Wednesday 26 March 2014

What is a Good Photograph




67 – What is a Good Photograph                                       ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၆၇)


ဓါတ်ပုံကောင်း တစ်ပုံ ဆိုသည်မှာ။

( What is considered a Good Photograph)


By Soe Hlaing


စကားဦး

ဤ မှတ်စုကို ရေးသားရာတွင် ဓါတ်ပုံ ကောင်းတစ်ပုံ ဆိုတာ ဘာလဲ ( What is considered a Good Photograph? )  ဆိုသည့် ခေါင်းစဉ်ကို မူကွဲ အမျိုးမျိုး ဖြင့်ရေးသားထားသည့် Oneslide Photography, Vinny O'Hare and  John Enman, KenRockWell, James Maher တို့ ၏ ဆောင်းပါး များကို  ပင်မအဖြစ် အခြေပြုကာဆီလျှော် သကဲ့ သို့ စုစည်း၍ ဘာသာပြန်  ရေးသားထား ခြင်း ဖြစ်ပါသည်။

နမူနာ ပုံ များ မှာ လည်း အဆိုပါ ဆောင်းပါး များတွင် ဖေါ်ပြထားသည့် ပုံ အများစု ကို ပင် နမူနာ အဖြစ် ပြန် လည် ဖေါ် ပြထားခြင်း ဖြစ်ကြောင်း ဖေါ်ပြ အပ် ပါသည်။

ဤမှတ်စု တွင် ဖေါ်ပြထားချက် များသည် ပုံကောင်းတစ်ပုံ ပေါ်ထွက်လာရေးအတွက် ပုံကောင်းတစ်ပုံ ဆိုသည်မှာ ဘယ် လို ပုံမျိုး လည်း ဆိုသည် ကို ရေးသား ထား စေကာမူ ဓါတ်ပုံသည် အနုပညာ ခံစားချက် ကိုတင်ပြ သည့် အရာ ဖြစ်သောကြောင့် “ ကောင်းခြင်း ၊ မကောင်း ခြင်း “  ဆိုသည်မှာ ပကတိ အမှန် သဘော မဟုတ်မူဘဲ ပညတ် သဘော ၊ တစ်နည်းအားဖြင့် ပုဂ္ဂိုလ် တစ်ဦး ခြင်းစီ၏ သတ်မှတ် ချက် သာဖြစ် ပါသည်။


ထို့ ကြောင့် မှတ်စု၏  ပထမ ပိုင်း တွင် ကပင် “ ပုံ တစ်ပုံ ကို အုပ်စု တစ်စု က ပုံကောင်း တစ်ပုံဟု ဆိုစေကာမူ အခြားသော အုပ်စု တစ်စု က ပုံကောင်း တစ်ပုံဟု လက်ခံ ခြင် မှ လက်ခံ ပေလိမ့် မည် “ ဟု ဆောင်းပါး ရှင်များ က ဖေါ်ပြထားခြင်း ဖြစ် ပါသည်။


အချို့ သော အသုံး အနှုံး များကို မြန်မာ ဘာသာ သို့ပြန်သည်ထက် မူရင်း အင်္ဂလိပ် ဘာသာ ဖြင့် ဖေါ်ပြ သည်က ပို၍ ကျစ်လစ် သဖြင့်  မူရင်း အင်္ဂလိပ် ဘာသာ ဖြင့် ပင် ဖေါ်ပြထားပါသည်။



ဆောင်းပါးများ တွင် ဖေါ်ပြထားသည့် နမူနာ ပုံများ။

ပုံ တစ်ပုံ ၏ ကြည်လင်ပြတ်သားမှု ၊ Details, Subject in Center of Interest (COI), Light Contrast, Color Contrast စသည် များ မှာ ပုံ ကောင်း တစ်ပုံ အတွက် အခြေခံ  ကြမ်းခင်း များ ဖြစ် ကြပါသည်။ မျက်စေ့ ပသာဒ ဖြစ်စေပါမည်။ သို့ ရာ တွင် ထို မှာ တင် ရပ် နေ ၍ ပုံကောင်း တစ်ပုံ ဖြစ်မလာပါ။ 


ပုံ အနေနဲ့ ကြည့်သူ အား ခံစားမှု တစ်စုံတစ် ရာ ကို ပေးနိုင် စွမ်း  ( Story telling ) ရှိမှ  သာ လျှင်  အဆိုပါ ပုံ ကို မျက်လုံးမှ တစ်ဆင့်  နှလုံး သား အထိ ဆွဲ ခေါ် သွား နိုင်ပါလိမ့် မည်။ ။ နောက်ပိုင်း တွင် သီးခြားဖေါ်ပြ ပါမည်။ 



























ဓါတ်ပုံ ကောင်းတစ်ပုံ ဖန်တည်းခြင်း။


မည်သို့သော ပုံ မျိုးကို ဓါတ်ပုံကောင်း တစ်ပုံဟု ခေါ်သ နည်း။

ဓါတ်ပုံ ကောင်းတစ်ပုံ ရ ဘို့ မည်ကဲ့သို့  ရိုက်ရမည် နည်း  ဆိုသည့် မေးခွန်း များ မကြာမကြာ ကြားရလေ့ ရှိပါသည်။

ဤ မေးခွန်းကို မဖြေ မှီ ပြော လိုသည့် အချက်တစ်ချက် မှာ ဓါတ်ပုံသည် မိမိ တင်ပြလိုသည် ကို  စာရေးသကဲ့သို့ပင် လူထု အကြား သို့ တင်ပြသည့် Media Communication တစ်ခု ဖြစ် ကြောင်း သိရှိထားရန် အချက် ပင် ဖြစ်ပါသည်။

စာရေးရာ တွင် မိမိတင်ပြ လိုသည်များကို စာလုံးများ ဖြင့် ဖွဲ့ နွဲ့ ရေးသား သီကုံး ခြင်း ဖြစ်ပါသည်။ ဓါတ်ပုံ မှာမူ လက်တွေ့ မျက်စေ့ ဖြင့်  မြင်နိုင်သော အရာ များ ဖြစ်သည့် ( Line, Shape, Pattern, Colour, Light ) စသည့် အရာ တို့ဖြင့် သီကုံး ဖွဲ့ နွဲ့ ထား ခြင်း ဖြစ်သည်။

စာတစ်ပုဒ် ကောင်းသည်ဟု ဆိုရာတွင် လိုရင်းကို ထိမိစွာ ဖေါ်ပြနိုင်ခြင်း ၊ မိမိရေးသားသည် ကို ဖတ်သူက လွယ်ကူ ကောင်းမွန်စွာ သိရှိခြင်း၊ တင်ပြ ပုံ စိတ်ကူးကောင်းခြင်း၊ စိတ်ဝင် စားဖွယ်ရာ တင်ပြနိုင်ခြင်း၊ ရေးသားရာ တွင် ပြေပြစ် ကာ သ ဒ္ဒါ မှန်ကန် ခြင်း တို့ အပေါ် မူ တည်နေပါသည်။


ထို့  အတူပင် ဓါတ်ပုံ တစ်ပုံ ရိုက်ကူးရာ တွင်  မိမိပြလို သည့် အကြောင်းအရာ ( Subject ) သည် ရှင်း လင်း သဲ ကွဲ ရန် လိုသည်။ ကြည့် သူအတွက် အာရုံ  ဒွိဟ ဖြစ်မနေ စေရန် လိုသည်။ ပြ လိုသည်ကို ဒက်ကနဲ  မြင်နိုင်ရမည် ဖြစ်သည်။ 


ဓါတ်ပဲူ တစ် ပုံ တွင် ဦးစွာ ရှိရမည့် အရေးကြီးသည့် အချက် မှာ မိမိ ပုံသည် ကြည်လင် ပြတ်သား မှု  ရှိရန် လိုပါသည်။ အခြားအရေးကြီးသည့် အချက် တစ်ရပ်မှာ  ပုံ အတွင် Main Subject ကို နေရာချ သည့် ဖွဲ့ စည်းမှု ( Composition ) နှင့် ယင်း၏ Expression တို့ မှာ များစွာ အရေးကြီးသည်။ ကြည့် သူ၏ အာရုံ စိုက်ရောက် မည့် နေရာ Center of Interest ( COI ) နေရာတွင် Subject ရှိ နေစေရန် မှာ အလွန် အရေး ကြီးသည်။






