Friday 28 November 2014

Portrait Photography -5




(81) – Portrait Photography -5                                          ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၈၁)

 




ရုပ် ပုံ လွှာ ရိုက်ကူး ခြင်း - ( ၅ )
( Portrait Photography- 5 )

 

စကားဦး


ကျွန်တော်သည် ရုပ်ပုံလွှာ ရိုက်ကူးခြင်း ( Portrait Photography ) နှင့်ပတ်သက်၍ မှတ်စု အမှတ် (၁) မှ (၄) အထိ မှတ်စု လေးခု ရေးခဲ့ ပါသည်။ Portrait Photography ကို တတ်ကျွမ်း နားလည် ၍ ရေးသည် မဟုတ်ဘဲ ကျွန်တော် ထပ်မံ သိလို သဖြင့်  လိုက်လံ ရှာဖွေ ဖတ်ရှု ခဲ့သည်များကို စုပေါင်းဘာသာပြန် ကာ ပြန် လည် မျှ ဝေခြင်းသားဖြစ် ပါသည်။
 
 

ထိုသို့ လေ့လာသည့် အတွက် Portrait Photography သည် သာမန် အားဖြင့် လူပုံ ကို ရိုက်သည်ဟုသာ သိထားသည် မှ လူ တင်သာမက  သက်ရှိ သက်မဲ့ အားလုံး တို့ ၏ ရုပ်ပုံ လွှာ ကို ရိုက်ကူးခြင်း ဆိုသည် ကို သိ လိုက်ရပါသည်။

 

ယခု အကြိမ်တွင် လည်း Portrait Photography ကို ဆက်လက် လေ့လာ လိုသဖြင့်  စုဆောင်း ဖတ်ရှု ခဲ့ရာ လက်တွေ့  အသုံးတည့် မည် ဟု ယူဆသည့်  Nikon America -US မှ ထုတ်  ဝေ သော Portrait Photography ဆိုင်ရာ ဆောင်း ပါး ၊ Peter Kolonia How to Create an Edgy Portrait With High-Contrast Lighting ဆောင်းပါး နှင့် ဆောင်းပါးရှင်  Jmeyer ၏ Portrait photography techniques, tips and tricks ဆောင်းပါး များကိုတွေ့ ရှိခဲ့ ပါသည်။

 

ထို့ ကြောင့် အဆိုပါ ဆောင်းပါး သုံးခု ကို ပေါင်းစပ်ကာ ဆီလျှော် သကဲ့ သို့ ဘာသာပြန် ကာ မျှဝေ ခြင်း ဖြစ်ပါသည်။

 

ဤမှတ်စု သည် Portrait Photography အခြေခံ မှ စတင် ရိုက် ကူးသည့် အဆင့် မျှ သာရှိပါသည်။ ကျွန်တော်ကဲ့ သို့  Portrait Photography ကို စတင် ရိုက် ကူးရန် တာစူ နေသူများ အတွက် ရည်ရွယ်ကာ မျှ ဝေ ခြင်း ဖြစ်ပါသည်။

 

Portrait photography

 

အောက်ပါ အချက် များကို ဆောင်းပါးရှင် Jmeyer ၏ Portrait photography techniques, tips and tricks မှကောက် နှုတ် ဘာသာပြန် ထားခြင်း ဖြစ်ပါသည်။

 

(1)  Focus on the eyes

Subject ၏ မျက်လုံးသည် ပုံ ကို ကြည့်သူ နှင့် တိုက် ရိုက် Contact လုပ်သည့် နေရာ ဖြစ်သည်။ ထို့ကြောင့် မျက်လုံးကို Sharp Eyes ရအောင် AF Point ကို မျက်လုံးပေါ် တွင် ထောက် ရမည်။ Shutter Release Button  ကို တစ်ဝက် နှိပ်ကာ Focus Lock လုပ်ပြီး Composition ကို လိုသလို ပြန် ညှိ ယူ ရပါမည်။

 

(2) Using a standard or telephoto lens
 
 
 

 

