Saturday 28 September 2013

Portrait Photography




54 – Portrait Photography                               ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၅၄)

 

ပုံရိပ် လွှာ များ ရိုက်ကူးခြင်း။

Portrait Photography

 

 By Soe Hlaing

 

စကားဦး

Portrait Photography နှင့်ပတ်သက်၍ ကျွန်တော်သည် ဓါတ်ပုံ ဆိုင်ရာ မှတ်စုများ စတင် ရေးသားသည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်း အပိုင်း(၁) မှ (၄) အထိ ရေးခဲ့ပါသည်။

 

အဆိုပါအချိန်က ရေးလိုဇောနှင့်သာ ရေးခဲ့သော်လည်း သင့်လျှော်မည်ထင်သည့် ဆောင်းပါး တစ်ခုခြင်းကို လုံးကောက် သဘောမျိုး ဘာသာပြန်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ယခု ပြန်ဖတ် ကြည့်ရာတွင် Portrait ရိုက်ကူးခြင်း နှင့်ပတ်သက်၍ အစီအစဉ်တကျ ၊ စနစ်တကျ မရှိ ဘဲ  တောင်တစ်ခု မြောက် တစ်ခု ဆိုသကဲ့ သို့ ကစင့်ကရဲ ဖြစ်နေသည်ကို တွေ့ ရပါသည်။

 

ထို့ကြောင့် အဆိုပါမှတ်စုများကို အခြေပြုကာ  စုစုစည်းစည်းလည်းဖြစ် ၊ စနစ် တကျ လည်း ဖြစ်စေရန်အတွက်  အခြားသော Portrait ဆိုင်ရာ ဆောင်းပါး များကို ပါ ထပ်မံ ဖြည့် စွက် ဘာသာပြန်ကာ  ဤ မှတ်စုကို ပြန်လည် ရေးသား ရခြင်း ဖြစ်ပါသည်။

 

Portrait Photography ရိုက်ကူးခြင်း။

Portrait Photography ရိုက်ကူးခြင်း ကို ကင်မရာ Setting သဘော အလိုက် Focusing, Aperture, Shutter Speed စသည် တို့ ကို အခြေ ခံ ကာ အပိုင်းလိုက် ဖေါ်ပြသွားပါမည်။ အဓိကအားဖြင့် Portrait Photography ဆောင်းပါးရှင်  Darren Rowse ၏ Portrait Photography ဆိုင်ရာ ဆောင်းပါး များကို ပင်မအဖြစ် အခြေတည်ကာ အခြားသော အချက်များ ဖြင့် ပေါင်းစပ် ရးသားခြင်း ဖြစ်ပါသည်။

 

Focusing ( Setting)

Portrait Photography သည် လူ ရုပ်ပုံ ကို ရိုက် ခြင်း သာ မဟုတ် ဘဲ ၊ တိရိစ္ဆာန် ၊ ရုပ်ထု စသည့် Subject  များ အား ၄င်း တို့ ၏ ရုပ်ပုံ ကို အထူးပြု ရိုက် ကူးခြင်း ဖြစ်ပါသည်။

1.   စတူဒီယို အတွင်း အခြေအနေ အားလုံးကို စိတ်ကြိုက် ဖန် တည်း၍ ရိုက်ခြင်း၊

2.   Out-door ပြင်ပ တွင် တတ်နိုင်သမျှ လိုအပ်သည့် အခြေအနေ များကို ဖန် တည်း ကာ ရိုက်ခြင်း၊

3.   လှုပ် ရှားနေသည့် Subject ကို ရိုက်ခြင်းဟူ ၍ အကြမ်း ဖျဉ်း (၃) မျိုး ဖေါ်ပြ သွားပါ မည်။

 

1.  စတူဒီယို အတွင်း Indoor ရိုက်ကူးခြင်း

Indoor ရိုက်ရာ တွင် သာမန် အားဖြင့် ပြင်ပ ထက် အလင်းရောင် နည်း နိုင်ခြေ ရှိပါ သည်။ ပြတ်သားသော ပုံ ရရန် အတွက်  လက်ရှိ Setting လုပ်ထားသော Aperture နှင့် တွဲ ထားသည့် Exposure Speed သည် 1/60 အောက် ရောက်နေပါလျှင် Exposure Speed ကို Compensate လုပ်ရန်အတွက် ISO  ကို တင်ပေး ရန် လိုပါသည်။

 

Indoor Portrait ရိုက်ရာ တွင် 50mm, f-1.8 နှင့်  85mm, f-1.8 ကဲ့ သို့သော Lens များသည် များစွာ ကောင်းမွန်သည့် Lens များ ဖြစ်ကြပါသည်။ Aperture ကို ကျယ်ကျယ် ဖွင့်နိုင်သည့်အတွက် ISO ကို များများ တင်ရန်မလိုပါ။ အလင်းရောင် အလွန် လုံလောက် လောက် စွာရှိသော အခန်း မဟုတ်ဘဲ အလင်းရောင် သာမန် သာရှိသည့် အခန်း ဆိုပါက ISO 400 မျှ အထိ တင်ရန် လိုပါမည်။

 

Aperture အလွန်ကျယ်သည့် Lens များကို Aperture ကျယ်ကျယ်ဖွင့်ကာ ရိုက်မည်ဆိုပါက Depth of Field အလွန် ပါးသည့် Shallow Depth of Field ဖြစ်လာ သောကြာင့် Focus အလွန် တိကျ ရန် လိုပါမည်။

Indoor Portrait ရိုက်ရာတွင် သာမန်အားဖြင့် အလင်းရောင် နည်းချိန်၌ ကင်မရာလှုပ် ရှားမှု ကို ထိန်းသည့် အနေနှင့် ISO 400 အနည်းဆုံး နှင့် Exposure ( Shutter)  Speed ကို အနည်းဆုံး 1/60 အောက် မလျှော့ ဘဲ ထိုထက် မြန် သည့် Exposure Speed ကိုသာ ရွေး သင့်ပါသည်။

 

ငြိမ်နေသည့် ရုပ်ပုံ ကို ရိုက်ခြင်း။
 

 
 

အထက်ပါ ပုံ ကဲ့ သို့ ငြိမ်နေသည့် ရုပ်ပုံ ကို ရိုက်ရာ ၌ -

-      Auto-Focus Mode ကို လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေသည့် Subject များ အား Focus လုပ် သော Nikon အခေါ် AF-S,  ( Single Servo – AF ) 

-      နှင့်  AF- Area Mode ကိုရွေးချယ် ရာတွင်မူ တစ်နေရာ ထည်းကိုသာ အလေးပေး Focus လုပ်သည့် Single Point- AF ကိုရွေးကာ AF-S နှင့် တွဲ သုံး သင့်ပါသည်။

 

2.  ပြင်ပတွင် Outdoor ရိုက်ကူးခြင်း။

သမားရိုကျ Portrait ရိုက်ရာ တွင် အများအားဖြင့် နောက်ခံ အနှောက် အရှက် ( Distraction ) မရှိဘဲ Subject ကိုသာ အာရုံ ရောက်စေရန် Shallow Depth of Field ဖြစ်လာစေသည့် Wide Aperture များဖြင့် သာ ရိုက်လေ့ ရှိကြပါသည်။

Standard Zoom Lens ကို သုံးမည် ဆိုပါက -

-      Focal Length ကို 50mm  နှင့် 100mm ကြား ထား သင့်ပါသည်။ Portrait ရိုက်ရာ တွင် Focal Length ကို 50mm ထက် မလျှော့ စေသင့်ပါ။ ထိုထက် Focal Length တိုသွားပါက Subject အချိုး အစား မမှန် ဖြစ်သွား နိုင်ပါ သည်။

 

 

Nikon 18-200mm, f-3.5-5.6,  Standard zoom Lens.

