Tuesday 6 December 2016

Tracking the Flying Birds



(90) Tracking the Flying Birds               ဓါတ်ပုံ ပညာ ရပ်ဆိုင် ရာ မှတ်စု (၉၀)



ပျံသန်းနေသည့် ငှက်များ ကို Tracking ဖြင့်ရိုက် ခြင်း။
( Tracking of Flying Birds )


By Soe Hlaing

စကားဦး

ပျံသန်းနေသည့် ငှက်များ ဓါတ် ပုံ ရိုက် ခြင်း နှင့်      ပတ်သက်၍ မှတ်စု များရေးခဲ့ပါ သည်။ သို့ ရာ တွင် စုစု စည်းစည်း မဟုတ်ဘဲ အကွဲကွဲ အပြား ပြား ဖြစ်နေသည့် အတွက် လိုအပ် မည် ဟု ထင်သည်များကို ထပ်မံ ဖြည့် စွက် ကာ ဤ မှတ်စု ကို ရေး လိုက် ခြင်း ဖြစ်ပါသည်။
ကျွန်တော် ၏ အတွေ့ ကြုံ အရ ငှက် များကို ရိုက် ရာ တွင် နားနေသည့် ငှက် ကို ရိုက် ခြင်း နှင့် ပျံနေသည့် ငှက် ကို ရိုက်ခြင်းဟူ ၍ နှစ် မျိုး ရှိ သည်ဟု ဆိုခြင်ပါသည်။

နား နေသည့် ငှက် ကို ရိုက် သည် မှာ မူ သာမန် ရိုက်သ ကဲ့ သို့ ပင် Camera Setting ကို စိတ်ကြိုက် ချိန် ကာ ရိုက် နိုင်ပါသည်။ ဥပမာ အား ဖြင့် Sunbird များကဲ့ သို့ တစ်ချက်မှ အငြိမ် မနေဘဲ လှုပ် ရှားနေသည့် ငှက် များ မဟုတ်မူ ဘဲ ငြိမ်ငြိမ် လေး နားနေသည့် ငှက် ကို ရိုက်ရာ တွင် အလင်းရောင် အခြေ အနေ ပေး မှု ပေါ် မူတည်ကာ ISO နိမ့်နိမ့် ၊ Shutter speed နှေး နှေး ၊ Aperture ကို မိမိ လိုအပ် သည့် Depth of Field အတိုင်း Set လုပ်ကာ ရိုက် နိုင်ပါသည်။

သို့ ရာ တွင် ပျံနေသည့် ငှက် များကို ရိုက်ရာ တွင် မူ - 

-    အသိုက် အ၀င် ၀ ကဲ့ သို့ နေရာ တစ်နေ  ရာ ကို Fixed area focused လုပ် ကာ ရိုက်      သည့်  ငှက် များ အသိုက် အ၀င် အထွက် ရိုက် သည့် နည်း နှင့်၊

-    လေထဲတွင် ပျံ နေသည်ကို Continuous AF-(C) ဖြင့် Tracking လိုက် ကာ ရိုက် သည့်      နည်း ဟူ ၍ အကြမ်း ဖျဉ်း အား ဖြင့် နှစ်မျိုး ရှိ သည် ဟု ဆိုနိုင် ပါသည်။ 

ဒုတိယ နည်း ဖြစ်သည့် ပျံနေသည့် ငှက်များကို Continuous AF-(C) ဖြင့် Tracking လိုက် ကာ ရိုက်သည့် နည်း သည်ပထမ နည်း ဖြစ်သ ည့် အသိုက် ၀င် ၊ အသိုက် ထွက် ထက် ပို ခက်ပါ သည်။ လေ့ ကျင့် မှု  များစွာ လိုပါသည်။ လေ့ ကျင့် သား များ  လေ  ပုံ ကောင်း ပို ရနိုင်လေ ဖြစ်ပါသည်။

စင်စစ် အား ဖြင့် ပျံနေသည့် ငှက် များရိုက် နည်း အား အဓိကထား ၍ ရေး စေကာမူ  ဦးတည်ရာ အရပ် အမျိုးမျိုးသို့ ပြောင်းလဲ ရွှေ့လျှားနေသည့်  ဘောလုံး ကဲ့ သို့ ကားကစား များ၊ ဦးတည်ရာ တစ်ဘက် ထည်းသို့  ရွှေ့ လျှား နေကြသည့် အပြေး ပြိုင်ပွဲ ၊ စက်ဘီး ပြိုင်ပွဲ ၊ ကား ပြိုင်ပွဲစသည့် လှုပ် ရှား မှု များ အားလုံး နှင့် ပတ်သက်၍ ရေးသားခဲ့သော  ယခင် မှတ် စုများ တွင် အတွေ့ အကြုံ ကိုထပ် ပေါင်းကာ ပြန် လည် ပြင်ဆင် ဖြည့် စွက် ထား ခြင်း ဖြစ်ပါသည်။

သို့ ရာ တွင် ဤ ကဲ့ သို့ ရေး သားစေကာ မူ ပြီးပြည့် စုံ သည် ဟု ဥဿသုံ မှန် သည် ဟု ဆို၍မရပါ။ ဤ ကိစ္စ နှင့် ပတ် သက် ၍ အတွေ့ အကြုံ နှင့် ယှဉ် ကာ ပြော လိုပါသည်။

ကျွန်တော် သည် Bird in Flight  အပါ အ၀င် Bird Photography ဆိုင်ရာ နိုင်ငံ တကာ ဆောင်းပါး များစွာ ဖတ်ရှု လေ့ လာခဲ့ ပါသည်။

ကိုယ် တိုင် အတွေ့ အကြုံ မရှိစဉ် က အဆိုပါ ဆောင်းပါး ပါ အချက်များသည် လက်တွေ့ ကျ သည် မကျ သည် ( မှားသည် မှန် သည် ဟု မဆိုလို ခြင်ပါ ) ကို မသိပါ။

သို့ ရာ တွင် ကိုယ် တိုင် အလေး အနက် ထား ကာ ကြားကုတ် ကြားခဲ ရိုက်လာသည့်အချိန် တွင် အချို့ သော ဆောင်းပါး ပါ အချက် များသည်  လက်တွေ့ မကျသည်  ကို သိရှိ လာပါသည်။ လက်တွေ့သည် သာ  တစ်ခု သော အမှန် တရား အတွက် မှတ်ကျောက်  ဖြစ်လာပါ သည်။


ဆိုလို သည်မှာ ယခု ရေးသားချက် များ အားလုံးသည် လူ တစ်ဦး ခြင်းစီ အတွက် အခြေ အနေ များ အားလုံး အတွက် ကွက်တိ လက်တွေ့  ကျ ခြင် မှ ကျ ပေးမည်။ မိမိ တို့ ၏ လက်တွေ့  အတွေ့ အကြုံ နှင့် ပေါင်း စပ် ကာ အကောင်း ဆုံး ဖြစ်စေရန် ဆောင်ရွက် ကြရန်သာ ဖြစ်သည် ဟု ဆိုခြင်းဖြစ် ပါသည်။

 ဤ မှတ်စု တွင် နမူနာ ပြ ထားသည့် ပုံ များအားလုံး သည် ကျွန်တော် Bird in Fight ရိုက်ခြင်း ကိုစတင် လေ့ကျင့် ချိန်မှ စ၍ လက်ရှိကာလ အထိ ရိုက်ထားသည့်  ပုံ များ အနက် မှ မှတ်စု နှင့် သင့်လျှော် သည့် ပုံ များကို ထုတ် နှုတ်  ကာ နမူနာ ပြထားခြင်း ဖြစ်ပါသည်။


Focusing


လျှင်မြန်စွာ လှုပ်ရှား လျှက် ရှိသော အရာ များ ကို ရိုက် ကူး ရာ တွင် Focusing ဖမ်း နိုင်မှု မှာ အဓိက ဖြစ်ပါသည်။
Focus နှင့် ပတ်သက် ၍ အဓိက သိထားရ မည့် အချက် မှာ -

“  Focus doesn't fall off side to side. It only falls off front to back.”  

ပုံတစ်ပုံ၏ ပြတ်သား မှု  ( Focused )  အလျှော့ အတင်း သက်ရောက် မှုသည် ဘေး တိုက် သက်ရောက် ခြင်း မရှိဘဲ ရှေ့ နှင့် နောက် တို့တွင်သာ သက်ရောက် သည် ကို သတိပြု ရန် လိုပါသည်။


မည် မျှ လောက် ထူထူ ၊ ပါး ပါး ပြတ် သားမည် ဆိုသည်မှာ မူ Depth of Field နှင့် ဆိုင်ပါသည်။ Depth of Field ထူထူ ဆိုလျှင် Subject ၏ ရှေ့ နောက် ပြတ်သား မှု ဧရိယာ ကျယ် ပါ မည်။ DOF ပါး လျှင် ရှေ့ နောက် ပြ တ် သား မှု နည်း ပါမည်။

 Focus Point သည် Focal Plain ပေါ် သို့ ကျရာက် ရာတွင် Focal Plain ၏  မျက်နှာပြင်ညီ ပြင်လိုက်တွင်တန်ဘိုး အလျှော့ အတင်း ပြောင်းလဲ မှု မရှိဘဲ  တစ်ညီ ထည်း  ကျရောက် သည် ဆိုသည့် အချက် ဖြစ်ပါသည်။

ဤ ကဲ့ သို့ Focusing နှင့် Depth of Field ကို ကြိုတင် ရှင်းလင်း ရသည်မှာ အလွန် မြန် စွာ ပျံ နေသည့် ငှက် ကို ရိုက်သည့် အခိျန် တွင် မည့် သို့ သော Setting ကို မှ ပြောင်း ချိန် မရပါ။ ကြို တင်ကာ ကြိမ်းသေ သည့် Setting ကို ပြင်ဆင် ထားနိုင်ရန် ဖြစ်ပါသည်။

