Thursday 30 October 2014

Canon 7D Mark II




(79) – Canon 7D Mark II                               ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၉)

 

ကျွန်တော် စိတ်ဝင်စား သည့် ကင်မရာ တစ်လုံး

( Canon 7D Mark II )

 

 

စကားဦး

ဤ မှတ်စု ကို ကနဦး တွင် “  အတော် အသုံး တည့်သည့် ကင်မရာ တစ်လုံး “ စသည့် သဘော ဆောင် သော ခေါင်းစဉ် ပေး ရန် စိတ်ကူး ခဲ့ မိပါသည်။ သို့ ရာ တွင် ကင်မရာ ကို သုံးစွဲ ရာ တွင် အထူး ပြု ရိုက်ကြသည့် အပေါ် မူ တည်၍ တစ်ဦး နှင့် အကြိုက်ခြင်း မတူနိုင်သော ကြောင့် ကျွန်တော်စိတ်ဝင်စားသည့် ကင်မရာ တစ်လုံး ဟူ၍ ပြောင်း ကာ အမည် ပေး လိုက် ခြင်း ဖြစ်ပါသည်။

 

အဆိုပါ ကင်မရာမှာ  လာမည့် နိုဝင်ဘာ လအတွင်း ထွက် မည် Canon 7D Mark II  ဖြစ်သည်။ ဤ ကင် မရာ လာမည့် နိုဝင်ဘာလ တွင် ထွက် မည့် အကြောင်း ကို ကျွန်တော် နှင့် ငှက် များကို အတူ တစ်ကွ ဓါတ်ပုံ ရိုက် သည့် Canon ကင်မရာ သုံး သူ မိတ်ဆွေ တစ်ဦး ပြောမှ ကျွန်တော် သည်လည်း သိရ ခြင်း ဖြစ်ပါသည်။ သူက လည်း အဆိုပါ Canon 7D Mark II  ကိုဝယ်ရန် တာစူနေသူ ဖြစ်သည်။

 

အဆိုပါ မိတ်တွေ အပါအ၀င် ကျွန်တော် တို့ ကဲ့ သို့  ငှက် ရိုက်သူများ  ကြိုက် ရ ခြင်း မှာ အဆိုပါ ကင်မရာသည် APS-C ကင်မရာ ဖြစ်ပြီး 22.2 Megapixel  ဖြစ်ကာ Frame Advance Rate – 10 Frame/Sec ဖြစ် သောကြောင့် ဖြစ်ပါသည်။

 

ကျွန်တော် တို့ သည် ပျံ နေသော ငှက် ၊ အထူး သဖြင့် အမြင့် မှ ရေ ထဲ သို့ ဒိုက်ဗင် ထိုးကာ ငါး ဖမ်းသည့် Kingfisher များကို ဓါတ်ပုံ ရိုက် နေကြသူများ ဖြစ်သော ကြောင့် ဖြစ်ပါသည်။

 

Wildlife ရိုက်ရာ တွင် APS-C ၏ အားသာ ချက်။

 

ငှက် အပါအ၀င် Wildlife ရိုက် ရာ တွင် Long Tele Lens များ သုံးကြ ရပါသည်။ သာမန် အပျော် ထမ်း ရိုက် သူများ အနေနှင့် ဒေါ်လာ သောင်း ဂဏန်း ကျော် ဈေးကြီးလှ သည့် Nikon, Canon စသည့် နံ မည် ကြီး Original Lens များကို မသုံးနိုင် ကြဘဲ Sigma, Tamron စသည့် Third Party Long Tele Lens များကို သုံး ကြရပါသည်။ Tamron 150-600mm မပေါ် မှီ က အဖိုးနည်း ၀န်ပါ အများဆုံး သုံးကြ သည်မှာ Sigma 150-500mm ဖြစ်သည်။

 

သို့ သော် ငှက် လှုပ်ရှားသည့် နေရာသည် ကင်မရာ နှင့် အလှမ်း ဝေး သည့် အချိန် မျိုး တွင် မူ  Focal Length 500mm သည် သိတ် အဆင်မပြေလှ ။  Subject သည် ပုံထွက် သေး နေ သည်။  အမြင့်တန်း ကင်မရာ များ ဖြစ်သည့် Full Frame ဖြင့် ရိုက်သူများ မှာ တစ်ခါ တစ်ရံ တွင် ၄င်း တို့၏ Prime Focal Length 600mm Lens သည်ပင် မမှီ သဖြင့် Teleconverter 1.4X မှ 2X အထိ တပ် ရိုက် ရသည် အခါများ လည်း ရှိပါသည်။

 

အဆိုပါ အခြေ အနေ မျိုး တွင် Full Frame ကင်မရာ အစား APS-C ကင်မရာ ကို သုံးပါက Crop Factor ကြောင့် Focal Length ပို ရှည်ရှည် ရလာသည်။ Full Frame နှင့် APS-C တို့၏ ပုံ ထွက် ကွာ ခြားချက် များ မှာ မူ ရှိသင့် သလောက် တော့ ရှိပါသည်။ သို့ သော် ပုံ ကြီးကြီး ရ သဖြင့် Crop လုပ်ရန် သိပ် မလိုလှ။

 

ဥပမာ အား ဖြင့် Focal Length 500mm ကို Canon APS-C ကင်မရာ တွင် တပ်လိုက် ပါက Canon Crop Factor သည် ( 1.6 X ) ဖြစ်သောကြာင့် Focal Length 500mm သည် ( 500mm X 1.6 = 800mm ) ဖြစ်လာသည်။ Nikon တွင် မူ Nikon Crop Factor သည် ( 1.5 X ) ဖြစ်သည့်အတွက် Focal Length သည် ( 500mm X 1.5 = 750mm ) ဖြစ်လာသည်။

 

ကျွန်တော်သည်လည်း ငှက် နှင့် အလှမ်း ဝေးသည့် နေရာ များတွင် Full Frame အစား APS-C ဖြစ်သည့် Nikon D 7100 တွင် Tamron 150-600mm ကို တပ် ရိုက်ရပါသည်။ ထိုအချိန် တွင် 600mm သည် 35mm ( Full Frame ) equivalent ( 600mm X 1.5 = 900mm ) ဖြစ်လာသည်။ Frame Advance Rate သည် 6-Frame/ Sec ဖြစ်သည်။

 

သို့ သော် ပုံ ကို ပို ကြီးကြီး  ရလာပြီး ပို မြန်မြန် ရိုက် ရန် လိုသည့် အခြေ အနေ မျိုး တွင် D 7100 ၏ 1.3 Crop Option ကို သုံး ပါသည်။ အဆိုပါ အချိန် တွင် Focal Length သည် ( 900mm X 1.3 = 1170mm ) သည်။ Frame Advance Rate သည် 7-Frame/ Sec ရလာသည်။

 

အမြန် ပျံသန်း လှုပ်ရှားနေသည့် ငှက်များကို ရိုက် ကြသည့် ကျွန်တော် တို့  တစ်တွေ သည် Focal Length ရှည် ရှည် ၊ Frame Advance Rate မြန်မြန် နှင့်  အလင်းရောင် နည်း ပါက Shutter Speed  မြန်မြန် တင်ရိုက် နိုင်ရေး အတွက် ISO မြင့် မြင့် တင်နိုင်သည့် ကင်မရာများ ကို လို ခြင်ကြပါသည်။

 

အကြောင်း မှာ သာမန် အားဖြင့် Shutter Speed 1/2000 အထက် နှင့် တစ်စက္ကန့် (၉) ပုံ ခန့် ရိုက်လို ကြသည့် အတွက် ဖြစ်ပါသည်။

 

အောက်ဖေါ် ပြ ပါ Canon EOS 7D Mark II key specifications  များကို ကြည့်  ခြင်း အားဖြင့် ကျွန်တော် အပါအ၀င် လျှင်မြန်စွာ ပျံနေသည့် ငှက်များ ကို ရိုက်နေသူ များ အတော် သဘောကျ သည် ကင်မရာ ဖြစ်နေပါသည်။

 

လျှင်မြန်စွာ ပျံနေသည့် ငှက်များ ကို ရိုက်နေသူ များ - ဟု ဆိုခြင်း မှာ အချို့  သော ငှက် ကို ဓါတ်ပုံ ရိုက်သူများသည် များသောအားဖြင့် ပျံ နေသည့် ငှက် ကို ရိုက် ခြင်း နည်း ကာ နားနေသည့် ငှက် ကို မှတ်တမ်း ( Documentary ) အဖြစ် အဓိက ထား ရိုက် နေသူများ လည်း ရှိသောကြောင့် ဖြစ်ပါသည်။

 

အဆိုပါဓါတ်ပုံ သမား များ အနေနှင့်မူ Frame Advance Rate နည်းနေစေကာမူ Nikon D 800 ကဲ့ သို့ 36 MP ရှိသော Pixels  များများ ဖြင့် ရိုက် ကြသည့် အတွက် ဖြစ်ပါသည်။

 

 

The Canon EOS 7D Mark II

 

The Canon EOS 7D Mark II သည် ၂၀၀၉ ခု နှစ်က ထုတ် ခဲ့သော Canon 7D ကို တစ်ဆင့် တက် ကာ အစားထိုး ထုတ် ခြင်း ဖြစ်သည်။ Nikon APS-C တွင် D 7100 သည် Flagship ဖြစ်သကဲ့ သို့ Canon APS-C တွင် 7D Mark II သည် Flagship ဖြစ်သည်။

 


Canon EOS 7D Mark II
 
 
 
 
Back View.
 