(  Standard Zoom Lens ၏ အတိုဆုံး Focal Length သည် 50mm အောက်တွင် ရှိပါသည်။ )

 

-       Aperture Priority ထားသင့် ပါသည်။

-      Standard Zoom Lens တွင် ယင်း၏ ရ နိုင်သမျှ အကျယ် ဆုံး Aperture များဖြစ်သည့် f-3.5, f-5.6   စသည်တို့ တွင် Set လုပ်ထား သင့်ပါသည်။

-      Subject ၏ လှုပ် ရှားမှု နှင့် ကင်မရာ တုန်ခါ မှု များကို Freeze လုပ် နိုင်ရန်အတွက် Shutter Speed ကို 1/125 ထက် မလျှော့ အောင် သတိပြု ရပါမည်။
 
 -      Auto Focus Mode ကို Single Point-AF တွင် ထား ကာ အောက်တွင် နမူ နာပြထားသည့် ပုံ အတိုင်း Subject ၏ မျက်လုံးကို Focus ဖမ်း ရပါမည်။

 

 


 
အထက်ပါ ပုံမှာ Outdoor Portrait နမူနာပုံ တစ်ပုံဖြစ်ပါသည်။ Single Point Focus ဖြင့် Subject ၏ မျက်လုံး တွင် Focus ဖမ်းထားပါသည်။
-      White Balance ကိုမူ နေရာ ဒေသ ၏ အရောင် အခြေအနေကို လိုက် ကာ Set လုပ်ရန် လိုပါသည်။
-      Play With Backgrounds
Portrait ရိုက်ရာ တွင် Subject ကို အာရုံ စုပြုံ ကျလာစေရန် အောက်ပါ ပုံ ကဲ့သို့ နောက်ခံ Background အား တတ်နိုင်သမျှ ဖြောက် ကြသည် က များပါသည်။
 

သို့ ရာ တွင် တစ်ခါ တစ်ရံတွင် အောက်ပါ ပုံ ကဲ့သို့ နောက်ခံ က Subject ကို ပို၍ ပေါ်လာစေရန် အား ပို ပေးသည့် အနေအထားမျိုး လည်း ရှိပါသည်။


 
 

Unfocused Shots
ဓါတ်ပုံ၏ အသက် သည် ကြည်လင် ပြတ်သား ရမည် ဖြစ်ပါသည်။ သို့ ရာ တွင် အောက်ပါ ပုံကဲ့သို့ တစ်ခါ တစ်ရံ  ၌ စိတ်ဝင်စားဘွယ်ရာ မှုန်ရည် မှုန်ဝါး Unfocused Shot များသည် လည်း အာရုံ ကို ဖမ်းစား နိုင်ပါသည်။
 
 


 
ဤ ကဲ့သို့ ပုံ ကို Narrow Depth of Field ရရန် Aperture ကျယ်ကျယ် ထားပြီး Subject ကို Focus မဖမ်းဘဲ Subject ၏ ရှေ့  တွင်သော်လည်းကောင်း နောက်တွင် သော်လည်း  ကောင်း Focus ဖမ်း ထားခြင်း ဖြစ်ပါသည်။
 
Subject Expressions ကို ဖမ်းပါ။
အချို့ သော Portrait ပုံ များ ၏ အသက်သည် Subjection ၏ မျက်နှာ ဟန်ပန် အနေအထား ( Expression) ဖြစ်ပါသည်။ Subject ကို Expression အမျိုးမျိုး ဖြစပေါ် လာအောင် ဆောင်ရွက်ကြည့်ပါ။ ပေါ်လာသည့် Expression, Emotion ကို ဖမ်းယူပါ။


3.  လှုပ်ရှားနေသည့် ရုပ်ပုံ ကို ရိုက်ခြင်း။
 
 
 
 
အထက်ပါ လှုပ်ရှားနေသည့် Subject ကို Freeze လုပ်ရာ တွင်-
-      Subject လှုပ် ရှားနေသည့် နောက်သို့ လိုက်ကာ Focus လုပ်မည့် Focus Tracking Mode ကို သုံး ရန် လိုပါသည်။ အဆိုပါ Auto-Focus Mode များကို Canon တွင် AI Servo AF ဟုခေါ်ကာ Nikon တွင် မူ AF-C ဟု ခေါ်ပါသည်။ ကင်မရာများ အလိုက် အခေါ် အဝေါ် များ မတူကြပါ။ ထို့ ကြောင့် ရှင်းလင်း စေရန် အတွက် Nikon စနစ် ကိုသာ လျှင် အခြေခံ ကာ ရေးသား သွားပါမည် ။
 
 
ထို့ကြောင့် Moving Subject ကိုရိုက်ရာ တွင် -
-      Auto Focus Mode- ( AF-C - Continuous Srevo-AF ) ကို
-      Focus Area Mode ( AF- Area Mode) မှ Dynamic Area AF, Auto-Area AF, 3D Tracking စသည့် Mode များနှင့် တွဲ သုံး ရပါမည်။
 
AF-C ( Continuous Tracking ) စံနစ်တွင် ကင်မရာ သည် Subject ရွှေ့ သည့်နေရာ ကို လိုက်၍ ဆင့်ကဲ ဆင့်ကဲ ထပ်ကာ Focus လုပ်သည့် နည်း ဖြစ်ပါသည်။ အထက်ပါ ပုံကဲ့သို့ Subject ကြီး ကြီး ကို Freeze လုပ်နိုင်ရန် သာမန် လုံလောက် သည့် Lighting Situation တွင် Exposure speed 1/1000 အထက် လိုပါမည်။ အလွန်တိုတောင်း သည့် အချိန်တွင်း ရိုက်ရသည် ဖြစ်သောကြာင့် Setting ပြန်လုပ်ချိန် မရ နိုင်ပါ။ ထို့ ကြောင့် Shutter Speed Priority ထားကာ ရိုက်သင့်ပါသည်။ အကြမ်းဖျဉ်း Setting ကို ခန့်မှန်း နိုင်လျှင်လည်း Manual ရိုက် နိုင်ပါသည်။
 
ISO ကို လို အပ်သလို အလျှော့ အတင်း လုပ်ရန် လိုပါမည်။ ISO ထိန်း နိုင်သည့် ကင်မရာ များ အနေနှင့် မူ အလင်းရောင် လုံလောက်မှု မရှိသည့်နေရာ များ တွင် Exposure speed ကိုလိုအပ် သလောက်တင် နိုင်ရန် ISO 400 မှ 800 အထိ တင်ကာ ရိုက် သင့်ပါသည်။
 
အတန် အသင့် လှုပ် ရှားနိုင်ခြေရှိသည့် Subject ကို ရိုက်ခြင်း။

 

အထက်ပါ ပုံကဲ့ သို့ အ နည်း ငယ် လှုက် ရှား နိုင်သည့် Subject ကို ရိုက်ရာ တွင် မူ
-      Auto Focus Mode ကိုရွေးရာ တွင် ငြိမ်နေလျှင် ငြိမ်နေသည့် အလျှောက်၊ အနည်းငယ် လှုပ်ရှားလျှင် လှုပ် ရှားသည့် အလျှောက် အလိုအလျှောက် လိုက်၍ ပြောင်းကာ Focus လုပ်ပေးသည့် AF-A ( Auto – Servo AF ) နှင့် ၊
-      AF Area Mode ကိုမူ ကင်မရာ Firmware က ဧရိယာ အားလုံး ကို ရွေးချယ်ကာ လိုက်၍ချိန်ပေးသော Auto-Area AF တို့ တွဲ သုံးရန် သင့်ပါသည်။
-      လုံး ၀ လှုပ် ရှားခြင်း မရှိဘဲ ငြိမ်နေပါလျှင် AF Area Mode  အတွင်းရှိ Single Point – AF နှင့် လည်း တွဲ သုံး နိုင်ပါသည်။
ဓါတ်ပုံ သည်  အနုပညာ ဖန်တည်း မှု တစ်ခု ဖြစ်ပါသည်။ မည်သည့် စနေစ် ၊ ဥပဒေသ ကို မျှ ပုံသေ မယူ နိုင်ပါ။ စိတ်တိုင်းကျ ဖန်တည်း နိုင်သည် ကို သတိပြုသင့်ပါသည်။
 
 
Aperture
 
Aperture သည် Portrait ရိုက်ရာ တွင် အလွန် အရေးပါသည့် နေရာ တွင် ရှိပါသည်။ ထို့ကြောင့် Portrait ရိုက်ရာတွင် အများစုသည် Aperture Priority ဖြင့် ရိုက်လေ့ ရှိကြပါ သည်။ အကြောင်း မှာ Aperture သည် Portrait ၏ အသက်သွေးကြော သဘွယ် ဖြစ်သည့် Depth of Field ကို တိုက်ရိုက် ထိန်းချုပ် ထားသည့် အတွက် ဖြစ်ပါသည်။
 