Bird in Flight Photography တွင် တစ်ခါ မှား သွားလို့ နောက် တစ် ခါ ပြန် ချိန် တာပေါ့ ဆိုတဲ့ Second chance အတွက် စဉ်းစား ရန် အခွင့် အရေး မပေးပါ။ “ တစ် ချက် ပစ် လျှက် တစ်ခါ ထည်း ချက် ကောင်း ကိုထိ ရမည် “ ဆိုသည့် Sniper Shooter များ၏ ဆို စကားကဲ့ သို့ဖြစ်ပါသည်။


Aperture ကျယ်ကျယ် ဖွင့် ထား သဖြင့် ဖြစ်ပေါ်လာသည့် DOF ပါးပါး  ( Shallow Depth of Field ) တွင် အထက်ဖေါ်ပြပါ Focused  Plain မှ ရှေ့ သို့ တစ် စင်တီမီတာ သို့ မဟုတ် နောက်သို့  တစ်စင်တီမီတာခန့် နေရာ လွဲ  သွားသည်နှင့်  ပြတ်သားမှု လည်း လျှော့ ကျ သွားမည် ဖြစ်ပါသည်။

အချုပ်ဆိုရသော် ဥပမာ အားဖြင့်အကောင် သေး သေး လေး  များ ကို ရိုက်ရာ တွင် ( Background Distraction ) နောက်ခံ အနှောက် အယှက် ရှိနေပါက အကောင်ငယ် ကလေး သည် နောက်ခံ နှင့် ရောကာ ပြောက် သွားနိုင် သဖြင့်  Background Distraction နည်း နိုင်သမျှ နည်း စေရန်    Aperture ကို ကျယ်ကျယ် ဖွင့် ကာ ရိုက် လေ့ ရှိကြပါသည်။

 အထက် တွက် ဆိုခဲ့ သလို နောက်ခံ ( Background)  ရှုပ်ထွေးနေပါက  Subject ပေါ် တွင် အာရုံ ကျရောက်မှု လျှော့ သွား နိုင်သောကြောင့် ဖြစ်ပါသည်။  ထို့ ကြောင့်  Depth of Field အလွန် ပါး သည့် Setting မျိုး ဖြင့် ရိုက်လေ့ ရှိခြင်း ဖြစ် ပါသည်။
                     

အောက် တွင် ပြထားသည့် Copper Smith Barbet ငှက်သည် အတော် အကောင် သေးသည့် ငှက်ဖြစ်ပါသည်။ အရွယ်မှာ အခွံ  မခွာရသေးသည့်  ကွမ်းသီး လုံး အကြီးစား ပမာဏ ခန့်သာ ရှိပါသည်။ နောက်ခံ ရှုပ်ထွေး နေပါက ငှက် သည် နောက် ခံ နှင့် ရော ထွေးနေ မည် ဖြစ်သဖြင့် ငှက် အပေါ် အာရုံ စူးစိုက် မှု လျှော့ သွား ပါလိမ့် မည်။ ထို့ ကြောင့် နောက်ခံ ရှင်းနေရန် လိုပါသည်။ အဆိုပါ ပုံ မှာ အသိုက် ၀င် အသိုက် ထွက် ရိုက် ခြင်း ဖြစ်ပါသည်။

ဤ ပုံ ကို ရိုက်ရာ တွင် Nikon 80-400 mm Lens,  တွင် အကျယ် ဆုံး Aperture f- 5.6 ကို ဖွင့် ကာ  Long Tele  Focal length 400 mm ဖြင့်ကာ ရိုက် ဆွဲ ခြင်း တို့ ဖြင့် နောက်ခံ ၀ါး နေခြင်း ဖြစ်ပါသည်။








ထို့ကြောင့် ပုံကြည်လင် ပြတ်သားသည့် ဧရိယာ ( Depth of Field ) သည် အလွန်ပါး သော ( Shallow Depth of Field) ဖြစ်ပါသည်။ ဤ သို့ Depth of Field ပါးသည့် အတွက် အထက်တွင် ဖေါ်ပြ ခဲ့ သလို Subject သည် Focused Plain မှ ရှေ့  သို့  မဟုတ် နောက် သို့  One Centimeter မျှ နေရာ ပြောင်း သွားသည် နှင့် ပုံ၏ ပြတ်သား မှု လျှော့ သွား မည် ဖြစ်ပါသည်။


အကယ်၍ Aperture ကို f – 7.1 မျှ ကျစ် လိုက်ပါလျှင် အကယ်၍ ငှက် က Plane of Focus အတိုင်း အလျှား လိုက် မရှိဘဲ အနည်း ငယ် စောင်း သွားပါက ခေါင်းရော အမြီး ပါ ပြတ် သား နိုင်ပါမည်။ သို့ သော် နောက်ခံ ၀ါး မှု ( Bokeh ) လျှော့ သွားနိုင်ပါသည်။

အောက်ပါနမူနာ Diagram ကို ကြည့်လျှင် Subject ရွှေ့လျှား မည် ဟု  မှန်းဆ ထားသည် မီးခိုး နု ( Light Gray ) အရောင် ချယ် ထားသည့် နေရာကို Focus ယူထားသည်။ Subject သည် မှန်းဆ ထားသည့် အတိုင်း (A) နှင့် (B) အကြား ရှိ ဧရိယာ အတွင်း ရွှေ့ လျှား ပါက Focus ပြတ်သား လိမ့် မည်။

အကယ်၍ ထို ဧရိယာ အပြင် ဘက် ဖြစ်သည့် (A) သို့ မဟုတ် (B) ဧရိယာ အပြင်ဘက် သို့ ရောက်သွား လျှင် ပြတ်သား မှု လျှော့ ကျ သွားလိမ့်မည်။


Bird in flight Phtography တွင် ဤ သည်မှာ မူ ကံ အကြာင်း တရားသာ ဖြစ်သည်။ မိမိ ပ မည်သို့ ဖန် တည်း ၍ မရ ကော ကိစ္စ ရပ် သာ ဖြစ်ပါသည်။
  




 အောက်ပါပုံ  ကဲ့ သို့ အသိုက် မှ အထွက် အ၀င် လုပ်သည့် ငှက် ကို ရိုက်ရာ တွက် Focuing ကြိမ်းသေ စေရန်  ငှက် ခေါင်းပြူ နေသည့် အပေါက် အား Focus အသေ ယူ ထားသည်။ Continuous Focusing ယူ၍ ရိုက်လေ့ မရှိကြပါ။ အဆိုပါ အပေါက် ရှိရာ သစ်ကိုင်း နှင့် တစ်ညီ တည်း ပျံ ထွက် လျှင် ပုံ သည် ပြတ်သား လိမ့် မည်။ အကယ်၍ ငှက်သည် မှန်းဆထားသည့်  Focused Plane အတိုင်း မပျံ ဘဲ ဘယ် သို့ မဟုတ် ညာ ဘက်သို့  ဖေါက်ထွက် သွားပါက ပြတ်သား မှု လျှော့ သွား လိမ့် မည်။




အဆိုပါ ရိုက် နည်းသည် လှုပ်ရှား နေသည့် Subject နောက်သို့ Tracking မလိုက်ဘဲ  မိမိ ရိုက်မည့် နေရာ ၏ ဧရိယာ ကို အသေ သတ်မှတ် ကာ Fixed Area Focus ကြို ဖြတ် ထားသည့် နည်း ဖြစ်သည်။


ဤ ရိုက် နည်း သည်  Bird in flight Phtography ရိုက်နည်းတွင် လူသက်သာ  သည့်နည်း တစ်နည်း အားဖြင့် လွယ်ကူစွာ ပုံကောင်း ရနိုင်သည့် နည်း ဟု ဆိုရပါမည်။ Camera Setting သာ မှန် ရန် နှင့် လက်မြန် ရန်သာ   လိုပါသည်။


ရွှေ့ လျှားနေသည့် Subject ကို တောက်လျှောက် Tracking လိုက်ခြင်း။ 


ကားပြိုင်ပွဲ၊ အပြေးပြိုင် ပွဲ တို့  တွင် Subject ၏ ဦး တည်ရာ တစ်ဘက်ထည်း  သို့ ရွှေ့ လျှားရာ နေသည့် Subject များအတွက် မူ ရွှေ့ လျှားမည့် နေရာ ကို အတိ အကျ သိ နိုင်သဖြင့် Focus Area ကို အသေ ချိန် ထား၍ ရသည်။ သို့ ရာ ၊ ဘောလုံး ပြိုင် ပွဲ ကဲ့ သို့ ဦးတည်ရာ နေရာ အမျိုးမျိုး သို့ ရွှေ့ လျှားနေသည့် Subject  အတွက် မှာမူ  ရွှေ့ လျှားရာ ဦး တည် မှု ကို ပုံသေ မှန်း၍မရ နိုင်ပါ။


ခေတ်ပေါ် DSLR များတွင် ပါရှိသည့် Continuous Focusing  မှာမူ Subject ၏ ရှေ့ နောက် ပြောင်းလဲ ရွှေ့ လျှား မှု ကို ကင်မရာ က လိုက်ကာ Focus လုပ် သည် နည်း ဖြစ်ပါသည်။ ရွှေ့လျှားနေသည့် Subject ကို ယင်း ရွှေ့ လျှား နေသည် နောက် လိုက် ကာ ကြိုတင် ခန့် မှန်းကာ Predictive Focus လုပ် ပေးသည့် Continuous Focusing Mode ဖြစ်ပါသည်။

