Tuesday 7 January 2014

Sigma 18-35. F-1.8




61 – Sigma 18-35. F-1.8                                  ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၆၁)

 

ရှိရင်းစွဲ လမ်းကြောင်း မှ ဖေါက်ထွက် လာသည့် Lens တစ်လုံး

 (Sigma 18-35, f-1.8 Lens)

 

 စကားဦး

စင်စစ် အားဖြင့် ကျွန်တော်သည် Sigma ကထုတ်လုပ်သည့် 18-35mm, f-1.8 Lens ထွက် နေပြီ ဖြစ်သည် ကို မသိပါ။

 

ကျွန်တော် ၏ သား အငယ် က သူ မှာ ထားသည့် Sigma 18-35mm, f-1.8 Lens  ရပြီ ဖြစ်ကြောင်း၊ အဆိုပါ Lens မှာ လူကြိုက် များ သောကြောင့်  မှာ သူများသည့် အတွက်  နောက်ကျ ကာ ယခု မှ ရောက် ရှိလာ ကြောင်း ပြောမှသာ လျှင်  Focal Length f-1.8 အတန်း တွင် Zoom Lens ပေါ်နေပြီ ဖြစ်ကြောင်း သိပါ တော့ သည်။

 

သူပြော သည့် Lens ကို ပြန်စဉ်းစားရာတွင် Aperture အလွန်ကျယ် သည့်  f-1.8 အတန်း တွင် 50mm, f-1.8 သို့မဟုတ် 85mm, f-1.8 ကဲ့သို့  Fixed Focal Length တစ်နည်းအားဖြင့် Focal Length အသေ Prime Lens များသာ ရှိ သည်ဟု ကျွန်တော် သိထားပါသည်။ F-1.8 ကဲ့ သို့ Aperture ကျယ်လှသည့် Lens အမျိုး အစား တွင် Focal Length 18mm မှ 35mm အတွင်း  Aperture တန်ဘိုး  f-1.8 ကို ပြောင်းလဲ မှု မရှိစေဘဲ ပုံသေ f-1.8 ဖြင့် ရိုက်နိုင် သည့် Zoom Lens အား ကျွန်တော် မတွေ့ဘူးသေးသည်ကို သတိပြုမိပါသည်။

 

ဥပမာအားဖြင့် 18-105mm, f-3.5-5.6 ဆိုသည့် Standard Zoom Lens တွင်  Focal Length ကို 18mm သို့  ယူလိုက်ပါက အကျယ် ဆုံး ဖွင့် နိုင် မည့် Aperture  မှာ f-3.5 ဖြစ်သော်လည်း Focal Length ကို 105mm သို့ Zoom ဆွဲ လိုက်ပါမူ  အကျယ် ဆုံး ဖွင့် နိုင် မည့် Aperture  မှာ f-5.6 အထိသာလျှင် ဖွင့် နိုင်ပေမည်။ Focal length အတို အရှည် ကိုလိုက်ကာ အကျယ်ဆုံး ဖွင့် နိုင် မည့် Aperture လည်း ပြောင်းလဲ သွားပါသည်။

 

ယခု Sigma 18-35mm, f-1.8 မှာ Focal Length 18mm မှ 35mmအတွင်း မည်သည့် Focal Length တွင်မဆို Aperture ကို အကျယ်ဆုံး ဖြစ်သည့် f-1.8 အထိ ဖွင့် နိုင်သည်ဟု သိရသည်။  သား ဖြစ်သူကလည်း သူ စမ်း ရိုက်ရာ တွက် ပုံများ အတော် ပင် ပြတ်သား သည်ကို တွေ့ရသည်ဟု ဆိုပါသည်။ သားဖြစ်သူမှာ သြစတြေလျှား တွင် နေထိုင် သူဖြစ်သဖြင့် Lens ကိုလည်း ယူ ၍ မစမ်း နိုင်ပါ။

 

