Friday 23 January 2015

How many MP do you really need



(82) – How many MP do you really need                           ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၈၂)

 
 
 

သင့် အတွက် အမှန် တကယ် Megapixels ဘယ်လောက် လိုသလဲ

( How Many Megapixels Do You Really Need? )

 

စကားဦး
 

ကျွန်တော်သည် ကင်မရာတစ်လုံးကို ကြော်ငြာရာတွင် အမွှန်း တင်ကာ တစ်ခုတ် တရ ဖေါ်ပြ လေ့ ရှိသည့် Megapixel နှင့် ပတ်သက်၍ ဆောင်း ပါး အတော် များများကို ဘာသာပြန်ကာ မှတ်စု များရေး သား ခဲ့ပါသည်။
 
 

အချို့သော မှတ်စုများတွင် Megapixel နှင့် ပတ်သက်၍ ကြိုးကြား ကြိုးကြား တို့ ထားသော်လည်း မှတ် အမှတ် (၇၆) “ Pixels သို့ မဟုတ် ပုံပြင် ထဲ က ယုံတမ်း ကစားတစ်ခု “ မှတ်စု - http://shlaing.blogspot.sg/2014/09/76-pixel-myth-pixels-megapixel-myth.html တွင်မူ အတော် အသေးစိတ် ရေးခဲ့ပါသည်။

 

ပုံကောင်း တစ်ပုံ ဖြစ်လာစေရန် Pixel တစ်ခု ထည်း က စွမ်းဆောင်ခြင်း မပြု နိုင် ၊ Pixel များ တိုင်း ပုံ ကောင်း ထွက် မည် ဟု ပြော ၍ မရ ဆိုသည်ကို ပေါ် လွင် လာစေရန် ဖြစ်ပါသည်။

 

ကျွန်တော် အဓိက ထား ဆိုလိုသည် မှာ ထိပ်တန်း  DSLR ကင်မရာ ကြီးများကို ဆိုလိုခြင်း မဟုတ်ပါ။ ထိပ် တန်း DSLR ကင်မရာ ကြီးများသည် ၄င်း တို့ ၏ အထူးပြု သက်ဆိုင်ရာ ကဏ္ဍ အလိုက် Megapixels များ ရှိကြ ပါသည်။

 

ဥပမာ အား ဖြင့် Nikon Line တွင် အငြိမ် ပုံ များ ကို အဓိက ထား ရိုက်သည့် D 800, D 800E, D 810 ကဲ့ သို့ ကင်မရာ များသည် 36.3 MP ရှိကြ စေကာမူ Speed ကို အဓိက ထားကာ အမြန် ရိုက် ကြ သော Nikon Flagship ကင်မရာ ကြီး များ ဖြစ်ကြသည့် D 4, D4s တို့ မှာ မူ 16.2 MP သာ ရှိ ပြီး Canon Flagship ကင်မရာ ဖြစ်သည့်   1 D X ကဲ့ သို့ ကင်မရာ ကြီး သည် လည်း 18 MP သာ ရှိသည် ကို တွေ့ ရပါသည်။

 

ကျွန်တော် ယခု ဆိုလိုသည်မှာ သာမန် Consumer သုံး ကင်မရာ များ အတွက် အဓိက ထား ရေးသားရခြင်း ဖြစ်ပါသည်။
 
 

ယခု ရေးသားမည့် မှတ်စု သည် ဆောင်းပါး ရှင် Sally Wiener Grotta ၏ How Many Megapixels Do You Really Need?  ဆောင်းပါးကို ဘာသာပြန်ထား  ခြင်း ဖြစ်ပါသည်။ ၄င်း ၏ရေးသားချက် မှာ အကြိုး အကြောင်း အတော် ဆီလျှော် သည့် အတွက် သာမန် ဓါတ်ပုံ ၀ါသနာ ရှင် များ အနေ နှင့်သိသင့် သည် ဟု ယူဆ သောကြောင့် ဆီလျှော် အောင် ဘာသာပြန် ကာ မျှဝေ လိုက်ခြင်း ဖြစ်ပါသည်။

 

သင့် အတွက် အမှန် တကယ် Pixels ဘယ်လောက် လိုသလဲ။
 
 
 
 
 
