Tuesday 1 March 2016

Nikon D 500




( 87 ) Nikon D 500                                     ဓါတ်ပုံ ပညာရပ်ဆိုင်ရာ မှတ်စု ( ၈၇ )



ကျွန်တော်မျက်စေ့ ကျသည့် ကင်မရာ နောက် တစ်လုံး
( Nikon D 500 )



စကားဦး

Bird in Flight ကဲ့ သို့ အမြန် ပျံနေသည့် ငှက် လွှား လှုပ်ရှားေ နသည့် အား ကစား ကဲ့ သို့ အရာ များကို ရိုက်သူများ အနေနှင့် မျက်စေ့ကျ ဘွယ်ရာ  ကင်မရာတစ်လုံြး ဖစ် သော Canon 7D Mk II အကြောင်း ကို “ ကျွန်တော် စိတ်ဝင်စား သည့်  ကင်မရာတစ်လုံး “ ခေါင်းစဉ်ဖြင့်  Blogတွင်ရေးခဲ့ပါသည်။  ( http://shlaing.blogspot.sg/2014/10/79-canon-7d-mark-ii-canon-7d-mark-ii.html )

ယင်း ကင်မရာကို ကျွန်တော် တို့ ကဲ့ သို့ ငှက်ရိုက်သူ များ  ကြိုက်ရခြင်း မှာ အဆိုပါကင်မရာသည် APS-C ကင်မရာ ဖြစ်ပြီး 22.2 Megapixel  ဖြစ်ကာ Frame Advance Rate – 10 Frame/Sec ဖြစ် သောကြောင့် ဖြစ်ပါ သည်။

အလှမ်း ဝေး နေသည့် Subject များကို ရိုက်ရာ တွင် Wildlife ရိုက်သူများ သာမန်  သုံးနေသည့် Focal Length 600 mm ရှိသော Lens နှင့်မ မှီ မကမ်း ဖြစ်သည့် အခြေ အနေမျိုး တွင် အချို့က တစ်ဆခွဲ ၊ နှစ်ဆ ပို နီး လာစေရန်Lens ကို Teleconverter  ခံကာ သုံးကြပါသည်။  

ထို သို့ မဟုတ်မူ ဘဲ အဆိုပါ FX 600 mm Lens ကို APS-C ကင်မရာ တွင် တပ် သုံးလိုက်ပါက Nikon ကင်မရာ တွင် Crop Factor ( X 1.5) ကြောင့် 900 mm ဖြစ်လာပြီး Canon တွင် မူ Crop Factor ( X 1.6 ) ကြောင့် 960 mm ဖြစ်လာပါသည်။

ကျွန်တော်သည်လည်း ငှက် နှင့် အလှမ်း ဝေးသည့် နေရာ များ ရှိ Subject များကို ရိုက်ရာ တွင်       600 mm နှင့် မမှီ ပါက Full Frame အစား APS-C ဖြစ်သည့် Nikon D 7100 တွင် Tamron 150-600mm ကို တပ် ရိုက်ရပါသည်။ ထိုအချိန် တွင် 600mm သည် 35mm ( Full Frame ) equivalent ( 600mm X 1.5 = 900mm ) ဖြစ်လာသည်။ ယင်း မှာ APS-C ကင်မရာ ၏ အားသာချက် ဖြစ်ပါသည်။

 သို့ ရာ တွင် ပြသနာ မှာ Frame Advance Rate ဖြစ်ပါသည်။ Nikon DX (APS-C)  D 7100 ၏ Frame Advance Rate  သည်  6-Frame / Sec ဖြစ်ပြီး Crop X 1.3 Mode နှင့် ရိုက်သည့် အချိန် မှသာ 7-Frame / Sec ရိုက်နိုင် ပါသည်။

Cannon 7D Mk II မထွက်မှီ အထိ APS-C Crop-Frame ကင်မရာများ၏  အမြန် ဆုံး ရိုက်နိုင်သည့် Frame Advance Rate သည် အထက် တွင်ဖေါ်ပြ ပါ အတိုင်း အများ ဆုံး  တစ်စက္ကန့် လျှင် (၇) ပုံ  ( 7-Frame / Sec ) သာ ရိုက်နိုင်ပါသည်။ အလွန် လျှင်မြန်စွာ ပျံနေသည့် ငှက် ကို ရိုက်ရာ တွင် ကျွန်တော်တို့ အနေနှင့်  နီးနီး လည်း လို ခြင် 10-Frame / Sec လောက် နှင့် မြန်မြန် လည်း ရိုက်လိုပါသည်။

