Wednesday 29 May 2013

Portraits of People


(41)   Portraits  of People                                  ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၄၁)

 

လူပုံ များ ကို လုအုပ်ကြား ထဲ ရိုက်ကူးခြင်း

Portraits of People

 

 

စကားဦး

ကျွန်တော်၏ ယခင်မှတ်စုများတွင် Portrait ရိုက်ကူး ခြင်းများ အကြောင်း ရေးခဲ့ပါသည်။ အဆိုပါ မှတ်စုများမှာ Portrait ရိုက်ကူး ခြင်း ဆိုင်ရာ ဆောင်းပါး များ ကို စု ကာ ဟိုနည်း နည်း သည် နည်းနည်း စု ၍ ဘာသာပြန် ခဲ့ ခြင်း ဖြစ်ပါသည်။

 

ယခု အကြိမ်တွင်မူ ကျွန်တော် စု ဆောင်းထားသည့်  Photo and Video မဂ္ဂဇင်း တွင် Portrait ရိုက်နည်း အတွက် လက်တွေ့အသုံးဝင်နိုင်မည့် Photo Clinic ၏ အကဲဖြတ် ဓါတ်ပုံ ပညာ ရှင်  John Cosgrove ရေးသား ထားသည့်  Portraits of People ဆောင်းပါးကို ဘာသာ ပြန် ဖေါ်ပြခြင်း ဖြစ်ပါသည်။

 

Portrait Photography ဆိုသည်မှာ ယခင် မှတ်စု များတွင် ဖေါ် ပြပြီး သကဲ့ သို့ လူ ပုံ တင်မဟုတ်မူဘဲ Subject တစ်ခုခုကို အထူးပြု ရိုက်ကူးခြင်း ဖြစ်ပါသည်။ အဆောက် အဦ၊ သစ်ပင် ၊ တိရိစ္ဆာန် စသည်တို့ အားလုံး ကို အလေးပေး ဖေါ်ပြ ရိုက်ကူးခြင်း များ သည် လည်း Portrait ပင် ဖြစ်ပါသည်။

 

ယခု ဖေါ်ပြမည့် John Cosgrove ရေးသား ထားသည့်  Portraits of People  ဆောင်းပါး မှာမူ Street Photography သဘောမျိုး လူများအကြား လူပုံ ( Portrait) များ ရိုက်ကူးရာတွင် များစွာ သိသင့် သိထိုက် သည့် အချက်များ ၊ လိုက်နာသင့်သည့် အချက် များ  ဖေါ်ပြထား သည်ကို တွေ့ ရပါသည်။ ဘာသာပြန်ရာ၌  မြန်မာ ဘာသာဖြင့် ဖတ်ရာတွင် စာချော စေရန်အတွက် ဖြည့်၍ သော်လည်း ကောင်း၊ ဖြေ ၍သော်လည်း ကောင်း ဘာသာ ပြန် ထားပါသည်။

 

နမူ နာ ပုံ များမှာ မူ အဆိုပါ ဆောင်းပါး တွင် ပါရှိသည့် Lawrence Ripsher နှင့် Aliec Ee တို့ ၏ ပုံ များကို ပြန်လည် ကူးယူ ဖေါ်ပြထား ခြင်း ဖြစ်ပါသည်။ ပုံ များ မှာ စာအုပ် မှ တစ်ဆင့် ကူးယူ ဖေါ် ပြသည့် ပုံ များ ဖြစ်သည့် အတွက် မူယင်း ပုံ များ ၏ အရည် အသွေး မဟုတ် ကြောင်း ဖေါ် ပြအပ်ပါသည်။ အောက် တွင် ဖေါ်ပြ မည့် အကြောင်အရာတွင် သုံးနှုံး ထားသည့် “ ကျွန်တော် “  ဆိုသည်မှာ မူရင်း ဆောင်းပါးရှင် John Cosgrove ကို ကိုယ်စား ပြုပါသည်။

 

Portrait of the People.

 

ပြင်သစ် အမျိုး သမီးဓါတ်ပုံ ပညာရှင် တစ်ဦးက “ ကျွန်မ က လူတွေ ရဲ့ Portrait ရိုက်ရတာကို အလွန် သဘောကျ ပါတယ်။ အကြောင်းကတော့ ကျွန် မကို လူတွေနဲ့ ထိတွေ့ ခွင့်ပေးပြီး ပြောဆို ဆွေးနွေး ခွင့် ရစေတဲ့ အတွက် သူတို့ရဲ့  သဘာဝ နဲ့  ယဉ်ကျေး မှု ကို သိခွင့် ရလို့  ပါဘဲ “  ဟုကျွန်တော့ အား ဟု ပြောခဲ့ ဘူးပါသည်။

 

အဆိုပါ အမျိုး သမီး ဆိုလိုသည်မှာ လူများ ၏ ရုပ်ပုံ လွှာ ( Portrait)  ကို ရိုက် ကူးရာ၌ လည်ပင်း တွင် 70-200mm, f-2.8 Lens ကြီးဆွဲကာ လမ်းတကာ လျှောက် ၊ တွေ့ တဲ့ လူ ကို ဖြစ်သလို ထိုးရိုက် သော နည်း မဟုတ်သည် ကို ဆို လို ခြင်း ဖြစ်ပါသည်။ Portrait ရိုက်ကူး ခြင်း ခြင်း သည် လူ များနှင့် ထိတွေ့ ဆက်ဆံ ပြော ဆိုကာ ၄င်းတို့ ၏ တဒင်္ဂ အတွင်း ပေါ် ထွက် လာသည့် ၄င်းတို့၏ ခံစား မှု သရုပ် Expression ကို ဖမ်း ယူ ရသည့် ရိုက် ကူး နည်း ဖြစ်သဖြင့် ဓါတ်ပုံ ရိုက်ကူး နည်း ၌ အတော် ခက်ခဲသည့် နည်းတွင်လည်းပါဝင်ပါသည်။
 
