Thursday 24 July 2014

Tamron 150-600 mm




(72) –Tamron 150-600 mm                 ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၂)

 

 

Wildlife ရိုက် ရန် အတွက် အဖိုးနည်း ၀န်ပါ Long Telephoto Lens တစ်လုံး

( Tamron SP 150-600mm Di VC USD Ultra-Zoom Lens )

 

 

စကားဦး။

Wildflife Photography သည် လူ သူ နှင့် အနေ စိမ်းသည့် ငှက် အပါအ၀င် တောတွင်း တရိစ္ဆာန် များကို ရိုက် သည့် ဘာသာ ရပ် ဖြစ်သောကြောင့် အဝေးမှ ပင် ပုံ ကြီး နိုင်သမျှ ကြီးကြီး ရ ရန် ရိုက်ကြရပါသည်။ သို့  နှင့် အားကောင်းသည် Focal Length ရှည် ရှည် Long Telephoto Lens များ လိုအပ် ပါသည်။

Wildlife ကို တကယ် လေးလေး နက်နက် ရိုက် ကြသည့် ဓါတ်ပုံ ၀ါသနာ ရှင် များရော Professional များပါ အများစု သည် 600mm Long Tele ကို သုံး ကြ သည်။ အချို့ ဆိုလျှင် အဆိုပါ Lens ကိုပင် 1.4 X Teleconverter ထပ် ခံ ကာ သုံးကြသည် ကို တွေ့ ရပါသည်။

Nikon, Canon ကဲ့ သို့ နံမည်ကြီး ကင်မရာ ကုမ္ဖဏီ များက ထုတ်လုပ်သည့် အဆိုပါ 600mm Long Tele Lens များ ၏ ဈေးသည် တော်ရုံ တန်ရုံ ၀ါသနာ ရှင် များ အနား ကပ်ရန် ခက် သည့် ဈေး နှုန်း များ ဖြစ်ကြပါသည်။

Nikon 600mm, f-4 GED VR Lens တစ်လုံး၏ စင်ကာပူ Nikon မှ ဖေါ်ပြထားသော ဈေးသည် S$ 14,672-00 ဖြစ်သည်ကို တွေ့ ရပါသည်။ အလား တူ ကင်မရာ ဆိုင် အချို့ က ရောင်း ချသည့် Canon EF 600mm, f-4L IS II USM lens တစ်လုံး၏ ဈေးသည် S$ 14,893-14 ဖြစ်သည်ကို တွေ့ ရှိရသည်။ ဓါတ်ပုံ မှ ငွေပြန်ဝင်သည့် လုပ်ငန်း လုပ် နေသူ များ အတွက် အရင်း အနှီး ကြီး တစ်ခု အဖြစ် ရင်း နှီး ကြ စေကာ မူ သာမန် ၀ါသနာရှင် များ အတွက် မူ ၀ယ်ရန် အတော် မလွယ် သည့် ဈေး နှုန်း ဖြစ်ပါသည်။

ဟခု Tamron က ထုတ် လုပ် လိုက်သည့် Tamron SP 150-600mm Di VC USD Ultra-Zoom Lens သည် စင်ကာ ပူ ဒေါ် လာ ၁၇၀၀/- သာ ဖြစ် ပါသည်။ Original Lens များ ၏ဈေး နှုန်း နှင့် နှိုင်းစာ လျှင် ဆယ်ပုံ တစ်ပုံ ခန့် သာရှိပါသည်။ ဈေးနှုန်း က သာလျှင် 1/10 ခန့် သက်သာစေကာ မူ ပုံ ထွက် အရည် အသွေး မှာ မူ  Original Lens များ၏ ပုံ ထွက် အရည် အသွေး ထက် (၁၀) ဆ ခန့် လျှော့  မသွား နိုင် သည် က တော့ ကြိမ်းသေပါသည်။ အဆိုပါ Lens ထွက် နေပြီ ဖြစ်ကြောင်း ကို သြစတြေးလျှ နိုင်ငံ ကင်ဘာရာ မြို့ တွင် နေထိုင် လျှက်ရှိသည့် သား ဖြစ်သူ ကျော်ကျော် စိုးလှိုင် ပြောမှ သိရခြင်း ဖြစ်ပါ သည်။

