Sunday 4 May 2014

Bird in Flight Shooting



(69) – Bird in Flight Shooting                            ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၆၉)

 

အားမစိုက် ဘဲ ရလိုက်သည့် ငှက် ပုံ ကလေး။

 

By  Soe Hlaing

 

အခု တစ်လော ကျွန်တော် တို့  ငှက်ရိုက် ကြသည့် နည်း မှာ Kingfisher ရေထဲ ဒိုက်ဗင် ထိုးကာ ငါး ဖမ်းသည် ကို ရိုက်သည့် Focus Tracking မျိုး မဟုတ်ဘဲ။ သီးခြား ဘာသာ ရပ် တစ်ခု ဖြစ်သည့် သစ်ခေါင်း ပေါက် အသိုက် ( Nest)  ထဲ သို့ အ၀င် အထွက် လုပ်နေသည့် Copper Smith Barbet သစ်တောက်ငှက် ၏ အသိုက် အ၀င်အထွက်ကို ရိုက်ကြခြင်း ဖြစ်ပါသည်။ လေ့ကျင့် သည်ဟု လည်း ဆိုနိုင်ပါသည်။
 
 

Copper Smith Barbet  ပျံသန်း သည်ကို စောင့် ရိုက်နေကြသူများ။

 

 


Copper Smith Barbet  ပျံသန်း သည်ကို စောင့် ရိုက်နေကြသူများ။

 

 
 
Copper Smith Barbet  ပျံသန်း သည်ကို စောင့် ရိုက်နေကြသူများ။

 
ဤနည်း မှာ Focus Tracking နည်း မဟုတ်ဘဲ မိမိ ရိုက်လိုသည့် နေရာ တစ်နေရာ ထည်း သော Target ကိုသာ တစ်ခါတည်း Focus  အသေ ဖြတ် ထားကာ ရိုက်သည့်  Manual  Fixed Focusing နည်း ဖြစ်သည်။  Focus ယူထားသည့် Plain တစ်လျှောက် ငှက် ပျံ နေပါက Focus ပြတ် မည် ဖြစ်ပြီး အဆိုပါ Plain မှ နေ၍ ရှေ့သို့ မဟုတ်  နောက် သို့ အနည်းငယ် ရောက် သွား ပါမူ ပြတ်သား မှု လျှော့ သွားတတ်သည်။ မည်သို့ မျှ မတတ် နိုင် အလွန် မြန်သည့် Moving Subject ကို ဧရိယာ ကျဉ်းကျဉ်း တွင် ဖမ်းရသဖြင့် ငှက် ဓါတ်ပုံ ဆရာ ၀ါရင့် များက သည်နည်း ကိုဘဲ သုံးကြရ သည်။
 
ထို့ကြောင့် Frame Advance  Rate  မြန်သည့် ကင်မရာ များ ဖြင့် ရိုက်ကြရသည်။ အနည်း ဆုံး တစ်စက္ကန့် လျှင် 9-Frame မျှလောက် နှင့် ရိုက် သင့် သည့် ရိုက်နည်းဖြစ်သည်။ အများစုမှာ 11-Frame မျှလောက်နှင့် ရိုက်ကြသည်။ ထို့ ထက် နည်းသည့် Frame Advance Rate  နှင့် ရိုက် လျှင်ရော မဖြစ် ဘူးလား ဟုမေးရန် ရှိပါသည်။ ရိုက် လိုက ရိုက်နိုင် ပါသည်။ သို့ ရာ တွင် ပုံ မိရန် Chance နည်း လိမ့်မည်။ တစ်ခါ တစ်ရံ  ကံကောင်း လျှင် တစ်ပုံ တစ်လေ မိ နိုင်မည်။ မိသော်လည်း ပုံကောင်း ခြင်မှ ကောင်းပေ လိမ့်မည်။ ကံ အလွန် ကောင်း လျှင် ပုံကောင်းလေး တစ်ပုံ တစ်လေ ရ နိုင်သည်။ Frame Advance  Rate   မြန်သည် ကင်မရာ များမှာ မူ Shutter Release Button ကိုတစ်ချက် နှိပ်ထားရုံ မျှ နှင့် ပုံ (၃) ပုံ မှ (၅) ပုံ အထိ ရနိုင်သည်။ Frequency of Wings movement  အရ ထိုအထဲ တွင် ပုံကောင်း တစ်ပုံ နှစ်ပုံ အမြဲ ပါလေ့ ရှိသည်။
 