အထက်ပါ နမူနနာ ပုံ ကိုကြည့်လျှင် အားနှင့်မာန် နှင့် ရုံးကန် နေကြသည် ကို လွှင့်ပျံနေသည့် မြေစာ များ နှင့် ပြိုင် နွားလှည်း မောင်းနေသူ၏ မျက်နှာမူ အရာ ( Facial Expression ) တို့ က ထင်းကနဲ နေ အောင် ပြ နေသည်။ ၀ိဝါဒ မည်သို့ မျှ ကွဲပြားမှု မရှိနိုင်သည့် ပုံကောင်း တစ်ပုံ ဖြစ်သည်။

နောက် အရေးကြီး သည့် အချက်တစ်ရပ်မှာ မိမိစိတ် ထဲ တွင် ရှိသော  တင်ပြ လိုသည့် အကြောင်းအရာ Subject ကို အားပြု ပေးမည့် အနေအထားများ ကို ပုံ အတွင်း ဖန်တည်း ပေးရန် လိုသည်။


 ဥပမာ အားဖြင့် ထူးခြား ဆန်းပြား ခြောက်ခြား ဖွယ်ရာ ပုံ တစ်ပုံ ကို တင်ပြလိုပါလျှင်  ထိန်လင်းသည့် အနေအထားထက် အမှောင်စိုးမိုး နေသည့် အနေ အထားမျိုး ၊ အရိပ် စိုးမိုးနေသည့် အနေအထားမျိုး စသည့် ခွင် ကို တည် ရန် လိုသည်။ မိမိ တင်ပြလိုသည့် စိတ်ကူး ကို ပံ့ ပိုးပေးမည့် ပတ် ၀န်း ကျင်ကို ပုံ ထဲ တွင် ခွင် ချရမည်ကို ဆိုလိုသည်။















အထက်ပါ ပုံ မှာ မိခင် နှင့် သားငယ် တို့ ၏ မျက် လုံးများ ၏ Contact ကို ကြည့် ခြင်းဖြင့် ၄င်း တို့ နှစ်ဦး  အကြားရှိ သမုဒယ မေတ္တာ ကို ရုတ်ချဉ်း ပင် ပီပြင် ထင်ရှားစွာ မြင်သာ အောင် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။  သမုဒယ မေတ္တာ ပုံပြင် ကလေး တစ်ပုဒ် ဟု ဆိုရပါမည်။




 ပုံကောင်း တစ်ပုံ ရရှိရန် အတွက် မရိုက်မှီ အောက်ပါအချက်များကို ကြိုတင် ဆန်းစစ်ရန် လိုပါသည်  -

၁။     ပုံ ရိုက်ရန်အတွက်  Idea, Story,or meaning စသည့် စိတ်ကူး ပုံ ရိပ် များ ရှိပြီလား။
 

၂။     မိမိရိုက် မည့် အကြောင်းအရာနှင့် လိုက်လျှော ညီထွေ ရှိသည့် Brightness, Exposure တို့  ရှိရဲ့ လား။

၃။     မိမိ လိုအပ်သည့် Composition ကို ရော ဖွဲ့ စည်း နိုင်ရဲ့ လား။

၎။     မိမိ ရွေးချယ် ထားသည့် Light သည် မိမိ တင်ပြ လိုသည့် အကြောင်း အရာ အတွက် လုံလောက်မှု ရှိရဲ့ လား။

၅။     မိမိ ရိုက်ရာ တွင် တင်ပြမည့် Story နှင့် လိုက်လျှော ညီထွေ ရှိသည့် Right Moment အချိန် တွင် ရော ဟုတ်ရဲ့  လား ။ စသည့် အချက်များကို ပြန်စစ်ရန် လိုသည်။



စကားပြော နေသည့် ပုံ ( Story telling Picture)

       ပုံ တစ်ပုံ  သည် ကြည့်သူ နှင့် အပြန် အလှန် ဆက်သွယ် မှု ရှိ နေရန် လိုသည်။ ကြည့်သူက ပုံဓါတ်ပုံ က ပြော နေသည့်  Story ကို ခံ စားနိုင်ရမည်။ 

    " ပုံကောင်း တစ် ပုံ ဖြစ်ရန် ဘာတွေ ပါ ၀င်နေရမလဲ " လို့ မေးလိုက်တိုင်း မူကွဲ အဖြေ တွေ များစွာ ထွက် လာ ကြသည်။

       သို့ ရာ တွင် အားလုံးသော အခြေ များတွင် တူညီသော အချက် နှစ်ချက် ပါသည်။ ယင်းတို့ မှာ -
                     - Story telling,
                     - Emotion,
                       စသည့် ဓါတ်ပုံ က ပုံ ပြော နိုင် တဲ့ ပုံ ဖြစ်ရန် နှင့် ပုံ တွင် ပါသည်                          Subject ၏ စိတ်အစဉ် ခံစား ထင်ဟပ်မှု ပါရှိနေရ မည် စသည့် အချက်                  နှစ်ချက် ဖြစ်ပါသည်။


        အောက် ပုံ နှင့် ပတ်သက်၍ ဆောင်းပါးရှင်  James Maher က ဘာကြောင့် သူ ဒီ ပုံ ကို ရိုက်ရသလဲသည်နှင့် ပတ်သက် ၍ ဖေါ်ပြ ရာ တွင် -


         " ကျွန်တော် သည် သွားရင် လာရင်း ပတ်ဝန်းကျင် ကို အမြဲ တန်း လေ့လာ စူးစမ်းသည်။ ပတ်ဝန်ကျင် ရဲ့ လူ တွေ ရဲ့ ခံ စားလှုပ် ရှားမှုတွေ က ပုံပြင် လေးတွေ ပြော နေသည်။ ဒါ ကို မြင်နိုင်အောင် ကြည့် နိုင်ရမည် " ဟူ၍ ဆိုထား ပါသည်။ 



       

        အထက် ပါ ပုံ ကို ကျွန်တော် တစ်နေ့ သော ညနေပိုင်း လမ်း လျှောက် ရင်း ရိုက်ခဲ့ ခြင်း ဖြစ်သည်။ နေရာသည် ပြည်ပ မှ လူများ လာရောက် ခိုလှုံ ရာ immigrants များ နေထိုင်ရာ အရပ် ဖြစ်၍ နေထိုင် ရသည်မှာ ကြမ်းတမ်းသည့် ဘ၀ များ ဖြစ်ကြသည်။


       ပန်းဆိုင် တစ်ဆိုင်အတွင်း အမှတ်မထင်ကြည့် လိုက်မိရာ လူတစ်ယောက် ပန်းကလေးကို ကြည့်နေသည်မှာ ဘ၀ ရဲ့ နာကျဉ် မှု နဲ့ တင် စားကြည့်နေသည်ဟု ကျွန်တော် ခံ စား လိုက်မိသည်။ သူ ဘာတွေ ကို တွေးနေ ဆွေးနေ သည် ကို အတွေးနယ် ချဲ့ ရန် စေခိုင်းသည့် အနေအထားလေး ဖြစ်၍  မှန်ပြူတင်း အပြင် ကနေ ရိုက်ခဲ့ ပါသည်။

     ဤ သည်မှာ ဥပမာလေး တစ်ခုသာ ဖြစ်ပါသည်။ Story telling picture အကြောင်းကို ရေး ပါလျှင် ရေး၍ ဆုံးနိုင်မည် မဟုတ်ပါ။


James Maher ၏ Story telling picture နမူနာ အချို့



        



       အထက်ပါ ပုံ နှစ်ပုံ ကို New York မြို့၏ ပစ္စည်း အတု များရောင်းချရာ Canal Street တွင် ရိုက်ခဲ့ သသော ပုံဖြစ်သည်။ လူအများ “Louis Vuitton? Rolex? Rolex? လား ဘာများ ရ နိုင် မလဲ လို့ စိတ်အတွင်း ဗျာများနေသည် ကို ရိုက် ထားခြင်း ဖြစ်သည်။





