Nuffnang Ads

Saturday, 1 March 2014



65 – Camera Sensor and Pixels                   ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၆၅)



ကင်မရာ Sensor နှင့်  Pixels တို့ အကြောင်း

တစ်စေ့ တစ်စောင်း။

 

By Soe Hlaing

 

 

စကား ဦး

ကင်မရာ Sensor အကြောင်း နှင့်ပတ်သက်၍ မှတ်စုအမှတ် (၁၆) နှင့် (၂၆)တို့ တွင် ရေးခဲ့ ပါသော်လည်း ယင်း နှင့်ဆက်နွယ် နေ သည့် Pixels အကြောင်းကို ရေးရန် ကျန်နေ ခဲ့ပါသည်။ Pixels အကြောင်းရေး ပါလျှင် ယင်းဖြစ်ပေါ်လာမှု ၏ အခြေ ခံ ဖစ်ြသည့် Sensor ပေါ်ရှိ Potosites များ အကြောင်းပါ  ရေးမှ သာ လျှင် ရှေ့ နောက် ဆက် ကာ လိပ်ပတ် လည် မည် ဖြစ်သောကြောင့် Sensor ပေါ်ရှိ Photosites အကြောင်းကို ပါ ခြေ ဆင်း အဖြစ် ရေးသား ထားပါသည်။

ဤ မှတ်စုကိုရေးသားရာ တွင် အင်္ဂလန် နိုင်ငံ ထုတ် Doug Harman ၏  The Digital Photography Handbook ပါ How many Megapixels? နှင့် Roger N. Clark ၏ Digital Cameras: Does Pixel Size Matter? Factors in Choosing a Digital Camera ဆောင်းပါး နှစ်ခု ကို ခြေခံ ကာ ရေးသား ထားခြင်း ဖြစ်ပါသည်။

အထက်ပါ ဆောင်းပါး နှစ်ခု ကို အခြပြု ထားသည် ဆိုစေကာမူ ဤဘာသာရပ် သည် နက်နဲသည့် အလင်းဆိုင်ရာရူပဗေဒ သိပ္မံ ဘာသာရပ် ဖြစ်သဖြင့် ဖြည့် စွက် ရှင်းလင်းရန် လိုသည် များအတွက် အခြားများ စွာသော ဆောင်းပါးများကိုပါ အနည်း နှင့်အများ ကိုးကား ရေးသား ရပါသည်။

 
ကင်မရာ Sensor ။

Digital Camera တိုင်းတွင် အလင်းကို ဖမ်းကာ ပုံရိပ် ဖေါ်ပေးသည့် Film ကဲ့သို့ သော Sensor ပါရှိပါသည်။ Sensor အမျိုးမျိုး ရှိသေည်လည်း ကင်မရာ များတွင် မူ အဓိက အားဖြင့် CCD သို့ မဟုတ် CMOS Sensor များ ကိုသုံးကြ ပါသည်။

Sensor အမျိုး မျိုး ရှိသည့် အနက် အဓိ အသုံးများသည့် Sensor များမှာ -

 

- CCD ( Charge-Coupled Device ) Sensor

- COMS (Complementary Metal–Oxide–Semiconductor ) Sensor

- Bayer Sensor

- Foveon X3 Sensor

- 3CCD Sensor

 

စသည်ဖြင့်ဖြစ်ကြသည်။ သို့ ရာတွင် လက်ရှိ ကင်မရာ အများစု သုံးနေကြသည်မှာ CCD Sensor နှင့် COMS Sensor များဖြစ်ကြသည်။

 

 

CCD ( Charge-Coupled Device ) Sensor

 

CCD Sonsor သည် Analog Device ဖြစ်သည်။ Sensor အပေါ်ရိုက် ခတ်လာသည့် အလင်းရောင် ( Photon) အား ၄င်း၏ Photosites  က Electric Charge အဖြစ် လက်ခံ ထားလိုက်သည်။ ယင်းနောက် Electric Charge က တစ်ဆင့် Voltage ယင်း မှ တစ်ဆင့်  Digital Signals အဖြစ် ဆက်၍ ပြောင်းပေးခြင်း ဖြစ်သည်။ CD Sensor ကို ကင်မရာများအပြင် သိပ္မံ နှင့် နည်း ပညာ ဆိုင်ရာ ဆေးပညာ ရပ်ဆိုင်ရာ တို့ ၏ အဆင့်မြင့် ပုံရိပ်များ လိုအပ် သည့်နေရာများတွင်လည်း သုံးသည်။

 
 
CCD Sensor တစ်ခု၏ပုံ
 


 
 

