Nuffnang Ads

Friday, 4 March 2016



( 86 )  Bring More Pixels                      ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု (၈၆)



“ ကင်မရာ Sensor ပေါ်တွင် Pixel တွေ များလာသော အခါ “



စကားဦး။

ကျွန်တော်သည် ကင်မရာ Sensor ပေါ်ရှိ Pixel နှင့်ပတ်သက် သည့် အကြောင်းများ  ကို ရေးခဲ့ပါသည်။ အထူးသဖြင့် ကင်မရာ ငယ်များ ကို ကြော်ငြာ သည့်အချိန် တွင် Pixel မည်ရွေ့ မည်မျှ ရှိသ ည် ကို ရှေ့တန်း တင်ကာ ကြော်ငြာလေ့ ရှိသဖြင့် Pixel များတိုင်း ကောင်းလေ သလားဆိုသည့် အကြောင်းကို ရှာဖွေ ဖတ်ရှုကာ  ဘာသာပြန်  ရေးခဲ့ ပါသည်။
 


သို့ ရာ တွင် အပ်ါယံ မျှသာ ဖြစ်ပါသည်။ မိတ်ဆွေ တစ်ဦးဖြစ်သူ ကို သိုက် ( Ko Thigh Wunna ) က Pixel များသော ကင်မရာ ဖြင့် Common Kingfisher အကောင် သေးသေး လေး ကို ရိုက် ပြီးနောက် လိုအပ် သည့် အနေအထား ရ အောင် Crop လုပ်ကြောင်း၊ ဤ နေရာ တွင်  Pixel များသည့် ကင်မရာ ဖြင့် ရိုက်သည့် အတွက် Noise များ ထလာသည် နှင့် တွေ့ ကြုံ လာရ သည့် အခက်အခဲ များကို F B ပေါ်တွင် ရေး သည်ကို တွေ့လိုက်ရ ပါသည်။  ကိုသိုက်ပြော သည်မှာ စိတ်ဝင်စား ဘွယ်ရာ ဖြစ်သဖြင့်  မှတ်စု တစ်ခု ကို ရေးသား ရန် စိတ်ကူးပေါ်လာသဖြင့် ဤ မှတ်စု ကို ရေး ရခြင်း ဖြစ်ပါသည်။

ဤမှတ်စုရေး ရန် Pixel ဆိုင်ရာ ဆောင်ပါး ပေါင်း များစွာကို ဖတ်ရှု မှီငြမ်း ပါသော်   လည်း အဓိက အားဖြင့်- 

 Dennis P Curtin ၏ Sensor, Pixels and Image Size နှင့် Dawn OosterhoffNew Image Sensors Bring More Pixels, More Problems. 

ဆောင်းပါး နှစ်ခုကို  အခြေပြု ၍   စုပေါင်း  စပ်ပေါင်း   ဘာသာပြန်  ကာရေး
 သား ခြင်း ဖြစ် ပြီး  လိုအပ်သည့်  တွက်ချက်မှု များကိုမူ ကိုယ်တိုင် တွက်ချက် ကာ ဖြည့် သွင်း ထားခြင်း ဖြစ်ပါသည်။



ကင်မရာ Sensor ။


Digital Camera တိုင်းတွင် အလင်းကို ဖမ်းကာ ပုံရိပ် ဖေါ်ပေးသည့် Film ကဲ့သို့ သော Sensor ပါရှိပါသည်။ Sensor အမျိုးမျိုး ရှိသေည်လည်း ကင်မရာ များတွင် မူ အဓိက အားဖြင့် CCD သို့ မဟုတ် CMOS Sensor များ ကိုသုံးကြ ပါသည်။ 

Sensor အမျိုး မျိုး ရှိသည့် အနက် အဓိ အသုံးများသည့် Sensor များမှာ -

- CCD ( Charge-Coupled Device ) Sensor
- COMS (Complementary Metal–Oxide–Semiconductor ) Sensor
- Bayer Sensor
- Foveon X3 Sensor
- 3CCD Sensor

စသည်ဖြင့်ဖြစ်ကြသည်။ သို့ ရာတွင် လက်ရှိ ကင်မရာ အများစု သုံးနေကြသည်မှာ CCD Sensor နှင့် COMS Sensor များဖြစ်ကြသည်။


CCD ( Charge-Coupled Device ) Sensor



 CCD Sensor တစ်ခု၏ပုံ/။

CCD Sensor ၏ Cell များသည် Analog Device များ ဖြစ်ကြသည်။ Sensor အပေါ်ရိုက် ခတ်လာသည့် အလင်းရောင် ( Photon) အား Sensor ပေါ်ရှိ Photosites  က Electric Charge အဖြစ် လက်ခံ ထားလိုက်သည်။ ယင်းနောက် Electric Charge ဖြစ်လာစေပြီး  ယင်းက တစ်ဆင့် Electrical Voltage ထိုမှ တစ်ဆင့်  Digital Signals အဖြစ် ဆက်၍ ပြောင်းပေးခြင်း ဖြစ်သည်။ CD Sensor ကို ကင်မရာများအပြင် သိပ္မံ နှင့် နည်း ပညာ ဆိုင်ရာ ဆေးပညာ ရပ်ဆိုင်ရာ တို့ ၏ အဆင့်မြင့် ပုံရိပ်များ လိုအပ် သည့်နေရာများတွင်လည်း သုံးသည်။


