွင် အသုံးပြုရန် အသင့် ဖြစ်နေသည့် Stell Wool Housing တစ်ခု ဖြစ်လာပြီ ဖြစ်ပါသည်။
 
အန္တရာယ် ကင်းရေး အတွက် ပြင်ဆင်ခြင်း။
၁။     Steel Wool ကို မီးတို့ လိုက်ပြီး မီးလောင် အားကောင်း လာလျှင် မီးဖွား များ ပေါက်ထွက် လာပါသည်။ ထို့ ကြောင့် Steel Wool  ဓါတ်ပုံရိုက် မည့် နေရာ သည် မီးလောင်စာ မရှိသည့် လူသူ ကင်းဝေးသည့် နေရာ ဖြစ်သင့်ပါသည်။ မိုးရွာ ပြီးစ စိုစွတ် သော နေရာ ဆိုက ပို ကောင်းပါသည်။
၂။     မီးလောင်ခြင်းကို ငြိမ်းသတ်ရန် မီးသတ်ဆေးဘူးငယ်၊ ရေ စို အ၀တ် စသည်တို့ ကို ဆောင် ထားသင့်ပါသည်။
၃။     မီးလောင် နေသည့် Steel Wool ကို ဝှေ့ ရမ်း မည့် သူ အနေနှင့် မီးဖွားများ ကျ လာခြင်းကို ကာကွယ်ရန် ရေစို မိုးကာ ၊ ရေ စို ဦး ထုတ် တို့ စသည် တို့ ကို ၀တ် ထားသင့် ပါသည်။
 
ဓါတ်ပုံ ရိုက်ရန် ပြင်ဆင်ခြင်း။
 
အောက်ပါပုံ မှာ Johnny Cash ၏ တစ်ချိန် က ထင်ရှား ကျော်ကြားခဲ့သော  “Love is a burning thing.” ကို တင်စား ရိုက်ကူး ထားခြင်း ဖြစ်ပါသည်။
 
အထက် ပါ ပုံ ကို ရိုက်ရန် ပြင် ဆင် သည့် အဆင့် များ ကို အဆင့် လိုက် ဖေါ်ပြပါမည်။
၁။     Steel Wool -00 မှ 0000 အဆင့် ရှိသော Steel Wool တစ်ထုတ် ကို ယူပါသည်။ အမျှင်သေးသည့် အတွက် မီးလောင် ရာ တွင် ပို၍ လွယ်သောကြောင့် ဖြစ်ပါသည်။
 
၂။     Steel Wool အလိပ်ကို ဖြန့် ကာ လေး လက်မ၊ ရှစ်လက်မ အရွယ်များဖြတ် ကာ အောက်ပုံ တွင် ပြထားသကဲ့ သို့ မွှေတန် ( Whisk ) အတွင်းသို့ တည့်ပါသည်။ မွှေတန် မဟုတ်ပါကလည်း Steel wool ထည့်ကာ ကြိုးချိတ်၍ ဝှေ့ ရမ်း နိုင်သည့် အရာ မည်သည့် အရာမဆို ဖြစ်နိုင်ပါသည်။ အ ပေါက် ကျယ်ကျယ် ဖြစ် ရပါမည်။ ကျဉ်းနေလျှင် မီးဖွား အထွက် နည်း မည် ကို သတိပြု ရပါမည်။

 
၃။     လှည့် မည့် သံကြိုး ကို ခြောက်ပေ ခန့် ဖြတ်ပြီး အောက်တွင် ပြထားသည့် အတိုင်း မွှေတန် တွင် ချည် ပါသည်။ မီးလောင်သည့် နေရာ တွင် သံကြိုး နှင့် ချည်ပြီး အလှမ်း ဝေး သည့်နေရာ တွင် နိုင်လွန် ကြိုး နှင့် ဆက်ကာ ချည် လိုက လည်း ချည် နိုင်ပါသည်။
 
 
 
၎။     လူသူ ဝေးသည့် မြစ်ကမ်း ပင်လယ် ကမ်းခြေ စသည့် နေရာ မျိုးကို ရွေးချယ်ပါသည်။ စွတ်စိုနေသောနေရာ ဖြစ်ပါက ပို၍ကောင်းပါသည်။  ပြင်ပမှ အလင်း ရောင် မ၀င်နိုင်သည့် နေရာ ဖြစ်လျှင် ပို ကောင်းပါသည်။ ဆောင်း မည့် ထီး ကို ရေ ဆွတ်ရပါမည်။
 
 
 
 
ဤ ပုံတွင် Steel Wool ကို မိုး ရွာ သကဲ့ သို့ ဖြစ်နေစေရန် ကျောက် ဆောင် နောက်မှ နေ၍ ဝှေ့ ရမ်း ခြင်း  ဖြစ်ပါသည်။ ကျောက် ဆောင် ပေါ် သို့ ကျသည့် မီး ဖွားများက ခုန် ထွက် နေသည် မှာ ပုံ အတွက် အားသာ ချက် တစ်ရပ် ဖြစ်ပါသည်။
 
၅။     Steel Wool မီးလောင်ချိန်မှာ စက္ကန့်နှစ်ဆယ်ခန့် ရှိပါသည် ။ အဆိုပါအချိန် အတွင်း ရိုက်ရပါမည်။ ပထမ ဦးစွာ အဓိက ရိုက်မည့် နေရာ တွင် LED Light ငယ် ကို ချကာ Manual Focus ချိန်ထားပါသည်။
အောက်ပါ ပုံ ကို Camera Setting- Shutter Speed 20s, f-8, ISO 1600 နှင့် ရိုက်ရာ Over Expose ဖြစ်သွားပါသည်။

 
 
 
အောက်ပုံ ကိုမူ  Shutter Speed ကို 20  Sec မှ 13 Sec သို့ လျှော့ ၍ ရိုက်ရာ တွင် Exposure အမှန်ရ လာပါသည်။ ရှေ့ တွင် “Love is a burning thing.” ဟုဆိုသည့် စာ ဆို နှင့် အညီ စုံ တွဲ တစ် တွဲ ကို ရေ စို ထီး မိုးကာ ထည့် ထားပေးပါသည်။
 
 
Frame တစ်ခု လုံး၏ လိုသည့် အရောင် ရစေရန် Filter, သို့ မဟုတ် White Balance ကို ချိန်ကာ သုံး နိုင်ပါသည်။  Steel Wool ကို ဝှေ့ ရမ်း ရာ တွင် အရောင် အမျိုးမျိုး ရှိသည့် အခြားသော Light Sources များကို လည်း ထည့် သုံးနိုင်ပါသည်။ Steel Wool မှ ထွက်သည့် အရောင်သည် လိမ္မော်ရောင် ဖြစ်ပါသည်။ Magnesium မီးရှို့ ပါက ထွက်သော အရောင်သည် အဖြူ ရောင် ဖြစ်ပါသည်။ Light Source များကို စိတ်ကူး ရှိသရွှေ့ ရွေးချယ် နိုင်ပါသည်။ ဗျောက် အိုး ( Fire Cracker ) အရောင်မျိုးစုံ ကိုလည်း စိတ်ကူး ကွန့်မြူး နိုင်သမျှ သုံးနိုင်ပါသည်။ အနု ပညာ ဖန် တည်း မှု ဖြစ်ပါသည်။ အကန့် အသတ်မရှိပါ။
 
Camera Setting များ။
 
(၁)
 
 
 