ထို့ ကြောင့် ကျွန်တော် ကဲ့ သို့  Aperture 1.8, ဖြင့် 18-35mm Zoom ဆွဲ နိုင်သည့် Lens ကို မတွေ့ ဖြစ်သေးသူများ လေ့လာနိုင်စေရန် ၄င်း ထံ မှ အဆိုပါ Lens အား ဝေဘန်သုံးသပ် ချက် ရေးသား ထားသည့် Matthew Saville ၏ ဆောင်းပါးကို တောင်းယူကာ ဘာသာပြန် လိုက် ခြင်း ဖြစ်ပါသည်။

ဘာသာပြန်သည်ဟု ဆိုစေကာမူ  အချို့ သော အချက်များ မှာ တိုက်ရိုက် ဘာသာပြန် သည်ထက် ဖြည့်စွက်၍ရှင်းလင်းမှသာ လျှင် ပို၍ သင့်တော် မည် ဟု ယူဆ သည့်အတွက် အဆိုပါ အပိုင်း များ ကိုမူ နမူနာ ပုံ များ နှင့် တကွ ဖြည့် စွက် ရှင်းလင်း ထားပါသည်။

 

ဤ ဆောင်းပါး ရေးသားသူ Matthew Saville သည် Lin & Jirsa Photography ၏ အချိန် ပြည့် Wedding Photographer ဖြစ်ပြီး SLR Lounge တွင် အယ်ဒီတာ အပြင် ဓါတ်ပုံ ဆိုင်ရာ ဆောင်းပါးများကိုပါ ရေးသားနေသူ ဖြစ်ပါသည်။ အောက်တွင် ရေးသား မည့် မှတ်စုတွင် “ ကျွန်တော် “ ဆိုသည့် အသုံး အနှုံးသည် Matthew Saville ကို ကိုယ်စားပြု ရည်ညွှန်း ကြောင်း ဖေါ်ပြ အပ်ပါသည်။

 

 

 Sigma 18-35 mm, f-1.8 Lens

 

Sigma 18-35mm, f-1.8 Standard Zoom Lens  ကို ထုတ်လုပ် လိုက်ပြီဆိုသော သတင်းကို ကြားလိုက် သည် အချိန်တွင် ကျွန်တော့် အနေ နဲ့  အတော် မယုံ နိုင် ဖြစ်ခဲ့ ရသည်။

 

ဘယ့်နှယ် f-1.8 ဆိုသည့် Aperture အကျယ် Lnes များသည် Fixed Focal Length ဖြစ်သည့် 50mm သို့ မဟုတ် 85mm ကဲ့ သို့ Prime Lens များသာ ရှိရာ 18-35mm Zoom Lens ရယ် လို့ ဖြစ်နိုင်ပါ့ မလား - စသည်ဖြင့်  ကျွန်တော့် အနေ နှင့် အတော် သံသယ ပွား ခဲ့မိပါသည်။ နောက်တော့ Aperture f-1.8 နှင့် တကယ့် ကို APS-C Standard Zoom Lens ဆိုတာ တွေ့  လိုက်ရ သဖြင့် သာ ယုံ လိုက်ရပါသည်။

 

အဆိုပါ Lens ၏အခြားသော အချက် များ မပြော မှီ ယင်း၏ သိသာစွာသော ကောင်းချက် တစ်ရပ်မှာ APS-C Crop-Sensor Format ဆိုသည့် အတွက် ခြေ နိုင် လက် နိုင် ၀ယ်နိုင် သယ် နိုင်သည့် Lens ဖြစ်နေသည်ကိုက  အဆိုပါ Lens ၏ ကောင်းချက် တစ်ရပ် ဖြစ်နေပါသည်။

 

