Tuesday 22 October 2013

Photo Clinic (9)




58- Photo Clinic (9)                              ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု ( ၅၈
 

 ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ

အပိုင်း (၉ )


( Photo Clinic  - IX )

 

 

 by Soe Hlaing

စကားဦး

 

ဓါတ်ပုံ ပညာ သည် နည်းပညာ ပိုင်း ( Technical ) နှင့် အနုပညာ ပိုင်း  ( Artistic) ဆိုင်ရာ နှစ်ရပ် ကို နှစ်ခု ပေါင်းစပ် ထားသည့် ပညာ ရပ် ဟု ဖြစ်သည် ဟု ကျွန်တော် ယူဆပါသည်။ ဓါတ်ပုံ နည်း ပညာ ရပ် နှင့် ပတ်သက် သည့် မှတ်စု များစွာ ရေး ခဲ့ ပြီး ဖြစ်ပါသည်။ ယခု ရေးသား လျှက် ရှိသည့် ဓါတ်ပုံ ဝေဘန် သုံး သပ် ချက် ( Photo clinic ) သည် အနုပညာ ပိုင်း ဆိုင်ရာ ကို ပို၍ အလေးပေးသည့် အပိုင်း ဟု ဆိုရမည် ဖြစ်ပါသည်။
 

ယခုမှတ်စု Photo Clinic (IX) တွင်မူ ပုံများကို မူ ဝေဘန် သုံးသပ်ရာ တွင်  အားနည်းချက်များ ရှိသည့် ပုံ များ အား အဆိုပါ အားနည်း ချက် ကို ပို၍ မြင်သာ စေရန် ယင်းအမှား မျိုး မပါသည့် အမြင့်တန်း Professional များ ၏  နမူနာပုံ များ ကိုပါ ရနိုင်သမျှ စုဆောင်းကာ တွဲ၍ ပြထား ပါ သည်။

 

ဤ Photo Clinic ကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများအား ဝေဘန်ချက်ပေးခြင်းနှင့် အပြုသဘော အကြံပြုသူ များမှာ Photo Video Magazine  တွင် ဓါတ်ပုံ ဝေဘန် သုံးသပ်ရေး ဆောင်းပါး ရေးသားကြသူများ ဖြစ်ကြသည့် ဓါတ်ပုံပညာရှင်များနှင့် Phpto Editor များဖြစ်ကြသော  John Cosgrove, Rakesh Nawarni, Chris Yap နှင့် Kath Cosgrove တို့ ဖြစ်ကြ ပါသည်။

 

သို့ ရာ တွင် ယခု မှတ်စု အတွက် ရွေးချယ် ထားသည့် ပုံများ ကို ဝေဘန် သုံးသပ် သည့် ဓါတ်ပုံ ပညာ ရှင်များမှာမူ John Cosgrove  နှင့် Kath Cosgrove တို့ သာဖြစ်ကြပါသည်။

 

ဓါတ်ပုံများကို ဝေဘန်ချက်ပေးခြင်း နှင့် အပြုသဘော အကြံပြုခြင်းများ ကို အများ ဆုံး ပင်တို်င်အဖြစ် ရေးသားသူ John Cosgrove သည် နယူးဇီလန်နိုင်ငံ မှ Photojournalist, photojournalist, Editorial and reportage photographer တစ်ဦးလည်း ဖြစ်ပါ သည်။  Photo Video မဂ္ဂဇင်း ၏ ဓါတ်ပုံ သုံးသပ် ဝေဘန်ရေး ဆောင်းပါးများကို အခြားသော ဓါတ်ပုံ ပညာ ရှင်များ နှင့် လည်း ပူးပေါင်းကာ ဒိုင်ခံ ရေးနေသူ တစ်ဦး ဖြစ်ပါသည်။

 