       အထက်ပါ ပုံကတော့ မင်းတို့ ဘယ်ဆီသို့ ပျော်ပျော် ပါးပါး သွားနေသလဲ ဆိုသည့် ကြည့်သူ နှင့် ပုံ တို့ အကြားရှိ Interaction ကို ပြ ခြင်း ဖြစ်သည်။



မည်သို့ ပင် ကိုယ်ပိုင် စိတ်ကူးဖြင့် သီဖွဲ့ ရိုက်ကူး စေကာမူ ရိုက်သူ ၏ စိတ်ကူး နှင့် အတွေး ၊ တင်ပြ မှု သည် ကြည့်သူ ၏ စိတ်ကူး နှင့် အတွေး နှင့် တစ်ထပ်ထည်း ကျ ခြင်မှ ကျ ပေလိမ့်မည်။


အချို့ သော အုပ်စု က ပုံတစ်ပုံ ကို ပုံကောင်း တစ်ပုံဟု သတ်မှတ်စေကာမူ။ အခြားသော အုပ်စု က ကောင်းသည်ဟု မြင်ကောင်းမှ မြင်ပေ လိမ့်မည်။

ထို့ ကြောင့် ဤ ကဲ့ သို့ အကောင်း အဆိုး သတ်မှတ် မှု များကို စိတ်ပူ နေရန် မလိုဘဲ မိမိ ၏ ကိုယ်ပိုင် မူ တစ်ခု ကို စွဲ ကိုင်ထား ကာ ထို မူ ရှင်သန် လာသည် အထိ ဆက်တိုက် လေ့ ကျင့် ရန် လိုပါသည်။



ပုံ တစ်ပုံ တွင် စိတ်၏ ထင်ဟပ်မှု Emotion ရှိ ရမည်။

အောက် တွင် ဖေါ်ပြထားသည့် ပုံ ကို မည်ကဲ့ ခံစား  ရိုက်ကူး ခဲ့သည် ဆို သည်နှင့် ပတ်သက်၍ ဆောင်းပါးရှင် eVinny O'Hare က အောက်ပါ အတိုင်း ဖေါ်ပြထား ပါသည်။ အောက်တွင် သုံနှုံးထားသည့် “ ကျွန်တော် “  ဆိုသည့် အသုံး အနှုံးသည် ဆောင်းပါးရှင် Vinny O'Hare ကို ကိုယ်စားပြု ပါသည်။

ကျွန်တော် World Trade Center တွင် ပြု လုပ်သည့် မီး ရောင်စုံ ထိုးပွဲ ကို ဓါတ်ပုံ ရိုက်ရန် မသွား မှီ Battery Park သို့ ခေတ္တ မျှ ၀င်လိုက် ပါသည်။ အချိန် က နေ၀င် ဖြိုးဖြ အချိန် ဖြစ်ပါသည်။

ထိုအခိန်တွင် အမျိုးငယ် တစ်ဦးသည် နေ၀င်စပြုနေသည့် Ellis Island ကို ဓါတ်ပုံရိုက်နေသည်ကို တွေ့လိုက်ရပါသည်။ နေ၀င်လု ဆဲဆဲ အချိန် တွင် ကျွန်တော် သူ့ ကို ဓါတ်ပုံ တစ်ပုံ ရိုက်လိုက်ပါသည်။

အဆိုပါ မိန်းခလေးသည် နေ၀င် နေသည့်  Sunset ကို ဓါတ်ပုံ ရိုက်နေသည်ဆို သော် လည်း သူသည် နေ ကို မကြည့် ။ တစ်ဘက် ကမ်းက Ellis Island ကိုသာ တွေဝေ ငေးမော ကာ ကြည့်နေသည်။


အဆိုပါ သူ၏ အနေအထား ဖမ်း စား မှု ကြောင့် ကျွန်တော်သည် သူကို ဓါတ်ပုံ ရိုက် လိုက်ခြင်း ဖြစ်ပါသည်။ ဓါတ်ပုံ ရိုက် လိုက် ခြင်းတွင်  ဓါတ်ပုံထက် သူ ဘာတွေများ စဉ်းစားနေပါလိမ့်၊ သူ့ ဘိုးဘွား မိဘ ဆွေမျိုး တွေများနေခဲ့သည့် နေရာ လေလား ၊ သို့ တည်း မဟုတ် မည် သို့သော အဆွေး ဓါတ်ခံ  ရှိနေ သလား စသည်ဖြင့် အတွေး များ ကို ရိုက် လိုက်ခြင်း ဆိုပါက ပို မှန်ပါမည်။  ပုံ အတွင်းရှိ Subject ၏ အသွင် အပြင် က ကြည့် သူ ဖြစ်သော ကျွန်တော့် ကို  ခံစား မှု အတွေး များ စွာ ပေးလျှက် ရှိနေပါသည်။




ကျွန်တော် ဖေါ်ပြလိုသည်မှာ ပုံ အသက် ၀င်လာစေရန် ပုံ အတွင်းရှိ Subject  သည် ကြည့်သူအား ခံစား မှု တစ်ခုခု ကိုပေးသည့် အသွင်သဏ္ဍန်  ( Emotion ) တစ်ခုတော့ ရှိနေရ မည်ကို ဆို လိုခြင်း ဖြစ်ပါသည်။

 နိုင်ငံတကာ အမြင့်တန်း အမေရိကန် ဓါတ်ပုံ ဆရာ တစ်ဦး ဖြစ်သူ  Justin Mott က လည်း “  ဓါတ်ပုံ တစ်ပုံ ကို ကြည့် လိုက် သည်နှင့် ပုံ တွင် မည်သို့ သော “ ဒေါသ ၊ ပူဆွေးခြင်း၊ ပျော်ရွှငိခြင်း၊ ကြည်နူး ဘွယ်ကောင်းခြင်း “ စသည့် Emotion တို့ ရှိသနည်း ဆိုသည့် စူးစမ်း လာလိုစိတ် ဖြစ်အောင် နှိုးဆွ နိုင်စေရမည် “  ဟု အစဉ် ပြော လေ့ ရှိ ပါသည်။

Justin Mott သည် နိုင်ငံ တကာ ဓါတ်ပုံဆု ပေါင်းများစွာ ရှိထားသည့် အမေရိကန် အမြင့်တန်း ( Professional ) ဓါတ်ပုံ ဆရာ တစ်ဦးဖြစ်သည်။  မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ များသို့ မကြာ ခန လာရောက် ဓါတ်ပုံ ရိုက်သူတစ်ဦး လည်း ဖြစ်သည်။ ဗီယက်နမ် တွင် လည်း အနေများသူ ဖြစ်သည်။


ကျွန်တော်ရဲ့ Story telling picture နမူနာ ။

အောက် ပါ ပျံလွှား မိခင် က သူ့ ခလေး များ ကို အစာ ကျွေးနေသည့်ပုံ ကို ကျွန်တော် Australia, Victoria State, Shepparton, Vitoria Lake တွင် ရိုက်ခဲ့ သည့် ပုံ ဖြစ်ပါသည်။ အကိုင်း တွင် မနားတော့ ဘဲ လေထဲ တွင်ပင်  သူ့ ခလေး ငယ် များကို ကျွေးမွေးသည် မိဘ မေတ္တာ ဖြစ် ပါသည်။ 









Justin Mott ၏ နမူနာ ပုံ အချို့-

ပုံများ နှင့်ပတ်သက်၍ Justin Mott က သေးစိတ်ရှင်းလင်း ထားခြင်မရှိသည့်အတွက် ပုံ များနှင့်ပတ်သက် သော ဝေဘန်ချက်များကို ဖေါ်ပြနိုင်ခြင်း မရှိပါ။ ပုံ အမှတ် (၁)၊ (၂) ၊(၃) ၊ (၅) တို့ မှာ မြန်မာနိုင်ငံ တွင် ရိုက်ကူးထားသည့် ပုံများ ဖြစ်ကြောင်းသိရှိရပါသည်။
 


ပုံ -  ( ၁ )



ပုံ -  ( ၂ )



ပုံ -  ( ၃ )





 ပုံ -  ( ၄ )



 ပုံ -  ( ၅ )