အချို့ က လည်း ကင်မရာ ၏ Frame Advance Rate နှေး စေကာမူ Pixels များသည့် ကင်မရာ များ နှင့် ခတ်လှမ်းလှမ်း ကနေ ပုံသေးသေး ရိုက်ကာ ပြန် Crop လုပ်ကြ သူ များလည်း ရှိသည်။  ရှိသော်လည်း အတော် နည်းသည်။ တစ်ခါ တစ်ရံ မှသာ လျှင် တစ်ယောက် စ နှစ်ယောက် စ လောက် သာ တွေ့ ရ တတ်သည်။  Frame Advance Rate နည်းသဖြင့် ပုံ မိ ရန် ခက်သည်။ ထို့ကြောင့် ခတ်လှမ်းလှမ်း ကနေ  ရိုက်ကြသည်။  အဝေး မှ ရိုက်သဖြင့် Frame အတွင်း ငှက် ပျံ သည့် ဧရိယာကျယ် သောကြောင့် ပုံ မိ ဘို့ အခွင့်အရေး များသည်။ ပြီး မှ ပုံအသေး ကို အကြီးဖြစ်လာစေရန် ပြန် Crop လုပ်ကြသည်။ အများစုကတော့ Focal Length ရှည် သော Lens ကြီးကြီး များဖြင့် Frame ပြည့် နိုင်သမျှ ပုံကြီးကြီး ကို  Frame Advance Rate မြန်မြန် ဖြင့် တစ်ခါ တည်း ရိုက်ကြသည်။
 
 
Kingfisher ရေထဲ ဒိုက်ဗင် ထိုးကာ ငါး ဖမ်းသည် ကို ရိုက်သည့် Focus Tracking မျိုး မှာမူ ကင်မရာ Firmware က သူ့ အလို လို လိုက် ကာ Focus လုပ်ခြင်း ဖြစ်၍ ထိန်း ၍မရ။ ငှက် က ရေထဲ ထိုးဆင်း လိုက်သဖြင့် ရေ များ ပန်းတက်လာ သော အချိန်တွင် ကင်မရာ နှင့် အနီးဆုံး ရေ စက်များ ကို ကင်မရာက  Focus ယူလိုက် ပါက ယင်းနောက် တွင်ရှိနေသော Main Subject ဖြစ်သည့် Kingfisher မှာ ပြတ်သား မှု လျှော့ သွား သည်မျိုးလည်း ရှိသည်။ သည်လို ဖြစ်၍ ဘာမှ လည်း မတတ် နိုင်။ ကံ အကြောင်း တရား ကြံ တစ်ချောင်း နှစ်ပြားပါဘဲ။
Copper Smith Barbet သည် ကြက်ဥ ကြီးကြီး တစ်လုံးလောက် သာရှိပြီး သစ်ခေါင်းပေါက် အသိုက် မှ ထွက်သည့် အချိန် တွင် ပျံသည့် အလျှင် သည် အလွန် မြန်လွန် သည်။ အကြမ်း အားဖြင့် သုံးပေ ခန့် အကွာ အဝေးကို ( 0.2 Sec ) ခန့် ဖြင့် ပျံ ထွက်သည်။
 
Copper Smith Barbet သစ်ခေါင်းဖေါက်ကာ အသိုက် လုပ်နေစဉ်။
 
 
 
Copper Smith Barbet   ငှက် သိုက် သစ်ခေါင်းပေါက်။ နှုတ်သီး ဖြင့် ထိုးဆိတ်ကာ ဖေါက်ထားခြင်း ဖြစ်သည်။
 
 
မည်သည့် အချိန် အသိုက် အတွင်း မှ ပျံ ထွက် မည် ကို မသိ သဖြင့် သစ်ခေါင်း ပေါက်မှ ခေါင်းပြူ သည်နှင့် မပျံ မှီ တစ်စက္ကန့် လျှင် ( Frame advance Rate  ) ၉ ပုံ ၁၀  ပုံ ခန့် ဖြင့် ကြို ရိုက်ကြရသည်။ ခေါင်း သာ ပြူ ထွက်ပြ ပြီး  အထဲသို့ ပြန်ဝင် သွားသည် အကြိမ် ပေါင်း ကလည်း မနည်းလှ။ ထို့ ကြောင့် ပုံ ကောင်းကောင်း ရရန် အလွန့် အလွန် ခက်ခဲ သည်။ လွတ်သွားသည်က များသည်။
 