Portrait ရိုက်ရာ တွင် f-11, f-8, f5.6, f-2  စသည်ဖြင့် မည်သည့်ကို Set လုပ်ရမည်ကို ၀ါရင့် ဓါတ်ပုံ ဆရာများ ပုံ သေ သတ်မှတ် ခြင်း မရှိကြပါ။ ၄င်း တို့ ဆွေးနွေးချက်များကို ဖတ်ကြည့်လျှင် သိနိုင်ပါသည်။  မိမိ အနေနှင့် မည်သည့် Effect  ကို အလေးပေး ရိုက်မည် နည်း ဆို သည့် အချက် ပေါ် တွင် တည်ပါသည်။
 
မိမိ သည်  Subject ၏ နောက် ခံ Background ကို လုံးဝ Distraction  အဖြစ်မခံ ဘဲ မှုန် ၀ါးနေသည့် Bokeh လုပ်တော့ မည်ဆိုလျှင် Wide Aperture ဖြစ်သည့် f-2.8, f-2 စသည်ဖြင့် Aperture ကို ကျယ်ကျယ် ဖွင့်ပေးရန် လိုပါမည်။ Potrait ဓါတ်ပုံ ပညာရှင် အများစုသည် နောက်ခံ Distraction ကင်းစေသည့် Bokeh ရ နိုင်စေရန် Aperture ကျယ်ကျယ် နှင့် သော်လည်းကောင်း Focal Lenth ရှည်သော Lens များ နှင့် သော်လည်း ကောင်း ရိုက်လေ့ ရှိကြပါသည်။
 
Lens များ တွင် Sweet Spot ဆိုသည့် အပြတ်သားဆုံး Aperture ရှိ သည်။ များသော အား ဖြင့် အဆိုပါ Sweet Spot သည် အကျယ် ဆုံး Aperture မှ နေ၍ တစ်ဆင့် မှ သုံးဆင့် အတွင်းကျဉ်းလိုက်သည့်  ( between One-Stop and  Three-Stop down ) လောက် ၏ကြား တွင် ရှိလေ့ ရှိသည်။ ဥပမာ အားဖြင့် 50mm, f-1.4 Lens ၏ Sweet Spot သည်  အကြမ်း အားဖြင့် f-2.8 ဖြစ် သည်။
 
အောက်ပါပုံ မှာ Nikon 50mm, f-1.8 ၏ Sweet spot ကို စမ်း ထားသည့် ပုံ ဖြစ်သည်။
 
အဆိုပါပုံကို ကြည့်လျှင် Nikon 50mm, f-1.8 ၏ Sweet Spot သည် အကျယ်ဆုံးသော Aperture f-1.8 ၏ အောက် ရှိ တစ်ဆင့် မှ သုံးဆင့် ( between One-Stop and Three-Stop ) အတွင်း ဖြစ်သော  f- 2.5 နှင့် f-7.1 တို့ ဖြစ်သည် ကို တွေ့ ရသည်။
 
Aperture ဆိုင်ရာ အကြောင်းအရာများသည် ယခင် မှတ်စု များတွင် ရေးခဲ့ ပြီးခဲ့ သော်လည်း ယခု မှတ်စုရေး ရာတွင်လည်း တိုက်ရိုက် သက်ဆိုင်သည့် ပိုင်းများကို   ပို၍ ရှင်းလင်းစေရန် ပြန်လည် ဖေါ်ပြ ရခြင်း ဖြစ်ပါသည်။


Aperture Range.
 
၎င်းအပြင် Head and Shoulder နှင့် ¾ Length  ပုံများ အတွက် f-2.8, f-3.5 တို့ သည် အပြတ်သားဆုံး ရသော Aperture များ ဟု အချို့ သော ဓါတ်ပုံ ဆရာများက ဆိုကြသည်။
 
Aperture ကို များစွာ ကျယ်ကျယ် ဖွင့် ပြန်လျှင်လည်း DOF အလွန်ပါးခြင်း နှင့် ပြတ်သားမှု ဧရိယာ အလွန်ကျဉ်း သွားခြင်း မျိုး ရှိနိုင်ပါသည်။ ဥပမာ အောက်ပါ ပုံ ကဲ့ သို့  အနည်း ငယ် မော့ နေသည့် ဦးခေါင်း ကို ရိုက်လျှင် ကင်မရာ နှင့် အနီးဆုံးနေရာ ဖြစ်သည့် နှုတ်ခမ်း ပြတ်သားပြီး နှာခေါင်း နှင့် မျက် လုံး တို့၏ ၏ ပြတ်သား မှု လျှော့ သွားတတ်ပါသည်။ Narrow Aperture  နှင့် ရိုက်ပါက DOF အလွန်ပါး ကာ Shallow Depth of Field ဖြစ်လာသည့် အတွက် Focusing တိကျ ရန်  များစွာလို သည်။
 




အကယ်၍ 50mm, f-1.8 Lens ကို Aperture  အပြည့်  f-1.8 ဖွင့်ပြီး Subject ၏ မျက်လုံး ကို Single Point Focus ဖြင့် ရိုက်ပါက မျက်လုံးသည် အပြတ်သား မည်ဖြစ်သော်လည်း အခြားသော နေရာများသည် မျက်လုံး ထက် ပြတ်သားမှု လျှော့ သွားပါ လိမ့် မည်။

 

 သို့ မဟုတ် နောက်ခံ Background သည့် တော အုပ် ၊ တောင်တန်း၊ အဆောက် အဦး များကို ပါ ပြတ်သား သည့် Effect  လို အပ်လျှင် Depth of Field ရှည် မည့် ကျဉ်း သော Aperture များ ဖြစ်သည့် f-8, f-11, f-16 စသည် တို့ ကို သုံး ရမည် ဖြစ်ပါသည်။ ဤ သို့ဖြင့် ရှေ့ ရော နောက်ပါ ပြတ်သားသည့် ပုံ ရလာပါ လိမ့်မည်။

 
 Aperture အလိုက် ဖြစ်ပေါ် လာသည့် Depth of Field Area။
 

 


သို့ ရာ တွင် သတိပြု ရမည့် အချက်မှာ Aperture ကျဉ်း လာသည် နှင့်အမျှ မှုံ ၀ါး လာသည့် Lens Diffraction များ ပေါ်လာတတ်သည်ကို သတိပြု ရပါမည်။ အချို့ သော ဓါတ်ပုံပညာရှင်များသည် Portrait ရိုက်ရာ တွင်  အဆိုပါ  Lens Diffraction ရှောင်လိုသည့် အတွက် f-5.6 ထက် ကျဉ်း သည့် Aperture ကို မသုံးဟု ဆိုကြပါသည်။

 

 
f-22 တွင် သစ် ရွက် အဖြား၌ ပေါ်လာသည့် မှုံ ၀ါး လာသည့် Lens Diffraction နမူနာပုံ။
 
အထက်ပါ Depth of Field ဆိုင်ရာ အချက်များသည် ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေး ၊ Lens ၏ Focal Length တို့  အပေါ် လည်း တည် နေသေးသည် ကို သတိပြု ရပါမည်။
 
 
 
အထက်ပါ ရေးသားချက်များသည် Portrait Photography လမ်းပြ သဘောမျှသာ ဖြစ်ပါသည်။ ပုံသေသတ်မှတ်၍ မရပါ။ အနုပညာ ရပ် ဖြစ် သောကြောင့် မိမိကြိုက်ရာ ကိုစမ်း ကြည့် ကြ ရန် လိုပါသည်။
 
 
Shutter Speed and ISO settings
ပုံ ကြည်လင်ပြတ်သား မှု သည် Focusing အပြင် Subject ကို Freeze လုပ် နိုင် ရန် လုံလောက် သည့ှ် Shutter Speed အမြန် နှုန်းရှိရန် လိုပါသည်။ Focal Lenth ရှည် သည့် Lens ဖြင့် ရိုက် ပါက ပုံ ရိပ် လှုပ် ရှား မှု ပို များပါသည်။ အဆိုပါ လှုပ်ရှား တုန် ခါ မှု အားလုံးကို ထိန်းနိုင် မည့် Shutter Speed ဖြစ်ရပါမည်။
ယေဘူယျ အား ဖြင့် Shutter speed သည် မိမိ သုံးနေသည့် Focal Length ထက် များရပါမည်။ ဥပမာ အားဖြင့် Focal Length 200mm ဖြင့် ရိုက်ပါက Shutter Speed သည် 1/250 သို့ မဟုတ် ထို ထက် မြန် သည့် Shutter speed ရှိနေရန် လိုပါသည်။
 