Original Lens များ သည် ယခု ပေါ် လာသည့် Tamron Lens ကဲ့ သို့ Third Party Lens ထက်  အားသာ ချက် များ စွာ ရှိသည့် အနက် အဓိက အချက် တစ်ချက် မှာ Focusing အလွန် မြန် ခြင်း ပင် ဖြစ်ပါသည်။ အလွန် လျှင်မြန် စွာ ပျံနေသည့် ငျက်များကို Focus ဖမ်းရာ တွင် Focusing မြန်သည့် Lens သည် ကြည် လင် ပြတ်သားသည့် ပုံကောင်း များများ ရနိုင်သည်။

ဤ မှတ်စု ကိုရေး ရာ တွင် အဆိုပါ Lens နှင့်ပတ်သက်၍ ဝေဘန်သုံး သပ်ချက် ဆောင်း ပါး များစွာ ကို ဖတ်ကာ ယင်းသုံး သပ် ချက်များ အား ဆီလျှော်သကဲ့ သို့ ဘာသာပြန် ကာ  ပေါင်းစပ် ရေးသား ထား ခြင်း ဖြစ်ပါသည်။

 

Tamron SP 150-600mm
 
 
 
 


Tamron SP 150-600mm Di VC USD Ultra-Zoom Lens.

 

အဆိုပါ Super Telephoto Lens ကို Tamron က နောက်ဆုံး ထုတ် ခဲ့သည့် 200-500mm f/5-6.3 Di VC USD ကို အစား ထိုး ထုတ်လိုက်ခြင်း ဖြစ်သည်။ ထုတ် လိုက်သည် မှာ လ ပိုင်း ခန့် သာ ရှိ သေးသည်။ Canon, Nikon , Sony ကင်မရာ မျာ အတွက် ထုတ်သည် ဆိုစေကာမူ Canon  အတွက် စ ထုတ် ခဲ့ပြီး ယခု အချိန် မှသာ Nikon အတွက် ထုတ် ခြင်း ဖြစ်သည်။

လူ ကြိုက် များလှသည့် အတွက် Pre-Order များ ဖြင့် အလု အယက် ၀ယ်ကြ သောကြောင့် ထို Lens ရ ရန် အတော် စောင့် ကြရသည်။

အကြောင်း မှာ Focal Length 600mm ကို ဈေး အတော် သက်သာစွာ ရ သည့်အတွက် Wildlife Photographers များ အလု အယက် ၀ယ် ကြ ခြင်း ဖြစ်သည်။

Lens အရွယ် သည် များ စွာ မကြီး သည့် အတွက် APS-C ကင်မရာ များ တွင် တပ် ၍ အဆင်ပြေသည်။ APS-C တွင် တပ်လိုက်ပါက Canon ဆိုလျှင် Focla Length 240-960 ( Canon Crop Factore= 1.6) ဖြစ် လာပြီး Nikon ဆိုလျှင် Focla Length 225-900 ( Nikon Crop Factore= 1.5) ရှိလာ မည် ဖြစ် သဖြင့် Wildlife and Sport ရိုက် ရန် များစွာ အားသာ မှု ရှိသော Lens ဖြစ်သည်။

 

Tamron 150-600/5-6.3 DI VC USD Specifications

အဆို ပါ Lens သည် (၄) ပေါင် ခန့် လေးသည်။ Lens တည်ဆောက် ထား မှု မှာ အောက်  အတိုင်း ဖြစ်ပါသည် -

Focal Length
150-600mm
Maximum Aperture
F/5-6.3
Minimum Aperture
F/32-40
Angle of view (diagonal)
16°25’ – 4°8’ (full frame)
10°38’ – 2°40’ (APS-C)
Lens Construction
20 elements in 13 groups
Minimum Focus Distance
106.3 in (2.7m)
Maximum Magnification Ratio
1:5
Filter Size
95mm
Maximum Diameter
105.6mm
Length
10.1 in (257.8mm)
Weight
68.8 oz (1,951 g)
No. of Diaphragm Blades
9 (circular diaphragm)
Standard Accessories
Lens hood, detachable tripod mount
Compatible Mounts
Canon, Nikon, Sony