ဤနည်း မှာ Subject အား Focus မှတ် ပေးလိုက် ရန် အတွက် Subject အပေါ် Focus Point ထောက်ကာ Shutter-Release Button  ကို တစ်ဝက် နှိပ် ထားပါက ကင်မရာ သည် Predictive focus tracking စနစ် ဖြင့် ရွှေ့ လျှားနေ သည့် Subject ၏ နောက် သို့ လိုက်ကာ တောက်လျှောက် Focus လုပ်နေပါ လိမ့် မည်။ Focus မိသည် ဖြစ်စေ၊ မမိ သည်ဖြစ်စေ Shutter-Release Button ကို နှိပ် ကာ ရိုက် နိုင် သည့် နည်း ဖြစ် ပါသည်။

ဤ နည်းတွင် သတိပြု ရမည့် အရေး အကြီးဆုံး အချက်မှာ ပျံနေသည့် ငှက် -ပေါ်သို့ AF ( C) ၏ Active Focus Point ကို  အမိ အရ ထောက် လိုက် နိုင်ရန် ဖြစ်သည်။ 

ဤသည်မှာ လူ က ကင် မရာ အား “  ငါ ..ဒီ Subject ကို Tracking လိုက်မယ်။ မင်း တောက် လျှောက် လိုက် ပြီး Focus လုပ် ပေတော့ “ လို့ ခိုင်း လိုက် ခြင်း ပင်  ဖြစ်ပါသည်။ 


မိမိ ကလည်း တစ်ချိန် တည်း မှာ ပျံသန်း ရာ လမ်း တစ်လျှောက် ကို Panning လိုက်ပေးရပါမည်။  အောက် ပါ နမူ နာပုံ ကို ကြည့်ပါရန်။

အချို့ သော သူ များ အနေနှင့် AF – ( C ) နှင့် ရိုက် လျှင် Active Focus Point သူ့ အလိုလို Subject ကို သွားထောက်  လိမ့် မည် ဟု ထင်ကောင်း ထင်ကြပါ မည်။ ဤ သို့ မဟုတ်ပါ မိမိ က ထောက် ပြီး ကင်မရာ ကို ခိုင်း ရ မည် ဖြစ်ပါသည်။ မိမိ က ခိုင်း မှ သာ ကင်မရာ ကလည်း ခိုင်း သလို လုပ် ပါ လိမ့်မည်။ Focus မိလောက် သည့် အနေ အထားတွင် မူ Camera Firmware က Subject ဖြစ်သည့် ငှက် ကို မှတ်မိ သွား လျှင်  51-Point အတွင်း အလိုလို လိုက် ကာ Focus ဖမ်း ပါလိမ့် မည်။ 



" ဇရက် အခုန် ၊ လက် အတုန် "  Shot.


တစ်ခါ တစ်ရံ တွင် ကျေးလက် ဒေသ များ တွင် ဆိုလေ့ ရှိသော -

" ဇရက် အခုန် ၊ လက် အတုန် " ကံစွပ် ကာ မိ လိုက် သည့် ရိုက်ချက်များ လည်း ရှိတတ် ပါသည်။

အထက်ပါ စကား ရပ် ၏ ဆိုလို ရင်း မှာ - ကျေး လက်ဒေသများ ၌ လောက်လေး နှင့် ဇရက် ငှက် ပစ်ကြရာ တွင် ပစ် စဉ် က လက်တုန် လို့ လွဲ နေသော်လည်း ဇရက် က ခုန် လိုက်သောကြောင့်  ပစ်မှတ် အတွင်း ရောက်လာကာ  လောက်စာ ထိမှန် ရ သည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ အမှား နှစ်ခု ပေါင်း ၍ အမှန် ဖြစ် ရသည့် သဘော မျိုးပါ။

တစ်ခါ တစ်ရံ Background အလွန် ရှင်း လင်းသည့် ရေပြင် ကဲ့ သို့ နေရာ များတွင် အလွန် မြန်သော Common Kingfisher, Bee-eater, Swallow ကဲ့ သို့ ငှက် များ ဖြတ် ကာ ပျံ သန်းနေသည်ကို AF(C) , Dynamic-51 point ရှိ Active Focus Point  ဖြင့် အတိအကျ ထောက် နိုင်ခြင်း မရှိဘဲ  မှန်း ကာ  Tracking လိုက် စေကာ မူ ပြတ်သားသည့် ပုံ အချို့ ရတတ်ပါသည်။

အောက်ပါ ပုံ ၏ Background ရေပြင် ကဲ့သို့  နောက်ခံ အလွန် ရှင်းနေပါ မူ AF (C) ၏ Subject နောက် ကို လိုက်ပြီး Focus လုပ်ပေး သော  Active Focus Point သည် ရေပေါ် ဖြတ်ပျံ နေသည့် Common Kingfisher ကဲ့ သို့ သေးသေး နှင့် မြန် မြန် ငှက် အနီး သို့ ရောက် တယ် ဆို ရုံ မျှ ပို့ လိုက် နိုင် ရုံ နှင့် Active Focus Point သည် Subject  ကို ပြေး ကပ်ကာ  Focus တစ်ခါ တည်း အမိ ဖမ်း ပေး ပါသည်။ 

Active Focus Point သည် Subject နင့် အတော် ဝေး နေလျှင် သော် လည်း ကောင်း ၊ နောက် ခံ သည် အလွန် ရှုပ်ထွေး နေသည့် တော အုပ် ကဲ့ သို့ Background ကို ဖြတ် ကာ အလွန် လျှင်မြန်စွာ ပျံ နေပါမူ Active Focus Point က Subject နှင့် အတော် အသင့် နီးနေစေကာ မူ မည်သည့် အရာ ကို Focus လုပ် ရမှန်းမသိဘဲ ပိုမို ထင်ရှားသည့် Background တော အုပ် ကိုသာ Focus ဖြတ်လေ့ ရှိ ပါသည်။

မည်သည့် ရှုပ်ထွေး မှု မှ မရှိ သော Background တွင် AF (C) ၏ Active Focus Point သည် ငှက် အနီး တွင် မည်သည့် အရာ ကို မှ ဖမ်း စရာ မရှိ သောကြောင့် ပျံ နေသည့် ငှက်ျနာက် ကို လိုက် ကာ ဖမ်း လိုက်ခြင်း ဖြစ်ပါသည်။ 


 နောက် ခံ သည် အလွန် ရှုပ်ထွေး နေသည့် တော အုပ် ကဲ့ သို့ Background ကို ဖြတ် ကာ ပျံနေသည့် Gray Heron ကဲ့ သို့ ငှက်ကြီးမျိုး ကို ရိုက်ပါလျှင်မူ Active Focus Point ကို ငှက် အပေါ် တတ် နိုင်သမျှ ရ အောင် ထောက် ရန် လိုပါသည်။ ထောက်၍ လည်း မခက်လှပါ။ Common Kingfisher ကဲ့ သို့ အလွန် မြန် သည့် ငှက် ကိုမူ Active Focus Point နျင့် မိအောင် အထောက် ရ အလွန် ခက်ပါသည်။

 အောက်ပါ ပုံ မှာ " ဇရက် အခုန် ၊ လက် အတုန်  " ပုံ မျိုး ဖြစ်ပါသည်။





အထက် ပါရေ ပြင် ကဲ့ သို့ မည်သည့် ရှုပ်ထွေး မှု မှ မရှိ သော Background တွင် ပျံ နေသည့် ငှက် ကို Active Focus Point ဖြင့်  တိုက် ရိုက် ထိ အောင် ထိုး နိုင်ခြင်း မရှိစေကာမူ ငှက် အနီး သို့ Active Focus Point ရောက် သွားလျှင် သို့ မဟုတ် ငှက် က Active Focus Point ကို ၀င် တိုး လျှင်လည်း  ပြတ် သား သည့် ပုံ ရတတ်ပါသည်။ 

နောက် ခံ ရှုပ်ထွေးနေသည့် တောအုပ် ကဲ့ သို့ နေရာ မျိုး ကို ဖြတ်ပျံ လျှင် မူ " ဇရက် အခုန် ၊ လက် အတုန်  "  အခွင့် အရေး မျိုး ရ ရန် အလွန့် အလွန် ခက်ပါမည်။ 



အမိ အရ Tracking လုပ် ခြင်း။


သို့ ရာ တွင် Active Focus Point ထောက်မိတိုင်း Focus ပြတ်သားစွာ ရရန် မျှော် လင့် ၍မရပါ။ Tracking လိုက် သည့် ငှက် သည် ပျံလွှား ကဲ့ သို့ အရောင် မှိုင်းမှိုင်း ၊ Bee-eater စသည် တို့ ကဲ့ သို့ အရောင် အစိမ်း ညို့ ရောင် အကောင် သေးသေး လေးများက မြန်လှသည့် အရှိန် နှင့် အစိမ်းရောင် တော အုပ် နောက် ခံ ကို ဖြတ် ၍ ပျံ သန်း ပါက Tacking လိုက် ရာ တွင် Active Focus Point ထောက် ရ ခက် သကဲ့ သို့ အကယ်၍ ကံကောင်း ထောက်မ စွာ Active Focus Point ထောက်မိစေကာမူ  Camera Firmware က လည်း  နောက် ခံ နှင့် ငှက် ကို ခွဲ ခြားကာ မှတ် ရန် ခက် သဖြင့် Focus မိ ရန် အလွန် ခက်သည်ကို တွေ့ ရပါသည်။ 

နောက် ပိုင်းပေါ်သည့် ကင်မရာ များ တွင် Active Focus ကို ယခင်က ကဲ့ သို့ တစ်ခု ထည်း မဟုတ်ဘဲ Group အလိုက် ပါသည်ဟု သိရပါသည်။ AF-( C ) သုံး ရ ပို လွယ် လာပါသည်။





သို့ မဟုတ်ပါက ကင်မရာ က ဘာကို Tracking လုပ် ရမည် ကို သိမည် မဟုတ်ပါ။

ခပ်ကြီးကြီး ၊ ခပ် နှေးနှေး ပျံနေသည့် ငှက် ကို Active Focus Point  လိုက် ထောက်ရသည်မှာ လွယ် ပြီး ကင်မရာ Firmware ကလည်း မိမိ ခိုင်း သည် ကို လွယ်ကူ စွာ မှတ် နိုင်ပါသည်။