CMOS ( Complementary Metal-Oxide Semiconductor )


CMOS Sensor တစ်ခု၏ပုံ


CMOS Sensor ၏ Cell များသည်လည်း CCD Sensor နည်းတူပင် အလင်း ကို Electronic Signal အဖြစ်သို့ ပြောင်းပေးသည့် အရာများ ဖြစ်ကြသည်။ CMOS ကို Complementary Symmetry Metal Oxide Semiconductor ( COS-MOS ) ဟုလည်း ခေါ်သည်။ Complimentary Symmetry ဆိုသည့် စကားရပ်မှာ CMOS အနေနှင့် Complementary and Symmetrical pair of P-Typeနှင့် N-Type Metal Oxide Semiconductor တစ်စုံကို အသုံးပြု ၍ Light ကို ဖမ်းယူ ကာ Electronic Signal သို့ ပြောင်းပေးခြင်းကို ဆိုလိုပါသည်။



Sensor အရွယ် အမျိုးမျိုး



  
အထက်ပါ ပုံ မှာ ကင်မရာ အများစုတွင် သုံးလျှက်ရှိသည့် Sensor Size အမျိုးမျိုး ကို နှိုင်း ယှဉ် ပြထားခြင်း ဖြစ်ပါသည်။

ဤကဲ့ သို့ Sensor Size အမျိုးမျိုးကို ယှဉ်ပြ ရသည်မှာ ယင်း တို့ အပေါ် တွင် ဖြစ်ပေါ် လာမည့် ပုံရိပ်ကိုဖေါ် ပေးမည့်  Pixel နှင့် တိုက်ရိုက် ဆက် နွယ်နေသည့် အတွက် ဖြစ်ပါ သည်။

အောက် ပါ ပုံ မှာ Lens ကို ဖြတ်ကာ ၀င်ရောက် လာသည့် အလင်း ( Photon ) များ သည် Sensor ပေါ်ရှိ Photosite များ ကတစ်ဆင့် Photoelectronic effect အရ ပထမ အဆင့် တွင် Electrical Charge အဖြစ် လက်ခံ သိမ်း ဆည်းထားသည့် Electron များကို Analog Voltage သို့ပြောင်းသည်။ ယင်းမှ နောက်ဆုံး အဆင့် အဖြစ် Digital Voltage အဖြစ် ပြောင်းလဲ ပေးလိုက်သည့် ဖြစ်စဉ် ၊ တစ်နည်း အားဖြင့် ပုံ ရိပ် ဖေါ် ပေးသည့် Pixel ဖြစ်လာသည့် ဖြစ်စဉ် နမူ နာ ပုံ ဖြစ်ပါသည်။


  


အနည်းငယ် ဖြည့် ရှင်း ရပါမူ Photosite တစ်ခု ပေါ် ရှိ ဧရိယာ အား လုံး သည် အလင်း ( Photon ) ကို စုပ် ယူ နိုင်စွမ်း မရှိပါ။ အဆိုပါ ဧရိယာ အတွင်းရှိ Photodiode ကသာ  အလင်း ကို စုပ်ယူ နိုင်ပါသည်။ ယင်း ကို Fill Factor ဟု ခေါ်ပါသည်။

Film ခေတ် ကာလ က  အလင်း ကို Film ပေါ်ရှိ အလင်း တုန့်ပြန် သည့် Crystal က စုပ်ယူ ကာ Chemical Process အရ ပုံဖေါ် ပေး ပြီး Digital ခေတ် တွင်မူ Sensor ပေါ်ရှိ Photosite အတွင်းမှ Photodiode က အလင်း ကို စုပ်ယူ ကာ Photoelectronic သဘောအရ ပုံဖေါ် ပေး ခြင်း ဖြစ်ပါသည်။

အလင်း စုပ် နိုင် သည့် Photodiode သည် Photosite ဧရိယာ  တစ်ခုလုံး ၏ ၃၀ % မှ ၄၀ % အတွင်းသာ ရှိပါသည်။ ကျန် ဧရိယာ များသည် Amplifiers, Noise-reduction circuits, Eelectronic circuitry စသည့် Electronic circuits များသာ ဖြစ်ကြပါ သည်။