 
သာမန်သုံး  Consumer ကင်မရာ များ တွင် Sensor Size 1.5 X 1 Inch အရွယ် သည် Sensor size အကြီးဆုံးသော အပိုင်း တွင် ပါဝင် သည်။ ယခု အချိန် တွင် ကင်မရာ များတွင် Megapixel ကို အသားပေး နေကြသည်။ Cell Phone တစ်လုံး ရှိ ကင်မရာ ၏ Megapixel သည် သာမန် Point and Shoot ကင်မရာ ထက် ပို များသည် ဆိုလျှင် အဆိုပါ Cell Phone ကင်မရာ သည် သာမန် Point and Shoot ကင်မရာ ထက် ပို အဆင့်မြင့်သည် ၊ ပိုကောင်းသည် ၊ ပုံထွက် ပိုကောင်းမည် ဟု သာမန်အားဖြင့် ဆိုကြပေ မည်။ ဤ သို့ ထင် လျှင် မှား ပေ  လိမ့် မည်။
 
Megapixels နှင့် Pixel Size
 
 
Megapixels သည် ကလိုရီ ( Calories ) ကဲ့ သို့ပင် ကို အရေ အတွက် ( Quantity ) ဖြင့် တိုင်းခြင်းဖြစ်သည်။ အရည် အသွေး ( Quality ) ဖြင့် တိုင်း ခြင်း မဟုတ်။ ပုံ တစ်ပုံ ကို ပုံ ဖေါ် ရာတွင် သင့် အနေနှင့် အတိုင်း အတာ တစ်ရပ် အထိ ရှိသည့် Megapixels အရေ အတွက် လိုပေသည်။
 
သို့ ရာ တွင် အစား အသောက် တစ်ခု တွင် ပါဝင် သည့် ကလိုရီ ပမာဏ ကဲ့ သို့ ပင် ကလိုရီ များတိုင်း အဟာရ မဖြစ်သည်ကို သိထားရန် လိုပါသည်။ ထို့ အတူပင် ကင်မရာ တစ်လုံး ရှိ Pixels သည် အရေ အတွက် များတိုင်းလည်း ပုံကောင်း ထွက် လာမည် ဟု ဆို၍ မရပါ။
 
 
ကင်မရာ တစ်လုံး၏ ပုံ ထွက် သည် အတော် ရှုပ်ထွေး လှသည့် ကင်မရာ တစ်လုံး၏ Process ဖြစ်သည်။ ကင်မရာ တစ်လုံး ပုံ ထွက် ကောင်း ရန်မှာ Pixels အရေ အတွက် တင် သာမက Image Sensor Design, ကင်မရာ၏ ကွန်ပြူ တာ ဟု ဆိုရ မည့် Firmware, ကင်မရာ တည်ဆောက်ထားသည့် Engineering စသည် တို့ အပေါ်တွင် ပါ တည် နေပါသည်။ ပုံ ထွက် ကောင်း ခြင်းသည် Pixels  အရေ အတွက် တစ်ခု ထည်း အလုပ် မဟုတ်ပါ။
 
 
Camera Sensor Size
 
 
ကင်မရာ တစ်လုံး၏ ပုံရိပ် ဖမ်းယူသည့် နှလုံးသား  မှာ Sensor ဖြစ်ပေသည်။ Sensor က ပုံရိပ် ဖမ်း ယူ သည့် ဖြစ်စဉ် သည် နည်း ပညာ သဘော အရ အလွန် နက်နဲ သည့် အတွက် အလွယ် ပြောရပါက Sensor ပေါ် ရှိ Pixels ( အခြေခံ အား ဖြင့်   Photosite  များ ဖြစ်သည် ) များသည် မိုး ရေခံ သည့် ပုံး ( Bucket ) ကဲ့ သို့ ဖြစ်သည်။ Lens မှ ၀င်လာသည့် အလင်း ( Photon ) ကို အဆိုပါ ပုံး ကလေး များက မိုးရေ ကို ရေပုံး  နှင့် ခံ သကဲ့ သို့ ခံ ယူသည်။
 
 
 