 
အထက်ပါ ပုံ ၏ Camera Setting မျာ မူ Shuttre speed-30 Sec, f-8, ISO-200, White Balance- Tungsten/Incandescent ဖြစ်ပါသည်။ Stee Wool ကို မီး မရှို့မှီ အဆိုပါနေရာ တွင် LED Light ကလေး တစ်ခု ကို ချထားကာ Manual Focus ဖြင့် ကြို တင် Focus လုပ်ထားပါသည်။
 
စက်ဝိုင်း လှည့်သည့် Steel Wool ပုံ အများစု ၏ Camera Setting များမှာ  Shutter Speed 15 to 20 Sec, f-8, ISO 100 or 200 ဖြစ်ကြပါသည်။ အလွန်မှောင်သည့် နေရာ ဖြစ်ပါက Shutter Speed ကို ပို၍ အချိန်ကြာကြာ ဖွင့် ထားနိုင် ပါသည်။

 
 
 
 
(၂)
 
 
 
 
 
အထက်ပါ ပုံ ကို 2D Circle လှည့် ထားခြင်း ဖြစ် ပါသည်။ Camera Setting များမှာ  Shutter Speed 30 Sec, f-3.5, ISO 200, White Balance- Auto  ဖြစ်ပါသည်။ Tripod ဖြင့် Manual Focus ရိုက်ထားခြင်း ဖြစ်ပါသည်။
Steel Wool လှည့် ပုံ မှာ ပထမ Steel Wool ကို စက်ဝိုင်းပုံ လက်ဖြင့် ဝှေ့ ရမ်းကာ  ယင်းကဲ့ သို့ လှည့် နေစဉ် မှာ ပင် လူကို ပတ်ခြာ လှည့် ခြင်း ဖြစ်ပါသည်။  ထို အခါ မီးသည် ဘော်လုံး ပုံ ပေါ် လာပါသည်။ ထို့နောက် 2D ပုံ ရစေရန် ခြေ ထောက်ကို အငြိမ်ထားကာ အပေါ်ပိုင်း ကိုသာလှည့် သည်ဟု ရိုက်ကူးသူ က ရှင်းပြထားပါ သည်။
 
Steel Wool Photography နမူနာပုံများ။
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
အထက်ပါ ပုံ များမှာ ဖန်တည်း မှု စိတ်ကူး ပွားများနိုင်ရန် နမူနာများ သာ ဖြစ်ပါ သည်။ အကြိမ်ကြိမ် တင်ပြ ခဲ့ ပြီးဖြစ်သကဲ့ သို့ အနုပညာ ဖန်တည်း မှု သာ ဖြစ်သောကြောင့် စိတ် အလျှင် လွင့် ကာ အကန့် အသတ်မရှိ ဖန် တည်း နိုင်ပါကြောင်း ဖေါ်ပြ အပ်ပါသည်။
 
-----------------------------------

 
 
 
 
 



 
 
 
 
 
 
 
 

Friday 8 February 2013

Light Painting Photography


(36)   Light Painting Photography                     ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၃၆)

 

အလင်းဖြင့် ရေးဆွဲ သည့် ဓါတ်ပုံ ပန်းချီ

Light Painting Photography

 

By Soe Hlaing

စကားဦး

ယခင် ရေးခဲ့သည့် ဓါတ်ပုံ ပညာ ရပ်ဆိုင်ရာ မှတ်စုများမှာ ဓါတ်ပုံ တစ်ပုံ ၏ အနုပညာရပ် ဆိုင်ရာ  ဖန်တည်းမှု များတွင် နည်းပညာ ( Technical ) ကို အခြေပြု ကာ  လူ၏ အနုပညာ ( Artistic Impression ) ကို ပုံဖေါ်သည့် အကြောင်း အရာ များသာ ဖြစ်ပါသည်။ Macro, Sport  နှင့် Wild Life Photography ကဲ့ သို့ ဘာသာရပ်များတွင်မူ သာမန် ရိုက်ရိုး ရိုက်စဉ် မဟုတ်တော့ဘဲ ပစ္စည်းပစ္စယပိုင်း ဆိုင်ရာ၏ အထောက်အကူများ က ရှေ့တန်း သို့ရောက် လာပါသည်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် သုံးရမည့် Lens များအပါအ၀င် အခြားသက်ဆိုင်ရာ အထောက်အကူ ပစ္စည်းများ လိုလာပါသည်။ ဤ ရိုက်ကူးနည်း များ သည် မြင်ကွင်း ( Scence ) တစ်ခု ၏ အရှိကို အရှိ အတိုင်း ပုံဖေါ် သည့် ရိုက်ကူး နည်းများ ဖြစ်ကြပါသည်။

 

ယခု ရေးသားမည့် Light Painting မှာမူ  ဓါတ်ပုံပေါ်တွင် အလင်း ( Light) ဖြင့် ပန်းချီ ရေးဆွဲ ခြင်း ဖြစ်သဖြင့် လူ၏ အနုပညာ ကွန့်မြူးမှု က ရှေ့ တန်း သို့ ရောက် ရှိလာ ပါသည်။

 

A Colourful Light Painting Photograph.

ရှုခင်း ပုံ တစ်ပုံကို တစ်နေရာ ထည်းတွင် Lens များ အတူတူ တပ်ဆင်ထားသည့် ကင်မရာ များစွာ ကို ထောင်ကာ အားလုံးသော Setting အတူတူ နှင့် ရိုက်ပါက ထွက်လာသည့် ပုံ များအားလုံးသည် မတိမ်း မယိမ်း အားလုံး အတူတူ လိုပင် ထွက်လာမည်ပင် ဖြစ်ပါသည်။ အကြောင်းမှာ Equipment က ပေးသော ပုံ ဖြစ်သောကြောင့် ဖြစ်ပါသည်။



An Experssion Light Painting Photograph.


သို့ရာ တွင် အဆိုပါ ပုံစံ မျိုး နှင့်ပင် ကင်မရာ (၁၀) လုံးသည် Light Painting ကိုရိုက်ပါက တစ်ပုံ နှင့် တစ်ပူ လုံးဝ တူ လိမ့် မည် မဟုတ်ပါ။  ရိုက်ကူးသူ ၏ ဓါတ်ပုံဆရာ၏ အနုပညာ ကွန့်မြူး မှု ၊ ကျွမ်းကျင် မှု နှင့် အတွေ့ အကြုံ များအပေါ် မူတည် ကာ ကင်မရာ (၁၀) လုံး မှ ထွက်လာသည့် ပုံ များသည် တစ်ခု နှင့်တစ်ခု လုံးဝ တူ ကြမည် မဟုတ်ဘဲ ပုံ စံ (၁၀) မျိုး ထွက် လာမည် မှာ ကြိမ်းသေပါသည်။ အကြောင်း မှာ Light Painting သည် မည်သို့ သော အကန့် အသတ်မျှ မရှိသော လူ၏ အနုပညာ ဖန်တည်း မှု ကြောင့် ဖြစ်သော ကြောင့် ဖြစ်ပါသည်။
 
 
A Beautiful Light Painting Photograph.
 