Photosite က အလင်း ခံယူ   ခြင်း။

Photosite တစ်ခု က အ လင်း ကို လက် ခံ  ရာ တွင် လက်ခံ နိုင်သည့် စွမ်း ရည်သည် Photosite ၏ အတိမ် အနက် နှင့် သက် ဆိုင် မှု မရှိဘဲ မျက် နှာ ပြင် ဧရိယာ အကျယ်အ ၀န်း ပေါ်တွင် သာ တည်ပါသည်။ Photosite မျက်နှာပြင် ကျယ်လေ Light Signal ကို ပို လက်ခံ နိုင်လေဖြစ်သည်။


အောက်ပါ နမူ နာပုံ မှာ မျက်နှာပြင် ကျယ် သည့် Phptosite က Light Signal ကိုပို ခံ ယူ နိုင်သည်ကိုပြ သည့် နမူ နာ ပုံ ဖြစ်ပါသည်။


 

  
ဆိုလို သည်မှာ Photosite ကြီး လျှင် Light ( Photon ) Signal ကို ပို ၍ လက်ခံ နိုင်စွမ်း ရှိမည် ကို ဆိုလို ခြင်း ဖြစ်ပါသည်။ 


ခြုံ၍ ပြော ရပါမူ Sensor ကြီးလျှင် သာမန် အားဖြင့် Photosite ကြီး သဖြင့် Light Signal ကို ပို လက်ခံ နိုင်သည့် အတွက် Electron များကို နောက် ဆုံး အဆင့် ပုံ ဖေါ် သည့် အဆင့် ရောက်အောင် Analog Voltage မှ Digital Voltage သို့ ပြောင်းရာ တွင် Amplify နည်းနည်းသာ လုပ်ရန်လိုပါသည်။  လက်ခံ နိုင်သည့် Signal နည်းပါ မူ Amplify များများ လုပ်ရသည်။ ဤ ကဲ့ သို့ Amplify လုပ်ရာတွင် Light Signal တစ်ခု ထည်း ကို ရွေးကာ Amplify လုပ်ခြင်းမဟုတ်ဘဲ Noise ကိုပါ ရော၍ Amplify လုပ်ရ သည့် အတွက် Amplify များများ လုပ်ရလေ Noise ပမာဏ များလာလေ ဖြစ်သည်။
  





အထက် ပါ ပုံ ကို ကြည့် ပါက ပို ရှင်းပါ မည်။  Light signal နည်း သည့်အတွက် Amplified လုပ်ရာ တွင် အစိမ်းရောင် ဧရိယာ Light Signal ကို Amplified လုပ် ရင်း အနီရောင် ဧရိယာ Noise ကိုပါ ရော ၍ Amplified လုပ် ရသည့်အတွက် Noise တွေ ပိုများလာ လာခြင်း ဖြစ်ပါသည်။

အထူးသဖြင့် အလင်းရောင်နည်းသည့် အခြေ အနေမျိုး တွင် Shutter speed မြန်မြန် ဖြင့် ရိုက်ရန် ISO များများ တင်ရ သည့် အခြေ အနေမျိုး ၊ Low Light ရိုက် ရာတွင် Aperture ကို အချိန်ကြာမြင့်စွာ ဖွင့် ထားရသည့် အခြေအနေ မျိုး ၊  Sensor တွင် Heat ဖြစ်ပေါ်လာသည့် အခြေအနေ မျိုး ၊ ကင်မရာ Sensor က Light signal ကို ထိထိရောက်ရောက် စုပ်မယူ နိုင်သည့် အမျိုး အစား များ ( Sensor Type and Sensor Size ) တွင် ဖြစ် နိုင်ခြေ ရှိသည့် နမူ နာ ပုံ ဖြစ်ပါသည်။





Pixel 


Photosite သည် ရုပ် သဘောအရ အကောင်အထည် ပြနိုင်သည့် အရာဖြစ်  သော်လည်း Pixel မှာမူ Photosite မှ တစ်ဆင့် အဆင့်ဆင့် ပြုပြင် ထုတ်လုပ် ပေး လိုက်သည် Digital Voltage စွမ်း အင် ဖြစ်ပါသည်။ 


သို့ ရာ တွင် ယေဘူယျ အား ဖြင့် အဆိုပါ စွမ်း အင် ကိုပင် Photosite ၏ အရေ အတွက် ပေါ် မူ တည် ကာ ရေတွက် လေ့ ရှိကြပါသည်။ 


ဤ အကြောင်း အရာသည် အလွန်ရှုပ်ထွေး လှသော နည်းပညာ အမြင့် ပိုင်းဆိုင်ရာ အကြောင်း အရာဖြစ်သည် ဟု ဆောင်းပါး ရှင်အများစု ရေးသားကြသည်ကို တွေ့ရှိ ရပါ သည်။ ထို့ ကြောင့် များစွာ အသေးစိတ် လိုက်ကာ မရေးနိုင်ဘဲ လိုအပ်သည့် အချက် ကို သိသာ ပေါ်လွင်စေရုံ မျှသာ ခြေ နိုင်လက် နိုင် ရေးသား လိုက်ပါသည်။ 