 Increase your ISO
 
ပင်ပ တွင် Outdoor ရိုက်ရာ ၌ လူ များသည် လှုပ်ရှားသွားလာနေသည်ကို Street Phohotography ဆန်ဆန် ရိုက်ရခြင်း မျိုးလည်း ရှိနိုင်ပါသည်။ ရှိနေသည့် အနေအထား ၌ အကောင်း ဆုံး Expression  ကို ဖမ်း ရသည့် အခြေ အနေ မျိုး တွင် Motion Blur မျိုး အဖြစ် ပုံ ၀ါး မသွားစေရန် Shutter speed ကို တတ် နိုင်သမျှ မြန်မြန် ဖြင့် ရိုက်ရပါမည်။ Aperture Priority Mode ဖြင့် ရိုက်ရာ တွင် အလင်းရောင် အား နည်း သည့် အခြေအနေ မျိုး ၌ Shutter speed မြန်မြန် ရ စေရန် Lens ၏ Aperture အကျယ် ဆုံး ဖွင့် ထားပြီးပြီ ဆိုပါက ISO တင်ရန်သာ ရှိပါတော့သည်။
အလင်းရောင် အလွန်နည်းပါက ISO ကို ISO 800, 1600, မတတ်သာပါက ISO 3200 အထိ တင်သာ ရိုက်ပါ။ ဤ သို့ ဖြင့် ပုံ တွင် Noise များ ပေါ် လာ နိုင်ပါသည်။ သို့ ရာ တွင် ပုံ မှုန် ၀ါး ခြင်း ထက် စာ လျှင် Noise  ပေါ်လာသည့်က ပြဿနာ မရှိလှပါ။
 
Break the Rules of Composition.
 
ဓါတ်ပုံ Composition တွင် ဥပဒေ သ ( Rule ) ပေါင်း များစွာ ရှိပါသည်။ အသုံးလည်း များစွာ ၀င်ပါသည်. သို့ရာ တွင် အဆိုပါ ဥပဒေသ များကို ၀ိနည်းတတ် တော့ ကြက်သတ် လို့ ရတယ် “ ဆို သည့်အတိုင်း စနစ်တကျ ချိုးဖေါက်ခြင်း သည်လည်း အာရုံ က်ု ဖမ်း စား နိုင်ပါသည်။
 
Rule of Thirds ကို စနစ်တကျ ချိုးဖေါက် ခြင်းဖြင့် Powerful Image တစ်ခု ဖြစ်လာ နိုင်ပါသည်။ အောက်ပါ ပုံ တွင် Subject ကိုစိတ်ဝင်စား လာစေရန် အတွက်  Rule of Thirds ကို ချိုးဖေါက်ကာ Frame ၏ တစ်ဘက် အစွန်း သို့ တမင် ပို့ ထားသည် ကို တွေ့ နိုင်ပါသည်။


 

အခြားသော Portrait Photography ဥပဒေသ တစ်ခု မှာ Subject ကိုအကြည့် ခံ ရန် နေရာ များများ ပေး ရမည်၊ တစ်နည်းအားဖြင့် Frame ကို တတ် နိုင်သမျှ ဖြည့် ထားရ မည် ဟူ သော ဥပဒေသ ဖြစ်ပါသည်။  မှန်ကန် ကောင်း မွန်သည့် ဥပဒေသ ဖြင်ပါသည်။ သို့ ရ တွင် အောက်ပါ ပုံ ကိုကြည့် လျှင် Subject သည် Frame ထဲ တွင် ကြပ်မနေဘဲ သက်တောင့် သက်သာ မြင်နိုင်စေရန်နေရာ ထား ပေးသည့် အတွက် အမြင် တစ်မျိုး ဆန်း နေစေသည်။ ဤသို့ဖြင့်  အဆိုပါ ဥပဒေသ အား  ချိုးဖေါက် ထားသည် ကို တွေ့ နိုင်ပါသည်။
 

Portrait Lens.
 
Portrait ရိုက်ရာ တွင် 50mm ထက် Focal Length တို သည့် Lens များဖြင့် ရိုက်လျှင် Subject ၏ သည် ဘေးသို့  ဆွဲ ကားလိုက် သကဲ့ သို့ ဖြစ်ပြီး  မျက်နှာ ၊ ကိုယ်လုံး စသည် တို့သည် ဘေးသို့ ပြဲ ထွက်လာကာ ပုံ မမှန် ဖြစ်သွား ပါလိမ့်မည်။
Micro Lens ဖြစ်သည့် Micro 105mm, f-2.8 ကဲ့ သို့ Lens သည် Micro Lens ဖြစ်စေကာ မူ Portrait ရိုက်ရာ တွင်မူ အလွန် ပြတ် သား သည့် ပုံ ရ သည်။ သို့ ရာ တွင် Subject ၏ မျက်နှာသည် Wide Angle Lens နှင့် ရိုက်သည့် ပုံ၏ ပြောင်းပြန် အဖြစ် မသိမသာ ရှည်ထွက် လာတတ်သည်ကို သတိပြု ရပါမည်။
 
 
Perspective and Proportion
ပုံ ၏ မြင်ကွင်း နှင့် အချိုးအစား ဖြစ်သော Perspective and Proportion တို့ သည်  Lens နှင့် များစွာ သက်ဆိုင်မှု မရှိလှပါ။ ဓါတ်ပုံ ရိုက်စဉ် ကပင်  တွင် ကြပ်ကြပ် နှင့် ချောင် ချောင် Frame လုပ် နိုင်သည့် အတွက် ဖြစ်ပါသည်။
 
ဥပမာ ဦးခေါင်း ကို အသားပေး အနီးကပ် Tight Framing ရိုက်လျှင် 50mm Lens ဖြင့် ဆိုပါက အတော် အနီးကပ် ရိုက်ရမည် ဖြစ်သည်။ တစ်ပေ နှစ်ပေ ခန့် အထိ ကပ် လိုက်ပါက Subject ၏ နှာခေါင်းများ ကြီးလာကာ နားရွက် ပြတ် သွား တတ်သည်။
 

Shooting from 15-Feet 
 
လူ၏ မျက်လုံးသည် မိမိ နှင့် ၁၅ ပေ ( ၅ မီတာ ) အကွာ ရှိ အရာဝတ္တု  ကို ပို၍ စွဲသည်။ ဥနှောက် က ပို မှတ်မိသည်။ တစ်ပေ ခန့် အကွာ ရှိ အရာ ၀တ္တု   ကိုမူ သဲကွဲစွာ မမြင်နိုင်။ ကင်မရာ လည်းထို အတိုင်းပင် ဖြစ်သည်။ ထို့ ကြောင့် Portrait  ရိုက်ရာ တွင် Subject ကို ၁၅ ပေ ခန့် အကွာ တွင် ထားကာ ရိုက် လေ့ ရှိကြသည်။ ဤ သို့ ဖြင့် Subject ၏ realistic proportions ကို ရရှိနိုင်သည်။
 
အောက်ပါ ဇယားသည် Lens အမျိုး အစား အလိုက်  ၁၅ ပေ အကွာ မှ ရိုက်လျှင် Frame အတွင်း ရှိမည့် Subject ၏ Size ဖြစ်ပါသည်။
 
Subject covered comfortably at fifteen feet (5m).

