Thursday 14 April 2016

Understanding the Exposure Compensation



( 88 ) Exposure Compensation                  ဓါတ်ပုံ ပညာရပ်ဆိုင်ရာ မှတ် စု( ၈၈ )




Exposure Compensation 
ကို ဘယ်လိုနေရာ မှာ သုံးမလဲ






စကားဦး။

Exposure Compensation နဲ့ ပတ်သက်လို့ Ko Htoo Wai နဲ့ ကျွန်တော် အပါအ၀င်မိတ်ဆွေများ " ရှမ်းပြည်နယ် ဓါတ်ပုံ ၀ါသနာရှင်များ အဖွဲ့ " တွင် ဆွေးနွေး ခဲ့ သည်မှာ ဆွေးနွေးရင်း ဆွေးနွေး ရင်း  Exposure Compensation ဆိုင်ရာ မှတ်စုလေး တစ်ခု လို ဖြစ်သွားပါသည်။

ထိုဆွေးနွေးချက် ကို မျှဝေလိုသဖြင့် Link ပေးတာ အဆင် မပြေ ပါသဖြင့် ပြန်ကူး ၍ ကျွန်တော် ၏ Face Book Wall ပေါ်တွင် ရသလောက် Past လုပ်ကာ မျှဝေ ခဲ့ပါ သည်။

အဆိုပါ မှတ်စုကို သည်အတိုင်း ထားပါက လိုအပ် သဖြင့်ပြန်ရှာ လျှင် ခက်မည် ဖြစ်ပါသည်။ ထို့ကြောင့် မှတ် တမ်းလေး တစ်ခု အဖြစ် ကျန် နေစေရန် အဆိုပါ ဆွေးနွေးချက် ကလေး ကို Blog တွင်ပြန်တင် လိုက်ရခြင်း ဖြစ်ပါသည်။


Ko Htoo Wai





ပုံ-၁



ပုံ -၂ 




မင်္ဂလာပါ ဆရာတို့.......
အရမ်းသိချင်တာလေး တစ်ခုလောက် မေးခွင့်ပြုပါ ....
ဒီပုံတွေ ( အထက်တွင် ပြထားသော အဖြူ - အမဲ နှစ်ပုံ ) ကို eV value တွေ နဲနဲဆီ လျော့ပီး စမ်းရိုက်ထားပါတယ်ခင်ဗျာ..... ကျနော်သိချင်တာက .... လူပုံကို eV ကစားပီး ရိုက်တဲ့ အခါမှာ ..... ဘယ်အနေ အထား လောက်ဆို လက်ခံဖွယ် ဖြစ်ပီး .... ဘယ်လောက်ဆိုရင်တော့ အရမ်း Under ဖြစ်တယ်လို့ သတ်မှတ်လဲဆိုတာမျိုးလေးရယ် ...... လူ ပုံရိုက်ရင် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေက မဖြစ်မနေပါသင့်လဲ ဆိုမျိုးလေးပေါ့ ..... (သဘောတရား အပိုင်းပါ)....
Flash တလုံးပဲ သုံးတဲ့ အခါ မျက်နှာမှာ အဖြစ်မနေ မြင်သာရမယ် ဆိုတဲ့ သဘောတရား အပိုင်းတွေ ရှိပါသလား ခင်ဗျာ......
ဆရာစိုး (Soe Hlaing) နှင့် တကွ ..... အခြားသော....ဆရာ (အစ်ကို ၊ အစ်မတွေ အားလုံး အချိန်ရသလောက်လေး ..... ၀င်ရောက် ဆွေးနွေး ..... သင်ပြပေးကြပါလို့ တောင်းဆိုပါတယ် ခင်ဗျာ...)
eVအတိုး အလျှော့ လုပ်တဲ့ အခါမှာ ရလာမယ့် အကျိုးနဲ့ အပြစ်လေးတွေလဲ သိချင်ပါတယ် ခင်ဗျာ.......
ရှုခင်းမှာ (Landscape) eV ကစားရင်ရော ဘယ်လိုဖြစ်မလဲ ဆိုတာရယ် .....
လူနဲ့ တွဲရိုက်တဲ့ ရှုခင်းမှာ eV ကစားရင်ရော ဘယ်လိုတွေ ဖြစ်မလဲ ဆိုတာလေးတွေပါ.....
နှစ်သစ်မှာ အားလုံး ပျော်ရွင် ချမ်းမြေ့ကြပါစေ.....
လေးစားစွာဖြင့်
ထူးဝေ.......။





Comments
( ဆွေးနွေးချက်များ )


Ko Thura -
ပြောရမယ်ဆိုရင် အဲတာက ဒီလိုရှိတယ် အကိုရ ….
Like · Reply · 1 · Yesterday at 7:52pm

Htoo Wai
လူဆိုး......
Like · Reply · Yesterday at 8:30pm

Ko Thura -  
Up လို့ရေးရတာ ရိုးလားလို့စ်
Like · Reply · 1 · Yesterday at 9:20pm

Yan Naung Latt
Noti ယူလိုက်ဦးမယ်
Like · Reply · 1 · 23 hours ago


Mg Gyi Photgropher
တက်သလို မှတ်သလို နည်းမျီုးစုံ သာ စမ်းပြီး ကျင့်ကြံပါ....
နောက်ဆုံးတော့..တရားထူး..တွေ့မှာပါ.....
ကျနော်ပြောတဲ့ စကားမဟုတ်...
ဘုရားဟောထားတာပါ......အဟီးး
Like · Reply · 1 · 22 hrs


Htoo Wai
သင့်တော်တဲ့ ကမ္မဌာန်း တောင်းပါတယ်ဆိုမှ..... ကိုရီးကလဲ
Like · Reply · 1 · 22 hrs

Mg Gyi Photgropher
သင်္ကြန် တွင်း..မို့...တရားထူးဟောတဲ့..ဆရာ..မရှိဘူးလေ...အဟီးးး
Like · Reply · 1 · 22 hrs