များသော အားဖြင့် လမ်းသစ် ထွင်ကာ ထုတ်လုပ်သည့် ပစ္စည်းများ ၏ အရည် အသွေး သည် သက်ဆိုင်ရာ အပိုင်း လိုက် အရည် အသွေး တန်း မမှီ သည့် ပစ္စည်း များ ဖြစ်သည်က များသည်။ ကဲ…သည် လမ်းသစ်ထွင် ကာ ရောက်လာသည့် သည့် Lens ရော ဘယ်လို နေမလဲ ဆိုသည့် စိတ် ပေါ်လာကာ နည်းနည်း စပ်စု လိုက် ရာ Lens Construction  နှင့် သက်ဆိုင်ရာ Specification များ ကိုအောက် ပါအတိုင်း တွေ့ လိုက်ရပါ သည်။
 
 
 
 
 
 
 Sigma 18-35mm, f-1.8 with Lens Hood.
 
 
 
 
 
 
 
 
 

Aperture f-16 တွင် အ၀ိုင်းပုံစံ ရှိသည့် Diaphragm


 


Sigma 18-35mm, f-1.8 Lens Specification


 


Maximum format size
 APS-C
 Focal length
 18-35mm
 35mm equivalent focal length (APS-C)
 27-53mm
 Diagonal angle of view
 76.5° - 44.2°
 Maximum aperture
 F1.8
 Minimum aperture
 F16
 Lens Construction
 • 17 elements in 12 groups
 • 5 SLD glass elements
 • 4 Glassmold Aspherical elements
 Number of diaphragm blades
 9, rounded
 Minimum focus
 0.28m / 0.92ft
 Maximum magnification
 0.23x
 AF motor type
 • Ring-type Ultrasonic Motor
 • Full time manual focus
 Focus method
 Internal
 Zoom method
 Rotary, internal
 Image stabilization
 No
 Filter thread
 • 72mm
 • Does not rotate on focus
 Supplied accessories*
 • Front and rear caps
 • Lens hood LH780-03
 Weight
 810g (28.6 oz)
 Dimensions
 78mm diameter x 121mm length
 (3.1 x 4.8 in)
 Lens Mount
 Canon EF, Nikon F, Sigma SA
 
Lens ၏ ဖွဲ့ စည်း တည်ဆောက် မှု မှာ 17 Elements ကို 12 Group ဖြင့် ဖွဲ့စည်း ထားသည်အပြင် Lens အတွင်း၌ Autofocus Mortar ပါသည့် အတွက် ကင်မရာ ကိုယ် ထည် အတွင်း Autofocus Mortar မပါ သော - ဥပမာ Nikon D 40X , D 5000 ကဲ့ သို့  ကင်မရာများ တွင်ပါ တပ်၍ သုံးနိုင် သည် ကိုတွေ့ ရသည်။ Shutter diaphragm Blade မှာ လည်း 9 Rounded ဖြစ်သဖြင့် Lens တည်ဆောက် ထားပုံ အဆင့် အတော် မြင့် သည်ကို သတိထား မိသည်။ သို့နှင့် သံသယ ကို အကြွေး မထားလို၍ စမ်းရိုက် ကြည့်ရာ ပုံ ပြတ်သား မှု အတော် ကောင်းသည်ကိုတွေ့ ရသည်။
 
ကျွန်တော်သည် အဆိုပါ Lens ကို Canon Crop-sensor camera ဖြစ်သော Canon 70 D အသစ် နှင့် စမ်း ၍ ရိုက်ရာ  Sigma 18-35mm, f-1.8 ၏ ပုံ များသည် Focal Length 18mm မှ 35mm အတွင်းရှိ Focal Length အားလုံး နှင့် Aperture များ အားလုံး တွင် အံ့သြဘွယ် ရာ ကောင်းလောက်အောင် ကြည်လင်ပြတ်သား သည်ကို တွေ့ ရသည်။
 