 Wildlife များ ရိုက်ရာ တွင် သာမန် အပျော် ထမ်း ရိုက် သူများ အနေနှင့် ဒေါ်လာ သောင်း ဂဏန်း ကျော် ဈေးကြီးလှ သည့် Nikon, Canon စသည့် နံ မည်ကြီး Original Lens များကို မသုံးနိုင် ကြဘဲ Sigma, Tamron စသည့် Third Party Long Tele Lens များကို သုံး ကြရပါသည်။ Tamron 150-600mm မပေါ် မှီ က အဖိုးနည်း ၀န်ပါ အများဆုံး သုံးကြ သည်မှာ Sigma 150-500mm ဖြစ်သည်။ ယခု မူ Sigma 150-600mm ( Sport) ပေါ် နေပြီ ဖြစ်ပါသည်။

သို့သော် ငှက် လှုပ်ရှားသည့် နေရာသည် ကင်မရာ နှင့် အလှမ်း အခြေအနေ မျိုး တွင် မူ  Focal Length 600 mm သည် သိတ် အဆင်မပြေလှပါ။ Subject သည် ပုံထွက် သေးသေး သာ ထွက်နေသည်။  

အမြင့်တန်း ကင်မရာ များ ဖြစ်သ ည့် Full Frame ဖြင့် ရိုက်သူများ မှာ တ စ်ခါ တစ်ရံ တွင် ၄င်း တို့၏ Prime Focal Length 600mm Lens သည်ပင် မမှီ သဖြင့် Teleconverter 1.4X မှ 2X အထိ တပ် ရိုက် ရသည် အခါများ လည်း ရှိပါသည်။

အဆိုပါ အခြေ အနေ မျိုး တွင် Full Frame ကင်မရာ အစား APS-C ကင်မရာ ကို သုံးပါက Crop Factor ကြောင့် Focal Length ပို ရှည်ရှည် ရလာသည်။ Full Frame နှင့် APS-C တို့၏ ပုံ ထွက် ကွာ ခြားချက် များ မှာ မူ ရှိသင့် သလောက် တော့ ရှိပါသည်။ သို့ သော် ပုံ ကြီးကြီး ရ သဖြင့် Crop လုပ်ရန် သိပ် မလိုလှ။

 ၂၀၀၄ အောက်တိုဘာလ လောက်က 20 MP ဖြင့် 10-Frame / Sec ဖြင့် ရိုက် နို င် သော Canon 7D MK II ထွက် ခဲ့ရာ ကျွန်တော် အပါအ၀င် Nikon သုံးသူများ အနေနှင့် Nikon သည်လည်း အဆိုပါ APS-C ( DX) ကင်မရာ မျိုး မည်သည့် အချိန် တွင် ထုတ် မည်ဆိုသည်ကို စောင့်မျှော် ခဲ့ကြပါသည်။
ယခု Nikon သည် အလား တူ ကင်မရာ မျိုး ဖြစ်သည့် D 500 ကို D 5 နှင့် တစ်ပြိုင် ထည်း ထုတ် လုပ် လိုက်ပြီ ဖြစ်ပါသည်။

Nikon မှ အသစ် ထုတ်လုပ် လိုက်သည့် D 500 ကို ယင်း နှင့် အလားတူ Canon 7D MK II နှင့်ယှဉ်ကာ ရေးသား ထားသော  ဆောင်းပါးရှင် Simon Crisp ၏ “ Nikon D 500 vs Canon 7D MK II “ ဆောင်းပါး ပါ အချက်များ မှ လိုရင်းများ ကို ထုတ်နှုပ်  ဘာသာပြန်  ကာ မျှဝေ အပ် ပါသည်။

Nikon D 500 vs Canon 7D MK II




အထက်ပါ Nikon D 500 နှင့် Canon 7D MK II တို့ ကို အောပါအတိုင်း အချက်၏အလိုက် နှိုင်းယှဉ် ဖေါ်ပြ သွားပါမည်။



အရွယ် အစား



ကင်မရာ နှစ် လုံး စလုံး ၏ အရွယ် အစား မှာ အတန် ငယ် ကြီး ကြပါ သည်။ APS-C Sensor ကင်မရာ များ ဖြစ်စေကာမူ APS-C တန်း တွင် Pro-Level ကင်မရာ များ ဖြစ်၍လည်း အချို့ သော Full Frame ကင်မရာ များထက် အတန် ငယ် ကြီး ခြင်း ဖြစ်ပါသည်။



