Thursday 17 November 2016

Shooting the Moon



( 89 ) Shooting the Moon                              ဓါတ်ပုံ ပညာရပ်ဆိုင်ရာ မှတ် စု( ၉၈ )




  လ ကို ဓါတ်ပုံ ရိုက် ခြင်း “

စကား ဦး

ဤမှတ် စု ကို ရေးရာ တွင် အင်္ဂလန် ရှိ The ILEX Photo Group မှ ထုတ်ဝေသည့် Digital SLR Exposure Tips စာအုပ် ပါ Moon Light အပိုင်း ကို အခြခံ ပြီး အခြား သော လ ရိုက်သည့် ဆောင်းပါး အချို့ ကို ပါ ဘာသာ ပြန် ကာ ကိုယ် တိုင် တွေ့ ကြုံ သည် များ နှင့် ပေါင်းစပ် ရေးသား ခြင်း ဖြစ်ပါသည်။

Focal Length
 လ သည် ဝေးလှသည့် အတွက် Focal Length ရှည်ရှည် လိုသည်။ အနည်း ဆုံး Focal Length 400 mm လောက် လိုသည်။ Focal Length ရှည် လေ အသေးစိတ် ( Details ) တွေ ပို ရလေ ဖြစ်သည်။


အောက် တွင် နမူနာ ပြ ထားသည့် ပုံ ကို ကြည့် ပါက ပို ရှင်းပါမည်။





အောက်ပါ ပုံ မှာ Focal Length အလွန် ရှည် သည် နက္ခတဗေဒ Lens များ ဖြင့် လ ကို အသေးစိတ် ပေါ် အောင် ရိုက်ထားသည့် နမူနာ ပုံများ ဖြစ်ပါသည်။ သာမန် သုံး Lens များဖြင့် ဤမျှ Details ရ ရန် ခက်ပါမည်။  နမူ နာပြ ထား ခြင်း သာ ဖြစ်ပါသည်။










အောက် ပါ ပုံ များ မှာ မူ သာမန်သုံး Super Tele Lens များဖြင့် ရိုက်ထားသည့် အကောင်းဆုံး ဆိုရမည့် ပုံ များ ဖြစ်ပါသည်။ 









Foreground Interest ထည့် ကာ ရိုက်ခြင်း


လ ၏ Detail ကို မရိုက် ဘဲ အောက်ပါ ပုံ ကဲ့ သို့ မိမိ လို အပ် သည် Subject များ နှင့် ရော၍ ရိုက် ပါက Matrix သဘောဖြင့် လ ရော မြေပြင် ရှိ Subject များအားလုံး ၏ အလင်း ကို မျှ အောင် ယူ ရန် လိုပါမည်။ အောက်ပါ ပုံ ကဲ့ သို့ Foreground ရော Background  ပါ အားလုံး ညီ မျှ သော အလင်း ရ ရန် ခက် ပါသည်။

စမ်းကာစမ်း ကာ လိုသည့် Exposure ရသည် အထိ ရိုက်ကြည့် ရန်လိုပါမည်။ တစ်ကြိမ် ထဲ နှင့် ရ ရန် ခက်ပါမည်။






လ နှင့် မြေပြင် တို့ တွဲလျှက် မိမိ လို သည့် Exposure တစ်ချက် ထည်း တွှဲ ၍ ရရန် ခက်ပါက ကောင်းကင် နှင့်  မြေပြင် နှစ်ခု ကို သီးခြား ခွဲ ၍ ရိုက် ကာ နှစ်ပုံ ပြန် ပေါင်း သည် လည်း ရှိပါသည်။

လ နှင့် မြေပြင် ရှိ Subject တို့ ကို လိုအပ် သည် Exposure များ အတိုင်း သီးခြားစီ ခွဲ ရိုက် Photoshop တွင် ပြန် ပေါင်းသည့် နည်း ဖြစ်ပါသည်။



 အချို့ က လည်း Multi-Exposure နည်း ဖြင့် ရိုက် ကြပါသည်။




လ နှင့် မြေပြင် ခွဲ ရိုက် ပြန် ပေါင်း သည့် နည်း


အောက် ပါ ပုံ မှာ လ တစ်ခု ထည်းကို Exposure အမှန် ယူ ကာ ရိုက်ထားသဖြင့် မြေပြင် ရှိ Subject များ Under expose ဖြစ် ကာ ပျောက်နေသည်ကိုတွေ့ ရပါမည်။