Pixel ပုံး ကလေး များ က မိုး ရေခံ သကဲ့ သို့ Photon ကို ခံယူနေပုံ။


 
Sensor ကြီး လျှင် ရေခံ သည့် ပုံး ဟု ဆိုရ မည့် Pixels လည်း ကြီး သည်။ အလင်း ( Photon ) ကို များ များ ခံယူ နိုင်သည်။ ထို့ ကြောင့် Photon ကို process လုပ်ရာ တွင် မနိုင်ဝန် ထမ်း ရသောကြောင့် ဖြစ်ပေါ် လာသည့် Unwanted Signals ( Noise ) အဖြစ် နည်း သည်။
 
Pixels ပုံး ကြီး သည့် အတွက် အလင်း ( Photon ) ကို ခံ ရာ တွင် များများ ခံ ယူ နိုင် သဖြင့် ဘေး ရှိ ပုံး များ ( Pixels)  အတွင်းသို့ မဆန့် သော Photon များ လျှံ မကျ သည့် အတွက် ဂရိန် ထ သည်ဟု ဆိုသည့် Noise ထခြင်း နည်း ပြီး ပုံ ရိပ် ထပ် ခြင်း Ghosting ဖြစ်ခြင်း နည်းသည်။
 
 
 
Light Signal ( Photon ) ကို ဖမ်းယူ ရာ တွင် Pixal Size ( Photosite) အကြီး နှင့် အသေး တို့ အတွင်း ရှိနေသည့် Signal and Noise Ratio ကို ပြသည့် ပုံ။
 
 
ဥပမာ ပြရ လျှင် 8 Megapixels Smart Phone ၏ Sensor Size သည် အက်စ်ပရင် အဖြား ကျ ဆေးပြား ကလေး အရွယ် မျှသာ ရှိသည်။ 8 Megapixels Compact Camera ၏ Sensor Size သည် လက်သည်း ခွံ ခန့် အရွယ် ရှိသည်။ Smart Phone ကင်မရာ Sensor ထက် များစွာ ကြီးသည်။
 
 
ထို့ ကြောင့် အဆိုပါ ကင်မရာ နှစ် ခု ၏ Sensor များက ထုတ်ပေးသည့် ပုံ ရိပ် အရည် အသွေးသည် လည်း အထက်တွင် ဆိုသကဲ့ သို့ Sensor အကြီး Compact Camera မှ ဖေါ် ပေးသည့် ပုံ ရိပ်သည် Smart Phone Camera ထက် Noise နည်းသည် Ghosting ဖြစ်ခြင်း နည်းသည်။ ပုံ ထွက် ပိုကောင်းသည်။
 
သို့ သော် Apple မှ ထုတ်သည့် iPhone 5s မှာ မူ 8-Megapixel ဖြစ်စေကာမူ Point and Shoot ကင်မရာ များ၏ Sensor Seize ပမာဏ အရွယ်မျှ  ကြီး ထား သည်။
 
Advanced Compact ကင်မရာ၊ Mirrorless ကင်မရာ၊ Semipro and Professional DSLR ကင်မရာ များ၏ Sensor size များသည် Compact ကင်မရာ Semsor Size ထက် များစွာ ကြီးသည်။ အကြမ်း အားဖြင့် APS-C ကင်မရာ ၏ Sensize သည် စာပို့ တံ ဆိပ်ခေါင်း အရွယ်ခန့် ရှိသည်။
 
 
Sensor Size အရွယ် အမျိုးမျိုး ပုံ။
 
Full Frame ကင်မရာ Sensor Size မှာမူ တစ်လက်မ ခွဲ တစ်လက်မ (1.5 by 1 inches ) အရွယ် ခန့် ဖြစ်သောကြောင့် အထက်ပါ ကင်မရာ Sensor အရွယ် များ ထက် ပို၍ သိသာ စွာ ကြီးသည်။ ဥပမာအားဖြင့်  နှိုင်း ယှဉ် ပြော ရပါက အဆိုပါ APS-C,  8-Megapixel ကင်မရာ က ထုတ်ပေးသည့် ပုံ ရိပ်သည်။ 8-Megapixel Compact ကင်မရာ က ထုတ်ပေးသည့် ပုံ ရိပ် ထက် ပို သာလွန်ကောင်း မွန်သည်။ Full Frame 8-Megapixel ကင်မရာ Sensor က ထုတ်ပေးသည့် ပုံ မှာ မူ အထက်ပါ ကင်မရာ များ ၏ ပုံ ထက် များစွာ သာသည်။
 
