Thursday 23 February 2017

Home Work



“ Home Work  “


“ Homework, but doing on the Train “
( အိမ်စာ ..ဒါပေမဲ့ ရ ထားပေါ်မှာတင်လုပ်တဲ့ အိမ်စာ )





ကျွန်တော် ဒီနေ့ မြို့ ထဲ က ရထား (MRT) နဲ့ ပြန်လာ တဲ့ အချိန် က နေ့ ခင်းဆိုတော့ လူ အသင့်အတင့် ချောင်ပါတယ်။ စင်ကာ ပူ အနောက် ဘက်ပိုင်း နဲ့ အရှေ့ ဘက် ပိုင်း ကို ချိတ် ဆက် ပြေးဆွဲ တဲ့ East-West Line မို့ လူ အသွား အလာ များ တဲ့ လိုင်း ဖြစ် ပါတယ်။


ဒါကြောင့် လူများများ စီးနိုင်အောင် ထိုင်ခုံတန်း ပါတဲ့ တွဲ တစ်တွဲ ထိုင်ခုံ မပါဘဲ လူးများများ မတ်တပ်ရပ် စီးရတဲ့ တွဲ တစ်တွဲ စသည်ဖြင့် ရထားတွဲ များကို တစ်ခု ကြား စီစဉ် ချိတ်ဆက်ထား ပါတယ်။

ကျွန်တော် ရထားပြောင်းစီး ရမဲ့ Jurong East Station အနီးကို ရောက်လို့ ထိုင် ခုံ က မတ်တပ်ရပ်လိုက်တော့ ခုံ မပါဘဲ ရပ်စီး ရတဲ့ တွဲ ရဲ့ ရထားနံရံ မှာ အသက်(၇) နှစ် (၈) နှစ် အရွယ် ခလေးမလေးတစ်ဦး မှီ ပြီးထိုင်နေတာ တွေ့ ရပါတယ်။ ဒါကတော့ မဆန်းပါ။ ခလေး ငယ် တင် မက အချို့ လူငယ်တွေ လည်း ဒီလို ဘဲရထား ကြမ်းပြင်ပေါ် ထိုင်စီး တာ တွေ့ ရတတ် ပါတယ်။

ကြည့်နေစဉ် မှာဘဲ ဒီခလေးမလေး ဟာ သူရဲ့ ကျောင်း ကြောပိုး အိပ်ထဲ က အိမ်စာ ( Home Work ) စာရွက် တွေ ကို ထုတ် ကာ ရထားကြမ်း ပြင် ပေါ်မှာ ဘဲ စာ လုပ်တော့ တာပါဘဲ။ ရ ထားကြမ်း ပြင် က ဖုံ သဲ ကင်းစင်တော့ သူ့ အတွက် အဆင်ပြေပါတယ်။

ဘယ် သူကိုမှ လည်း ကြည့် မနေ ၊ ဂရု လည်းမစိုက် သူ့ အလုပ် ကို သူ လုပ်နေလေ ရဲ့။ အိမ်စာ တစ်ခု ပြီးတော့ ၊ ပြီးတာကို အိပ်ထဲ ပြန်ထည့် ၊ နောက် တစ်ခု ကို ထပ် ထုတ် ကာ ဆက်လုပ်ပြန်တယ်။

သူ ကျောင်းစာ လုပ်နေပုံက အိမ် မှာ စာ လုပ် နေတဲ့ အတိုင်းပါဘဲ။ အေးအေး ဆေးဆေး ဘဲ။ ကျွန်တော် ရထားပေါ် ကဆင်း တဲ့ အချိန် အထိ ခလေးမလေး ဟာ သူ့ ကျောင်းစာ ကို လုပ်နေဆဲပါ။

ရထားပေါ် မှာ ကျောင်းသားကလေးတွေ စာဖတ်တာတို့ ကျောင်းစာ ကျက်မှတ် တာ တို့ ကို ရန်ဖန် ရန်ခါ တွေ့ ဘူးပါတယ်။ သို့သော် ဒီကလေး မလေး လို အိမ်စာ ကို အိမ် အရောက် မစောင့် ဘဲ ရထားကြမ်း ပြင် ပေါ်မှာ လုပ် တာ ကိုတော့ ဒီတစ်ခါ ဘဲ တွေ့ ဘူးပါတယ်။

ဒါ နဲ့ ဒီကလေးမလေး ရဲ့ လုံ့လ ဥသဟ ကိုလေးစားသော အားဖြင့် ကျွန်တော် ဒီမှတ်တမ်း လေး ကိုရေးလိုက် ရခြင်း ဖြစ်ပါတယ်။


1.7KSsm Yekyi, Nyein Aye Eain and 1.7K others
520 shares
Comments


Thant Wut Yee Let me share, Uncle.

Soe Hlaing Yes, Please, Thant Wut Yee.

..


Yephyo YP သူအိမ်စာလုပ်တာထက်
၇နှစ် ၈နှစ် အရွယ် ကျောင်းသူလေး public transport နဲ့ကျောင်းကို အန္တရာယ်ကင်းကင်းတက်နိုင် သွားလာလှုပ်ရှားနိုင်တာ အံ့သြတယ်ဗျာ ။


Soe Hlaing ဒီမှာတော့ စိတ်ချရပါတယ်။


Yephyo YP တကယ်ကို လူနေမှုအဆင့်အတန်းတွေ ကွာခြားလွန်းပါတယ် အန်ကယ်ရေ ။ ဒီမှာလဲ ဖြစ်စေချင်တယ် https://www.facebook.com/images/emoji.php/v7/feb/2/16/1f642.png:)


Soe Hlaing မှန်ပါတယ် 

Yephyo YP, လမ်းမှန် စနစ် မှန် နဲ့ ချီတက် ကြ ရင် ဖြစ် ရမျာ ပေါ့ ဗျာ။


Write a reply...


Soe Than · Friends with Khin Maung Nyo

a classic example of a secured society! pls allow me to share.

Unlike · Reply · 8 · February 21 at 12:07am

Soe Hlaing My pleasure, Ko Soe Than.
Like · Reply · 2 · February 21 at 12:08am

Soe Than · Friends with Khin Maung Nyo
thanks.

Write a reply...