Wide angle Lens သည် လူပုံ ကို Subject  နှင့် ပတ်သက် နေသည့် ပတ်ဝန်းကျင် နှင့် ရော၍ ပြ လိုသည့်အ နေအထားမျိုး တွင် အတော်အသုံး တည့် သည်။ သို့ ရာ တွင် Wide Angle Lens ကို အနီး ကပ် ဆွဲ ရိုက် လိုက်ပါက လူ ပုံ သည် ( Distort ) ပုံ ပျက် သွားသည်။


Portrait ရိုက်သည့် သမားရိုးကျ Full Frame Lens များ မှာ 50mm, 85mm prime Lens များ နှင့် 70-200mm Zoom Lens များ ဖြစ်ကြသည်။  အဆိုပါ Lens များသည် Features ကို Compress လုပ်ပေးပြီး Natural-Looking ပုံ များ ကို ထုတ်ပေးသည်။


 

(3) Use Aperture Priority mode
Aperture Priority ဖြင့် ရိုက်ပါ။ ဤ သို့ ရိုက်ခြင်း ဖြင့် Depth of Field ကို လို သလို ချိန်ဆ ထားနိုင်ပါသည်။
Focusing  မြန် သည့် Prime Lens များ ဖြစ်ကြသည့် Lens များသည် Aperture ကို များစွာ ကျယ် ကျယ် ဖွင့် နိုင်သည်။ ထို့ ကြောင့် အတော် ပါးသည့် Shallow Depth of Field ရသည့် အတွက် နောက် ခံ များ ၀ါး ကုန်သဖြင့် Subject အပေါ် အာရုံ စူး စိုက်မှု ရစေသည်။ ၄င်း အပြင် ပုံ သည် Creamy-smooth ရလာသည်။
 
သို့ ရာ တွင် ဤ ကဲ့သို့ Aperture ကျဉ်း ကျဉ်း ဖြင့် Shallow Depth of Field ရိုက် ရာ တွင် အရေးကြီး သည့် နေရာ ကို တိကျစွာ Focus ဖမ်း နိုင်ရန် လိုသည်။
 
 
(4)  Using window light
Portrait ရိုက်ရာတွင် အစဉ်တန်ဘိုးကြီး သည့် Lighting များ မလိုပါ။ ပြူတင်းပေါက် အလင်း ရောင် နှင့်  Reflector တစ်ခု လောက် နှင့်ပင် အတော် ကောင်းသည် Portrait ပုံ ရ နိုင်ပါသည်။
 
Model ကို ပြူတင်း ပေါက် အလင်းရောင် နှင့် Angle တစ်ခု ယူ လိုက်ပါ။ ယင်းနောက် Silver or White Reflector ဖြင့် အလင်း နည်း နေသည့် နေရာ ကို ဖြည့် ပေးပါ။ Silver Reflector သည် White Reflector ထက် Crisper Quality ပိုရသည်။
 
သို့ရာ တွင် ပြုတင်းပေါက်မှ ဖြတ်၍ ၀င် လာသည့် အလင်း ရောင်တွက် ပြင်ပ မှ စိုးမိုး လာနိုင်သည့် အရောင်များကို သတိထားရန် လိုသည်။ ပြင်ပ ရှိ မျက်ခင်းမှ လွှမ်း လာသည့် အစိမ်းရောင်သည် Skin Tone ကို Silky ဖြစ်လာစေသည်။ ညနေ ခင်း အလင်းရောင် လွှမ်း မိုး လာလျှင် Skin Tone သည် Warm ဖြစ်လာသည်။
 
(5) High-key portraits
ပုံ ကို တမင် Over Expose လုပ်ကာ “ High Key Effect “ ဖြင့် ရိုက်ခြင်း သည် မိန်းကလေး ပုံ နှင့် ကလေး ပုံ များ ရိုက်ရာ တွင် သုံး နိုင်သည်။ နူးညံ့ ပြေ ပြစ်သော  ပုံ ရ ရှိ လာသည်။
 
 
 