Light Painting Photography   
Light Painting Photography    ဆိုသည်မှာ ရေးဆွဲ သည့် Light Source ကိုသော်လည်း ကောင်း ရိုက်ကူးသည့် ကင်မရာကိုသောာ်လည်းကောင်း Exposure Speed အချိန်ကြာကြာ ဖွင့်ကာ ရွှေ့ လျှားသည့် နည်း ဖြင့် ရေးဆွဲသော နည်း ဖြစ်ပါသည်။ အထူးသဖြင့် ဘေးပတ် ၀န်းကျင် အလင်းရောင် နည်းသည့် ည ပိုင်း တွင် Exposure ကို အချိန်ကြာကြာ ဖွင့်ကာ ရိုက် ကူးသည့် Night Photography တစ်မျိုး ဟုလည်း ဆိုနိုင်ပါသည်။ အလင်း ရောင် အလွန်နည်းသည့် အခန်း အတွင်း ၌ လည်း ရိုက်ကူး နိုင်ပါသည်။
 
ဤ Exposure ကို အချိန်ကြာကြာ ဖွင့်ကာ ရိုက်ရသည့် Night Photography Light Painting နည်းကို ကြိုး ပမ်း ရိုက် ကူးသူ များလှ သော်လည်း ထိပ်တန်း အဆင့် ရောက်သူ နည်း ပါးလှ ပါသည်။ အကြောင်းမှာ Canvas ပေါ် တွင်  ရေးရသည့် ပန်းချီ ကဲ့သို့ မဟုတ်ဘဲ လေ ထဲ တွင် စိတ်မှန်း ဖြင့် ရေးဆွဲ ကာ အရောင် ချယ်သရသည့် ပန်းချီ  ဖြစ်သော ကြောင့် ပင် ဖြစ်ပါသည်။
 
အနီရောင် Light Source ကို ရွှေ့ ကာ ရိုက်ကူး ထားသည့် ရိုးရှင်း သော  Light Painting တစ်ခု။
 
အရောင် သုံးရောင် ဖြင့် ရေးဆွဲ ထားသည့်   Light Painting တစ်ခု။
 
ဓါတ်ပုံ ပေါ် တွင် စိတ်ကူးဖြင့် ဖြည့် စွက် ရေးဆွဲ ထားသည့်  Light Painting တစ်ခု။
 
Light Painting ရေးဆွဲ ခြင်း။    
ဓါတ်ပုံ ဆိုသည်မှာ ဆိုခဲ့သည့် အတိုင်း Scence တစ်ခု၏ ရှိနေသည့်  လက်ရှိ အရှိအနေ အထား တစ်ရပ်ကို  အရှိအတိုင်း ရိုက်ခြင်း ဖြစ်ပါ သည်။ Light Painting Photography    မှာ မူ အဆိုပါ ရိုက်ကွင်းထဲ တွင် လူ က Light ဖြင့် ပန်းချီ ရေးဆွဲ ချယ် မှုန်း ခြင်းဖြစ် ပါသည်။ ပန်းချီ ဆွဲ သည့် ပုဂ္ဂိုလ် ကျွမ်းကျင်လျှင် ကျွမ်းကျင်  သလောက် ပြောင် မြောက် သည့် ပုံ များ ရနိုင်ပါသည်။
 






အထက်ပါ ဦးခေါင်း ပုံ ကိုကြည့်ပါက မှောင်နေသည့် နောက်ခံ ရှုခင်းတစ်ခု၏ ရှေ့ တွင် လူ တစ်ဦး ရပ်ကာ Beam ခတ်သေးသေး Torch Light အဖြူ ရောင် နှင့် မျက်နှာ အ၀ိုင်း ပုံ  ပါးစပ်ပုံ မျက်လုံး ပုံများ ကို လေ ထဲတွင် မှန်း၍ ဆွဲထားသည့် ပုံ ဖြစ်ပါသည်။ အရိုးရှင်းဆုံးပုံ ဖြစ်ပါသည်။ ကင်မရာ Shutter ဖွင့် ထားသည့် အချိန် အတွင်း LED အဖြူရောင် မီးဖြင့် စက်ဝိုင်း တစ်ခု ကို မျက် နှာ အဖြစ် ဆွဲသည်။ ယင်းနောက် ပါးစပ်ပုံ မျဉ်း နှစ်ကြောင်း ကို ဘေး တစ်ဘက် တစ်ချက်စီ တွင် ဒေါင့် ဖြတ် ရေးသည်။ နောက်ဆုံးတွင် မျက်လုံး နှစ်ခု နေရာတွင် Torch Light ကို အစက်ဝိုင်းပုံ လှည့် လိုက်ခြင်း ဖြစ်ပါသည်။
 
ရေးဆွဲ သည့်သူ မြန် နိုင်လေ ပုံ ပို၍ ပြတ်သား လေ သပ်ရပ်လေ ဖြစ်ပါသည်။ အထက်ပါ နမူ နာပုံ တွင် Exposure ဖွင့် ထားသည့် အချိန် နှင့် ရေးဆွဲ သည့် လူ ၏ လှုပ် ရှားမှု တို့  Timing  အနည်း ငယ် မကိုက် သဖြင့်  ရေးဆွဲသည့် လူ ပုံ အနည်း ငယ် ပေါ် နေသည် ကို တွေ့ နိုင်ပါသည်။
 
အဆိုပါ ပုံ တွင် လူလှုပ် ရှားမှု နှေး သည်ထက် ကင်မရာ Exposure Timing မြန် နေသည့် အတွက် ကြောင့် ဖြစ်ပါသည်။ ပုံ ၏ Background Exposure ကို ကြည့် လျှင် သိသာ နိုင်ပါသည်။ Exposure Timing ယခု ထက် ပို၍ ကြာ ပေးလိုက်မည် လိုက်ပါက လူ ပုံ  ပျောက် သွား ပါလိမ့် မည်။
 
ဥပမာ မှောင်နေသည့် နောက်ခံ သို့မဟုတ် အလင်းရောင် တောက်ပမှုမရှိ ဘဲ အမှောင် ဘက် သို့လု နေသည့် နောက်ခံ (Background )ပေါ် တွင် Long Exposure စက္ကန့် (၂၀) ခန့် ဖွင့် ထားသည့် Exposure အချိန် အတွင်း နက်မှိုင်း သော အ၀တ်အစား ၀တ်ထားသူ တစ်ဦး က LED Light ဖြင့် ပုံ တစ်ပုံ ကို မြန်မြန် ရေးဆွဲ ပါက ပုံ တွင် LED Light ဖြင့် ရေးဆွဲ ထားသည့် အလင်းရောင် သာလျှင် ရေး ဆွဲ သည့် စုတ် ချက် အတိုင်း ပေါ်နေမည်ဖြစ်ပြီး ရေးဆွဲ သည့် သူ ပုံ တွင် ပေါ် မည် မဟုတ် ဘဲ ပျောက်နေပါ လိမ့် မည်။
 

အောက်ပုံမှာ မူာမူ အနည်းငယ် ခက်လာသည့် ပုံ ဖြစ်ပါသည်။ ရေးဆွဲရာ တွင် ပို၍ တိကျရန် လိုလာပါသည်။ ခုံရှည် ပေါ် တွင် ထိုင်နေသည့် လူသည် ထိုင်ခုံ နှင့် ကွက်တိကျ နေစေရန် ချိန်ဆ ရေးဆွဲ ရသည့် ပုံ ဖြစ်ပါသည်။
 
 
 
 
 