Soe Hlaing
Ko Htoo Wai, ကျွန်တော် လူပုံ Portrait ကို Light Contrast, Expression, Colour Contrast  လောက် ပဲ ရေးရေး လောက်သာ သိထားပါတယ်။ အသေးစိတ် မသိပါ။ သိသလောက်တော့ ဗီယက်နမ် က Portrait သမားတွေ တော့ ရိုက်တာထက် Software နဲ့ မှုန်းတဲ့ နေရာ မှာ ဓါတ်ပုံ က နေ တရုတ်ပိုး ပန်းချီ လောက်ဖြစ်လာအောင် ကြည့်ကောင်းတာ တွေ့ ဘူးပါတယ်။
Like · Reply · 4 · 22 hrs


Htoo Wai
ဟုတ်ကဲ့ ဆရာစိုး..... ကျနော်လဲ....အဲ့ဒီက ဆရာတစ်ယောက်ရဲ့ ပုံကို လိုက်ကြည့်ရင်းနဲ့ .... EXIF data  တွပါပါတဲ့ပုံတွေ ရလျုက်မိတယ်.... ကြည့်လျုက်တော့.... eV  လးတွေ ကစားထားတာတွေ့တယ်....ကျန်တာတော့ ပညာရှင်အပိုင်းတွေဆိုတော့ သိပ်လိုက်မမီတော့ဘူးပေါ့.... အဲဒါကြောင့် .... eV အတိုးအလျှော့ကို တော်တော် စိတ်ဝင်စားသွားတယ်....
နောက်ပိုင်းလဲ စမ်းကြည့်မယ်လို့ တေးထားတာပါ.... ဒါမယ့်.... အစစ မပြည့်စုံသေးတော့.... ဘာမှမလုပ်နိုင်ပါဘူးဗျာ.....
အခုမှ....စပ်မိလို့.... မေးကြည့်လိုက်တာပါခင်ဗျာ...


Soe Hlaing -
- Ko Htoo Wai, ကျွန်တော်တို့လို Bird in Flight ရိုက်သူတွေ EV အတိုး အလျှော့ ကိုသုံး တာက တော့ Exposure speed ကို လည်း လိုအပ်တဲ့ Speed ကနေ လျှော့ လို့ မရ တဲ့ အခြေအနေ ၊ Aperture ကိုလည်း အသားကုန် ဖွင့် ထားလို့ ထပ် မဖွင့် နိုင်တဲ့ အခါ မှသာ ISO နဲ့ Compensate လုပ်ပြီ... EV ကို အတိုး အလှျေ့ လုပ်ပါတယ်။ ကျွန်တော့် အမြင် ပြော ရရင် အတိုး အလျှော့ ဟာ အလင်း အမှောင် ကို လိုသလို ပြန်ညှိတာ ပါဘဲ။ Indoor Studio လိုအလင်းအမှောင် ကိုလို လိုသလို ချိန်ဆလို့ ရနေ ရင် EV အတိုးအလျှော့ လုပ်စရာ မလို ဟု ထင်ပါတယ်။ ကျွန်တော့်  အတွေ့ အကြုံ အရ သိသလောက်လေး ပြောတာပါ။
Like · Reply · 5 · 22 hrs · Edited


Ar Ka Kt
ဆရာပြောတာလေး အသုံးတည့်လိုက်တာ ဘယ်တော့မှ EV ကိုထည့်မစဉ်းစားခဲ့တဲ့ ကျတော့အတွက် ဒီ comment က ရွှေ ပါပဲ။
Like · Reply · 1 · 7 hrs


Htoo Wai
ဟုတ်....ဆရာစိုး...... Indoor lighting အတွက်ဆို  တခြားအရာတွေကို ချိန်ညှိ နိုင်တာပေါ့နော်..... လူကပြင်လို့ရတဲ့ အခြေအနေဆို မလိုဘူးလို့ ဆရာ့ဆိုလိုချက်ကို ကျနော်သိရပါတယ်ခင်ဗျာ....
တခါခါ..... outdoor ပဲဆိုပါစို့ ဆရာ....
ပတ်ဝန်းကျင်က spot light ပုံစံ ဟိုတစ်ကွက် ဒီတစ်ကွက် အလင်းကျနေတာမျိုးဆိုရင်.... ပုံကို သိပ်သိပ်သည်းသည်း ဖြစ်အောင် eV ကို ချသင့်ချ .... တိုးသင့်တိုးလုပ်ကြတာများလားလို့ ဆိုတာရယ်....
eV ဟာ ကင်မရာက မြင်နေတဲ့ 18 % gray နဲ့ အပြင်က အဖြူရောင်နဲ့ ချိန်ညှိမှုမှာ (White Balance)... ပါဝင်ပက်သက်မှု ရှိမရှိဆိုတာလေးတွေကို.... ဆရာ့ အမြင်နဲ့ သုံးသတ်ချက်လေး....သိပါရစေဆရာ.....
Like · Reply · 1 · 3 hrs · Edited


Soe Hlaing  -
–  အပြင်မှာ  အလင်း အဖြူ  ရောင်တောက်တောက်   နဲ့  အမဲရောင် ရောနေတဲ့ အပြင် လိုနေရာ မျိုး မှာ Exposure ချိန် ရတာ အတော် ခက်ပါတယ်။ ဒီလို အခြေ အနေမျိုး မှာ ကျွန်တော် တို့ ကတော့ Subject ကို ဘဲ Spot Metering ယူပါတယ်။ ကျန်တဲ့ Background ကို လျှစ်လျှူ ရှုလိုက်ပါတယ်။

Spot Metering ယူရာမှာ သတိ ထားရမှာက Subject က ကြီး နေရင် ကိစ္စ မရှိပါ။ သို့  သော် Subject က အလွန်သေးပြီး လေတိုက် လို့ ဖြစ်စေ လှုပ် လိုက်လို့ Spot Metering က နောက်က အရောက်တောက်တောက် ကို ပြောင်း ပြီး ထောက်လိုက်ရင် Underexpose ဖြစ်သွားပြီး နောက်ခံ အမဲ ကို ထောက် လိုက်မိရင် တော့  Over expose ဖြစ်သွားပါမယ်။