ဤမှတ်စုသည် ဆောင်းပါး များကို ဘာသာ ပြန်သည်ဟု ဆိုစေကာမူ ဆောင်းပါး တစ်ခုထဲကို ဘာသာပြန်ခြင်း မဟုတ်ဘဲ ဆောင်းပါးပေါင်း များစွာမှ ကောင်းနိုး ရာရာ ရှိသည်ဟု ယူဆသည့် အပိုင်းများကို ထုတ်နှုတ်ဘာသာပြန်ကာ ပေါင်းစပ် ထားခြင်း ဖြစ်ပါသည်။

 

ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည် အသွေး မဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ်ပါသည်။ ရိုက်ကူးသည့် ကင်မရာဆိုင်ရာ အချက်အလက်များကိုမူ ရနိုင်သမျှ ဖေါ်ပြထားပါသည်။

 

 

ဓါတ်ပုံ ဆိုင်ရာဝေဘန် အကြံပြုချက်များ။

 




(1) Landscape


 

 
 


ပတ်    ပုံ နှင့်သက် သည့် ရှင်းလင်းချက်။

 
        အထက်ပါ ပုံ ကို ရိုက်ကူးသူမှာ Binayak Dasgupta  ဖြစ်ပါသည်။ အပျော်ထမ်း အဆင့် ဓါတ်ပုံ သမား တစ်ဦး ဖြစ်ပြီး မကြာမြင့်မှီ ကမှ Photo Editing များကို စတင် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါသည်။ DSLR ကို ၀ယ်ပြီးနောက် ပုံ များ ကို စမ်း ရိုက်ကာ ယင်း အနက်မှ အကောင်းဆုံး ဟု ယူဆသည့် ပုံများ ကို ဝေဘန် သုံးသပ် ပေး ရန် ပေး ပို့ ခြင်း ဖြစ်သည်ဟု ဖေါ်ပြထားပါသည်။

 
         ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- (John Cosgrove)

၁။     အတော် ကျိုး ပမ်း ရိုက်ကူး ထားသည် ကို တွေ့ ရပါသည်။

၂။     ပုံ ကို ရေ ပြင် နှင့် ကောင်းကင် ထက်ဝက် ( Half ) မပိုင်းပါ နှင့်။

၃။     ဆက်လက် ကျိုး စားကာ ရိုက်ကူး ပါဦး လို့ တိုက်တွန်း လိုပါသည်။

 
           အကြံပြုချက်။


        Binayak Dasgupta  ပေးပို့ သည့် ပုံ များ တွင် ပုံ ၏ ကောင်းကင်နှင့် ရေပြင် တို့ အား ထက်ဝက် ပိုင်း ထားသည် ကို တွေ့ ရပါသည်။ ဤ ကဲ့သို့ ကောင်းကင်နှင့် ရေပြင် သို့ မဟုတ် ကောင်းကင်နှင့် မြေပြင် တို့ ကို ထက်ဝက် ပိုင်း ထားသည့် အမှား မှာ Beginners များ အများဆုံး မှာလေ့ရှိသည့် အမှား ဖြစ်ပါသည်။ ရိုက်စဉ် ထဲ က Horizon ကို အလယ်တွင် ထား၍ ရိုက်သည့် အတွက် Post Production တွင် ပြန်၍ ညှိစေကာမူ အခက်အခဲ ဖြစ်ကာ လိုသလို ဖြစ်မလာ သည် နှင့် ကြုံ ရတတ်ပါသည်။

 

ထို့   ကြောင့် ရိုက်စဉ် ထည်းက မိမိ ဘာကို အလေးထားပြ မည်နည်း၊ ကောင်းကင် ကိုလား သို့  မဟုတ် ရေပြင် ကိုလား ၊ မြေပြင် ကိုလား စဉ်းစားဆုံးဖြတ်ရပါမည်။ ယင်းနောက် အားအရှိ ဆုံး အပိုင်းကို နေရာ များများ ပေးကာ ရိုက်ရန် လိုပါသည်။ 

 