အောက်ပါပုံ မှာ အရောင် တစ်ရောင် ထည်း မဟုတ်ဘဲ နှစ်ရောင်ဖြင့် ရေးဆွဲ ထားခြင်း ဖြစ်ပါသည်။ အရောင်စုံ မီးများဖြင့် ရေး ဆွဲ နိုင်လေ ပုံ သည် ပို၍ လှပလေ ဖြစ်ပါသည်။ နောက်ခံ အနက်ရောင်တွင် ရေးဆွဲရသည်မှာ နောက်ခံ ရှုခင်း ပေါ်လွင် နေသည့်ပုံ ထက် ပို၍ လွယ်ကူပါသည်။ အောက်ပါ Love ရေးဆွဲ ထားသည့် ပုံ ၏ နောက်ခံ ရှုခင်းသည် သေခြာစွာကြည့်နိုင်မှ မြင်သာ လောက်အောင် မှောင်နေ သည့် ပုံ ဖြစ်ပါသည်။




ရေးဆွဲ သူ နှေး နေလျှင် လည်း ကောင်း Shutter Speed အနည်း ငယ် မြန် နေလျှင် လည်း ကောင်း ပုံ ပေါ် တွင် ရေးဆွဲ နေသည့် လူ ပုံ အနည်း ငယ် ပေါ် နေတတ်ပါ သည်။
 
 
 

အထက်ပါ ပုံကိုကြည့်လျှင် နောက်ခံ Background သည် Exposure မျှတစွာ ရှိနေ နေပါသည့် ရှုခင်းပုံ တစ်ပုံ ဖြစ်ပါသည်။ ထိုထက် ပို၍ Exposure ကို တင်လိုက် ရန် မသင့်တော့ ပါ။ တစ်နည်း အားဖြင့် အမှောင်ထု ကို နောက်ခံ ကာ ရေး သည့် ပုံ မျိုး မဟုတ်ပါ။ ရှုခင်း ကို နောက်ခံ ရေးဆွဲ သည့် ပုံ ဖြစ်ပါသည်။  မီးအပြာ ရောင်ဟပ် ကာ ပေါ် နေသည့် လူ ပုံ တစ်ပိုင်း တစ်စ မှာ Exposure Timing နှေးနေ၍ မဟုတ်ဘဲ အဆိုပါ ရေးဆွဲ သည့်သူ၏ ရေးဆွဲ သည့် နှုန်း နှေး နေသည့် အတွက် ဖြစ်ပါသည်။

 

ဤကဲ့ သို့ နောက်ခံ ရှုခင်း သဲကွဲ ထင်ရှာစွာ ပေါ် နေသည့် ပုံ တွင် Light Painting ရေး ဆွဲ ရသည်မှာ နောက်ခံ အနက် ထက် ပို၍ ခက်ခဲပါ သည်။ ရေးဆွဲ သည့် သူ အတော် မြန် မြန် နှင့် တိကျ စွာ လှုပ်ရှားရေးဆွဲ နိုင်မှသာ လှပ သပ်ယပ် သည့် ပုံ ရနိုင်ပါမည်။

 

နောက် ခံ အနေအထား အမျိုးမျိုးပေါ်တွင် ရေးဆွဲ ထားသည့် ပုံများ။
 
 
နောက် ခံ အနက်ပေါ်တွင် ရေးဆွဲ ထားသည့် ရောင်စုံ ပုံ။
 
 
ပေါ်လွင် နေသည့် ရှု ခင်းနောက်ခံ ပေါ်တွင် ရေးဆွဲ ထားသည့် ပုံ။
 
Light Painting ရေးဆွဲ ရန် အတွက် အကြံပြုချက် များ။
 
(၁)    ရေးဆွဲ ရာ တွင် မီး ရောင် တစ်ရောင် ထည်း ဖြင့် ရေးဆွဲ ခြင်း မပြု ဘဲ မီး ရောင်စုံ ဖြင့် ရေးဆွဲ သင့်ပါသည်။ တစ်ရောင်ဖြင့် ရေးဆွဲ ပါက ပုံ သည် ကြွ တက် မလာ သည့် Flat ပုံ ဖြစ်နေပါလိမ့် မည်။
(၂)    အသုံးပြုသည့် Light Source သည် Beam အကြီးအသေး အပြင်း အပျော့ ချိန်၍ ရသည့် မီး ဖြစ်လျှင် ပိုကောင်းပါသည်။ Light Source တစ်ခု ထည်းမှ မီးရောင်စုံ ထွက် သည့် LED မီး မျိုးဆိုပါကပို ကောင်းပါသည်။ အရောင် တစ်မျိုး စီအတွက် Light Source တစ်ခု ထည်း ကို သုံး နိုင်သဖြင့် အချိန်ကုန်သက်သာပါသည်။
(၃)    ထိပ်ဖြားတွင်သာ လင်းသည့် Fiber Optic နှင့် Laser Pointer များကိုလည်း သုံး နိုင်ပါသည်။ မီးရောင် တစ်ရောင်ထည်း ရှိပါက မီးရောင်ထွက်သည့် ထိပ်တွင် Colour Gel အရောင် အမျိုမျိုး ကိုကပ် ၍ သုံးနိုင် ပါသည်။
(၄)    ကင်မရာ ဘက် သို့  မီးရောင်ပြင်းပြင်း ကို လှည့် ၍ မထိုးသင့်ပါ။
(၅)    ဖြစ်နိုင်ပါ က Exposure Timing တိုတို အတွင်း မြန်မြန် ပြီး အောင် ရေး ဆွဲ နိုင်လေ ကောင်းလေ ဖြစ်ပါသည်။ သို့ မှသာ Noise နည်း ပါ လိမ့် မည်။
(၆)    ပုံ ကို တစ်ပုံ ထည်း မရိုက် ပါနှင့် များများ ရိုက်ပါ။
(၇)    လက်နှိပ် မီးကဲ့ သို့ ရှေ့ မီးခွက်ထဲတွင် Bulb ကဲ့ သို့ Hot Spot မီးသီး ရှိ နေပါက အဆိုပါ Hot Spot သည် Light Painting အတွက် မကောင်းပါ။ Hot Spot ပြောက် စေရန် မှန်ပေါ် တွင် ရောင်စုံ စက္ကူ ကပ် ပါ။ Flash Light သည် Hot Spot မရှိသော Light Source ဖြစ် သဖြင့်အသုံး တည့် သော အရာ ဖြစ်ပါသည်။
 (၈)   နောက်ခံ အမှောင်ချဉ်း ထားသည်ထက် ပတ်ဝန်းကျင်ရှိ လမ်းမီး၊ ကောင်း ကင်ရှိ လ၊ စသည်တို့ ကိုပါ ထည့် ရိုက်နိုင်ပါက ပုံ ၏ ဖွဲ့ စည်း မှု ပိုကောင်း ပါသည်။
(၉)    Light Painting ရေးဆွဲ မည့် သူသည် အမဲ ရောင် ၀တ်ဆင် ထားကာ ကိုယ် ပေါ် တွင် မည်သည့် တောက်ပသော အလင်းရောင်မှ မရှိရန် လိုပါသည်။  ရေးဆွဲ သူအပေါ် ရှိ တောက်ပ နေသည့် အရာ များ သည်  ပုံ ပေါ် တွင် ထင် လာ နိုင်ပါသည်။
(၁၀)  နောက်ခံ ရှု ခင်း ၏ Exposure ကို Aperture ကျဉ်းကျဉ်း ၊ Shutter Speed နှေးနှေး ဥပမာ ( Shutter Speed 25 Sec., Aperture f-22 စသည့် Setting ကဲ့ သို့ ) ဖြင့် ချိန် ညှိ ပါ။ Shutter Speed 25 Sec., Set လုပ်ထားပါက အဆိုပါ ၂၅ စက္ကန့် အတွင်း မြန် နိုင် သမျှ မြန်ုမြန် ရေးဆွဲပါ။ အချိန် တိုလေ ကောင်းလေ ဖြစ်ပါသည်။
(၁၁)  White Balance ကိုမူ မိမိ အသုံးပြု မည့် Light Source ၏ အရောင် နှင့် လိုက် ဘက်မည့် White Balance ကို ရွေး ချယ် သင့်ပါသည်။ ဥပမာ မီး အဖြူ ရောင် သုံးပါက ပတ်ဝန်းကျင် အရောင်ကို ပြာစေ လိုလျှင် ကင်မရာ White Balance Preset ၏ Fluorescent ကဲ့သို့ Setting မျိုး ကို သုံးနိုင်ပါသည်။ အရောင် အနည်း အများ ကို မူ ပုံ စတင် ရေး ဆွဲ ခြင်း မပြု မီ စမ်း ရိုက်ကြည့် သင့်ပါသည်။
(၁၂)  ပုံ ၏ လှပ မှု ၊ သေသပ် မှု တို့ မှာ မူ ရေးဆွဲ သူ၏ အလေ့ အကျင့် နှင့် စိတ်ကူး ဥာဏ် ကွန်းမြူး ဖြင့် အပေါ် တွင် မူတည် ပါသည်။
(၁၃) Light Painting သည် Long Exposure ရိုက်နည်း ဖြစ်ပါသည်။ Fast Shutter Speed ဖြင့် မည်သို့ မျှ ပုံ ကောင်း ရနိုင်မည် မဟုတ်ပါ။ “ The slower the shutter speed, the more effective your images will be. “ Suhtter Speed နှေး လေ ပုံ အတွက် အကျိုး ရှိလေ ဆိုသည့် ဆိုရိုး စကား ရှိပါသည်။
(၁၄)  Exposure ကို အချိန် ကြာကြာ ဖွင့် လျှင် Noise ထမည်ကို စိုးရိမ် ကြသည် မှာ မှန်သော်လည်း ယခု နောက်ပိုင်း ပေါ်သည့် ကင်မရာ များသည် Noise ကို အတော် ထိန်း နိုင်ပါသည်။ ၄င်း အပြင် Noise ကို လျှော့ချသည့် Software များသည်လည်း တော်ရုံ တန်ရုံ Noise ကို ထိရောက်စွာ လျှော့ ချ နိုင်ပါသည်။
(၁၅)  ထို့ ကြောင့် Exposure ကို မိမိ လိုသည့် ပုံ ရရှိရေး အတွက် လိုအပ် သည့် အချိန် အတိုင်းအတာ တစ်ရပ် အထိ ဖွင့် ရန် ၀န်မလေး သင့် ဟု ယူဆပါသည်။
 