 
ယခု ရိုက် နည်း သည် Street Photography နှင့် နှီးနွယ်နေသော်လည်း ကွာခြား မှု များရှိပါသည်။ Street Photography  မှာမူ လမ်းပေါ်၌ တွေ့သည် များကို Subject မသိအောင် ရိုက်သည်က များသည့် ရိုက်နည်း ဖြစ်ပါသည်။ ယခု နည်း က Target Subject ကို ရွေးချယ်ကာ မိတ်ဖွဲ့ စည်းရုံး၍ တတ်စွမ်း နိုင်သမျှ မိမိ လိုအပ်သည့် ခြေအနေ တစ်ရပ်ကို ဖန်တည်း၍ ရိုက် ကူး သည့် နည်း ဖြစ်ပါသည်။

 

ဤ ရိုက်ကူးနည်း သည် လူများ နှင့် ထိတွေ့ ဆက်ဆံ ကာ ယင်းတို့ ၏ ဘ၀ နှင့် သဘာဝ ကို  ဖြစ်သည့် နည်း နှင့် ရအောင် ရိုက်ကူးရ သော နည်း ဖြစ်သောကြောင့် ရှက်တတ်သည့် သဘာဝ အခြေခံ ရှိသူများ နှင့် လိုက်လျှော မှု မရှိသည့် နည်းလည်း ဖြစ်ပါသည်။

 



အထက်ပါပုံ ကို တံခါး ဘောင်ဖြင့် ဘောင် ခတ် (frame) ထားပါသည်။ ပုံတွင် Subject ၏ ခံစားမှု အသွင် အပြင်( Expression) ကို သူ၏ မျက်နှာ တွင် သိသာစွာ မြင်နိုင်ပါသည်။
 
 
 
ရှက်တတ် ကြောက် တတ် သူ တစ်ဦး အနေနှင့်မူ အဆိုပါ လူများ နှင့် ရောနှော ထိတွေ့ ကာ ၄င်း တို့၏ ရင်းနှီးမှု ကို တခဏ အတွင်း ရယူ ၍ ရိုက် ကူး ရေး အတွက် ၄င်းတို့  ကိုယ် နှိုက် ကိုယ် က တွန့် ဆုတ် နေတတ် သည်။ ထို့ ကြောင့် ရှေး ရိုး ပုံ စံ ဖြစ်သည့် လူစည်ကား သည့် ဈေးကဲ့ သို့ နေရာ မျိုး တွင်  Subject မသိ အောင်သူ တို့ ၏ Tele-Zoom Lens ဖြင့် ဆိုင်အရိပ်ကို ခိုကာ Subject မသိအောင် ရိုက်သည့် ( Sneaking ) နည်း ထဲ တွင်ပင် တစ်ဝဲ လယ်လယ် ဖြစ်နေ တတ်ပါသည်။
 
ကျွန်တော် အကြံပေးလိုသည် က အပြင်ထွက် ပါ ၊ မိမိ ရိုက်ကူး လိုသူ ကို စကားစမြီ ပြောပါ၊ မိတ်ဖွဲ့ပါ၊ ဓါတ်ပုံ ရိုက်နိုင်သည့် အနေအထားတစ်ရပ် ရသည့်အထိ ချဉ်းကပ်ပါ။ အဆိုပါ အခြေ အနေ က အလွန်ကောင်းမွန်သည့် Expression များ ဖြင့် ပြည့် တင်းနေသော Portrait များ ရနိုင် ပါလိမ့်မည်။
 
အထက်ပါပုံ ကို တံခါး ဘောင်ဖြင့် ဘောင် ခတ် (frame) ထားပါသည်။ အဆိုပါ ပုံတွင်  လည်း အလားတူ ပင် Subject ၏ ခံစားမှု အသွင် အပြင် ( Expression) ကို သူ၏ မျက်နှာ တွင် သိသာစွာ မြင်နိုင်ပါသည်။
 
 
 
စိတ်ဝင်စားဘွယ်ရာကောင်း သည့် Portrait တစ်ခု ဖန်တည်း နိုင်ရေး အတွက် အလွန် အရေးကြီး သည့် အချက် နှစ်ရပ် ရှိပါသည်။ ယင်း တို့ မှာ-
 
        ၁-     Light ( အလင်း)၊ နှင့်
        ၂-     Expression (ခံစား မှု မျက် နှာ အသွင်အပြင်)  တို့  ဖြစ်ကြပါသည်။
 
Light
မိမိ၏ Subject ပေါ်သို့ ကျရောက် သည့် Light သည် ပုံ အား မည်ကဲ့ သို့ Effect ပေး နိုင်သည်ကို သိရှိ မှု သည် Portrait ရိုက် ကူး ရာတွင် ထူးခြားသည့်၊ တစ်နည်း အား ဖြင့် ကြည့်သူ၏ စိတ် အတွင်း စမ့် ၀င်သွား နိုင်စေမည့် ပုံ မျိုး ရနိုင် စေပါသည်။ မိမိ ပုံ အတွက် အထောက်အပံ့ ဖြစ်စေမည့် Lighting မျိုးကို ရှာရပါမည်၊ စောင့်ရ ပါမည်။ တတ်နိုင်လျှင် ဖန်တည်း ရပါမည်။
 