အောက်ပါ ပုံ မှာ မူ မြေပြင် ရှိ Subject ကို Exposure အမှန် ယူ ကာ ရိုက်ထားသဖြင့် လ သည် Over Expose ဖြစ်နေပါသည်။






အထက် ပါ ပုံ နှစ်ခု ကို Photoshop တွင် အောက်ပါအတိုင်း ပေါင်း လိုက် လိုက် ပါသည်။






ဤ ကဲ့ သို့ ပေါင်း ခြင်း ဖြင့် အောက်ပါပုံ ကဲ့ သို့ မြေပြင် နှင့်  ကောင်းကင် နှစ်ခု စလုံး Exposure ညီမျှ သော ပုံ ရ လာပါသည်။




 


Foreground Interest ထည့် ကာ ရိုက်ထားသည့် နမူနာ ပုံ များ။


အောက် ပါ နမူနာ ပုံများ မှာ Moon ကို မြေပြင် ရှိ Subject များ နှင့် ပေါင်း စပ် ကာ နည်း အမျိုးမျိုး နှင့် ရိုက်ထားသော ပုံ များ ဖြစ်ကြပါသည်။ ကောင်းနိုး ရာရာ ဟု ထင်သည်များကို Internet မှ နမူနာ ယူ ထားသော ပုံ  များ ဖြစ်ပါသည်။

အဓိက ရည် ရွယ် ချက် မှာ လ တင်သာမက ရှေ့တွင် လည်း စိတ်ဝင်စားဘွယ်ရာ ပါ စေရန် ဖြစ်ပါသည်။

အထက်တွင် ဖေါ်ပြ သကဲ့ သို့ Foreground နှင့် Background တို့ ၏ Light Contrast များစွာ ကွာခြားနေသည် များကို မိမိ စိတ်ကူး ရှိသကဲ့ သို့ နည်းမျိုး စုံ ဖြင့်  စမ်း သပ်ကာ ရိုက်ကူး ကာ Post Production တွင် လိုသလို ပေါင်းစပ် ပြင်ဆင် ခြင်း များလည်း ပြု လုပ် နိုင်ပါသည်။

အောက်ပါ ပုံ များသည် Foreground Interest များဖြင့် ရိုက်ကူးထားသည့် လ နမူနာ ပုံ များ ဖြစ်ပါသည်။




































Foreground Interest မပါဘဲ လ ချည်း သက်သက် ကို ရိုက်ခြင်း။


Tricky Metering

ည ပိုင်း Foreground Interest မပါ ဘဲ လ ကို ချဉ်း ကို Matrix  Metering ဖြင့် ရိုက် မည် ဆိုလျှင် ကင်မရာ Firmware သည် နေ့ ခင်းကဲ့ သို့ ပင် တွက် ချက် ပါမည်။  Frame တစ်ခု လုံးရှိ အလင်း ကို ပျမ်းမျှ ( Matrix average ) ယူ ၍ ပတ်ဝန်း ကျင် အလင်း အများ စု သည် အလင်းရောင် အလွန် နည်းနေသည့် အတွက် ပျမ်းမျှ သဘောအရ အလွန် မှောင်သည် ဟု မှတ်ယူ ကာ Exposure ကို တင် ပါ လိမ့်မည်။ ထိုအခါ လ သည် အလွန် လင်း ပြီး အောက် တွင် နမူနာ ပြ ထားသည့် အတိုင်း လ သည် Over Expose ဖြစ်သွားပါ လိမ့် မည်။














Camera Setting

ဤနေ ရာ တွင် ပြော လို သည်မှာ Foreground Interest ထည့် ကာ ရိုက်သည် နှင့် လ ချဉ်း သက်သက် ကို အသေးစိတ် ( Details ) ရ နိုင်သမျှ ရအောင် ရိုက်သည့် နည်း များ မတူ သည်ကို ပြောလိုပါသည်။