ပုံ ကောင်း တစ်ပုံ ဖန်တည်းရာ တွင် ဓါတ်ပုံ ဆရာ တစ်ဦး နှင့် တစ်ဦး အယူအဆများ တူကြမည် မဟုတ် ကြပါ။ သို့ ရာ တွင် ပုံ ကို ကြည့်၍ ပသာဒ ဖြစ် နေစေရန် နှင့် ပုံ ကိုကြည့် လိုက်သည်နှင့် ပုံက ကြည့်သူ ၏ ခံစား မှု တစ်ခုခု ( Emotion ) ကိုနှိုး ဆွ ပေးရန် ကိုတော့ အဆင့်မြင့် ဓါတ်ပုံ ဆရာ တိုင်း ဖန်တည်းကြသည် သာ ဖြစ်သည်။


ပုံကောင်း တစ်ပုံသည် ချက်ခြင်း အာရုံကို ဆွဲယူ နိုင် စွမ်းရှိရမည်။

ပုံတစ်ပုံ ကို မီတာ ပေါင်း များစွာ အကွာ က ကြည့် လိုက်သည်နှင့် ထင်းကနဲ ဖြစ်နေ စေလောက် သည့်  Structure ရှိနေရမည်။ ဒါ က အရေး အကြီးဆုံးသော ကနဦး ဆွဲ ဆောင် မှု ဖြစ်သည်။ 


Strong Compositional Order ရှိနေရမည်။ ပုံ တစ်ပုံ သည်  အဆိုပါ အချက်များ မရှိပါက အတွင်း၌ မည်သို့  သော Details များ ထည့် ထား စေကာ မူ Story မရှိသော ပုံ ဖြစ်နေ ပေလိမ့်မည်။

Structure ဆိုသည်မှာ ပုံတစ်ပုံ အား မှန်ကန်စွာ ဖေါ်ဆောင်ထားသည့် အရောင်၊ ပုံစံ ( Shape) နှင့် အလင်း- အမှောင် တို့ ၏ Contrast တို့ ဖြစ်ပင်ဖြစ်သည်။






အထက်ပါ ပုံသည် နိုင်ငံ တကာ ပြိုင် ပွဲ များတွင် ဆုများစွာ ရခဲ့ သော ပုံ တစ်ပုံ ဖြစ်သည်။ အရောင်၊ ပုံစံ ၊ အလင်းအမှောင် တို့ ကို သာသာကဲကဲ ဖြင့် ဖွဲ့ စည်းထားသည့် Strong Structure ပုံ တစ်ပုံ ဖြစ်သည်။


ပုံကို အလယ် တွင် အနီရောင် အချွန်း ကိုထားပြီး ဘေး မှ အပြာ ရောင် ၊ မီး ခိုးရောင် များဖြင့် ရံ ထားသည်။ အနီရောင်မှာ Subject ၏ ပင်မ အရောင် ( Positive Space) ဖြစ်ပြီး အပြာ နှင့် မီးခိုးရောင်တို့ မှာ ရံ ထားသည့် (Negative  Space ) အရောင် ဖြစ်သည်။ အပြာ နှင့် မီးခိုး ရောင်များ အကြားတွင် ထည့် ထားသည့် အနီရောင် သည် ကြည့်သူ၏ မျက်စေ့ အတွင်းသို့ ခုန် ကာ ၀င်လာလိမ့် မည်။

ဤ ပုံ ကို Ultra-Wide angle Lens ဖြင့် ရိုက်ထားသည်။ Ultra-Wide angle Lens ဖြင့် ရိုက်ထားသည့် အတွက် ပုံ၏ ထောင့်နေရာ များ တွင် အနည်း ငယ် မှောင် နေသည်။ ယင်းကို Falloff ဟု ခေါ်သည်။ ဤ Falloff သည် အလယ် ပိုင်းရှိ လင်းနေသည့် နေရာ ကို အာရုံ ရောက်အောင် ပို့ ပေးသည်။ ဤကဲ့သို့ အလယ် အထူးပြု သောအနီရောင် ( Central emphasis Red) ပုံ မျိုးမှာ တစ်မိုင် ခန့် အကွာ မှ ကြည့်သူ၏ အာရုံ ကိုပင် ဆွဲယူ နိုင်လောက်သည့် ပုံ မျိုး ဖြစ်ပါသည်။




 ကနဦးဆွဲ ဆောင် မှု ဆိုသည်မှာ အထက်တွင် ဖေါ်ပြသကဲ့သို့ ပုံ အား ကြိုက်သည် မကြိုက်သည် ကို အပထား ၊ ဖြတ်သွားရာတွင် ရုတ်တရက် ကြည့်လိုက်သည် နှင့် နောက်ပြန်လှည့်ကာ ကြည့် ရ လောက် သည့် ပုံ မျိုး၏  နမူနာ ပုံ ဖြစ်သည်။


ပုံ ကောင်း တစ်ပုံ ကိုဖွဲ့ စည်း ရာ တွင် ဤ ကဲ့ သို့  Strong  Structure ရှိရန်မှာ အဓိက အချက်ဖြစ်သည်။ ကြည့် သူ၏ အာရုံ ကို ကနဦး ဖမ်းပြီး မှ ကျန်သည့် Detailed Story ကို ဆက်ခံစား စေရမည်။



အထက်ပါ နမူနာပုံ တွင် ပါသည့် Less Details များမှာ အနီရောင်၏ အနောက် မှ ထိုးထွက်နေသည့် ၀ါေ ရာင်၊ ပုံ၏ အလယ်တွင် ထိုးထွက်နေသည့် တိမ်တိုက်၊ ကြမ်းပြင် ပေါ် ရှိ ဆီကွက် များ အနီရောင် နံရံ များပေါ် တွင် စီးကျနေသည့် မိုးရေ စီးကြောင်း များ ဖြစ်ကြသည်။






ဤပုံ ၏ အဓိက ဖွဲ့ စည်း မှု မှာ Shape, Colour and Balances တို့ ဖြစ်သည်။  စင်စစ် အားဖြင့် ဤ ပုံသည် အမိုးပင် မရှိသည့် စွန့် ပစ်ထားသော ပစ္စည်း သိုလ်လှောင် ရုံ အဟောင်း ကို ရိုက်ထားခြင်း သာ ဖြစ်သည်။





ဓါတ်ပုံ ရိုက်ရာ တွင် မိမိ စိတ်ဝင်စားသည့် အကြောင်းအရာ ကို စွဲမြဲ စွာ ဆုတ်ကိုင်၍ ရိုက်ရ ပါမည်။ မိမိ Excitement ဖြစ်သည်ကို ခံစား ရိုက်ကူး ခြင်း ဖြင့် အဆိုပါ ခံစားချက်သည် ပုံကို ကူးစက် လာကာ ပုံ ကောင်း ရလာပါလိမ့် မည်။






 ပုံကောင်း တစ်ပုံ ရဘို့ အဓိက အချက်မှာ ကြိုတင်ပြင်ဆင်ရေး ပင် ဖြစ်သည်။

ပုံကောင်း ရ သည်မှာ တစ်ခါ တစ်ရံ ကံ ကောင်း ထောက်မစွာ ရသည် လည်း ရှိနိုင်ပါသည်။ သို့ သော် အစဉ် မျှော် လင့် ၍ မရပါ။ ကြိုတင်ပြင် ဆင်ခြင်းကသာ လျှင် သေခြာ မှု ရနိုင်ပါသည်။

ဥပမာ အားဖြင့် ကျွန်တော်သည် Space Shuttle  နယူးယောက် JFK Airport သို့ ရောက် လာမည် ဆိုသည့် သတင်း ကို Google News မှ ရရှိသည်။ ရှားရှား ပါပါး ရ နိုင်ခဲ သည့် ထိုပုံ ကို ရလိုသည်။ မည်သည့် အချိန် ရောက်မည်၊ မည်သည့် နေရာ က ရိုက်လျှင် Angle ကောင်း ရနိုင်သည် ကို ကြို တွက် ရသည်။ အဆိုပါ နေရာ သို့ မည်သို့ ချဉ်း ကပ် နိုင်မည် ကို စဉ်းစားရသည်။ ထိုနေရာ သို့ ရောက်နိုင်ရေး အတွက် လမ်းစရှာရသည်၊ စသည့် ပြင် ဆင် မှု များကို ကြိုတင် ဆောင်ရွက်ရသည်။



JFK Control Tower.