 ဤ နည်း ၏ လှည့် ကွက် တစ်ခု မှာ ရိုက်စဉ် တွင် Overexposed မရိုက် ဘဲ  Post Production တွင် သာ Photoshop ဖြင့် ပုံ ကို လိုသည့် အလင်း ပမာဏ ရ အောင် လုပ် ခြင်း ဖြစ်သည်။ RAW File ဖြင့် ရိုက်ခြင်း သည် ဤ ကဲ့ သို့ Edit လုပ် ရာ တွက် ပို၍ ထိရောက်သည်။
 
 (6) Baby portraits
 
 
 
ကလေး ငယ် များ၏ ပုံ ကို ရိုက်လျှင်  သဘာဝ အလင်းရောင် သည် အကောင်းဆုံး ဖြစ် သည်။ Light Contrast ပေး နိုင်သည့် ပြူတင်းပေါက်လို နေရာ များ တွင် ရိုက် ခြင်း သည့် အကောင်းဆုံး ဖြစ်သည်။ ISO အနည်း ဆုံး ထား ရိုက်သင့်သည်။ ဤ သို့ ဖြင့် Noise ကင်းစင် ၍  သန့် သည့် ပုံ ရ နိုင်မည်။
 
ခလေး ငယ် များကို ရိုက်ရာ တွင် နံနက် အိပ်ယာ ထ ကာစ သို့ မဟုတ် အစား အစာ ကြွေး ပြိးသည့် အချိန် တွင် ရိုက်သင့် သည်။ ထို အချိန် များ တွင် ခလေး ငယ်များသည် အခြားသော အချိန် များ ထက် တက်ကြွ လန်း ဆမ်း နေသည့် အတွက် ဖြစ်သည်။
 
(7)  Shooting in burst mode
 
လေး ပုံ သို့ မဟုတ် Group Photo ရိုက်လျှက် ကင်မရာ ကို Tripod သို့ မဟုတ်  ခိုင်ခန့်သည့် နေရာတစ်ခုခု တွင် တင်ထားကာ ဆက်တိုက် ပုံ များများ ရိုက်ရပါမည်။ စက်သေနပ် ပစ် သကဲ့ သို့ High Frame Advance Rate မျိုး ကို ဆိုလို ခြင်း မဟုတ်ပါ။ ပုံ များများ ဆက် တိုက် ရိုက်ခြင်း ကို ဆိုလို ခြင်း ဖြစ်ပါသည်။
ဤ သို့ ဖြင့် Subject ၏ Expression အမျိုးမျိုး ကို ရနိုင်ပါမည်။ Group Phot တွင်မူ လူ အားလုံ မျက်လုံ ဖွင့် နေသည့် အချိန် ကို စောင့် ရိုက်ရန်  လိုပါသည်။
 
 (9) Family photo posing ideas
 
မိသားစု ပုံ ရိုက်သည့် အချိန် တွင် မိသား စုဝင် ကြီးစဉ် ငယ် လိုက် စီစဉ် ကာ ရိုက် ခြင်းသည် အခြားသော သူများအား မိသားစု ပုံ ပြင် ကလေး ကိုပြော ပြ နေဘိသကဲ့ သို့  ဖြစ်စေ ရမည်။ 
 
အိမ်ထောင်စု ၏ အကြီးဆုံး ပုဂ္ဂိုလ် အား မည်ကဲ့ သို့  နေရာ ချ မည် ၊ သို့ မဟုတ် အိမ်ထောင်စုအတွင်း အသစ် ၀င်ရောက်လာသူကို မည်သို့ နေရာ တွင် ထားမည် ဆိုသည်မှာ အရေး ကြီးသည်။ အဆိုပါ နေရာ သည် ပုံ ၏ အဓိက  Focal Point ဖြစ်စေရမည်။ ပုံ တွင် ထင်း စွာ ပေါ်နေရမည့် နေရာ ဖြစ်စေရ မည်။
အိမ် အတွင်း ဆိုဖါ များရှိသည့်နေရာ ၊ အိမ် အပေါက် ၀ ကဲ့ သို့ နေရာ များ တွင် အချို့ ကို ထိုင် စေ၊ အချို့ ကို မတ်တပ်ရပ်စေ သည့် သဘောမျိုး ဖြင့် လူ အုပ် ခွဲ ကာ ရိုက် နိုင်သည်။