 
 
Side View
 
 
Side View
 
 
 
 
 
Canon EOS 7D Mark II key specifications:
  • 20MP Dual-Pixel AF CMOS Sensor
  • 10 fps continuous shooting with autofocus
  • 65 all cross-type autofocus sensor
  • 150,000 RGB + IR pixel metering sensor
  • Dual Digic 6 processors
  • Enhanced environmental sealing
  • Compact Flash (UDMA) and SD (UHS-I) slots
  • USB 3.0
  • Built-in GPS
  • Larger-capacity LP-E6N battery
  • Shutter speeds up to 1/8000th seconds
  • Shutter rated to 200,000 cycles (vs 150,000 on 7D)
 
ကျွန်တော် တို့ ကြိုက်သည့် အဓိက အချက်များ။
 
20 MP သည် ကျွန်တော် တို့  အတွက် အတော် လုံလောက် သည့် Pixels Count ဖြစ်ပါသည်။  Frame Advance Rate 10-Frame/Sec သည် ကျွန်တော် တို့ ငှက် Tracking တွင် လည်း အတော် လုံလောက် Continuous High Speed  Rate ဖြစ်ပါသည်။
 
အခြား အချက် တစ် ရပ်မှာ APS- C ဖြစ်သည့် အတွက် Crop Factor အရ Teleconverter ခံ ရန် မလိုဘဲ Focal length  ပို ရှည် ရှည် ရ သောကြောင့် ဖြစ်ပါသည်။
 
ကျွန်တော် တို့  အတွက် အမြန်ပျံ နေသည့် ငှက် ကို Tracking လုပ်ရာ တွင် Focus မြန်မြန် မိ ရန်လိုသည်။ Lens ၏ Focusing မြန်ရန် လိုသကဲ့ သို့ ကင်မရာ တွင် တပ်ဆင်ထားသည့် Focus Processing ဆိုင်ရာ အပိုင်း များကလည်း  မြန်မြန် Process လုပ် ပေးရန် လိုသည်။
 
အခြား အချက် တစ်ချက် မှာ ISO မည် မျှ ထိန်း နိုင် သနည်း ဆိုသည့် အချက် ဖြစ်သည် ။ Canon EOS 7D Mark II သည် ISO 100 မှ 16,000 and  expandable to 51,200 ဖြစ်သည် ဟု Specification များ တွင် တွေ့ရသည်။ သည်လောက် ဆိုလျှင် ကျွန်တော် တို့ အဆင်ပြေပြီ ဖြစ်သည်။
 
Canon EOS 7D Mark II     Autofocus Module သည် Center double-cross -Type 65-Point AF –Module ဖြစ်သည်။ အဆိုပါ Module သည် 150,000-Pixel RGB IP Metering Sensor ဖြင့် ချိတ်ဆက်ထားသည်။ Intelligent Tracking and Recognition' (iTR) ဖြစ်သည့် Cross-Type 65-Point AF System သည် ကျွန်တော် တို့ ရိုက် သည့် အမြန် လှုပ်ရှားနေသည့် Subject ကို Tracking လုပ်ရာ တွင် များစွာ အထောက် အကူ ဖြစ်စေသော စနစ် ဖြစ်သည်။
 
Shutter Release Bottom  ကို တစ်ဝက် နှိပ်ပြီး Initial Focus Point ကို ဖမ်း လိုက်သည်နှင့်သာမန် စနစ် များထက်  Frame အတွင်း ရွှေ့ လျှား နေမည့်  Subject ကို ပို၍ တိကျစွာ Focus ဖမ်း နိုင် မည် ဖြစ်သည် ဟု Review များတွင် ဖတ်ရ သည်။
 
Review များ တွင် အခြားသော အားသာ ချက် များစွာ ရေးသား ထားသည်ကို ဖတ် မိ ပါသော်လည်း ကျွန်တော် ကြိုက် သည့် အချက် များကိုသာ ထုတ် ကာ ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။
 
 
 
 
 
 
 
 
 
Sensor
Review တစ်ချို့၏ အဆိုအရ ကင်မရာ များ အဆင့် တစ်ဆင့် တိုး ထုတ် လျှင် လုပ်လေ့ ရှိသည့် အတိုင်း The Canon EOS 7D Mark II တွင် ဆငထားသည့် 150,000-Pixel RGB + Infrared Metering Sensor သည် Zone ပေါင်း 252 ခွဲ ကြောင်း နှင့် ဤ ယခင်က ဤ Sensor မျိုး တပ်ဆင် ခဲ့သော EOS-1DX ထက် ပင် ပို၍ ကောင်းသည် ဟု ရေးထားသည် ကို တွေ့ရ သည်။ EOS-1D X ၏ RGB + Infrared Metering Sensor သည် 100,000-pixel ဖြစ်သည်။
 
Canon EOS 7D Mark II တွင် Image Processing ကို တစ်ဆင့် ပို လိုက်သည်မှာ  ပုံ ရိပ်ဖမ်း ပို မြန်၍ အလင်း တုန့် ပြန်မှု ပို ဖြစ်လာစေရန် Dual Digic 6 processing engines ဖြင့် မောင်းပေးသည် ဟု Review များတွင် ရေး ထားသည် ကို တွေ့ ရသည်။
 
ယင်း Engine ၏ စွမ်း အားကို အတိအကျ မသိရသော်လည်း Nikon D 4s ၏ နောက်ဆုံး ပေါ် Expeed 4 Image Processing Engine ကဲ့ သို့ ဖြစ်မည် ဟု ထင် သည်။
 
Canon EOS 7D Mark II ၏ နမူ နာ ပုံများ။
 
နမူ နာ ပုံများ မှာ Size အသေးများ ဖြစ်နေ သဖြင့် ကြည့် ၍ အဆင် ပြေ ဆုံး ဖြစ်စေ ရန် ရ နိုင်သမျှ Large Size ကို ပြထားခြင်း ဖြစ်ပါသည်။

 
 













 
 




 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Nikon, Canon စသည့် leading Camera များသည်  အသစ် ထုတ်လုပ်သည့်  ကင်မရာ များ ၏ အားသာချက် များကို မီးမောင်း ထိုး ကြော်ငြာ စေကာမူ တကယ် စမ်း ကြည့် မှ ကမောက် ကမ ဖြစ် စေမည့် အချက် များ အား ချဲ့ ကား ကြော်ငြာ ခြင်း များကို  ၄င်း တို့ ၏ Company နံမည် အပျက် ခံ ကာ ကြော် ငြာ လိမ့် မည် မဟုတ် ဟု ကျွန်တော် ထင်ပါသည်။

 

ကျွန်တော် ယခု ရေးသည့် မှတ်စု သည် အဆိုပါ ကင်မရာ နှင့် ပတ်သက် ၍ ရေးထားသည့် သုံးသပ်ချက် ( Review ) ဆောင်းပါးအချို့ ကို ကိုးကားရေးသား ခြင်း ဖြစ်ပါသည်။

 

Canon က ဤကဲ့သို့ အမြင့်တန်း APS-C ကင်မရာ ထုတ် သကဲ့ သို့ Nikon သည်လည်း အလားတူ ကင်မရာ မျိုး ကို မကြာမှီ ထုတ်လုပ် လာ နိုင်ခြေရှိသည် ဟု ထင်ရပါသည်။

 

ကျွန်တော် သည် Nikon သုံးနေသည် မို့ အဆိုပါ အချိန် ကို စောင့်ရပါလိမ့်မည်။

 

_______________________________



Friday 24 October 2014

Shooting the Kingfishers




(78) – Shooting the Kingfishers                      ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၈)

 

ကျွန်တော် Kingfisher ငှက် များ ကို ဓါတ်ပုံ ရိုက် ရာ တွင် ။

 ( Shooting the Kingfishers )

စကားဦး

ကျွန်တော်သည် အမြန် ပျံ နေသည့် ငှက် များကို ရိုက်ရာ တွင် ကျွန်တော် လေ့လာ ခဲ့သည့် ကာလ တို အတွင်းသိသလောက် မျှ သော နည်းပညာ ပိုင်း ဆိုင်ရာ များကို မှတ်စု အမှတ် (၇၁) တွင် ရေးခဲ့ပါသည်။ အဓိက မှာဓါတ်ပုံ ဆိုင်ရာ နည်းပညာ အပိုင်း နှင့်  Tracking ပိုင်း ဖြစ်ပါသည်။

 

သို့ ရာ တွင် ငှက် များကို စောင့် ၍ ရိုက်ရာ ၌ ၄င်း တို့ ၏ သဘာဝ ကို သိရန် လည်း လိုအပ် ပါသည်။ သို့ မှ သာလျှင် အချိန် အလဟသ မဖြစ်ဘဲ ယင်းတို့ ကို ထိရောက် စွာ ရိုက် နိုင်မည် ဖြစ်ပါသည်။ သို့ မဟုတ်ပါက အချိန်ကုန် လူပန်း ဖြစ်တတ်ပါသည်။

 

လက်ရှိ အချိန် တွင် အမြန် ပျံသန်း လှုပ် ရှား နေသည့် Kingfisher များကိုသာ ရိုက် နေပါသည်။ Kingfishe ဆိုရာ တွင်လည်း အဓိက အားဖြင့် Stork billed Kingfisher, White Throated Kingfisher, Common Kingfisher တို့ကိုသာ ရိုက် နိုင်ပြီး White Colored Kingfisher ကိုမူ ကျွန်တော် တို့ စောင့် ရိုက်လေ့ ရှိသည့် ရိုက်ကွင်း အတွင်း သို့ လာရောက် ခြင်း မရှိသည့် အတွက် တစ်ခါ တစ်ရံ မှသာ ရိုက်  ခွင့် ကြုံ ပါသည်။

 