ယခု ပုံ တွင် Binayak Dasgupta    သည် ရေပြင်ရှိ တိမ်တိုက်၏ Reflection ကိုရော ကောင်းကင် ရှိ တိမ် တိုက် ကိုပါ ယူ လိုပုံ ရသည်။ ဤ ကဲ့ သို့ လုပ် လိုက်ခြင်း ဖြင့် ကြည့် သူက မည်သည့် အပိုင်း ကို ကြည့် ရမည် မသိဘဲ အာရုံ ပြန့် သွားပါသည်။ ကြည့်သူ၏ အာရုံ ကို စု ပေး နိုင် ရန်လိုပါသည်။

 
        Rule  of Thirds ဥပဒေသ သဘောအရ ပုံ၏ အားကောင်း သည့်  အပိုင်း ကို Frame ၏ အထက် သုံးပုံ  နှစ်ပုံ တွင် နေရာပေးကာ အားနည်း သည့် အပိုင်းကို အောက်ပိုင်း သုံးပုံ တစ်ပုံ ( Lower Third of the Frame ) တွင်သာ နေရာ ပေး ရပါမည်။ ရိုက် စဉ် ထည်းက Frame ကို ချ လိုက်ရပါမည်။


         အမြင့်တန်း ဓါတ်ပုံ ပညာရှင်များ၏  နမူနာပုံ။


အထက်ပါပုံကို အမြင့်တန်း ဓါတ်ပုံ ပညာ ရှင် Professional Photographer Alex Chim တိဘက် ( Tibet ) ရှိ Samye Monastery သို့ သွားရာ လမ်းပေါ်၌ ရိုက်ကူးခဲ့ သည့် ပုံ ဖြစ်ပါသည်။ မိုးရွာပြီးစ မြေပြင်ပေါ် တွင် တင်နေသည့် ရေ ပြင် ပေါ်ရှိ တိမ်တိုက်၏ Reflection ကိုပေါ်အောင် ရိုက်ထား ပါသည်။ သို့ သော် Reflection သည် မူရင်း တိမ် တိုက် ၏ အား ကို မမှီ ပါ။  ထောက်အကူပြု ( Supplement ) သဘောမျှသာ ရှိပါသည်။ ထို့ ကြောင့် တိမ် တိုက်၏ ရေပြင်တွင် ပေါ်နေသည့် Reflection ကို Lower Third of the Frame တွင်သာ ထားသည် ကို မြင်နိုင်ပါသည်။

Data – Lens Nikon AF S 18-70mm, Shutter Speed 1/100, f-11, ISO – 200.

 

 

(2)  Lily






ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

 

 
အထက်ပါ ပုံ ကို ရိုက်ကူးသူမှာ Wilson Wong ဖြစ်ပါသည်။ ဘန်ကောက်မြို့ ရှိ နန်းတော် ( Palace ) ရင်ပြင် အတွင်း ရိုက်ကူး ထားခြင်း ဖြစ်ပါသည်။ နန်းတော် ရင်ပြင် အတွင်း အိုး နှင့် စိုက် ထားသည့် Water Lily ကို အနီးသို့ တိုး နိုင်သမျှ တိုးကာ ရိုက်ထားခြင်းဖြစ်ပါသည်။ ပန်း ပေါ် သို့ ကျနေသည့် နေရောင် သည် များစွာ တောက်ပ နေသောကြောင့် Polarizer Filter ကိုသုံးကာ ရိုက်ထားခြင်း ဖြစ် သည် ဟု ဖေါ် ပြထားပါသည်။

 

 

 

 ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- (John Cosgrove)

 

၁။     ၁။    Subject အနီး သို့ ယခု ထက် တိုး ကာ ရိုက်နိုင်လျှင် ပိုကောင်း ပါမည်။

 

၂။     ၂။     Framing ယူ ထားခြင်း ကောင်းမွန်ပါသည်။

 