သို့သော် အလွန်သေးပြီး အလွန် မြန်သည့် Common Kingfisher ကဲ့ သို့ ငှက် များကို Active Focus Point   လိုက် ထောက်ရာ တွင် မူ အလွန့် အလွန် ခက်ပါသည်။ ကျွန်တော့် အတွေ့ အကြုံ အရ မူ Bird in Flight Photography တွင် အခက်ဆုံး Tracking  လိုက် ရ သည့် ရိုက် နည်း  ဖြစ်ပါသည်။

အလွန် မြန် စွာ ပျံနေသည့် Subject ဖြစ်သော Common Kingfisher သေးသေး အပေါ် အလွန် တိုတောင်း လှသည့် အချိန် အတွင်း Active Focus Point ထောက် ရ အလွန် ခက်ပါသည်။ သို့ ရာ တွင် ခပ်ဝေးဝေး တွင် ပျံနေပါက Frame ထဲ တွင် ငှက် ရှိနေချိန် ကြာ သဖြင့် AF- ( C ) ဖမ်းရ လွယ်ပါသည်။

အခြား တစ်ချက် မှာ အလင်းရောင် ဖြစ်ပါသည်။ အလင်းရောင် ကောင်းစွာ ရပါ က Camera sensor သည် Signal ကို လျှင် မြန်စွာ ရသည့် အတွက် Camera Firmware က အမြန် ဆုံး မှတ် ချိန် ရသည်။ ထို့ အတွက် Active Focus Point ကို Subject အနီး သို့  တော်သင့် ရုံ ထောက် လိုက် ရုံ မျှ ဖြင့် Firmware က သူ ဘာ လုပ်ရမည် ကို ချက်ခြင်း သဘောပေါက် သည်။ 


အလင်းရောင် နည်းပြီး အလွန် သေးသည့် ငှက် ဆိုပါက  အတော် ခက် ရာ ခက် ဆစ် Focus ဖမ်းရသည်။ Camera Firmware က အတော် ချိန် ယူ ကာ ဆုံးဖြတ်သည်။ အလွန်အ မြန်ပျံ သည့် ငှက် ဆိုပါ က ကင်မရာ က Focus မဖမ်း နိုင်မှီ ငှက် က မြင်ကွင်း အတွင်း မှာ ရှိတော့ မည် မဟုတ်ပါ။

ဤ နေရာ တွင် 600 mm Prime Lens များ နှင့် Third Party Lens များ ဖြစ်ကြသည့် Tamron, Signma 150-600 mm တို့ စွမ်းဆောင် နိုင် ရည် များစွာ ကွာသည်။ အလင်းရောင် နည်း သဖြင့် Tamron, Signma 150-600 mm တို့ လက်မှိုင် ချ ရ သည့် အချိန် တွင် 600 mm Prime Lens တွေ က Light Signal ကို ပိုရသည့်အတွက် ကောင်းစွာ ရိုက်နိုင်သည်။ ပုံ အသေးစိတ် လည်း ထွက် ဆဲ ဖြစ်သည်။


 ဒေါ် လာ သောင်းဂဏန်း အတော် ကော်ျကျော် ပေးရသည်မှာ အဆိုပါ အတွက် ဖြစ်သည်။ ကင်မရာ ကုမ္ပဏီ များကလည်း သူ့ နေရာ နှင့် သူ လို အပ် သော အစွမ်း သတ္တိ ရှိသဖြင့် အဆိုပါ ဈေးကြီးလှသော Lens ကြီးများ ကို ထုပ် လုပ် နေခြင်း ဖြစ်သည်။ 


Wildlife, Macro ကဲ့သို့ ဓါတ်ပုံ များ ရိုက်ရာ တွင် ပစ္စည်း ပစ္စယ ၏ အထောက်အပံ့ ၏ အကူ အညီ များစွာ လိုပါသည်။ သူတို့ အကူ အညီကြောင့် မိမိ ရိုက် လိုသည်ကို များစွာ ပင်ပမ်း မှု မရှိဘဲ ရိုက် နိုင်သည်။  သူ တို့ အကူ အညီ မပါက မဖြစ်နိုင် ဟု မဆို နိုင်စေကာ မူ အသေအလဲ ကျိုးစားရမည်။ ကံ ကောင်း ထောက်မ မှ ပုံ ရ နိုင်မည်။ 


Macro Lens မရှိ ဘဲ မည်သို့ မှ အရည် အသွေး မြင့် သည့် Macro ပုံ များ မရ နိုင်သကဲ့ သို့ Long Tele မရှိ ဘဲ မည်သို့ မှ လူ  အနား ကပ် ခံ ခြင်း မရှိသည့် ငှက် နှင့် တော ကောင်းများကို ရိုက် နိုင် မည် မဟုတ်ပါ။ ထို့ အတူ Frame advance rate မြင့် သော ကင်မရာ မဟုတ် မူဘဲ လျှင် မြန်စွာ ပျံ သန်းနေသည့် ငှက် ၏ Wings flapping ပုံစံ အမျိုး မျိုး ကို ဖမ်း ကာ စိတ်ကြိုက် အကောင်းဆုံး ပုံ ကို ရွေး နိုင်ရန် အခွင့် အရေး အလွန် နည်း ပါလိမ့် မည်။


ထို့ ကြောင့်  " ပစ္စည်း ပစ္စယ "    များသည်  သက်မဲ့ များ ဖြစ်စေကာမူ ကျွန်တော်သည် သူတို့ ကို ကျေးဇူး တင်သည်။ ကင်မရာ နောက် က " ငါ " သာ လျှင် အဓိက လို့ မည်သည့် အခါ ကမှ မဆိုပါ။ ကျွန်တော် ၏ ရဲ ဘော် ရဲ ဘက် " ပစ္စည်း ပစ္စယ " များကို အစဉ် လေးစားသည်။ ပုံ ကောင်း တစ်ပုံ ရ ခြင်း မှာ " ငါ " ၏ကျိုး စားမှု တင် သာ တင်မက " သူတို့ " အကူ အညီ လည်း ပါသည် ဆိုသည့် အမြင် ကို အစဉ် ဆင်ခြင် သည်။

 Tracking လိုက်ရာ တွင် Plane of Focus အတိုင်း ပျံ နေသည့် ငှက် ကို Tracking လိုက်ရာ တွင် မခက်ခဲ လှပါ။ သို့ သော် Plane of Focus မှ ရှေ့ သို့ မဟုတ် နောက် သို့ အချိန် တို အတွင်း လမ်းကြောင်း ပြောင်းကာ ရုပ်ချဉ်း    အကွာ အဝေး  များစွာ  ပြောင်း လဲ ပျံ လိုက်မည်ဆိုပါက Focus Tracking အလွန် ခက် ပါသည်။

ဥပမာ Common Kingfisher ကဲ့သို့ ငှက်သေးသေး ကလေးများ က ကင်မရာ ကို ဦးတည် ကာ အမြန် ပျံ လာခြင်း ကဲ့ လျှင် မြန်လှသည့် Focal Length အပြောင်း အလဲ ကို Lens focusing moter အမှီ လိုက် ချိန် ရန် အလွန် ခက်ပါသည်။   ဤကဲ့ သို့ အခြ အနေ မျိုး တွင် 600 mm Prime Lens ကြီးများပင်လျှင်  Focus  လိုက် ဖမ်းရန် ခက်ပါသည်။ အကောင် ကြီး ပြီး ခပ်နှေးနှေး ပျံ သည့် ငှက် ကို မူ များစွာ မခက်လှပါ။


 ရှေ့ နောက် ပြောင်းလဲ ရွှေ့ လျှား မှု ကို Focus Tracking လုပ်ခြင်း

Subject ရှေ့ နောက် ရွှေ့ လျှား မှု များ၏ နေရာ ပြောင်း လဲမှု ကို လိုက်ကာ Focus လိုက် လုပ်ပေးသည့် Focus Tracking အကြောင်း မရေး မှီ ကင်မရာ Focusing စနစ်များ နှင့် ပတ်သက်၍ အကြမ်း ဖျဉ်း ရှင်းလင်း လိုပါသည်။ ကင်မရာ Auto Focusing စနစ်တွင် Active Auto Focus နှင့် Passive Auto Focus ဟူ ၍ စနစ် နှစ်မျိုး ရှိပါသည်။


Active Auto Focus.