ဆွဲ ရန် အခက် များစွာမရှိ လှသည့် Exposur အချိန် တိုတို အတွင်း ရေးဆွဲ နိုင် သော နောက်ခံ အနက်ပေါ်ရှိ စက်ဘီး။

 
 
 
နောက်ခံ ရှု ခင်း ထင်လင်းစွာ ပေါ် နေသည့် အပေါ် တွင် Long Exposure ဖြင့် လူ မပေါ်စေရန် သတိထားဆွဲရသည့် ပုံ။

 





လိုအပ်သည့် ပစ္စည်း များ။
(၁)    ကင်မရာ DSLR သို့ မဟုတ် Compact ၊
(၂)    Tripod၊ ကင်မရာ အခိုင်အခန့် တင်နိုင်သည့် နေရာ ရှိပါက Tripod မလိုပါ။
(၃)    Shutter Release  ကို နှိပ်ပါက ကင်မရာ မလှုပ် စေရန် Remote Control ၊
(၄)    အလွယ် ဆုံး Light Source မှာ လက်နှိပ် ဓါတ်မီး ဖြစ်ပါသည်။ လက် နှိပ် မီး ကို Hot Spot ဖြစ်သည့် မီးသီး ( Bulb)  မပေါ် စေရန် နှင့် မီး အရောင် စုံ ရ ရန် ရောင်စုံ စက္ကူ (Colored Cellophane ) ကပ် ကာ သုံးနိုင်ပါသည်။ သာမန် အိမ်သုံး လက် နှိပ် မီးသည် မီး အပြား ကြီး သည့် အတွက် သစ်ရွက် ကြီး များ အဖြစ် ရေးဆွဲ လိုလျှင် အစိမ်း ရောင် စက္ကူ ကပ် ကာ သုံး နိုင်ပါသည်။
(၅)    Neon Pointer ကဲ့ သို့ မီးကို လိုင်း အသေး များဆွဲ သည့် နေရ တွင် သုံး နိုင်ပါသည်။
 
 

သာမန် Light Painting ရေးဆွဲသည့် Light Source များ။

(၆)    ရောင်စုံ စက္ကူ များကပ် ရန် ကပ်ကြေး နှင့် Duct Tape စသည် များ လိုပါမည်။

 