အထက်တွင် Photosite တစ်ခု သည် Pixel တစ်ခု ဖန်တည်း ပေးသည် ဟု ယေဘူယျ ဆိုစေကာမူ Bayer Filter Photosite များ တွင်မူ Photosite သုံးခုပေါင်းမှ Pixel တစ်ခု ဖြစ်လာသည်ဟု ဆိုသည်။ Fujifilm Sensor တွင်မူ Photosite တစ်သန်း သည် Pixel နှစ်သန်း ထုတ်ပေးသည်ဟု ဆိုသည်။ သို့ သော် ထိုဖြစ်စဉ် များမှာ အနည်း စု ဖြစ်ပုံ ရပါသည်။


ကင်မရာ များတွင် Pixel ကို ဖေါ်ပြရာတွင် Sensor ၏ အလျှားလိုက် နှင့် အနံ လိုက် ရှိသည့် အရေ အတွက် ကို ဖေါ်ပြလေ့ ရှိသည်။ 


ဥပမာ အားဖြင့် Nikon D 4 ၏ ပုံ ဆိုက်အကြီးဆုံး Pixel ကို ( 4928 x 3280 ) ဟု ပြထားသည်။ အဆိုပါ Sensor အလျှား တွင် ရှိနေသည့်  Pixel – 4928 နှင့် အနံ တွင် ရှိနေသည့် Pixel – 3280 ကို မြှောက် ပါက 16163840 ရ သည်။ ထို့ကြောင့် D 4 သည် Pixel သန်းပေါင်း 16.6 ( 16.2 Megapixel ) ရှိသည် ဟု ဆိုခြင်း ဖြစ်သည်။

 Full Frame ဖြစ်သောကြောင့် Sensor ၏ အလျှား နှင့် အနံ မှာ ( 36 x 24 ) mm ဖြစ်သည်။

Nikon 810 မှာ လည်း Full Frame ပင် ဖြစ်သောကြောင့် Sensor ၏ အလျှား နှင့် အနံ မှာ ( 36 x 24 ) mm ပင် ဖြစ်သည်။ Pixel အရေအတွက်မှာ ( 7360 x 4912 ) ဖြစ်သောကြောင့်  စုစု ပေါင်း Pixel ပမာဏ မှာ 36152320 Pixel ရှိသည်။ တစ်နည်းအားဖြင့် Pixel 36 milliom (၃၆ သန်း ) ရှိသည်။ ထို့ ကြောင့် 36 MP ကင်မရာ ဟု ခေါ်ကြသည်။

Pixel တစ်ခု သည် စွမ်းအင် ဆိုစေကာမူ ယင်း၏ Size ကို သတ်မှတ်ရာ တွင် Photosite မှ ပေးသည့် Information အပေါ်မူတည်ကာ သတ် မှတ် သည်။ ၄င်းကို bit-depth ဟုခေါ်သည်။


ဥပမာ အားဖြင့် Pixel တစ်ခု သည် 8-bit-depth ရှိသည် ဆိုပါက ပုံရိပ် ဖေါ် ရန် နောက်ဆုံး ထွက်ပေါ် လာသည့် Signal ဖြစ်သော 2 binary digits (1 or 0) ကိန်း နှစ်ခု ၏ (၈) ထပ် ကိန်း ( 2x2x2x2x2x2x2x2 ) = 256  ကိန်း ကို အခြေခံ အရောင် (၃) ရောင် အလိုက်   ( Red 256 x Green 256 x Blue 256 )  မြှောက်လိုက်သော်  = 16.78 million ရသည်။ ကွန်ပြူ တာ တွင် အားလုံးသော Signal များသည် ( 0 and 1 ) တို့ သာ ဖြစ်သည်။

ထို့ ကြောင့် JPEG format 8-bit သည် Colour Shade 16.8 သန်း ထုတ် ပေးသည်။


16-bit ဆိုပါမူ အထက်ပါ တွက် နည်း အတိုင်း ( 2 ) ကို (၁၆) ထပ်ကိန်း အဖြစ် (၁၆) ကြိမ် ဆက်တိုက် မြှောက် ပါက = 65,536 ဖြစ်လာမည်။ ယင်း ကို  ( Red - 65,536 x Green - 65,536 x Blue - 65,536 ) ဆက် မြှောက်ပါက 281 Trillion  ရသည်။ ထို့ကြောင့် 16-bit သည် Colour shade ပေါင်း 281 Trillion colors    ထုတ်ပေး သည်ဟု  ဆိုသည်။ 





အထက်ပါ ပုံ မှာ အခြေခံ အရောင်များ ပေါင်းစပ်ခြင်း ဖြင့် အရောင်ပေါင်း မြောက်များ စွာ ပေါ်လာ သည့် နမူ နာပြ Diagram ဖြစ် သည်။ 