 
 
 
Sensor Size အရွယ် အမျိုးမျိုး နှိုင်းယှဉ် ထားသည့် ပုံ။
 
အောက်ပါ ဖယား များ မှာ ကင်မရာ အမျိုး အစားလိုက် ၄င်း တို့ Sensor အမျိုး အစားအလိုက် ပုံဖေါ်ပေးသည် Photosite အရွယ် ပမာဏ များ ကို ဖေါ် ပြ ထားခြင်း ဖြစ်ပါသည်။
 
Sensor "Type"
Imaging Area dimensions (width x height x diameter in mm)
1/2.7-inch
5.37 x 4.04 x 6.72
1/2.5-inch
5.76 x 4.29 x 7.18
1/1.8-inch
7.18 x 5.32 x 8.93
1/1.7-inch
7.6 x 5.7 x 9.5
2/3-inch
8.8 x 6.6 x 11.07
Four Thirds
18.0 x 13.5 x 22.5
APS-C (Canon )
22.2 x 14.8 x 26.7
APS-C (Nikon)
23.7 x 15.7 x 28.4
APS-C (Sony)
23.6 x 15.8 x 28.4
(Canon professional DSLR)
28.1 x 18.7 x 33.8
Full Frame (=35mm frame)
36 x 24 x 44.3
 
 
Camera Resolution
Sensor Type
Image Resolution (pixels)
Photosite surface area microns)
6 megapixels (1)
1/2.5-inch
2816 x 2112
2.045 x 2.045
7.1-megapixels (2)
1/2.5-inch
3072 x 2304
1.875 x 1.875
8 megapixels (3)
1/2.5-inch
3264 x 2448
1.76 x 1.76
10 megapixels (4)
1/1.8-inch
3648 x 2736
1.97 x 1.97
6.1 megapixels (5)
23.7 x 15.6
3008 x 2000
7.88 x 7.88
10.0 megapixels (6)
17.3 x 13.0
3648 x 2736
4.74 x 4.74
10.0 megapixels (7)
23.5 x 15.7
3872 x 2592
6.07 x 6.07
10.1 megapixels (8)
28.1 x 18.7
3888 x 2592
7.23 x 7.23
12.8 megapixels (9)
35.8 x 23.9
4368 x 2912
8.19 x 8.19
(1) Nikon Coolpix L6 (2) Olympus SP550UZ (3) Sony Cyber-shot DSC-T100
(4) Canon PowerShot G7 (5) Nikon D40, (6) Olympus E-410, (7) Pentax K10D, (8) Canon EOS-1D Mark III, (9) Canon EOS5D
 
 
Megapixels ၏ အရာရောက် ပုံ မှာ မူ သင် သည် ပုံ မည်မျှ ကြီးကြီး ထုတ်မည် နည်း ဆိုသည့် အချက် ပင် ဖြစ်သည်။ ပုံ ကြီးကြီး ချဲ့ လျှင် ပုံ ကို အနု စိတ် ဖေါ် ရန် Pixels များများ လိုသည်။
 
 Social Networks  များ တွင် သုံးသည့် ပုံ များ ၏ Pixels များ။
 
 
အောက်ပါ ပုံ သည် Facebook, twitter, Linkedin စသည့် Social Media များ တွင် သုံးသည့်  Pixels ပမာဏ  နှင့် Print Size ဖြစ်သည်။
 
 

စင်စစ် အားဖြင့် လူ အများစု  Print လုပ်ကြ သည့် ပုံ ရွယ် အစား အတွက်  Pixel ပမာဏ များ စွာ မလိုလှပါ။
 
 
Social Networks တွင် အများဆုံးသုံးသည့် Pixel ပမာဏ အချို့ ကို အောက် တွင် ဖေါ်ပြပါမည်-
 