ထို့ ကြောင့် အဆိုပါ ငှက် (၄) မျိုး ရိုက်ကူးရာ တွင် တွေ့  ကြုံ ရသည့် အတွေ့ အကြုံ များကို ပြန် လည် မျှ ဝေ လို သဖြင့် ဤ မှတ်စု ကို ရေး ရခြင်း ဖြစ်ပါသည်။ ကျွန်တော့် အတွက် လည်း မှတ် တမ်း ကလေး ရှိနေစေရန် အတွက် လည်း ဖြစ် ပါသည်။
 

အောက်တွင် ဖေါ် ပြထားသည့် နမူနာ ငှက် ပုံများ အားလုံးသည် ကျွန်တော်၏ မူပိုင် ပုံ များဖြစ်ပါသည်။

 

 


ကြိုတင်ပြင်ဆင် ခြင်းများ။


 

မိုးလေ၀သ ခန့် မှန်းခြင်း

ဓါတ်ပုံ ရိုက် မထွက် မှီ ကြိုတင်ပြင်ဆင် ရာ တွင် ကျွန်တော် ပထမ ဦး ဆုံး လေ့လာ ရသည် မှာ ရာသီဥတု ပင် ဖြစ်သည်။ အထူး သဖြင့် ငှက် များ အစာရှာထွက်သည့် နံနက် ခင်း နှင့် ညနေခင်း များတွင် ရာသီဥတု သာယာ မှု မရှိမရှိ နှင့် ဒီရေ အတက်အကျ တို့ကို ကနဦး လေ့လာပါ သည်။ အောက်ပါ ပုံများ သည် ကျွန်တော် မိုးလေ၀သ နှင့် ဒီရေ အတက် အကျ လေ့လာ သည့် Website မှ ပုံများ ဖြစ်ပါသည်။

 

 မိုးလေ၀သ ခန့်မှန်းချက်။

 

 
နာရီ အလိုက် မိုးလေ၀သ ခန့် မှန်း ချက်။


အကြောင်းမှာ မိမိ ရိုက် မည့် အချိန် တွင် မိုး ရွာ နိုင်ပါက မည်သို့ မှ ရိုက်၍ မရ နိုင် သောကြောင့် ဖြစ်သည်။ အထးသဖြင့် ဓါတ်ပုံ ရိုက်ရန် နံနက် ခင်း နှင့် ည နေခင်း အပြင် ဒီရေ ကျ ချိန် အတွင်းရှီ ရာသီဥတု အခြေအနေ ကို လေ့လာ ထားပါသည်။



 


ဒီရေ အတက်အကျ ကြိုတင် လေ့လာခြင်း။


 


 


အခြား လေ့ လာရသည့် အချက် မှာ ရေ တက် ရေကျ ဖြစ်သည်။ ကျွန်တော် တို့ Kingfisher ငှက် များ ကို ဓါတ်ပုံ ရိုက်သည့် နေရာသည် ရေ သေ ဖြစ်သော ကန် ( Lake ) မဟုတ်ဘဲ ပင်လယ် နှင့် ဆက်နေသည့် မြစ်ချောင်း ဖြစ်သည်။ ဒီရေ တက်၍ ချောင်း ရေ ပြည့်နေလျှင် ငှက်သည် ရေ ထဲ ကို ငါး ကို ဒိုက်ဗင် ထိုးဆင်း ဖမ်းရန် မမြင် နိုင် သဖြင့် ရေ တက်ချိန်တွင် အစာရှာ ရန် လာနေကြ နေရာ သို့ ငှက် မလာပါ။ Kingfisher များ ကို ရှေ့  တွင် ငှက် ဟူ၍ သာ ခြုံ ၍ ရေးပါမည်။

 

ချောင်း ရေ ပြည့် နေသည့် အချိန်။

 

 အထက်ပါ ပုံ ကဲ့ သို့  ချောင်းရေပြည့် နေ ပါက ငါးသည် ရေ အာက် တွင် နေသည့် အတွက် ငှက် က ငါး ကို လွယ် ကူ စွာ မမြင် နိုင်ပါ။ အကယ်၍ မြင် သည့် ငါး ကို ဆင်း သုတ် လျှင် လည်း ငါးသည် ရေ အောက် သို့ ထိုးဆင်း ကာ ရှောင် ရန် လွယ် သဖြင့် ငါး မရ ဘဲ လွတ်သွားရန် အခြေ အနေ များပါသည်။ ထို့ ကြောင့် ငှက် များသည် ရေပြည့် ချိန် တွင် ငါး ဖမ်း ခဲ ပါသည်။ တစ်ခါ တစ်ရံ  ရေ ဆင်း ချိုးသည် သာ ရှိပါသည်။

 

 ရေ ကျ ချိန်။

အထက်ပါ ပုံကဲ့ သို့  ရေ ကျ ချိန် တွင် ငါး နေ သည် ရေ ဧရိယာ ဘေး ဘယ် ညာ အတိမ် အနက် ကျဉ်းသွား ခြင်း ကြောင့် ငါး များကို စု ပြုံ စွာ ဖြင့် များစွာ  တွေ့ရ သည်။ ငါး ပြေး ရန် နေရာ လည်း ကျဉ်း သည် ထို အချိန် တွင် ငှက် များ  ငါး အများဆုံး ဖမ်းပါသည်။

 

ထို့ ကြောင့် ဓါတ်ပုံ ရိုက်မည့် နံနက် ခင်း နှင့် ညနေ ပိုင်း များတွင် ရေအတက်အကျ အခြေ အနေ ကို ဒီရေ အတက်အကျ ပြသည့် Website များ တွင် လေ့ လာရခြင်း ဖြစ်ပါသည်။
 
 
ရေတက် ရေကျ ကို တိကျ စွာ ပြသည့် Tide Table.

 

ရာသီဥတု ခန့် မှန်း ချက် မှာ မူ  မိုးရွာ နေပူ အချိန် အနည်းငယ် လွဲတတ် စေကာမူ များရှိသော် လည်း ရေ တက် ရေကျ  ဇယား မှာ မူ  အတော် တိကျ သော Time Table ဖြစ်ပါသည်။

 

ငှက် ရိုက်သည့် ဓါတ်ပုံ သမား တိုင်း အထက်ပါ အချိန် များကို ၄င်း တို့ ၏ Cell Phone တွင် လေ့ လာ ကြသည် ကို တွေ့  ရပါသည်။ ခြေ ခင်း လက်ခင်းသာ မှသာ ရိုက်ကွင်း သို့ လာလေ့ ရှိကြပါသည်။

 

ကင်မရာ ဆိုင်ရာ ပစ္စည်း များ ပြင်ဆင်ခြင်း

အရေး အကြီးဆုံး မှာ Camera Battery ဖြစ်ပါသည်။ High Speed Continuous ဖြင့် ပုံ ရာ နှင့် ချီကာ ရိုက် ရသည့်အတွက် Battery အကုန် မြန် သည်။ ထို့ ကြောင့် ကင်မရာ အတွင်း ရှိ Battery သည်  အားပြည့် နေရန် လိုသည့် အပြင် အပို Battery လည်း မဖြစ်မနေ ယူသွားရပါသည်။

 

ပုံ များများ ဆန့် သည့် Memory Card လိုပါသည်။ အပို လည်း ဆောင် သွားရန် လိုပါမည်။ ကင်မရာ တစ်လုံး ထည်း တွင် Card နှစ် ခု ပါလျှင် ပို ကောင်းပါသည်။ SD Card ဖြစ်စေ CF ဖြစ်စေ မည်သည့် Card မျိုး ဖြစ်စေ တစက္ကန့် လျှင် အနည်း ဆုံး  6-Frame မှ 12-Frame အထိ ရိုက်ကြရ သဖြင့် Data Transfer  Speed  မြန် သည့် Card ဖြစ်ရန် လိုပါသည်။ 

 

သုံးမည့် Lens ၏ Focal Length အတို အရှည် မှာမူ ရိုက်ကွင်း၏ နေရာ ပေါ် လိုက် ကာ လိုအပ် ပါသည်။ ကျွန်တော် ရိုက်သည့် နေရာ အလိုက် ပြော ရ ပါလျှင် စင်ကာပူ Japanese Garden လိုနေရာ မျိုး တွင်မူ များသော အားဖြင့်  ကန်ထဲ ရှိ ငါး ကို ဒိုက်ဗင် ထိုးကာ ဆင်း ဖမ်း သည့် ငှက် ကိုသာရိုက်ပါသည်။ ငှက် နှင့် ကင်မရာ အကွာ အဝေး မှာ  ၁၀ ကိုက် -မှ ကိုက် ၂၀ ကိုက် ခန့် အထိ အတော်နီး နီးရိုက် နိုင်သဖြင့် Focal Length 200mm မှ အများ ဆုံး  400mm လောက်သာ လိုပါသည်။ သို့ ရာ တွင် အဝေး ရှိ ငှက်များကို ရိုက်လျှင်မူ Focal length ပိုရှည်ရှည် လိုပါမည်။

 

စင်ကာပူ Pasir Ris Mangroves လိုနေရာ မျိုး တွင် မူ ချောင်း အတွင်း ဒိုက်ထိုး ဆင်းကာ ငါး ဖမ်းသည့် Stork billed Kingfisher, White Throated Kingfisher, Common Kingfisher  စသည့် ငှက် များ ကို အနီးဆုံး ကိုက် ၅၀ မှ အဝေး ဆုံး ကိုက် ၁၅၀ -၂၀၀ ခန့် အတွင်း ရိုက် ရသဖြင့် Focal Length ရှည် သည့် Lens များလိုပါသည်။

 