Active Focus စနစ် သည် ကင်မရာက Infrared ကို Subject ထံသို့ ထုတ်လွှတ် လိုက်ပါသည်။  Subject မှ Bounce ဖြစ် လာသည့် Signal ဖြင့် ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေးကို  တွက်ချက်ကာ  Lens အား  မည်သို့ Focus လုပ် ရန် စေခိုင်း သည့် Focusing စနစ်သည် Active AF  ဖြစ်ပါသည်။  ည အချိန် Flash နှင့် ရိုက် လျှင် Flash မှ အနီရောင် Infrared ထုတ်လွှတ်ကာ Focus လုပ်ခြင်းသည် Active Auto Focus ဖြစ်ပါသည်။

Active Auto Focus ၏ အားသာ ချက်မှာ ပုံမှန် Passive AF လုပ်ဆောင်၍မရသည့် အလင်းရောင် များစွာ နည်း သည့် နေရာ များတွင် Focusing လုပ် နိုင်ခြင်း ဖြစ် ပါသည်။ အားနည်း ချက်မှာ Active Auto Focus သည် ငြိမ်နေသည် Subject များကို Focus လုပ် နိုင်ပါသည်။ အလွန် ဆုံး ၁၅ ပေ နှင့် ပေ ၂၀ ခန့် အကွာ ရှိ Subject များကို သာ Focus လုပ်နိုင်ပါသည်။

Passive Auto Focus.
Passive Auto Focus စနစ် သည်  Active AF နှင့် များစွာ ကွာပါသည်။ Passive Auto Focus စနစ် သည် Infrared ကို အားကိုး ကာ ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေးကို တိုင်း ထွာ ပြီး Focus လုပ် ခြင်း မဟုတ်ဘဲ Light Contrast ပေါ် မူတည်ကာ Focus လုပ်ခြင်း ဖြစ်ပါသည်။စ နစ် တွင် လည်း နည်း နှ စ် မျိုး ရှိပါသည်-

-      ပထမ နည်းမှာ Lens ကို ဖြတ်ကာ ၀င်လာသည့် အလင်း ( Light ) အား  ကင်မရာ Sensor က ဖမ်းယူ ( Detect )လုပ်ကာ Light မှ ထွက် ရှိသည့် Contrast များ အလိုက် တွက်အချက်၍ Focus လုပ် သည့် နည်း ဖြစ်ပါ သည်။ ယင်းကို “ Phase Detection “ နည်းဟု ခေါ် ပါသည်။

-      အခြား နည်း မှာ ကင်မရာ Sensor က Lens မှ ၀င်လာသည့် Image ပေါ်ရှိ အပြတ်သားဆုံး  အလင်းရောင် ၏ Contrast ကို မှတ်ကာ Focus လုပ် သည့် နည်း ဖြစ်ပါသည်။ ဤ နည်းကို “ Contrast Detection “ နည်းဟု ခေါ်ပါသည်။

အကယ်၍ Image သည်မှုန် ၀ါးနေပါ ကင်မရာ၏ Auto Focus System က Lnes အား ပုံ ရိပ် ပြတ်သား စေလာသည်အထိ Focus လုပ်ရန် စေခိုင်း သည့် နည်း ဖြစ်ပါသည်။ ထို့ ကြောင့် Passive AF စနစ် တွင် ကင်မရာ က Focusing ကောင်းစွာ လုပ် နိုင်စေရန် လိုအပ်သည့် အလင်း Contrast ပမာဏ ကောင်း မွန်စွာ ရ ရှိ ရန် လိုပါ သည်။

နောက် ပိုင်းပေါ်သည့် Mirrorless Camera နှင့် Compact ကင်မရာ များသည် Passive AF  စနစ် များ ဖြစ်ကြ ပါသည်။

ခေတ်မှီ DSLR ကင်မရာ များသည် Active AF ရော Passive AF ပါ စနစ် နှစ်မျိုး စလုံး နှင့် Focus လုပ်ပါသည်။ DSLR များတွင် မူ Mirror ကို မ တင် ထားသည် အချိန်တွင်သာ Contrast Detection နည်း ဖြင့် Focus လုပ် ပါသည်။ တစ်နည်းအားဖြင့် Live View Mode တွင်သာ Contrast Detection Focus လုပ်ပါသည်။ Contrast Detection Focus သည် ငြိမ်နေသည့် Subject များကို ရိုက်ရာ တွင် များစွာ အသုံး ၀င်ပါသည်။  Focus လုပ်ရာ တွင် နှေး ပါသည်။ သို့ရာတွင်  Phase Detection စနစ် ထက် ပို၍ တိကျ မှု ရှိပါသည်။  ဤ Focusing စနစ်များသည် ကင်မရာ Sensor က ၄င်းပေါ် ကျရောက် လာသည့် Light  Signal ကို မှတ် သားပြီး Lens ကိုအပ်သလို Focus လုပ် ခိုင်း ခြင်း ဖြစ်ပါသည်။

ဥပမာ အားဖြင့် ပျံသန်း နေသည့် ပျံ နေသည့်  ငှက် ကဲ့ သို့ Moving Subject များ ကို ရိုက်ရာ တွင် မူ Phase Detection Focusing စနစ် ဖြင့်သာ လျှင် Focus လုပ် နိုင်ပါသည်။ ကင်မရာ ရှိ အဆိုပါ Mode  နှင့်ပတ်သက် သည့် Setting လုပ် လိုက်လျှင် ကင်မရာ Firmware  က လိုအပ်သည်များကို အလိုအလျှောက် လုပ်ဆောင် သွားပါ လိမ့် မည်။


Focus Tracking အတွက် ကင်မရာ တွင် Setting လုပ်ခြင်း။

ကင်မရာများ တွင် ယေဘူယျ အားဖြင့် ဓါတ်ပုံ ရိုက်သူက မည်သို့  သော ပုံစံမျိုး နှင့် Focus လုပ် လိုသည်ကို ရွေး ချယ် နိုင်သည့် Autofocus Mode  နှင့် မည်သ ည် နေရာ များ အား Focus လုပ် လိုသည်ကို ရွေးချယ် နိုင်သည့်  အတိုကောက် အားဖြင့် ( AF-Area Mode ) ဟု ခေါ်သော Auto Focus Area Mode ဟူ ၍ နှစ်ပိုင်း  ရှိပါသည်။

Autofocus Mode တွင်-



အမှတ်စဉ်
အတိုကောက်
ဆောင်ရွက် မှု
1.
AF-A
Auto–servo AF
Subject ငြိမ်နေစဉ် ကင်မရာက အလို အလျှောက် Single-Servo ဖြင့် Focus လုပ်မည် ဖြစ်ပြီး  သာမန် ရွှေ့ လျှားသည့် အချိန် တွင် Continuous-servo သို့ အလိုအ လျှောက် ပြောင်း ကာ Focus  လုပ် ပေး သည့် Mode ဖြစ်ပါသည်။ ကင်မရာ Firmware က သူ့ ဟာ သူ ဆုံး ဖြတ်ကာ Focus လုပ် ပါ လိမ့် မည်။
Focus Points များသည်  တစ် ဘက် ဇယား ရှိ ပုံပါ Points  များ အတွင်း ၌  ကင်မရာ Firmware ကဆုံးဖြတ်ပေးသကဲ့ သို့ ပြောင်းလဲ နေပါ လိမ့်မည်။

2.
AF-S
Single –servo AF
လှုပ်ရှား မှု မရှိဘဲ ငြိမ်နေသည့် Subject ကို Single Point ဖြင့် Focus လုပ်ကာ  ရိုက်သည့် Mode ဖြစ်ပါသည်။ လို သည့်နေရာ သို့ တစ်ဘက် ဇယား ကွက် ပါ အလယ် ရှိ Focus Point လေးကို ရွေ့ ယူ နိုင်ပါသည်။
Shutter-Release Button ကို တစ်ဝက် နှိပ်ထားပါက Focus Lock ဖြစ်သွားပါ လိမ့်မည်။ In-Focus Indictor ပြ ၍ Focus မိမှသာ Shutter-Release Button ကို အဆုံး နှိပ် နိုင် ပါလိမ့် မည်။

3.
AF-C
Continuous-servo AF
ရွှေ့လျှားနေသည့် Subject ကို ယင်း ရွှေ့ လျှား နေသည် နောက် လိုက် ကာ Focus လုပ် ပေးသည့် Continuous Focusing Mode ဖြစ်ပါသည်။ Shutter-Release Button  ကို တစ်ဝက် နှိပ် ထားပါက ကင်မရာ သည် Predictive focus tracking စနစ် ဖြင့် ရွှေ့ လျှားနေ သည့် Subject ၏ နောက် သို့ လိုက်ကာ တောက်လျှောက် Focus လုပ်နေပါ လိမ့် မည်။ Focus မိသည် ဖြစ်စေ၊ မမိ သည်ဖြစ်စေ Shutter-Release Button ကို နှိပ် ကာ ရိုက် နိုင်ပါသည်။



AF-Area Mode

Area Mode တွင်မူ  Niko D-7000 ၏ View Finder တွင် တွေ့ ရမည် မြင်ကွင်း  ကို အောက် ပုံ တွင် ပြထားပါသည်။ D-7000 Manual တွက် ပါရှိသည့် ပုံ ကို ပြန် ရိုက်ကူး ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။






-      9-Point dynamic –area AF, ( အပြေး ပြိုင် ပွဲ တွင် များစွာ မမြန် လှဘဲ ဦးတည်ရာ တစ်ဘက်ထည်း သို့ ပြေးနေသည့် သီးခြား Subject  များ အားရိုက် ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

-      21-Point dynamic –area AF, ( ဘောလုံးပွဲ ကဲ့ သို့ ဦးတည်ရာ အမျိုးမျိုး သို့ မြန် ဆန် စွာ ပြေးနေသည့် Subject  များ အားရိုက် ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

-      39-Point dynamic –area AF, (အလွန်လျှင် မြန်စွာ စွာရွှေ့လျှားနေသော ကြောင့် Frame လုပ်ရန် ခက်သော အရှိန် နှင့် ပျံသန်း နေသည့် ငှက် များကိုရိုက်ရန်  သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

AF-C – Continuous Focusing လုပ်ရန်အတွက် အထက်ပုံ ပါ AF-S မှ လွဲ ၍ ကျန်သော Area Mode များ နှင့် တွဲသုံး နိုင်စေကာမူ အစိမ်းရောင်ဖြင့် အရောင် ချယ်ပြ ထားသည့်  9-Poins, 21-Points, 39-Points Area Mode များ နှင့် တွဲ သုံး ခြင်း သည် အမှား အနည်းဆုံး ဖြစ်ပါသည်။

အထက်ပါ Dynamic Mode တွင် အထက်ပုံ တွင်သာ 9-Poins, 21-Points, 39-Points ပြထားစေကာမူ အမှန် တကယ် View Finder တွင် ကြည့် လျှင် Active ဖြစ်နေသော Point လှုပ် ရှားနေသည် ကိုပင် မြင်ရမည် ဖြစ်ပါသည်။