Lens ၏ အဓိက ပုံရိပ် ကိုဖမ်း ပေးသည့် Sweet Spot သည် လည်း အတော် ကျယ် သည်ကို တွေ့ ရသည်။ ပြောစရာတစ်ကွက် မှာ ပုံ၏ ဘေး အစွန်း နားလေး လောက်တွင် မဆိုသလောက် ဖြော့ သွားသည့် ပြော စရာ တစ်ကွက်သာရှိသည်။ သို့ သော် Pro. Line မဟုတ်သည့်အတွက် ရရှိ ထားသည့် ပြတ်သားမှု နှင့် နှိုင်းစာ ပါက မပြော ပလောက် သည့် အရာဖြစ် ပါသည်။
အောက်ပါပုံများမှာ Sigma 18-35mm, f-1.8 ဖြင့် စမ်း ရိုက်ထား သည့် နမူနာပုံ များဖြစ်ပါသည်။

Sharpness
 
 
 
 
 
 

ပုံ၏ အစွန်းထောင့်နေရာများသည် ပြတ်သားမှု အနည်းငယ် ဖျော့ သွားသည် ဟုဆိုစေကာမူ Aperture f-5.6, မှ f-8 အထိ ပုံများ၏ ထောင့်စွန်း ပြတ်သား မှုသည် အခြားသော Lens များ ဖြင့် ရိုက်သည့် ပုံများ ၏ထောင့် စွန်း ပြတ်သား မှု နှင့် ယှဉ် နိုင် သည့် အနေအထားကို တွေ့ ရသည်။ ထိပ်တန်း  f-2.8 Zoom Lens များ နှင့် Fast Prime Lens များ နှင့် ရိုက်ထားသည့် ပုံများ၏ ထောင့် စွန်း များ ပြတ်သား မှု များ နှင့်ပင် ပင် ယှဉ် နိုင်သည် ကိုတွေ့ ရသည်။
 
 Bokeh / Background Blur
 
ပုံ၏ နောက် ခံ Background တွင် Depth of Field ပါးပါး ဖြင့် လှပ စွာ မှုံ ၀ါးနေသည့် Bokeh  ရရှိ ရန် အတွက်  Sigma 18-35mm, f-1.8  ကို Crop-Censor ( Nikon – DX Format ) ကင်မရာ ဖြင့် တပ်ဆင်ကာ စမ်းရိုက် ကြည့်ရာ  လှပသော Bokeh ရ ရှိသည်။ လိုအပ်သည် DOF ကို လှပ စွာ ပုံဖေါ် ပေးနိုင် သည်ကိုတွေ့ ရသည်။
 
 

 
 
စင်စစ်အားဖြင့် Crop-Censor DSLR ကင်မရာ များတွင် Wide Angle တပ်၍ ရိုက်ပါက ဤ ကဲ့ သို့  Bokeh ရ ရန် ခက်ခဲသည်။ အလွန် တန်ဘိုး ကြီးမြင့် သည့် Full Frame 24mm, f-1.4 ဖြင့် APS-C တွင် တပ်ကာ ရိုက်ပါက  Crop Factor အရ 36mm Wide Angle ကိုသာ ရပေ လိမ့်မည်။ ယခုကဲ့ သို့  Focal Length 18mm တွင် f-1.8 ဖြင့် ရိုက်နိုင် သည့် အပြင် Zoom ဖြင့် 35mm အထိ ဆွဲ နိုင်သည် မှာ Lens သမိုင်း၏ မှတ်တိုင် တစ်ခု ဖြစ်သည်။
ယခု ဖေါ်ပြနေသည့် Sigme Lens သည် 35mm or 24mm, f-1.4 တို့က ပုံဖေါ် ပေးသည် Bokeh နှင့် ယှဉ် လျှင် ဘယ်လို ရှိမ လဲ ….ဟု မေး ရန် အကြောင်း ရှိ လာ နိုင်ပါသည်။  ဤ နေရာ တွင် မူ Zoom Lens နှင့် တန်ဘိုး ကြီးမြင့် လှသည့် Prime Lens တို့  ယှဉ် လာရပါမည်။ ဓါတ်ပုံ သမား အများစု အနေနှင့်မူ Lens တစ်ခု နှင့် တစ်ခု တန်ဘိုး ခြင်း အဆမတန် ကြီးမား ကွာ ခြား ကာ ရရှိလာသည့် ရလာဒ် မှာမူ  များစွာ ကွာခြားမှု မရှိဟု ဆိုလျှင် တန် ဘိုး သင့် သည့် Lens ကိုသာ ရွေး လေ့ ရှိကြမည် ဖြစ်ပါသည်။
 