 
အထက်ပါ ပုံ မှာ Portrait ရိုက်ရာတွင် အများသုံး ကြသည့် Soft Light ပုံ  ဖြစ်ပါသည်။
 
 
National Geographic  မဂ္ဂဇင်း အတွက် Portrait ရိုက်ကူးပေးနေသည့် Steve McCurry က ၄င်း Portrait  ရိုက်နည်း၏ အဓိက အချက် မှာ “ Controlling the Light  and the Subject’s Expression “ တို့ သာ ဖြစ်သည် ဟု ကျွန်တော့ အား တစ်ချိန် က ပြောခဲ့ ဘူးပါသည်။
 
 
Subject ၏ လှုပ် ရှားမှု နှင့် Expression ပေါင်း စပ်  ထားသည့် ပုံ။
 
 
Steve McCurry ၏ နည်း မှာ ပထမ ၄င်း ရိုက် မည့် Subject ကို ရွေး ချယ် လိုက်ပါသည်။ ယင်းနောက် မိတ် ဖွဲ့ပါသည်။ ဆက်ဆံ ရေး ရရှိချိန်တွင် သူ့ အား အလင်းရောင် ကွာဟ ချက်များသည့် Harsh Light အောက် မှ အနီးရှိ အမိုးအကာ တစ်ခုခု အောက် သို့မဟုတ် အလင်းရောင် ပြေ သည် လမ်း မျှောင် ကဲ့ သို့ နေရာ မျိုးသို့   ရွှေ့ ကာ နေရာ ယူ စေ လိုက်ပါသည်။ ဤ သို့ ဖြင့် Steve McCurry သည် Light and Colour ကို သူ့ လိုသည့် ဘက် သို့ ဆွဲ ယူ လိုက်ပါသည်။ လမ်း မျှောင် ကဲ့ သို့ နေရာရှိ ပကတိ အလင်းရောင် ( Ambient ) သည် အလွန်ညက် ကာ (Diffuse) ပျော့ ပြောင်းသည့် အတွက် အလင်းရောင် ကြောင့် ဖြစ်ပေါ် လာသော ပုံ ကို အားလျှော့စေသည့် အနှောက်အယှက် ( Light Distraction) မှ ကင်းစေပါ သည်။ ၄င်းအပြင် နောက်ခံသည် Subject နှင့် ဝေးသွားသည့်အတွက် Background Distraction လည်း လျှော့သွားပြီး Shallow Depth of Field လည်း ရစေနိုင် ပါသည်။ နောက် ပိုင်း တွင်မူ ပုံ ကို ထုံ ထိုင်း မှု မရှိစေဘဲ ကြည့်သူ ၏ စိတ် ကို ဆွဲ ဆောင် နိုင် မည့် အရောင် ( Colour) ကို ဖန်တည်းပါသည် ဟု Steve McCurry   က ကျွန်တော့ အား ဟု ပြော ခဲ့ဘူးပါသည်။
 
ပြူတင်းပေါက်မှ ၀င်လာသည့် Diffused Light နှင့် မိုးအုံ့ နေသည့် အချိန် ကောင်းကင် ယံ မှ ကျ လာသည့် အလင်းရောင်များသည် Non Directional ဟု ခေါ်သည့် ပြေပြစ် ညက်ညော သော အလင်း များဖြစ်ကြ၍ လူ ပုံ ရိုက်ကူးရာတွင် သဘာဝ Soft Light ကို ပေးသော Light Source များ ဖြစ်ကြ သည့်အတွက် အလွန် ကောင်း မွန်သည့် Portrait များ ရနိုင်ပါသည်။
 
နံနက် ၉ နာရီနောက် ပိုင်း ရှိ သဘာဝ အလင်းရောင် သည်  Harsh Light ဖြစ်သောကြောင့် Portrait ရိုက်ကူးရ ခက် သည့် အလင်းရောင် ဖြစ်ပါသည်။ သို့ ရာတွင် အပျော် သဘော Fun Photo အဖြစ်မျိုး တော့ ရိုက်ကူး နိုင်ပါသည်။ Golden Hour ဟုခေါ်သည် ညနေ နေကျ ချိန်သည်  ရှု ခင်း ရိုက်ခြင်း သာ မက Portrait ရိုက် ၍လည်း ကောင်း သည့် အချိန် ဖြစ်ပါသည်။ Harsh Light သည် Portrait ၏ Deep Shadow နှင့်  Special Highlight များ လို သည့် အချိန် တွင်သာ ကောင်းပါ သည်။
 
သို့ ရာတွင် မွန်းလွဲ ကျော် ပိုင်း နှင့် ညနေခင်း ပိုင်း ( Late Afternoon and Evening ) အချိန်များ ၏ Harsh Light များ မှာ မူ အလွန်လှပသည့် Side Lighting နှင့် Depth  ကို ပေးပါသည်။ မျက် နှာပေါ် တွင် အရိပ် တစ်စောင်းကျနေသည့် အနေ အထားမျိုး တွင် Subject  face အား  သွယ် လျှသော အနေအထားမျိုး ကို ရစေပါသည်။ Side Lighting သည် Studio များတွင် လည်း သုံးလေ့ သုံးထ ရှိသော အလင်းရောင် မျိုး ဖြစ်ပါသည်။
 