Sensor တစ်ခုတွင် Photosite များပြားစွာ ထည့် ထားခြင်း။


Sensor အရွယ် အစား မပြောင်း ဘဲ ဆိုက် အတူတူ ကိုပင် Pixel များလာစေရေး အတွက် Photosite များစွာ ထည့်ကာ တည် ဆောက်သည့် အတွက် Photoside အရွယ် များ သေးသွားကာ ထွက် လာသည့် Pixel များလည်း သေး လာပြီး Pixel တစ်ခု နှင့် တစ်ခု ကြားရှိ  Pixel Pitch ဟုခေါ်သည့်  ဧရိယာ သည် လည်း ကျဉ်းလာသည်။ 


ဤ သို့ ဖြင့်  Photosite သေးငယ်သည့် အတွက်အလင်းလက်ခံ နိုင်စွမ်း လည်း နည်း  သွားသည်။  Photosite များ နီး ကပ်နေမှုကြောင့် Well တစ်ခု မှ လျှံ  ထွက်လာသည့်   မလိုအပ် သော Signal များသည် အခြား သော well များအ တွင်း  သို့ဝင် လာသည့်အတွက် ပုံ ရိပ် ဘေးသား များ တိကျပြတ်သား မှု မရှိဘဲ ဖြာ ထွက်နေသည့်  Blooming effect ဖြစ်လာသည်။


Pixel Pitch


Pixel Pitch ဆိုသည်မှာ Pixel တစ်ခု ၏ အလယ် နေရာ မှ  ကပ်လျှက် ရှိသော အခြား Pixel တစ်ခု ၏ အလယ် နေရာ တို့၏ အကွာ အဝေး ဖြစ်သည်။


ထို အတိုင်းအတာ ကို အောက်ပါအတိုင်း တွက်ချက်သည်-

Pixel pitch = sensor ၏ အလျှား ( in mm )   divided by   image pixels ၏ အလျှား

 နမူနာ အဖြစ် Nikon D 4 ကို အခြခံ တွက် ပြပါမည် -


                         Sensor Size                    – 36 mm x 24 mm
                         Pixels                            -  4928 x 32800
                         Pixel Pitch =  36/4928     =  0.007 mm
                         Micron = 0.007 x 1000    = 7 micron.
I micron = 1 meter/ One million ( တစ်မီတာ ၏ တစ်သန်း ပုံ တစ်ပုံ )

Pixel ၏ ဧရိယာ ကိုမူ  squaring the pixel pitch ဖြင့် တွက်ယူသည်။


Area of one pixel ( D 4)  =   49 square microns   ( 7 micron x 7 micron )



Pixel အရေ အတွက် နှင့် အနည်း အများ။


ပကတိ အရှိ သဘော အရ ဆိုပါက Pixel ကြီးပါ Light ( Photon) Signal ကို  Pixel သေးသေး ထက်  ပိုများများ လက်ခံ ယူနိုင်သည်။ Light Signal များများ စုပ် ယူနိုင်လေ ပုံ ထွက် ပိုကောင်း လေ ဖြစ်သည်။ 

 Pixel Pitch လည်း ကျယ် သည့်အတွက် ပုံ ကြည်လင် ပြတ်သားမှု ကို အနှောက် အယှက် ပေးသည့် Signal များလည်း ဖြစ်ပွားမှု နည်းသည်။

အဆို ပါ အရွယ် တူ Sensor ပေါ်တွင်ပင် Pixels များများ ရှိစေရေန် အတွက်  Photosite များစွာ ဖြည့် ထည့်ကာ တည် ဆောက်သော အခါတွင် မူ  Photosite well များ ကျဉ်းလာ မည်။ ထို့ ကြောင့် Light (Photon) Signal စုပ်ယူနိုင်စွမ်း လျှော့ လာမည်။  Pixel များ ကျပ် လာ၍ Pixel Pitch များ ကျဉ်း လာမည် ဖြစ်သည်။ 






အထက်ပါ ပုံ နှစ် ပုံ အနက် အထက် ပုံ မှာ Photosite ကြီးကြီး ၊ အရေ အတွက် နည်းနည်း ဖြင့် တည်ဆောက်ထားသော ပုံ ဖြစ်သည်။ ထို့ကြောင့် Pixel တစ်ခု နှင့် တစ်ခု အကွာ အဝေး ဖြစ်သည့် Pixel Pitch သည် လည်း ကျယ် သည်။

အောက် ပုံ မှာ အဆိုပါ Sensor အရွယ် အစားတူ ပေါ် တွင်ပင် Photosite များစွာ ဖြင့် တည်ဆောက် ထားသည့် ပုံ ဖြစ်သည်။ ထိုကြောင့် Pixel Pitch များ ကျဉ်းလာသည်။