JFK Control Tower ကို Download လုပ်ကာ မည်သည့် ပြေး လမ်းကို ဆင်းမည် ဆိုသည် ကို လေ့လာရ သည် ထိုနောက် အဆိုပါ နေရာ သို့ သွားရသည် ။ ထိုနေရာ တွင် ကျွန်တော် ကဲ့ သို့ ကျားကုတ် ကျားခဲ နေရာ ရှာ သူ (၃) ဦးသာ တွေ့ ရသည်။ Space  Shutter သည် Boeing  747 ပေါ် တွင် တင်ကာ ပျံ လာသည် မှာ ကွန်တော်  တို့ နှင့်  ခဲ တစ်ပစ် ခန့် သာ ဝေးသည်။ ထို့ ကြောင့် လိုခြင်သော ဈ ရ ခဲ သည့် ပုံ ကောင်း တစ်ပုံ ရရှိ ခဲ့ သည်။



Space Shuttle



တစ်ချိန် တွင် မူ နောက်တစ်နေ့  ညနေ ( ၄ ) နာရီ အချိန် တွင် လေပြင်း တိုက် လိမ့် မည် ဟူသော သတင်းရသည်။ လေပြင်း တိုက်လျှင် လှိုင်းကြီး မည်။ လှိုင်းကြီး လျှင် Surfing စီးသူတွေ များလိမ့် မည်။


အာက်ပါပုံကဲ့သို့  Surfing ပုံကောင်း များရနိုင်သည်။ ဤ ကဲ့ သို့ Surfing များကို ရိုက် ရန် မှာ အချိန် တိုင်း တွင် ရိုက် ၍ မရ နိုင်ဘဲ အခြေ အနေ အချိန် အခါ ကို လိုက်၍သာ ရ နိုင်သည့် ရိုက် ကွက် များ ဖြစ်ပါသည်။ ထို့ ကြောင့် အဆိုပါ အခြေ အနေ မျိုး ရှိလာမည့် သတင်း ကြို ရ ရန် လို ပါသည်။





အထက်ပါပုံ မှာ အဆို ပါအချိန် ကို ကိုက် ကာသွားရောက် ရိုက်ကူးခဲ့သည့် ပုံ ဖြစ်သည်။






ဤကဲ့သို့ ရာသီိဥတု ၏ နောက် တစ်နေ့ နံ နက် ခင်း တွင် ကောင်းကင်သည် နီ နေလေ့ရှိ သည်ကို သတိထားမိသည်။ သို့ နှင့် နောက် တစ်ရက် နံန ( ၄.၃၀) နာရီတွင် အဆိုပါနေရာ သို့ ထပ် သွားကာ နီနေသည့်  Sunrise ကို ထပ်ရိုက်သည်။ ကောင်းကင် သည် နေ့ တိုင်း အချိန် တိုင်း လှနေသည် မဟုတ်ပါ။







Sunrise at Rockaway Beach


ယင်းနောက်  Google Sunrise-Sunset Calendar ကို လေ့လာခြင်း ၊ နေ လုံး ၀င်သည် အထိ အတားအဆီး မရှိ မြင်နိုင် မည့် နေရာ များ ကို လေ့လာ ခြင်း တို့ ခြင့် အောက်ပါ ပုံကဲ့သို့ Sunrise-Sunset ပုံများကို  ရိုက်ကူး နိုင်ခဲ့ပါသည်။




အထက်ပါ ပုံမျိုး ကို အချို့ က မူ ကြုံ ကြိုက် သဖြင့် ရိုက် လိုက် နိုင်မည် ဖြစ်စေကာ မူ ကျွန်တော့် အနေနှင့်မူ အခြေ အနေ ကို သေခြာ စွာ လေ့ လာပြီး မှ ရိုက် ခဲ့ သည့် ပုံ ဖြစ်ပါသည်။


ယခု ကဲ့ သို့ အခြေ အနေ တစ်ခု ပေါ် တွင် မှီ တည် ကာ ရိုက် ရမည့် ပုံ မျိုး အတွက် သတင်း စနည်းနာခြင်း ၊ ၀ိရိယ စိုက်ကာ သွားရောက်ခြင်း များ စသည့် ၀ါယမ စိုက်ထုတ်မှု များ ရှိရန် လိုပါမည်။



ပျံသန်းနေသည့် ငှက်များရိုက်ကူးရာ တွင်ကြိုတင်ပြင်ဆင်မှု များ။


ဤ အပိုဒ်မှာ မူ ပျံ နေသည့် ငှက် များကို ( Bird in Flight ) ရိုက်ကူးရာ တွင် ပုံကောင်း တစ်ပုံ ရရန် အတွက်  ငှက် ရိုက်ကူးသည့် ၀ါရင့် ဓါတ်ပုံဆရာ များ မည်ကဲ့ သို့ ကြိုတင် ပြင်ဆင်ကြ ကြသည့် အတွေ့ အကြုံကို ပြန် လည် မျှဝေခြင်း ဖြစ်ပါသည်။


ဤ အပိုင်း တွင် ပြ ထားသော နမူနာ ပုံ များ အားလုံး မှာ ကျွန်တော် ရိုက်ကူးခဲ့ သော Bird in Flight ပုံ များကို ပြန် လည် ပြသထားခြင်း ဖြစ်ပါသည်။ 


ဝါရင့် ဓါတ်ပုံ သမား Bird Photographer များ သည် ပထမ နေရာ ယူစဉ် က ပင် နေရောင် မည်သည့် ဘက်က ထိုးနေသလဲ၊ ငှက်က ဘယ် ဘက် ကို ဦးတည် ပျံ နိုင်မလဲ၊ မိမိ က ဘယ်လို Angle မျိုး ရိုက်မလဲ  ၊ ဘေးတိုက် ပုံလား ၊ မိမိ ဘက်ကို တောင်ပံ ဖြန့် ကာ ပျံ လာမည့် ပုံ လား၊ နောက် ကျော ပေး ပျံ ထွက် သွား နိုင်သလား စသည်ဖြင့် အမျိုး မျိုး တွေးပြီး မှ နေရာယူ ကာ ရိုက်ခြင်း ဖြစ်သည်။

နောက် ကျော ပေး ကာ ပျံ နေ သည့် ငှက် ပုံ ကိုမူ မည်သူမှ မရိုက် လိုကြပါ။  ပုံ ထင်ရင် ပြီးရော သဘော မျိုး မဟုတ်ကြပါ။



ဘေး တစ်စောင်း Angle အနေအထားအရ ရိုက်ထားသည့် နမူနာပုံ။





ရှေ့ တည့်တည့် မှ ရိုက်သည့် Angle။




ရှေ့ တည့်တည့် မှ ရိုက်သည့် Angle။





ရှေ့ တစ်စောင်း  မှ ရိုက်သည့် Angle။




အရောင် စုံ နေသည့် ငှက် ကို Against the Light မရိုက်ဘဲ အလင်းရောင် ထိုး သည့် ဘက် ၊ ငှက် ဘေးတိုက် တောင်ပံ ဖြန့် သည်ပုံ ရနိုင်မည့် နေရာ Direct Light မှ နေရာယူ ကာရိုက်ကြသည်။


ဆွတ်ဆွတ်ဖြူနေသည့် အဖြူရောင် Egret လိုငှက်မျိုး မှာမူ တိုက်ရိုက် အလင်း ရောင် ပြင်းပြင်း ထိုးသည့်  အလင်း ရောင်အောက်တွင်ရိုက်လျှင်  ပုံမှာ Detail များပြောက်ကာ Flat ဖြစ်သွား တတ် သဖြင့် ပုံ ရုပ်လုံး ကြွ လာစေမည့်  Lighting အနေအထားကို တွက်ဆရိုက်ကူးရသည်။  ဖြူဆွတ် နေသည့် အတွက် တော် ရုံ ဝေးသည့် နေရာ မှ ငှက် ကို Long Tele Lens ဖြင့် ဆွဲ ရိုက်ပါက  Detail ပြောက် သွား ပေမည်။ 

 Light Contrast ရရန် အတွက် အောက် တွင် ပြ ထားသော နမူနာ ပုံ ကဲ့ သို့ Against the Light ဆန်ဆန်လည်း  ရိုက် လေ့ ရှိကြပါသည်။ 







Lateral in Flights.