 
FX and 35mm Film
50mm
6' (2m)
9' (3m)
70mm
4.5' (1.3m)
6.5' (2m)
85mm
3.5' (1m)
5' (1.5m)
105mm
2.8' (90cm)
4' (1.3m)
135mm
2.2' (70cm)
3' (1m)
200mm
1.5' (45cm)
2' (70cm)
300mm
1' (30cm)
1.5' (50cm)
400mm
9" (20cm)
13" (35cm)
500mm
7" (18cm)
11'' (30cm)
 
 
So what's the optimum portrait lens?
Portrait Lens များ အကြာင်းရေးရာ တွင် ကင်မရာ နှင့် Lens များအကြောင်း နှင့် ပတ်သက်၍ သုံးသပ် သည့် ဆောင်း ပါးများ ရေးသားရာ တွင် ထင်ရှားသည့် Ken Rockwell ၏ ဆောင်းပါးများကို ဘာသာပြန် ခြင်း ဖြစ်ပါသည်။
မည် သို့ သော Lens သည် Portrait အတွက် အကောင်းဆုံး ဖြစ် မည် နည်း ဟု မေး လာလျှင် မူ Frame အတွင်း Subject ဘယ်နှစ်ခု ထည့် ကာ ပြ လိုသနည်း ဟု ပြန် မေး ရပါလိမ့် မည်။
သာမန် အားဖြင့် လူတစ်ယောက် ၏ မတ်တပ် ရပ်နေသည့် ပုံ တစ်ခု လုံးရိုက်လို လျှင် 50-70mm Lens  ကိုသော်လည်းကောင်း ထိုင်နေသည့်ပုံ အတွက် 70-105mm ကို သော်လည်း ကောင်း သုံးရန် သင့်ပါသည်။
Subject မှ ၁၅ ပေ အကွာမှ Head and Shoulder ကို သာ လိုလျှင် 200mm, 300mm ကဲ့သို့ Lens များ ပို၍ သင့်လျှော် ပါသည်။
အမြင့် တန်း ဓါတ်ပုံ ဆရာ များ ( Pro Photographer) ပြင်ပတွင် ရိုက်သည့် အခါ များ တွင် 300mm, 400mm, f-2.8  ကဲ့သို့ Lens များကို Monopod ဖြင့် ရိုက်သည်ကို တွေ့ရသည်
 
 105mm Lenses.
ဓါတ်ပုံ လောက ၌ 35mm Format ခေတ်စားလာသည့် ၁၉၆၀ ခုနှစ်များ လောက် တွင် Nikon 105mm, f-2.5  Lens သည် Portrait အတွက် အလွန် ခေတ်စား ခဲ့ သော Lens ဖြစ် ရာ ယနေ့ အထိ 105mm နှင့် Portrait တို့သည် အစဉ် ယှဉ် တွဲ လျှက် ရှိနေပေသည်။



 ယနေ့ အထိ Portrait  နှင့် အစဉ် ယှဉ် တွဲလျှက်ရှိ နေဆဲ ဖြစ်သည့် Nikon 105mm, f-3.5 Lens.
 
What's the optimum distance?
ကင်မရာ နှင့် Subject အကောင်း ဆုံး အကွာ အဝေး မည်မျှ ဖြစ်သည် ဆိုသည်မှာ မူ ဤ ကိစ္စ သည် အနု ပညာ ဆိုင်ရာ ကိစ္စသာ ဖြစ်သည် ဟု ဆိုရပါလိမ့်မည်။ Subject နှင့် ကင်မရာ နီးခြင်း ၊ ဝေး ခြင်း ဖြင့် Subject ၏ မျက်နှာ အချိုး အစား (Facial Proportion ) သည်လည်းပြောင်းလဲ သွားသည်။ လူတစ်ဦး ၏ ပုံ သည် ပုံသေ တစ်နေရာ တည်း တွင် အကောင်း ဆုံးဆိုသည်မှာ မရှိပါ။ အကောင်းအဆိုး အပြောင်းအလဲ ရှိပါသည်။ ကင်မရာ နှင့် နီးလာသည်နှင်အမျှ နှာခေါင်းကြီးလာကာ နားရွက် သေးလာမည် ဖြစ်သည်။ Subject သည် ကင်မရာ နှင့် ဝေး သွားသည်နှင့် အမျှ မျက်နှာ သည် တစ်ဖြေးဖြေး  Flat ဖြစ်သွား ပါလိမ့်မည်။
 
Background Rendition
Portrait ရိုက်လျှင် နောက်ခံ ကို မည်ကဲ့ သို့ ပြသလို သနည်း ဆိုသည်မှာ လည်း အရေး ကြီးသည်။  Portrait ရိုက်လျှင် နောက်ခံအနှောက်အယှက် ကင်းစေရန် အတွက် Background ကို Boheh လုပ်ကာ Distraction များကို ဖြောက်ပစ် လိုက်ကြသည်က များ သည်။ Wide aperture များ ဖြစ်ကြသည့် f-2.8, f-2 ကဲ့ သို့ Aperture များက နောက်ခံ ကို ၀ါးသွားစေမည့် Bokeh ကို ဖေါ် ပေးသည်။ ထို့ ကြောင့် ဓါတ်ပုံ သမားများ Head Shot ရိုက်လျှင် 300mm, f-2.8 ကဲ့ သို့ Lens များသုံးကြခြင်း ဖြစ်သည်။


Portrait တွင် Subject ကို ပေါ်အောင် ပုံဖေါ် ပေးသည့် Bokeh နမူနာ ပုံများ ။
 
 
 
 
 

Bokeh သည် Background ၏အသေးစိတ် များ မပေါ် ဘဲ တွေးယူ ၍သာ ရနိုင်သည့်  မှုန်ဝါးဝါး အနေအထားတစ်ရပ်ကို ဖေါ်ပေး သည့် ပုံ ဖြစ်သည်။
 
The Best Lenses Today
Portrait အတွက် ယနေ့  အကောင်းဆုံး Lens များမှာ ဆောင်းပါး ရှင် Ken Rockwell ၏ အကြိုက် Lens များဖြစ်ကြပါသည်။ “ ကျွန်တော် “ ဟူသော အသုံး အနှုံး မှာ Ken Rochwell ကို ရည် ညွှန်း ခြင်း ဖြစ်ပါသည်။
 
ကျွန်တော် အကြိုက်ဆုံး Portrait Lens မှာ  အောက်တွင် ပြထားသည့် Nikon  135mm, f-2 DC ဖြစ်ပါသည်။ DC မှာ Defocus Control ၏အတိုကောက် ဖြစ်ပါသည်။ Bokeh အကောင်း ဆုံး ပေးနိုင်သည့် Lens တစ်ခု ဖြစ်ပါသည်။
 
Nikon 135mm, f-2,DC Lens.

အခြား သော Lens များမှာ အထက်ပါ 135mm ထက် သေးပြီး တန်ဘိုး လည်း အနည်း ငယ် လျှော့ သည့် Nikon 105mm, f-1.8, f-2 DC, f-2.5 တို့ ဖြစ်ကြပါသည်။
 
 
Nikon 105mm, f-2.8 Lens.


 
သို့ သော် အဆိုပါ Lens များ ထုတ်လုပ်ခြင်း ကို 1990 ခုနှစ်များ အတွင်း ရပ် ဆိုင်း လိုက်ပြီး Portrait အတွက် DC Lens များကို အစားထိုး ထုတ်လုပ် ခဲ့ပါသည်။
 
Head Shot ရိုက်လျှင် 300mm or 400mm တို့ သည့် အကောင်းဆုံး ဖြစ်ပါသည်။
 
 

Nikon 80-40mm, f-4.5-5.6 G ED VR Lens

 

 


ကျွန်တော် စတူဒီယို အတွင်းရိုက်ပါက Background ကို ထိန်း ချုပ် နိုင်သည့် 80-400 VR ဖြင့် ရိုက်ပါသည်။ Outdoor ရိုက်လျှင်မူ 300mm, f-4 ကို သုံးလေ့ ရှိပါသည်။ အဆိုပါ Lens သည် f-2.8 ကဲ့ သို့ ပင် Background Bokeh ထုတ် ပေး နိုင်ပါသည်။
ခေတ်ပေါ် Portrait Lens များ ၊ များစွာ ရှိ နေပါပြီ။ Nikon Series များထဲ မှ  အချို့ ကိုဖေါ်ပြ ရပါလျှင်-
-      Nikon AF S 70-200mm, f-2.8  G ED VRII
-      Nikon AF S 85 mm, f-1.4  G
-      Nikon AF S 85 mm, f-1.8  G
-      Nikon AF S 105 mm, f-12.8  G IF ED
 
စသည့် Lens များသည် Portrait ရိုက်သည့် Lens များ ဖြစ်ကြပါသည်။
 
Nikon AF S 70-200mm, f-2.8  G ED VRII.
 