Tint Wai Htun ရထားပေါ်တို့ ကားပေါ်တို့မှာ စာအုပ်အေးဆေးဖတ်ချင်ပါတယ် ဒါပေမယ့် မြန်မာပြည်မှာက မလွယ်ဘူး

Unlike · Reply · 3 · February 21 at 


Soe Hlaing ဒီ Post ကလေးဟာ အတွေ့ အကြုံ အသိပညာ မျှဝေတာ ဖြစ်လို့ မည်သူ မဆို Share လိုပါ က ကျွန်တော့် ထံ က ခွင့် တောင်း နေရန် မလို ဘဲ Share နိုင်ပါတယ် ခင်ဗျား။



Write a reply...


Ko Thea ညီလဲ အဲ့လို လုပ်ခဲ့တာ https://www.facebook.com/images/emoji.php/v7/fed/2/16/2764.pnghttps://www.facebook.com/images/emoji.php/v7/fed/2/16/2764.pnghttps://www.facebook.com/images/emoji.php/v7/fed/2/16/2764.png

Dew December တော်လိုက်တာ ညီရော .. ပုံထဲက သမီးလေးရော https://www.facebook.com/images/emoji.php/v7/f7c/2/16/263a.png

Ko Thea ဘဝ မှာ ကြိုးစားခဲ့ရတာတွေ အများကြီး ဆလာကူးရ

Write a reply...


Soe Thein လုံ့ လ ဝီရိယဆိုတာ (အလုပ်တခုမှာ )၂
(မဖြစ်မနေပါ ) ၂ ဗျ
ဇွဲနဘဲကြီးစွာ ထထ ကြွကြွ အားမာန်
ခွန်စိုက် ယှဉ်ပြိုင်လိုက်ကြပါ။
အဲ့ဒီ သီချင်းလေး သတိရမိလို့ ပါ။



Soe Hlaing မှန်ပါတယ် Ko Soe Thein.
Like · Reply · 9 mins

Write a reply...


Tin Aye Win ကလေး ကို လဲ ချီးကျူးပါတယ်....
ကျမတို့ မြန်မာပြည် မှာတော့.....
ရထား ဖြစ်စေ....ကားဖြစ်စေ...


Write a reply...


Kyaw Win စင်္ကာပူကိုကျော်ဖို့အနှစ်၂၀အချိန်ပေးထားပါတယ်
တဦးချငိးဖဲမွေးရာမှစည်းကမ်းရှိဖို့
စာပေတွေများများဖတ်ကြဖို့
တိုင်းပြည်အဖက်ဖက်မှတိုးတက်ဖို့
သူများတိုးတက်ကြီးပွားတာ
မနာလိုမရှိဖို့
အခုလိုငယ်ငယ်လေးထဲက
ကြိုးစားမှကျော်မှာ


Write a reply...


Mon Mon Thant · Friends with May May and 1 other
Share ပါရစေ

Soe Hlaing Yes, Please, Mon Mon Thant.

Write a reply...




DrNang Myint Thwe Singapore is the safest country in the world .. I think .
ည ၉ နာရီ - ၁၀နာရီ မိန်းခလေး တစ်ယောက်ထဲ ရထားစီးပြန်လည်း ဘယ်သူမှ မနှောက်ယှက်ဖူး .. ဘာအန္တရာယ်မှ မရှိဘူး .. အရမ်းအေးချမ်းတယ် .. အရမ်း စံနစ်ကျတယ် .. အရမ်း ကိုသဘောကျပါတယ် ..




Kyaw Myo Lwin · Friends with Kathlyn Khin
Absolutely right,,,,at the midnight also safely can walk outside girl all alone ,,,,,because smart country monitored by ptz cameras ,,,,,


Like · Reply · 8 mins

Write a reply...




Kaung Htet Swe ကျွန်တော် ညီမလေး


Write a reply...





Marie Myint Such a studious child

Soe Hlaing Yes, Ma Marie ( Dr. Marie Myint ), I salute her.

Write a reply...


Thane Htay · Friends with Ohnmar Khaing
ဒါကြောင့်ကြီးပွါးတိုးတက်ကြသပေါ့ဗျာ

Soe Hlaing ဟုတ်ပါတယ် Ko Thane Htay, ကျွန်တော် ကြားဘူးသလောက် ဒီ က လူမျိုးနွယ် အချို့ ဟာ ဆိုရင်လည်း မူလ အခံ က သိပ်ပြီးစည်းကမ်း နဲ့ လုံ့လ ရှိကြတာ မဟုတ်ပါဘူး ကွယ်လွန် သွားပြီ ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း Mr. Lee Kuan Yew အစိုးရ က ဇိကုတ် နတ်ပြည်တင်သလို နိုင်ငံရေး အနာခံ..ဇိကုတ် နတ်ပြည်တင်သလို နိုင်ငံရေး အနာခံ လုပ်ခဲ့ လိုဒီလို အခြေအနေ ရောက်လာတာလို့ သိရပါတယ်။ ကျွန်တော်လည်း ဒီ အခြေ အနေ ကို မှီသင့် သလောက် မှီ ခဲ့ ပါတယ်။ နိုင်ငံ တစ်နိုင်ငံ တိုးတက် ထွန်းကားလာဘို့ ဟာ ရေနံ တွေ ၊ သဘာဝ ဓါတ်ငွေ့ တွေ ၊ ကျောက်စိမ်းတွေ၊ သစ်တွေ ကို ကုန်စင်အောင် ရောင်းစား မှ မဟုတ်ပါ။ လူ အရင်းအမြစ် ကို ထွန်းကားအောင်လုပ်ရပါမယ်။ အစိုး ရ ဆိုတာ လူ တွေ အ ကြိုက်( Political Popularity ) တွေဘဲ လိုက် လုပ်တာထက် လူထု အကျိုး အတွက် ဇိကုတ် နတ်ပြည် ကို ဆွဲ တင် သလို နိုင်ငံရေး အနာ ခံ ဆောင် ရွက်တန် လည်း ဆောင်ရွက် ရပါမယ်။ ဒါမှ လူမျိုး ရော တိုင်းပြည်ပါ တိုးတက် ပါမယ်။
Like · Reply · 8 · February 21 at 7:00pm · Edited

Thane Htay · Friends with Ohnmar Khaing
မှန်ပါတယ် အစိုးရကလည်းသိပ် အလိုမလိုက်သင့်ပါဘူး