သစ်ခေါင်း မှ ခေါင်းပြူ ထွက် နေစဉ်။
 
အလွန်မြန်ဆန် စွာ Shutter ဖွင့် ပေးရသည့် အတွက် လက်ဖြင့် Shutter Release မလုပ်ကြဘဲ Remote Control ( With Cord or Cordless ) ဖြင့် Shutter ကို  Release လုပ်ကြ ရသည်။ ကင်မရာ လည်း ငြိမ်သည်။  Remote Control ဖြင့် Shutter Release လုပ်ခြင်း သည် လက်ဖြင့် ခလုပ် ကိုဖိကာ နှိပ်သည် ထက်  Shutter ပို၍ မြန်စွာ ပွင့်သည်။
 အသိုက်သို့ ပြန် ၀င်ရာ တွင် မူ နည်း နှစ်မျိုး ဖြင့် ပြန် ၀င်သည်။ တစ်နည်း မှာ အဝေး မှ တိုက်ရိုက် တစ်ရှိန် ထိုး အသိုက် အတွင်း သို့  ပြန်ဝင်ပြီး အခြားး တစ်နည်း မှာ အသိုက် ရှိသည့် အပင်၏ အကိုင်း တစ်ခုခု ပေါ် တွင် ခေတ္တ နား ကာ ထို မှ တစ်ဆင့် ပြန်ဝင်သည့် နည်း ဖြစ်သည်။
 


ပုံ စံ မလှသော အသိုက် မှထွက်သည့် ပုံ။
 
 
 
ပုံ စံ လှ သည် ဟု ဆို နိုင်သော အသိုက် မှထွက်သည့် ပုံ။
 
 
ပထမ အသိုက်ဝင် သည့် နည်း မှာ မည်သည့် အချိန် မည်သည့် နေရာ မှ ၀င် လာမည် မသိ ၊ ပျံ လာရာ တွင် လည်း ကျည်ဆန် ပစ်လိုက်သကဲ့သို့ ပျံ ကာ ၀င်လာ ၍ ရိုက်ရ ခက်သည်။ သို့ သော် အသိုက် ၀င်ခါ နီး တွင် အရှိန် အနည်းငယ် လျှော့ လိုက်ရသဖြင့် အသိုက်မှ အထွက် လောက်တော့ အခြေ အနေ မဆိုးလှ။
 
ပုံ စံ မလှသော အသိုက်  သို့ ပြန် ၀င်သည့် ပုံ။
 
 
ပုံ စံ လှ သည် ဟု ဆို နိုင်သော အသိုက် သို့ ပြန်ဝင် သည့် ပုံ။
 
 
နောက်ခံ နေရောင် ဖြင့် လှပ နေသည့် အသိုက်ပြန်ဝင်နေသည့် ပုံ။
 
 
အကိုင်း တစ်ကိုင်းကိုင်း ပေါ် တွင် ခဏ မျှ နား နေရာ မှ တစ်ဆင့် အသိုက် ပြန်ဝင်သည့် အချိန်မျိုး မှာမူ အထက် က နည်း များထက် ရှူ သာ ရှိုက်သာ ရှိသည်။ ရိုက်ရ ပို လွယ်သည်။


 
တစ်ချိန်တွင် ငှက် အပြင်ထွက်သွားချိန် ၌ ကျွန်တော် က ဒီငှက် အဝေးကြီး ပျံ သွားတာ မြင်လိုက်တော့ တော်တော် နဲ့  တော့ ပြန်လာဦးမှာ မဟုတ်ဘူး ဆိုကာ မျက်စဉ်း ခပ် နေသည် ။
ထိုအချိန် တွင် တရုတ် ဘာသာ ဖြင့် “ လာပြီ…လာပြီ “  ဟု အော် သံတွေ ကြား လိုက်ရသည်။ ဘယ်နေရာ ဘယ် လို ကွေ့  ပတ်ကာ ရောက်လာ လေ သလဲ မသိ။ ထို အချိန်ကျမှ တော့ ဘာမ လုပ်ချိန်မရ။ ငှက်က စက္ကန့် ၀က် အတွင်း အသိုက် အတွင်း သို့  ရောက်သွား မည် ဖြစ်သည်။ ငှက် အသိုက်အ၀င် သည့်အချိန် ဖြစ်၍  ဓါတ်ပုံသမား များ အတွက် အလွန် ကောင်း မွန်သည့် အခွင့်အရေး ဖြစ်သည်။ ကျွန်တော် ထို ရတောင့် ရခဲ ထို အခွင့်အရေး လက်လွတ် သွားပြီ ဟု အသိဝင် လိုက်ပါသည်။
 ကျွန်တော် ကြက်သေသေ နေစဉ် မည်သည့် ခလုပ် မှ မနှိပ် ရပါဘဲ ကျွန်တော့် ကင်မရာ သည် သူ့ အလို အလျှောက် တစ်ချပ်ချပ် ဖြင့် ၁၀ ကြိမ်လောက် ရိုက်နေပါသည်။ ကျွန်တော် အတော် အံ့သြ သွားသည်။ ခလေး စကားပြော ရလျှင် သရဲ ခြောက် သလို ဖြစ်နေသည်။ ၀မ်းလည်း သာသွားသည်။
ဝမ်းသာ သည်က ဘယ်လို ဘဲ ဖြစ်ဖြစ် ငှက်ပုံတော့ မိ လိုက် မှာ သေခြာ သည် ကိုသိ ၍ ဖြစ် သည်။ ပြန်စစ် ကြည့် တော့ တောင်ပံ ဖြန့် လျှက်သား ပုံ ကောင်း လေး တစ်ပုံ ၀င် နေသည် ကို တွေ့ လိုက်ရသည်။
 