အကြမ်း အားဖြင့် ဆိုရပါ မူ အရှိန် မြန်မြန် နှင့် ပျံသန်းနေသည့် အကောင် သေးသေး ငှက် များကို  Auto Focus Mode, AF-C နှင့် AF Area Mode, 39-Point တို့ တွဲ သုံး သင့်ပါသည်။
နောက်ပိုင်း ကင်မရာ များဖြစ်သော D 7100, D 4, D4s စသည် တို့ တွင် AF Area Mode, 51-Point ဖြင့် သုံး သင့်ပါသည်။

အကောင်ကြီးကြီး နှင့် ခတ် လေးလေး ပျံနေသည့် လင်းဒ ကဲ့သို့ ငှက်များ အတွက် မူ များ AF-Area Mode Point နည်းနည်း နှင့် လည်း သုံးနိုင်ပါသည်။

Camera Settings

ကင်မရာ Setting မှာ မူ ပုံသေ ထားလေ့ မရှိကြပါ။ အခြေအနေပေါ် လိုက်ကာ စိတ်ကြိုက် Setting လုပ်လေ့ ရှိကြပါသည်။ အသိုက် အ၀င်အထွက် ရိုက်သော ပုံသေ Focus ဖြတ်ထားကာ Manual Focus ဖြင့် ရိုက်ကြသည့် အချိန် မျိုးတွင် မူ Background Distraction မရှိစေရေး အတွက် Aperture ကို မိမိ Lens ၏ အကျယ် ဆုံးသော Aperture ကို ဖွင့် ထားသူများ ရှိပါသည်။ မိမိ ရိုက် မည့် နေရာ မှ နေ၍ Sibject ၏နောက် ရှိ Background သည် လှပ ခြင်း ရှိမရှိ၊ Bokeh ရှိနေစေကာမူ တောက် ပနေသည့် အကွက်များ၊ ရုပ်ဆိုးသည့် အလွန် မဲနေသော အကွက် များရှိ နေခြင်း  ရှိမရှိ ကြိုတင် စစ် ဆေး ထားရန် လိုပါသည်။

ကျွန် တော့် အနေနှင့် မူ Shuter Speed ကို 1/1600 မှ 1/2000 အတွင်း Priority ထားကာ ရိုက် ရာ တွင် lens သည် Focal Length အဆုံးဖြစ်သော  400mm ၌ ၄င်း အကျယ် ဆုံး ဖွင့် နိုင်သည့် f-5.6 ကို အလို အလျှောက် ဖွင့် ပြီးသား ဖြစ်ပါသည်။ Tamron , Sigma 150-600 mm တို့ တွင် မူ 600 mm တွင် အကျယ် ဆုံး ဖွင့် နိုင်သည့် Aperture မှာ f – 6.3 ဖြစ်ပါသည်။

600mm, f-4 ကဲ့ သို့ Prime Lens ကြီးများ မှာမူ Aperture f-4  ဖြစ်ပါသည်။

မိတ်ဆွေ အချို့ ၏ နောက်ဆုံး ပေါ် Canon Full Frame ကင်မရာ များ အနေနှင့်မူ Shutter Speep 1/4000 အထိ ထားကာ ငှက် တောင်ပံ ဖြား အပါအ၀ င် တစ်ကိုယ် လုံး ကို ပြတ်သား နေအောင် Freeze လုပ်ကြ ပါသည်။ တော်ရုံ တန်ရုံ  Camera Shake နှင့် Focusing အမှား အယွင်း ကို လည်း ထိန်း နိုင်ရန် ဖြစ်ပါ သည်။

ကျွန်တော် အပါအ၀င် အချို့ သော မိတ်ဆွေ များက မူ ငှက် တောက်ပံ အဖြား လေး တွင် Motion Blur မျိုးလေး ဖြင့် ၀ါးနေသည့်ကို ကြိုက် သဖြင့် Shutter Speed ကို  Shutter Priority 1/2000 ပတ်ဝန်း ကျင် တွင် ထားရိုက်ပါသည်။

ဤသည်မှာ ငှက် ပေါ် တည် ပါသည်။ အထက်က ပြော ခဲ့သော shutter Speed 1/200 Sec ဆိုသည် မှာ Sunbird ကဲ့ သို့ တောင်ပံ ခတ် နှုန်း အလွန့် အလွန် မြန် သည့် ငှက် များကို ရိုက်လျှင် တောင်ပံ အဖြား လေး တွင် Motion Blur ရှိ နိုင်ပါသည်။ သို့ ရာ တွင် Gray Heron ကဲ့ သို့ ငှက် ကြီး များ ကို ရိုက်လျှင် အားလုံး Feeze ဖြစ်သွားပါမည်။

Shutter Speed  အတော် အမြန် နှုန်း ဖြင့် ရိုက်ရသည့်အတွက် ISO တင် ရိုက်ရန် လိုပါသည်။ အလင်းရောင် ကောင်းစွာ ရပါမူ ISO များစွာ တင်ရန် မလိုဘဲ အလင်းရောင် နည်းပါက Shutter Speed နှင့် လိုက်လျှော ညီထွေ ရှိသည့် ISO တင်ရန် လိုပါမည်။ နောက်ဆုံးပေါ် ကင်မရာ များ အနေနှင့် ISO 6400 လောက်တွင် Noise မရှိသည့် ပုံ များရနိုင်ပါသည်။

အခြားသတိ ထား ရမည့် အချက် မှာ Subject ဖြစ်သော ငှက် သည် အလင်းရောင် တောက် နေသည့် ရေပြင် နေရာ နှင့် မှောင် ရိပ် ကျ နေသည့် ရေပြင်နေရာ တို့ တွင် ဖြတ်ကာ ပျံ သန်းပါက အလင်း/ အမှောင် (Exposure ) ပြောင်း သွားနိုင် သည်ကို သတိ ပြု ရန် ဖြစ်ပါသည်။

ဧရိယာ 8mm ကိုသာ အဓိက ထားကာ တွက်ချက်သည့် Center Weighted Metering ဖြင့် ရိုက် စေကာမူ အောက် ပါပုံ ကဲ့ သို့ တောက်ပသည့် ရေပြင် နေရာ (A) တွင် ငှက် ဒိုက်ဗင် ထိုးဆင်းပါ က အလွန် လင်းသည် ဟု ကင်မရာ Firmware က ယူဆ ကာ Exposure ကို လျှော့ ချ လိုက်ပါသည်။ ထို အချိန် တွင် Subject သည် မိမိ လိုသည့် Exposure မှ Underexpose ဖြစ်သွားပါ လိမ့် မည်။

မှောင်ရိပ်ကျ နေသည့်ရေပြင် နေရာ (B) တွင် ငှက် ဒိုက်ဗင် ထိုး ဆင်းပါ မူ မှောင် နေသည် ဟု ကင်မရာ Firmware က ယူဆ ကာ Exposure ကို တင်လိုက် လိုက်ပါသည်။ ထို အချိန် တွင် Subject သည် မိမိ လိုသည့် Exposure မှ Overexpose ဖြစ်သွားပါ လိမ့်မည်။




ထို့ ကြောင့် ငှက် ဒိုင်ဗင်ထိုး ဆင်း နိုင်မည် ဟု မိမိ မှန်း ထား နေရာ များ တွင် အစမ်း ရိုက်ကြည့် ကာ Exposure Compensation ကို ကြိုတင် ချိန် ထား ရန် လိုပါမည်။ ဤ နည်း မှာ ကျွန်တော် အနည်း ကပ် လေ့လာ ရသူ Mr. Lai ထံ မှ သင်ယူ ခဲ့ရသည့် အချက်များ ဖြစ်ပါသည်။


Focus Tracking ဖြင့် ရိုက်ကူးခြင်း။

ယခု ရေးသား မည့် Focus Tracking ဖြင့် ရိုက်ကူးခြင်း နည်း အများ စုမှာ ငှက် နောက် သို့ Follow လုပ်ကာ ရိုက် သည့် နည်း Panning သဘော မျိုး ဖြစ်ပါသည်။ အခြားခြားသော ပုဂ္ဂိုလ် များ အနေနှင့်လည်း အမျိုးမျိုး သော နည်း များ ရှိ နိုင်ပါသည်။

Focus Continuous Tracking ၏ အခြေ ခံ နည်း ဖြစ်သည့် -

(၁)    Frame တစ်ခု အတွင်း ၌ ရွှေ့ လျှားနေသည့် Subject ကို  ရွှေ့ လျှား ရာ နေရာ  အလိုက် ကင်မရာ Firmware က Subject နှင့် ကင်မရာ အကွာ အဝေးကို ထွက်ချက်ကာ အလို အလျှောက် Focus လုပ်ပေး သည့် နည်း နှင့်
(၂)   Subject နောက် သို့ ကင်မရာ Follow လုပ်ကာ ရိုက်သည့် Panning နည်း များ ရှိသည့် အနက် ဓါတ်ပုံ ပညာ ရှင်များ အနေနှင့် အခြေအနေပေါ် မူ တည် ကာ သန်ရာ သန်ရာ ရိုက်ကြပါသည်။
ပထမ နည်း မှာ Frame တစ်ခု အတွင်း ၌ သာ Tracking လုပ် ခြင်း ဖြစ်ပြီး ဒုတိယ နည်း မှာ ပျံ သန်းရာ လမ်း ကြောင်း တစ်လျှောက် လုံး ကို Tracking လုပ် သည့် နည်း ဖြစ်ပါသည်။ မိမိ ကြိုက် ရာ ကို လိုအပ် သကဲ့ သို့  ရိုက် နိုင်ကြပါသည်။