Soe Hlaing Ko Thane Htay , ပြောတဲ့ အစိုးရ အနေ နဲ့ လူထု ကို အလို မလိုက်သင့်တဲ့နေရာ မှာ သိတ်အလို မလိုက် သင့်ပါ..ဆိုတဲ့ စကား ဟာ မှန်ပါတယ်။ ကျွန်တော် စင်ကာပူ မှာ သံ ရုံး တတိယ အတွင်းဝန် တာဝန် နဲ့နေခဲ့စဉ် ၁၉၈၃ က ၁၉၈၆ အထိကာ လမှာ စည်းကမ်း သိပ်ရှိပါတယ်။ ဥပမာ--အမှိုက် တစ် စ ချ တာနဲ့ ဒါဏ် ငွေ ဒေါ်ဘာ ၅၀၀-၀၀ ရိုက်ပါတယ်။ လူတွေ က ကြောက်တော့ လမ်းပေါ်မှာ အမှိုက် တစ် စမှမရှိပါဘူး။ သို့သော် ဒီနေရာ မှာ အာရှ ကလူတွေ က ဥရောပ အလယ် ပိုင်းက လူတွေ လောက် စည်းကမ်း အသားမသေ ဘူးလို့ ဆိုရပါမယ်။ ကျွန်တော် အထက် မှာ ရေးခဲ့ သလို ဒီက မျိုးနွယ်စု အချို့ ရဲ့ မူလ အခံ ဗီဇ က သိပ် စည်းကမ်းရှိကြတာမဟုတ်ပါ။ စည်းကမ်း ကို အကြောက်တရားနဲ့ ဖိထားရပါတယ်။ အလိုလို လိုက်နာ တဲ့ စည်းကမ်း အဆင့် မရှိကြပါဘူး။ လူထု က အကြောက် လွန်လာတော့ Mr. Lee Kuan Yew ရ့ PAP ပါတီ ရဲ့ နိုင်ငံရေး စည်းရုံးမှု အတော် အသင့် ထိခိုက်လာပါတယ်။နောက်ပိုင်း စည်းကမ်း ကို တစ်ဖြည်းဖြည်း ပြန် လျှော့ လာရာ မှာ အခုတော့ အမှိုက် တွေ က်ု ထင်သလို ပစ်နေတာ တွေ့ရပါတယ်။ လူတွေ ရဲ့ စည်းကမ်း က ဘယ်လို မှ အသားမသေတော့ ဖိ ထားတဲ့ အကြောက် တရား လည်း လွတ်ရော ဒုံ ရင်း ပြန်ရောက်သွားတော့ တာပါဘဲ ဗျာ။ PAP ပါတီ ရဲ့ နိုင်ငံရေး စည်းရုံးမှု အတော် အသင့် လျှော့ ကျသွားတယ်လို့ ဆိုနိုင်ပေမဲ့ စင်ကာပူ ဒီလို အခြေအနေ မျိုး ဖြစ်အောင် PAP ကဘဲ ဆောင်ကျဉ်းပေး ခဲ့ တာကို လူထု က သဘောပေါက် ကြတယ်လို့ ထင်ပါတယ်။ တခြား ပါတီ လက်ထဲ ကိုလည်း တိုင်းပြည် ထိုးအပ် ရဲ တဲ့ သတ္တိ ရှိ ပုံ မရကြ ဘူးလို့ လည်း ထင်ပါ တယ်။ ဒါကြောင့် ယနေ့ အချိန် အထိ PAP ပန်း ပန်လျှက် ပဲ ရှိနေတာ တွေ့ ရပါတယ်။( ကျွန်တော့် ထင်မြင်ချက် သက်သက်ပါ။ )

Write a reply...


Myosu Hlaing ကျွန်မတို့ဆီမှာတော့ အချိန်ကိုဖြုန်းတီးသလိုပဲ bus ကားတွေ မြို့ပတ်ရထားတွေစီးရတာလေ
စာဖတ်လို့လည်းမရ ကြပ်ညပ်လို့ အသံဖိုင်တွေနားထောင်လို့လည်းမရ နားကြပ်ကိုကျော်ပြီး ပြင်ပအသံတွေက ရောယှက်နေလို့ ငုတ်တုပ်ထိုင်ပြီး တခုဆိုတခုပဲလုပ်ရတယ် ကားစီးခြင်းအလုပ်ပေါ့

Soe Hlaing သဘော ပေါက်ပါတယ် ခင်ဗျာ။

Sein Tun ဒီလို post မျိုး များများတင်ကြပါ
ကိုယ်နိုင်ငံ ပြောင်းလဲအောင် တဖြည်းဖြည်း
ကိုယ်စီကိုယ်စီ ကိုယ်တိုင်ပါဝင်ပြောင်းလဲကြဖို့လိုပါတယ်။
ပြောင်းလဲဖို့လုပ်နေတာကိုလည်းနားလည်မှုရှိရှိနဲ့
သီးခံကြဖို့လိုပါတယ်။



Myosu Hlaing uncle ရေ ဘဝတွေကိုပြောပါတယ်ဗျာ
ကြာတော့ နယ်တွေမှာပဲနေချင်တော့တယ်

Write a reply...




Austin Phyo တော်လိုက်တဲ့ ကလေးမ... https://www.facebook.com/images/emoji.php/v7/fed/2/16/2764.png<3 https://www.facebook.com/images/emoji.php/v7/fed/2/16/2764.png<3 https://www.facebook.com/images/emoji.php/v7/fed/2/16/2764.png<3

Write a reply...


Franken Stein · Friends with Ga Yat and 2 others
Please add me! add လို့မရလို့ပါ Uncle

Soe Hlaing Friend 5000 ပြည့်နေ လို့ပါ Franken Stein. Add သာလုပ်ထားပါ။ လူလျှော့ သွားတာနဲ့ Accept လုပ် ပေးပါမယ်။

Franken Stein · Friends with Ga Yat and 2 others
ဟုတ်ကဲ့ uncle ဒါမဲ့ Fri က 5000ဖြစ်နေတဲ့အတွက် add တောင် လုပ်လို့မရတာပါ uncle

Soe Hlaing Franken Stein , Friend Request လုပ်ထားပါ Franken.





Franken Stein ·






Soe Hlaing
 Franken Stein , တစ်ခါ တစ် ခါ အလိုလို လူလျှော့ သွားတတ်ပါတယ်။



Franken Stein · 3 mutual friends

ဟုတ်ကဲ့ uncle


Write a reply...
Write a reply...