Subject ကို Spot Metering နဲ့ ထောက်ပြီး ရိုက်လို့ ထွက်လာတဲ့ ပုံကို ပြန် ကြည့်ပြီး ကိုယ် လို သလို Exposure Value အတိုး အလျှော့လုပ်ပါတယ်။


White Balance ကတော့ အပူ( အနီ )-အအေး(အပြာ) အရောင် နှစ်ခု တို့ ရဲ့ အစွန်း နှစ်ဘက် ကို Kelvin Value အရ ချိန် တာပါ။ White Balance ( ပကတိ အဖြူ ) ရောင် ရအောင် Grey Scale နဲ့ အရင်ချိန်ကြတယ် လို့ သိရပါတယ်။အချို့ ကလည်း အဖြူ ရောင်နဲ့ပါ။ ဒီ ကဒ်ပြားတွေ ကို ဆိုင်မျာ ၀ယ် လို့ ရပါတယ်။  White Balance မှန်မှ လည်း အရောင်အမှန် ရနိုင် ပါမယ်။ ကျွန်တော် တော့ တစ်ခါ မှ မချိန်ဘူးပါ။
Like · Reply · 4 · 21 hrs · Edited


မိုး တိမ်  -
- up လို့ ရေးလို့ပဲ ရေးလိုက်ပါတယ် ဆရာတို့ရယ်
Like · Reply · 21 hrs


Soe Hlaing
အခု အောက်တွင် တွဲ ပေးလိုက်တဲ့ ပုံ ဟာ နောက်ခံ အရမ်း လင်းနေလို့ Subject ဖြစ်တဲ့ အသိုက် ကို Spot Metering နဲ့ ထောက်ကာ ရိုက် တဲ့ အတွက်ငှက်ကို အလင်းရောင်အမှန် မြင်ရတာပါ ။ လေ တိုက်လို့ အသိုက် လေထဲ လွင့် နေ သဖြင့် Spot Metering က အသိုက် ပေါ်ကနေ ချော်ထွက်ပြီး နောက် ခံ အဖြူရောင်ကို ပြောင်း ထောက်လိုက်တဲ့ ပုံတွေ ဆို ရင် Subject ဟာ Underexpose ဖြစ်သွားပြီး မဲ သွားပါမယ်။ 






Like · Reply · 3 · 21 hrs · Edited


Soe Hlaing
 အခု အောက်တွင် တွဲ ပေးတဲ့ ပုံက တော့ အသိုက် ကို ထောက်ထား တဲ့ Spot Metering ဟာ လေတိုက် လို့  အသိုက် ရွေ့ သွားတာကြောင့် နောက်က အလင်းရာင် တောက် တော က်  ကို  သွား ထောက် လို့ ကင်မရာ Firmware က အရမ်း လင်းနေလို့ မှတ်ယူ ပြီး အလင်း ကို လျှော့ ချလိုက်တဲ့ အတွက် Subject ဟာ Underexpose ဖြစ် ပြီး မဲ သွား တာပါ။





Like · Reply · 3 · 21 hrs


Soe Hlaing

 ဒီပုံတွေကို ရိုက်စဉ် က ဖျက်ပစ် လိုက်မယ် လို့ လုပ်ပါသေးတယ်။ နောက်မှ အခုလိုမျိုး ပြောကြဆိုရတာနဲ့ ကြုံ လာရင် နမူနာ ပြနိုင်အောင် စိတ်ကူးရပြီး သိမ်းထားတာပါ။
Like · Reply · 3 · 21 hrs



Soe Hlaing
အဖြူ ရောင် တောက်တောက်ဖြစ်နေတဲ့ နှင်း ( Snow ) နဲ့ သစ်ပင် လို ညိုညို မှိုင်းမျိုင်း ( အလင်းရောင် တောက်တောက် နဲ့ အမှောင် ) ရောနေတဲ့ နေရာ မှာ Camera firmware က Snow ကို mid point အဖြစ် ယူလိုက်ရင် Firmware က Exposure ကို လျှော့ လိုက်တဲ့ အတွက် အဖြူ ဟာ Gray ဖြစ်လာနိုင်တာမို့ မည်ကဲ့ သို့ Exposure Value ( EV) ကို ချိန် သင့်တယ် ဆိုတာကို ရေးထားတဲ့ ဆောင်းပါးလေး တွဲ ပေးလိုက်ပါတယ် Ko Htoo Wai- http://www.digital-photo-secrets.com/tip/19/exposure-value/
Like · Reply · 7 · 21 hrs · Edited


Soe Hlaing
Exposure Value နဲ့ ပတ်သက်လို့ အခုတွဲပေးလိုက်တဲ့ ဆောင်းပါးလေး ကိုလည်း ဖတ်သင့်ပါတယ်. -http://digital-photography-school.com/ev-compensation.../


EV Compensation Explained - Digital Photography School
DIGITAL-PHOTOGRAPHY-SCHOOL.COM|BY DIGITAL PHOTOGRAPHY SCHOOL
Like · Reply · Remove Preview · 4 · 21 hrs · Edited


Soe Hlaing
ကျွန်တော့် အမြင် ပြောရရင် ၊ အထက် က ပြော ခဲ့ တဲ့ Setting အကျပ် အတည်း ဖြစ်နေတဲ့ အခြေအနေ မျိုးမှာ ကင်မရာ ရဲ့ Setting အရ ထွက်လာတဲ့ ပုံ ရဲ့ အလင်း အခြေ အနေ ကို  စိတ်မချ ၊ မယုံ ၊ မကြိုက် တဲ့ အချိန် မှာ Exposure Value (EV ) ကို သုံးရတာပါဘဲ ဗျာ။ Pro-Line DSLR ကြီးတွေ ရဲ့ Firmware တွေရဲ့ ဆုံးဖြတ်ချက် ကတော့ အတော့် ကို ကောင်းတာ တွေ့ ရပါတယ်။ ခိုင်း ရင် ခိုင်း  တဲ့ အတိုင်း ကွက်တိ နီးပါး ကို ထွက် လာတာတွေ့ ရပါတယ်။ 
Like · Reply · 4 · 21 hrs