 
အား မစိုက် ဘဲ ရ လိုက်သော လှပသော ပုံစံ ဟု ဆိုနိုင်သည့် ငှက် ပုံ။
 
ပုံ ရတိုင်း လည်း ပုံကောင်း မဖြစ် တတ်။ အထက် တွင် ဖေါ်ပြထားသကဲ့ သို့ အချို့ ပုံ များသည် တောင်ပံ အနေအထားမလှ သဖြင့် ပုံ ရလိုက်သော် ငြား အသုံး မတည့် သည်များ လည်း ရှိသည်။
နောက် တော့ မှ Remote Control  Frequency ခြင်း တူ နေသည့် သူ တစ်ယောက် က သူ၏ သူ့ ကင်မရာ ရိုက်ရန်တွက်  Trigger ကို နှိပ်လိုက်သဖြင့် ကိုယ့် ကင်မရာ ပါ  Activate ဖြစ်သွားပုံ ရသည် ဟု အတွေးဝင်လာ သည်။
သို့ နှင့်-
“ ကျွန်တော် ကင်မရာ တော့ ခလုပ် မနှိပ်ဘဲ ရိုက်နေ တယ် ဗျာ ၊ ဘယ်သူ့  Remote  Frequency နဲ့  တူနေသလဲ မသိဘူး “   လို့  ပြော လိုက်တော့ ကျွန်တော် နောက် က မိတ်ဆွေ တစ်ဦးက အနားလာကာ-
“ ခင်ဗျား Remote Control ရဲ့  Trigger လေး ကြည့် ပါရစေ “  ပြောပါသည်။
ကျွန်တော် က ကျွန်တော့် Remote Control ရဲ့  Trigger ကိုပြလိုက်တော့ သူလည်း မျက်လုံး ပြူးသွားပြီး “ ကျွန်တော် Trigger နဲ့  အတူတူ ဘဲ ဗျ “ ဟု ဆိုကာ သူ့ Remote Control Trigger ကိုပြပါတော့ သည်။ ကင်မရာ တွင် တပ် ထားသည့် Signal Receiver ခြင်း လည်း အတူတူ ပင် ဖြစ်သည်။
သူက “  ခင်ဗျား ရိုက်ကြည့် စမ်း ပါ ”  ပြော တော့ ရိုက်ကြည့် ရာ သူ့ ကင်မရာ ဓါတ်ပုံ ရိုက်နေပါသည်။
ထိုတွင် မှ သူက “  ဟာ…. မဖြစ်ဘူး Frequency ပြောင်းမှ “   ဟု ဆိုကာ သူ့ Remote Control ၏ Frequency ကို ပြောင်း လိုက်ပါသည်။
ကျွန်တော် က ဤ ကဲ့ သို့  Wireless Remote ကို ကိုင်တာ မကြာသေးကြောင်း ပြော ပါသည်။  သူက မူ ထိုအရာ များသုံးနေသည် မှာ ကြာ ပြီ ဖြစ်သဖြင့် အဆိုပါ Remote Control ၏ အားနည်း ချက် အားသာ ချက် များ  နှင့် Channel အလိုက် သတိထားမည့် အချက် များ ကို ရှင်းပြပါသည်။
ကျွန်တော် ပညာ လည်း ရ လိုက်ပါသည်။  ခက်ရာ ခက် ဆစ် စောင့် ဆိုင်း ရိုက်ကူး ရ သည့် ပုံ လေး လည်း လက်လွတ်တော့ မလို ဖြစ်ရာက  ကံကောင်းထောက်မစွာ ရ လိုက်ပါသည်
-----------------------
 
 
 
 
 
 
 
 

 
 
 
 
 
 
 
 
 

 
 
 
 

 

1 comment:

  1. ဓါတ်ပုံပညာအပြင် ကင်မရာပညာပါ အဆစ်ရလိုက်လို့ ထပ်ဆင့်ထပ်ဆင့် ကျေးဇူးပါဆရာ

    ReplyDelete