အောက်ပါ နမူနာ ပုံ (၁) မှ (၈) အထိ ကိုကြည့်ပါက ပုံ-(၁) မှာ သစ် ကိုင်းပေါ် တွင် နားနေသည့် ငှက် အား AF-C  Continuous-servo AF ဖြင့် ရိုက်ရန် Nikon D3 Dynamic-(51) Point ဖြင့် ငှက် ကို Focus Mark လုပ် ထားခြင်း ကို နမူနာ ပြထားခြင်း ဖြစ်ပါသည်။

ငှက် ရေ ထဲ သို့ စ ၍ ထိုးဆင်း သည် နှင့် အမဲ ရောင် ပြထားသည့် Focus Area အတွင်း  Mark လုပ်ထားသည် Subject ဖြစ်သော ငှက် ကို တောက်လျှောက် လိုက်ကာ Focus လုပ်နေပါ လိမ့်မည်။

သို့ သော် Dynamic-(51) Point ဧရိယာ ပြင် ပ သို့  Subject လွန် သွား လျှင် မူ မိမိက   Panning သဘောမျိုး ဖြင့် နောက် ကနေ လိုက် ရိုက် ရပါမည်။ ပုံ-(၄) မှ ရေထဲ သို့ ထိုး ဆင်းသွားသည့် ပုံ- (၈) အထိ မှာ Focus 51 Points ကို ကျော် သွားပြီ ဖြစ်သည့် အတွက် Panning သဘောမျိုး ငှက် နောက် ကို လိုက် ကာ ရိုက် ထားသည့် ပုံ များ ဖြစ် ပါသည်။


Subject ကို Tracking လိုက်ရာ တွင် Lens ကို Long Tele ဆွဲထားသည့် အတွက် ကင်မရာ View Finder မှ ငှက် ကို လိုက်ကြည့်ရန် အတော် ခက် ပါသည်။ ထို့ ကြောင့် သေနပ် ပစ်ရာ တွင် သုံးသည့် Red Dot Sight ကို သုံးကြပါသည်။ အချို့ လည်း View Finder မှ ပင် ချောင်း ကြည့် ကာရိုက်သူ အချို့  လည်း ရှိပါသည်။ အများစု မှာ အရပ် အခေါ် Range Finder ဟုခေါ်သည့် Red Dot Sight ကို သုံးကြ ပါသည်။ သူ့ ကို သုံး ရန် မှာ အလေ့ အကျင့် ရှိ ရန် လိုပါသည်။ 


အချို့ ငှက် ဆရာ များသည် Red dot sight သုံး ရန် လေ့ကျင့် ဆဲမှာ ပင် စိတ် မရှည် တော့ သဖြင့် လက်လျှော့ ကာ Viewfinder မှ အပင် Tracking  ပြန် လိုက်သူ များစွာ ရှိသည်။


Red Dot Sight


အောက်ပါ ပုံ မှာ Red Dot Sight ကို D 4 ပေါ်တွင် တပ် ဆင် ထားသည့်ပုံ ဖြစ်ပါသည်။




အောက်ပါ ပုံ များမှာ Stork billed Kingfisher ငှက် နားနေရာ မှ ရေထဲ ဒိုင်ဗင် ထိုးဆင်းပြီး တစ် ဘက် ကမ်း သို့ ပျံ  သွား သည် ကို Focus Tracking ဖြင့် အဆင့် ဆင့် အနေအထားအလိုက် ရိုက် ထားသည့် နမူ နာ ပုံ များ ဖြစ်ပါသည်။ အဆိုပါ ပျံ သန်း ရာ လမ်းကြောင်း Tracking ကို Red Dot Sight ဖြင့် လိုက် ထားခြင်း ဖြစ် ပါသည်။

ပုံ-(၁) မှ (၈) အထိသည် သစ်ကိုင်းပေါ်တွင် နားနေရာ မှ ရေထဲ သို့ ဒိုင်ဗင် ထိုးဆင်းသည့် အနေအထားအမျိုးမျိုး တွင် ရိုက်ကူး ထား သော ပုံ များ ဖြစ်ပါသည်။


ပုံ - (၁)


ပုံ - (၂)


ပုံ - (၃)


ပုံ - (၄)

ပုံ - (၄) အထိ Viewfinder Frame အတွင်းရှိနေသော်လည်း ပုံ - (၅) မှ စ၍ Viewfinder Frame အတွင်း မှ ထွက် သွားပြီ ဖြစ်သောကြောင့် ငှက် နောက် မှ  Panning လိုက်ပေးရပါမည်။


ပုံ - (၅)


ပုံ - (၆)


ပုံ - (၇)



ပုံ - (၈)




အောက်ပါ ပုံ -(၉) မှ (၁၅)  အထိ ပုံ များ မှာ ရေ ထဲ မှ ပျံ ထွက် ကာ တစ်ဘက် ကမ်းသို့ ပျံ သွား သည် ကို နား သည့် နေရာ ရောက် သည် အထိ နောက် မှ Tracking လုပ်ကာ  ရိုက် ထား သည့် ပုံ များ ဖြစ်ပါသည်။


ပုံ - (၉)



ပုံ - (၁၀)



ပုံ - (၁၁)


ပုံ - (၁၂)



ပုံ - (၁၃)



ပုံ - (၁၄)


ပုံ - (၁၅)


အောက်ပါ ပုံ (၁၆) မှာ အထက်ပါ Stork billed Kingfisher ပျံငန်းသည့် လမ်းကြောင်း အစ မှ အဆုံး  ဖြစ်ပါသည်။


ပုံ - (၁၆)



ပုံ-(၁၆) သည် အထက်ပါ ပုံ-(၁) မှ ပုံ-(၁၅) အထိ ပုံ များကို အစ မှ အဆုံး Tracking လိုက် ထားသည် Diagram ပုံ ဖြစ်ပါသည်။ (A) သည် ငှက် နားနေသည့် နေရာ ဖြစ်ပြီး (B) သည် ရေထဲ ထိုးဆင်း သွားသည့်  နေရာ ဖြစ်ပါ သည်။ (C) သည် ရေထဲ မှ ပျံ တက် သွားကာ နောက်ဆုံး ခြုံ ထဲ တွင် နား လိုက်သည့် နေရာ ဖြစ်ပါသည်။

အတွေ့ အကြုံ အရ ဆိုရပါမူ ရိုက်ရ အနည်း ငယ် လွယ် သည့် နည်း မှာ ခတ် လှမ်း လှမ်း ရှိ ငှက် ကို Tele နှင့် ဆွဲ ရိုက်ခြင်း ပင်ဖြစ်ပါသည်။ ကင်မရာ နှင့် အလွန်နီးကပ် စွာ အမြန် ပျံ သည့် ငှက် များမှာ Frame ပေါ်တွင် တစ်စက္ကန့် ၏ ဆယ်ပုံ တစ်ပုံ ခန့် သာ ပေါ် လိုက် သဖြင့်  ကင်မရာ Sensor အနေနှင့် Focus လုပ်ရန်အတွက် မှတ်သား ရန် အချိန် ပင် မရလိုက်နိုင်ပါ။

အနည်း ငယ် လှမ်းသည့် Moving Target- Flying Subject ကို Long Tele ဖြင့် မိမိ Tracking လိုက် ရန် သင့်တော်သည့်   Focal Length အတွင်း ဆွဲ ယူထားခြင်း ဖြင့် Flying Subject သည် Frame ထဲ တွင် အချိန် အနည်း ငယ် ပိုကြာကြာ  ရှိနေသဖြင့် ကင်မရာ Sensor က အဆိုပါ Flying Subject ၏ ကနဦး ပုံ အား မှတ်သား ချိန် ပို ရ နိုင်ပါသည်။ Sensor က အဆိုပါ Flying Subject ကို မှတ်သား မိပြီဆို လျှင် ၄င်း၏ နောက် သို့ လိုက်ကာ ( Follow ) ရိုက်လျှင် Focus က မှတ်ထားသည့် Flying Subject ကို တောက် လျှောက် လိုက် ကာ Focus လုပ်နေ ပါ လိမ့် မည်။


နားနေသည့် ငှက်များကို ရိုက်ကူးခြင်း။


ငှက် ဖြစ်စေ သားကောင်ဖြစ်စေ မည်သည့် Wildlife ကို မဆို ရိုက်သည့် အချိန်  မျိုး တွင် Frame ထဲ ပြည့် အောင် ရိုက်ပါ ဟု Wildlife Photography ပညာရှင် များက ဆိုကြသည်။ ဆိုလို သည် မှာ Frame ထဲ တွင် အကောင်ကြီး နိုင်သမျှ ကြီးအောင် ရိုက်ပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။


အကောင်ကြီးကြီး ၊ Frame ပြည့်ပြည့် ရ ရန် Tele-Zoom Focal Length ရှည် ရှည် များ ဖြင့် ရိုက် နိုင်ပါသည်။


 သို့ မဟုတ် Focal Length တိုတို Lens များဆိုပါ က လူက ငှက် သို့ မဟုတ် သတ္တ၀ါ အနီးသို့  တတ် နိုင်သမျှ ကပ်ပြီး ရိုက်ပါ ဟု ဆို လို ခြင်း ဖြစ်ပါ သည်။


တောရိုင်း သတ္တ၀ါများ အား ဓါတ်ပုံရိုက်ရာ တွင် ပုံကြီးကြီး နိုင်ရန် အတွက် တတ် နိုင်သမျှ  အနီးကပ် နိုင်သလောက်  ကပ်ပါ ဆိုသည်မှာ  မူ အားဖြင့် မှန်သော်လည်း  လက်တွေ့ တွင် အလွန် မလွယ် သည့် ကိစ္စ ဖြစ်ပါသည်။