(10)  Candlelight portraits
ဖယောင်း တိုင် အလင်းရောင် နှင့် ရိုက်သည့် ပုံမျိုး တွင်  ISO ကို 1600 အထက် တင်ရိုက်ရန် လိုသည်။ Subjection ၏ လှုပ်ရှား မှု နှင့် ဖယောင်း တိုင်မီး တောက် များကို Freeze လုပ်ရန် High Shutter Speed ဖြင့် ရိုက်ရန် လို သည့် အတွက် Aperture ကို ကျယ်ကျယ် ဖွင့်ရန် လိုသည်။
 
အခန်း အတွင်း ရှိ မီးများကို ပိတ်ကာ Subject ၏ မျက်နှာပေါ် သို့ ကျရောက် နေသည့် အလင်းရောင် ၏ Meter ကို ဖမ်း ပါ။
Ccandlelit portrait shoot ရိုက်လျှင် ဖယောင်း တိုင် ကို တစ်တိုင် ထည်း မဟုတ်ဘဲ လိုသည် Exposure ရ သည့် အထိ ဖယောင်းတိုင် ကို အရေအတွက် တိုး၍သုံးပါ။ ဤ သို့ ဖြင့် Softer Shadow ရလာမည် ဖြစ်သည်။
 
Camera Setting
ကင်မရာ  Setting နှင့် ပတ်သက် သည့် ပိုင်း မှာ Nikon America-US က အကြံပြု ရေးသား ထား ချက် များ မှ ကောက်နှုတ် ထားခြင်း ဖြစ်ပါသည်။
Lens Choice:
Portrait ရိုက်ရန် အတွက် အောက် ပါ Lens များကို သုံးသင့် ပါသည်-
·        Sstandard  to short-telephoto lens, between 50mm to 200mm.
·        NIKKOR prime lenses such as the 60mm, 85mm, 105mm or 200mm lenses;
·        Zooms: 70-200mm, or the telephoto end of the 24-70mm, 24-120mm lenses are ideal choices.
အကယ်၍ Angle အလွန် ကျယ် သည့် 17mm ကဲ့ သို့  Wide Angle Lens ကို သုံးပါက Subject ၏ မျက်နှာသည် ကြွ တက်မလာဘဲ Flat ဖြစ်သွားပါမည်။
ထို့ နည်းတူစွာ ပင် Focal Length အလွန်ရှည်သည့် 300mm ကဲ့သို့ Lens ကိုသုံး
လိုက်ပါက  Subject ၏ မျက်နှာကို Compress လုပ် လိုက် မည် ဖြစ်သည်။ ဤ သို့ ဖြင့် သဘ၀ မကျ သော ပုံ ဖြစ်လာပေလိမ့် မည်။
 
White Balance:
White Balance Setting  မှာ မူ ပတ်ဝန်းကျင် ၏ အလင်းရောင်ပေါ် တည်ကာ ချိန် ရန် လိုသည်။ ဥပမာ အားဖြင့် အိမ်အတွင်းရှိသာမန် အိမ်သုံး အလင်းရောင်အောက် တွင် ရိုက် မည် ဆိုပါက Incandescent (it is the light bulb symbol) ကို ရွေးရပါမည်။ အကယ် ၍ Flash တစ်ခု တည်း ကိုသာ သုံးမည် ဆိုပါက Flash (it’s the lightning bolt symbol) ကို ရွေး ရပါမည်။ သို့ မဟုတ်ဘဲ Mix Light ကို သုံးမည် ဆိုလျှင် Custom Preset ကို သုံးရပါမည်။
 
Metering:
Portrait  စတင် ရိုက်စသူများ အနေနှင့် Matrix Metering သို့ မဟုတ် Center Weighted Average Metering  ကို သုံးသင့်ပါသည်။