Nikon AF S 85 mm, f-1.8 


Portrait Lens ကြီး များ အတွက် ငွေကြေး အခက်အခဲ ရှိလျှင် မူ 15-55mm ကို Focal Length အား 55mm တွင် ထားကာ ရိုက်၍ လည်း ဖြစ်ပါသည်။
 
Outdoor Portrait ရိုက်ကူးရေး ဆိုင်ရာ အကြံပြု ချက်များ။
 
 Outdoor Portrait ရိုက် ကူး ရန် ထွက် တော့ မည် ဆို လျှင် အောက်ပါ တို့ ကို ပြင်ဆင်ရန် လိုပါမည်။
 
 ရိုက်ကူရေး မထွက်မှီ
ရိုက်ကူး ရေး မထွက်မှီ အောက်ပါ ပစ္စည်းများ ပါ မပါ စစ်ဆေးပါ။ တစ်ခါ တစ်ရံ ပစ္စည်း များ ကျန်ရစ် ခဲ့ လျှင် အခက်အခဲ တွေ့ နိုင်သည်။
  • Large memory card
  • Spare batteries for the camera AND flash
  • Grey card
  • Tripod
  • Flash diffuser
  • Suitable clothes – as silly as it sounds, if your uncomfortable then this will effect your work!
  • Set your Camera to shoot in RAW
  • Pack a 70mm+ lens
Check List ထားကာ အမြဲ စစ်ဆေးပါ။
 
Preparation is key!
ရိုက်ကူးမည့် နေရာ Location ကို ရိုက်ကူးမည့် နေ့ မတိုင်မှီ တစ်ရက် ကြိုတင် စစ်ဆေးပါ။ အကောင်းဆုံး ခွင် Spot ကို ရွေးထားပါ။ ဤ ကဲ့သို့ ရွေးချယ် ရာတွင် အောက်ပါ အချက်များကို ထည်းသွင်း စဉ်းစားပါ။
·         The position of the sun throughout the day
·         Man made objects, such as power lines, signs etc
·         Quiet spots
·         Natural light reflectors such as white buildings etc
·         Repeating lines to ‘frame’ the photo.
·         Objects that you can use during the shoot such as benches, fallen tress etc

Techniques and Settings
Outdoor Portrait ရိုက်ကူးရာတွင် ‘Sunny 16 Rule’ နှင့် ‘Rule Of Thirds’ ဥပဒေသ နှစ်ခု ကို အမြဲ မှတ်ထားရန် လိုသည်။
 
Sunny 16 Rule
The Sunny 16 rule ဆိုသည်မှာ Light Meter မရှိသည့် အချိန်တွင် Day Light Exposures ကို အတိအကျ ခန့်မှန်းသည် နည်းဖြစ်သည်။ အဆိုပါ နည်းသည် ခက်ခဲသော Subject များ၏ Exposure ကိုပင် တိကျစွာ ခန့် မှန်းနိုင်သည်။ တွက်ချက်သည် မှာ ကင်မရာ အများစု ၏ Light meter များ တွက်ချက်သည့် reflected light ကို ခြေမခံဘဲ incident light ကိုအခြေခံ တွက်ချက်ခြင်း ဖြစ်သည်။
အခြေခံ အားဖြင့် နေသာသည့်နေ့ တစ်နေ့ တွင် Sub ject ကို နေရောင် အောက် တွင် ထားကာ Aperture ကို f -16 တွင် Set လုပ်၍ ၄င်း နှင့် လိုက်လျှော ညီထွေ ဖြစ် သည် Shutter speed နှင့် ISO တို့ ကို setting လုပ်ခြင်း ဖြစ်သည်။
 
အောက်ပါ ဇယားသည် Aperture 16 ပေါ် အခြေခံ ၍ တွဲ ထားသော Shutter speed နှင့် ISO အတွဲ များ ဖြစ်သည်။
Camera Setting on Sunny Day
Aperture
Shutter Speed
ISO
-
f-16
1/100s or 1/125s
100
-
f-16
1/200s or 1/250s
200
-
f-16
1/400s or 1/500s
400
Source- Wikipedia
The relations of Aperture ,Lighting Conditions and Shadow-
Aperture
Lighting Conditions
Shadow Detail
f/22
Snow/Sand……………………..
Dark with sharp edges
f/16
Sunny…………………………..
Distinct
f/11
Slight Overcast……………….
Soft around edges
f/8
Overcast………………………..
Barely visible
f/5.6
Heavy Overcast………………
No shadows
f/4
Open Shade/Sunset…………..
No shadows
Backlighting
Add One Stop…………………..
n/a
From Wikipedia
Rule Of Thirds
လူသိအများဆုံး နှင့် အထိရောက်ဆုံးသော Composition ဖြစ်သည်။ ပုံ တစ်ပုံကို အလျှားလိုက် နှင့် ထောင်လိုက် မျဉ်း နှစ်ကြောင်းစီ ဖြင့် အညီ အမျှ ပိုင်း လိုက်၍ ပေါ်လာသည့် ဖြတ်သန်း ဆုံမှတ် (၄) နေရာ မှာ COI - Center of Interest Points ဖြစ်သည်။ ထို ဆုံ ရပ်နေရာ များပေါ်တွင် Subject ကို ထားခြင်း ဖြစ်သည်။ ဤ နည်း သည့် အရိုးရှင်းဆုံး နှင့် အထိရောက်ဆုံး နည်း ဖြစ်သည်။ တစ်ခါ တစ်ရံ Rule of Thirds ကို ချိုးဖေါက် သည်များလည်းရှိသည်။ ဥပမာ အားဖြင့် Subject သည် ပုံ ၏ အလယ်တွင် ရှိနေ စေ ကာမူ ပုံ၏ Coposition ကို အားဖြည့်ပေးသည့် အနေအထားမျိုး ရှိသည့် ပုံ မျိုးတွင် Rule of Thirds ကိုချိုးဖေါက် ကာ သည်အတိုင်း ထားသည်လည်း ရှိသည်။
 
Technique
ပထမ ဦးစွာ ကင်မရာကို ဆက်တိုက် ရိုက်သည့် ‘Continuous shooting’ mode တွင်ထားပါ။ ဤသို့ဖြင့် တစ်ပုံ စီ လီ ၍ ရိုက်ရ သောကြောင့် ကုန်သည့် အချိန် သက်သာ သည်။ ထို့ ကြောင့် large format memory card ထည့်ထားရန် လိုသည်။
Auto White Balance ကို မသုံးဘဲ Manual White Balance setting ဖြင့် ရိုက်ပါ။ အခြေအနေပေါ် မူတည်၍ ထားရမည့် White Balance ကို အောက်ပါ ဇယားတွင် ပြထားသည်။
Temperature………..Typical Sources
1000K…………………Candlelight
2400K…………………Early morning sunrise
3200K…………………Tungsten light bulbs
4000K…………………Fluorescent
5200K…………………Typical daylight; electronic flash
6000K…………………Cloudy Day
7000K…………………Shade
Source - DPhotoJournal
 
Subject ကို Background မှ ကွဲထွက်ကာ ထင်းနေခြင်းသည် Portrait ပုံကေင်း တို့၏ အဓိက အချက် ဖြစ်သည်။ shallow depth of field (high F-Stop) သည် ဤ အချက်ကို ဖေါ် ဆောင် နိုင်သည်။ ဤ နည်းဖြင့် Subject သည် ပြတ်သားကာ နောက်ခံ ၀ါး ပြီး Bokeh Effect ရနေပေလိမ့် မည်။ Auto Focus ကို အားမကိုးဘဲ Manual Focus ကို သုံးနိုင်လျှင် ပို ၍တိကျပြတ်သားမည်။
portrait ရိုက်ရာတွင် Focusing on the eyes သည် Subject ၏ Emotion ကိုဖေါ် ဆောင်ပေးသဖြင့် ပုံ ကို ပို၍ အားဖြည့်ရာ ရောက်သည်။ Subject တွင် passion and expression ရှိ နေခြင်းဖြင့် ပုံစံ အမျိုးမျိုးသော Moods များ ဖေါ် ဆောင် နိုင်မည်။ ခလေး ငယ်များကို ရယ် အောင် လုပ်ခြင်း သည် လွယ် သော်လည်း လူကြီးများအား ရယ် အောင် လုပ်၍ မလွယ်။ ရယ်ခိုင်း လျှင် ဟန်ဆောင် ရယ် ခြင်းသာ ရနိုင်မည်. သဘာဝ အလျှောက် ရယ်ခြင်း က သာ အကောင်း ဆုံး Mood ဖြစ်သည်။
 