အထက်ပါ ပုံ မှာ အရောင်စုံနေသည့် Stork billed Kingfisher ကဲ့သို့ ငှက်ကို မူ အရောင်များ အားလုံး ပေါ် နိုင်သမျှ ပေါ် စေရန် အလင်းရောင် ထိုးသည့်ဘက်မှ ရိုက်ထားသည့် နမူနာ ပုံ ဖြစ်ပါသည်။





အထက်ပါ ပုံ မှာ အပြာ ရောင် သန်းနေသည့် Common Kingfisher ငှက်ကို  အလင်းရောင် ထိုးသည့်ဘက်မှ ဘေးတိုက် ရိုက်ထားသည့် နမူနာ ပုံ ဖြစ်ပါသည်။






အဖြူ ရောင် ဆွတ်ဆွတ် Egret ကို Color Contrast ရစေရန် အပေါ် မှ စီး  ရိုက်ထားသည့် နမူနာ ပုံ။


ဤ သည်မှာ ပုံကောင်း တစ်ပုံ ရစေရန်  ကြိုတင်ပြင်ဆင် မှု များ မည်သို့ ဆောင်ရွက် ရသည်ကို အညွှန်း သဘော မျိုး ဖေါ်ပြ ခြင်း သာ ဖြစ်ပါသည်။


ကင်မရာ နည်းစနစ် ပိုင်းဆိုင်ရာ ပြင်ဆင်မှု များ။

ဓါတ်ပုံ တွင်  နည်းစနစ် ပိုင်းဆိုင်ရာ နှင့် အနုပညာ ပိုင်း ဆိုင်ရာ  ( Technical and Artistic ) ဟူ၍ နှစ်ပိုင်း  ရှိပါသည်။

အကြောင်း မှာ ဓါတ်ပုံသည် ကင်မရာ ဆိုင်ရာ ပစ္စည်း ပစ္စယ များ ကိုအခြခံ သုံးစွဲရ ပြီး ရိုက်ကူး ရာ တွင်မူ ဓါတ်ပုံ ရိုက်ကူးသူ ၏ အနုပညာ ခံ စားချက် အရ ဖွဲ့ စည့် ရိုက်ကူး သည့် အတွက် ဖြစ်ပါသည်။

ပုံကောင်း တစ်ပုံ ရ ရန် အထက်တွင် ဖေါ်ပြ ခဲ့သကဲ့ သို့ ရိုက်ကူးသူ၏ အနုပညာ ဖန်တည်း မှု ပါဝင် နေသကဲ့သို့ ပစ္စည်းကိရိယာ များ၏ အထောက် အကူ လည်း ပါ နေ သည်။ ကင်မရာ ဆိုင်ရာ ပစ္စည်းကိရိယာ များ၏ အထောက် အကူ ပစ္စည်း များကို ထိရောက်စွာ သုံး နိုင်ရပါမည်။ အောက်ပါတို့ ကို ဆောင်ရွက်ရန် John Enman  ကအကြံပြု ထားပါသည်-


၁။     အရေးအကြီးဆုံးမှာ မိမိ ကင်မရာ ကို ကောင်းစွာနားလည် ရပါမည်။ ကင်မရာ လက်စွဲ Manual ကို သေခြာစွာ ဖတ်ပါမည်။
၂။     ကင်မရာ Resolution ကို အမြင့် ဆုံးတွင် တတ် နိုင်သမျှထားပါ။
၃။     ကင်မရာ ကိုင်တွယ်မှု ၌ အကျွမ်း တ၀င် မရှိသေးပါက အမှား မခံ သည့် ပုံ များအတွက် အလင်းရောင်လည်း လုံလောက်ပါမူ Automatic ဖြင့် ရိုက်ပါ။
၎။     White Balance ကို ရိုက် သည့် ပုံ သဘာဝ နှင့် လိုက်လျှော ညီထွေ မှု ရှိအောင် သုံးပါ။ ကင်မရာ များတွင် Auto-White Balance ရှိစေကာမူ တစ်ခါ တစ်ရံ အရောင် အဆင်မပြေမှု များရှိတတ်သည်။ White Balance setting အရောင်များကို သဘောပေါက်ပါက ပုံ ကို ပို၍ အသက်ဝင်စေမည့် White Balance ကို သုံး  နိုင်မည် ဖြစ်သည်။




အထက်ပါပုံမှာ အနီရောင် လွှမ်းနေသော under tungsten (incandescent) lighting အခြေအနေမှ အပြာရောင် သို့ ပြောင်းလာသည်အထိ White Balance ချိန် ထားသည်ကို နမူနာ ပြ ထားသည့် ပုံ ဖြစ်ပါသည်။
 ၅။     ISO ကို တတ်နိုင်သမျှ အနည်း ဆုံး တွင် Set လုပ်ပါ။
၆။    ရိုက်ရန် ပြင်ဆင် ထည်းက View Finder တွင် Subject ကို သေချာ စွာ Composition ချပေးပါ။
·        Composition ချရာ တွင် အခြေခံ အားဖြင့် အမှား မရှိ နိုင်သည့် Rule of Third ကို သုံးပါ။
·        ပုံ ၏နောက်ခံ အနှောက် အယှက် ( Background Distraction )များ Foreground distraction များ ကို အောက်ပါပုံ တွင် ပြထားသကဲ့သို့ တတ် နိုင်သမျှ ဖယ်ရှားပါ။




·        သို့ ရာ တွင် မည်သည့် Rule ကိုမှ ပုံသေ မမှတ်ယူဘဲ Rule များကို ချိုးဖေါက် နိုင်သည်ကိုလည်း သတိပြုရပါမည်။

Main Subject နှင့် သဟဇာတ ဖြစ်စေ ဖြစ်စေ နိုင်သည့်  နောက်ခံ  ( Background) ရှိ အရာဝတ္တု များကို Focus လုပ်ထားခြင်း အားဖြင့်  ပုံ၏ Context, Contrast, and Colour တို့ သည် အနုပညာ မြောက် လာသည့် အခြေအနေမျိုး  ရှိလာသည် များလည်း ရှိပါသည်။

၇။    အောက်ပါနမူနာ ပုံ ကဲ့ သို့  တတ်နိုင်သမျှ Subject ကို Frame တွင် ဖြည့် ပေးပါ။





၈။         စိတ်ဝင်စားဘွယ်ရာ ဖြစ်မည့် Angle ကို ရွေးပါ။ အောက် တွင် သာမန် ရိုက် ရိုးရိုက်စဉ်မှ ခွဲ ထွက်သည့်  Angle ယူ ထားသော ပုံ များ ကို ပြထားပါသည်။ Angle သည် မူသေ ဟူ၍ မရှိပါ။ စိတ်ကူး ကွန့် မြူး နိုင်သလို ကွန့်မြူး နိုင်သည့် ကိစ္စ ရပ် ဖြစ်ပါသည်။






၉။     Focusing တိကျ ပြတ်သားရန် လိုပါသည်။ Shutter Release Button  ကို တစ်ဝက် နှိပ်ထားကာ Focus Lock လုပ် ရိုက်ပါ။ Focus ကြိမ်းသေမှ အဆုံး နှိပ်ပါ။ သာမန် အခြေအနေ များတွင် Autofocus ကိုသုံးပါ။
၁၀။   ကင်မရာ Shutter Speed, Aperture, ISO တို့ ကို မျှ နေစေရန် ချိန်ဆ ထားပါ။ သာမန်အားဖြင့် တစ်ခုခု သော Setting သည် နည်းလွန်း ခြင်း များလွန်း ခြင်း မရှိသည်က ပိုကောင်းသည်။
၁၁။   ပုံ သည် မှုံ ၀ါး မနေဘဲ ပြတ်သားနေစေရန် အတွက် ကင်မရာ ကို ငြိမ်နေပါစေ။ ဖြစ်နိုင်ပါက Monopod, Tripod စသည် တို့ သုံးပါ။
၁၂။   ရိုက်ထားသမျှ ကို ပြန် ကြည့် ပါ၊ ပြန် သုံးသပ်ပါ၊ ကောင်းသည့် အချက် ကို ဆောင်ပါ၊ အားနည်းချက်များကို ရှောင်ပါ။
၁၃။   သုံးသပ် ချက် များကို အခြေ ပြု ကာ လေ့ကျင့်ပါ၊ အကြိမ်ကြိမ် လေ့ ကျင့်ပါ။ Angle အမျိုး ၊ နေရာ အမျိုးမျိုး၊ Focal Length အမျိုးမျိုး တို့ ဖြင့် ရိုက် ကြည့်ကာ လေ့ ကျင့်ပါ။