White Throated Kingfisher နှင့် Common Kingfisher တို့  သည် တစ်ခါ တစ်ရံ ဓါတ်ပုံ ရိုက်သည့် တံ တား နှင့် အတော် နီးနီး နေရာ များ တွင် ငါး ဖမ်း လေ့ ရှိ ပြီး Strork billed သည် အဝေး နေရာ များတွင်သာ ဒိုက်ဗင် ထိုးကာ ငါး ဖမ်း လေ့ ရှိသည်။
 

  Stork-billed Kingfisher (Pelargopsis capensis)

White-throated Kingfisher (Halcyon smyrnensis)
 
 
Common Kingfisher (Alcedo atthis)
 
 
ထူးခြား ချက် တစ်ခု မှာ ကျွန်တော် တို့  ပုံ မှန် ရိုက်သည့် ရိုက် ကွင်း နေရာ သည် Stork billed Kingfisher, White Throated Kingfisher, Common Kingfisher တို့ ၏ အပိုင် ဧရိယာ ဖြစ်ပုံ ရသည်။ အဆိုပါ Kingfisher များသာ ငါး လာဖမ်းကြပြီး  အခြား Kingfisher များ မလာကြပါ။

 

မည်သည့် အချိန် တွင် မှ  White Collared Kingfisher သည် ကျွန်တော် တို့ ငှက် ဓါတ်ပုံ ရိုက်သည့် နေရာ သို့ လာသည် မရှိ ဘဲ မလှမ်း မကမ်း နေရာ များတွင် သာ ငါး ဖမ်းသည် ကို တွေ့ ရသည်။ တစ်ခါ တစ်ရံ ရောက် လာလေ့ ရှိသော်လည်း ခဏ တစ်ဖြုတ် သာနေကာ ငါး မဖမ်းဘဲ ပြန် သွား သည် ချည်းသာ ဖြစ်ပါသည်။

 

White Collared Kingfisher (Halcyon chloris)

အဆိုပါ ငှက် များ အရှိန် နှင့် ပျံ နေစဉ် Tacking  လိုက်ပါက အချို့  က  ကင်မရာ View Finder မှ ပင် ချောင်း ကြည့်ကာ Tracking လိုက် ပြီး အများစု ကမူ သေနပ် ပစ်ရာ တွင် သုံး သည့် Red Dot Sight ကို သုံးကြသည်။ ဤ သို့ ဖြင့် ငှက် ပျံ နေသည့် လမ်းကြောင်း တစ်လျှောက် သက်တောင့် သက်သာ စွာ လိုက် ကြည့် နိုင်သည်။ အထူးသဖြင့် Pasir Ris Bird Photographer များ သုံးကြသည်။

 

Red Dot Sight ( ဒေသအခေါ် - Range Finder ) တပ်ထားသည့် ကင်မရာ။
 
 
 
Japanese Garden Bird Photographer များမှာ မူ Tracking လိုက်သည် ထက် ဒိုင်ဗင် ထိုး ဆင်း မည့် နေရာ ကို မှန်းကာ Fixed Area Focus သဘော မျိုး ဖြင့် View Finder မှပင် ကြည့် ကာ ရိုက်ကြသည်။

 

ခိုင် ခန့် ပေါ့ ပါး သည် Tripod

Lens ကြီး ကြီး ကင်မရာ ကြီး ကြီးများ သုံးကာ ရိုက်ကြရ သဖြင့် ခိုင်ခန့် ပေါ့ ပါး သည် Tripod လိုသည်။ လက်ဖြင့် ရေ ရှည် ကိုင် ရိုက် ၍ မလွယ် လှပါ။

 အောက်ပါ ပုံ မှာ ငှက် ဓါတ်ပုံ သမား အများ စု သုံးသည့် နံ မည် ကြီး ကာဘွန် ဖိုင်ဘာ Gitzo Tripod တွင် Gimble Head တပ် ထားခြင်း ဖြစ်သည်။

 

 

အချို့  သော အနည်းစု မှာ အောက် တွင် ပြ ထားသည့် Ball Head Tripod ကို သုံးကြသည်။ ကျွန်တော် လည်း Ball Head ကိုသာ သုံးပါသည်။ ထိပ်တန်း Gitzo Tripod တွင် Gimble Head တပ် ထားသည့် Tripod ကို မ၀ယ် နိုင်သေး၍ ဖြစ်ပါသည်။

 
 
 

Camera Setting များကို ပြန် စစ်ဆေးခြင်း

 ကင်မရာ ကို အခြားနေရာ တွင် ရိုက်ခဲ့ စဉ်က Exposure Compensation များ လုပ်ထား ခဲ့ ခြင်း ရှိမရှိ ပြန် စစ်ရ ပါသည်။ ငှက် ရိုက် ရသည် မှာ နောက် တစ်ကြိမ် အခွင့် အရေး ပြန် ရ ရန် ခက်သည့် အတွက် Exposure မှားသွားသဖြင့် ခက် ရာ ခဲ ဆစ် ရိုက်ထားရသည့် ပုံ မှာ Overexpose , Underexpose ဖြစ် သွား နိုင်သော ကြာင့် ဖြစ်ပါသည်။

 

 ကျွန်တော် ထိုအဖြစ်မျိုး ကြုံဘူးပါသည်။ ကောင်းကင် အဖြူ ရောင် တောက်တောက် နောက်ခံ ရှိ အဖြူ ရောင် Pied Imperial Pigeon ကို Exposure Compensation အတော် များများ ပေးကာ ရိုက်ခဲ့ ပြီး နောက် အဆိုပါ Setting ကို ပြန် ပြင် ရန် မေ့ နေပါသည်။

 

ယင်း နောက် အလွန် တွေ့ ရ ခဲ သည့် Yellow Bittern ကိုတွေ့ ၍ ရ သမျှ လု ရိုက်ခဲ့ ရာ တွင်  အခြားသော Setting များ မှန် သော် လည်း Exposure Compensation  ကို ပြန် မချ  လိုက် သောကြောင့် ပုံတွေ အားလုံး ဖြူ ကုန်ပါသည်။ နောက် ထပ် အခွင့် အရေး လည်း မရ တော့ပါ။

 

ထို့ ကြောင့် ငှက် ရိုက်ကွင်း ထဲ ၀င် သည်နှင့် ကင်မရာSetting အားလုံးသည် မိမိ ရိုက် မည့် အခြေအနေ အတိုင်း ဟုတ် မဟုတ် ပြန် စစ်ရပါသည်။

 

Camera Angle အတွက် နေရာယူခြင်း

 

ယင်းနောက် ရေပြင် တွင် ကျ နေသော အရိပ်  ( Shadow ) ရေပေါ် တွင် ဖြစ်ပေါ် နေသည့် ရောင်ပြန် ( Reflection ) များတွင် ရှိသည့်  Exposure ကို နေ ရာ အလိုက် တစ်ချက် ခြင်း ရိုက်ကြည့် ကာ Histogram ဖြင့် ပြန် စစ်ရပါသည်။ နေရာ ယူ ရာ တွင် Reflection နေရာ ကို ရှောင် နိုင်လျှင် ကောင်းပါသည်။


ကျွန် တော် တို့  တစ်တွေ အနေနှင့်မူ ငှက်ပေါ် ကျ မည့် အလင်း ရောင် ဘက်မှ နေရာယူလေ့ ရှိကြပြီး  တတ်နိုင် သမျှ Reflection နေရာ ကို ရှောင်ကာ နေရာ ယူ ကြပါသည်။ ယေဘူယျ အားဖြင့် အောက် တွင် နမူ နာ ပြထားသည့် ပုံ ကဲ့ သို့   ငှက် ဒိုက်ဗင် ထိုးနိုင် မည်ဟု ယူဆ သည့် နေရာ နှင့် ကင်မရာသည် (၉၀) ဒီဂရီ နေရာယူလေ့ ရှိပါသည်။ Angle အနည်း ငယ် ပို ကျဉ်း ကာယူ နိုင်လျှင် ငှက် ရှေ့ ပိုင်း ကို ပို ရ နိုင်ပါသည်။



ဤသည်မှာ အကြမ်း သဘော မျှသာ ဖြစ်ပါသည်။ Angle ကိုအဆင် ပြေ သလို စိတ် ကြိုက် ယူ နိုင်ပါသည်။ အဓိက မှာ  ငှက် ၏ နောက် ပိုင်း ကို သာ ရိုက် မိနိုင်မည့် Angle ကို ရှောင်ရန် သာဖြစ်ပါသ ည်။







 
 

 

Shadow Area and Reflection Area.
 