အလေးချိန် 




ဘက်ထရီ နှင့် Memory Card အပါအ၀င် Canon 7D MK II က 50 gm ပိုလေးပါသည်။


တည်ဆောက် ထားပုံ



ကင်မရာ နှစ်လုံး စလုံး သည် High end DSLR များဖြစ်ကြ သည် နှင့် အညီ ခိုင်ခန့် သည့် Magnesium alloy ဖြင့် တည်ဆောက် ထားသည်။ ရာသီ ဥတု ဒါဏ် ကို ကာကွယ် သည့် Weather Seal များ ဖြင့် တည်ဆောက် ထားသည်။



Sensor size



ကင်မရာ နှစ်လုံး စလုံးသည် APS-C size CMOS Sensor များ ဖြစ်ကြသည်။ Nikon Sensor size သည် 23.5 x 15.7 mm ဖြစ်ပြီး  Canon ၏ Sensoe size သည် 22.4 x 15.0 mm, ဖြစ်သည်။


Megapixel Count





Nikon D 500 က 7 MP ပိုများသည်။ ကင်မရာ နှစ်လုံး ၏ Megapixel များ သည် သမန် သုံး ပြတ်သားသော Megapixel အရေ အတွက် အတွင်း ရှိသည်။ ၄င်း တို့ စွမ်းဆောင် နိုင်သည့် Frame advance rate အတွင်း မကျပ် လွန်းသည့် Pixel အရေ အတွက် လည်း ဖြစ်သည်။



Processor




ကင်မရာ တစ်လုံး တွင် ပုံရိပ် ဖေါ်ရာ ၌ အရေးကြီးသည့် Image Processing Engine များမှာ နောက် ဆုံး ပေါ်    Image Processing Engine များ ဖြစ်ကြ သော Nikon တွင် EXPEED 5 ဖြစ်ပြီး Canon တွင် Dual Digic 6 ဖြစ်သည်။


Lens Mount




ကင်မရာ နှစ်လုံး စလုံး ၏ Lens Mount များသည် DSLR Standard Lens Mount များ ဖြစ်ကြသည်။ Full Frame Lens များတပ် လျှင်မူ Crop-factor အရ Lens ၏ အလယ် တွင် ပုံ ရိပ် ထင်မည် ဖြစ်သောကြောင့်  ပုံ ပိုကြီး လာမည်။


Autofocus




Nikon က Canon ထက် အနည်းငယ် ပိုသာ သည်။ D 500 ၏ 153 AF Points တွင် 99 AF သည် Cross-type ဖြစ်သည်။ Canon ၏ AF 65 အနက် Cross- type သည် 65 ရှိသည်။ ဆိုလို သည်မှာ AF Point များလေ လျှင်မြန်သည့် Subject များကို Focus ဖမ်း ရာ တွင် Sensor ၏ နေရာအများစု ကို Focus ဖမ်း နိုင်လေ ဟု ဆိုလို ခြင်း ဖြစ်သည်။  Canon ၏ Dual Pixel CMOS AF သည် Video ရိုက်ရာ တွင် မူ တစ်ပမ်းသာသည်။



Burst Rate




ကင်မရာ နှစ်လုံး စလုံးသည် တစက္ကန့် လျှင် 10 fps ရိုက်နိုင်သည်။ သို့ ရာ တွင် RAW File ကို ရိုက်ရာ တွင် Canon သည် 10 fps ဖြင့် (၃၁) ပုံ ရိုက်ပြီးလျှင် နှေး လာသည်။ Nikon သည်  14-bit ဖြင့် ပုံ (၂၀၀ ) အထိ ရိုက်နိုင်သည်။



ISO Range





ခေတ်ပေါ် ကင်မရာ များ ဖြစ်ကြသည်နှင့် အညီ ယခင် က မမျှော် မှန်း နိုင် ခဲ့ သည့် ISO မြင့်မြင့် တွင် အရည် အသွေး ကောင်းမွန် သည့် ပုံ များ ထုတ် ပေး နိုင်ကြသည်။ ကင်မရာ  နှစ်လုံး အနက်  Nikon က ISO Handling အနည်းငယ် ပို သာ သည်။