Basic Camera Setting for Light Painting.
(၁)    Light Painting သည် သာမန် ရိုက် နည်း မဟုတ်သည့် အတွက် တစ်ခါ တစ်ရန် Automatic Setting သည် အသုံး မတည့် သည့် အချိန် ရှိတတ်ပါသည်။ Shutter Priority သို့ မဟုတ် Aperture Priority သုံးသင့်ပါသည်။ သို့ မဟုတ် Manual သုံးပါရန်။  ရိုက်ကြည့် ၊ ပြန်စစ်ကြည့် ၊ လို အပ်သ ကဲ့ သို့  ပြန် ပြင်၊  စသည် Trial and Error နည်း ကိုသုံး သင့်ပါသည်။
 (၂)    ဆိုခဲ့သည် အတိုင်း Auto Focus, Auto White Balance, Auto Exposure တို့ အဆင်မပြေ ဖြစ်တတ်ပါသည်။ ထိုအခါ တွင် Manual ကို သုံးရပါမည်။   Auto Focus မရ ပါက ပေ ၅၀ အကျော် တွင် ရှိ မီးတိုင် ကဲ့ သို့ Focus လုပ် နိုင် သည့် အရာကို Manual Focus ဖြင့် ချိန် ထား သည့် နည်းကို သုံးသင့်ပါသည်။ အစပိုင်း တွင် ISO-100, Shutter Speed 4 Sec., f-8 လောက် နှင့် စ ရိုက်ကြည့်ပါ။
(၃)    Shutter Priority ကိုသုံးပါ က (၈) စက္ကန့် လောက်မှ စရိုက် ကြည့် သင့်ပါသည်။ အဆိုပါ အချိန်အတွင်း ရေးဆွဲ ၍ အဆင် မပြေ ပါက အချိန် ကို တစ်ဖြည်းဖြည်း တိုး၍ ယူ ပါရန်။ မိမိ ရေး ဆွဲ မည့် ပုံ အတွက် Shutter speed တစ်ကို ခု စိတ် ကြိုက် ရပြီဆိုလျှင်၊ ယင်းနှင့် Agreement ရှိမည့် Aperture သို့ မဟုတ် ISO ကိုသာ ပြောင်းပေးပါရန်။ Shutter speed  သည် မိမိ မည် ကဲ့ သို့ ပုံ မျိုး ရေးဆွဲမည် ဆိုသည့်အပေါ်တည် ပါသည်။ မီး ကို တစ်ချက်သာ ဝှေ့ လိုက်သည့် ပုံ မှာ တစ် စက္ကန့် သာ ကြာပါမည်။ သို့ ရာတွင် ရုပ်ပုံ တစ်ခု အသေးစိတ် ပေါ် လာအောင် ချယ် မှုန်း ရမည့် ပုံ အတွက်မှာ မူ  ပုံ ၏ အသေးစိတ် ချယ်မှုန်း မှု အပေါ် မူတည်၍ စက္ကန့်ပေါင်း များစွာ ကြာနိုင်ပါမည်။ ဆောင်းပါး အများစုမှာမူ တ စက္ကန့် မှ ဆယ် စက္ကန့် အတွင်း ရိုက် ကြည့်ရန် အကြံ ပြု ထားသည် ကိုတွေ့ ရပါသည်။
(၄)    Focusing သည် မူ ညပိုင်း တွင် အနည်း ငယ် ရှုတ်ထွေးနိုင်ပါသည်။ Focus Lock နိုင်လျှင် လုပ်ထားပါရန်။ သို့ မဟုတ် ရေးဆွဲ မည့် မီး ရောင် အကွာ အဝေးကို သာ Focus ယူ ပါရန်။ များသော အားဖြင့် ပန်းချီ ရေး ဆွဲ မည့် မီးရောင် သည် ရှေ့ နောက် ပြေးနေ သော Focusing Distance ပြောင်းနေသည့် အခြေ အနေမျိုး ဖြစ်နေပါက အလယ်ရှိ မီးကို သာ Focus ယူထားပါရန်။
(၅)    ISO ကို အတတ်နိုင်ဆုံး အနိမ့် ဆုံး တွင်ထားပါရန်။  
(၆)    Aperture Setting ကို ကင်မရာက ပေး နိုင် သလောက် အကျဉ်း ဆုံး ဖြစ်သည့် ( f-22, f-25, f-29 ) စသည့် Setting များတွင်ထား သင့် ပါသည်။ ဤသို့ ဖြင့် Shutter Speed နှေးနှေး ယူ နိုင်ပါမည်။
(၇)    Light ကိုရွှေ့ ကာ ရေးဆွဲ မည် ဆိုပါက Tripod လိုပါမည်။ Remote shutter Release လိုပါမည်။ ကင်မရာ ကို လက် နှင့် ကိုင် လှည့် ပတ် ရိုက် မည် ဆိုပါက မလိုပါ။ ကင်မရာ ကို ရွေ့ မည် ဆိုပါက နည်း စနစ် ဟူ ၍ အတိ အကျ မရှိပါ။ စိတ် ကူး ကွန့်မြူး သကဲ့ သို့ ရွှေ့ နိုင်ပါသည်။
 (၈)   Local Length ရှည် သည့် Tele Phpto Lens များ ဖြင့် ရိုက် ပါက ရေးဆွဲ သည့် မီးရောင် ကို ပို၍ Detail မြင်ရမည် ဖြစ်သည်။ အရောင် ပြင်းသည့် မီး ဆိုလျှင် မြန် နိုင်အမျှ မြန် မြန် ဆွဲပါ။ နှေး နေပါက Over Expose ဖြစ်သွား နိုင်ပါသည်။ အလင်း ရောင် ပြော့ သည့် Light Source ကိုမူ နှေး ပေးရပါမည်။ မြန်သွားပါက Undr Expose ဖြစ်သွားနိုင်ပါသည်။ သို့ သော် ရေးဆွဲ သည့် လူ ရိပ် မကျန်ခဲ့စေရန် အတွက် ကို မူ ချိန်ဆ ရပါမည်။
 (၉)   အလင်းရောင် နည်းသည့် Night မှာ သာ ရိုက်ပါ။ နေ့ ခင်း ရိုက်မည် ဆိုပါက Natural Density Filter အလင်းပိတ် Filter ကို ခံ ရိုက်ပါ။ သို့ သော် အမှောင်ထု ပေါ်တွင် ရိုက် ရမည့် နည်းဖြစ် သဖြင့် ည ပိုင်း တွင်သာ ပို သင့် တော်ပါသည်။
(၁၀)  ညအမှောင် တွင် ရောင်ပြန် Reflection ရှိနေသည့် Glass, Metal, Water ဥပမာ မိုးရွာ ပြီးကာစ မြေပြင်တွင် ဖြစ်ပေါ် နေသည့် ရောင်ပြန်များကို Composition တွင် ထည့် ရိုက် ပါက ပုံ ပို၍ လှပ လာပါ လိမ့် မည်။
(၁၁)  ပုံ များများ ရိုက်ပါ။ အတွေ့ အကြုံ က ပုံ ကောင်း များ ထုတ် ပေးပါ လိမ့် မည်။
 
Lighting Painting ရေးဆွဲ နည်း နှစ်မျိုး။
Lighting Painting တွင် Light Source ကို ရွှေ့ ကာ ရေး ဆွဲသည့် နည်း နှင့် Light Source ကို အသေ အငြိမ်ထား၍ ကင်မရာ ကို ရွှေ့ကာ ရိုက်ကူးသည့်  Camera Painting ဟူ ၍ နှစ်မျိုး ရှိပါသည်။
 
 Camera  ကို ရွှေ့ ကာ ရေး ဆွဲ နည်း။
အောက်ပုံ မှာ Light Source ကို လှုပ်ရှားကာ ရေး ဆွဲ သည့် Painting မဟုတ်ဘဲ ကင်မရာ ကို ရွှေ့ လျှားကာ ရိုက်ကူးထားသည့် Camera Painting ပုံ ဖြစ်ပါသည်။ Light Painting နှင့် Camera Painting တို့ သည် ပြောင်းပြန် ဖြစ်ပါသည်။ Light Painting က Light Source ကို ရွှေ့ ကာ ရေး ဆွဲ ပြီး ကင်မရာကို အသေ အငြိမ်  ထားပါသည်။ Camera Painting က မူ Light Source ကို အသေ အငြိမ် ထားကာ Camera ကို ရွှေ့ ကာ ရေးဆွဲ သည့် နည်း ဖြစ်ပါသည်။
အထက်ပါ ပုံမှာ ဓါတ်ဆီ ဆိုင် တစ်ဆိုင် ၏ ကုန်စုံ ဆိုင် ရှေ့ တွင် ကောင်း ကင် နောက်ခံ အနက် ကို နောက်ခံ ထားကာ မီးရောင် သုံးမျိုး ဖြင့် ချယ် သ ထားသည့် ပုံ Camera Painting  ဖြစ်ပါသည်။ ပုံ၏ နောက်ခံတွင် ဓါတ်ဆီ ဆိုင်ကို မြင် နိုင်ပါသည်။
အာက် ပါပုံ များ မှာ ငြိမ် သက်နေသည့် Light Source ကို Camera ရွှေ့ ခြင်း ဖြင့် ရေးဆွဲ ထားသည့် Camera Painting နမူနာ ပုံများ ဖြစ်ပါသည်။
ကင်မရာကို ရွှေ့လျှားရာတွင် လူ ကိုင်ကာ ရွှေ့လျှားသည့်နည်း အပြင် ရွှေ့လျှား နေသည့် မီးရထား၊ မော်တော် ကား ၊ ချား ရဟတ် စသည်များ အပေါ် မှလည်း  စိတ်ဝင်စားဘွယ်ရာ ပုံ များရအောင် ရိုက် ကူး နိုင်ပါသည်။  ဤ နေရာ တွင် Panning နှင့် ရော သွား နိုင်ပါသည်။
Panning မှာ မူ ရွှေ့ လျှားနေသည့် ချား ရဟတ် ပေါ်မှ ရိုက် ခြင်းသည် ချားရဟတ်၏ အခြားသော ခုံ တစ် ခုပေါ် မှ ရွှေ့ လျှားနေသည့် Subject ကို အဆိုပါ နှုန်း အတိုင်း ရွှေ့ လျှားနေ သော အလားတူ ခုံ ပေါ် ရှိ ကင်မရာ နှင့် ရိုက် ခြင်း ဖြစ်သည်။ ရလာဒ်မှာ Subject က ထင်ရှားနေပြီး နောက်ခံ ၀ါး နေသည့် နည်း ဖြစ် သည်။
ယခု နည်း မှာ ရွှေ့ လျှားနေသည့် ခြား ရဟတ် ၏ ခုံ ပေါ် မှ ပြင်ပရှိ Light Source ကို ရိုက် သည့် နည်း ဖြစ်သည်။ ရလာဒ်မှာ နောက်ခံ  မီးရောင်များ ကို လှပ ဆန်း ကျယ် စွာ ဖြန့်ကျက် ရော ယှက် ပေါ်လွင် နေသည့် နည်း ဖြစ် သည်။
 