Soe Hlaing ဟုတ်ပါတယ် Ko Thane Htay, ကျွန်တော် ကြားဘူးသလောက် ဒီ က လူမျိုးနွ

ယ် အချို့ ဟာ ဆိုရင်လည်း မူလ အခံ က သိပ်ပြီးစည်းကမ်း နဲ့ လုံ့လ ရှိကြတာ မဟုတ်ပါ
ဘူး ကွယ်လွန် သွားပြီ ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း Mr. Lee Kuan Yew အစိုးရ က ဇိကုတ် နတ်ပြည်တင်သလို နိုင်ငံရေး အနာခံ လုပ်ခဲ့ လိုဒီလို အခြေအနေ ရောက်လာတာလို့ သိရပါတယ်။ ကျွန်တော်လည်း ဒီ အခြေ အနေ ကို မှီသင့် သလောက် မှီ ခဲ့ ပါတယ်။ အစိုး ရ ဆိုတာ လူ တွေ အ ကြိုက်( Political Popularity ) တွေဘဲ လိုက် လုပ်တာထက် လူထု အကျိုး အတွက် အနာ ခံ ဆောင် ရွက်တန် လည်း ဆောင်ရွက် ရပါမယ်။ ဒါမှ လူမျိုး ရော တိုင်းပြည်ပါ တိုးတက် ပါမယ်။
Like· Reply· 8· February 21 at 8:55amEdited

Min Min Good post ,this is industry for their future..

Soe Hlaing My pleasure, Ko Min Min.

Write a reply...




Yng Mya Zaw တကယ်​​ကောင်းသွားတဲ့ပုံ​လေးပါ ကြိုက်​တယ်​ကိုကြီး

Soe Hlaing Thank you Ko Mya Zaw ( Ygn Yng Mya Zaw ).

Write a reply...


Soe Hlaing ကျွန်တော် ကြားဘူးသလောက် ဒီ က လူမျိုးနွယ် အချို့ ဟာ ဆိုရင်လည်း မူလ အခံ က သိပ်ပြီးစည်းကမ်း နဲ့ လုံ့လ ရှိကြတာ မဟုတ်ပါဘူး ကွယ်လွန် သွားပြီ ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း Mr. Lee Kuan Yew ဦဆောင် တဲ့ အစိုးရ က ဇိကုတ် နတ်ပြည်တင်သလို နိုင်ငံရေး အနာခံ လုပ်ခဲ့ လိုဒီလို အခြေအနေ ရောက်လာတာလို့ သိရပါတယ်။ ကျွန်တော်လည်း ဒီ အခြေ အနေ ကို မှီသင့် သလောက် မှီ ခဲ့ ပါတယ်။ အစိုး ရ ဆိုတာ လူ တွေ အ ကြိုက်( Political Popularity ) တွေဘဲ လိုက် လုပ်တာထက် လူထု အကျိုး အတွက် ဇိကုတ် နတ်ပြည် ကို ဆွဲ တင် သလို နိုင်ငံရေး အနာ ခံ ဆောင် ရွက်တန် လည်း ဆောင်ရွက် ရပါမယ်။ ဒါမှ လူမျိုး ရော တိုင်းပြည်ပါ တိုးတက် ပါမယ်။

Like· Reply· 6· February 21 at 4:59pmEdited


Sein Tun မြန်မာနိုင်ငံမှာ ကောင်းတာလုပ်ပေးတဲ့လူကလုပ်ပေးနေပေမဲ့
နိုင်ငံရေးအရသော်လည်းကောင်း၊စီပွားရေးအရသော်လည်းကောင်း
ကန့်လန့်လိုက်လုပ်နေတဲ့လူတွေ ရှိနေကြတယ်၊
ရည်ရွယ်ချက်ကောင်းကို
ကိုယ်ကျိုးကိုသာကြည့်ပြီး သိသိနဲ့ကန့်လန့်တိုက်ကြသူတွေရှိသလို
မသိလို့ အပစ်ပြောကြသူ နှောက်ယှက်သူတွေလည်း
ယခုအချိန်ကာလမှာရှိနေကြပါတယ်။


Yin Yin Mon အသိပညာနည်းသူ​တွေကများတာကိုး
ပညာတတ်​သူကကိုယ်​ကျိုးကြည့်​သူများ​နေတာလို့

Soe Hlaing တစ်ချိန်က Mr. Lee Kuan Yew ပြောခဲ့ ဘူးတာတစ်ခု ရှိပါတယ် " အတိုက်အခံ ဆိုပြီး အစိုးရ ဘာလုပ်လုပ် မကောင်းတဲ့ ဘက်ကနေ အပြစ်ပြော နေလို့ မဖြစ်ဘူး။ နိုင်ငံအတွက် ကောင်းတာ ဆိုရင် ပူးပေါင်းဆောင်ရွက် ရမယ် " ဆိုတဲ့ စကား ဟာ မှတ်သား လောက်ပါတယ်။ ကျွန်တော် Mr. Lee Kuan Yew ကို ညျွန်း ရခြင်းက အကြောင်းရှိပါတယ်။ ကျွန်တော် ဟာ ၁၉၈၃ မှ ၁၉၈၆ အထိ ကာ လများမှာ စင်ကာပူ မြို့ မြန်မာသံ ရုံး မှာ တတိယ အတွင်းဝန် တာဝန် ထမ်းဆောင်ခဲ့စဉ် က သူပြော တာကို မှတ်သား ထားခဲ့ ဘူးလို့ပါ။
Like· Reply· 1· Yesterday at 3:36pmEdited
Write a reply...


Nay Aye အားကျမိပါတယ်

U Thant Zin ကိုယ့်ဘဝ ကိုနာလည်အသိ ရှိတယ်ခလေးမပါသူ့ဘဝတိုးတက်ပါစေ


Write a reply...


Khin Thant Zin · Friends with Soewin Thant and 8 others
ကန့်လန့်တိုက်ပြီးပြောတာတော့မဟုတ်ပါဘူး။ဒါဟာ ကျောင်းအသွားမှာလား။ ကျောင်းအပြန်မှာလား။ ကျောင်းအသွားမှာဆိုရင်တော့..ဒါဟာ သေချာပါပြီ... အိမ်မှာ အိမ်စာမလုပ်ခဲ့တာပဲ။
ဒီနိုင်ငံမှာ အိမ်အလုပ်ကူလုပ်နေရလို့၊ မိဘကူနေရလို့ အိမ်မှာ စာကြည့်ချိန်၊ အိမ်စာလုပ်ချိန် မရဘူးဆိုတာ လုံးဝမရှိပါဘူး။

စိုင်း လင်း နေ့လည်ခင်း ဆိုပြီးပါပါတယ်

Soe Hlaing ကျောင်း ပြန်ချိန်ပါ Khin Thant Zin. နေ့ခင်း မွန်းလွဲ ၂နာရီ ရ မိနစ် ( 14:07:01 ) မှာ ရိုက် ထားတဲ့ ပုံပါ။