၃။     ၃။   ပုံ၏ Background ရှိ ပုံ ကို အနှောက် အယှက် ဖြစ်နေသည့် အရာ ( Distraction )  များ ပုံ တွင် မပါ နေ စေ သင့်ပါ။

 

 

 

အကြံပြု ချက်

 

 အရောင် ကောင်းမွန်ကာ ပုံ ပြတ်သားမှု ရှိပါသည်။ ပန်းကို ရိုက်သည့် ကင်မရာ Angle  မှားနေပါသည်။ ဤ ပန်းမျိုးသည့် အရောင် အလွန် တောက်ကာ လှပ သည့် ပန်းဖြစ် သောကြောင့်  ဓါတ်ပုံ ရိုက်၍ အလွန် ကောင်းပါသည်။ ရှေ့ တဲ့တဲ့ မှ သော်လည်းကောင်း၊ မသိမသာ အစောင်း ကလေး အနေ အထားမှ သော် လည်း ကောင်း ရိုက်သင့်ပါသည်။ ယခု ပုံသည် ဘေး တိုက် အနည်းငယ် ကျလွန်း နေပါသည်။

 

 

 

ပန်း၏ နောက် မှ အမဲရောင် ရိုးတန် သည် ပုံ အနှောက်အယှက် ပေးနေသည့် Distraction တစ်ခု ဖြစ်ပါသည်။ ယင်းကို မပါ အောင် ရိုက်သင့်ပါသည်။ ၄င်း အပြင် Background ရှိ အစိမ်း ရောင် အရွက်များပေါ် တွင် ကျနေသည့် နေရောင် သည် တောက်ပ လွန်း နေသည့် အတွက် ပန်း အပေါ် ကျရောက်မည့် အာရုံ ကို ဆွဲထုတ်  လိုက် သကဲ့ သို့ ဖြစ်စေပါသည်။ 

 

 

 

အမြင့်တန်း ဓါတ်ပုံ ပညာရှင်များ၏  နမူနာပုံ။

 
 
 


 


အထက်ပါ နမူနာပုံ မှာ Clara Tan ၏ Element of Nature  ပြိုင်ပွဲ တွင် ဆုရသည့် ပုံ ဖြစ်ပါသည်။ ဘန်ကောက်တွင်ပင် ရိုက်သည့်ပုံ ဖြစ်ပါသည်။ ပုံ သည် ကြည်လင် ပြတ်သားကာ လှပသည့် Angle ဖြင့် ရိုက်ထားပါသည်။ Center of Interest နေရာ ဖြစ်သည့် Lower Third of the Frame တွင် Subject ကို နေရာချထားသည် ကို မြင်နိုင်ပါသည်။
 
 
 
 
 
(3)   Ball




ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

 

ကျောင်း သား ငယ် တစ်ဦး ဖြစ်သူ Zhao Siqi ၏ပုံ ဖြစ်ပါသည်။ ဓါတ်ပုံ ရိုက်သည်မှာ မကြာသေးသူ တစ်ဦး လည်း ဖြစ်ပါသည်။ Digital Camera တစ်လုံး ရ လိုသည်  မှာ တစ်ပိုင်းသေနေကြောင်း။ ကျောင်း ၀င်ခွင့် စာမေးပွဲ အောင်မြင်ပြီး သည်နှင့် Minolta A200 တစ်လုံးဝယ်ကာ ဓါတ်ပုံ ဆိုင်ရာ စာ အုပ် စာတမ်း များ ကိုလေ့လာကာ စတင်ရိုက်ကြောင်း၊ ဤကဲ့သို့ ရိုက်သည့် အထည်းမှ တစ်ပုံ ကို ပေးပို့ လိုက် ပါကြောင်းဖေါ်ပြထားပါသည်။

 

 

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-  ( Kath Cosgrove )