A Twitter photo

-
375 x 375 pixels ( equal mere 0.15 Megapixels
 

A Facebook timeline photo

-
960 x 720 ( equal 0.69 Megapixels
 

Google + Cover Photo

-

2.53 Megapixels
 

Print လုပ်သည့် အခါ အများဆုံးသုံးသည့် Megapixels

 
သာမန် လူ များ အနေဖြင့် များသော အားဖြင့် Highest Resolution File ကို တစ်ခါ တစ်ရံ မှသာ Print လုပ်လေ့ ရှိ ကြပါသည်။ ဓါတ်ပုံ ကို အများသုံး Print လုပ်လေ့ ရှိ ကြသည့် Size နှင့် Pixels ပမာဏ မှာ ( 4 X 6 inches) နှင့် ( 8 X 10 Inches ) တို့ ဖြစ်ပါသည်။
 
 
( 8 X 10 Inches ) ကို Print လုပ် ပါက ( 300  Pixels per Inch ) ဆို လျှင် အတော် ကောင်းသည့် ပုံ ထွက် သည်။ အဆိုပါ 300  Pixels per Inch ကို အလျှား လိုက် နှင့် ဒေါင် လိုက် မြှောက် လျှင် ( 300 X 8 = 24,00) နှင့် ( 300 X 10 = 3000 ) 2,400 X 3,000 pixels ဖြစ်လာပါသည်။ 2,400 X 3,000 pixels သည် 7.2 Megapixels ဖြစ်ပါသည်။
 
ဆို လို သည်မှာ စီးပွားရေး ကြော်ငြာ ပိုစတာ ကြီးများ မဟုတ်မူဘဲ သာမန် သုံး ဓါတ်ပုံ ( 8 X 10 Inches  Size ) ကို  Print ထုတ် ရန် အတွက် 7.2 MP ဆိုလျှင် အတော် ကောင်း သည့် ပုံ ရပါသည်။

 

Adding extra megapixels for cropping

ဓါတ်ပုံ ရိုက် ပြီးမှ မိမိ လိုသကဲ့ သို့ Composition ရ ရန် အတွက် ပုံ ကို Crop လုပ်သည့် အချိန် မျိုး လည်း ရှိပါသည်။ ၍ ကဲ့ သို့ Crop လုပ်ပါ က မူရင်းပုံ ၏ Pixels များ ဆုံးရှုံး ပါသည်။ ထို့ကြောင့် ၀ါရင့် Professional Photographer များသည် မရိုက် မှိ ထည်းက လို ခြင်း သည့် Composition ကို ရအောင် လွင် ချပြီးမှ သာ ခလုပ် နှိပ် လေ့ ရှိပါသည်။

အချို့ သော Visual real estate photographer များမှာ မူ ရိုက်ပြီးမှ အတော် များများ ပြန် Crop လုပ် ကြရသည့် အနေအထားမျိုး လည်း ရှိပါသည်။ အဆိုပါ အခြေအနေ မျိုး အတွက် မူ Crop လုပ် လိုက်လျှင် ဆုံးရှုံး များမည့် Pixels များအတွက် ပါ ထည်းသွင်း စဉ်း စားကာ သာမန်သုံး Pixels အနေအထား မှ  50% to 70% အထိ ပိုသော Pixels နှင့် ရိုက်ရန် လိုပါမည်။

အောက်ပါ ပုံ မှာ အရည် အသွေးကောင်း ဓါတ်ပုံ တစ်ပုံ Print လုပ်ရန်အတွက် ဓါတ်ပုံ Size အလိုက် အကြမ်း ဖျဉ်း လို အပ်သည့် Pixels အရေ အတွက် ကို ပြ သည့် ဇယားဖြစ်ပါသည်။

 

Pixel များများ လိုသည့် အခြေအနေမျိုး
 
သို့ ရာ တွင် အထက်တွင် ဖေါ် ပြ ခဲ့ သကဲ့ သို့ ပုံ ကို ကြီးကြီးချဲ့ ရသည့် လုပ်ငန် မျိုး တွင်  သော်လည်း ကောင်း၊ အချို့ သော Macro Photography ရိုက်သည့် အချိန် တွင် ရုပ်ပုံ ကြီးလောစေရန်  များ များ Crop လုပ် ရန် လို သည့် အခြေအနေ မျိး တွင် သော်လည်း ကောင်း Pixels များများ သုံး ရန် လို ပါလိမ့်မည်။
 
 
__________________________
 
 

 
 
 

 

No comments:

Post a Comment