Pixel များ လာသည့် အတွက် အားသာချက်။


Pixel များ သည့် အတွက် ပုံ ၏အနု စိတ် များပို ပေါ်လာသည်။




အထက်ပါ ဥပမာ ပုံ ကို ကြည့် ပါက လေးထောင့်ကွက်များသည် Pixel ကို နမူ နာ ကိုယ်စား ပြု ထားခြင်း ဖြစ်သည်။ 4 Pixel ၏ အနားသတ် မျဉ်း ထက် 12 Pixel  အနားသပ် မျဉ်း က ပို ချောမွတ်သည်။ 24 Pixel ဆိုပါမူ ပို၍ ချေမွတ်လာသည်။ ပုံ သည် Pixel များလာသည် နှင့်အမျှ ပို၍ အသေးစိတ် များကို ဖေါ် ပေးနိုင် သည်။


အစက် အပျောက် ကလေး များ (Dot) နှင့်ပုံ ကို ဖွဲ့ စည်း ရာ တွင် ( dot )သေး သည် နှင့်အမျှ ( Smooth continuous tone ) ဆိုသည့် ညက်ညော မှု ရှိလာသည်။

အဆိုပါ ကင်မရာ မျိုးသည် ပုံကို များစွာ  ဖြတ်တောက်ရန် မလိုသည့် Studio အတွင်း ISO နည်းနည်း ဖြင့်  စိတ်ကြိုက် ဖန်တည်းကာ ရိုက် ရသည့် အခြေအနေမျိုး ၊ အလင်းရောင် လုံလောက် စွာ ဖြင့် ရိုက် ရသည့် ရှုခင်းမျိုး ရိုက်ရာ တွင် ပို ၍ အသုံးတည့်သည် ဟု ဆိုရ မည်။


Pixel Pitch များ ကျဉ်း လာသည့် အတွက် အားနည်းချက်။


Pixel Pitch ကျဉ်း များ လာသည့် အတွက် ၊ တစ်နည်းအားဖြင့် Sensor အတွင်း Pixel များ မနိုင်ဝန် အဆင့်ထိ များကာ ကျပ်လာသည့် အခြေအနေမျိုးတွင် ပုံ ကို အတော် အသင့် Crop လုပ် လိုက်သည်နှင့် Noise များ ထ လာ သည်။ အကြောင်း မှာ well တစ်ခု မှ လျှံ ထွက်လာသည့် မလိုလားအပ် သော Signal များသည် အခြားသော photosite well အတွင်း သို့ အလွယ် တကူ ၀င်ရောက် သွားနိုင် ကာ Signal များ ညစ် ညမ်း သွားနိုင်သည့် အတွက် ဖြစ်သည်။ 


အောက်ပါ နမူနာပုံ မှာ 7.1 MP, Pixel Pitch 2.3 micron ရှိသော Sensor Size သေးသေး လေးသာ ရှိသည့် Canon S70 ကင်မရာ နှင့်  Sensor Size  ( 28.7 x 19.1 ) mm, 8.2 MP, Pixel Pitch - 8.2 micron  ရှိသော Canon 1D Mark II တို့ကို ISO – 400, Shutter Speed – 4 Secs, f-7.1 တွင် အတူတူ ချိန် ကာရိုက်ထားသည့်ပုံ နှစ်ပုံ ကို ယှဉ်ပြ ထားခြင်း ဖြစ်ပါသည်။
 
                                                 
  Canon S70

  
                             Sensor            - 1/1.8" ( Approximately  7.6 x 5.7 mm )
                             Pixel              - 7.1 MP
                             Pixel Pitch      -  2.3 micron


                                   

Canon 1 D Mark II



                            Sensor            - 28.7 mm x 19.1 mm
                             Pixel              - 8.2 MP
                             Pixel Pitch      - 8.2 micron


Canon S 70 ၏ Sensor သည် အက်ပရင် ဆေးပြားသာသာ မျှသာရှိသည်။ သို့ သော် Pixel သည် 7.1 MP ဖြစ်သောကြောင့် Sensor ပေါ်တွင် Pixel များ ကျပ် နေသည်ဟု ဆိုရမည် ဖြစ်သည်။

Canon 1 D Mark II ၏ Sensor သည် ( 28.7 x 19.1 ) mm ရှိသော်လည်း Pixel 8.2 MP သာရှိ သည်။ ထိုကြောင့် Canon 1D Mark II ၏ Sensor သည် S 70 Sensor ထက် များစွာပို၍  ကြီးသည့် အလျှောက်  Pixel သည်လည်း  Compact Camera ဖြစ်သော Canon S 70 ထက်များစွာ ပို ကြီးသည်။


Sensor size, Photosite, Pixel size,  Pixel Pitch  အကြီး အသေး တို့ အပေါ် မူတည်ကာ ပုံ ထွက် ကွဲပြား မှု ကို မြင်နိုင်စေရန် နမူနာ ပြထားခြင်းသာ ဖြစ်ပါသည်။ 