Htoo Wai
ဟုတ်ကဲ့ ဆရာစိုး....တော်တော်လေးကိုပြည့်စုံသွားပါတယ်ဗျာ..... ကျနော်ထင်ထားတာလေးတွေက တချို့မှားနေတာသိရပါတယ်.....
Like · Reply · 19 hrs


Htoo Wai
ကျနော်ကြုံတာလေး တစ်ခုပေါ့.... ပုံတောဆရာ့ကိုပြစရာမရှိတော့ပါဘူးခင်ဗျာ.....
အမိုးတစ်ခုအောက်က ပန်းအိုးတွေမှာ ပေါက်နေတဲ့ ရေညှိပင်လေးတွေကို ရိုက်ကြည့်တုန်းက.... အချိန်က လဲ နံနက်စောစော နေမထွက်သေးပါဘူး...ခပ်မှောင်မှောင် စိုစိမ့်ပီး အေးနေပါတယ်...အပြင်မှာမြင်ရတာက စိမ်းမှောင်ပီး ကြည့်လို့ကောင်းတယ်ပေါ့....
ရိုက်ကြည့်တော့... အပြင်မှာလိုမဟုတ်ပဲ...လင်းလင်းကြီးဖြစ်နေတယ်....ဒါနဲ့ .... shutter speed တင်ပီး.... exposure ချလိုက်တော့..... တကွက်လုံး မှောင်သွားပြန်ရောဗျ.....
အဲ့တာနဲ့ ... ev ကိုနဲနဲ ချပီးစမ်းကြည့်တော့မှ.... အပြင်နဲ့   တော်တော်လေးန်ီးစပ်တဲ့အနေအထားရောက်ပါတယ်....ကျနော်က ဘာမှမသိဘူး.... ရမ်းလုပ်ကြည့်ရင်း....ဆိုတော့....သူရဲ့ effect ကို အဲ့အချိန်ကထဲက သိချင်ခဲ့တာပါ.....ကျေးဇူးတင်ပါတယ် ဆရာစိုး.....smile emoticon smile emoticon
Like · Reply · 1 · 19 hrs


Soe Hlaing
ဘာကြောင့်လဲ ဆိုတာ တော့ အတိ အကျ ပြော ရန်ခက်ပါတယ် Ko Htoo Wai ။ ကျွန်တော် တို့ ကတော့ Shutter Speed နဲ့ ချိန် လို့ ရ တဲ့ အနေအထားမျိုး မှာ EV အတိုးအလျှော့ နဲ့ ရိုက်လေ့ မရှိ တဲ့အတွေက် Ko Htoo Wai ပြောတဲ့ အနေအထားကို ပြော ရန် ခက်ပါတယ်။

အတွေ့ အကြုံ အရတော့ Exposure Value ဆိုတာ အလင်း နဲ့ အမှောင် အတိုးအလျှော့ပါဘဲ။ အရောင် အပူ-အအေး အပြောင်းအလဲ ကတော့ White Balance နဲ့ ဆိုင်ပါတယ်။ ပိုလင်း လာတယ် ပို မှောင် သွားတယ် ဆိုတာ EV တန်ဘိုး အပြင် Image Processing Engine ရဲ့ Metering process နဲ့ လဲ ဆိုင်ပါတယ်။ EV အတိုးအလျှော့ က ( 0.3) (0.5) , (0.7) (+),(-) စသည်ဖြင့် အတိုးအလျှော့ Stop များ ပြောင်းပါတယ်။ EV အတိုးအလျှော့ Setting မှာလည်း တစ်ချက် အတင်-အချ လုပ်ရင် (+) or (-) 0.3 EV ပြောင်း သလို အပြောင်း အလဲ များစေခြင်ရင် (+) or (-) 0.5  EV ပြောင်း အောင် ချိန် လို့ လဲ ရပါတယ်။ ကျွန်တော် ကတော့ (+) or (-) 0.3 EV  မှာ ဘဲ Set လုပ်ထားပါတယ်။


Shutter Speed ကတော့ ( ဥပမာ Nikon D 4) 1/1600s, 1/2000s, 1/1250s, 1/2500s, 1/3200s စသည်ဖြင့် ပြောင်းပါတယ်။ ကိန်းဂဏန်း ပမာဏ များစွာ ကွာ ပေမဲ့ အလင်း အတိုးအလျှော့ တန်ဘိုး များဟာ အဆိုပါ နှစ်ခု အကြား ၊ များများ စားစား မကွာ တာ တွေ့ရပါတယ်။

ကျွန်တော့် အတွေ့ အကြုံ အရ Ko Htoo Wai ပြောတဲ့ Situation မျိုး မှာ Exposure ကွာဟမှု များနေတာ ဟာ Exposure Speed အတိုးအလျှော့ အနည်း ၊ အများ တင်သာကမ Metering နဲ့လည်း ဆိုင် မယ် လို့ ထင်ပါတယ်။

ဖြစ်တတ် တာက Active Focus Point ဟာ ရိုက်သူ သတိမမူ မိဘဲ အလွန် လင်းတဲ့ နေရာကို ထောက်မိ နေရင် Camera Firmware က တအားလင်း တယ် ဆိုပြီး Exposure ကိုချ လိုက် လို့ မှောင် သွား ပါတယ်။။ ပြောင်းပြန်သဘောအရ Subject အရောင်ထက် ပိုမဲနေတဲ့ နေရာကို ထောက်မိနေရာင် Exposure ကိုတင်လိုက်လို့ Subject ဟာ လိုအပ်သည်ထက် ပိုလင်း လာမှာပါ။ ဖြစ်နိုင် တာကို တွေးကြည့် မိ တာပါ။