အထက် ပုံပါ ရေပြင် တွင် အရောင်တောက်နေသည့် Reflection Area ကို ရှောင် နိုင် လျှင် ကောင်းပါသည်။ အကယ် ၍ အဆိုပါ နေရာ တွင် ငှက် ကို Track လုပ် လိုက်ပါက Underexpose ဖြစ်သွား နိုင်ပါသည်။
 

 

အလင်းရောင် ထိုး သည့် ဘက်နှင့် ပြောင်းပြန် မဖြစ်ရန်လည်း သတိ ထားရ ပါသည်။ အဝေး ကို လှမ်း ကာ Long Tele ဖြင့် ဆွဲ ရိုက် ရသဖြင့် Against the Light တွင် ပုံ ကောင်း များရ ခဲပါသည်။

 

ငှက် ရိုက် ရာ တွင် ငှက် သည်  ရိုက်ကွင်း အတွင်း မည် သည့် အချိန် လာမည် ကို မသိ။ လာပြန် လျှင်လည်း မည် သည့် အချိန် ဒိုက်ထိုး ကာ ငါး ဖမ်း မည် မသိ သဖြင့် နေပူ ထဲ တွင် နာရီနှင့် ချီကာ စောင့် ကြရပါသည်။

 

ထို့ ကြောင့် လက်ရှည် အင်္ကျီ မဟုတ်ပါက Hand Stocking ၀တ်ထားရပါသည်။ ဦး ထုပ် မှာ လည်း ဂုတ်သားကို နေရောင် မှ ကာကွယ် ပေးသည့် အကာ ပါလျှင် ပို ကောင်းပါသည်။

 ကင်မကာ ကို လည်း နေပူလျှင် ကာ ရန် နှင့် မိုး ရွာ လျှင်လည်း  ကာ ပေးရန် အကာ လိုပါသည်။

 

ကင်မရာ ပစ္စည်း များ၏ အရည်အသွေး ကွာခြားချက်။

 

ငှက် အပါဝင် Wildlife ရိုက်ရာ တွင် ကင်မရာ နှင့် Lens တို့၏ အရည် အသွေး မှာ များစွာ အဓိက ကျ ပါသည်။ ဥပမာ အားဖြင့် Nikon 600mm, f-4 ကဲ့ သို့  Prime Lens ကြီး နှင့် ကျွန်တော် သုံးနေသည့် Tamron 150-600, တို့ ၏ ပုံ ထွက် နှင့် Focus ဖမ်းရာ တွင် မြန် မှု တို့ မှာ များစွာ ကွာ ခြားပါသည်။

 

သာမန် အလင်းရောင် ကောင်းစွာ ရနေစဉ် အငြိမ် ပုံ များ နှင့် တော်ရုံ လှုပ် ရှားနေသည့် ပုံများ ရိုက်ပါက သာမန် Prim Lens များ ၏ ပုံ ထွက် နှင့် များစွာ မကွာ လှ ဟု ဆိုနိုင် ပါသည်။ သို့ သော် အလင်း ရောင် နည်း လာသည့် အချိန် မျိုး တွင် Prime Lens များ၏ အလင်းဝင် ခြင်း စုစည်း မှု ကို ကျွန်တော် ၏ အဖိုးနည်း ၀န်ပါ Tamron က မမှီပါ။ Focal length 600mm တွင် အထက်ပါ Prime Lens က Aperture f-4 ဖွင့် နေစဉ် ကျွန်တော် ၏ Lens က f-6.3 သာ ဖွင့် နိုင်ပါသည်။ 

 

အဆိုပါ Lens ကြီး များ အတွင်း ဖွဲ့ စည်း ထားသည့် Glass Elements, Groups, Coating  များ က ဖေါ် ဆောင် ပေးသည့် ပုံရိပ် ကြည်လင် ပြတ် သား မှု ကို အဖိုးနည်း ၀န်ပါ Lens များက လိုက်မမှီပါ။ အဆိုပါ Lens ကြီး များ၏ Focus အဖမ်း လျှင် မြန် မှု ကို လည်း လိုက် မမှီပါ။

 ကင်မရာ တွင် လည်း အလင်းရောင် နည်းလာပါ က သို့မဟုတ် လျှင်မြန်လှသည့် အလျှင် ကို တိကနဲ နေအောင် ဖမ်း နိုင်ရေး အတွက် Shutter Speed ကို 1/4000 Sec  နှင့် အထက်ရိုက်ရန် ISO  12800 မျှ တင်ထား စေကာ မူ ထိပ် တန်း ကင်မရာ များ ဖြစ်ကြသည့် Canon EOS 1DX , Nikon D4s တို့ ၏ Image Processor များ ၏ စွမ်းဆောင် ချက် ၊ ယင်း ကင်မရာ Sensor များ၏ ပုံရိပ် ဖမ်း နိုင် မှု အရည် အသွေး ၊ လှုပ် ရှားမှု အဆင့်ဆင့် အသေး စိတ် ကို လွတ်မထွက် သွားစေ သည့် တစ် စက္ကန့် အတွင် (၁၁) ပုံ ခန့် ရိုက် နိုင် သည့် စွမ်းဆောင် ချက် များ သည် ဤကဲ့ သို့  အလွန် မြန်သည့် Subject များကို ရိုက် သည့်နေရာ တွင် များစွာ တာသွားပါသည်။

 

ထို့ ကြောင့် Wildlife ရိုက်ရာ တွင် လူ ၏ အတွေ့  အကြုံ ရင့်ကျက် မှု၊ ကျွမ်းကျင် မှု ကို  ပစ္စည်း များ၏ စွမ်းဆောင် ရည် က ပံ့ ပိုးပေးရပါသည်။ လူတစ်ဦး ထည်း တော် နေရုံ ၊ ပစ္စည်း တစ်ခု ထည်း ကောင်း နေရုံ နှင့်မလုံလောက်ပါ။ Focal Length တိုတို ၊ တစ်စက္ကန့် လျှင် Frame နည်းနည်း သာ ရိုက် နိုင်သည့် ကင်မရာ ဖြင့် မူ Wildlife Photography တွင် လို အပ်သည့် Result ရ ရန် ခဲ ယဉ်းပါမည်။ ထိရောက် သော ပစ္စည်း၏ ပံ့ပိုးမှု ၊ လူ၏ ကျွမ်းကျင် စွာ ကိုင်တွယ် နိုင်မှု ထို နှစ်ရပ် စုပေါင်း ရမည့်  ဘာသာရပ် တစ်ခု ဖြစ်သည်ဟု ကျွန်တော် မြင်ပါသည်။



ကျွန်တော် တို့   Pasir Ris တွင် မကြာ ခဏ ကြုံ ရလေ့ ရှိသည် မှာ နေ့ ခင်း အလွန်ပူ သည့် အချိန် တွင် Common Kingfisher သည်  တောခြုံ ခပ် အုပ်အုပ် အလင်း ရောင် အတော် နည်း သည့်နေရာ တွင် ခြုံ ခိုကာ ထိုနေရာ မှ နေ၍ အဆိုပါ ခြုံ အတွင်း ရှိ ရေ အိုင်အတွင်း သို့  ငါး ဆင်း ဖမ်းလေ့ ရှိပါသည်။



အလင်းရောင် အလွန် နည်းနေစေကာမူ အလွန် ရ ခဲ သော ခပ် နီးနီး ရိုက် ရ သည့် အခွင့် အရေး မို့ လက်လွတ် မခံ ဘဲ ရိုက် ကြရပါသည်။ အကောင် အလွန် သေးသည့် ငှက် သည် (၃) ပေ ခန့် ထက်မပိုသော အကွာအဝေးရှိ ရေပြင် သို့ အလွန် မြန် သည့် အရှိန် ဖြင့် ဒိုက်ဗင် ထိုးငါး ဖမ်း ရာ ထို အမြန်နှုန်း ကို ဖမ်း နိုင်ရန် အနည်းဆုံး Shutter Speed ကို 1/2500  Sec လောက် တင်ရပါသည်။




နေ့ ခင်း ပိုင်း တွင် Common Kingfisher ခို လေ့ ရှိသည့် အလင်းရောင် အလွန်နည်း သည့် ခြူံ နှင့် ရေ အိုင် ငယ်။



ထိပ်တန်း Prime Lens ကြီး များနှင့် နောက် ဆုံးပေါ် ကင်မရာ ကြီးများက ISO 12800 တင်ကာ 1/4000 Sec , 11 -Frame / Sec ဖြင့် သက်တောင့် သက်ကာ ရိုက်သွားကြ ပါသည်။ ၄င်းတို့ ၏ Focusing က တိလည်းတိကျ မြန်လည်း မြန် သည့် အတွက် ပုံများ၏ကြည် ပြတ်သားမှု မှာ ပြော စရာ မရှိပါ။


ကျွန်တော် ကဲ့သို့ ၀ါသနာအရ ရိုက်နေကြ သည့် အဖိုးနည်း ၀န်ပါ ကင်မရာ သမားများ မှာ မူ Focal Length 600 mm တွင် F-6.3 ဖြစ်နေ သောကြောင့် ISO ကို 6400 သို့  ရိုးတိုး ယိုင်တိုင် တင်ကာ 1/2000 Sec ဖြင့် ပုံ ကလေး ဖြစ် ရုံ မျှ ၊ ရ ရုံ မျှ ရိုက် ကြရပါသည်။ သည် အဖြစ်က Wildlife Photography တွင် ပစ္စည်း ပစ္စယ များ၏ အစွမ်း က ရှေ့ တန်း မှ နေ၍ တိုက်ပွဲ ၀င်ပေးသည် ကို ပြနေ ပါသည်။ ကြိုး ကြား ကြိုးကြား  ကြားဘူး နေသည့် "  ကင်မရာ နောက် က လူ က အဓိက ပါ "  ဆိုသော စကားသည် Wildlife Photography တွင် မမှန် ဟု ကျွန် တော် မြင်ပါသည်။


ထို့ ကြောင့် ကျွန်တော် တို့  ကဲ့ သို့  အဖိုးနည်း ၀န်ပါ ကင်မရာ သမားများသည် ရာသီ ဥတု ကြည့်လင် ၀င်းပ လျှင် အလွန် ပျော်ကြပါသည်။

 

Kingfisher တို့ ၏ သဘာဝ နှင့် အလေ့အကျင့်

 

Stork-billed Kingfisher

 

Stork-billed Kingfisher သည် တစ်ကာင် ထည်း သာမက နှစ်ကောင် လည်း အတူ နေလေ့ ရှိသည်။
 

အပေါ်ပုံ မှာ သစ်ကိုင်း တစ်ကိုင်း ထည်း တွင် Stork-billed Kingfisher နှစ်ကောင် နားနေသည့် ပုံ ဖြစ်သည်။ သို့ ရာ တွင် (၃) ကောင် အထိ အတူ နေ သည်ကို မတွေ့ ဘူးပါ။