လ တစ်ခု ထည်း ၏ Details ကို ရစေရန် ရိုက်မည် ဆိုပါ မူ -

Metering - လ တစ်ခုထည်း ကို အသေးစိတ် ပေါ် အောင် ရိုက် မည်ဆိုပါက Exposure Metering ကို လ တစ်ခု ထည်း အတွက် ယူ ရပါမည်။ ဥပမာ အားဖြင့် Nikon ဆိုပါက Spot , Center weighted Average စသည့် Metering တို့ လို metering ယူ ရန် လိုပါမည်။

ISO  -     ည ပိုင်း Foreground Interest မပါ ဘဲ လ ကို ချဉ်း  ရိုက်ရာ တွင် လ ၏ ပတ်ဝန်းကျင်တွင် မည်မျှ မှောင်နေပါစေ တိမ်ကင်းစင် ပြီး ထွန်းတောက် ပ နေသည့် လ ကို Spot Metering ထောက် လိုက်ပါ က Camera Firmware က အလွန် လင်းနေသည်ဟု မှတ် ယူ ပါ လိမ့် မည်။

ထိုအချိန် တွင် ISO ကို 100 သို့ မဟုတ် ယင်း အောက် သို့ ချ နိုင်ပါ လိမ့်မည်။

Aperture -  Aperture ကို လည်း Depth of Field ထူထူ ရ နိုင်စေမည့်  f-10, f-11 စသည်တို့ အထိ ကျဉ်း နိုင်လာပါမည်။ မိမိ သုံးသည့် Lens ပေါ် မူတည်ကာ f-11, f-16 တို့ အထိ ထားနိုင်ခြေ ရှိပါသည်။  လ သည် အလုံး ဖြစ်နေသောကြောင့် Depth of Field အတော် အသင့် ထူ ရန်လိုပါမည်။

Shutter Speed - ထို့အတူပင် Shutter Speed ကို လည်း 1/250 Sec, 1/320 Sec စသည် တို့ အထိ မြန်မြန် ထားကာ ရိုက် နိုင်ပါ လိမ့်မည်။ သို့ ရာ တွင် သတိ ပြု ရ မည်မှာ Long Focal Length ဖြင့် ရိုက် နေရသည် ဖြစ်သဖြင့် Camera Shake ( အမှန် တော့ Lens ၏ Focal Length Shake ဖြစ်ပါသည် ) ကို ထိမ်း နိုင် စေရန် Tripod ဖြင့် ရိုက် ရန် လိုပါသည်။  Long Focal Length ဖြင့် ရိုက်နေသဖြင့် ကင်မရာ ကို လက် ကလေး နှင့် အသာ တို့ လိုက်ရုံ နှင့် Subject တုန် ခါ သွားနိုင်ပါသည်။ 

                       ဥပမာ အားဖြင့် အဆ ၂၀ ချဲ့ ပေးသည့် မှန်ပြောင်း နှင့် ကြည့် လျှင် မြင်ကွင်း မငြိမ် ဘဲ တုန်ခါ နေသည့် သဘောမျိုး ဖြစ်ပါသည်။ Focal Length ရှည် လေ တုန် လေ ဖြစ်ပါသည်။


                      သို့ ရာ တွင် စမ်း ရိုက်ကြည့်ရာ တွင် Shutter Speed 1/60 Sec လောက်ဖြင့်စပြီး Shutter Speed ကို တစ်ဖြည်းဖြည်း တိုးကာ လိုအပ် သည့် Exposure ရ သည် အထိ စမ်း ရိုက်ကြည့် သင့်ပါသည်။

                       လ သည် တစ်မိလောက် အတွင်း မှာပင် နေရာ အကွာအဝေး တစ်ခု သို့ သိသာ စွာ ရွှေ့ လျှားသောကြောင့် Long Focal Length ဖြင့် Slow Shutter speed ရိုက် မည် ဆိုပါက   Tripod ဖြင့် ရိုက်သော ကြောင့် Camera Shake မရှိ စေကာမူ Subject  Movement ကြောင့်  ပုံ ၀ါး ကာ  ပြတ်သားမှု လျှော့ သွား ပါ လိမ့် မည်။



ကျွန်တော် ၏ အတွေ့ အကြုံ


ကျွန်တော်သည် Moon, Star Trial, Galaxy စသည် တို့ ကို တစ်သက် နဲ့ တစ်ကိုယ် တစ်ကြိမ် မှ မရိုက်ဘူးပါ။ ယခုလ Super Moon ကြောင့် သာ ပထမ ဦးဆုံး ရိုက်ဘူးခြင်း ဖြစ်ပါ သည်။