Direct Sun Light ကို ရှောင်ပါ။ ပုံ တွင် အရောင် အထွက် မကောင်းသကဲ့သို့ Lens flare လည်း ၀င်တတ်သည်။ အရိပ် အောက်နေရာမျိုး နှင့် နေ ကို ကြောပေး ရိုက်ရသည့် နေရာများကို ရွေးချယ်ပါ။ တိမ် ဖုံးလာလျှင် ပို၍ ကောင်းသည်။ over exposed. အတွက် စိုးရိမ်ရန် မလို တော့ပါ။
နံနက် စောစော နှင့် ညနေခင်း တို့ သည် Subject ၏ Skin Tone ချောမွေ့စွာ ပေါ် လာ စေသည့် အပြင် လှပ သည့် အရိပ် များလည်း ရနိုင် သည့် အချိန် များ ဖြစ်သည်။
 
 
To Flash Or Not To Flash
Flash လိုသလား မလို သလား ဆိုသည် နှင့်ပတ်သက်၍ အချို့ က သဘာဝ အလင်းရောင် နှင့်ပင် ရိုက်ကြ ပြီး အချို့ ကမူ Fill-in Flash ကို အစဉ်သုံးလေ့ ရှိကြသည်။ မိမိ အနေနှင့်မူ အခြေအနေပေါ် လိုက်၍ သုံးသင့် သည်ဟု ဆိုခြင်သည်။ နေရောင် လုံလောက်စါာ ရသည့် ညနေခင်းလို အချိန်မျိုးတွင် Flash မလိုသေည်လည်း အင်္ဂလန် ကဲ့သို့ အစဉ် အုံ့ ဆိုင်နေသည့် အရပ် တွင် မူ Flash မလွဲ မသွေ လိုပေမည်။
 
 Portrait ရိုက်ရာတွင် ပုံစံ အမျိးမျိုးရှိနိုင်သည်။ ကိုယ်ဟန် အမျိုးမျိုး Lighting အမျိုးမျိုး နည်းအမျိုးမျိုး ရှိနိုင်သည်။ ဤ ရိုက်နည်းတွင် hard and fast rules မရှိ သို့ရာတွင် အရေးကြီးသည့် အချက် အချို့ ကို သတိထားရန်တော့ လိုသည်။
 
Location
Portrait ရိုက်ရန်အတွက် နေရာ Location ရွေးချက်ရန် စနည်းနာ ထွက်ဘို့ လိုသည်။ နေရာ ရွေးပြီးပါက နောက်ခံ ရှုခင်း အဆင်ပြေမည့် အကွက် အကွင်း Area ရွေးရမည်။ နောက် ခံ background သည် Subject ကို လွမ်းမသွားရန် လိုသည်။ အဆိုပါ နောက်ခံ သည် အဆိုပါ Portrait ၏ Story ကို ပြောပြ သကဲ့ သို့ ဖြစ်နေ ပေလိမ့်မည်။ သို့ သော် နောက်ခံ background အားအလွန် ကောင်းသွားပါက Subject ပေါ်လွင် မှု ပြောက် သွားမည်ကို လည်း သတိ ပြုရမည်။
အောက်ပုံ ကို ကြည့်ပါ။ background သည် Story ဖြစ်သည့် ချယ်ရီ ပွင့် ချိန် ကို ပြော ပြ ရုံ မျှသာ ရှိပြီး ရှေ့ရှိ subject ကို လွှမ်းမိုးခြင်း မရှိသည်ကို တွေ့ နိင်သည်။

 

Quick tip: Outdoor Portrair ရိုက်ရာတွင် Backup Plan အမြဲ ထားပါ။ အကြောင်း ကြောင်း ကြောင်း ကြောင့်ရာသီဥတု ဖေါက်ပြန် လာပါက အနီးတွင် Indoor shooting အတွက် စီစဉ်ထားပါ။

Lighting

Portreitue ကို သဘာဝ အလင်းရောင်ဖြင့် ရိုက်မည် ဆိုပါက ဓါတ်ပုံ သမားများသည် " Golden Hours " ဟု ခေါ်သည့် နံနက် ပိုင်း နျင့် ညနေ ပိုင်းများ အချိန်များကို ရွေး ကြသည်။ အဆိုပါ အချိန်များ သည် အသား ရောင် ကို Warm glow skin tone မျိုး ပေးသည်။ အဆိုပါ အချိန် များတွင် တိမ်ဖုံးလာပါက ဓါတ်ပုံ ရိုက်ရာတွင် ပို၍ အထောက်အကူ ဖြစ်စေသည်။ ယခင် မှတ်စုများတွင် ရေးခဲ့ လို တိမ် ဖုံး ခြင်းသည် Softbox ကြီးတစ်ခု လို ဖြစ်လာစေသည်။ Soft Light ကို ရစေ နိုင်သည့် အခွင့် အရေး ဖြစ်သည်။ Indoor တွင် ရိုက်လျှင် လည်း Soft Light ရစေရန် ပြုတင်းပေါက် ကြီးကြီး နား တွင် ရိုက်ပါ။ ဤသို့ ဖြင့် Subject ၏မျက်လုံးတွင် Beautiful catchlights များ ပေါ်လာစေနိုင်သည်။

 
 
Quick tip: White Board အကြီး တစ်ခုကို Reflector အဖြစ်သုံးပါက Subject ၏ Uderexposedဖြစ်နေသည့် ဧရိယာ ကို အလင်းရောင် ဖြည့် ပေး လိမ့် မည်။
Eye contact
မျက်လုံးသည် စိတ် ကို မြင်စေ သည့် ပြူတင်းပေါက် ဟု ဆို သည့် အတိုင်း Portraiture ရိုက် ပါပ မျက်လုံးတွင် Focus ဖြတ်ပါ။ အကယ်၍ subject သည် ကင်မရာ ဘက် သို့ တည့်တည့် မလှည့် ပါက ကင်မရာ နှင့်အနီးဆုံး မျက်လုံးကို Focus ယူပါ။ အုပ် စု ကို ရိုက်ပါက ပုံများများ ရိုက်ပါ သို့ နှင့် မျက်စေ့ မှိတ်နေသူများ ရှိပါက မမှိတ် သည့် ပုံ ကို ရွေး နိုင်မည်။


Quick tip: ခလေး ငယ်များကို ရိုက်လျှင် သူ၏ မျက်လုံး ကို Contact ရ စေရန် ကစားစရာများ ပြ၍ မြှူ ပေးပါ။
 

Depth-of-field

Depth of Field အပါး (Shallow Depth of Fied ) သည် Portraiture ရိုက်ရာတွင် အကောင်းဆုံးဖြစ်သည်။ Shallow Depth of Fied သည် Subject ကို ပြတ်သား စေပြီး နောက်ခံ Background ကိုမူ ၀ါး သွား စေသည်။ ဥပမာ 50mm, f 1.8 ကဲ့သို့ prime Lens သည် subject ကိုပြတ်သားစေပြီး နောက်ခံ ကို ၀ါး သွားစေသည့်အတွက် Background Distraction ကို ဖြောက် ပစ်လိုက် နိုင်သည်။ Compact Camera များအတွက် မူ f-3.5 အောက်တွင် ထား၍လည်းကောင်း snapper's portrait modes ထား၍ လည်းကောင်း ရိုက်ပါက အဆိုပါ Result မျိုး ဆန်ဆန် ရ နိုင်သည်။


 


Quick tip: Compact များအတွက် မူ Zoom ကို အပြည့် ဆွဲ ကာ ရိုက်ခြင်းဖြင့် Subject ကို ပေါ်လာစေကာ Shallow depth of field ကိုလည်း ရနိုင်သည်။

 

Framing

Portrait ရိုက်ရာတွင် ဘေးပတ်ဝန်းကျင်ကို ရှောင်လွဲ ၍ မရပါက Frame အဖြစ် သုံး လိုက်ပါ။ ဥပမာ arches, doorways, corridors, windows, gazebos စသည် တို့ သည် Frame အဖြစ် သုံ ၍ ရသည့် အရာ များ ဖြစ်သည်။ Frame ထဲတွင် subject ကို ထည့် လိုက်ခြင်းဖြင့် ကြည့်သယ၏ အာရုံ ကို ပို ၍ ဖမ်း စားနိုင်သည်။ လူ များ ကိုလည်း Frame အဖြစ် သုံး နိုင်သည်။ ဥပမာ - အဖွား၏ ၇၅ နှစ် မြောက် မွေးနေ့ တွင် အဖွား၏ ပတ်လယ် တွင် မြေး များ ၀ိုင်း နေသည့် ပုံ မျိုး ဖြစ်သည်။ မြေး များ၏ မျက်နှာ Expression သည် မွေး နေ့ အခန်း အနား တွင် ပျော် ရွှင် နေကြသည်ကို ပြော ပြနေသည့် ပုံ ပြင် လေးသဘွယ် ဖြစ်နေ လိမ့်မည်။

 
 
Quick tip: Frame လုပ်ပါက သတိပြုရန်မှာ Frame ကို အနှောက် အယှက် ဖြစ်စေမည့် ဘေးရှိ အရာ အားလုံးကို ဖယ်ရှား ပစ်ရပါမည်။
 
 
Never select all of the focus points for portraits, pick one.