 

ငှက်များသည်လည်း Wild Animals များကဲ့ သို့ ပင် နယ်မြေ လု လေ့ ရှိသည်။ တစ်ချိန် က Japanese Garden ရေ လယ် ကျွန်း တွင် ပုံ မှန် ဒိုက်ထိုး  ငါး ဖမ်းနေသည့် Stork-billed Kingfisher တစ်ကောင် ကို နယ်မြေ လုသည့် Stork-billed Kingfisher တစ်ကောင်က အနောက် မှ အရှိန် ဖြင် ပျံ လာကာ နယ်မြေခံ Stork-billed Kingfisher ၏ ခေါင်း နောက် အား နှုတ်သီး ဖြင့် ထိုးလိုက်ပါသည်။

 

အရှိန် အလွန်ပြင်း သည် အပြင် နှုတ် သီး ကလည်း အလွန် ချွန် သဖြင့် နယ်မြေခံ Stork-billed Kingfisher သည် သစ်ပင် ပေါ် မှ မြေပြင် ပေါ် သို့ ပြုတ်ကျ ကာ မြေ ပြင်ပေါ် တွင် သေလု မြော ပါး လူး  လှိမ့် နေသည်။ အတော် ကြာ မှ ပြန် ထ နိုင်သည်။  ထိုဖြစ်စဉ် ကို မြင်လိုက်သော ငှက် ရိုက် သည့် အမျိုးသမီး တစ်က ဓါတ်ပုံ ရိုက်ထားသဖြင့် ခေါင်း တွင် သွေး အလူးလူး နှင့် Stork billed Kingfisher ကို မြင်ရပါသည်။
 

အထက် ပါပုံ ကဲ့ သို့ အလွန် မြန် သည့် အရှိန် ၊ ချွန်ထက်လှ သော နှုတ် သီး ဖြင့် ထိုး ခြင်း ဖြစ်သည်။

 

 

ထိုစဉ် မှစ၍ Japanese Garden ရေလယ် ကျွန်း ၌ ပုံ မှန် ဒိုင်ဗင် ထိုး ငါး ဖမ်းနေသည့် Stork-billed Kingfisher သည် အဆိုပါနေရာ သို့ ပြန် မလာတော့ပါ။ အသစ် ရောက်လာသည့် Stork-billed Kingfisher သည်လည်း  တော် တော် နှင့် ငါး မဖမ်း တော့ သဖြင့် Japanese Garden  တွင် ကျွန်တော် တို့  သုံးလ လေးလမျှ Stork-billed Kingfisher ဒိုင်ဗင် ထိုးခန်း မရိုက်ဖြစ်တော့ပါ။

 

Stork-billed Kingfisher သည် အကောင် အရွယ် မှာ ဆက်ရက် ငှက် လောက် ရှိသဖြင့် သစ် ကိုင်း ပေါ် မှ ရေပြင် သို့  ဒိုက်ဗင် ထိုးဆင်း ခါနီး အချိန် တွင် သူ၏ အမူ အယာ ကို အကဲ ခတ် ၍ ရနိုင် သည်။ အကောင် ကြီးသည့် အတွက် အရှိန် ယူရသည်။ ကိုယ် လုံး ကို ညှောင့် ပက် ညှောင့် ပက် လုပ်ကာ အရှိန် ယူလေ့ ရှိသည်။  သစ်ကိုင်း အမြင့် ပိုင်း မှ ထိုးဆင်း လေ့ ရှိသည်။

 

အမြင့် ပိုင်း မှ ကြည့် နေ သောကြောင့် ကိုက် ၅၀ ခန့်  အကွာအဝေး ရှိ ရေ ပြင် အပေါ် လွှာ ပါးပါး တွင် ရေ ကူးနေသည့် ငါး ကို မြင်ရသည်။ ရေပြင် သို့ ဒိုက်ထိုးဆင်းစဉ်  ငှက် ၏ ကိုယ် လုံး နှင့် ရေပြင် ရိုက်သည့် အသံ သည် အတော် ကျယ် သည် “ ဗွမ်း “  ဆိုသည့် အသံ ကို အတော် ဝေးဝေး ကပင် ကြား ရသည်။

 

ယင်း ရေထဲ သို့  ထိုးဆင်း သည်ကို သိနိုင်ရန် ကင်မရာ View Finder အတွင်း မှ ကြည့် ကာ  မကြာ မကြာ အကဲ ခတ် နေရသည်။ ဤကဲ့ သို့  ကြည့်ရ ခြင်း မှာ Long Tele Lens  အတွင်း မှ ကြည့် ရသည့် အတွက် သာမန် မျက်စေ့ ဖြင့် ကြည့်ရ သည်ထက် ပို၍ သဲ ကွဲ စွာ မြင် နိုင်သည့် အတွက် ဖြစ်သည်။ ထိုအချိန် တွင် ၄င်း အား မျက် ခြေ ပြတ် မခံ ဘဲ ရေ ထဲ ဒိုက်ထိုး အဆင်း ကို စောင့် ရပါသည်။ ဆင်း သည် နှင့် မိမိ အဆင်ပြေ သည့် နေရာ မှ စ၍ Tracking လိုက်ရပါသည်။

 

အောက်ပါပုံ များ မှာ Stork-billed Kingfisher ရေထဲ မဆင်း မှီ ဟန်ပြင် နေသည့် ပုံ နှင့် စတင် ဒိုက်ထိုး ဆင်းနေ သည် ပုံ များ ဖြစ်ပါသည်။

 

 

ရေ ထဲ ထိုးဆင်းရန် ဟန် ပြင်နေပုံ။

 

 

ရေထဲ သို့  စ တင် ထိုး ဆင်းပုံ။

 

 

ရေ ထဲ စိုက် ၀င်သွား သည့် ပုံ။

 

 

ရေ ထဲ မှ ငါး ချီ ကာ ပြန် တက်လာသည့် ပုံ။

 

 

နားနေ ရာ သစ်ပင် သို့  ပျံ တက် သည့် ပုံ။

 

 

 

Stork-billed Kingfisher သည် ရေထဲ ရှိ ငါး ကို မြင် ၍ ဖမ်းရန် ကြိမ်းသေ လောက် သည့် Angle ရပြီ ဟု ယူဆပါက အမြင့် ပိုင်း မှ အလွန်မြန်သည့် အလျှင် ဖြင့် ရေ ထဲ သို့  ဒိုက် ထိုး ဆင်းပါသည်။ ရေပြင် နှင့် နီး ကပ် သည့် အချိန် တွင် မျက်လုံး အတွင်း ပြင်ပမှ အရာ များ မသင် နိုင်စေရန် အမှေး ပါးကလေးဖြင့် ဖုံး လိုက် ပါသည်။

 

 

 

 

 

အထက်ပါ ပုံများ မှာ ရေထဲတွင် မျက်လုံးကို ကာ ကွယ် စေရန် အမှေးပါးဖြင့် ဖုံး ထားသည့် ပုံ များ ဖြစ်ပါသည်။

 အဆိုပါအချိန် တွင် ငါးကို သဲ ကွဲ စွာ  မမြင် နိုင်တော့ ဘဲ မှန်း၍ သာ ထိုး သုတ်ခြင်း ဖြစ်ပါသည်။ အတော် များများ အချိန် တွင် နှုတ် သီး ဖြင့် ကိုက် ချီ မိပါသည်။

 

ငါး ကို နှုတ် သီး ဖြင့် အမိအရ ချီ မိသည့် ပုံ။

 

 

ရံ ဖန် ရံ ခါ ငါး ကို နှုတ် သီး ဖြင့် တံကျင် လျှို တံ စို့  ဖြင့် ထိုး သကဲ့ သို့  ထိုး ကာ ဖမ်း မိသည်လည်း ရှိပါသည်။ တစ်ခါ တစ်ရံ အချိန် အဆ လွဲ ကာ ငါး မမိဘဲ ပြန် တက်လာရ သည် လည်း ရှိပါသည်။

အထက်ပါ ပုံ မှာ ငါး ကို တံကျင် လျှို သကဲ့ သို့ နှုတ်သီး ဖြင့် ထိုးကာ ဖမ်းလာ သည့် ပုံ ဖြစ်ပါသည်။

 

 

အောက်ပါ ပုံ ကဲ့ သို့  ငါး ဖမ်းမမိဘဲ အလွတ် ပျံ တက် လာ သည့် အကြိမ် များလည်း များစွာ ရှိပါသည်။

 

ငါး ဖမ်း မမိ ဘဲ ပျံ တက် လာသည့် ပုံ။

 

 

အဝေးမှ ကြည့်ကာ ငါး ဖမ်း ရန် ပျံ ထွက် လာပြီး မှ ငါး ကြိမ်းသေ မသေ ဖြစ်နေလျှင် ရေပြင် ပေါ် တွင် တစ် စက္ကနန့် ခွဲ မျှ ၀ဲ ( Hovering ) နေပါသည်။ အဆိုပါ အခြေ အနေသည် In-Flight ဓါတ်ပုံ ရိုက် ၍ အကောင်းဆုံး မဟာ အခွင့်အရေးပင် ဖြစ်ပါသည်။ Bird Photographer များတွက် 1 1/2 Sec သည် ပျံနေသည့် ငှက် ကို ဖမ်းရန် အတော် လုံလောက်သော အချိန် ဖြစ်ပါသည်။

 သို့ ရာ တွင် ကျွန်တော် တစ်နှစ်တာ မျှ ရိုက် နေစဉ် အတွင်း ဤ ကဲ့ သို့  Hovering လုပ်နေသည်ကို တစ်ကြိမ် သာ တွေ့  ဘူးပါသည်။