ပထမ ဦးစွာ ကင်မရာ Shutter ခလုပ်ကို တစ်ဝက် နှိပ်ကာ Subject ၏ မျက်လုံးကို ထောက် ၍ Focus ဖြတ်ခြင်း ဖြင့် Metering ယူရပါမည်။ ယင်းနောက် AE Lock ကို နှိပ် ကာ လို အပ် သလို Recompose ပြန်လုပ် ရပါမည်။ သို့  မဟုတ်ပါကလည်း Shutter ခလုပ်ကို တစ်ဝက် နှိပ် ထားလျှက် Recompose ပြန်လုပ် နိုင်ပါသည်။
 
 
Data - D300, AF-S NIKKOR 24-85mm f/2.8-4D IF lens, 1/30 sec., f/2.8, ISO 400, aperture priority, matrix metering,
အထက်ပါပုံ ကို ရိုက်ရာ တွင် White Balance ကို Flash တွင် ထားပါသည်။ SB-900 Flash Light ကို အထက်သို့ အနည်းငယ်ထာင်ကာ အနောက်တွင် Reflector ခံ ကာ ရိုက်ထားခြင်း ဖြစ်သည်။
 
Subject ၏ Skin Tone သည် မှန်ကန်စွာ ပေါ်လာသော်လည်း Tungsten Lighting ကြောင့် နောက်ခံ တွင် Warmer Color ဖြစ်သွားသည်။
 
 
 
 
 
Data - D800, AF-S NIKKOR 70-200mm f/2.8G ED VR II lens, 1/125 sec., f/5, ISO 100, aperture priority, matrix metering, built-in pop-up fill-flash.
အထက်ပါ ပုံ တွင် Focus ကို Subject ပေါ် တွင် ဖြတ်ထားသည့် အတွက်  Subject ပြတ်သားနေသည်။ ။ Aperture ကျယ် သည့်အတွက် နောက် ခံ အုတ်နံရံ သည် တစ်ဖြေးဖြေး  ၀ါး သွား သည် ကိုတွေ့ နိုင်သည်။
 
Focusing:
Subject ကို Focus ဖမ်းရာ တွင် မျက်လုံးကို ပြတ်သားနေအောင် Single Point ဖြင့် Focus ဖမ်း သင့်ပါသည်။ အဆိုပါ နေရာ သည် အပြတ်သား ဆုံး ဖြစ်နေစေရန် လိုပါ သည်။ Subject သည် Frame ၏ အလယ် တွင် မရှိပါက Active Focus Point ကို Subject ရှိရာ သို့ တတိတိ ကျကျ ရောက်နေအောင် ရွှေ့ ယူ ရပါမည်။
သို့ မဟုတ်ပါက လည်း Subject ၏ မျက်လုံးကို Focus ဖမ်းပြီးနောက် AF-Point Lock လုပ် ကာ လိုအပ်သလို Recompose လုပ် နိုင်ပါသည်။
 
Suggested Exposure Starting Points:
ဓါတ်ပုံ တစ်အတွက် Exposure သည် Shutter speed, Aperture and ISO sensitivity တို့ ပင် ဖြစ်သည်။ Exposure ကို မည် သို့  Setting လုပ် မည် မှာ မူ မိမိ ရိုက်သည် နေရာ ၏ အလင်း ရောင် ပေါ် မူတည်သည်။
အစ ပိုင်း မျာ ISO 400, Aperture – f-5.6, Aperture Priority လောက် နဲ့  စသင့်ပါသည်။ Aperture f-5.6 ထားရခြင်း မှာ Background ကို ထိန်း ထားနိုင်ရန် ဖြစ်သည်။ Shutter Sped ကိုမူ Aperture  နှင့် လိုက်လျှော ညီထွေ သည့် Shutter Speed ကို ကင်မရာ ကရွေး ပေး ပါ လိမ့် မည်။ Shutter Speed သည် အနည်း ဆုံး 1/100 Sec လောက် ရှိသင့်သည်။
 
Aperture ကို အလွန် ကျယ်ကျယ် ဖွင့် လိုက်ပါက Shallow Depth of Field ဖြစ်လာသောကြောင့် နောက်ခံ များ ၀ါး သွားသော်လည်း ပြတ်သားသည့် ဧရိယာ ကျုံ့  လာသည့် အတွက် Subject ၏ လိုအပ်သော အပိုင်း များ ပြတ်သား မှု ရှိ မရှိကို ပြန် စစ်ရန် လိုပါမည်။
 