 


 
 
ယခုခေတ်ပေါ် Digital Camera များသည် ပုံမှန်အားဖြင့် Lens ဖြင့် အနီး ဆုံး သော အရာ ကို သာ Focus လုပ် မည်သာ ဖြစ်သည်။ အချို့သော ကင်မရာများတွင် Focus Point များစွာ ပါသည်။ ကင်မရာကို Focus ချိန်ပါစေ ဆိုပြီး လွှတ် ထားလို့ က တော့ မိမိ ရိုက် မည့် Outdoor Portrait ပျက်ပြီ လို့သာ မှတ်ပေတော့။ Lens ကို လွှတ်မထားပါနှင့်။ လိုအပ် သည့် Focus Point တစ်ခု ထည်းကိုသာ Sနအ လုပ်ကာ ထိန်း ချုပ်ထားပါ။

 

Always focus on the eyes.

လူတွင် မျက်လုံးသည် စိတ် ၏သဘော ထင်ဟပ် သည့် နေရာဖြစ်သည်။ Portrait ရိုက်လျှင် ထိုနေရာကို Focus ဖြတ်ပါ။ Portrait ကောင်း တစ်ပုံ တွင် မျက်လုံး သည် အရေး အကြီးဆုံး နေရာတွင် ရှိသကဲ့ သို့ မျက် နှာ တွင် မျက်လုံးသည် အတောက်ပဆုံး အရာလည်း ဖြစ်သည်။ မျက် လုံးကို Aperture ကျယ်သည့် Lens များဖြင့် Focus ဖြတ်ကာ ရိုက်လျှင် Lens bokeh သည် အသားရောင် Skin Tone ကို နူးညံ့ ပြော့ပျောင်း စေပါလိမ့် မည်။



 
Shoot wide open for shallow depth of field.
Wide Aperture - Fast Lens များသည် ဈေးကြီးသော်လည်း Portrait ရိုက်ရာတွင် များစွာအသုံးဝင်သည်။ အဓိက အားဖြင့် Depth of Field တိမ်တိမ် နှင့် နောက်ခံ background ကို ၀ါး သွားစေသည့် အတွက် ဖြစ်သည်။ နောက်ခံ Blur ( Bokeh) ဖြစ်သွားသည့် အတွက် Background distraction မရှိနိုင်။ f-2.8 or f-4 ကဲ့ သို့ Wide Aperture Lens များဖြင့် ရိုက်ခြင်းဖြင့် ထို ဤ ကဲ့သို့ Bokeh များ ရနိုင်သည်။ သဘာဝ အလင်းရောင် နှင့်သာ ရိုက် ကူးသည့် လှပသည့် Fantastic Background Bokeh နှင့် ဖွဲ့စည်းထားသည့် Portrait များသည် Wide Aperture Lens များဖြင့် သာ ရိုက်ကူးခြင်း ဖြစ်သည်။
 
Never, ever, shoot a portrait at less than 50mm; try to stay at 70mm or higher.
Portrait ရိုက်ရာတွင် မည်သို့ သော အခါ မှ Focal Length 50mm ထက် လျှော့ သည့် Lens နှင့် မရိုက်ရန် သတတိပြုပါ။ အနည်းဆုံး Focal Length 70mm လောက်နှင့် ရိုက်ပါ။ 50mm အောက် ရှိ Lens များဖြင့် ရိုက်ပါက ပုံ Distortion ၀င်ကာ မျက်နှာ ကြီးသွားခြင်း ဘေးသို့ ပြဲ ထွက် သွားခြင်းများ ဖြစ်လိမ့်မည်။ Compression effect of Telephoto Lens သည် နောက်ခံ ကို ၀ါး သွားစေ သည်။ Portrait ပုံများကို Focal Length 120mm, 200mm တို့ နှင့် ရိုက်လေ့ ရှိကြသည်။
 
Always shoot in RAW.
RAW သည် ကင်မရာ Sensor က ၀င်လာသည် data အားလုံးကို လုံးဝ ပြုပြင် ခြင်းမရှိဘဲ မူရင်း အတိုင်း သိမ်းထားသည့် Format ဖြစ်သည်။ JPEG ဖြင့် ရိုက် ရာတွင် မူ ရင်း data မျာကို ပြင်ပြီး မှ သိမ်းဆည်း ထားသည့် Format ဖြစ်သည်။ RAW Format ဖြင့် ရိုက်ကူးသည့် ပုံများကို အရောင်များ ပြန် လည် ညှိရာတွင် ပို၍ လွယ်သည်။ Retouch လုပ်ရာတွင် အလွန် ထိရောက် သည့် Format ဖြစ်သည်။
 
 Always bring a gray card or a piece of a gray card for white balance.
 
White Balance ချိန်ရာတွင် သုံးသည့် Gray Card ဆောင်ထားပါ။ နေရာများတွင် အမျိုးမျိုး ပြောင်းလဲနေသည့် White Balance ကြောင့် Post Production တွင် ပြန် ညှိရာ ၌ များစွာ ဒုက္ခ ရောက် သည်။ ထို့ ကြောင့် မရိုက်မီ Gray Card ဖြင့် White Balance ကို ချိန်ပြီး ရိုက်ခြင်းဖြင့် တစ်ညီ ထည်းသော White Balance ရရှိ ကာ Post Porduction ပြုလုပ် ချိန်တွင် အချိန် ကုန် သက်သာ စေသည်။
 
 Shoot in the shade (Avoid direct sunlight)
Direct Sun Light နေရောင်ချည် အောက် တွင် ရိုက်ပါက ပုံများ အဖြု အမဲ ကွဲပြားမှု များသည့် လွန်းခြင်း အရိပ် များလွန်းခြင်းများရှိလာကာ ပုံ ကြမ်းသွားမည်။ အရိပ် အောက်တါင် ရိုက်ခြင်းဖြင့် Harsh shadow မရှိဘဲ smooth milky shadows ရ လာနိုင်သည်။ Exposure , White Balance မှန်မှန် ကန်ကန် ဖြင့် ရိုက် ခြင်းဖြင့် အံ့မခမ်း ပုံများ ရနိုင်သည်။
 
Shooting carefully on an overcast day.
သဘာဝ softbox သည် မိုးတိမ် ဖြစ်သည်။ တိမ် ထူထူ ဖုံးနေစဉ် အချိန်တွင် ရိုက်ပါက Colour အရောင် ပိုတက် ကာ very smooth and pleasing shadows ပုံ ရနိုင်သည်။
 
If you must use hot, hard, bright light…
စတူဒီရို Light သုံးခြင်း ကို လျှော့ကာ ရောင်ပြန် reflector ကိုသုံးပါ။ Silhouette ရိုက်သည်က လွဲ ၍ Sbject ၏နောက် တည့်တည့် တွင် Sun Light ထားခြင်းသည် မသင့်လျှော်။ ဓါတ်ပုံ ရိုက်သူ ၏နောက် တွင် Sun Light ရှိနေပါက Subject အား ကင်မရာဘက် တစ်နည်းအားဖြင့် Sun Light ကို ကြည့် ခြင်း မှ ရှောင် ခိုင်းပါ။ အခြားတစ်နည်းမှာ နေ ကို တိမ် ဖုံး သည့် အချိန်ကို စောင့်ပါ။ အဆိုပါအချိန်တွင် ရိုက်သည့် ပုံသည် တောက်ပပြီး contrasted look ပုံ များ ရ နိုင်သည်။


အထက်ပါ အချက်များသည် Portrait ရိုက် ခြင်း နှင့်ပတ်သက်၍ စုဆောင်းဖတ်ရှု ထားသည်များကို တတ်စွမ်းသမျှ အစီစဉ် တကျ ဖြစ်အောင် ရေးသားထားခြင်း  ဖြစ်ပါသည်။ လမ်း ပြ သဘော လောက် သာဖြစ်သည့် အကြောင်းဖေါ်ပြ အပ်ပါ သည်။

__________________________________________