နောက် ပိုင်းတွင် မူ ကင်မရာ ကုမ္ပဏီ များ၏ Research and Development များ အနေနှင့် Sensor တည်ဆောက်မှု နည်းပညာ ၊ ကင်မရာ များ၏ Image Processing Engine စသည် တို့ ကို များ စွာ တိုးတက် အောင် တည်ထွင် လာခြင်း ဖြင့် အထက် တွင် ဖေါ်ပြ ထားသည် ကွာ ဟချက် ကို ကျဉ်း လာစေရန် အတွက် တတ်စွမ်း  နိုင်သမျှ ကုစားလာ ကြ သည် ကို တွေ့ ရသည်။


Sensor ပေါ်တွင် Pixel  များ လာခြင်း ကို ကုစားသည့် နည်း ပညာ ပံ့ပိုးမှု ။


အထက် က ဖေါ်ပြခဲ့သည့် Pixel အနည်း အများ နှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် အကျိုး အပြစ် များသည်  သဘာဝ သဘောတရား အရ ဖြစ်ပေါ်နေသည့် အခြေ အနေများ သာ ဖြစ်ပါ သည်။


သို့ရာ တွင် အထက်တွင် ဆိုခဲ့ သလိုပင် ကင်မရာ ကင်မရာ ကုမ္ပဏီ များ၏ Research and Development များ အနေနှင့် Sensor တည်ဆောက်မှု နည်းပညာ ၊ ကင်မရာ များ၏ Image Processing Engine စသည် တို့ ကို များ စွာ တိုးတက် အောင် တည်ထွင် လာသည့်အတွက် အထက် တွင် ပြထားသည့် နမူနာ ပုံ ကဲ့ သို့ ပုံ အရည် အသွေး များစွာ ကွာဟ သည့် Gap ကို ကျဉ်း လာစေပါသည်။ 

သို့ သော် လက်ရှိအချိန် အထိ  သဘာဝ အရ ပကတိ ဖြစ်ပေါ်နေသည့် ကွာဟ ချက်ကို ပြီး ပြည့် စုံအောင် ကုစား နိုင်ခြင်း မရှိသေးဟု ဆိုရပါမည်။ ထို သို့ ကုစား ချက် များ အတွက် လည်း အဆိုပါ ကင်မရာ များ၏ ဈေး သည် လည်း  ကြီးလာပါသည်။


ဥပမာ အားဖြင့် Nikon Full Frame များ ဖြစ်ကြသည့် D 700 ( 12 MP) , ၏ Pixel Pitch သည် 8.4 micron ဖြစ်ပြီး Niko D 4 ( 16 MP) ၏  Pixel Pitch သည် 7 micron သာ ရှိစေကာ မူ D 4 ၏ ပုံ ထွက်သည် D 700 ထက် သာ သည်ကို တွေ့ရသည်။

ထို့ အတူ ပင် Nikon Full Frame ကင်မရာ များအတွင်း Pixel အများဆုံး ဖြစ်သည့် D 800, 810 ( 36 MP  , Pixel Pitch 4.9 micron ) ကင်မရာ Sensor သည် Full Frame ( 36 x 24 ) mm အတူတူ ဖြစ်စေကာမူ Pixel များလာသည့်အတွက်  Pixel size သေးပြီး Pixel Pitch ငယ် သော Sensor ဖြစ်သွား သည်။

သို့ ရာ တွင် ကျဉ်း ထဲ ကျပ် ထဲ အခြေ အနေမျိုး တွင် ၄င်း နှင့် တန်း တူ အဆင့် အမြင့်တန်း Pixel Pitch ကြီးသည့် ကင်မရာ ကြီးများကို မယှဉ် နိုင်စေကာ မူ။ ISO  အတော် မြင့်မြင့်  နှင့် ရိုက် ရသည့်   အခြေအနေမျိုး တွင် ပုံ ၏ အရည်အသွး ကို များစွာ မထိ ခိုက်စေရန် အတွက် Sensor တည်ဆောက် ရာ နည်းပညာ ပံ့ပိုး ဖွဲ့စည်း တည်ဆောက် ထားသည့် အပြင် Image Processing Engine ကိုလည်း အဆင့်မြှင့်ကာ Expeed 4 ဖြင့် မောင်း ထား ပေး ခြင်း တို့ ဖြင့် ကုစားထားသည်။


ထို့ကြောင့် Nikon က ကြော်ငြာ စဉ် ထည်းကပင် Image Sensor ကို Low Light တွင် ရိုက်ရ အဆင်ပြေ စေရေးအတွက် ဒီဇိုင်းအသစ် ရေးဆွဲကာ တည်ဆောက် ထားကြောင်း Low Light, High ISO အခြေအနေမျိုး တွင် အရေးကြီးသည့် အရည် အသွေး များ မဆုံး ရှုံး စေရန် နည်း ပညာ ပံ့ ပိုးပေးထားကြောင်း ဖေါ်ပြခဲ့ သည်။