မိမိ ၏ Subject ၏ပုံသည် နောက်ခံ ( Background) မှ  ကြွ လာစေ မည့် နည်း မှာ မူ Back Lighting ပင် ဖြစ်ပါ သည်။ Back Lighting ရိုက် ရာ တွင် ဓါတ်ပုံ ၏ ဥပဒေ သ တစ်ခုဖြစ် သော အလင်းကို ရိုက်သူ၏ ကြောဘက်မှာ ရှိပါစေ ဆိုသည့် အချက် ကို ပြောင်း ပြန် လှန်ကာ အလင်း ကို Subject ၏ နောက် တွင် ထားကာ ရိုက် ရပါမည်။ Subject ကို နေရောင် ကြော ပေး ကာ Subject ပေါ်သို့ ရောင်ပြန်ပြား (Reflector) ဖြင့် လည်းကောင်း Flash ဖြင့် လိုအပ် အလောက် အလင်းဖြည့် (Fill ) ပေးခြင်းဖြင့် လည်းကောင်း ပုံ ကို နောက်ခံ မှ ကြွ တက်လာအောင် ဆောင်ရွက် နိုင်ပါသည်။ ထိုသို့ ဖြင့် Subject သည် Harsh အလင်းရောင်အောက်တွင် စူးစူးရဲရဲ ပုံ ဖြစ်ခြင်း မှ ကာကွယ် နိုင်သည့် နည်း ဖြစ်ပါသည်။
 
 
 
Expression
Portrait ရိုက် သည့် နေရာ တွင် Golden Rule တစ်ခု မှာ “ Subject ကို စကားပြောပါ “ ဆိုသည့် အချက် ပင် ဖြစ်ပါသည်။ ဆိုလိုသည် မှာ Subject ၏ Expression တစ်ခု ကို ရ အောင် ယူ ပါ ဆိုသည့် အချက် ပင် ဖြစ်ပါသည်။ အဆိုပါ Expression သည် ယင်း ဓါတ်ပုံ ၏ “ Make or Break “ ပင် ဖြစ်ပေ လိမ့် မည်။
 
ဤ နေရာ တွင် Subject  ကို နားလည် လေးစားမှု ရှိရန် လိုပါသည်။ Subject သည် မိမိ လို သည် အခြေ အနေအတိုင်း အတတ်နိုင်ဆုံး လိုက်လျှော ဆောင်ရွက် ပေးသည် ကို မိမိ က သိရန် လိုသည်။ Subject တိုင်း သည် ကင်မရာ ယဉ်ပါး သူများမဟုတ်။ မိမိ လိုသည့် အတိုင်း ကွက် တိ ရ ခြင်မှ ရပေ လိမ့် မည်။ ဤ သည်ကို သဘော ပေါက် နားလည် ထားရန် လိုပါသည်။
 
ဤ နေရာ တွင် သတ်ထားရန် အချက် တစ်ချက်မှာ  Subject ကို အားပေး စကား သာ ပြောပါ။  မည်သည့် အ ချိန် တွင်မှ -
“ နောက် တစ် ခါ လောက် ပြန် လုပ် ပေးပါဦး “ ဆိုသည့် စကား မပြော မိရန် ပင် ဖြစ်သည်။ ဤ သို့ပြော လိုက် ခြင်း ဖြင့် Subject သည် သူ့ ကိုယ် သူ ယုံကြည် မှု မရှိတော့ ဘဲ ဘာ လုပ်ရ မှန်း မသိ ဖြစ်ကာ ခွင် ပျက်သွားတတ် သည်။ ရိုက်ရာ တွင် Angle အမျိုး မျိုး မှ ပုံ များစွာ ရိုက်ရန် လိုပါသည်။
 
နိုင်ငံခြား တိုင်းပြည်များ ၌ Portrait ရိုက်ရာ တွင် အချို့ သော ဓါတ်ပုံ သမားများ က အခြေအနေကို ကောင်းမွန်စွာကိုင်တွယ်တတ်ပြီး အချို့ မှာ မူ ၄င်း တို့ ရိုက်သည်ကို Subject မသိစေလိုသည့် အတွက် Tele-Zoom Lens မျိုး ဖြင့် ကသုတ်ကရက် ရိုက် ကာ ရှောင် ထွက် သွား တတ် ကြပါသည်။
 
Subject ၏ Expression ကို ထူးခြားစွာပြထား သော ပုံ။
 
 
လမ်းပေါ် တွင် Portrait ရိုက်ရာ ၌ ခလေး ငယ်များကို ရိုက်ရ သည်မှာ အလွယ် ဆုံးဖြစ်သည်။ သို့သော် ခလေးငယ်များကို ရိုက်ရာတွင် ပုံပေါင်း များစွာ ရိုက်စေ ကာမူ ပုံ အများစု မှာ သဘာဝ ခြင်း တူနေတတ် သည် ကို တွေ့ ရသည်။ ခလေး ငယ် များ ကို ရိုက်သကဲ့ သို့  သက်ကြီး ရွယ် အိုများ၏ ဘ၀ နေ၀င်ချိန် ကိုလည်း ရိုက် နိုင်ပါသည်။ သို့ သော် ယင်း တို့ ကိုမူ မိတ်ဖွဲ့ ပြီး စကား စမြီ ပြောကာ  ချဉ်းကပ်ခွင့်တောင်း ရန် လိုပါသည်။
ဤ ကဲ့ သို့ မိတ်ဆက်ရာတွင်-
၁။     ပထမ မိမိ မည်သူ မည် ၀ါ ဖြစ်သည် ကို ပြောပြ မိတ်ဆက်ပါ၊
၂။    ယင်းနောက် အနီး ပတ်ဝန်းကျင်တွင် ရှိသည့် အနေအထားတစ်ရပ်ကို အကြောင်း ပြုကာ ရိုးမယ် ဖွဲ့  ၍ စကား စပါ၊
၃။     Subject က ကိုယ့် စကား လမ်း ကြာင်း ထဲ လိုက်လာပါက သူ့ စကားနောက် သို့ လိုက်ပြောပါ။ သူပြော သည်ကို နားထောင်ပါ။ မိမိ အပြော ကို လျှော့ပါ။
၎။     ယင်းနောက် ကင်မရာ ယဉ်ပါး စေရန် အတွက် အလေး အနက် မဟုတ်သည့် ပုံ တစ်ပုံစ နှစ်ပုံ စ ရိုက်ပါ၊
၅။     ဤကဲ့ သို့ လေးစားသမှု ဖြင့် Street Photography ရိုက်ကာ ၊ ဓါတ်ပုံ ဆက် ရိုက်ရေး အတွက် Subject  ကို အားပေး စကားပြောပါ၊
၆။     Subject ထံ မှ လိုလား လက်ခံ မှု ပြလာသည့် အချိန်တွင် Portrait ကို ရိုက်ပါ။
 