အထက်ပါ ပုံ မှာ CCD Sensor တစ်ခု၏ အလင်း ကို Photodiodes ( Photosite ) မှ တစ်ဆင့် Electricity ၊ ယင်းမှ တစ်ဆင့် Output တွင် Electricity ကို Voltage ပြောင်းပေး ခြင်း ကို ပြသည့် ပုံကြမ်း ဖြစ်ပါသည်။


 


CMOS ( Complementary Metal-Oxide Semiconductor )


 
CMOS Sensor သည်လည်း CCD Sensor နည်းတူပင် အလင်း ကို Electronic Signal အဖြစ်သို့ ပြောင်းပေးသည့် အရာများ ဖြစ်ကြသည်။ CMOS ကို Complementary Symmetry Metal Oxide Semiconductor ( COS-MOS ) ဟုလည်း ခေါ်သည်။ Complimentary Symmetry ဆိုသည့် စကားရပ်မှာ CMOS အနေနှင့် Complementary and Symmetrical pair of P-Typeနှင့် N-Type Metal Oxide Semiconductorတစ်စုံကို အသုံးပြု ၍ Light ကို ဖမ်းယူ ကာ Electronic Signal သို့ ပြောင်းပေးခြင်းကို ဆိုလိုပါသည်။
 
CMOS Sensor တစ်ခု၏ပုံ
 
 

 
အထက်ပါ ပုံ မှာ CMOS Sensor တစ်ခု၏ အလင်း ကို Photodiodes မှ တစ်ဆင့် Electricity ၊ ယင်းမှ တစ်ဆင့် CMOS Sensor က Output တွင် Electricity ကို Voltage ပြောင်းကာ Pixel များအား Amplified လုပ်ပေးသည် ကို ပြသည့် ပုံကြမ်း ဖြစ်ပါသည်။
 
 
လက်ရှိအခြေအနေတွင် CCD နှင့် CMOS Sensor နှစ်ခု အနက် မည်သည့် Sensor က ပို၍ နည်းပညာတွင် ရှေ့ပြေးသည်ကို ယတိပြတ် ပြောရန် ခက်သည်။ သှူု့ အားသာ ချက် နှင့် သူရှိကြသည်။ သို့ ရာတွင် CMOS Sensor သည် Power အသုံးနည်းကာ Data ဖတ်ရာတွင် ပို၍ မြန်သည်ဟု သိရသည်။ ယခု နောက်ပိုင်း ကင်မရာ များတွင် CMOS Sensor များသာ သုံးလာကြ သည်ကို တွေ့ရသည်။
 
Pixels
Sensor များ တွင် အလွန် သေးငယ်သော အလင်း (Photon ) ကို ဖမ်း ယူသည့် Photosites များ ပါရှိသည်။ ယင်းကို Photodiode ဟုလည်း ခေါ် ကြပါသည်။ Sensor များတွင် အလျှား လိုက် နှင့် ဒေါင်လိုက် စီထားသည့် Photosites များ သည် အောက်ပါ ပုံ တွင် ပြထားသကဲ့သို့ Lens မှ ၀င်လာသည့် အလင်း (Photon ) ကို ရေပုံး နှင့် ရေခံ သကဲ့ သို့ ခံ ယူပါသည်။
 
 


Photosite အကြီးအသေး အားလုံး သော အရွယ်များတွင် ကျင်း အနက်သည် အတူတူ ပင် ဖြစ်သည်။ Photon သည် အဆိုပါ ကျင်း၏ အနက်ထက် အောက် သို့ ဆက် မဆင်း နိုင်ခြေ။ မျက်နှာပြင် ကျယ် ကျယ် ပြန့် မှု တွင်သာ အကြီး အသေး ကွာသည်။

 

ဤနေရာ တွင် အနည်းငယ် ရှင်းလိုသည်မှာ အကြမ်းအားဖြင့် ဤ ကဲ့ သို့  Photon ကို ရေခံ သကဲ့ သို့  ခံ ယူ သည့် Photosite များကို Pixel ဟု အလွယ် သဘော ခေါ်ဝေါ် သုံးစွဲ သည်လည်းရှိပါသည်။ အထက်တွင် ပြထားသည့် CCD Sensor နှင့် CMOS Sensor များအကြောင်း ရှင်းပြထားသော Diagram ပုံ များ နှင့် အထက်ပါ Photon Rain ပုံများ တွင် Photosites ( Photodiode ) ကို Pixel ဟူ၍ သုံးထားသည် ကိုတွေ့ နိုင်ပါသည်။

 

ဥပမာအား ဖြင့် Sensor ပေါ်တွင် Photosites ပမာဏ အနေနှင့်  Colum and Row (4288 X 2848) = 12.1779 Million စီထားသည့် CCD Sensor ကို 12 Megapixels ကင်မရာ Sensor ဟု ခေါ်သည်လည်း လေ့လာ ဖတ်ရှု ဘူးပါသည်။