ဆိုလိုသည်မှာ Pixel Pitch သေးသည့် အတွက် ပုံထွက် အရည် အသွေးကို  ထိ ခိုက် နိုင်စေကာ မူ နည်းပညာ ဖြင့် ပြန်လည် ကျားကန် ပေးထားသည် ဟု ဆိုလို ခြင်း ဖြစ်ပါ သည်။


အထက် တွင် ဖေါ်ပြ ခဲ့သော D 700 ၏ Image Processing Engine သည် ရိုးရိုး Expeed Image Processing Engine ဖြစ်ကာ D 4 ၏ Image Processing Engine သည် ယင်းထက် နည်းပညာ အဆင့် များစွာ မြင့် သော  Expeed 3 ဖြစ်သည်။


အောက်ပါပုံ မှာ  Nikon DX Format ( APS-C ) များ ဖြစ်ကြသည့် Pixel 16.1 MP, Pixel Pitch 4.7 micron  ရှိ သော Nikon D 7000 နှင့် Pixel 24 MP, Pixel Pitch 3.9 micron ရှိသော D 7100 တို့ ကို အနေအထားအတူတူ ၊ ISO အတူတူ   ထားကာရိုက်ထားသည့် ပုံ နှစ်ပုံ ယှဉ် ပြ ထားခြင်း ဖြစ်သည်။

                       D 7100 
                            Sensor           -   23.5 mm x 15.6 mm
                            Pixel              -    6000 x 4000 ( 24 MP)
                           Pixel Pitch       -    3.9 micron 


                      D 7000 
                            Sensor           -   23.5 mm x 15.6 mm
                            Pixel              -    4928 x 3264 ( 16.1 MP)
                            Pixel Pitch       -    4.7 micron







D 7100 နှင့် D 7000  တို့၏   Sensor Size များသည် APS-C Format အတူတူ ဖြစ်ပါသည်။ D 7100 သည် Pixel size သေးပြီး Pixel Pitch ကျဉ်း စေကာ မူ D 7100 ၏ ပုံ သည် D 7000 နှင့် နှိုင်း ယှဉ် လျှင် Noise နည်းသည် ကိုတွေ့ရသည်။ အကြောင်း မှာ Sensor ဆောက်ရာ တွင်နည်းပညာ ဖြည့်စွက်ချက် များ ဆောင်းထည့်ကာ တည်ဆောက်ထား ပြီး Image Processing Engine အဆင့်လည်း ကွာ သည့်အတွက် ကြောင့်  ဖြ စ်သ ည် ။


D 7000 ၏ Image Processing Engine သည် Expeed-2 ဖြစ်ကာ D 7100 ၏ Image Processing Engine သည် Expeed-3 ဖြစ်သည်။ D 7100 ကို အဆင့် ပို မြင့်သည့် Image Processing Engine မောင်းပေးသည် ကဲ့သို့သော နည်းပညာ ပံ့ ပိုးမှု များ ပိုဆောင်းထားပေးသည့် အတွက် ဖြစ်သည်။  အကြမ်း နမူနာ သဘော ဖေါ်ပြ ခြင်း သာ ဖြစ်ပါသည်။ 

အချုပ် ဆိုလိုသည်မှာ နည်းပညာဖြည့် စည်း ပံ့ပိုး မှု က Pixel အကြီး အသေး တို့ အကြား ပုံ ထွက် အရည် အသွေး ကွာ ဟ မှု ကွက် လပ် ကိုအစဉ် လိုက်ကာ ဖြည့် ဆည်းနေသည် ကို ဆိုလိုခြင်း ဖြစ်ပါသည်။


နိဂုံး


ကျွန်တော် ဤ မှတ်စု ကို ရေးသည်မှာ စင်စစ် အား ဖြင့် မိမိ သိလိုသည့် အတွက် လိုက်လံ ရှာဖွေ ဖတ်ရှု လေ့ လာရင်း တစ်ဆက် ထည်း မှတ်တမ်း ကလေး အဖြစ် ရှိလာစေရေး အတွက် ရေး လိုက်ခြင်း ဖြစ်ပါသည်။

စာတမ်း ရေးသည့် သဘောမျိုး မဟုတ်ပါ။ ထို့ကြောင့် ဖတ်ရှု    သူများအနေ နှင့် အဆီ အငေါ် တည့် ခြင်မှ တည့် ပေလိမ့် မည်။ အပို  အလို များ လည်း ရှိနိုင်ပါ သည်။ ထို့ အတွက် နားလည် ခွင့်လွတ်ကြပါရန် တောင်းပန် အပ်ပါသည်။

­­­­­­­­­­­­­­­­­­­­­­­­­­_______________________________




3 comments:

  1. ကျေးဇူးတင်ပါတယ်ဆရာ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ကျေးဇူးတင်ပါတယ် ဆရာ

    ReplyDelete