 
 
ကင်မရာ တွင် တပ်ဆင်ထားပုံ။
 
 
 
Performance
Tamron 150-600 Lens ကို Canon 5D Mark II နှင့် စမ်း ရိုက်ကြည့်ရာ အတော် ကောင်း သော Lens ဖြစ်သည် ကို တွေ့ ရှိရသည်။ Focusing နှေး မည် ဟု ထင် သော်လည်း လက်တွေ့ တွင် Tamron ၏ Ultrasonic Silent Drive motor သည် Canon, Nikon တို့ ၏ အမြင့် တန်း Lens များနှင့် ယှဉ် နိုင်သည် ကို တွေ့ ရသည်။သို့ ရာ တွင် အချို့ သော ဝေ ဘန် ရေး ဆောင်း ပါး တစ်ခု တွင်မူ Tamron 150-600/5-6.3 သည် Tele Zoom ၏ အစ ဖြစ်သော Focal Length 150mm တွင်  Aperture  f-5 ဖြင့် ရိုက်ခြင်း Tele Zoom ၏ အဆုံး ဖြစ်သော Focal Length 600mm တွင်  Aperture  f-6.3  ဖြင့် ရိုက်ခြင်း တို့ တွင် Focusing များစွာ မမြန် လှ ဟု ရေးသား ထားသည် ကို တွေ့ ရသည်။ မှန်ပါသည် Canon, Nikon Original Prime 600mm Lens, f-4 ၏ Focusing အမြန် နှုန်း ကို တော့ မည်သို့ မှ မှီ နိုင်မည် မဟုတ်ပါ။
Lens ၏ Barrel အတွင်း လှုပ် ရှား မှု သည် များစွာ ညက်ညော ကာ အသံ မထွက် သလောက်ပင် ဖြစ်ပါသည်။ Focal Point ကို ဖမ်းရာ တွင် အတော်မြန်သည်။
 
ISO 1250 | 600mm | f/6.3 | 1/160 sec. | Handheld with VC on
 
 
အငြိမ် ပုံ များ ရိုက်ရာ တွင် ပြတ်သားသည်။ သို့ သော် လှုပ် ရှားသည့် ပုံ များကို ရိုက် ရာ ၀ါး ခြင် သလို လို ရှိသည်။ အကြာင်း မှာ Tele ၏အဆုံးတွင် ရှိ Aperture သည် f-6.3 အထိ သာ ဖွင့် နိုင် သဖြင့် သာမန် Setting အားဖြင့် Shutter Speed နှေးလာ သော ကြောင့် ဖြစ်သည်။ သို့ ရာ တွင် ခေတ်ပေါ်ကင်မရာ များသည် ISO အတော် မြင့်မြင့် တင်ကာ ရိုက် နိုင်သည့် အတွက် ISO ကို တင်ကာ Shutter Speed ကို တင် လိုက်ခြင်းဖြင့် ဤ ပြဿ နာ ကို ဖြေရှင်း နိုင်သည်။
 
VC ( Vibration Compensation )
 
Hand Held ရိုက်ရာ တွင် ပုံ ကြည် လင်ပြတ်သား မှု သည် Focal Length 150mm နှင့် 300mm အကြား တွင် များစွာ ပြတ်သားသည် ကိုတွေ့ ရသည်။ Focal Length 500mm နှင့် 600mm အကြား တွင်မူ ပြတ်သား မှု အတန်ငယ် လျှော့ လာသည်ကို တွေ့ ရသည်။ သို့ သော် Focal Length 500mm နှင့် 600mm အကြား ၌ Tri Pod နှင့် ရိုက်ပါမူ ပြတ်သား မှု ရှိသည်။
 
ISO 500 | 600mm | f/6.3 | 1/250 sec. | Handheld with VC on
 
 
ISO 250 | 600mm | f/7.1 | 1/320 sec. | Handheld with VC on
 
 
 