Using a Speedlight.
အလင်း ရောင်လုံလောက်မှု မရှိပါက Speed Light ကို Fill in Light အဖြစ်သုံး ရပါမည်။ Portrait ရိုက်ရာ တွင် Lighting သည် အလွန် အရေးပါသည့် အပိုင်း တွင် ပါဝင်ပါသည်။ များစွာ လည်း ကျယ်ပြန့် ပါသည်။ ဤနေရာ တွင်မူ အခြေခံ သဘော မှ သာ ဖေါ်ပြပါမည်။ Lighting သည် Portrait Photography တွင် သီးခြားဘာသာရပ် တစ်ခု သဘွယ်  ကျယ် ပြန့် ပါသည်။
Lighting System ကို ဆင်ပြီး ပါ က အစမ်း ရိုက်ကြည့်ပါ။ Subject ၏နောက်တွင် Harsh Shadow  ဖြစ် မသွားစေရန် သတိထားရပါမည်။ အမြင့် (၁၀) ပေ ခန့် ရှိ အခန်း အတွင်း ရိုက်ပါက Flash ကို မျက် နှာ ကျက် နှင့် Bounce လုပ်ကာ ရိုက်သင့် ပါ သည်။ သို့ ရာ တွင် အဆိုပါ Lighting တွင် Boumce လုပ်ရာ Bounce လုပ်ရာ မျက် နှာ ပြင် ၏ အရောင် ပါလာ တတ် သည်ကို သတိပြု ရပါမည်။
ဖြစ်နိုင်လျှင်  Multiple SpeedLights များကို သုံးသင့် ပါသည်။ အခန်း တွင်း ရှိ Lighting  Sources များကို လည်း ရနိုင်သမျှ သုံး ရပါမည်။
Subject အပေါ် အလင်း ဖြော့ဖြော့ ကျလိုသော နေရာ တွင် Diffuser ကို သုံးရပါမည်။
Speed light ကိုသုံး သည့် အခါ Setting လုပ်ရာ တွင် သတိထားရ မည်မှာ Flash ၏ Sync speed သည် ကင်မရာ Shutter Speed ထက် မြန် ရန် လိုပါမည်။ ဥပမာ အား ဖြင့် Sync speed is 1/250 Sec. ဖြစ်ပါက Shutter Speed သည် 1/250 Sec ထက်မြန် ၍မရပါ။ Shutter speed သည် Sync speed ထက်မြန် ပါက Shutter ပိတ်ပြီးမှ Flash ပွင့် သလို ဖြစ်သွား ပါမည်။


 
နမူနာ ပုံ များ နှင့် Data များ
 
 
 
Data - D300, AF-S NIKKOR 24-85mm f/2.8-4D IF lens, 1/30 sec., f/2.8, ISO 400, aperture priority, matrix metering, SB-900 flash.
 
အထက်ပါ နမူနာ ပုံ တွင် Subject နှစ်ဦး စလုံး အပေါ် သို့ တိုက်ရိုက် ထိုး ကာ ရိုက်တားသည်။ အကြောင်း မှာ Shallow Depth of Field ဖြစ်သည့် ပုံ တွင် Subject ပေါ် တွင်သာ Focus ဖြတ် ထားပြီး Foreground နှင့် background တို့ ကို Focus မဖြတ် ထားသည့် အတွက် ဖြစ်သည်။
 

Data - D800, AF-S NIKKOR 24-120mm G ED VR lens 1/250 sec., f/4, ISO 100, aperture priority, matrix metering.
 
အထက်ပါ နမူနာ ပုံ တွင်မူ Subject ၏ မျက်နှာ တစ်ပိုင်းသည် သဘာဝ နေရောင်ဖြင့် လင်းနေပြီး ကျန် တစ်ပိုင်း မှာ ခေါင်းပေါ် ရှိသစ် ကိုင်း ၏ အရိပ်ကျ ကာ မှောင် နေသည်။
 
 
 


 
Data - D800, AF-S NIKKOR 24-120mm G ED VR lens 1/250 sec., f/4, ISO 100, aperture priority, matrix metering, SB-900 used as fill-flash.
 