Focal Length ရှည်ရှည် ရ ရန် ဆောင်ရွက်ခြင်း


 Subject ကဝေး လွန်းလို့ Detail ရစေရန် Focal Length ကို ရှည် နိုင်သမျှ ရှည် ရှည် ရ အောင် လုပ်ရပါသည်။ Tamron 150-600 mm  Lens ကို Focal Length 600 mm တွင် ထားကာ ထိုထက် Focal Length ပိုရ စေရန် D 7100 Crop-Frame မှာ တပ် ၊ နောက် 1.3 X Crop-Mod ထပ် လုပ် ကာ  Nikon Crop-Factor 1.5X အရ ရှိလာသည့် Focal Length 1170 mm ဖြင့် ရိုက်ခြင်း ဖြစ်ပါသည်။ Nikon D7100 ၏ Effective Mega Pixel သည် 24.1 MP ဖြစ်သည့် အတွက် 1.3X Crop-Mode တွင် ကျန်ရှိသည့်  Mega Pixel သည် 15 MP ကျန် ပါသေသးသည်။ ထို့ကြောင့် ပုံ ထွက်သည် အတော် ကောင်းသည့် အနေအထားတွင် ရှိပါသည်။ 

မလွဲ မသွေ သုံးရမည့် Tripod ကို မူ ငှက် ရိုက်သည် Gamble Head နှင့် Tripod ကို သုံးပါသည်။ အကြောင်း မှာ Long Focal Length Lens တွင် တစ်ပါ တည်း တပ်​​ထားခြင်း ကြောင့်  ဖြစ်ပါသည်။

ရာသီဥတု မကောင်းစေကာမူ အိမ်ဘေးရှိ ၅-ထပ် Car Parking အပေါ်ထပ် Tennis Court ပေါ်မှ အမြင့် စီး ဖြင့် ဘာအနှောက် အယှက် မှ မရှိဘဲ ရိုက် ရသဖြင့် ကံကောင်း သည် ဟု ဆိုရပါမည်။

အချို့ ပုံတွေ ကိုတော့ အောက် ပါ နမူ နာ အတိုင်း ကိုယ် လိုတဲ့ Exposure ကို ရွေး လို့ ရအောင် ( 0.3 and 0.7 Bracketing ) များနဲ့ လည်း ရိုက်ပါသည်။ လက်တွေ့တွင် အဲဒီ နည်း က သိတ်အဆင်မပြေပါ။






Metering

Low Light ဖြစ်သည့် ည အချိန် တွင် လ ကို ရိုက် ရာ တွင် သာမန် Low Light ရိုက်သည်နှင့် ကွာခြား ချက် တစ်ခု ရှိသည် ကိုတွေ့ ရှိရပါသည်။


အတွေ့ အကြုံ အရ လ တင်မဟုတ် မှောင်ထဲ ရှိ အဝေး မှ မီး လုံး ကလေး များကို ရိုက်လျှင် လည်း Metering မှာ လ ရိုက်သည် နှင့် တစ်သဘောထည်း ဆန်ဆန် ဖြစ်ပါသည်။ သို့ရာ တွင် Light source သည် သေးသေးလေး ဖြစ်နေ သောကြောင့် Spot Metering ယူရန် ခက်ပါသည်။ ဤ အခြေအနေမျိုးတွင် မူ လိုသည့် Exposure ရ သည် အထိ   Exposure compensation လုပ်ပေးရပါသည်။

Super Moon ရိုက်သည့် နေ့ က တစ်နေ့ လုံး မိုးရွာနေသဖြင့် လ ကို တစ်ချိန် လုံး တိမ် ဖုံးနေပါသည်။ ည ဦးပိုင်း တွင် မည် သို့ မှအဆင်မပြေပါ။ 

သို့ နှင့် သန်းကောင် ကျော် ကိုစောင့်ကြည့် ပါသည်။ သန်းကောင် ကျော် တွင် မိုးတိမ် ကဲ့ သို့ တိမ် ထူထူ များနည်းသွားကာ တိမ် ပါးပါး များသာ ရှိပါ သည်။ တိမ် ရှိနေဆဲ ဖြစ်သော်လည်း လ သည်အနောက် ဘက်တွင် တဖြည်းဖြည်း  အောက် သို့ ဆင်းနေပါသည်။ ကံအားလျှော်စွာ လ ရွေ့ လျှားရာ လမ်း ကြောင်း ၏ အချို့သောနေရာ တွင် တိမ် ကင်းသည့် နေရာ အနည်းငယ် ရှိပါသည်။