 

ရေ ထဲ ရှိငါး အခြေအနေ ကို ၀ဲ ( Hovering) လုပ်ကာ ကြည့်နေသည့် Stork billed Kingfisher ။

 

ငါးကြီးကြီး ဖမ်းမိပါက တစ်ကြိမ် မြို ပြီးလျှင် အသိုက် သို့  ပြန် ပါသည်။ ငါး သေးလျှင် တော့ နောက် တစ်ကြိမ် ဆင်း ဖမ်း လေ့ ရှိပါသည်။

 

ငါး ကြီး ကြီးကို မြို ရန် ပြင်နေသည့် Stork-billed Kingfisher ။

 

 

Stork-billed Kingfisher ပါအ၀င် Kingfisher  များ အားလုံးသည် မိလာသော ငါး ကို သစ် ကိုင်း အထက် သို့  ချီ လာပါသည်။ ယင်းနောက်  နှုတ်သီး နှင့် ငါးကို ကိုက် ကာ သစ်ကိုင်း နှင့် ငါး ကို ရိုက် သတ် ပြီးမှ သာ မြို ချ လေ့ရှိ သည်။

 

ငါးကို သစ် ကိုင်း နှင့် ရိုက် နေသည့် ပုံ။

 

 

ငါး ကြီးကြီး ကို မြို နေသည့်ပုံ။

 

အထက်ပါ ပုံ ကဲ့ သို့  ငါး ကြီးကြီး မြို ပြီး ပါက နောက် ထက် ငါး မဖမ်း တော့ ဘဲ အသိုက် သို့ ပြန် ပါသည်။

 

များသော အားဖြင့် Stork-billed Kingfisher အပါ အ၀င် Kingfisher များသည် သားပေါက် ချိန် တွင် ခလေး ငယ် များကို ကျွေးမွေး ရန် ငါး ပိုဖမ်း ကြသည်။ အကြိမ်ကြိမ် ဒိုက် ဗင် ထိုး ကြသည့်အတွက် ဓါတ်ပုံ ရိုက်သူများ အတွက် အခွင့် အရေး ကောင်း တစ်ခု ဖြစ်သည်။ ကလေး များကြီး လာလျှင် ငါး ဖမ်း ကြဲ သွား ပြီး တစ်ခါ တစ်ရန် နေရာ လည်း ရွှေ့ သွားတတ် သဖြင့် အဆို ပါကာ လများတွင် Kingfisher ရေထဲ ဒိုက်ဗင် ထိုးခန်း ရိုက် ရန် နား ရသည့် ကာ လ ဖြစ်သည်။

 

ရေချိုးခြင်း

 

Stork-billed Kingfisher အပါ အ၀င် အခြားသော Kingfisher များသည် ရာသီဥတု အလွန်ပူသည့် နေ့ လယ် ခင်း နှင့် ငါး စားပြီးသည့် အချိန် တွင် ရေ ထဲ သို့ ဒိုင်ဗင် ထိုးဆင်း ကာ ရေချိုး လေ့ ရှိပါသည်။ ငါး ဖမ်း လျှင် တစ်ကြိမ် သာ ဒိုက် ထိုး ဆင်း သော်လည်း ရေချိုးလျှင် (၃) ကြိမ် မှ (၅) ကြိမ် အတွင်း ရေ ထဲ ဆင်းပါသည်။ အကြာမှီ အတွင်း က (၁၀) ကြိမ် မျှ ရေ ထဲ သို့ ဒိုက်ထိုးဆင်းကာ ရေ ချိုးသည် ကို တွေ့ ခဲ့ရပါသည်။ ထူး ခြား  မှု တစ်ရပ်သာ ဖြစ်ပါသည်။

 

ဤကဲ့ သို့ ရေ ချိုး ရန် ရေ ထဲ သို့  ဒိုက် ထိုးဆင်း ခြင်းသည် ငါး ဖမ်းရန် ဆင်း သည်နှင့် အလားတူ ပင် ဖြစ်ပါသည်။ ရေထဲ မှ ပျံ  အတက် တွင် ငါး  ပါမလာ သည် သာ ကွာ ခြား ပါသည်။

 

ရေ ချိုး ပြီး ပျံ  တက် ရန် ပြင်နေသည့် Stork-billed Kingfisher ။

 

 

သုံးကြိမ် လေး ကြိမ် ခန့် ရေ ချိုးအပြီး အကိုင်း ထက်တွင် နားနေကာ ကိုယ်လုံး လှုပ် ၍ ရေ မှုန် များ ခါချ ခြင်း အမွေး များသပ် ခြင်း များ စသည့် Dry up  ပြု လုပ် နေပြီ ဆိုပါ က ရေ ချိုး ပြီး ပြီ ဖြစ်သည်။ နောက် ထပ် ရေထဲ ဆင်း မည် မဟုတ် တော့ပါ။

 

 

ရေချိုး အပြီး အမွေး သ ကာ Dry up လုပ်နေသည့် Stork-billed Kingfisher ။

 

White Throated Kingfisher.

White-throated Kingfisher (Halcyon smyrnensis)

 

တစ်ကောင် ထည်း နေလေ့ ရှိသည်။ Stork-billed Kingfisher ကဲ့ သို့ အမြင့် နေရာ မှ ဒိုက်ထိုး ငါး ဖမ်း ခြင်း ထက် အတန် ငယ် နိမ့် သည့်နေရာ မှ ဒိုက် ထိုးကာ ငါး ဖမ်းလေ့ ရှိသည်။

 

 

White-throated Kingfisher ရေပြင် သို့ ထိုးဆင်းနေသည့်ပုံ။

 

 

White-throated Kingfisher ရေထဲ ဆင်းကာ ငါးဖမ်း နေသည့်ပုံ။

 

 

ရေ ထဲ မှ ပြန် ထွက် လာသည့် ပုံ။

 

 

ငါး ဖြင့် ရေထဲ မှ ပျံ ထွက် လာသည့်ပုံ။

 

 

အတော် များများ သော အ ကြိမ် များတွင် ရေပေါ် မှ လျှပ် ကာ ငါး ကို လှပ စွာ ဖမ်း ယူ လေ့ ရှိသည်။

 

Stork billed Kingfisher သည် ဤ နည်း မျိုး ဖြင့် ငါး မဖမ်းဘဲ ရေ ထဲ သို့ အရှိန် ဖြင့် သာ ဒိုက်ထိုး ဆင်းကာ ဖမ်း ပါသည်။ Common Kingfisher ကဲ့ သို့ အကောင်ငယ် သော ငှက် သည် ဤကဲ့ သို့ ရေပြင် ပေါ် တွင် လျှပ် ကာ ငါး ဖမ်း လေ့ ရှိပါသည်။

 

အောက်ပါပုံ မှာ White-throated Kingfisher ရေ ပေါ် မှ လျှပ်ကာ လှပ စွာ ငါး ဖမ်းနေသည့် ပုံ ဖြစ်ပါသည်။

 

ရေ မျက်နှာပြင် အနီးမှ ကပ်ကာ လျှပ်၍ ငါးဖမ်းနေသည့် White-throated Kingfisher ။

 

 

ရေ မျက်နှာပြင် အနီးမှ ကပ်ကာ လျှပ်၍ ငါးဖမ်းနေသည့် White-throated Kingfisher ။

 

ရေ မျက်နှာပြင် အနီးမှ ကပ်ကာ လျှပ်၍ ငါးဖမ်းနေသည့် White-throated Kingfisher ။

 

ရေ ထဲ မှ ပျံ တင်လာ သည့် ပုံ။

 

 

White-throated Kingfisher  ငါး ဖမ်းသည်မှာ လည်း Stork billed Kingfisher အတိုင်း ပင် ဖြစ်ပါသည်။ ရေ ပေါ် လျှပ် ကာ ငါး ဖမ်း ခြင်း က သူ၏ ထူးခြားချက် ဖြစ်ပါသည်။

 

Stork billed Kingfisher နှင့် အခြားကွာခြား ချက်တစ်ရပ် မှာ အနိမ့် ပိုင်း မှ ဒိုက်ထိုး ခြင်း ဖြစ်သည်။

 

White-throated Kingfisher  ၏ အခြားသော ထူးခြားချက် တစ်ရပ်မှာ ပိုးကောင် မွှားကောင် များကို ဖမ်းစား ခြင်း ဖြစ်သည် ။ အချို့ သော ငှက် ဓါတ်ပုံ ရိုက်သူများက White-throated Kingfisher   သည် ငါး ဖမ်း၍ မစား ပိုးကောင် သာ စားသည် ဟူ ၍ ပင်ထင်ကြသည်။ အကြောင်း မှာ ၄င်း တို့  အနေနှင့် White-throated Kingfisher   ငါးဖမ်း စားသည် ကို တစ် ကြိမ် မျှ မတွေ့  ဘူးသောကြောင့် ဖြစ်သည်။

 

 

White-throated Kingfisher   မြန်မာ တို့  ဓါးခုတ်ကောင် ဟု ခေါ် သည့် Mantis ကို ချီလာသည့် ပုံ။

 

 

White-throated Kingfisher ပိုးကောင် တစ်ကောင် ချီလာစဉ်။

 
 
White Throated Kingfisher ဖမ်းမိထားသည့် ငါး ကို သစ်ကိုင်းနှင့် ရိုက်ကာ သတ် နေ သည့် ပုံ။
 
 
 
White Throated Kingfisher ရေချိုး အပြီး အမွေး အတောင်ခါ ကာ Dry Up လုပ်နေစဉ်။
 
 

အခြားသော Kingfisher တို့ သည် လည်း ပိုးကောင် မွှားကောင် စားကောင်း စားမည် ဖြစ်စေကာ မူ ကျွန်တော့် အနေနှင့်မူ မြင်ဘူး ခြင်း မရှိပါ။

 

 

 Common Kingfisher

 

 

Common Kingfisher (Alcedo atthis)

 

 

Common Kingfisher သည် နေရာ ဒေသတစ် ခု တွင် (၃) ကောင် အထိ ကျက်စားတတ်သည်။ သို့ ရာ တွင် Stork-billed Kingfisher ကဲ့ သို့ တစ်ကိုင်း ထည်း ၊ နေရာ တစ်ခု ထည်း တွင် နှစ်ကောင် နေသည် ကို တစ်ကြိမ် မှ မတွေ့ဘူးပါ။

 

ဖမ်းမိလာသည့် ငါး ကို မြို ချ ခြင်း မပြု မီ ကျောက် ဆောင် နှင့် ရိုက်နေစဉ်
 
 

ကျောက် ဆောင် ပေါ် နား ရန် ပြင်နေသည့် Common Kingfisher

 
အကောင် ကျောက် ဆောင်ပေါ်တွင် နားနေသည့် Common Kingfisher.
 