မီးရောင် စုံ ကို အခြေပြု ရေးဆွဲ ထားသည့် Camera Painting  နမူနာပုံ။
 
 
 
မီးရောင် စုံ ကို အခြေပြု ရေးဆွဲ ထားသည့် Camera Painting နမူနာပုံ။
 
 
နောက်ခံ ရှုခင်၏ မီး ရောင်စုံ ကို အခြေပြု ရေးဆွဲ ထားသည့် Camera Painting  နမူနာပုံ။
 
မီးရောင် စုံ ကို အခြေပြု ရေးဆွဲ ထားသည့် Camera Painting  နမူနာပုံ။
 
 
 
မီးရောင် တစ်ရောင် ထည်း ကို အခြေပြု ရေးဆွဲ ထားသည့် Camera Painting နမူနာပုံ။
 
စမ်းသပ် သည့် အဆင့်တွင် မီးလုံး ရောင်စုံ အချို့ ကို တန်းစီ ထွန်းကာ Long Exposure ဖြင့် ကင်မရာ ကို ရွှေ့ ကာ ရိုက် ကြည့် နိုင်ပါသည်။ ထို မှ တစ်ဆင့် စိတ် ကူး ဥာဏ် ကွန့် မြူးကာ အဆင့်ဆင့် တက် လှမ်း ကြည့် နိုင်ပါသည်။
 
 
Light Source  ကို ရွှေ့ ကာ ရေး ဆွဲ နည်း။
 
Light Source  ကို ရွှေ့ ကာ ရေး ဆွဲ နည်း တစ်ခု ကို ဥပမာ ရေးပြပါမည်။ အထက်ပါ ပုံ ကို ရိုက် မည် ဆိုပါက မရိုက်မှီ က ပင် မည်သည့် နေရာ တွင် မည်သည့် အရာ ကို ရေးဆွဲ မည် ၊ မည်သို့ ရေးဆွဲ မည့် ကို တစ်ခါထည်း စဉ်းစား ဆုံးဖြတ် ပြီး ဖြစ်ရပါမည်။ ရေး ဆွဲ သည့် အချိန်တွင်မှ စဉ်း စားနေဘို့ အချိန်မရပါ။ ရေးဆွဲသူ လူရိပ် ပေါ်မလာစေရန် အတိုဆုံး အချိန်အတွင်း တိကျစွာ အချိန်ကိုက် ရေး ဆွဲ ရမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။
 
အထက်ပါ ပုံကို အစိမ်းရောင် LED မီး Beam အပြားကြီး ဖြင့် မြေပြင်ရှိ အမြစ်ဆုံ ထားမည့် နေရာမှ စတင်ကာ စုတ်ဖြင့် အရွက် ရေးဆွဲသည့်အတိုင်း လေ ထဲ တွင် စိတ်ကူးဖြင့် အရွက်ပုံ ဆွဲပါသည်။ အရွက် ဆုံးသည့် နေရာ တွင် မီးကို ပိတ်ပါရန်။  မပိတ်ပါက နောက် တစ်ရွက် ထပ်မံ ရေး ဆွဲ မည့် နေရာ သို့ အကူးအပြောင်း တွင် အစိမ်းရောင် အတန်း ကြီး ပေါ် နေပါလိမ့် မည်။
ယင်းနောက် ၀တ်ဆံတိုင် အနီရောင် ကိုလည်း သတ်မှတ်ထားသည့် နေရာများ တွင် စိတ်ကူး နှင့်ပင် လေထဲ တွင်မှန်းကာ ရေး ဆွဲပါသည်။ ပန်းအ၀ါ နှင့် လိပ်ပြာ အဖြူ တို့ ကိုလည်း အဆိုပါနည်းများ အတိုင်းဆွဲထားပါသည်။  လက် ဆ ကျွမ်း ကျင် ကောင်းမွန်လျှင် ပုံ သည် အချိုးကျ လှပ ပါ မည်။ သို့ မဟုတ်ပါက အရွက် များ နှင့် ၀တ်မှုန်တန်များ ဆုံသည့် နေရာ တွင် အခြင်းခြင်း ထိစပ်မှုမရှိဘဲ နေရာလွတ် အဖြစ် ရှိ နေတတ်ပါသည်။
အရေးကြီးသည့် အချက် မှာ ပုံ ပေါ်တွင် ရေးဆွဲသည့် လူရိပ် ပေါ်မနေ စေရန် အတိုဆုံး အချိန်အတွင်း တိကျစွာ အချိန်ကိုက် ရေး ဆွဲ ရန် ဖြစ်ပါသည်။ မြန်မြန် ရေး ဆွဲ ခြင်း ဖြင့် ရေးဆွဲ သည့် အလင်း တန်း များ လည်း ပို၍ ပြတ်သား မှု ရှိပါသည်။ နှေး နေလျှင် လူ ရိပ် ပေါ် လာနိုင်သကဲ့ သို့ မီးရောင်သည် ကျစ်ကျစ် လစ်လစ် ( Sharp) ပေါ်မလာဘဲ ဖြာ ထွက် နေနိုင်ပါသည်။
ကင်မရာ Shutter Speed မြန်လေ ဆွဲ ရမည် မှာ မြန်လေ ဖြစ်ပြီး Shutter Speed နှေးပါက အချိန်ပေး ရေး ဆွဲ ရ မည့် အနုစိတ်ပုံ များကို ရေး ဆွဲ ရန် အချိန် ရမည် ဖြစ်ပါသည်။
 
Fire Wall Light Painting ရေးဆွဲခြင်း ။
 

အဆိုပါပုံကို  ၈ ပေခန့်ရှိ သံချောင်း တစ်ချောင်း ၏ ထိပ်တွင် (၆) ပေခန့် ရှိ အလုံးကြီး ကြိုး တစ်ချောင်း ကို ဓါတ်ဆီ ဆွတ် ပြီး မီး ရှို့ ကာ ကင်မရာ Shutter ဖွင့် ထားသည့် အချိန် အတွင်း ကားဘေး ၌ ပတ်၍ ပြေး ခြင်းဖြင့် ရိုက် ထားခြင်း ဖြစ်သည်။ မီး ကြိုး ဒုတ်တန် ကိုင်ထားသူမှာ မီးကြိုး ၏နောက်တွင် ရှိနေပါသည်။ ထိုအခါ တွဲလဲ ကျနေသည့် မီးလောင် နေသည့် ကြိုး သည် Long Shutter Speed ဖြင့် မော်တော် ကား မီးလုံးကို ရိုက်သကဲ့သို့ တစ်ဆက်ထည်း ဖြစ်သွားကာ Fire Wall ဖြစ်သွားပါသည်။
 
 Moment and Light Painting Effects.
အောက်ပါပုံ များမှာ ကင်မရာ ရွှေ့ သည့် နည်း နှင့် Light Source ရွှေ့သည့် နည်း  နှစ်မျိုး စလုံးဖြင့် ပေါင်းစပ် ရေးဆွဲ ထားသည့် အထူးပြု လုပ်ချက် (Effect ) များ ဖြစ်ကြသည်။

Line Drawing Effect.
 