၁။     ၁။    လူငယ် လူသစ် ဖြစ်စေကာမူ ရိုက်ကွက် ကို ကောင်းစွာ မြင်တတ် သည်ပါ ပေသည်။

၂။     ၂။    ကင်မရာကို ထိုးထွင်းကြံဆ အသုံးပြု ထားသည်ကို တွေ့ ရပါသည်။

၃။     ၃။     မြင်ကွင်း ( Perspective ) အလွန်ကောင်းပါသည်။

 

အကြံပြု ချက်။

 

နေ့စဉ် မြင်နေကျ မြင်ကွင်း အတွင်း မှ စိတ်ဝင်စားဘွယ် ရိုက်ကွင်း ရိုက်ကွက် ကို ကောင်းစွာ မြင်သည် ကို ချီးကျူး ပါသည်။ ကင်မရာ ၏ Wide Angle Lens ကို  စိတ်ဝင် စားဘွယ်ရာ ဖြစ်အောင် မှန်ကန် ကောင်း မွန်စွာ အသုံး ချ ထားသည်ကို တွေ့ ရပါသည်။ ဆက်ကြိုးစားပါ။ အလား အလာ ကောင်းများရှိပါသည်။

 

 

(4)   Metal Ribs

 
 

ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

 

ရိုက်ကူးသူမှာ Dan Walsh ဖြစ်ပါသည်။ Singapore Regent Hotel အပြင်ဘက်ရှိ သံ ပိုက်လုံး များမှ ရေ ဖြာ ထွက် နေသည့် အလှဆင်ရေ ပန်းကို ရိုက်ထားခြင်း ဖြစ်ပါသည်။ ကင်မရာ မှာ Canon 5D ဖြစ်ပြီး Lens- 17-40mm, Shutter Speed 1/400, f-4, ISO 3200 ဖြင့် ရိုက်ထားခြင်း ဖြစ်သည် ဟု ဖေါ်ပြထား ပါသည်။

 

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( John Cosgrove )

၁။      ၁။   Strong Graphical Elements ကို မှန်ကန် လှပသည့် Angle မှ ရိုက်ထားခြင်းဖြစ်ပါသည်။

၂။          ၂။   ISO ကို များများတင်ကာ ရေစက် ရေပေါက် များကို လိုသလို ကောင်းမွန်စွာ ဖမ်း ထားနိုင်ပါသည်။

၃။            ၃။   ပြည့် စုံ ကောင်းမွန်သည့် ပုံ ဖြစ်ပါသည်။

 

အကြံပြုချက်

 

ပုံသည် Strong Graphical Elements များ ကို သုံးကာ ကြည့် သူ အား ပုံ၏ အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ဆွဲခေါ်သွားနိုင် သည့် Composition ဖြစ်ပါသည်။ တောက်ပသည့် အလင်းရောင် အောက်တွင် အဖြူအမဲ နှင့်ရိုက်ထားသည် ကို ကြည့် ခြင်း ဖြင့် ကင်မရာ သည် ISO ကို မည်မျှ အထိ နိုင်နင်းစွာ  ထိမ်းနိုင်သည်ကို သက်သေ ပြနေသည်။ ပုံကောင်း တစ်ပုံ ဖြစ်ပါသည်။

 

 

(5)  (5) Rain Drops

 

 
 ပုံ နှင့်ပတ်သက် ၍ ရှင်းလင်းချက်။

 ရိုက်ကူးသူမှာ အသက် (၁၃) နှစ် အရွယ် သာရှိသေးသည့် Chan Hua Peng ဖြစ်ပါသည်။ ရိုက်သည့် ကင်မရာ မှာ Ixus 40 ဖြစ်ပါသည်။ Sentosa တွင် မိုးရွာ ပြီးနောက် သစ်ရွက် ပေါ် တွင် တင် နေသည့် ရေ စက် များကို မြင်သဖြင့် ရိုက်ကူးခဲ့ ကြောင်း ဖေါ် ပြထားပါသည်။

 

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( John Cosgrove )