4K Video




Nikon D500  သည်  4K 3840 x 2160 UHD footage at 30/25/24 fps ဖြစ် သည်ဟု သိရသည်။



Full HD Video




ကင်မရာ နှစ်လုံးစလုံးသည် Full HD 1080 မဟုတ်ကြ ဘဲ 60/50 fps များ သာ ဖြစ်သည်။


Viewfinder




ကင်မရာ နှစ်လုံစလုံး သည် ရိုက် ကွက် ကို အမှန် အတိုင်း မြင်နိုင်သော Viewfinder များ ရှိကြသည်။ သို့သော် Mirrorless ကဲ့သို့ life impale of changing settings ကိုမူ မမြင် နိုင်။



Monitor




D 500 ၏ Monitor သည် Touch Screen ဖြစ်ပြီး လှန် ထုတ်ကာ ကြည့် နိုင်သည်။


Flash




Canon တွင် Built in Flash ပါ သော်လည်း Nikon တွင်မူ မပါ ။ Flash တပ် ရမည့် နေရာ Hot shoe သာ ပါသည်။



File Type




ကင်မရာ နှစ်လုံး စလုံး JPEG ရော ( Large, Mediun , Small ) RAW ပါ ရိုက် နိုင်သည်။


Storage Media




ကင်မရာ နှစ်လုံး စလုံး တွင် Memory Card နှစ်ခု ထည့် နိုင် သည် Slot များ ပါသည်။ Canon 7D MK II တွင် CompactFlash ထည့်သည့် Slot နှစ်ခုပါ ပြီး  Nikon D 500 တွင် XQD Card နှင့် SD Card ထည့် နိုင်သည့် နေရာ နှစ်ခု ပါသည်။




Wireless



Nikon ၏ SnapBridge တွင် အဝေး သို့ လှမ်းကာ ဆက် သွယ် နိုင်သည့် Wi-Fi, NFC, Bluetooth တို့ ပါသည်။ Canon တွင်မူ Optional Wireless Transmitter WFT-E7 သို့ မဟုတ် EyeFi Card တို့ ဖြင့် သာ သုံး နိုင်သည်။ သို့ ရာ တွင် GPS ထည့် ထားပေးသည်။



Battery Life




D 500 ဘက်ထရီသည် တစ်ကြိမ် အားဖြင့် ထားပါ က ပုံပေါင်း ( ၁၂၄၀ )ပုံ ရိုက်နိုင်၍ 7D MK II သည် ပုံပေါင်း  (၆၇၀) ပုံ ရိုက်နိုင်သည်။



Release Date



Canon 7D MK II ကို ၂၀၁၄ နိုဝင်ဘာလ အတွင်း က စတင် ဈေးကွက် သွင်းခဲ့ပြီး Nikon D 500  မှာမူ လာမည့် မတ်လ ( March 2016) တွင်မှ ဈေးကွက် သို့ ၀င်မည်ဟု သိရသည်။



ဈေးနှုန်း




သက်ဆိုင်ရာ ကင်မရာ ကုမ္ပဏီ များ ကြော်ငြာ သည့် Body ဈေး နှုန်း မှာ D 500 က အမေရိကန် ဒေါ်လာ ၂၀၀၀-၀၀ ဖြစ်ပြီး 7D MK II က အမေရိကန် ဒေါ်လာ ၁၈၀၀-၀၀ ဖြစ်သည်။
နိဂုံး
ကင်မရာ နှစ်လုံး စလုံးသည် သက်ဆိုင်ရာ အတန်း အစား တွင် ကောင်း မွန်လှပြီး ထိပ်တန်း များလည်း ဖြစ်ကြသည်။ အမြင့်တန်း Professional Photographer များ၏ ဒုတိယ ကင်မရာ အဖြစ် ထားရ မည့် ကင်မရာ များ ဖြစ်သည်။ Nikon သည် Canon နောက်မှ လိုက်ကာ ပို သာအောင် ထုပ်လုပ် လိုက်ပုံရသည်။  
ကင်မရာ နှစ်လုံး စလုံးသည် ကင်မရာ ကောင်း ချဉ်း များသာ ဖြစ်သည်။  အထက်တွင် ဖေါ်ပြထားသည် များကို ကြည့်ကာ သူ သာသည် ကိုယ်သာ သည်ကို ကြည့် မနေဘဲ မိမိ စုဆောင်းထားသည့် Lens များပစ္စည်း များ နှင့် သုံ၍ ရ မည့် ကင်မရာ ကိုသာ ရွေးကြ ရန် လိုပါသည်။


--------------------------------------------------