 
( Left) ISO 125 | 600mm | f/10 | 1/100 sec. | Handheld with VC on
( Right ) ISO 125 | 150mm | f/10 | 1/100 sec. | Hand-held with VC on
 
 
 
ISO 125 | 600mm | f/10 | 1/320 sec. | Handheld with VC on
 
 
 
 
ပုံ များကို ကွန်ပြူ တာပေါ် တင်ကြည့် ရာ တွင် Corner to Corner ပြတ်သား သည် ကို တွေ့ ရသည်။ Colour မှာ မှုန် မှိုင်း နေသည့် ဆောင်း ကာ လ မှာပင် တောက်ပနေသည်။ ထို့ ကြောင့် တောက်ပသည့် သစ်ပင် နှင့် ပန်း များ ငှက်များ ရိုက်ရန် များစါာ သင့် လျှော်သော Lens ဖြစ်သည်။
 
 
 
ISO 500 | 600mm | f/6.3 | 1/400 sec. | Handheld with VC on
 
 
Focal Length ရှည်သော  Lens တိုင်း သည် Focal Length ရှည် လာသည် နှင့်အမျှ ပုံ ရိပ် တုန်လှုပ် မှု ရှိလာသည် မှာ ဖြစ်နေကြ ဓမ္မတာ ပင် ဖြစ်သည်။ သို့ သော် Tamron ၏ တုန်လှုပ် မှု ကို ထိန်းပေးသည် VC ( Vibration Compensation ) စနစ် သည် အတော် ကောင်းသည် ကို တွေ့ ရသည်။ Focal Length 150mm မှ 600mm အထိ လက်နှင့် ကိုင် ရိုက်နိုင်သည့်  VC ( Vibration Compensation ) စနစ် သည် အတော် ကောင်းသည် အတော် ကောင်းသည် ဟု ဆိုရပါမည်။
Lens ၏ Sweet Spot Aperture များ မှာ f-8 and f-10 အကြား ဖြစ်သည်။ အဆိုပါ Aperture များ အကြား တွင် ရိုက်သည့် ပုံ များသည် အခြားသော Aperture နှင့် ရိုက် သည့် ပုံ များ ထက် ပုံ ထွက် ပို၍ ပြတ်သား သည် ကို တွေ့ ရသည်။
 
နမူနာ ( အငြိမ် ) ပုံ များ ။
 
 
 
 
1/640 sec, f/6.3 ISO 640
 
 
 
 
1/1000 sec, f/6.3 ISO 200
 
 
 
 
1/1250 sec, f/6.3 ISO 100
 
 
 
Action Shots များ ရိုက်ကူးခြင်း။
Long Tele များသည် အဝေး ရှိ Subject များကို ရိုက်သည်သာ မက ပြေးလွှား လှုပ်ရှား ပျံသန်း နေသည့် Subject များကိုလည်း ရိုက် သည့် Lens ဖြစ်သည်။ တစ်ခါ တစ်ရံ မောင်း နေသည့် ကား ပြူ တင်း ပေါက် မှ Lens ကို ထုတ်ကာ ရိုက်ရ သည် မျိုး လည်း ရှိသည်။
အောက်တွင် ပြထားသည့် ပုံ များ မှာ Tamron 150-600mm ဖြင့် ရိုက်ထားသည့် နမူ နာ ပုံ များဖြစ် သည်။ Exif Data များ အပြည့် အစုံ ဖေါ် ပြထားသဖြင့် အသေးစိတ် ရှင်းရန် မလို တော့ ဟု ယူဆပါသည်။
 
 
Exif Data:
600mm Hand Held-1/250 Sec
, F/11, ISO 1250, AI Servo Focus, Aperture Priority, Evaluative Metering
အထက်ပါပုံကို SUV ကား၏ နောက်ခုံ တွင် ထိုင်၍ ကားပြူ တင်း ပေါင်မှ Lens ထုတ် ကာရိုက် ထားသည့် ပုံ ဖြစ်သည်။
 
 
 
 
 