 

၁။     ရိုက်ကွက် ကို ကောင်းစွာ မြင်တတ် ပါပေသည်။

၂။              ၂။    ကင်မရာ၏ Macro Mode ကို ထိရောက် ကောင်းမွန်စွာ သုံးထား သည်ကို တွေ့  ရပါသည်။

၃။                 ၃။   Background ကို ကြည့်ပါ။ ပုံ ကို အနှောက် အယှက် ဖြစ်စေသော၊ အာရုံ စိုက်မှု လျှော့ စေမည့် Background ရှိ အနှေက် အယှက် ( Distraction ) များကို ဖယ်ရှားရပါမည်။

 

 အကြံပြုချက်

 

ကောင်းမွန်စွာ Compose လုပ်ထားသည့် ပုံ ဖြစ်ပါသည်။ ရေ စက်များသည် လည်း ကြည့်လင် ပြတ်သားသည့် Macro ပုံ ဖြစ်ပါသည်။ သို့ ရာ တွင် နောက်ရှိ အစိမ်း နုရောင် အရွက် သည် Main Subject အပေါ် ကျရောက်မည့် အာရုံ ကို ဆွဲ ထုတ်သွားသည်ကို သတိပြု ရပါမည်။

 

(6)  My Wife







ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

 

 

 

 Pramit Ghosh သည် သူ၏ ဇနီးအား ထိုင်းနိုင်ငံ ဖူးခက် တွင် Tuk Tuk စီးနေစဉ် ရိုက်ထားသည် ပုံ ဖြစ်ပါသည်။ Tuk Tuk ပေါ်တွင် အလင်းရောင် နည်းသည့် အတွက် Flash ကို သုံးထားကြောင်း၊ ကင်မရာ မှာ Ixus 40 ကို Portrait Mode တွင် ထားကာ ရိုက် ထားခြင်း ဇြစ် သည်ဟု ဖေါ်ပြထားပါသည်။

 

 

 

 

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( Kath Cosgrove )

 

          ၁။     နည်းစနစ် အရ ကောင်းမွန်စွာ ရိုက်ထားသည် ကို တွေ့ ရပါသည်။

 

        ၂။     Background ကို သတိပြု ရန် လိုပါသည်။

 

၃။               ၃။     ယခုထက် အနည်းငယ် ဓါတ်ပုံ ဆိုင်ရာ နည်းပညာ ဖြည့် ပေးရန် လိုပါသည်။

 

 

 

 

အကြံပြု ချက်

 

 

 မှတ် တမ်း သဘောအရ ပုံကောင်း တစ်ပုံ ဖြစ်ပါသည်။ ဤ ကဲ့ သို့ ရိုက်ရာ တွင် ကင်မရာ ၏ Night Portrait Mode ကို Flash - Rear Curtain Mode ဖြင့် တွဲ ရိုက်ရန် သင့်ပါသည်။ Flash ကို Slow Sync ထားလျှင် ပတ်ဝန်းကျင်ရှိ အလင်း ရောင်လေးများပါ ပုံတွင် ပေါ်လာပါလိမ့်မည်။ ပုံ၏ နောက်ခံ များရှုပ်ထွေးနေပါသည်။ ထို့ ကြောင့် အဆိုပါ အနှောက် အယှက်များက Main Subject အပေါ် ရောက်ရမည့် Center of Interest ၏ အားကို လျှော့ချလိုက်ပါသည်။

 

 

 

အမြင့်တန်း ဓါတ်ပုံ ပညာရှင်များ၏  နမူနာပုံ။

 
 
 





အထက်ပါပုံ ကို Texas တွင် ကျင်းပသည့် SXSW ( South by South West ) Music Festival တွင် အမြင့်တန်း ဓါတ်ပုံ သမား တစ်ဦး ဖြစ်သူ Desmond Gallagher ရိုက်ထားခြင်း ဖြစ်ပါသည်။

 

 