ထို့ကြောင့် SB 900 ဖြင့် Fill in အလင်းဖြည့် ကာ ရိုက်ထားသဖြင့် အလင်း မျှ သွားသည် ကို မြင်နိုင်သည်။
 
 


 

Data - D800, AF-S NIKKOR 24-120mm G ED VR lens 1/640 sec., f/4, ISO 100, aperture priority, matrix metering.


 


အထက်ပါ နမူနာ ပုံ တွင် Subject သည် ကင်မရာ ကို ကြည့်နေသည်။ Subject ၏ ညာ ဘက်မှ ၀င်လာသည့် နေရောင်ချည် သည် အဓိက Light Source ဖြစ်သည်။ အလင်းသည် Subject ၏ မျက်နှာ ပေါ် သို့  တစ်ဝက် ကျနေသည်။ နေရောင် နှင့် ဝေးသော မျက်နှာ၏ အပိုင်း မှာမူ မှောင်နေသည်


 
 
Data - D800, AF-S NIKKOR 24-120mm G ED VR lens 1/640 sec., f/4, ISO 100, aperture priority, matrix metering.
ဤ ကဲ့ သို့ အခြေ အနေမျိုး တွင် အဆိုပါ ကင်မရာ ကို တည့် တည့် ကြည့်နေသည့် အနေအထားမှ အထက်ပါ ပုံကဲ့ သို့ အလင်းရောင် လာ ရာ ဘက် သို့ လှည့် ကြည့် လိုက်သည့် ပုံ တွင်မူ ပုံ သည် Dynamic Feel ပို ရလာသည်။
 
 
အထက်ပါ Nikon US မှ ဖေါ်ပြထားသည့် Portrait Lighting သည် သာမန် ထသွား ထလာ ရိုက် သည့် အဆင့် မျိုး မျှ ကို ဖေါ်ပြထားခြင်း ဖြစ် ပါသည်။ ကျွန်တော် သဘော ပေါက် အရွေ့ မှာ Portrait Lighting သည် အတော် အရေးပါ ၊ အဆင့်မြင့် သည့် အနေအထားတွင် ရှိပါသည်။ Portrait Photograph တွင် Lighting သည် အလွန်ကျယ် ပြန့် သည့် ဘာသာ ရပ် တစ်ခု ဖြစ်ပါသည်။
 
Nikon Note ၏ အနှစ်ချုပ် အချက်အလက်များ

Lenses

·         Primes: 60mm, 85mm, 105mm or 200mm

·         Zooms: 24-70mm, 24-120mm, 70-200mm

 

White Balance:

·         Match the light of your scene

·         If your main light source is your Speedlight, set the WB to Flash

 

Metering Mode:

·         Matrix Metering

 

Focus:

·         AF-S mode for focus lock

·         Single Area AF

·         Center AF Bracket for very best result

·         Don’t shoot wide open unless you want a very shallow depth-of-field. If you are shooting wide open, check the focus of the image after you’ve captured it at 100% playback zoom.

·         Turn on the audible beep and focus assist lamp.

·         If manually focusing use Rangefinder and check results at 100% playback zoom.

 

Exposure:

·         Minimum 1/100th of a second shutter speed

·         If the lighting in the scene is not enough for a shutter speed/aperture combination that you want to use (i.e. too slow for you to handhold), increase the ISO

 

Using Speedlights:

·         Watch for shadows. You can soften shadows by using the diffuser that came with your Speedlight or bouncing the light.

·         Bounce off of low, white ceilings (under 10’).

·         Remember the sync speed of the camera, and do not exceed that shutter speed unless you are using the FP high speed sync setting

·         If your subject is backlit, use fill-flash, with the dome attachment and don’t bounce.
 