အမှန် တကယ် ရိုက်တော့ မည်ဆိုလျှင် ဦးစွာ စဉ်းစားရမည်မှာ မိမိ မည်သို့ အကြောင်း အရာ ကို တင်ပြ လိုသည် ကို အရင် စဉ်းစားပါ။ ယင်းနောက် မည်သည့် Subject ဖြင့် တင်ပြ ကာ ပုံပြင် ( Story) ကို ပြော လိုသနည်း စဉ်းစားပါ။

ထို့နောက် ခရီးထွက်ပါ၊ လူထု နှင့်တွေ့ ဆုံပါ ၊ လူ တိုင်း တွင်ပြောရမည့် ပုံပြင် ကိုယ်စီ ရှိကြပါသည်။ ပုံ ပြင် လည်း အမျိုးမျိုး ရှိပါ လိမ့်မည်။ ယင်းတို့ ကို ဓါတ်ပုံ ဖြင့် ပြန်လည် မျှဝေ ရပါမည်။

ယင်းတို့ အနက်မှ မိမိ စိတ်ဝင် စားသည့် ပုံပြင် အကြောင်းအရာကို စိတ် ထဲ သို့ နှစ်ကာ သွင်း လိုက် ရပါမည်။ ထိုကဲ့သို့ ရိုက်သည့် အခါ မိမိ၏ passion and affinity တို့ သည် ဓါတ်ပုံတွင် ပေါ်လာပါလိမ့် မည်။




ပုံ ပြင် ပြော နေသည့်  နမူနာ ပုံ အချို့


 အောက်တွင် ပုံပြော ကောင်းသည့် ပုံ အချို့ ကို နမူနာ  ပြထားပါသည်။ ပုံ များ နှင့် ပတ်သက်၍ ရှင်းလင်း ချက် များကို ဆောင်းပါးရှင်များက ဖေါ်ပြထားခြင်း မရှိဘဲ နမူနာ ပုံ အဖြစ်သာ ပြထားပါသဖြင့် ကြည့်သူများ ကိုယ်တိုင်ပင် ခံစားသုံးသပ် ကြပါရန် ဖေါ်ပြ လိုပါသည်။










အချုပ်အားဖြင့် ထပ်မံဖေါ်ပြပါလျှင် ပုံကောင်း တစ်ပုံ ဆိုသည်မှာ လက်ရှိအခြေအနေ အရ အများစု လက်ခံ ထားကြသည့် စံ များအရ တိုင်းတာခြင်းပင် ဖြစ်ပါသည်။ ပကတိ အမှန် သဘော ဟု ဆို၍ မရပါ။ အထက်ပါ ဖေါ်ပြချက်များ မှာ လည်း  ဆောင်းပါး ရှင်များက ၄င်း တို့ ၏ အမြင် ၊ ရှု ထောင့် များကို ရေးသားထား ခြင်းသာ ဖြစ်ပါသည်။ မကြာ ခဏ ဖေါ်ပြ ခဲ့ သလို ဓါတ်ပုံ သည် အနုပညာ ရပ် တစ်ခု ဖြစ်သောကြောင့် မိမိ၏ ခံစားမှု ကို အတိုင်းအဆ မရှိ လွတ်လပ်စွာ တင်ပြ နိုင်ခွင့် ရှိကြောင်း ဖေါ်ပြ လိုပါသည်။


ဖည့် စွက် တင်ပြ ချက်များ။

ကောင်းသည် မကောင်းသည် ဆို ကြရာ ၀ယ်။

အထက် ပါ မှတ်စု ၏ နိဒါန်း တွင် ဖေါ်ပြ ခဲ့သည့် အတိုင်း ဓါတ်ပုံ တစ်ပုံ ကောင်း တစ်ပုံ ဟု ဆိုခြင် မှာ တစ်ဦးနှင့် တစ်ဥတစ်ဖွဲ့ နှင့် တစ်ဖွဲ့ သတ်မှတ်  ချက် ခြင်း တူခြင်း တူ ပေ  မှ တူပေ လိမ့် မည်။

တစ်ဦး ၊ တစ်ဖွဲ့ က ပုံ တစ်ပုံ ကို ကောင်းသည် သည်ဟု  ဆိုစေကာမူ  အခြားသော သူ တစ်ဦး ၊ အဖွဲ့ က ကောင်းသည်ဟု မြင်ကောင်း မှ မြင်ပေ လိမ့် မည်။
ထို့ အတူ ပင် ပုံ တစ်ပုံ ကို  အကဲ ဖြတ် သူများ တွင် လည်း သူ့ အမြင် ကိုယ့် ကွဲလွဲ နိုင်ပါသည်။ အကဲဖြတ တစ်ဦးက ကြိုက်စေကာ မူ အခြား သော အကဲဖြတ် တစ်ဦး က ကြိုက် ခြင် မှ ကြိုက်  ပေလိမ့် မည်။

 တစ်ချိန် က မြန်မာ နိုင်င့ ဓါတ်ပုံ လောက တွင် အရှိန် အ၀ါ အလွန်ကြီးသည့် ဆရာ ကြီးတစ်ဦးသည် ပြိုင် ပွဲ ၀င် ပုံများကို အကဲ ဖြတ်ရာ တွင် လူပုံ မပါ သော ရှု ခင်း များကို  Human Interest မပါ သည့် အတွက် ဆိုကာ အမှတ် လျှော့ သည် ဟု  ဓါတ်ပုံ လောက ၏ ရှေးမှီ နောက် မှီ ဆရာ အချို့ ထံ မှ ကြားသိရ ဘူးပါသည်။

အဆိုပါ ဆရာ များက ပင်အခုခေတ် ဆိုရင်တော့ အဆိုပါ အယူအဆ ပြောင်းကောင်း    ပြောင်း ပေလိမ့် မယ် လို့ လည်း ပြော ပါတယ်။

လေ့ လာမိသလောက် ယခုခေတ် အယူ အဆ ကတော့ Human Interest ဆိုတာထက် ကြည့် သူ၏ အာရုဏ် ကို ဆွဲဆောင် နိုင်မယ့် အရာ တစ်ခုခု ( Center of interest _ COI ) တစ်ခုခု ပါ ဘို့ ဘဲ လို တာကို တွေ့ ရပါတယ်။

နိုင်ငံတကာ လုပ်ငန်း ကြီး များက ၀ယ်ယူ အသုံးပြုနေသည့် ရှုခင်း ပုံပေါင်း များစွာ တွင် Human Interest မပါ သည့် ပုံ များစွာ ရှိသည် ကိုတွေ့ ရှိနိုင်ပါသည်။ ဥပမာ အားဖြင့် Window 10 က Screen Background အဖြစ် ကနဦးတင် ပေးသည့် လက်ရွေးစဉ် ရှုခင်း ပုံ များစွာတွင် Human Interest မပါ သည်ကို တွေ့ နိုင်ပါသည်။


ဆိုလို သည်မှာ Human Interest ပါရန် လိုသည်  ဆိုသည် ကို မူ သဘော တစ်ရပ် အဖြစ် တရားသေ ကိုင်ထားခြင်း  ထက် ကြည့် သူ၏ အာရုဏ် ကို ဆွဲဆောင် နိုင်မယ့် အရာ တစ်ခုခု ( Center of interest _ COI ) တစ်ခုခု ပါ ရန် လိုသည် ဟု ဆိုပါက ယေဘူယျ ပိုကျ မည်ဟူ ဆိုလို ခြင်း ဖြစ်ပါသည်။

လက်ရှိခေတ် ထိပ်တန်း ရှုခင်း ပုံ များ တွင် Human Interest မပါ သည့် ရှု ခင်းပုံ များလည်း စွာ  ရှိသည်ကို တွေ့ ရှိ နိုင်ပါသည်။