အလင်း အတိုး လျှော့ နဲ့ ပတ်သက် တဲ့ အခြား အချက် တစ်ခု က ISO ကို ချိန် ရာမှာ ကင်မရာရဲ့ Image Processing Engine  စွမ်းဆောင်ရည် နိမ့် တဲ့ ကင်မရာ များ မှာ ISO များများ တင်ထားမိရင် အလင်း အမှောင် ကို Compensate လုပ်တဲ့ Setting တွေ နဲ့ တိကျသော Agreement မရ ဘဲ လိုသည်ထက် ပို လင်း သွားတတ်ပါတယ်။


ဒါကြောင့် အချို့သော ကင်မရာတွေ ဟာ ISO ကို Auto ထားရိုက်ရင် အလင်း မမှန်ဘဲ Burn ဖြစ်သွားတတ် တာတွေ့ ရပါတယ်။ ကျွန်တော် တို့ လို Wildlife ရိုက်သူများ အနေနဲ့ အပြင် က ပကတိ အလင်းအခြေအနေ မှာ အခြေအနေ ကို ဖန်တည်း လို့ မရ ဘဲ ရှိတဲ့ အခြေ အနေ အတိုင်း ရိုက်ရတာ ဖြစ် တော့ အထက်မှာ ဆိုခဲ့တဲ့ အလင်း ပမာဏ မညီမျှတဲ့   အခြေအနေမျိုးများစွာမှာ ရိုက် ရတာတွေ နဲ့ များစွာ ကြုံ ရပါတယ်။ ဒီ တွေ့ ကြုံ ခဲ့ရတာလေး များကို ပြန်        ပြောပြခြင်းသာ ဖြစ်ပါတယ်။
Like · Reply · 3 · 12 hrs · Edited


Soe Hlaing
အခု တွဲပေးလိုက်တဲ့ Nikon က ရှင်းပြတာလေး လည်း ကောင်းပါတယ် -http://imaging.nikon.com/lineup/dslr/basics/04/07.htm


Nikon | Imaging Products | DSLR Camera Basics | Exposure…
IMAGING.NIKON.COM
Like · Reply · Remove Preview · 3 · 14 hrs


Soe Hlaing
Ko Htoo Wai, ပြောတဲ့ Situation လေးနဲ့ နီးစပ်စွာ ရှင်းပြထားတဲ့ ဆောင်းပါးလေးပါ။ အလင်း အမှောင် ကို ချိန် ရာမှာ Shutter Speed, Aperture တင်မက ISO နဲ့ ပါ ချိန် တဲ့ Stops များအကြောင်းရှင်းပြထားတဲ့ ဆောင်းပါးလေးပါ။ - http://www.picturecorrect.com/.../what-are-stops-in.../


What Are “Stops” in Digital Camera Settings?
Probably one of the most misunderstood terms in…
PICTURECORRECT.COM
Like · Reply · Remove Preview · 3 · 14 hrs · Edited


Htoo Wai
ဟုတ်ကဲ့ ဆရာစိုး...... ဆောင်းပါး Link တွေအတွက်လဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ....
Like · Reply · 12 hrs


Soe Hlaing


ကျွန်တော် ပြော တဲ့ ထဲ မှာ တစ်ခု ကျန်နေတာက ( EV) Exposure Compensation ဆိုတာ ဘာ လုပ် သလဲ ဆိုတာပါ။ Shutter Speed , Aperture-f တို့ ကို လိုတဲ့ အနေအထားမှာ စိတ်ကြိုက် အတိုး အလျှော့ လုပ် လို့ မဖြစ်တော့တဲ့အေ န အထား  ( ဥပမာ - နောက်ခံ ၀ါး နေစေခြင်လို့ Aperture ကျယ်ကျယ်၊ လျှင်မြန်စွာ လှုပ်ရှားနေသည်ကို Freeze လုပ်ဖို့ အတွက် Shutter Speed မြန်မြန်...စသည်ဖြင့် ) Set လုပ်ပြီး မှ ထွက်လာတဲ့ Exposure ကို မကြိုက်ရင် တစ်ခု လုပ်ရန် ကျန်တည်းသော ကျန်တဲ့ နည်းက EV ကို Exposure Compensation လုပ်ဘို့ ပါဘဲ။



Exposure Compensation (EC) လုပ် တယ် ဆို ရာ မှာ Shutter speed နဲ့ Aperture တစ်ခုခု ကို Auto ထားရင် အဲ ဒီ Auto ထားတဲ့ Function ကို EC အတိုး အလျှော့ အလိုက် အဆိုပါ Auto ထားတဲ့ အရာ ရဲ့ Stop ကို အတိုးအလျှော့ လုပ်ကာ အလင်း အနည်း အများကို ချိန် ပါတယ်။

 အဆိုပါ Function နှစ်ခု စလုံးကို အပြောင်း အလဲ လုပ်လို့ မရ ရင်ISO ကို အသေ ချုပ် မထားဘဲ လွှတ် ထား ရင် ISO နဲ့ အလင်း အနည်း အများ ကို အနည်း  အများကို  ချိန် ပါလိမ့်မယ်။



ဥပမာ - Shutter Priority နဲ့ 1/3200s ထားပြီး  Aperture ကို Auto ထားသည် ဆိုပါစို့ ၊ အကယ် လို့ 600 mm Lens နဲ့ ရိုက် ရာ မှာ Focal Length ရဲ့ အဆုံး ဖြစ်တဲ့ 600 mm  မှာ  Aperture ကလည်း f-6.3  ဂိတ် ဆုံးနေ လို့ Aperture ကို ဒီထက် ထပ်ကျယ် လို့မရ ဖြစ်နေတယ် ဆိုပါစို့။