အောက်ပါ ပုံမှာ Sensor တစ်ခု ပေါ်တွင် Photosites များ တစ်နည်း အားဖြင့် Photon များကို လက်ခံ မည့် ကျင်း ကလေး များ ၏ အလျားလိုက် နှင့် ဒေါင်လိုက် စီထားသည့် ကိုမြင်သာရန် ပြထားသည့် နမူနာ ပုံ ဖြစ်ပါသည်။
 
 

Cavity Array
 
အသေးစိတ် ဖေါ်ပြရပါလျှင်  Sensor ပေါ် ရှိ Photosites များသည် Pixels အဆင့် သို့ မရောက်သေးပါ။ အလွယ် ခေါ်ရပါက Sensor ပေါ်ရှိ သည့် ကျင်း ကလေးများ အဆင့် သာ ဖြစ်ပါသည်။ အဆိုပါ အခြေအနေတွင် Red, Green, Blue စသည့် အရောင် သုံးမျိုးကို ခွဲ ခြား ကာ လက်ခံ နိုင်ခြင်း မရှိသးပါ။ အောက်ပါ နမူနာ ပုံကဲ့ သို့ Colour Filter Array ခံ လိုက်မှသာ လျှင် အဆိုပါ Photosite ကျင်း ကလေးများသည် Red, Green, Blue စသည့် အရောင်များကို သီးခြားစီ ခွဲကာ လက်ခံ ပါသည်။
 
Colour Filter Array.
 
အများဆုံး အသုံးပြု သည့် Colour Filter Array မှာ Bayer Array ပင်ဖြစ် ပါသည်။
 
Sensor သည် Photon  (အလင်း) ကို မိုးရေ ခံ သကဲ့ သို့ ခံ ယူ ပြီးနောက် Photoelectric effect အရ Eleectron အဖြစ် ပြန်ထုတ်ပေးသည်။ အဆိုပါ Electron များကို Exposure ဖွင့်ထားသည့် အချိန် ကိုလိုက်၍ ၄င်း၏ ကျင်း (Well) များ အတွင်း Electrical Charge များအဖြစ် သိမ်း ထား ပေးသည်။ အဆိုပါ Electrical Charge ပမာဏသည် Sensor ပေါ် ရိုက်ခတ် သည် Photon ပမာဏ ၏ အချိုး အတိုင်း ပင် ဖြစ်သည်။
 
ယင်းနောက် အဆိုပါ Electrical Charge ကို ပထမ အဆင့် တွင် Analog Voltage အဖြစ် ပြောင်း ပေးသည်။ ထိုမှ တစ်ဆင့် ၄င်းကို Amplified လုပ်ကာ Analog to Digital ( A/D ) Converter ဖြင့် Digital Pixal အဖြစ်ပြောင်းပေးသည်။ ဤ သည်တွင် အလင်းသည်  (Digital Image ) ပုံ ရိပ် ဖြစ်လာသည်။  အဆိုပါ ဖြစ်စဉ် သည်။ Photosite များက ခံယူ ထားသော Photon ကို Image Element အဖြစ်ရောက် စေမည့် Pixel အဆင့် သို့  ပြောင်းပေးသည့် Process အကြမ်း ဖျဉ်း ဖြစ်ပါသည်။
 
 
Sensor နည်းပညာ တိုးတက်လာမှု ။
Sensor တစ်ခု ပေါ်ရှိ အလင်းကို တုန့်ပြန်နိုင်သော Photosite ပါဝင်သည့် ရာနှုန်းကို Fill Factor ဟုခေါ်သည်။ CMOs ကဲ့ သို့ Sensor တစ် ခုတွင် အလင်းကို တန့်ပြန်သည့် Fill Factor သည် ၃၀ မှ ၄၀ ရာ နှုန်း ခန့် အထိသာ ရှိသည်။ ကျန် နေရာ များမှာ Amplifier များ Noise Reduction များ ဆိုင်ရာ Circuits များသာ ဖြစ်သည်။ စင်စစ် အား ဖြင့် Sensor တစ်ခု တွင် Light Sensitivity ဧရိယာ သည် Sensor တစ်လုံး၏ ဧရိယာနှင့် နှိုင်းစာ လျှင် သေးငယ် နေသည်။ ထို့ ကြောင့် ကင်မရာ ထုတ်လုပ် သူများသည် Fill Factor ကို အားဖြည့် သည့်အနေနှင့် Lens မှဝင်လာသည့် Photon ကို Sensor ပေါ်ရှိLight Sensitivity မရှိသော နေရာများသို့ မရောက်စေဘဲ Fill Factor ပေးသည့် နေရာသို့ သာ ကျရောက် စေရန် Micro Lens ကို သုံးကြသည်။
 