 
အနက်ရောင် နောက်ခံ ပေါ် ရှိ လူ ပေါ် တွင် Flashlight  ကဲ့ သို့ အဖြူ ရောင် Light Source ဖြင့် ရေးဆွဲ ထားခြင်း ဖြစ်ပါသည်။ ရေးဆွဲ ခြင်း မြန် လေ အလင်းတန်း ပို၍ ပြတ်သား လေ ဖြစ်သည်။ Line တစ်ခု ထည်း ကို အထူးပြု ရေးဆွဲ ထားခြင်း ဖြစ်ပါသည်။
 
Area Lighting Effect:
 
 

Flashlight ကို Subject ၏ သတ်မှတ်ထားသည့် နေရာပေါ် သို့ တိုက်ရိုက် ထိုး ကာ အကြိမ်ကြိမ် ဖြတ်သန်း ထားခြင်း ဖြစ်ပါသည်။ အချို့ နေရာတွင် ထပ်ကာ ထပ်ကာ အလင်း ဖြတ် သွားသဖြင့် Line Drawing Effect ရလာပါသည်။
 
Paint Smearing Effect:
 
 
 
အထက်ပါ ပုံ ကဲ့ သို့ အလင်းများ ပြန့်နှံ့ ရောထွေး နေသည့် Effect ကို ကင်မရာ ကို ရွှေ့ လျှားစေခြင်း ဖြင့် လည်း တစ်ခါ တစ်ရံ ရေးဆွဲလေ့ ရှိပါသည်။ အထက်ပါ ပုံ တွင် ကင်မရာ သည် Light Sources များကို ရေပြင်ညီ  ငြင်ငြင် သာသာ (Smooth Sweeping)  ရွှေ့ ပေး ခြင်း နှင့် ညင်ညင် သာသာ ၀က်အူ ရစ် ပုံ ( Spiral ) လှည့် ပေး ခြင်း တို့ ပေါင်းစပ် ထားခြင်း ဖြစ်ပါသည်။ လှည့် ရာ တွင် အချို့ နေရာ များတွင် လက် ကို တုန် ခါ ပေးခြင်း ဖြင့် အလင်း တွန့် များ ပေါ်လာပါသည်။
 

Combination Effects:
 
 
အထက်ပါ ပုံ ၏ Combination Effect ကိုမူ ကင်မရာ လှုပ် ရှား မှု နှင့် Subject လှုပ် ရှားမှု တို့ တွဲ ဖက်ထားခြင်း ဖြစ်ပါသည်။ Moving Camera နှင့် Moving Light  တို့ တွဲ ၍ ရိုက် ရ သည်မှာ ပုံ မည့်ကဲ့ ထွက်လာမည် ဆိုသည်ကို မည်သို့ မျှ ခန့် မှန်း မရ သော ရိုက်နည်း ဖြစ်ပါသည်။ အကြိမ်ကြိမ် စမ်း သပ် ရိုက်ကြည့် ရမည့် နည်း ဖြစ်ပါသည်။
 

Types Of Movement:
 
 
 
Light Source နှင့် ကင်မရာ တို့ ကို  မည်ကဲ့ သို့ အမြန်နှုန်း ဖြင့် မည်ကဲ့ သို့ ပုံစံ မျိုး ရွှေ့ လျှားပေးရ မည် ဆိုသည်မှာ ပုံသေ မရှိပါ။  အမြင် သစ်ဆန်းသည့် Abscract ဆန်ဆန် အနုပညာ ဖန်တည်း မှု တစ်ရပ်သာ ဖြစ်ပါသည်။  မိမိ စိတ် ကြိုက် ဖန်တည်း နိုင်ပါသည်။ ပထမ မိမိ ၏ စိတ်ကြိုက် ဖြစ်လာ စေရန် ဖန်တည်းပါ။ အတွေ့ အကြုံ များလာသည့် အချိန်တွင် အများ ကြိုက် နှစ်သက် သည့် ပုံ များ ထွက်လာ ပါလိမ့် မည်။
 
ခက်ခဲ စွာ ရေးဆွဲ ရသည့် နမူနာပုံ များ။
 
 
 
 
Light Painting  ရေးဆွဲ ခြင်း နှင့်ပတ်သက်၍ အထက် တွင် ဖေါ်ပြခဲ့သည်မှာ ရေးဆွဲရာတွင် အတန် အသင့်လွယ်သည့်  ခြေနိုင်လက်နိုင် အခြေခံအဆင့် ရေးဆွဲနည်း များသာ ဖြစ်ပါ သည်။ အထက်ပါ ပုံ ကဲ့ သို့ ခက်ရာ ခက်ဆစ် ရေးဆွဲ ရသည့် ပုံများလည်း မြောက် များစွာ ရှိပါသည်။
 
အထက်ပါပုံကို ရေးဆွဲ တွင် Hand Cut Stencil များကို ပုံ ထွင်းကာ ပုံ တစ်ခု ခြင်း စီ အတွက် Shutter ကို ဖွင့်ပေး၍ အပေါက်ဖေါက်ထားသည့် အရုပ်ပုံ (Stencil ) များအကြား မှ Flash ကို တစ်ခု ခြင်းစီ အလိုက် ဖွင့်ပေး ခဲ့သည် ဟု သိရပါသည်။ ပုံတွင်ပါရှိ မည့်  အကြောင်း အရာ အားလုံးပြီးရန် ရိုက်ကူးရာ တွင်  အချိန် လေး နာရီခန့် ကြာ ပါသည်။
 
 
 
 
အထက် ပါ နှစ်ပုံ မှာ ကနေဒါ ရုပ်ရှင် မင်းသမီး Mélanie Elliott ၏ ပုံ များဖြစ် ပါသည်။ ရိုက်ကူးသူက အဆိုပါပုံများကို Studio အတွင်း Flash ဖြင့် ရိုက်ကူး ကြောင်း နှင့် Long Exposure  Shutter ဖွင့် ထား စဉ် အတွင်း Light Painting လုပ်သည် ဟူ၍ မျှသာ ဖေါ်ပြထားပါသည်။ Professional အကြီးတန်း ပညာရှင် အဆင့်ပုံများ ဖြစ်သော ကြောင့် Trade Secret သဘောအရ မည်သူမျှ ၄င်း တို့ ၏ နည်း စနစ်ကို အကုန် ပြောမည် မဟုတ်သည်ကို သတိပြု မိပါသည်။ ၄င်းတို့ ၏အမြင့်တန်း  လက်ရာ နမူနာ များကို လေ့လာ နိုင်ရန် ဖေါ် ပြထားခြင်း သာ ဖြစ်ပါသည်။
 
Light Painting နမူနာ ပုံများ။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
--------------------------------------------