ဒီအခြေ အနေမျိုး မှာ Exposure ကို ဒီထက်ပို လင်း စေခြင်လို့  Exposure Compensation ( EC) ကို (+) အဖြစ် တိုး လိုက်ရင် EC အနေနဲ့ Shutter speed ကို လည်း မထိနိုင် ၊  Aperture ကို ထပ် မချဲ့နိုင်တော့ တဲ့ အတွက်အသေ မထားဘဲ  လွှတ်ထားတဲ့ ISO ကို Compensate လုပ်ပါ လိမ့် မယ်။

 ထိုအခါ တင်လိုက်တဲ့ ( + ) Exposure Compensation Stop အလိုက် Correspond ဖြစ်တဲ့ ISO က  ကင်မရာ Sensor ပေါ်မှာ ရှိတဲ့ Electronic Signal ( Photon) ကို Amplified လုပ်လိုက်တာပါဘဲ။ 

ဒီလို Amplified လုပ်ခြင်းဖြင့် အလင်း ကို ပိုပြီး တောက် လာစေ ပြီး Image ပို လင်း လာစေအောင်ပါ။ Sensor ပေါ် က Electronic Signal ( Photon) ကို Amplify လုပ်ရာ မှာ Image Signal တစ်ခု ထည်း ကို သာ Amplify လုပ်တာ မဟုတ်ဘဲ  Noise ကိုပါ ရော ပြီး Amplify လုပ် တဲ့ အတွက် မူလ က Noise ဟာ ပို များ လာပါတယ်။ 


 ( - ) Exposure Compensation  ဆိုရင်တော့ ပြောင်းပြန် ပေါ့ ဗျာ။ ဒီလို လုပ်တာနဲ့ တစ်ပြိုင်ထည်း အလျှော် အစားသဘောမျိုးအရ ISO ပါ Compensation လုပ်ကာ  ISO လည်း ကျသွား ပါတယ်။ များများ EC တင်လေ ISO လည်း အချိး ကျ မြင့်လာ သလို EC Stop ကို ချ လိုက်ရင် ချ လိုက်တဲ့ အချိုးကျ ISO လည်း ကျ သွား ပါတယ်။ လုံလောက်တဲ့ အလင်းရောင် ရရင် ISO အတိုး အလျှော့ ဟာ နည်းပါတယ်။ အလင်းရောင် နည်း ရင်တော့ ISO အတိုးအလျှော့ များ ပါတယ်။


ဒါကြောင့် အလင်းရောင် လုံလောက် ရင် သို့မဟုတ် အလင်း ရောင် ကို ကိုယ် လိုအပ် သလို ဖန်တည်း ယူ နိုင်ရင် သို့ မဟုတ် Shutter Speed နဲ့ Aperture ကို အတိုးအလျှော့ လုပ်နိုင် တဲ့ အခြေအနေမျိုး မှာ  လိုအပ် တဲ့ Exposure ရ ရန် အတွက်  Exposure Compensation  မလုပ် ဘဲ Shutter Speed နဲ့ Aperture ၊ အလင်း တွေ ကိုယ့် စိတ် တိုင်ကျ ချိန် ကာ ရိုက်သင့်ပါတယ်။

Shutter speed. Aperture, ISO  တို့ အားလုံး ကို Manual ထားလိုက်ရင် Exposure Compensation  အတိုး အလျှော့ လုပ်၍ မရ တော့ပါ။ တစ်ခုခု ကို Auto အဖြစ် လွှတ် ထားမှသာ Exposure Compensation ကို အတိုး အလျှော့ ချိန် လို့ ရပါတယ်။
Like · Reply · 2 · 12 hrs · Edited


Htoo Wai
Manual mode မှာထားရင်လဲ ISO နဲ့ Auto ဆက်စပ်နေတာမျိုးလား ဆရာစိုး....
Unlike · Reply · 1 · 11 hrs


Soe Hlaing
 Ko Htoo Wai, ကျွန်တော် သိသလောက် တော့ အဓိက Setting (3) ခုဖြစ် တဲ့ Shutter Speed, Aperture, ISO တို့ အနက် တစ်ခုခု ကို Auto ထားလိုက် ရင် Exposure Mod ကို Manual ထားစေကာမူ Auto ထားတဲ့ Setting ဟာ Firmware ရဲ့ အချိန်အဆ အရ   လိုက် ပြီး ပြောင်းလဲ လာပါတယ်။ 


Manual Mode  Setting  မှာ Shutter Speed နဲ့ Aperture ကို Manual မှာ စိတ်ကြိုက် Setting လုပ်ထားပြီး ISO ကို Auto ထားပါက Exposure Compensation လုပ် ပါ ရင် အသေချုပ် ထားတဲ့ Shutter Speed နဲ့ Aperture တို့ ကို ဘယ်လိုမှ ပြောင်း လို့ မရ တဲ့ အတွက် ISO ကို Compensate လုပ် ကာ အလင်း အတိုး အလျှော့ လုပ်ပါလိမ့် မယ်။  


Shutter Speed, Aperture တို့ ကို Manual Mode ထားပြီး ISO ကို Auto ထားရင်  Firmware က သူ လိုအပ် တဲ့ အလင်းအတိုးအလျှော့ကို Auto ထားတဲ့ ISO နဲ့ သူ့ ရဲ့ အချိန် အဆ အရ အတိုး အလျှော လုပ်ပါ တယ်။ ဘယ်လောက် တိတိကျ ကျ လုပ်နိုင်သလဲ ဆိုတာ ကတော့ ကင်မရာ ရဲ့ နည်းပညာ အဆင့် မြင့် မှု ပေါ်မှာ တည်ပါတယ်။ Image processing Engine ကောင်းလေ ပို တိကျ လေ လို့ ပြောရမှာပါဘဲ။
Like · Reply · 2 · 8 hrs