Exposure ဖွင့်ထားသည့် အချိန် အတွင်း Lens မှ ၀င်လာသည့် Photon ကို အထက်တွင် ဖေါ်ပြခဲ့သည့် Sensor ပေါ်တွင် ပေါ် ထွက်လာသည့် Generated Electrons များကို ကျင်း ( Potential Well ) များအတွင်း ဖြည့်ထည့် ပေးရာ တွင် အဆိုပါ ကျင်း သည် Electron မည်ရွေ့ မည်မျှ ဆန့်အောင် ဖြည့်နိုင်သည် ဆိုသည်ကို Full-Well Capacity ဟု ခေါ်သည်။ Generated Electrons များ သည် Exposureဖွင့် ထားသည့် အချိန်အတွင်း ကျင်း အတွင်း ပြည့်သွားပါက ဘေးသို့ လျှံကျကာ အနီးရှိ အခြားသော ကျင်းများ အတွင်းသို့ ၀င်ကုန် တော့သည်။ ယင်းကို Blooming ဖြစ်သည်ဟုဆိုသည်။ ယင်းကို ဒေါင်လိုက်အချွန် ကလေးများ နှင့် တောက်ပသော ကျယ် ပုံ ကလေးများ အဖြစ် တွေ့ရမည် ဖြစ်သည်။ ကင်မရာ များတွင် အဆိုပါ ဖြစ်ရပ် ကို တားဆီး ရန် Anti-Blooming များ တပ်ဆင်ထားလေ့ ရှိကြ သည်။ ထိရောက် မှု ရှိသည် ကိုလည်း တွေ့ ရသည်။
 
Sensor တစ်ခု ၏ Electron ပမာဏ မည်မျှ အထိ စုဆောင်း ထားနိုင်သည် ဆိုသည့် အချက် ကို Sensor’s Dynamic Range ဟု ခေါ်သည်။ ၄င်းသည် ကင်မရာ အနေ နှင့် Faint and Bright ဧရိယာများ အတွင်း အသေးစိတ် ပုံ ရိပ်ကို ဖမ်း ရာတွင် Balck မှ White သို့ Brightness ကူးပြောင်းသည့် Range ပင်ဖြစ်သည်။ Full- Well Capacity ရှိသော အရွယ် အစား ကြီးသည့် Sensor များ၏ Dynamic Range သည် ကြီး မားသည်။ Electron များ ကျင်း ( Well ) အပြင်ဘက်သို့ လျှံကျသဖြင့် နဘေးရှိ Photosite များ ညစ်နွမ်း မှု ဖြစ်စေသည့် Blooming အခြေအနေ လည်း နည်းသည်။
 
Sensor တစ်ခု တွင် အရောင် များဖေါ်ဆောင်ခြင်း။
 
Lens ကို ဖြတ်သန်းကာ Sensor ပေါ်သို့ ရောက် လာသည် Photon များသည် Colour Filter Array ကိုဖြတ်ကာ  Photosite Potential Well များ အတွင်းသို့ ၀င်ရာ တွင် Well တစ်ခု သည် အခြေခံ အရောင် သုံးမျိုး ဖြစ်သည့် Red, Green , Blue အရောင် သုံးရောင် သုံးမျိုး အနက်  သက်ဆိုင်ရာ အရောင် တစ်ရောက် ထည်း  ကိုသာ လက်ခံ ပါသည်။
 
 
 
 
အထက်ပါ ပုံ တွင် ၀င်လာစဉ် က Well အထဲသို့ အရောင် သုံးမျိုး ၀င်လာသည် ကို တွေ့ ရပါမည်။ သို့ ရာ တွင် သုံးရောင် စလုံးဝင်လာစေကာ မူ အမှန် တကယ် လက်ခံ သည့် အချိန် တွင် Photosite တစ်ခု သည် အရောင် တစ်မျိုး ထည်း ကိုသာ လက်ခံ ပါသည်။  ထို့ကြောင့် Photosite (ကျင်းကလေး) တစ်ခုသည် သူ တွင် ရှိသည့် Filter အလိုက် သက်ဆိုင်ရာ အရောင် ကိုသာ လက်ခံ ထားပြီး ကျန်သုံးပုံ နှစ်ပုံ သော Light ( Photon) များကို ပြန် အံ ထုတ်ပစ် လိုက်ပါ သည်။ အခြားသော  Photosites များ က လည်း ကျန်သော အဓိက အရောင် နှစ်ရောင်ကို ရွေးလက်ခံ သည်။ ထိုကဲ့ သို့ အရောင်စစ် ရာတွင် အများဆုံးသုံးသည့် Colour Filter Array မှာ   "Bayer array,"  စနစ် ဖြစ်ပါသည်။ Bayer Sensor ဟုလည်း ခေါ်ကြပါသည်။
 