 

“  I am not taking your picture, only your moment. “ 

 

“ မင်းရဲ့ ပုံ ကို ငါ ဓါတ်ပုံ ရိုက်မှာ မဟုတ်ဘူး ၊ မင်းရဲ့ ဒီ အခိုက်အတန့် လေးမှာ ပေါ်လာတဲ့  ဟန်အမူအယာ ကလေးကို သာရိုက်မှာ “

 

 

 

ထိုစကား မှာ  သဘာရင့် ဓါတ်ပုံ ဆရာ အချို့ ဆိုလေ့ရှိသည့် စကား ဖြစ်ပါသည်။ လူပုံ Portrait ကို ရိုက်လျှင် လူတစ်ဦး၏ အခိုက်အတန့် ကလေး တစ်ခုတွင် ပေါ်လာသည့် ဟန် အမူအရာကိုသာ အမိအရ ဖမ်း နိုင်ရ မည်ဟု ဆို လိုခြင်း ဖြစ်ပါ သည်။ သို့ မဟုတ်က မှတ်တမ်းပုံ သဘောမျိုးသာ ထွက်လာ ပါ လိမ့်မည်။

 

 

 

အထက်ပါ ပုံ ကို ကြည့်လျှင် Background တွင် Subject ကို အားပြော့ သွားစေ သည့် အရာ လုံးဝ မပါဘဲ သီချင်း ဆိုနေသူ ၏ Moment ကို အမိ ဖမ်း ထားသည်ကို တွေ့  နိုင်ပါသည်။

 

Data –  Camera Canon EOS 20D, Shutter Speed 1/30, f-5.6, ISO – 3200, Focal Length -200mm.

 

 

 

 

 (7)   Thai Palace




ပုံ နှင့်ပတ်သက် ၍ ရှင်းလင်းချက်။

 

 

 

 Wilson Wong က ဘန်ကောက်ရှိ နန်းတော် အတွင်း ရိုက် ခဲ့သည့် ပုံ ဖြစ်ပါသည်။  ဘုရားပုံကို တိုင် နှစ်လုံး ကို Frame လုပ်ကာ ကြား တွင် ထား၍ ရိုက်လျှင် ကောင်းမည်ဟု ယူဆသဖြင့် တိုင်နှစ်ခု အကြား ဘုရား ထားကာရိုက်ထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။

 

 

 

 

 

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( John Cosgrove )

 

၁။     ယခုထက် အနားသို့ ပို တိုး ကပ်ကာ ရိုက်သင့် ပါသည်။

 

၂။              ၂။   လှပစွာ စီချယ် ထားသည့် တိုင် နှစ်လုံးကို Framing လုပ်ထားသည်မှာ ကောင်းမွန်ပါသည်။

 

၃။                 ၃။    သို့ ရာတွင် အဓိက ပြ လိုသည့် subject နှင့် ကင်မရာ သည် နီး နေ သည့် အတွက် Frame ကြပ် သွားပါသည်။

 

 

 

 အကြံပြုချက်

 

ကျောက် ရောင်စုံ များစီချယ်ထားသည့် တိုင်နှစ်လုံးကို Framing လုပ် သည့် စိတ်ကူးကောင်းပါသည်။ သို့ရာတွင် ရိုက်သည်နေရာသည် Subject နှင့် ဝေး နေသည့် အတွက် Framing လုပ်ထားသည့် တိုင်များက ပုံ၏ အလယ်သို့ ရောက်နေကာ Subject သည့် ပေါ်ထွက်မလာဘဲ ပျောက်နေပါသည်။  ယခုထက် ရှေ့ သို့ တိုးကာ ရိုက်လျှက် တိုင်နှစ်လုံးသည် ဘေး သို့ ပြန့်ထွက်သွားကာ လှပ ကောင်းမွန် သည့် Framing ဖြစ်လာပါမည်။

 

 

 

 

 

------------------  ---------------