Soe Hlaing ၀ိုင်းဝန်း ဖြေကြားပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ကို စိုင်း လင်း ၊။

Khin Thant Zin · Friends with Soewin Thant and 8 others
မနက်ပိုင်း...နေ့လည်ပိုင်း.. ၂ချိန်တက်ရတဲ့ကျောင်းတွေရှိပါတယ်။

Khin Thant Zin · Friends with Soewin Thant and 8 others
နောက်တခုက...(ကျမအမြင်ပေါ့လေ...) အိမ်မှာလုပ်လို့ရတဲ့၊စာကြည့်တိုက်မှာလုပ်လို့ရတဲ့ အိမ်စာကို လူအများရှေ့၊ လူအများနဲ့သက်ဆိုင်ပြီး၊ စာလုပ်ဖို့ မသင့်လျော်တဲ့နေရာတွေမှာ...ဥပမာ- McDonald ဆိုင်လိုနေရာတွေ၊ အခုလို ရထားပေါ်တွေ... လုပ်နေတာဟာ မချီးမွမ်းထိုက်၊ အားမပေးထိုက်ပါဘူး။ အများသူငါကို...နှောင့်ယှက်၊ကြန့်ကြာစေတယ်၊ ကိုယ်ကိစ္စပြီး ပြီးရော၊ အခြားလူတွေ ဘာဖြစ်ဖြစ် ဂရုစိုက်စရာလိုဘူးဆိုတဲ့...တစ်ကိုယ်ကောင်းစိတ်ကို အားပေး၊အားမြှောက်ရာရောက်ပါတယ်။

အိမ်ပြန်ရောက်လို့...အိမ်ကအမေကို အိမ်အလုပ်တွေမနိုင်မနင်းကူရ၊ ထင်းခွေ၊ရေခပ်၊ အိမ်စီးပွါးရေးမှာ ဝင်ကူရလို့ စာကြည့်ချိန်မပေးနိုင်တဲ့ အနေအထားမျိုးဆိုရင်တော့...ဟုတ်တာပေါ့လေ။

Like· Reply· Yesterday at 12:13amEdited


Soe Hlaing Khin Thant Zin နာရီပြန် (၂) ချက် ကျော် က တော့ Afternoon shift သွားတဲ့ အချိန် မဟုတ်တော့ပါ။ Morning shift ပြန်တဲ့ ချိန် ဘဲ ဖြစ်ပါတယ်။ McDonal လိုနေရာ၊ Starsbucks လိုနေရာတွေ မှာ အကြာ ကြီးထိုင် ပြီး စာလုပ်နေတဲ့ ကိစ္စ မျိုး လို ကတော့ အခြားသူတွေ ထိုင်ခုံမရ လို့ ရပ်စောင့်နေရတဲ့ ( miss use of public place) အတွက် ဒီလို လုပ် ရပ် မျိုး ကိုတော့ ကျွန်တော် လည်း မကြိုက်ပါ။ အားမပေးပါ။ Public place မှာ သူတပါး အနှောက် အယှက် ဖြစ်အောင် လုပ်တဲ့ လုပ်ရပ် မျိုးကတော့ ကျိုးစားတာ မဟုတ်ဘဲ အခွင့်အရေးယူတဲ့ လုပ်ရပ် ဖြစ်ပါတယ်။

Like· Reply· 1· 1 hrEdited

Soe Hlaing အခု ပုံ ကတော့ ခလေးမ လေး ဟာ ရထားချောင် တဲ့ နေ့ခင်း လို အချိန် မှာ သူတပါးကို အနှောက် အယှက် မဖြစ်စေဘဲ ရတဲ့ အခြေ အနေ တစ်ရပ် ကို ယူလိုက်တာပါ။ ပုံ ကိုကြည့် ရင် ကျွန်တော် ပြော တဲ့ အခြေအနေ မျိုး ကို မှန်းဆလို့ ရ နိုင်ပါတယ် Khin Thant Zin ။ ဒီလို အချိန် ကို ရ သလောက် လု ပြီးလုပ်တတ်တဲ့ စိတ် ကို ကျွန်တော် အားပေးပါတယ်။ for Khin Thant Zin.။
Like · Reply · 14 hrs · Edited

Soe Hlaing ကျွန်တော် ရေးထာတဲ့ ထဲ မှာ ပါတဲ့ " ဘယ်သူ ကိုမှ ဂရု မစိုက်ဘဲ....." ဆိုတာက အခြားသူ ဖြစ်ခြင်ရာ ဖြစ် ငါလုပ်ခြင်တာ လုပ်မယ် ဆိုတဲ့ သဘောမျိုး မဟုတ်ပါ။ ရထားပေါ် မှာ သူ့ စာ သူ လုပ် တာကို " ရထားပေါ် မှာ စာ လုပ်တာ သင့်တော်ပါ့ မလားဆိုတဲ့ " မည်သူ့ ကိုမှ ရှက် ရွံ့ တဲ့ စိတ် မရှိဘဲ စာ လုပ်တာကို ဆိုလို တာပါ။ for Khin Thant Zin.
Like · Reply · 1 · Yesterday at 6:16am · Edited

Write a reply...




Min Min Soe · Friends with Kyaw Swar Tunn

Daniel Minn · Friends with Kauk Kway and 6 others
သူ့ဝတ်စုံကိုကြည့်ရတာMGS ကျောင်းသူဖြစ်လိမ့်မယ်,,,MGS ကျောင်းသူတွေကစာလုပ်တာများတယ်,စာလုပ်စရာမရှိရင်,စာကြည့်တိုက်ကိုသွားပြီးစာအုပ်ငှားပြီဖတ်တယ်.

Soe Hlaing ဖြစ်နိုင်ပါတယ်။ ကျွန်တော် ကတော့ မ မှန်းနိုင်ပါ။

Write a reply...