 

 အကောင် မှာ စာကလေးသာသာ ရှိပြီး ပေါ့ ပါး ပြီး အလွန် မြန်သော Kingfisher ဖြစ်သည်။ သူ နားနေသည်ကို ရိုက် ရလွယ်စေကာ မူ လှုပ်ရှားမှု ကို ရိုက် ရသည်မှာ မဟာ Challenge ပင် ဖြစ်သည်။

 

Common Kingfisher ငါး ဖမ်းရန် ရေထဲ သို့ ထိုးဆင်း သည့်ပုံ။

 

 

သို့ ရာ တွင် Bird Photographer များအနေနှင့် အဆိုပါ Challenge ကို သဘောကြ  ကြသည်။ သူ၏ လှုပ် ရှား မှု ကို မရ  ရ အောင် ရိုက်ကြသည်။ အောက်ပါ ပုံ အချို့  မှာ ကံ စွပ် ကာ ရလိုက် သည့် ပုံ အချို့  ဖြစ်ပါသည်။ ပုံကောင်း ကောင်း သည် မကောင်း သည်ကို မ မှု နိုင် ပုံ ရ အောင် ပင် အတော် အား ထုတ်ရ သည့် အနေ အထားတွင် ရှိပါသည်။

 

 

White Throated Kinfisher ကဲ့ သို့ ရေ ပေါ် တွင် လျှပ်ကာ ငါးဖမ်း နေသည့်ပုံ။

 

 
 

Common Kingfisher  ငါးဖမ်း ပြီး ရေထဲ မှ ပျံ ထွက် လာသည့်ပုံ။

 

 

ပျံ ထွက် သွားသည့် ပုံ။

 

 

အထက်တွင် ဖေါ်ပြ ထားသကဲ့သို့ အကောင် အလွန်သေးကာ ပေါ့ပါး မြန်ဆန် လျသည့်အတွက် ၄င်း၏ လှုပ်ရှား မည့် အရိပ် အယောင်ကို  လုံးဝ အကဲ ခတ် ချိန် မရ ပါ။ မထင်မှတ် သည့် အချိန် တွင် သုံးပေခန့်  အကွာ အဝေးကို အလွန် မြန်သည့် အရှိန် ဖြင့် ထိုးဆင်း သည်။

 

 

Common Kingfisher ပျံ နေသည့် ပုံ။

 

 

Common Kingfisher ပျံ နေသည့် ပုံ။

 


 

ငါး ကို မြို ရန်ပြင် နေသည့် Common Kingfisher 

 

 

အကောင်က လည်း သေး ပျံ သည့် အရှိန် က လည်း မြန် ၊ ဒိုက်ထိုးဆင်းသည့် အကွာ အဝေး ကလည်း တို လွန်း သည့် အတွက် ယင်း ရေပြင် မှ ငါး ဖမ်း ပြီး ရေ စက် ရေမှု န် များ နှင့် ပုံ မျိုး ကို ကြည်လင် ပြတ်သားစွာရ ရန် အတော် ကိုခက်ပြီး  သာမန် ပုံ ရ ရန် ပင် အလွန် ခဲ ယဉ်းပါသည်။ ကျွန်တော် သည် လည်း တစ်နှစ် ခန့်  ရိုက်ပြီးကာ မှ  ကြည့် ပျော် ရှု ပျော် တစ်ပုံ စ နှစ်ပုံ စ ရပါသည်။

 

White-Collared Kingfisher (Halcyon chloris)

 

 

White-Collared Kingfisher

 

 

White-Collared Kingfisher သည်လည်း Stork billed Kingfisher ကဲ့သို့ ပင် နှစ်ကောင် အတူတူ နေလေ့ရှိသည်။ ငါး ဖမ်းခြင်း ရေ ချိုးခြင်း မှာ လည်း Stork billed Kingfisher ကဲ့ သို့ ပင် ဖြစ်သည်။ ကျွန်တော် တို့ ငှက် ရိုက် သည့် ဧရိယာ အတွင်း သို့  လာရောက် လေ့ မရှိသဖြင့် ၄င်း လှုပ် ရှားရာ အဝေးနေရာ သို့  ပင် လှမ်း ရိုက် ရလေ့ ရှိသည်။

 

 

White-Collared Kingfisher နှစ်ကောင် အတူ နားနေသည့် ပုံ။

 

 

ရေ ထဲ တွင် ငါးဖမ်းနေသည့် White-Collared Kingfisher ပုံ။

 

 

 

ပျံ နေစဉ် Flip လုပ် နေသည့် White-Collared Kingfisher

 

 

 

ရေ ထဲ မှ ပျံ တက်လာ သည့် White-Collared Kingfisher

 

 

အဝေးသို့ ပျံ ထွက် သွားသည့်  White-Collared Kingfisher

 

အထက် တွင် ဖေါ် ပြ ခဲ့ သည့်အတိုင်း White-Collared Kingfisher သည် ရိုက်ကွင်း အတွင်း မရှိဘဲ အဝေးတွင်သာ ရှိသဖြင့် ယင်း အတွက် ပုံ အနည်း ငယ် ကိုသာ ဖေါ် ပြ နိုင်ပါသည်။ ပုံ များများ စားစား လည်း မရှိပါ။




ကျွန်တော်  မကြာခဏ မှားလေ့ ရှိသည့် အမှားများ
 
၁။    ငှက် ဒိုက်ဗင် ထိုး သည် ကို ရိုက် လျှင် ရိုက် ပြီးခြင်း ရိုက်ပြီး သည့် ပုံများကိုကြည့်ခြင် ဇော နှင့်  ပြန် စစ် နေမိသည့် အတွက် Kingfisher နောက် တစ်ကြိမ် ဒိုင်ဗင်ထိုးကာ ငါး ဖမ်း ခြင်း ကို ရိုက် ရန် အခွင့်အရေး အကြာ ခဏ ဆုံး ရှုံး ခဲ့ ရပါသည်။ မိတ်ဆွေ ဖြစ်သူ ကောလိပ် ကျောင်းဆရာ Mr. Tan က " အိမ် ရောက် မှ ပြန် ကြည့် ကွ "  ဟု ပြောပါသည်။
 
၂။    ငှက် သစ်ကိုင်းပေါ်  နားနေစဉ် အခြင်းခြင်း လေဖေါ စကားပြော နေ မိသဖြင့် ငှက် ဒိုင်ဗင်  ထိုးသည်ကို မသိ လိုက်ပါ။ သို့ နှင့် နာရီ နှင့်  ချီကာ စောင့် နေရ သည့် အချိန် နှင့် အခွင့် အရေး ဆုံး ခဲ့ ရပါသည်။
 
၃။    မြစ် ၊ ချောင်း တစ်ဘက် တစ် ချက် တွင် နှစ်ဘက် ခွ ကာ ငှက် များ ဒိုက်ဗင် ထိုး ငါးဖမ်း ရန် တာစူ နေခြင်း ၊ ထိုစဉ် အချိန် အတွင်း ကောင်းကင် မှ အခြားငှက် များဖြတ် ကာ ပျံ ခြင်း များကြောင့် ဟို ရိုက်ရ မလို ၊ ဒီရိုက်ရ မလို ဖြစ်ကာ အခွင့် အရေး အားလူံ လက်လွတ် ခဲ့ ရ သည့် အကြိမ် လည်း မနည်း လှပါ။
 
၎။     ကိုယ် က အမြန် လှုပ် ရှား နိုင်လျှင် နှစ်ကောင် လောက်ကို   - ခွချက် - လုပ် ထားနိုင်ပါသည်။ သို့  မဟုတ်ပါက ကိုယ် အကြိုက် ဆုံး အကောင်ာကိုသာ တောက်လျှောက် ကြည့်နေကာ လှုပ် သည်နှင့် ခလုပ်ဖြုတ် သင့်ပါသည်။

 

နိဂုံး

 

အထက် ပါ မှတ်စုသည် ကျွန်တော် တစ်နှစ်တာ ခန့်  ကာလ အတွင်း ရ ခဲ့သည့် အတွေ့ အကြုံ များကို မှတ် တမ်း ကျန် နေစေရန် အပြင် ဤ ဘာသာရပ် ကို စိတ်ဝင်စားသူများ အတွက် လည်း တစ်စိတ် တစ်ပိုင်း ပံ့ ပိုး သည့် အနေဖြင့် ရေး သား ခြင်း ဖြစ်ပါသည်။

 

___________________________________