 
 
Light Contrast
 
အောက်ပါ Light Contrast ဆိုင်ရာ အချို့ သော အချက် များ ကိုမူ ဆောင်းပါးရှင်  Peter Kolonia ၏ How  to Create an Edgy Portrait With High-Contrast Lighting မှ ကောက် နှုတ် ထားခြင်း ဖြစ်ပါသည်။
 
ထိပ် တန်း Portrait ဓါတ်ပုံ ပညာ ရှင် များသုံးသည့် လှပ ကြွ ရွ သော Light Contrast ရ ရန် ပြင်ဆင်သည်ကို အနည်း ငယ် ဖေါ်ပြ လိုပါသည်။
 

 
 (Tanzanian model Flaviana Matata )
Data - Exposure: 1/125 sec at f/11, ISO 100.
 
အထက်ပါ ပုံ ကို နံမည် ကျော် New York fashion and advertising Professional Photographer Jodi Jone က တန်ဇားနီးယား Model Flaviana Matata  ကို ရိုက်ထားခြင်း ဖြစ်သည်။ Spike Hair Style နှင့် Model ကို လှပ သည် Light Contrast ဖြင့် ရိုက်ထားခြင်း ဖြစ်သည်။
 
ထိုကဲ့ သို့ ပုံ ရရန် သုံးထားသည့် Light Sources များကို အောက်တွင် ဖေါ်ပြ ထားပါသည်။
 
မည်သည့်အတွက် ဤ ကဲ့သို့ ရှုပ်ထွေး အဆင့်မြင့် လှ သည့် Lighting များ ဆင်ထား ရသည်ကို ဓါတ်ပုံ ပညာရှင်က ရှင်းလင်း ထားပါသော် လည်း ကျွန်တော် အပါအ၀င် Portrait Photography ကို  ယခု မှ စတင် လေ့လာ သူများ အတွက် “ လေး “ နေမည်ဖြစ်သည့် အတွက် ဘာသာပြန် ခြင်း မပြုတော့ပါ။
 အောက်ပါပုံ များ မှာ အထက်ပါ Model ကို ဓါတ်ပုံ ရိုက်ရာ တွင် အသုံး ပြု သည့် Light Source များ ဖြစ်ကြပါသည်။
Broncolor Pulso G 1600 strobes (replaced by the G2),
 
 
 
 
Broncolor Scoro S 1600 power packs (now, S2A),
 
 
 

Broncolor Pulsoflex C softbox .
 
 
 
 

အထက်ပါ Model ကို ရိုက်ရာ တွင် Studio အတွင်း ဆင်ထားသည့် Light source များ ဖြစ်ပါသည်။

 

 

(A). Set the softbox on a Manfrotto 085BS Heavy Duty Black Light Boom and Stand,

 (B). Lit the backdrop, a 20x30-foot cyclorama,

(C), with two Pulso G heads,

(D) Mounted on 9-foot Manfrotto Alu Ranker light stands,

(E) and bounced into V-flat reflectors made of 1/2-inch white foamcore board ,

(F). Powered both the main and background lights with Broncolor Scoro S 1600 powerpacks,

(G) and shot with a Hasselblad H4D-40 digital camera and a 50mm f/3.5 HC II Hasselblad lens,

(H), firing the strobes with a camera-mounted Broncolor RFS 2 radio slave transmitter.

 

 

Portrait Sample Pictures
 
 
 

 
 
 
 
 
 
 
 
 
 
 

 
 
 
 
 
 
 
 
 
 
 
 
 
 

 


 
 
 
 






 
 
 
 
 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 

အထက်ပါ ဖေါ်ပြချက်များသည် Portrait Photography အတွက် ခြေ ဆင်း ကြမ်းခင်း မျှ သာ ဖြစ်ပါသည်။ ဤ ဘာသာရပ် ၏ အမြင့်တန်း ဆိုင်ရာ ပညာ ရပ် များ နှင့် အလွန် ကျယ်ပြန့် လှ သည့် Portrait Photography Lighting ဆိုင် ရာ များကို အဆင့်ဆင့် လှမ်း တက် လေ့ လာ ရန် လိုပါမည်။ ဤမှတ်စုသည် အဆိုပါ အဆင့် များသို့ တက်လှမ်း နိုင်ရန် တံတားခင်း ပေးသည့် အဆင့်မျှသာ ဖြစ်ကြောင်း ဖေါ်ပြ အပ်ပါသည်။

 
 

________________________