 
Sensor ပေါ်ရှိ Photosites များ က အနီ ၊ အစိမ်း ၊ အပြာ အရောင်(၃) ရောက်ကို Filter အလိုက် လက်ခံ ပြီး ကျန် အရောင်များ အားပြန် အံ ထုတ် လိုက်သည့် စနစ်ကို  အောက်ပါ Diagram  နမူနာကို ကြည့်ပါရန်။
 
 
ယင်းနောက် အဆိုပါ Signals များကို Analogue မှ Digital  ပုံ ရိပ်သို့ ပြောင်းရာ တွင် Photosites တစ်ခု အတွင်း ရှိ အရောင် များသည် အနီး အနား Photosite အတွင်းရှိ အခြား သော အရောင်များ နှင့် Image Signal ၏ လိုအပ်အချက်အရ အခြားသော အရောင် များ ဖြစ် အောင် ပေါင်းစပ်ပါသည်။ ဥပမာ အားဖြင့် အ၀ါ ရောင်ရစေရန် အစိမ်း နှင့် အပြာ တို့ ပေါင်းစပ် ပါသည်။ အခြား အခြား သော အရောင် များကိုလည်း အရောင် သုံးရောင်၏ ပြင်းအား အလိုက်  ( three colours intensity level – 0 to 255 ) ပေါင်းပေးပါသည်။
ထိုအဆင့် ရောက် သည့် အနေအထားကို Pixel သို့မဟုတ် Image Element ဟု ခေါ်ပါသည်။ Pixal သည် ( Building blocks of an image )  Digital Image တစ်ခု ဖြစ် လာစေရေး အတွက် အခြေခံ အုတ်မြစ် ဖြစ်ပါသည်။ အဆိုပါ ဖြစ်စဉ် သည် Photodiode ၏ Electrical Charge process ဖြစ် မှ ပေါ် ထွက် လာသောကြောင့် Photosites (Photodiode ) ကိုလည်း Pixel ဟူ၍ လုံးကာ ခေါ် ကြခြင်း ဖြစ်ပါသည်။
 
သို့ ရာ တွင် Photosites သည် ရုပ်သဘော အရ Sensor ပေါ်တွင် ရှိသည့် Physical element ဖြစ်ကာ Pixel ဆိုသည်မူ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္တု တစ်ခု မဟုတ်မူဘဲ အရောင်ဖြင့်  ပုံဖေါ် ပေးသည့် စွမ်းအင် တစ်ရပ်သာ ဖြစ်ပါသည်။
 
 Bayer Sensor
 ဤနေရာ တွင် Sensor ဖွဲ့  စည်းမှု တွင် အသုံးများသည် Bayer Sensor ( Bayer Colour Filter array ) အကြောင်း ကို အနည်း ငယ်ရှင်းလိုပါသည်။ လူ၏ မျက်လုံးသည် အဓိက အရောင် သုံးမျိုး ကိုကြည့်ရာ တွင် အနီ ရောင် ၊ အပြာ ရောင် တို့ နှင့် စာ လျှင် အစိမ်းရောင် ကို နှစ်ဆ ပိုမြင်သည်။ ထို အချက် အရ Bayer array စနစ်တွင် Pixel တစ်ခု ကို ဖွဲ့စည်းရာ တွင် အစိမ်းရောင် သည် အောက်ပါ ပုံ တွင် ပြ ထားသကဲ့ သို့ အနီ နှင့် အပြာ တို့ ထက် နှစ်ဆ ကဲ ထားသည်။
 

 


သို့ ရာ တွင် Foven Sensor တွင်မူ အဓိက အရောင် သုံးမျိုး ကို Pixel တခု ခြင်းစီ အတွင်း သိမ်းထားသည်။
Pixal တစ်ခု တွင် အနီ၊ အစိမ်း၊ အပြာ တို့ ကို ကိုယ်စားပြုသည့် ကွန်ပြူ တာ ကိန်းစဉ် ( Three RGB numeric components ) တို့ နှင့် ဖွဲ့ စည်း ထားသည် ဟု အချို့ ကဆို စေကာမူ Bayer စနစ် တွင်မူ အစိမ်း ကို နှစ်ဆ ကဲ ထားသည် ( Four RGB numeric components ) ဖြင့် ဖွဲ့ စည်းထား သည် ဟု ဆိုပါသည်။
 
ထို့ ကြောင့် အထက်ပါ ဖွဲ့ စည်း မှု သဘော အရ Pixel တစ်ခု သည် Photosites (၃) ခု သို့ မဟုတ် (၄) ခု ဖြင့် ဖွဲ့ စည်း ထားသည် ဟုလည်း ဆိုနိုင်ပါသည်။
 