Sein Tun ဒီလို post မျိုး များများတင်ကြပါ
ကိုယ်နိုင်ငံ ပြောင်းလဲအောင် တဖြည်းဖြည်း
ကိုယ်စီကိုယ်စီ ကိုယ်တိုင်ပါဝင်ပြောင်းလဲကြဖို့လိုပါတယ်။
ပြောင်းလဲဖို့လုပ်နေတာကိုလည်းနားလည်မှုရှိရှိနဲ့
သီးခံကြဖို့လိုပါတယ်။

Soe Hlaing ကြုံ ရင် ကြုံ သလိုပေါ့ ဆရာ U Sein Tun ခင်ဗျား။

Sein TunSein Tun နိုင်ငံရဲ့လူနေမှုစနစ်
ခံယူချက်
စိတ်ဓာတ်
အချိန်ရဲ့တန်ဘိုးသိမှု
ကြိုးစာခင်စိတ်
Transportation ကောင်းမွန်မှု etc....
မြင်ရပါတယ်
မြင်စေချင်ပါတယ်။
Like· Reply· 1· February 21 at 12:03pm

Write a reply...


Win Myint San ရထားက ဒီမှာလို ခုန်မနေလို့ထင်ပါတယ် စာရေးလို့ရတာ
ဒီမှာအဲ့လို စာသွားရေးရင် မူးသွားမှာ

Soe Hlaing မခုံ ပါ Track Crossing မှာ သာ အနည်းငယ် လှုပ် ခါ ပါတယ်။

Write a reply...




U Yan Moe အိမ်​ကအလုပ်​များ​နေလားမသိဘူး



Write a reply...


Soe Hlaing ကျွန်တော် ကြားဘူးသလောက် ဒီ က လူမျိုးနွယ် အချို့ ဟာ ဆိုရင်လည်း မူလ အခံ က သိပ်ပြီးစည်းကမ်း နဲ့ လုံ့လ ရှိကြတာ မဟုတ်ပါဘူး ကွယ်လွန် သွားပြီ ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း Mr. Lee Kuan Yew ဦးဆောင်တဲ့ အစိုးရ က ဇိကုတ် နတ်ပြည်တင်သလို နိုင်ငံရေး အနာခံ လုပ်ခဲ့ လိုဒီလို အခြေအနေ ရောက်လာတာလို့ သိရပါတယ်။ ကျွန်တော်လည်း ဒီ အခြေ အနေ ကို မှီသင့် သလောက် မှီ ခဲ့ ပါတယ်။ အစိုး ရ ဆိုတာ လူ တွေ အ ကြိုက်( Political Popularity ) တွေဘဲ လိုက် လုပ်တာထက် လူထု အကျိုး အတွက် အနာ ခံ ဆောင် ရွက်တန် လည်း ဆောင်ရွက် ရပါမယ်။ ဒါမှ လူမျိုး ရော တိုင်းပြည်ပါ တိုးတက် ပါမယ်။

Naing Htwe သိပ်မှန်တာပေါ့ ဆရာSoeရာ.. native စလုံးတွေဟာ စည်းကမ်းလုံးဝမရှိပါ.. အခုချိန်ထိ senior citizen တွေရဲ့စရိုက်ကို မြင်နိုင်ပါသေးတယ်.တွေရာနေရာ တံတွေးထွေးမယ် အမှိုက်ကို ပြစ်ချင်တဲ့နေရာ ပြစ်မယ် . မြန်မာတွေဟာ စင်္ကာပူကိုဆို သိပ်အားကျကြတယ်. ကျွန်တော်တော့ စင်္ကာပူရဲ့ စနစ်ကိုပဲကြိုက်တယ် လူကိုလုံးဝမကြိုက်ပါ.

Soe Hlaing မှန်ပါတယ် Ko Naing Htwe,


U Maung Lwin · Friends with Myint Zaw and 4 others
အာရှတိုက်သားတော်တော်များများက စည်းနဲကမ်းနဲ့ နေဘို့ ဝန်လေးကြတယ်လို့ထင်ပါတယ်။
Unlike · Reply · 1 · 4 hrs

Soe Hlaing U Maung Lwin , မှန်ပါတယ်။ ကျွန်တော် တို့ အာရှ တိုက်သားတွေ က ဥရောပ အလယ် ပိုင်း က လူတွေ လောက် စည်း ကမ်း အရာ မှာ အသားသေ တာမတွေ့ရပါ။
Like · Reply · Just now

Write a reply...




Mya Thet Htar Oo သမီးဆိုရင်​​တော့ ဘယ်​ယာဉ်​​ပေါ်တက်​တက်​မူးတတ်​လို့ ဖုန်း​တောင်​သုံးမရဘူးဦး​ရေ
သမီးငယ်​​လေးကို ချီးကျူးမိပါတယ်​ https://www.facebook.com/images/emoji.php/v7/feb/2/16/1f642.png:-)

Soe Hlaing ဖြစိတတ်ပါတယ် သက်ထား.။

Write a reply...






Write a reply...




Zhang Licong Too much homework for them

Soe Hlaing May be..................Zhang Licong.

Write a reply...


Shwethwe Bawgabala တော် ပါ ပေ တယ် သ မီး လေး !!!

Soe Hlaing ဟုတ်ပါတယ် ကိုရွှေသွေး ( Ko Shwethwe Bawgabala )။ ကျွန်တော် လည်း လေးစားမိပါတယ်။

Write a reply...




Wai Kyi Tun အိမ်ကမြေးတွေနဲ့ တခြာစီ

Soe Hlaing ဒီ မှာ လည်း အတော်တွန်းရပါတယ် Wai Kyi Tun ရေ။ ရင်းနှီးမှု အရ " ဒေါ် " မ မတပ်တော့ ပါ။

Wai Kyi Tun ရပါတယ်

Soe Hlaing Wai Kyi Tun ကျွန်တော့် ထက် ငယ် မယ် လည်း ထင်လို့ပါ။

Wai Kyi Tun ဂျက်ကီချမ်းနဲ့ တနေ့ တနှစ်ထဲတလထဲတရက်ထဲလေ 7-4-54

Soe Hlaing ကျွန်တော့် ထက် (၇) နှစ် ငယ်ပါတယ်။ ကျွန်တော် က ၁၉၄၇ ပါ။

Write a reply...


Yie Mya Aung သူတို့နိုင်ငံများရထားဒေBUSကားဒေသာသာယာယာစီးနေကြရတာ၊အားကျလတ်ထှာ၊ကိုယ်ဒေမြန်မာနိုင်ငံမှာတော့ဘယ်တော့မှအဲ့လိုစီးရပါ့မလဲ

Soe Hlaing တစ်ချိန် မှာ ဖြစ်လာ ရမှာပေါ့ ဗျာ။

Write a reply...


အတုယူသင့်ပါတယ်
နောက်လည်း အတုယူစရာ
လေးတွေ ထပ်တင်ပေးပါဦး။


Write a reply...




Write a reply...