အောက် ပါနမူနာ ပုံ များမှာ Human Interest  မပါသော ရှုခင်း ပုံများ ဖြစ်ပါ သည်။ ကျွန်တော် ကဲ့ သို့ ကောင်းသည် ၊ မကောင်းသည် ဆုံး ဖြတ် နိုင်သည့်  အဆင့် မရှိ သူ များအနေနှင့် မူ ကြိုက် သည်မကြိုက် သည် လောက်ကိုသာ  ပြော နိုင်ကြ ပါမည်။ ဤ သည် မှာ ပင် ပုဂ္ဂိုလ်  တစ်ဦး ခြင်း၏ ခံ စားချက် သာ ဖြစ်သည် ဟု ဆိုရ ပါမည်။

အယူ အဆ တစ်ရပ် ကို တရား သေ ဆုပ်ကိုင် ထားရန် မလိုသည်ကို နမူနာ ပြ ခြင်း သာ ဖြစ်ပါသည်။














































Bird in Flight ပုံ များကို သုံးသပ်ခြင်း။   


ဤသည်မှာ Macro ကဲ့ သို့ ပင် ဓါတ်ပုံ ၏ သီးခြား ဘာသာရပ် တစ်ခု ဖြစ်ပါသည်။ ပုံကောင်း သည်  မကောင်းသည်ကို ဤဘာသာရပ် တွင် အတွေ့ အကြုံ အလွန် များသည့် ဆရာ ကြီး များ က မည်သို့ ရိုက်ရမည် ၊ မည်သို့ ကြည့် ရမည်ကို ပြော တာ ကြားဘူးပါသည်။

ဤ ကဲ့ သို့ ဆရာ ကြီးများ အကြား တွင်ပင် ငှက် ပျံ နေသည်ကို  နောက်က  ရိုက် စေကာမူ မျက် လုံးပေါ် လျှင် ပြီးတာဘဲ ဟု ဆိုသည့် သူက ဆိုပါသည်။

အချို့ သော ဆရာ များကမူ ငှက်သည် ကြည့် သူကို မျက် နှာ မူနေရ မည်။ မျက်လုံးပေါ်
နေရမည်။ တောင် ပံ ဖြန့် နေရာ တွင် အရောင် စုံ ပေါ်သည့် အပြင် ပိုင်း ပေါ် နေရမည်။
တောင် ပံ ကုတ် မနေစေရ စသည်ဖြင့် ပျံနေသည့် ငှက် ၏ အလှ ကို ပေါ် နိုင်သမျှ   ပေါ်  အောင် ရိုက် ရမည် ဆိုသည့် အယူ အဆ လည်း ရှိပါသည်။ 

အချို့ ဆရာ များက လည်း Bird in Flight ပုံ တစ်ပုံ ကို မည်မျှ ခက် ရာ ခက်ဆစ် ရိုက် ရ သည် အချက် ကို အလေးပေး စဉ်းစား ပြန်သည်။

ထို့ ကြောင့် ဓါတ်ပုံတင်သာ မက အခြားသော အကြောင်း ကိစ္စ အဖြာ ဖြာ ကို ကောင်းသည် မကောင်းသည်ဆုံးဖြတ် ခြင်း နှင့်ပတ်သက်၍ မိ တ်ဆွေတစ်ဦး  ဖြစ် သည့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနကထိ က တစ်ဦး နှစ်ပေါင်း များစွာအကြာက  ပြောသည် ကို ပြန် လည် ဖေါက်သည်ချ လိုပါသည်။

“ ဒီ မှာ သူငယ်ချင်း        ပါရဂူ ဘွဲ့ အတွက် တင်တဲ့ စာ တမ်း တစ်ခု ကို ကောင်းလှ ချီ ရဲ့ ဆိုကာ  အတည်ပြု ပြီး ပါရဂူ ဘွဲ့ ပေးလိုက် ရာ မှာ ငါ့ အမြင်ပြော ရရင် စာတမ်းတင်တဲ့ သူကဘယ်လို ဘာသာရပ် စာတမ်း ကို တင် တာလဲ ၊ စစ် တဲ့ သူ ကရော ဘယ်လို ဘာသာရပ် မှာ တော်တာလဲ။ တင် တဲ့ ဘာသာ ရပ် က ခေတ်ပြိုင် သမိုင်း စာတမ်း တင်ပြီး စစ် ဆေး တဲ့ ဆရာ က    ရှေးခေတ် သမိုင်း ဆရာ ဆို လို့က တော့ ဒီစာတမ်း ကောင်းတယ် လို့ ဆုံးဖြတ်တာ ဘယ်လို မှ မမှန် နိုင်ဘူး “

လို့ ပြော တာကို သတိရမိပါတယ်။


အခြား ထည့် သွင်း စဉ်း စားရ မည် မှာ လူ ၏ အစွဲ ဖြစ်ပါသည်။ 

လူ တို့ ၏ သဘာဝ မှာ တစ်ခုခု တစ်စုံ တစ်ရာ ကို ကြည့် ရ တွင် အစွဲ ဖြင့် ကြည့် တတ် သည်။ ထိုအစွဲ က အဆိုပါ ကြည့် သူ၏ ကောင်း သည် မကောင်း သည် ဟူသော ယူဆ ချက် ကို လွမ်း မိုး လေ့ ရှိသည်။


ဤ ကိစ္စ နှင့်ပတ်သက် ၍ မိတ်ဆွေ  တစ်ဦးဖြစ်သူ စာရေးဆရာ အေးထွန်းမင်း ပြော တာလေး တစ်ခု  ကို သတိရ မိပြန် သည် -



“ တစ် ခါ က စက်ချုပ် သမား ၊ ဖိနပ်ချုပ် သမား ၊ ဆံပင် ညှပ် သမား ..သူငယ် ချင်း (၃) ယောက် လမ်း လျှေက် ကြတယ်။  လမ်း မှာ လူတစ်ယောက် ဖြတ်လျှောက် သွားတော့ စက်ချုပ် သမားက - " ဟ..ဒီလူ့ အကျီင်္ ချုပ် သား လေး ကောင်းတယ် "  လို့ ပြော တယ်- ဖိနပ်ချုပ် သမား ကတော့ - " အင်း…ဖိနပ် နောက် မီးလေး တို နေ သလိုဘဲ "  - လို့ ပြော တယ် ။ ဆံ ပင် ညှပ် သမားကတော့ - " လူ ကချော ခြင် ရက် နဲ့ ဗျာ ၊ ဆံ ပင် ညာ ဘက် အကျ လေး က မညီ လှ ဘူး ဗျာ"  -- လို့ ပြောတယ် ဗျ…လူ ဆိုတာ ကို သန် ရာကို ကိုယ် ကြည့် တာပါဘဲ…..။”  ဆို တဲ့ စကားကို သတိရမိ ပါတယ်။



လူ မှန် လျှင် အစွဲ အနည်း နဲ့ အများတော့ ရှိ တတ် ကြတာ ဓမ္မတာ ပါ။
 

အချုပ် အားဖြင့် ဆိုရပါသော် အထက်တွင် ဖေါ်ပြ ထားသည်များမှာ ယေဘူယျ အများ လက်ခံ ထားသည့် အချက် များသာ ဖြစ်ပါသည်။

ဥပေးသ တစ်ခု အဖြစ် တရားသေ ဆုပ်ကိုင်  ထားရမည့် အချက် များ မဟုတ် ကြောင်း နှင့် မှန်ကန်ချက် ၊ သဘောတရာ တစ်ရပ် ဆိုသည်မှာ အချိန် ကာလ အတိုင်း အတာ တရပ် ၊ အခြေခံ တစ်ရပ် ပေါ်မှာ တည်မှီ နေကြောင်း နှင့် ကောင်းသည် ၊ ဆိုးသည် တို့ မှာ ပကတိ အမှန် တရား ( Absolute Truth )မဟုတ်ဘဲ နှိုင်း ရပ် ဟု ဆိုသည့်  အကြောင်း အရာ တစ်ခု နှင့် တစ်ခု နှိုင်းယှဉ် ရာ မှ ပေါ်ထွက် လာသည့် ( Relative ) တစ်ရပ် သာ ဖြစ်သည် ကို သိချပ် မိကြစေရန်  ထပ်လောင်း ဖေါ်ပြ အပ် ပါသည်။ 



_________________________________