 
Exif Data:
600mm Hand Held
, 1/3200, F/6.3, ISO 640, AI Servo Focus, Aperture Priority, Evaluative Metering
အထက်ပါ ပုံကို Florida's Everglades National Park အတွင် Airboat ကို ငှက် နှင့် အပြိုင် စီးကာ ရိုက် ခဲ့ ခြင်း ဖြစ်သည်။
 
 
 
 
 
 
Exif Data for image:
Camera maker: Canon,Camera Model: Canon EOS-1D Mark IV,F-Stop: F8, Exposure Time: 1/800 sec, ISO Speed: ISO – 400
, Exposure Bias: 0 Step, Focal Length: 309mm, Metering Mode: Pattern, AF Mode: Ai Servo, AF Point Mode: Center Weighted , Burst Mode: Hi Speed Continuous (10 FPS)
 
 
 

 
Exif Data for image:
Camera maker: Canon
Camera Model: Canon EOS-1D Mark IV, F-Stop: F/6.3, Exposure Time: 1/6400sec, ISO Speed: ISO – 640, Focal Length: 600mm, Metering Mode: Evaluative, AF Mode: Ai Servo
 
 
 
 
 
Exif Data for image:
Camera maker: Canon, Camera Model: Canon EOS-1D Mark IV, F-Stop: F/5.6, Exposure Time: 1/2000sec, Exposure Program: Shutter Priority, ISO Speed: ISO – 250, Focal Length: 256mm, Metering Mode: Evaluative, AF Mode: Ai Servo
 
 
 
 
 
 
Exif Data for image:, Camera maker: Canon, Camera Model: Canon EOS-7D, F-Stop: F/8, Exposure Time: 1/3200sec, Exposure Program: Shutter Priority, ISO Speed: ISO – 800, Focal Length: 500mm, Metering Mode: Spot,AF Mode: Ai Servo,Burst Mode: Hi Speed Continuous Drive
အထက်ပါ ငှက် အား Tracking ရိုက်ရာ တွင် Ball Head Tri Pod ဖြင့် Panning ရိုက်ခဲ့ခြင်း ဖြစ်သည်။
 
Conclusion
Tamron 150-600mm သည် မှန်း ဆထား သည် ထက် များစွာ သော အားသာ မှု တွေ ရှိနေသည် ကို တွေ့ရသည်။ အမြင် ၌ လည်း တောင့်တင်း ခိုင်မာသည်။ ကိုင်တွယ် ရာ တွင် လည်း တောင့် တင်း ခိုင်မာ သည်။ စွမ်း ဆောင်နိုင်မှု လည်း ကောင်းသည်။ နံ မည် ကြီး လည်း ကြီး လောက်ပါပေသည်။
အထက်ပါ သုံး သပ် ချက်များသည် ဆောင်းပါး ရှင်များ ၏ အာဘော် များသာ ဖြစ် ပါသည်။ ကျွန်တော့် အတွက် သား ဖြစ်သူ ကျော်ကျော် စိုးလှိုင် ပို့ လိုက်သည့် အဆိုပါ Tamron 150-600mm သည် ( on the way ) သာ ဖြစ်ရှိနေပါ သေးသည်။ မစမ်း သပ် ရ သေး သဖြင့် ကိုယ် တွေ့ သုံးသပ် ချက် ကို ထည့် သွင်းရေးသား နိုင်ခြင်း မရှိ ကြောင်း ဖေါ်ပြ အပ်ပါသည်။
 
----------------------------------------
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 
 
 
 
 

1 comment:

  1. ဆရာရေ ဆရာ ပို့စ်တွေ အကုန်ဖတ် အကုန် မှတ်စုလုပ် ဒေါင်းထားပါတယ် ကျေးဇူးအများကြီးတင်ပါတယ်။ ကျေးဇူးတင်ကြောင်းလေးရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး၊ အခုတော့ ကျေးဇူးတင်ကြောင်းပြောပါရစေ။ ကျတော်အတွက်တော့ ၀ါသနာအရ လေ့လာတာပါ၊ ဈေးကြီးတဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးနေရတဲ့ သူမျိုးပေါ့ဗျာ။ အားကျလေးစားလျက်ပါ၊

    ReplyDelete