Soe Hlaing
( EV) Exposure Compensation ကို အများဆုံး သုံးတာက အောက်မှာ တွဲ ပေးတဲ့ ပုံလိုမျိုးပါ။ ပုံ ကိုကြည့် ပါက Tunnel တစ်ခု မှာ အတွင်း က မှောင်နေပြီး Tunnel အထွက် မှာ တအားလင်းနေတာပါ။ ဒီအတိုင်းရိုက်ရင် Metering က Tunnel အတွင်းက အလင်း အများစု ဖြစ်တဲ့ အမှောင်ကို ယူ လိုက်တော့ Tunnel အထွက် နေရာ ဟာ တအား ဖြူ သွားပါတယ်။


လိုခြင်တာက အဆိုပါအထွက် နေရာက Subject ကို Exposure အမှန်လိုခြင် တာပါ။ ဒါကြောင့် Tunnel အထွက် ပေါက်က Subject အလင်း မှန် ရဘို့ အတွက် ( EV) Exposure Compensation (-) လျှော့ ရိုက်ရပါမယ်။


ကြည့်သူ ဘယ်ဘက် ပုံက ( EV) Exposure Compensation မလုပ်ဘဲ ပုံ မှန် Setting အတိုင်းရိုက်တာပါ။ ညာဘက်က ပုံက ( EV) Exposure Compensation (-) 1 EV Compensate လုပ်ထားတာပါ။ဒါကြောင့် Tunnel အထွက် က Subject ပေါ်လာပါတယ်။





အထက်ပါ ပုံ မျိုး မှာ တော့ Camera Setting လုပ် ရာ တွင်  Shutter speed, Aperture တို့ ကို လိုသလို  ပြင် လို့ ရတဲ့ အနေ အထားမှာ ရှိတတ် ပါတယ်။ ဒီလို ဆိုရင် တော့ Exposure Compensation လုပ်စရာ မလို ပါ။ မရ တဲ့ အဆုံးမှာ Exposure Compensation ကို သုံး သင့်ပါတယ်။  

Like · Reply · 2 · 12 hrs · Edited


Htoo Wai
ဟုတ်ကဲ့ ... ဆရာစိုး...ပုဂံဘုရားတွေ အထဲရောက်ရင်....အသုံးကျတာပေါ့နော်.....
Like · Reply · 10 hrs


Soe Hlaing
Ko Htoo Wai, ဒါ က အများသုံးပါ။ ဒီလို မျိုး ရိုက်တဲ့ ဟာမျိုးက  အချိန် လု ရိုက်ရတာ မျိုး မဟုတ်လို့ အထက်မှာ ကိုမောင်ကြီး  ( Mg Gyi Photgropher )  ပြော သလို အမျိုးမျိုး နည်း နဲ့ စမ်း ရိုက် ကြည့်ပါ။ နောက်...ကြိုက် တဲ့ Setting ကို ယူ လိုက်တာပေါ့ ဗျာ။ 
Like · Reply · 2 · 9 hrs
View more replies


Soe Hlaing
Ko Htoo Wai စ ပေးလိုက်တဲ့ ဒီ Post ကလေးဟာ Exposure Compensation ဆိုင်ရာ မှတ်စုလေး တစ်ခု ဖြစ်သွားပါတယ်။ မသိသေး သူများ အတွက် တစ်စုံ တရာ ဗဟုသု တပေါ့ ဗျာ။
Unlike · Reply · 2 · 9 hrs · Edited


Htoo Wai
ဟုတ်တယ် ဆရာ.... ကျနော် တို့ စတင်လေ့လာသူတွေ အတွက် အင်မတန် အကျိုးများပါတယ်ခင်ဗျာ.... ဆရာစိုးနှစ်သစ်မှာ....စိတ်ချမ်းသာကိုယ်ချမ်းသာစွာ....မိသားစုနဲ့ အတူ ပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေခင်ဗျာ....
ဗဟုသုတ တွေလဲ ပိုပြီးမှဝေနိုင်ပါစေလို့ ကျနော် ဆုတောင်းပါတယ်.....
Like · Reply · 8 hrs




မိုး တိမ် -
ဆရာ ကိုစိုးလှိုင်နဲ့ ကိုထူးဝေ တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကိုယ် ဘာကို သိချင်လို့ မေးရင်တောင် ဆရာတွေက ပြန်ဖြေရင်
နောက်ထပ် ဘာမေးရမယ်မှန်း မသိဘူး။
သိချင်တာ တော့ ရှိတယ် မမေးတတ်တာမျိုးပါ။
ခု ဒီ post ကတော့ ဆရာကိုစိုးလှိုင်ပြောသလိုပဲ exposure composition မှတ်စုလေးပါ။
အမေး အဖြေ တွေနဲ့ ဆိုတော့ ပိုပြီး  နားလည်ပါတယ် ကျနော်တို့လို စတင်လေ့လာသူတွေအတွက် အများကြီးပညာရပါတယ် မေးတဲ့သူရော ဖြေတဲ့သူကိုပါ အများကြီးကျေးဇူးတင်ပါတယ် ခဗျာ


Like · Reply · 1 · 3 hrs
Soe Hlaing


Supplement.
( နောက်ဆက်တွဲ )


ဒီ အပိုဒ် ကတော့ Exposure composition နဲ့ ပတ်သက် လို့ ကိုယ် တိုင် ရိုက် ခဲ့ တဲ့ ပုံ အတွက် ဘယ် အတွက် ကြောင့် Exposure composition ထည့် ထားရတယ် ဆိုတဲ့ အကြောင်း ရှင်းလင်းချက် ကို သီးခြား ထပ်ဖြည့် ထားခြင်း ဖြစ်ပါတယ်။


အောက်တွင် နမူနာ ပြထားသည့် ( ပုံ အမှတ် - ၆ ) သည် Olive backed Sunbird အထီးကလေး အသိုက် သို့ ပျံ လာသည့် ပုံ ဖြစ်ပါတယ်။




အသိုက် ဟာ အလင်းရောင် ကို (၃) ဘက် လောက်က နေ ကွယ် ထားတဲ့ ပန်း ခြုံ အောက်မျာ ရှိနေပါတယ်။ သို့ သော် ကံ ကောင်းတာက နောက်ခံ အတော် ရှင်းနေတဲ့ နေရာ လေး တစ်နေရာ လောက် ရှိနေတာပါဘဲ။