Sigma 18-35mm ကို Crop-Censor ကင်မရာ ဖြင့် ရိုက်သဖြင့် ရရှိသည့်  DOF သည် Full Frame 24-70mm, f-2.8 ကို Crop-Censor ကင်မရာ ဖြင့် ရိုက်သဖြင့် ရရှိသည့်  အတိုင်း ရရှိသည်ကိုတွေ့ ရသည်။
 
Vignetting



ပုံ၏ ဘေး နေရာ များ တွင် အလင်း လျှော့ လာသည့် ဖြစ်ရပ် ကို အတော် ထိန်း နိုင်သည်ကို တွေ့ ရသည်။ Shadow Recovery ကောင်းသည် ကင်မရာ များ နှင့် ရိုက်လျှင် Vignetting  မသိသာ သလောက် ဖြစ်လာသည်။ ကျွန်တော်၏ Lens များ ကို ရိုက်ကြည့်ရာ တွင်  f-1.8 Lens သည် f-1.4 ထက် Vignetting ကို ပိုထိန်း နိုင်သည်ကို တွေ့ ရသည်။ အချို့ သော Lens များ၏ Vignetting  သည် အလွန် ဆိုးသည်။ Sigma အနေနှင့် ဤကဲ့ သို့ Vignetting ထိန်းနိုင်သည့် Lens ထုတ်လုပ် နိုင်ခြင်း အတွက် သူ ၏ Lens တည်ဆောက်မှု နည်းပညာ ကို ချီးကျူးမိသည်။
 
Distortion
 
အထူးသဖြင့် Wide Angle  များ တွင်တွေ့ ရတတ်သည့် မျက်နှာ များဘေးသို့ ပြဲ ကား ထွက် သွားသည့် အဖြစ်မျိုးကဲ့သို့  ပုံ စံ ပျက်သွား သော ပုံပျက်မှု များ ကို Sigma 18-35mm ၏ Wide angle တွင်   သိသာစွာ မတွေ့ရပါ။  Barrel distortion မဆိုသလောက် သာ တွေ့ရ ပြီး Zoom ၏ အဆုံး တွင် Pincushion distortion ကို မပြောပ သလောက်သာ တွေ့ရသည်။
 
Macro Capability
Sigma 18-35 mm သည် Macro ကဲ့ အနီး ကပ် ပုံ များကိုပါ ရိုက်နိုင်သည်။ ထိပ်တန်း  Macro Lens များကဲ့သို့ 1:1 အချိုး ကို မရိုက်နိုင် စေကာမူ 35mm Closed Focus တွင် အတော် ပြတ်သားစွာ ရိုက် နိုင်ပြီး 1: 4.3 အချိုး ခန့်အထိ ရိုက်နိုင် သည် ကိုတွေ့ ရသည်။
 
အထူးသဖြင့် Focal Length 35mm တွင် Macro Lens အများစု၏ ကနဦး Aperture ဖြစ် သော f-2.8 ဖြင့် ရိုက်သည့် နီးပါး ထွက်သည်။ အနီးဆုံး ကပ် ရိုက်နိုင်သည့် Closet Focusing ယူ ကာ ရိုက်ပါက အလွန်ပြတ် သားသည်ကို တွေ့ ရသည်။
 

 
 
 
Chromatic Aberrations
Lens များတွင် ဖြစ်လေ့ရှိသည့် အရောင် သွေ မှု Chromatic Aberrations ( CA) အတော် နည်းသည် ကိုတွေ့ ရသည်။ ကျွန်တော့် အနေနှင့် မူ C A နှင့်ပတ်သက် ၍ ပြော စရာ မရှိဟု ဆိုခြင်ပါသည်။
 