       
        အထက်ပုံ မှာ လည်း Subject ၏ expression ကို မျက်လုံး နှင့် အမူ အယာ တို့ တွင်မြင်နိုင်ပါသည်။
 
 
 
အချိန် မည်မျှ ကြာအောင် ချဉ်းကပ် ရမည် ဆိုသည်မှာ မူ အခြေအနေ ၊နှင့်ပုဂ္ဂိုလ် တစ်ဦး ခြင်း ပေါ် တည်ပါသည်။ သူ များများ ပြောပါစေ။ သူပြော သည်ကို စိတ် ၀င်စား စွာ နားထောင်ပါ။ အဓိက လုပ် ဆောင်ရမည်မှာ Subject  ကို အားပေး ရန် ဖြစ်ပါသည်။ ဥပမာအား ဖြင့်  ဓါတ်ပုံရိုက်လျှင် မည်မျှ လှပသည့်ပုံ ထွက် နိုင်ကြောင်း ၊ မည့်မျှ   Expression ကောင်း ကြောင်း စသည် တို့ ဖြစ်ပါသည်။
 
ရိုက်ပြီး သည့် ပုံ များကို Subject အား ပြန်၍ ပြသ ခြင်းသည် မူ တစ်ခု ဖြစ်စေကာမူ ၄င်း တို့စကား စမည် ပြော၍ ပြီးအောင် စောင့်ပြီး မှသာ ပုံ ကို LCD တွင်ပြပါ။ မကောင်း သည့် ပုံ များ မပြ လျှင် ကောင်းပါသည်။ ပုံ များ နှင့်ပတ်သက်၍ Subject ပြော သည့် အကြံ ဥာဏ် ကိုလက်ခံခြင်း ဖြင့် ၄င်းတို့ အား လေးစားမှု ကိုပြပါ။ ဤ သို့ ဖြင့် Subject ကလည်း မိမိ ကို ဓါတ်ပုံ ဆရာ အဖြစ် အပြန် အလှန် လေး စားလာပါ လိမ့် မည်။
 
Professional Photographer များ၏ portrait နမူနာ ပုံများ။
 
 

 
အထက်ပါ ပုံ အား ဓါတ်ပုံ ပညာ ရှင် Alec က Subject ဖြစ်သူ Diana ကို စင်ကာပူ Fullerton Hotel, Sanobar တွင် ရိုက်ထားခြင်း ဖြစ်သည်။ Exposure Speed 1/125, f-1.4, ISO-100 ,  Light Box ကို Model ၏ ညာ ဘက်တွင် ထားကာ Silver Reflector ကို Subject ၏ ပေါင် ပေါ် တွင် တင်ကာ ရိုက်ထားခြင်း ဖြစ်သည်။ Diana အား ဖေါက်မြင်နိုင်သည့် ပန်းရောင် ဇာပုဝါ ကို ကိုင်ခိုင်း ထားသည်။ Diana၏ မျက်လုံး အစုံသည် အပြစ်ကင်းမဲ့ ရိုးသားစွာ သော အကြည့် ပေါ်လာသည့် အချိန်တွင် သူ၏ မျက် လုံးကို Focusing ကို ဖမ်း ကာရိုက်ထားသည်။
 
 
အထက်ပါ ပုံ အား ဓါတ်ပုံ ပညာ ရှင် Alec ကပင် Shriro House Studio တွင် ရိုက် ထား ခြင်း ဖြစ်သည်။ Hasselblad H2D , 39 Megapixel ဖြင့် Exposure Speed 1/500, f-11, ISO-50 ဖြင့် ရိုက်ထားခြင်း ဖြစ်သည်။ Profoto Soft Box နှစ်ခု အား တစ်ခု ကို Center/Left တွင် လည်းးကောင်း ကျန်တစ်ခု ကို Model ၏ ဘယ် ဘက် အနောက် တွင် Lighting Ratio 1 to 3  ဖြင့်  လည်းကောင်း ထားကာ ရိုက်ခြင်း ဖြစ်သည်။
 
 
အထက်ပါ ပုံ ကို ဓါတ်ပုံ ပညာ ရှင် Lawrence က ဖိလစ်ပိုင် Model Kharu အား အိမ် အို တစ်ခု အတွင်း ရိုက်ထားခြင်း ဖြစ်သည်။ အမြင် တမူ ထူးခြားစေရန်အတွက် Model အား မြင်ရိုး မြင် စဉ် မဟုတ်သည့် ပုံ စံ မျိုး Pose လုပ်စေသည်။ Model သည် ပြူ တင်း ပေါက် ဘောင်ပေါ် တွင် လှဲ နေခြင်း ဖြစ်သည်။ ပြူ တင်းပေါက် မှ ၀င်လာသည့် အလင်းရောင် သည် မျှတ လှပ သည့် အလင်း ကိုပေးသည်။ ကနဦး ရိုက်ချက်များသည် သမားရိုးကျ ဘေးတိုက် Side View များသာ ဖြစ်သည်။  နောက် ပိုင်း တွင် Model ၏ မျက်နှာကို ပြူ တင်းပေါက် ဘောင်နှင့် မထင်မရှား ကွယ်နေသည့် ဘက်သို့ ရွေ့ ကာ ပြူတင်း ဘောင် ကို Frame အဖြစ် ထား လိုက်သည်။  Model က ဓါတ်ပုံ ရိုက် သူကို ကြည့် လိုက်သည့် အချိန်တွင် အဆိုပါ အကြည့် မျက်လုံး ကို အမိ ဖမ်း ကာ ရိုက်ခြင်း ဖြစ်သည်။ ပုံ မှန် အနေအထား နှင့် များစွာ ကွာ ခြားသည့် Portrait ပုံစံ  ဖြစ်သည်။
 