Sensor များသည် ထုတ်လုပ် သည့် ကုမ္မဏီ အလိုက် တည်ဆောက်မှု ကွဲပြား ပါသည်။ ထို့ကြောင့် Pixel ဖြစ်ပေါ် ဖန်တည်း မှု သည်လည်း အနည်း နှင့် အများ တူ ညီခြင်း မရှိပါ။  Pixel  များသည် Sensor ပေါ် ရှိ Photosite များ အတွင်းဝင်ရောက်သည့် Photon များကို Analog Signal မှ Digital Value အဖြစ်ပြောင်းလဲ ခြင်း ဟု ဆိုစေကာမူ Sensor တစ်ခု ပေါ်ရှိ Photosite အရေ အတွက် နှင့်  Image element – Pixel အရည် အတွက် သည် တူညီမှု မရှိပါ။ Sensor တစ်ခု တွင် Pixel အရည် အတွက်ထက် Photosite အရေ အတွက် က ပိုများလေ့ ရှိပါသည်။
 
Fuji DSLR များတွင် မူ Photosite အရေ အတွက်ထက် Pixel အရေ အတွက် က ပိုများသည် ဟု Photosite and Pixel ဆိုင်ရာ ဆွေးနွေး ချက် တစ်ခု တွင် ရေးသားထားသည်ကို ဖတ်ရှု ဘူးပါသည်။ သို့ သော် အဆိုပါ တင်ပြချက် ကို Fuji က Customer များကို အရူး လုပ် ခြင်းသာ ဖြစ်သည် ဟု တုန့် ပြန် ဝေဘန် မှု လည်း ရှိပါသည်။
 
Sensor Size and Pixel.
ယေဘူယျ အားဖြင့် Pixel များ လျှင် ပုံ ပို၍ ကြည်လင်ပြတ်သားပါသည်။ Pixel အနည်း အများပေါ် မူတည်၍ အရည် အသွေးမကျ ဆင်းစေဘဲပုံကို အကြီးချဲ့  နိုင်ပါသည်။  Pixel အရေ အတွက် တူလျှင်  Sensor အကြီးများ ဖြင့် ရိုက် သည့် ပုံသည် အသေးနှင့် ရိုက်သည့်ပုံ ထက် ပို၍ ကြည်လင် ပြတ်သားပါသည်။
 
အကြောင်းမှာ Sensor ကြီးပါက Photosite လည်းကြီး သည့်အတွက် Photon ကို ပို၍ လက်ခံ နိုင်ပါသည်။ ထို့ ကြောင့် Light Signal သည် Sensor အသေး ထက်များစွာ ပို ၍ အားကောင်းပါသည်။ Process သည်လည်း ပို၍ ကြည်လင် သန့် ရှင်းသည်။

၎င်း အပြင် Photosite တစ်ခု နှင့် တစ်ခု အကြားရှိ ဧရိယာ ( Empty Space ) သည် လည်း Sensor အသေး များကဲ့ သို့ ကျပ် အမေဘဲ နေရာ ကျယ် သည်။ ထို့ကြောင့်  Potential Well များ အတွင်း မှ အံ ထွက်လာသည့် Unwanted Electrical Charge  များသည် အခြားသော Photosite ၏ ကျင်း များအတွင်း သို့  အလွယ် တကူ ၀င်ရောက် နိုင်ခြင်း မရှိ သဖြင့် ညစ်နွမ်းမှု မရှိသည့်အတွက်   Noise များစွာနည်းသည်။ Light Siganal အားကောင်း သည့်အတွက် Immage Prodess ဖေါ်ဆောင် ရန် ကင်မရာ Firmware နှင့် Driving Engine တို့က ပံ့ ပိုးပေးရမှု လည်း နည်း သဖြင့် ပုံ သည် သန့် စင်သည်။
 
ထို့ ကြောင့် ကင်မရာ များတွင် ထိပ်တန်း စာရင်းဝင် တစ်ခု ဖြစ်သည့် Nikon က နောက်ဆုံး ထုတ် လိုက်သော တန်ဘိုးအာဖြင့် အမေရိကန် ဒေါ်လာ ခြောက်ထောင် ကျော် ခုနှစ် ထောင်ခန့် ရှိ သည့် Nikon D 4S Full Frame ကင်မရာ Sensor သည် Pixel အားဖြင့်  16.2 Megapixels သာရှိပါသည်။
 
 