 ထို တိမ်ကင်းသည့် နေရာ ရောက် အောင် စောင့် ကာ ရောက်သည်နှင့် ထိမ်လင်း တောက်ပ နေ သည့် လ ကို  Single Focus ဖြင့် ဖမ်းကာ Spot Metering ယူ လိုက်ပါသည်။
ထို အချိန် တွင် Camera Firmware က အလွန် လင်းသည်ဟု မှတ်ယူ လိုက်ပါသည်။

အလွန်ဆုံး (၃) မိနစ် ခန့် သာ အချိန် ရ သည် ဟု ထင်ပါသည်။ သို့ သော် ထို အချိန် သည်ကင်မရာ Setting အား မည်သို့ ချ မည် ကို  ကြို တင် စဉ်းစား ထားပါက  များစွာ လုံလောက်ပါသည်။



Shutter Speed

Subject အလွန် လင်းနေသည့် အတွက် Shutter Speed ကို မူလ နှေး နှေး ထား သည့် Setting မှ နေ၍ ပို၍ မြန်ပေး လာရပါတော့သည်။ Shutter speed လို ခြင် သည် Exposure ရသည် အထိ တစ တစ မြန် ကြည့် ရာ တွင် 1/320 Sec တွင် စိတ်ကြိုက် Exposure ရပါသည်။


ISO

ISO လည်း မူလ အတော် မြင့်မြင့် ထား ရာ မှ တစ်ဖြေးဖြေး လျှော့ ချ လာရာ လိုခြင် သည့် Exposure ရသည့် အခြေအနေ တွင် ISO- 100 အထိ အလျှော့ချ လာနိုင်သည်ကို တွေ့ ရပါသည်။


Aperture

Tamron 150-600 mm ၏ Focal Length 600 mm တွင် အကျယ်ဆုံး ဖွင့် နိုင်သည်မှာ f-6.3 ဖြစ်ပါသည်။ သို့ ရာ တွင် လုံးဝိုင်း နေသည့် Subject ကို Focal Length ရှည် ရှည် ဖြင့် ရိုက် ရ သည့်အတွက် Depth of Field နည်းနည်း ထူ ထူ ရလာစေရန် Aperture ကို ကျစ် ကြည့် ရာ f-8 တွင် လိုခြင် သည့် Exposure အတွက် အဆင်ပြေသည် ကို တွေ့ ရပါသည်။






သို့ နှင့် Face Book  တွင် တင် ခဲ့သည့် အထက်ပါ ပုံ ၏ EXIF Data မှာ -

 Exposure Mode - Manual, Shutter speed - 1/320 Sec., Aperture - f-8, ISO - 100, Metering - Spot, AF Area Mode - Single ဖြစ်လာပါသည်။


တစ်ကြိမ်မှ မရိုက် ဘူးသော်လည်း ကိုစိုးလှိုင် ( Nice ) ၏ Post တွင် တွေ့ ရသည့် ရိုက်ပုံ ရိုက် နည်း ကို အခြေပြုကာ အတွေ့ အကြုံ နှင့် ပေါင်းကာ ရိုက်ခြင်း သာ ဖြစ်ပါသည်။
ည ဦး ထည်းက စမ်းကာစမ်း ကာ ရိုက် ရသဖြင့် ငှက် ရိုက်သကဲ့ သို့ Shutter Count အတော် ဖြုံး ခဲ့ ရသော ပုံ ဖြစ်ပါသည်။

------------------------------------------------


6 comments:

  1. ကျေးဇူးပါ ဆရာ

    ReplyDelete
  2. Thanks alots. Interesting and fruitful explanation.

    ReplyDelete
  3. These are my Pleasure and Happy to here that Derzinb, Tun Tun, Yan Xing and Kyaw San Wai.

    ReplyDelete
  4. ကျေးဇူးအများကြီးတင်ပါတယ် ဆရာ...

    ReplyDelete