 
 
 
အထက်ပါ ပုံ အား ဓါတ်ပုံ ပညာ ရှင် Lawrence ကပင် ရိုက် ထားခြင်း ဖြစ်သည်။ ရိုက်စဉ်က Colour နှင့် ဖြစ်သော်လည်း Post Production လုပ်ရာတွင် Balck and White နှင့် ပို၍ လိုက်ဘက်သည့် အတွက် Balck and White သို့ပြောင်း လိုက် ခြင်း ဖြစ်သည်။ Model ကို သဘာဝ အလင်းရောင် အောက်တွင် ပင် လှဲနေစေကာ ကင်မရာ၏ နောက်သို့ ကြည့်နေစေသည်။ အလင်းရောင် သည် Model ၏ ညာ- အထက်ပိုင်း မှ ၀င် လာသည်။ Model ၏ ပါးစပ် အား လက်ဖြင့် ကွယ်နေစေခြင်း မှာ Emotion ကို ပို၍ အသက်ဝင်လာမှု ( Accentuate ) ဖြစ်လာစေရန် အတွက် ဖြစ်သည်။ Medel ၏ Expression  စိတ်အားငယ်နေသည့် အနေအထားတွင် ၄င်း၏ မျက်လုံး ကို အရ ဖမ်းကာ ရိုက်ထားခြင်း ဖြစ်သည်။
 
 
-----------------------------------------------------
 


 
 
 
 
 
 
 
 
 
 



 

 

 

Friday 17 May 2013

Making a Star Filter


(40)    Making a Star Filter                                        ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု((၄၀)

 

Star Filter တစ်ခု ပြု လုပ်နည်း

 


By Soe Hlaing

 

စကားဦး

သစ်ပင် ၏ အရွက် အကြို အကြား ၊ နံရံ ပေါက် များမှ ဖေါက်ထွက် ဖြာ ဆင်း လာ သည့် နေရောင် ချည် တန်းကို ကျွန်တော် သာမန် Lens ဖြင့် အခြေအနေ အမျိုးမျိုး တွင် အကြိမ်များစွာ ရိုက်ပါသော်လည်း လှပစွ ဖြာ ထွက်နေသည့် ရောင်ချဉ် (Ray) ကို လိုသလို မရ ခဲ့ပါ။ သို့ နှင့် လှပစွာ ဖြာ ထွက် နိုင်သည့် Star Filter ၀ယ်ရန် လေ့လာရင်းကနေ ဆောင်းပါးရှင် Stefan Sumabojov ရေးသားထားသည့် “ Making a DIY Star Filter “  ဆိုသည့် ဆောင်း ပါးကို တွေ့ လိုက်မိပါသည်။ လုပ်ပုံ လုပ်နည်း ကလည်း ခက်ရာ ခဲ ဆစ် မဟုတ်သည့် အတွက် အဆိုပါဆောင်းပါးကို ပင်မအဖြစ်ထား၍ ဘာသာပြန်ပြီး အချို့ကိုဖြည့်စွက် ရေးသားကာ  ပြန်လည်မျှဝေလိုက်ပါသည်။  Filter များနှင့်ပတ်သက်၍မူ အပြည့် အစုံကို ( shlaing.blogspot.com ) မှတ်စု အမှတ် (၂၅) Link- http://shlaing.blogspot.sg/2012/11/note-on-camerafilters-camera-filters-by.html  တွင် အသေးစိတ်ဖတ်ရှနိုင်ပါသည်။

 

Star  Filter ကြောင့် ဖြာ ထွက်လာသည့် အလင်းတန်း။
 
 


အထက်ပါ ပုံ ကိုကြည့်ပါက နေလုံး နေရာတွင် ကြယ် ပုံ ရောင်ပြန် များ စိတ်ဝင်စား ဘွယ် ရာ ဖြာ ထွက်နေသည်ကို တွေ့ရပါမည်။ စင်စစ် အားဖြင့် Filter က ရိုက်ကွက် Frame အတွင်းရှိ အလင်းရောင် အတောက်ပဆုံးသော နေရာတွင် Star Patterns ( ကြယ်ပုံ) ဖန်တည်း ပေးလိုက်ခြင်း ကြောင့် ဖြစ်ပါသည်။ နေရောင်ချည် ၊ ကားမီးရောင် ၊ လမ်း မီး ၊ စသည့် ပတ်ဝန်းကျင် ထက် ပို၍ တောက်ပသည့် မည်သည့် အလင်းရောင် ကို မဆို Star Filter က အထက်ပုံပါ ကဲ့ သို့ ရောင်စဉ် တန်း ဖြာနေသည့် ပုံကို ဖန်တည်း ပေးပါ လိမ့်မည်။

 