Nikon D4S Camera


သာမန် Compact Camera များ၏ Pixels အရေ အတွက် မျှသာ ဖြစ်သည်။ Theory သဘောအရ ပြောရလျှင် D 4S ၏ ပုံထွက် သည် 16 MP Compact Camera ၏ ပုံ ၏ အရည် အသွေး မျှ သာ ရှိပြီး  Size အကြီး ချဲ့ ၍ မရ နိုင် ဟု ထင်ဘွယ်ရာ ရှိသည်။ သို့သော် အထက်တွင် ဖေါ် ပြထားသည့် Sensor Size နှင့် အဆင့်မြင့်သည့် Electrical Process, Firmware, Driving  Engine အချက်များကြောင့် D 4 ပုံ များ သည် ကြည်လင်ပြတ်သား၊ သန့် စင်ကာ ထိပ်တန်း ပုံ ကြီး များ ထုတ် နိုင်သည်။  ISO ကို409,600 အထိ တင်ကာ ရိုက် နိုင်သည် ဟု သိရသည်။

Sensorကြီးလာလျှင် Noise သက်သာသည်။ Sensor ကြီးလာပါက Photosite သည်လည်း ကြီးလာသည်။ ထို့ ကြောင့် အလင်းစုစည်း နိုင်စွမ်း သည်လည်း ကြီး လာသည်။ ၄င်းအပြင် Photosite များ ကြီး လာသည့် အတွက် Photosite များ ၏ တစ်ခု နှင့် တစ်ခု အကြားရှိ ဧရိယာ ( Space ) သည်လည်း ကြီးလာသည်။ ထို့ ကြောင့် အထက်တွင် ဖေါ် ပြ ထား သကဲ့ သို့  Potential well များ မှ လျှံ ကျ လာသော မလိုလားအပ်သည့် ညစ်နွမ်းမှု ကူးသန်းနိုင်ခြင်းလည်း အဖြစ်နည်းသည်။ Signal ၏ ပမာဏ များကာ Noise ဖြစ်ပေါ် မှု ပမာဏ နည်း သည့်အတွက် ထိုနှစ်ခု ၏ အချိုး ဖြစ် သော ( Signal to Noise Ratio ) ကြီး လာကာ Noise ဖြစ်ပေါ်မှုသည် Sensor အသေး များ နှင့် နှိုင်းယှဉ် လျှင် ပိုနည်း သွားသည်။
 
Sensor size သေးသေး ထဲသို့ pixels များစွာ ထည့်ခြင်းသည်လည်း Noise ကို ပိုထ စေသည်။ ဥပမာ 1/1.8 size Sensor သေးသေး လေး ထဲသို့ 6 Million Pixals ကို ပြွတ်သိတ် ထည့် ထား ခြင်းသည်  Photosite များ ၏ တစ်ခု နှင့် တစ်ခု အကြား ရှိ (Empty Space ) သည် များစွာ ကျဉ်း သွားကာ မလိုလားအပ်သည် လျှပ်စီးကြောင်း ( Electronic Parasites ) များ ထုတ်လွှတ် ပေးသည်။ ထိုအချိန် တွင် အလင်းတုန့် ပြန် နိုင်မှု အား လျှော့ လာကာ Noise တက် လာပါသည်။
 
ထို့ကြောင့် ကင်မရာ ငယ်များ အနေနှင့် Megapixels များသည် ဟု ဆိုတိုင်းလည်း ကောင်းသည်ဟု တွက်၍မရ။ အချို့သော ကင်မရာ ထုတ်လုပ် သူများက ၄င်းတို့ ၏ ကင်မရာ သည် သေးပင် သေးသော်လည်း Megapixels ဘယ်ရွေ့ ဘယ်မျှ များပြားကြောင်း ကြော်ငြာလေ့ ရှိသည်။ ဤ သည်မှာ ဈေးခေါ် ကောင်းအောင် လုပ်ခြင်း သာ ဖြစ်သည်ဟု ဝေဘန်မှု များရှိပါသည်။ Pixels ချဉ်းသာ မကြည့်ဘဲ Sensor Size ကိုလည်း ထည့် တွက်ရပေမည်။ သူ့ အိုး နှင့် သူ့ ဆန် တန်ရုံ အနေအထား သာလျှင် ကောင်းသည်။
 
သို့ သော်  နည်းပညာ သည် တစ်ဖြည်းဖြည်း တိုးတက်လာသည် အလျှောက် ကင်မရာ ၏ Firmware, processor Driving Engine တို့ သည်လည်း ယင်း ပြဿနာ ကို ဖြေရှင်းနိုင် သလောက် ဖြေ ရှင်း လာသည်ကို တွေ့ ရသည်။ သို့ သော် အဆိုပါ ကင်မရာ မျိုးသည် လောလာ ဆယ်ဆယ် အနေအထားတွင်မူ ဈေး အလွန်ကြီး ပေလိမ့်မည်။