Flare & Sunstars
အလင်းရောင် စူးဝင်လာသော ကြောင့် Lens တွင် ပေါ်လာသည့် ရောင်ပြန် တန်း  (Flare ) များ မဖြစ်ရန် အတော် ထိန်းထား နိုင်သည်ကို တွေ့ ရ ပြီး Sun Star များ သည် လည်း အတော် ကောင်းမွန်သည်။
 
Coma
Fast Aperture Wide Angle Lens ဖြင့် Astro-Photography ရိုက်လျှင် ယခု Sigma Lens  သည် “ Is the Coma OK for Star Photos? ည အချိန် Stars များ ကို ရိုက်လျှင် အရောင် ကျစ်လစ်စွာ မထွက်ဘဲ အောက်တွင် ပြထားသော (ပုံ-၁) ၌ ငှက်များ တောင်ပံဖြန့်၍ ပျံနေ သကဲ့ သို့ အလင်းများ ဘေးသို့ ပြန့် ထွက် သွား သည် များ ရှိလေ မလား  ဆိုသည့် မေးခွန်း မေးရန် ရှိနေသည်။ 
 

( ပုံ-၁)

Star များ တွင် Coma ရောင်စဉ် များ ပေါ်နေပုံ။

 
ပုံ-၂
Canon EF 24 mm, f-1.4 Lens ကို Coma စမ်း ထားသည့်ပုံ။
 
 
 
ပုံ-၃
Coma ပေါ်လာရသည့် အလင်းသွေမှု။
 
 
 


အဆိုပါ မေးခွန်း နှင့် ပတ်သက်၍ Sigma 18-35m  Lens သည် Coma  ရှိစေကာ မူ အတော့ ကို နည်း သည်ဟု ဖြေရပါမည်။


 


ကျွန်တော့် အမြင်ပြောရပါက ကျွန်တော် Sigma 18-35mm ဖြင့် ရိုက် သည့် Meteor Timelapse ပုံများ တွင်  အထက် ( ပုံ-၁ ) တွင်  ပြထားသည့် Star များ တွင် အရောင် ပြန့် ထွက် ကာ ငှက်များ တောင်ပံဖြန့် ၍ ပျံနေ သကဲ့ သို့ ( Bird Wings) ရောင်ပြန် များ မပေါ် သည်ကို တွေ့ ရသည်။ Lens Sharpness ကြောင့် ဤ ကဲ့ သို့ Bird Wings များ မပေါ် ခြင်း ဖြစ်ပါသည်။ အောက်တွင် ပြထားသည့် ပုံ များ ကိုကြည့်လျှင် Coma နည်း သည်ကို တွေ့ နိုင်ပါသည်။

 
 ပုံ-၁
 

 ပုံ-၂
( ပုံ-၁၏ အထက် ညာဘက် ထောင့် ကို ပုံကြီး ချဲ့ ပြထားခြင်း ဖြစ်ပါသည်။)
 
Anything Night-Time
Sigma 18-35mm, f-1.8 သည် အလင်းရောင် နည်းသည့် ည ပိုင်း ရိုက်ရန် ကောင်း သည့် Lens ဖြစ်သည်။ အထူးသဖြင့် Nightlapse သို့ မဟုတ် Nightscape ရိုက်ရာတွင် အထူးကောင်းမွန်သည်။ Corner Sharpness များကောင်းပြီး Coma အနှောက်အယှက်မှ ကင်းသည့် Lens တစ်လုံး ဟု ကျွန်တော် မြင်ပါသည်။
 