Star အလင်းတန်း မည်မျှ ပေါ်မည် ဆိုသည် မှာ မူ  Star Filter အမျိုး မျိုး ၏ တည်ဆောက်ထားသည့်  Pattern ပေါ် တွင် မူတည် ပါသည်။ ဥပမာ အား ဖြင့် အချို့ က 4-Satr Point ဖြစ်ပြီး အချို့ မှာ 6-Star Point, 8-Star Point စသည် ဖြင့် ရှိကြ ပါသည်။ Star Filter တန်ဘိုးများ  မှာလည်း အမေရိကန်ဒေါ်လာ ၁၀ တန် Zomei - 77mm, 6-Point Star Filter မှ အစ  အမေရိကန် ဒေါ်လာ ၁၀၀ ခန့် တန်ဘိုးရှိသည့် 77mm, Tiffen 6-Point Star Filter အထိ တန်ဘိုး အသီးသီး  ရှိပါသည်။

 


Tiffen, 77mm 6-Point Star Filer
 
အထက်ပါ Tiffen Filter ၏ ပုံကို သေခြာ စွာ ကြည့်လျှင် မှန်သားပြင်ပေါ်တွင် Star Effect ဖြစ်ပေါ်စေမည့်  ခြစ်ရာ အစင်း များကို မြင်နိုင်ပါသည်။ အောက်တွင် ဖေါ်ပြမည့် Star Filter လုပ်နည်း မှာ လည်း ထို အချက် ကို ပင် အခြေ ခံ ပြု လုပ် မည်သာ ဖြစ်ပါသည်။ 

 

 Zomei , 77mm, 6-Point Star Filter.

 

 

 

Star Filter တစ်ခု ပြု လုပ်ရန် လိုအပ်သည့် ပစ္စည်းများ။
 
 
 

 
လိုအပ်သော ပစ္စည်းများမှာ အထက်ပါ ပုံတွင် ပြထားသည့် -
၁-     ပလတ်စတစ် အမာ အကြည် အပြား ၊ ကြည်လင် မှု ရှိလေ ပိုကောင်း လေ ဖြစ်ပါသည်။
၂-     ပင်အပ်။
၃-     ပေတန်။
ယင်းတို့သာ ဖြစ်ပါသည်။
အဆိုပါ ပလတ် စတစ် အကြည့်ပြားကို CD ထည့် သည့် အိမ် ( Case)  ၏ အပြင် အကြည် ခွန်ကို သုံးလျှင် အလွယ် ဆုံး ဖြစ်ပါသည်။
 


CD ထည့် သည့် Case ၏ အပြင် အကြည် ခွန်။

Star Filter လုပ်ရန်မှာ အောက်ပါ ပုံ တွင် ပြထားသည့် အတိုင်း ပလပ်စတစ် ပြားပေါ်တွင် ပေတန်ဖြင့် တားကာ အစင်းကလေးများကို ပင် အပ်ဖြင့် ခြစ်ပေး ရမည် ဖြစ်ပါ သည်။
 
 
မည် ရွေ့ မည် မျှ ခြစ်ရမည် ဆိုသည်မှာမူ Star Patten မည် သို့  လိုအပ်သည် အပေါ်တွင် တည်ပါသည်။
 
ပလတ်စတစ် ပြားပေါ်တွင် ပင်အပ် ဖြင့် ခြစ်ပေးရမည့် ခြစ်ကြောင်းများမှာ အောက်တွင် ပြထားသည့် ပုံ ပါ အတိုင်း ဖြစ်ပါသည်။
 
 
 
ခြစ်ကြောင်း လိုင်း များ ၏အမျိုး အစား များ မှာ -
-      ရေပြင်ညီလိုင်း၊
-      ဒေါင်လိုက်လိုင်း၊
-      ဒေါင့်ဖြတ် ဘယ်၊
-      ဒေါင့်ဖြတ် ညာ၊
စသည့် လိုင်း များ ဖြစ်ပါသည်။ အထက်ပါပုံတွင် လိုင်း များကို မြင်သာစေရန် အကြီး ချဲ့  ကာ ပြထားပါသည်။
 
အောက်ပါ ပုံမှာ ပလတ် စတစ် အကြည်ပြား ကို မည်သည့် ခြစ်ကြောင်း မှ မရှိသေးဘဲ  ရိုက်ကွက် ထဲရှိ အတောက်ပဆုံး Light Source ကို ကြည့်ပါက  မြင်ရမည့် အလင်းရောင် ( Light Source) ၏ပုံ ဖြစ်ပါသည်။ Light Source တွင် မည်သည့်ရောင် စဉ် တန်း မှ မရှိဘဲ အ၀ိုင်း ကလေး ကိုသာ မြင်ရမည် ဖြစ်ပါသည်။
 
 
 
အဆိုပါ ပလတ်စတစ် ပြားကို ခြစ် ကြောင်း လိုင်းများ လိုင်း ဆွဲ လိုက်ပါက လိုင်း တစ်ခုခြင်းစီက ပေး မည့် Star ၏ အလင်း တန်း Effect  နှင့် လိုင်း လေး ခု စလုံးပေါင်း လိုက် ပါက ပေါ်ထွက်လာမည့် Star Effect အလင်းတန်း ကို အောက်တွင် တစ်ခု ခြင်း ရှင်းပြပါမည်။
 
(၁)   ရေပြင်ညီအတိုင်း ခြစ်သည့် ခြစ်ကြောင်း။
ဤကဲ့သို့  ရေပြင်ညီ အတိုင်း ခြစ်ကြောင်းများ ခြစ်လိုက်ပါက   အောက် ပါ ပုံ တွင် ပြထား သည့် Star Pattern ပေါ်လာ ပါလိမ့် မည်။
 

 
Light Source သည်  မူလ အ၀ိုင်း ကလေး မှ ဘေး နှစ်ဘက်သို့ ဖြာ ထွက် နေသည်ကို မြင် နိုင်ပါသည်။
 

 