နောက်ခံ ရှင်းရှင်း လေး ရမဲ့ နေရာ ကိုရွေးပြီးတဲ့ အချိန် မှာ အလင်းရောင်က Subject ဖြစ်တဲ့ ငှက် ရဲ့ နောက် နားကို ကျနေတဲ့ အချိန် ဖြစ်ပါတယ်။ ကျွန်တော် Sunbird အထီးကို ရိုက်ခြင်တာက ရင်ဘတ်က နက်ပြာ ရောင်ကလေး ကို အရောင် ပေါ် လွင် စေခြင်တာပါ။


နေရောင် တည့်တည့် ထိုးတဲ့ အောက် မှာ ရိုက်ရင်တော့ ငှက် ကလေး ရဲ့ ရင်ဘတ် ရဲ့ ၊  နက် ၊ပြာ ၊ စိမ်း၊ အရောင်တွေဟာ ပိတုန်း ရောင်ကဲ့ သို့  ဖြာ ထွက် လာ ကာ အတော်လှပါတယ်။ 


သို့သော် အလင်း ပြာင်းပြန် ( Against the light ) ရိုက်ရင်တော့ မဲ တဲ့ အရောင် ဘဲ ထွက်ပါတယ်။ ခေါင်းရော မျက် လုံး ပါ အမဲရောင်တွေ ဖုံး ကုန် တာပါဘဲ။ မျက် လုံးကလည်း အမဲ ရောင်ဆိုတော့ မျက်လုံး ကိုပါ မမြင်ရတော့ပါ။ ငှက် ရိုက်ရာ မှာ မျက် လုံး မပေါ် ရင် အလကား ပုံ ဘဲ လို့ ဆရာ တွေ က ဆိုကြပါတယ်။


အခု လိုအခြေအနေမှာ အလွန်မြန် တဲ့ တောင်ပံ ခတ်တာ ကို Freeze လုပ် နိုင်အောင် ပုံ မှန် Setting နဲ့ ရိုက် ဘို့အတွက် Shutter speed 1/3200s ကို ယူ ထားပါတယ်.။ ဒီထက် လည်း မလျှော့ ခြင်ပါ။


ငှက်အကောင်က လက်မ ဖျား သာသာ သေးသေး လေး ဆိုတော့ Focal Length ကို - 600 mm ကနေလျှော့ လို့ လည်း မဖြစ်။ ဒီတော့ Aperture ကိုလည်း 600 mm မှာ အကျယ် ဆုံး ဖြစ်တဲ့ f-6.3 ထက် ပို မဖွင့် နိုင်။ 

ဒီ အတိုင်းရိုက်ရင် ငှက် ကတော့ မှတ်တမ်း ပုံ သဘောလောက် ပေါ်လာ လိမ့်မယ်။  ကိုယ် လိုတဲ့ အရောင် မရ နိုင်။ လှ လည်း လှ မည် မဟုတ်ပါ။


ဒီတော့ Exposure ကို compensate လုပ်ဘို့ လို လာပါတယ်။ ငှက် မလာ ခင် အသိုက် ကို AF- (C) ရဲ့ Active Focus point နဲ့ ထောက်ကာ Metering ကို Center weighted Average Metering နဲ့ ထားပြီး Exposure composition ကို တစ်ဆင့် ခြင်း တင်ကာ စမ်း ရိုက်ကြည့် ပါတယ်။


ဒီလို စမ်းရင် Exposure composition (+) 0.7 EV မှာ အလောတော် ဖြစ်လာနိုင် တာကို တွေ့ ရတာပါတယ်။ အဲ ဒီ အနေ အထားမှာ သူနဲ့ correspond ဖြစ်တဲ့ ISO Sensitivity က ISO-5600 ဖြစ်ပါတယ်။


ဒါနဲ့ Setting မှာ Exposure Speed 1/3200s, f - 6.3 , Exposure composition (+ ) 0.7 EV, ISO 5600. ကို အသေယူ လိုက်ကာ ရိုက်ခဲ့ ခြင်း ဖြစ်ပါတယ်။ ကင်မရာက Nikon D4 ဖြစ်လို့ ဒီလောက် တင်မက ဒီထက် မြင့်တဲ့  ISO ကို ထိန်း နိုင် ပါတယ်။ နောက် ပေါ် ကင်မရာ တွေ က ISO ကို ဒီထက် အများကြီး ပို ထိန်း နိုင်တာတွေ့ ရပါတယ်။


ဒီ လို နောက်ခံ မှာ အလင်း များနေပြီး Subject ပေါ်မှာ အလင်း ကျတာ နည်းနေ တဲ့ အခြေ အနေ မျိုး မှာ Exposure Speed နဲ့ Aperture တို့ ကို လည်း ထိ လို့ မရ တော့ရင် Subject ကို ကိုယ် လိုခြင်တဲ့ Exposure ရ ရန် အတွက် Exposure composition ကို သုံးရတော့ တာပါဘဲ။


ဒါကြောင့် လည်း ငှက် ရဲ့ ရင်ဘတ် ကအရောင် ပေါ်သင့်သလောက် ပေါ်လာခြင်း ဖြစ်ပါတယ်။


အတွေ့ အကြုံ ထဲက Exposure composition အကြောင်းကို ထပ်ဖြည့် ကာ မျှဝေခြင်း ဖြစ်ပါတယ်။

____________________________

4 comments:

  1. ကျေးဇူးအထူးတင်ပါတယ်ဆရာ။။။။။။။။။။။။။။။

    ReplyDelete
  2. မှတ်စုကောင်းလေး တစ်ခုပါ ဆရာစိုး......

    ReplyDelete
  3. ​ကျေး ဇူးအထူးတင်​ပါ တယ်​ ​ဗျာ

    ReplyDelete