Pixels များသော ကင်မရာ များသည် Full Frame ကဲ့သို့ Sensor Size ကြီးကာ Nikon ၏ Expeed-3 ကဲ့သို့  အလွန်မောင်းအား ( Processing) ကောင်းမွန်သည့်  Engein များ နှင့် မောင်းစေကာမူ ပုံ တစ်ပုံ ရိုက်ပြီးတိုင်း ပုံဖေါ်ရန် Signals များကို အချိန်ယူကာ  Prosess လုပ်ရ သဖြင့် အမြန်ရိုက်ရသည့် Frame Advance Rate တွင် များစွာ မြန် မြန် ရိုက်၍ မရပါ။ တနည်းအားဖြင့် အချိန် ယူရသည် ဟု ဆိုရပါမည်။


ဥပမာ အားဖြင့် Nikon D 800 သည် Effective Pixels 36.3 Million ရှိပါသည်။ Pixels များသဖြင့် ပုံ ပြတ်သားမှု အလွန်ကောင်းပါသည်။ သို့ သော် ၄င်း၏ အမြန်ရိုက် နိုင်သည့် Frame Advance Rate သည် တစ်စက္ကန့် လျှင် ပုံမှန် အားဖြင့် (၄)ပုံ၊ အများဆုံး (၅) ပုံသာ ဖြစ်ပါသည်။ အကြောင်းမှာ တစ်ပုံ ရိုက်ပြီးတိုင်း အဆိုပါ ပုံ အတွက် Pixel များစွာ သော ကို Process လုပ် ရန် အတွက် အချိန် ပေး ရသောကြောင့် ဟု အကြမ်း ဖျဉ်း ဆိုရပါမည်။


Nikon ၏ နောက်ဆုံးပေါ် D 4S ၏ Pixels သည် 16.2 Million သာ ရှိပါသည်။ Nikon ၏ နောက်ဆုံးပေါ် Expeed-4 engine  ဖြင့် မောင်းသော ကင်မရာ ဖြစ်ပါသည်။ ၄င်း၏ အမြန်ရိုက် နိုင်သည့် Frame Advance Rate သည် တစ်စက္ကန့် လျှင် (၁၁) ပုံ ရိုက်နိုင်ပါသည်။

မည်သည့် ကင်မရာ က ပို၍ကောင်းသည် ကို ယတိပြတ် ပြော ၍ မရပါ။ မိမိ မည် သည့် ပုံစံ မျိုး ရိုက် လိုသည်သာ အဓိက ဖြစ်ပါသည်။ ရှုခင်း ကဲ့သို့ Portrait ကဲ့သို့  အငြိမ်ပုံ များ ရိုက် ရာ တွင် D 800 သည် ပုံများ ပြတ်ပြတ် သားသား ပုံဖေါ် ပေးမည် ဖြစ်ကာ Crop လုပ်ရာ တွင် လည်း Pixel များများ ကျန် အေင် လုပ် ခွင့် ပေးပါ လိမ့် မည်။


အားကစားပွဲများ  နှင့် အလွန် မြန် မြန် ပျံနေသည့် ငှက် များ ကို ရိုက် သူအများစု သည် Frame Advace Rate မြန်သည့် D4 or D 4S ကဲ့သို့ သော ကင်မရာ များ ကို သုံး ကြ လေ့ ရှိ ပါသည်။  အဆိုပါ ဓါတ်ပုံ သမား များ သည်  Frame advancement မြန်သည် ကင်မရာ များ သုံးစေကာမူ လိုအပ်ပါက အငြိမ် ပုံများ Micro များရိုက်ရန် D 800 များ ဆောင်ထား သည် ကို လည်း တွေ့ ရပါသည်။
 
လူ၏မျက်လုံး အမှန်တကယ် မြင်နိုင်သည့် Pixels ။
35mm Film  အရွယ် ရှိသည့် Full Frame Sensor တစ်ခု အတွင်း ဆန့် နိုင်သည့်  Data Signal သည် သာမန် အားဖြင့် 30 MPခန့် ရှိသည်။ Pixel များ လေ Size ကြီးကြီး ချဲ့ ကာ Print လုပ် နိုင် လေ ၊ Crop များများ လုပ် နိုင်လေ ဆိုသည်မှာ Theory အရ မှန်သော်လည်း လူ တစ်ဦး ၏ မျက် လုံး အနေနှင့် လက်တစ်လှမ်း အကွာ မှ ကြည့်လျှင် အမှန် မြင်နိုင်သည့် အသေးစိတ် Pixel သည်  3 MP ခန့် သာရှိသည်။ ဆိုလိုသည်မှာ လူ မျက်စေ့ နှင့် ကြည့် မည့် ပုံ အတွက် Pixels များစွာ မလိုလှ ဟု ဆိုလို ရင်း ဖြစ်ပါသည်။
 
___________________________________
 
 
 

 
 
 

No comments:

Post a Comment