Yin Yin Mon သဲသဲကစာ​တော်​​ပေမယ့်
Tablet ကိုဦစား​ပေး​ဆော့ကစား
ပုံပြင်​စာဖတ်​နဲ့ အချိန်​ကုန်​တာ
များ​နေတယ်
ငယ်​​သေးလို့လားမသိ
ဒီပုံ​လေးပြရမယ်

Soe Hlaing ဒီ အရာ တွေ ကို စည်းကမ်း လေး နဲ့ ထိမ်း ထားရင် ရပါတယ် Yin Yin Mon.

Write a reply...



Nay Htet · Friends with Khin Hninn Si
ကိုကြီးစိုးလှိုင်ရေ ကျွန်တော်တို့ ငယ်ငယ်ကတော့ အိမ်စာကိုကျောင်းမှာ ပြီးအောင်လုပ်တယ် ။ စာကြိုးစားချင်လို့ တော့ဟုတ်ဘူး ။ အိမ်ရောက်ရင် လွယ်အိတ်ပြစ်ပြီး ဆော့တော့တာဘဲ ။

Soe Hlaing အတူတူ ပါဘဲ ဗျာ။

ယောန သံ ဘာဘဲဖြစ်ဖြစ်ပီးမှရမယ်ဆိုတဲ့စိတ်ကလေးရှိတာကိုကတော်လှပါပြီ


Like · Reply · Just now

Write a reply...




Moejoo King · Friends with Kyi Soe Tun
ချကွာအဆင်ပြေသလိုပေါ့fighting


Write a reply...


Aung Htun Kyaw အားပေးပါတယ် ကလေးရေ


Write a reply...




Soe Hlaing ကျွန်တော် ကြားဘူးသလောက် ဒီ က လူမျိုးနွယ် အချို့ ဟာ ဆိုရင်လည်း မူလ အခံ က သိပ်ပြီးစည်းကမ်း နဲ့ လုံ့လ ရှိကြတာ မဟုတ်ပါဘူး ကွယ်လွန် သွားပြီ ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း Mr. Lee Kuan Yew ဦးဆောင် တဲ့ PAP အစိုးရ က ဇိကုတ် နတ်ပြည်တင်သလို နိုင်ငံရေး အနာခံ လုပ်ခဲ့ လိုဒီလို အခြေအနေ ရောက်လာတာလို့ သိရပါတယ်။ ကျွန်တော်လည်း ဒီ အခြေ အနေ ကို မှီသင့် သလောက် မှီ ခဲ့ ပါတယ်။ နိုင်ငံ တစ်နိုင်ငံ တိုးတက် ထွန်းကားလာဘို့ ဟာ ရေနံ တွေ ၊ သဘာဝ ဓါတ်ငွေ့ တွေ ၊ ကျောက်စိမ်းတွေ၊ သစ်တွေ ကို ကုန်စင်အောင် ရောင်းစား မှ မဟုတ်ပါ။ လူ အရင်းအမြစ် ကို ထွန်းကားအောင်လုပ်ရပါမယ်။ အစိုး ရ ဆိုတာ လူ တွေ အ ကြိုက်( Political Popularity ) တွေဘဲ လိုက် လုပ်တာထက် လူထု အကျိုး အတွက် ဇိကုတ် နတ်ပြည် ကို ဆွဲ တင် သလို နိုင်ငံရေး အနာ ခံ ဆောင် ရွက်တန် လည်း ဆောင်ရွက် ရပါမယ်။ ဒါမှ လူမျိုး ရော တိုင်းပြည်ပါ တိုးတက် ပါမယ်။
Like · Reply · 8 · February 21 at 7:00pm · Edited

အာ့တာရထားပေါ်မှ မဟုတ်တာ။ သေချာလဲတူတဲ့ပုံ ရအောင်ရှာကြအုံး

Soe Hlaing မမီး မီး, --- မမီး မီး ဆိုတာ ဘယ်သူ ဆိုတာတော့ ကျွန်တော် မသိပါ။ ကျွန်တော် ဒီကလေးမလေး ကို MRT ပေါ်မှာ ရိုက်ခဲ့တာပါ။ ပုံပေါင်း (၅) ပုံခန့် ရိုက်ခဲ့ပါတယ် ။ နမူနာ မူကွဲ တစ်ပုံ တွဲပေးလိုက်ပါတယ်။ တူတဲ့ ပုံ ရှာ လို့ လဲ ဘယ်လိုမှ မရ နိုင်ပါ မမီး မီး။





Like · Reply · 1 · February 21 at 7:09pm · Edited


အော်... ဟုတ်ကဲ့အကို.... fb မှာက မယုံရလို့ သံသယနဲ့ဘဲ ကြည့်မိလို့ပါ.... စော်ကားသလိုဖြစ်ရင်တောင်းပန်လိုက်ပါတယ်နော်အကို......

Soe Hlaing မမီး မီး ၊ ဖြစ်တတ်ပါတယ် မမီး မီး ၊ ကျွန်တော် ကလည်း ပြန် ရှင်း ပြ ဘို့ တာဝန်ရှိ လို့ပါ။ Post မှာ တော့ အသေးစိတ် ရေး ရင် စာပေ ရသ ပြောက် သွားမှာ မို့ ပါ။ Monday ( 20-Feb 2017) ရက်နေ့ က Jalan Sultan Market က စစ်ပစ္စည်း ဆိုင်တွေ မှာ ပစ္စည်း တစ်ခု ရှာ အပြီး Lavender Station ကနေ အစိမ်းရောင် လိုင်း နဲ့ Jurong East ကိုစီးလာတဲ့ လိုင်း မှာ တွေ့တာပါ။ အခု တွဲ ပေးလိုက်တဲ့မူကွဲ ပုံ က Street Photography တို့ ရဲ့ဖြစ်လေ့ ရှိတဲ့ သဘာဝ အတိုင်း Focus မပြတ် ပါဘူး။ ပုံ တွေ ထည်းက အပြတ်သားဆုံးကို ရွေးတင်ထားတာပါ မမီး မီး ခင်ဗျား။





Like · Reply · 2 · February 21 at 8:51pm · Edited

Soe Hlaing စင်ကာပူ MRT အတွင်းပိုင်းပုံတွေပါ။






Soe Hlaing စင်ကာပူ MRT အတွင်းပိုင်းပုံတွေပါ။





Write a reply...