(၂)   ဒေါင်လိုက် ခြစ်  သည့် ခြစ်ကြောင်း။


အောက်ပါပုံ ကဲ့သို့  ဒေါင် လိုက် ခြစ် ကြောင်း များ ခြစ်လိုက်  ပါလျှင် ပေါ်လာမည့် Star Pattern သည်အောက်ပါ ပုံ အတိုင်း ဖြစ်ပါမည်။
 
Light Source သည်  အထက်အောက် နှစ်ဘက်သို့ ဖြာ ထွက် နေသည်ကို မြင် နိုင်ပါသည်။
 

 
(၃)   ဒေါင့်ဖြတ် များကို ဘယ်-ညာ ခြစ်ကြောင်း။
အဆိုပါ ပလတစတစ် ပြားကို ဒေါင့် ဖြတ် ခြစ်ကြောင်း များ ခြစ် လိုက်ပါက ထွက်ပေါ် လာမည့်  Star Effect သည် အလင်းတန်း လေး ခု ဖြာ ထွက် လာမည်ကို အောက် ပါပုံ အတိုင်း တွေ့  ရပါမည်။

 
 
Light Source သည်  ဒေါင့်ဖြတ် လေး ဘက် စလုံး သို့ ဒေါင့်ဖြတ် ဖြာ ထွက် နေသည်ကို မြင် နိုင်ပါ သည်။
 
(၄)   ထောင့်ဖြတ် ခြစ်ကြာင်းများ နှင့် ရေပြင်ညီ ခြစ်ကြောင်း များ ပေါင်းစပ် ခြင်း။
အထက်ပါ ထောင့် ဖြတ် ခြစ်ကြောင်းများကို ရေပြင် ခြစ်ကြောင်း ပေါင်း စပ်လိုက် ပါက Star Effect သည် ခြောက် ထောင့် ဖြာ ထွက် လာပါ လိမ့် မည်။


 
Light Source သည်  ဒေါင့်ဖြတ် လေး ဘက် စလုံး အပြင် ဘေး ဘယ်-ညာ ၊ မျက်နှာ (၆) ရပ် သို့ဖြာ ထွက် နေသည်ကို မြင် နိုင်ပါ သည်။  

 

(၅) ထောင့်ဖြတ် ခြစ်ကြာင်းများ ၊ ရေပြင်ညီ ခြစ်ကြောင်း နှင့် ဒေါင်လိုက် ခြစ်ကြောင်းများ ထပ်မံ ပေါင်း စပ်ခြင်း။

ထောင့်ဖြတ် ခြစ်ကြာင်း များ ၊ ရေပြင်ညီ် ခြစ်ကြောင်း များ  ကို ဒေါင် လိုက် ခြစ်ကြောင်း ဖြင့် ထပ်မံ ပေါင်းစပ် လိုက်ပါက Star Effect သည် အောက်ပါ ပုံ အတိုင်း (၈) ထောင့် ဖြာ ထွက်လာ သည် ကို တွေ့ ရ ပါ လိမ့် မည်။

 
Light Source သည်  ဒေါင့်ဖြတ် လေး ဘက် စလုံး အပြင် ဘေး ဘယ်-ညာ ၊ အထက်အောက်  မျက်နှာ (၈) ရပ် သို့ဖြာ ထွက် နေသည်ကို မြင် နိုင်ပါ သည်။

 
 
ဤ Star Filter သည် ကင်မရာတွင် သာမက Video ကင်မရာတွင် ပါ သုံးနိုင်ပါ သည်။
 
အထက် ပါ နည်းမှာ Star Filer တစ်ခု ပြုလုပ်နည်း သာမက Satr Filter တစ်ခုသည် အဘယ် ကြောင့် ဤ ကဲ့ သို့  ရောင်စဉ်များ ဖြာထွက် လာအောင်  လုပ်ဆောင် ပေး သည်ကို ပါ ပြသခြင်း ဖြစ်ပါသည်။
 
အထက်ပါ အတိုင်း ပြုလုပ်ပြီးသည့် ပလပ်စတစ် ပြားကို လေးထောင့် အတိုင်း Lens တွင် Tape ဖြင့် ကပ်၍ သော် လည်းကောင်း မိမိ အသုံးပြုမည့် Lens Filter Ring ( မှန် အလွတ် ) ကို ၀ယ်ယူကာ လိုင်းဆွဲ ထားသည့် ပလတ်စတစ်ပြား ကို Lens Filter Ring အတိုင်းအထွာ အတိုင်း ၊ တိုင်းထွာ ဖြတ် တောက်ကာ Lens Filter Ring  တွင် တပ်ဆင် ခြင်းဖြင့် သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ဤ Star Filter လုပ်နည်း သည် ရှေးယခင် ထည်းက ဓါတ်ပုံ သမားများ တွင်ကျယ်စွာ သုံးစွဲ ခဲ့ကြသည့် နည်း ဖြစ်ပါသည်။
 
 Star Filter  အမျိုးမျိုး ၏ပုံများ။


အောက်ပါ ပုံ များမှာမူ မိမိကိုယ် တိုင်လုပ် သည့် DIY Filter များမှ ထွက်လာသည့် ပုံ များ မဟုတ်ကြဘဲ ဈေးကွက် အတွင်းရှိ Star Filter များ ၏ ရောင်စဉ် အနည်း အများ အလိုက် ထွက် လာသည့် ပုံများ ဖြစ်ကြပါသည်။ Star အမျိုး မျိုး ၏ ရောင်စဉ် ဖြာ ထွက် သည့် ပုံ များကို နမူ နာ ပြ ခြင်း ဖြစ်ပါသည်။



Two Stars Filter
 
 
 
Four Stars Filter
 
 
Six Stars Filter
 
Star Hollywood.
 
 
Star Hyper.
 
 
 
 
Star North.
 
 
Star Vector.
 
 
Star Vector Picture.
 
-----------------------------------------------------------------