Focal Length 600 mm ဖြင့် ရိုက် ရမည့် အကွာ အဝေးကို 300 mm ဖြင့် ရိုက်မည် ဆိုပါက  ငှက် အနား သို့ များကွာ ကပ် ရန် လိုသည်။ မြေပြင် အခြေအနေ အရ ချဉ်းကပ် လမ်း ကြောင်း ရှိ ခြင်မှ ရှိမည်။ ငှက် မမြင် စေ နိုင် မည့် မျက်ကွယ် ရှိခြင်မှ ရှိ မည်၊ ငှက် ကလည်း လူ အကပ် ခံ ခြင် မှ ခံ မည်  ဆိုသည့် အကန့် အသတ် များစွာ ရှိသည်။ 


ငှက် အပါအ၀င် တော ရိုင်း သတ္တ၀ါ များသည် မြင်ရိုး မြင်နေကြ မြင်ကွင်း  ၊ အခြေအနေ ၊ အနံ့ အသက် စသည် တို့ အနည်းငယ် မျှ ပြောင်းသွားလျှ င် ထိုနေရာ ကို ရှောင်ဖယ် သွားပါတော့သည်။  လာနေကျနေရာ ကို မလာတော့ပါ။  ဥပမာ အားဖြင့် ကားလမ်းဘေး ဓါတ်တိုင်ပေါ်တွင် နားနေသည့် ငှက်သည်  ကားပေါ် တွင် လူ များ အတော် နီးနီး ရှိစေကာ မူ ပျံ မပြေးကြပါ။ အစဉ်မြင် နေကျ ကျင့်သားရ နေသဖြင့် ဖြစ်ပါသည်။

သို့ သော် ကားပေါ်မှ လူ ကား အောက်သို့ ဆင်း လိုက်သည်နှင့် ပျံ ပြေးလေ တော့သည်။ ထို့အတူပင် ချောင်းကူး တံတား အနီး ရှိ သစ်ပင်ပေါ်ရှိငှက်သည် တံ တားပေါ်ရှိ လူ နှင့် နီးနေစေကာမူ ပျံ မပြေးပါ။ မြင်နေကြ ဖြစ်နေ၍ ဖြစ်ပါသည် သို့သော်  လူ တံ တားအောက် ကို ဆင်းလိုက်  သည့် နှင့် ပျံပြေးတော့ သည်။ 

လက်တွေ့ဘ၀ တွင် လိပ်ပြာ ကဲ့ သို့ အကောင် ပင် လူ အနား အကပ်မခံပါ။  ထို့ ကြောင့် Macro ရိုက်သည့် Photographer အချို့ သည် တော အုပ် ၊ သစ်ပင် တို့  နှင့်ရော ထွေး နေစေရတွင် စစ် ၀တ်စုံ ဆန်ဆန် Camouflage အ၀တ် အစားများ ၀တ်ကာ ပိုးကောင်  မွှားကောင် လေး များ အနား ကပ်ရန်ကျိုးစားသည် ကို မြင်ဘူး ကြပါ လိမ့် မည်။

ငှက် ရိုက်ရာ တွင် လူ အများစု နှင့် ရိုက်ပါက တစ်စုံ တစ်ဦး က အုပ် စု ရှေ့  သို့ ထွက်ကာ ငှက် အနားသို့ တိုး ကပ် သွားသည် ကို မကြိုက်ကြပါ။ အကြောင်း မှာ ငှက် ပျံ ပြေး သွားပါက ရိုက် ရ မည့် အခွင့် အရေး ဆုံး ရှုံး သွားနိုင် သော ကြောင့် ဖြစ်ပါသည်။



အကောင်ကြီးကြီး နှင့် ခပ်လေးလေး ပျံသည့် ငှက်။

အောက်ပါ Intermediate Egret, Gray Heron ကဲ့သို့  အကောင်ကြီးကြီး နှင့် ပျံသန်း ရာတွင် ခပ်လေးလေး ပျံ သည့် ငျက်များကို လည်း အထက်ပါ Tracking ဖြင့် ရိုက်ရပါမည်။
လေ ထဲ တွင် ပျံ နေသည့် ငှက်ကို Focus Marking လုပ်ရာ တွင် မူ နား နေသည့် ငှက် ကို  Focus Marking လုပ်ရသည် ထက် ခက်ပါသည်။ ပျံ နေစဉ် Subject ကို အမိ လိုက်၍ Focus ထောက် ၍ Mark လုပ်ရပါမည်။ သို့ မှသာ လျှင် Sensor က သူ မည်သည့် အရာ ကို Focus Tracking လုပ် ရမည်ကို လွယ် ကူစွာ သိပါ လိမ့်မည်။  ပို ၍ ကြိမ်းသေ သော နည်း ဖြစ်ပါသည်။ အကောင် ကြီး ပြီး ပျံ သည့် အရှိန် နှေး သဖြင့် အကောင်သေးပြီး မြန် သည့် ငှက် များထက် Focus Mark လုပ် ရ လွယ်ပါသည်။ သေးငယ် သော ငှက်များ လောက် ရိုက် ရမခက် သော ငှက် များ ဖြစ်ပါသည်။



Intermediate Egret



Gray Heron




အကောင် အလတ်နှင့် အမြန်ပျံ သည့် ငှက် များ။

အောက်ပါ Silver Gull, Little Heron ကဲ့သို့ ငှက် များမှာ မူ အကောင် အရွယ် အစား အလတ်နှင့် အမြန်ပျံ သည့် ငှက် များ ဖြစ် ကြပါသည်။ အထက်ပါ Gray Heron, Egret  ကဲ့ သို့ ငှက်များ ထက်စာ လျှင် ရိုက် ရ အတန်  ငယ် ခက် လာ သည့် ငှက်များ ဖြစ်ပါသည်။



Silver Gull



Little Heron



အကောင်သေးသေး နှင့် အမြန်ပျံ သည့် ငှက်။

အောက်ပါ Copper Smith Berbat, Strok billed Kingfisher, White Throated Kingfisher ကဲ့သို့  အကောင် သေးသေး နှင့် အလွန် လျှင်မြန် စွာ ပျံ သည့် ငှက်များ မှာ မူ Tracking လိုက် ရ အတော် ခက် သည့် အထဲ တွင် ပါသည် ငှက် များ ဖြစ်ကြပါသည်။


Copper Smith Barbet



White Throated Kingfisher

Stork billed Kingfisher



Swallow



Common Kingfisher



Frame Advance Rate.

လျှင်မြန်စွာ ပျံနေသည့် ငှက်များကို ရိုက်ရာ တွင် Lens အရေးကြီးသကဲ့ သို့ ကင်မရာ ၏ Frame Advance Rate မြန်ရန် လည်း အရေးကြီးပါသည်။ သို့ မှသာ ပုံစံ အနေအထား လှသည့် ပုံ များရ နိုင်ပါသည်။ Frame Advance Rate နှေးသည့် ကင်မရာ များ နှင့်ရိုက် လျှင် မူ ကံကောင်း ပါက ပုံကောင်း တစ်ပုံ တစ်လေ ရနိုင်ပါ မည်။ အမြဲ တန်း ရ ရန် မျှော် လင့် ၍ မဖြစ်နိုင်ပါ။ Frame Advance Rate မြန် သည့် ကင်မရာ များ မှာ မူ ပုံပေါင်း များစွာကို Bracket လုပ်ကာ ရိုက်ပြီး စိတ်ကြိုက် ပုံ ကောင်း များကို ရွေးနိုင် ခြေ များစွာ ရှိပါသည်။

အောက်ပါ ပုံ-(၃) ပုံ ကို အမြန်ဆုံး 6 Frames / Second ဖြင့် ရိုက် နိုင်သည့် Nikon DX Format D 7000 ဖြင့် ရိုက် ထားခြင်း ဖြစ်ပါသည်။ ငှက် ကို Pre-Focused လုပ်ထားပြီး ၄င်း စ လှုပ် သည် နှင့် ရိုက် လိုက်စေကာမူ Frame Advance Rate နှေး သဖြင့် နောက်ဆုံးပုံ တွင် ငှက်၏ ခြေ ဖျား ကိုသာ မှီ လိုက်ပါသည်။



ပုံ - (၁)



ပုံ - (၂)



ပုံ - (၃)




အောက်ပါ Copper Smith Barbet  ပုံ (၄) ပုံ ကိုမူ  တစ်စက္ကန့် လျှင် (၉) ပုံ ( 9 Frames / Second ) နှင့်    ရိုက် နိုင်သည့် Nikon FX Format D 3 ဖြင့် ရိုက် ထားခြင်း ဖြစ်ပါသည်။
အောက်ပါ Copper Smith Berbat သည် အထက်ပါ Little Heron ထက် အကောင်များစွာ သေး ကာ အလွန် မြန် သည့် ငှက် ဖြစ်ပါသည်။ သို့ ရာ တွင် Frame Advance Rate မြန် သောကြောင့် ငှက် အသိုက် မှ ခေါင်းပြူနေ သည့် အချိန် မှ လျှော ထွက်ကာ ပျံ သွားသည် အထိ ရိုက် Sequence အလိုက် ရိုက်နိုင် ပါသည်။



 ပုံ - (၁)



ပုံ - (၂)


ပုံ - (၃)


ပုံ - (၄)


ထက်ပါ မှတ်စု ပါ အချက်များ အားလုံး မှာ အားလုံး မှန် - အဆိုပါ အတိုင်း လိုက် ရိုက် ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ရိုက် နည်း မူကွဲ ပေါင်း မြောက်များ စွာရှိနိုင် ပါသည်။ ယခု ရေးသား ခဲ့သည်မှာအမြန် ပျံ သည့် ငှက် များကို Tracking လိုက် ရိုက် ခြင်း နှင့် ပတ်သက်၍ ကျွန်တော် ဆည်းပူး မှတ်သား ခဲ့ သည်များ နှင့် အတွေ့ အကြုံ ကို မိတ်ဆွေ များထံ တတ် စွမ်း သမျှ  မျှဝေသည့် သဘော သာ ဖြစ်ပါသည်။

­­­­­­­­­­­­­­­­­­­­­­­__________________________


No comments:

Post a Comment