Comparison with Full Frame
သို့ ရာတွင် ဈေး နှုန်း မြင့်လှသည့် Full Frame နှင့် Crop-Censor ကင်မရာ နှစ်ခု ကို Lens တစ်လုံးစီတပ်ကာ အပြိုင် ယှဉ် ရိုက် ခိုင်းလျှင်တော့ တရား မျှတမှု ရှိမည် မဟုတ်ဟု ကျွန်တော် မြင်ပါသည်။ တစ်ခု ခြင်းစီ မဟုတ်မူ ဘဲ System တစ်ခုလုံးကို ခြုံ ကြည့်ရန် လို ပါမည်။
 
ယခု Sigma 18-35mm, f-1.8 ၏ရောင်းဈေးမှာ အမေရိကန် ဒေါ်လာ ၇၉၉-၀၀ ဖြစ်ရာ ဈေးကတော့ သက်သာလှသည်တော့ မဟုတ်ပါ။  အဆိုပါ  Focal Length အတွင်းရှိ 50mm, 1.8 G, 24m, f-1.8 G ကဲ့သို့ Full Frame - Prime Lens  နှစ်လုံးခန့် ၀ယ် နိုင် သည့် ငွေ ပမာဏ ဖြစ်ပါသည်။ သို့ ရာ တွင် Lens System တစ်ခုလုံး ခြင်း ယှဉ်ကြည့်ပါက Sigma 18-35mm, f-1.8 က ပို အသုံး တည့် မည် ဖြစ်ပါသည်။
 
လက်ရှိကာလ အတွင်း Sensor Technology သည် များစွာ တိုးတက် လာခဲ့ရာ အလွန်ကြီးသည့် စီးပွားရေး ဆိုင်းဘုတ်လို ပုံ မျိုး မဟုတ်မူဘဲ။ သာမန် ပုံမျိုး အတွက် ဆိုပါမူ  Crop-Sensor ကင်မရာ များ၏ Sensor က ထုတ်ပေးသည် ပုံ များသည် များစွာ ကြည်လင် ပြတ်သား မှု ရှိသည်ကို တွေ့ ရကြောင်း ဖေါ်ပြလိုပါသည်။
 

Sample Pictures.


အောက်ပါ ပုံများမှာ ဆောင်ပါးရှင် Matthew Saville ၏Canon 70 D ဖြင့် ရိုက် ထားသည့် ပုံများ ဖြစ်ပါသည်။ ဓါတ်ပုံ အလိုက် သက်ဆိုင်ရာ Data များ မရ ရှိသဖြင့် ဖေါ်ပြနိုင်ခြင်း မရှိပါ။



 

 


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

အောက်ပါပုံ များမှာ Sigma 18-35mm, f-1.8 ကို Nikon D 7100 တွင် တပ် ကာ ရိုက်ထားသည့် နမူ နာပုံ များ ဖြစ်ပါသည်။ အဆိုပါ ပုံများမျာ မူ Matthew Saville ၏ ပုံများ မဟုတ်ဘဲ KenRockwell ၏ ပုံများ ဖြစ်ပါသည်။


 
 
 

GL550 Xenon Headlight. 24MP DX Nikon D7100 with built-in flash ON, 18-35mm at 35mm, f/10 at 1/250 at ISO 100.

 

 

 


 

Islands. 24MP DX Nikon D7100, 18-35mm at 35mm, f/9 at 1/320 at ISO 100.
 
 
 
  Canary Palm at f/1.8 at 18mm. 24MP DX Nikon D7100, f/1.8 at 1/800 at ISO 100.
 
 
 
Katie swinging, 01 December 2013. (Nikon D7100, Sigma 18-35mm f/1.8 at 18mm, f/9 at 1/320 at ISO 100.
 
 
 
 
Christmas Lights at f/1.8. Nikon D7100, 18-35mm at 18mm, f/1.8 at 1/30 at ISO 1,400.
 
 
DX image at close-focus distance at 35mm at f/1.8.
 
 
 
 
 
Crop from above 24 MP DX image at 100% at f/1.8.
 
 
_______________________
 
 
 

 
 
 

 


No comments:

Post a Comment