Soe Hlaing မမီး မီး, --- မမီး မီး ဆိုတာ ဘယ်သူ ဆိုတာတော့ ကျွန်တော် မသိပါ။ ကျွန်တော် ဒီကလေးမလေး ကို MRT ပေါ်မှာ ရိုက်ခဲ့တာပါ။ ပုံပေါင်း (၅) ပုံခန့် ရိုက်ခဲ့ပါတယ် ။ နမူနာ မူကွဲ တစ်ပုံ တွဲပေးလိုက်ပါတယ်။ တူတဲ့ ပုံ ရှာ လို့ လဲ ဘယ်လိုမှ မရ နိုင်ပါ မမီး မီး။





Like · Reply · 2 · February 21 at 7:09pm · Edited

Soe Hlaing မမီး မီး ဆို တဲ့ သူ က ဒီပုံ ဟာ ရထားပေါ်မှာ ရိုက်တာ ဟုတ်ရဲ့ လား။ တူ တဲ့ ပုံ ရှာ ကြ ဦးလို့ ဆိုလို့ ရှင်းပြ ထားတာပါ။ Face Book ပေါ် မှာတော့ ဘယ်သူ ဘယ် ၀ါ ကျား/မ ၊ Face Book Account ခွဲ ဘယ်နှစ်ခု မြောက် ဆိုတာ ဘယ် လိုမှ ခွဲ လို့ မရ နိုင်ပါ။
Like · Reply · 1 · February 21 at 8:53pm · Edited

အကိုဘာလို့ ညီမကို လင့်ချိတ်တာပါလဲရှင့်

Soe Hlaing ဘယ် Account က ဆိုတာ သိ အောင် လို့ ပါ။ ကျွန်တော် ပြန် ဖြုတ် လိုက်ပါမယ်။

Soe Hlaing Link ပြန် ဖြုတ် လိုက်ပါ ပြီ မမီး မီး ခင်ဗျား။


Write a reply...




ကိုကို ချစ်တဲ့ ယုန်လေး ကလေးလေး အရမ်းလေးစားတယ်


Write a reply...


Khin Marlar Latt Singapore is education system is one of the top ten in the world..very competitive,students in higher education level study so hard to get the best results..

Soe Hlaing Thank you Marlar ( Daw Khin Marlar Latt ) for the kind comments.

Write a reply...


Win Win Khaing လက်ရှိရင်ဆိုင်နေရတဲ့ ကိုယ့်နိုင်ငံပညာရေးအတွက်
ရင်လေးအားငယ်မိ။

Soe Hlaing ကျွန်တော် တို့ အနေနဲ့ ရေပေါ် ဆီ ဆန်ဆန် မလုပ်ဘဲ။ လက်တွေ့ ကျ တာ ကို လုပ်ကြရပါမယ်။ တစ်ချိန် က မြန်မာ နိုင်ငံ ရန်ကုန် တက္ကသိုလ် က ဘွဲ့ ရ တစ်ဦး ဟာ London Imperial College ကို ၀င်ခွင့် ဖြေ ရန်မလို ဘဲ တိုင်ရိုက် ၀င်ရောက် သင်ကြားနိုင်တယ် လို့ ဆရာ တွေ ပြော ဘူးပါတယ်။ မဖြစ် နိုင်တာ မရှိပါ။ ဖြစ်ခဲ့ ဘူးတဲ့ သာဓက ရှိပြီးသားပါ Win Win Khaing.
Like · Reply · 2 · February 21 at 8:16pm · Edited

Win Win Khaing ဘယ်လိုပညာရေးစနစ်မျိုးမှာ
ဘယ်လိုအခြေအနေမျိုးဘဲဖြစ်ဖြစ်
မိမိရဲ့တာဝန်ကို...
See More

Soe Hlaing Win Win Khaing မည်သို့သော အစွဲ မှ မထားဘဲ ၊ တည်ဆောက်ရေး တစ်ရပ်မှာ သဲတပွင့် ဖြစ် ပါစေ ၊ ရှိသလောက်သော အတိုင်း အတာနဲ့ ဖြည့်ဆည်းပေးမယ် ဆိုတဲ့ ဒီလို မျိုး စိတ်ဓါတ် မျိုးကို လေးစားပါတယ် ခင်ဗျား။

Write a reply...




Ko Oo ကြိုးစားမှုက
အားကျဖို့​ကောင်းပါတယ်
ဒါ​ကြောင့်
သူတိုနိုင်​ငံ တိုးတက်​တာကိုး ။

Soe Hlaing Ko Oo, နိုင်ငံ တစ်နိုင်ငံ က ရှိသမျှ မြေပေါ်မြေအောက် သယံဇာတ တွေ အကုန် ထုတ်ရောင်းနေ ရုံ နဲ့ နိုင်ငံ မတိုး တက်နိုင်ပါဘူး။ စားဖားတွေ အိတ် ထဲ တစ်မျိုး မဟုတ် တစ်မျိုးရောက် ကုန် တာဘဲ ရှိပါတယ်။ လူ အရင်းမမြစ် ကို မြှင့် တင်ပေးဘို့ လိုပါတယ်။

Write a reply...


မိုး ဧကရီ တို့ ဆီမှာ တော့ မ ရ သေး ဘူး။ ပြောင်း 
လဲ ကာ လ ဆို တော့ လေ။ စိတ် ရှည်
ရမှာ ပေါ့။ အ လုပ် အ ကြွေး မ ထား တဲ့
စိတ် က လေး ကို လေး စား ပါ တယ်။
Unlike· Reply· 1· February 21 at 10:18pm


Soe Hlaing တော်လှန်ရေး ဖြစ်စေ ၊ ပြောင်းလဲမှု ဖြစ်စေ ၊ ဒီ ဖြစ်စဉ် တွေ ရဲ့ ရလာဒ် ဟာ ချက်ခြင်း လက်ငင်း အုံဖွ ဆို ရုံ နဲ့ မရ လာနိုင်ပါ။ သစ်ပင် စိုက် သလိုပါဘဲ။ တဖြည်း ဖြည်း ရေ လောင်းပေါင်းသင် ပြုစု ပြိုးထောင် ရာ က အချိန် ကျ လာမှသာ အသီးအပွင့် တွေ ဝေဆာလာပါမယ်။

မိုး ဧကရီ မှန် ပါ ၏။ အဲ ဒါ ကြောင့် စိတ် ရှည် ရမှာ ပေါ့ လို့ ပြော တာ။


Write a reply...


Say Tan · Friends with Naw Ehka Palu Moo and 1 other
S'pore MRT ကအဲ့လိုလား လို့ မေး
ကြည့်ချင်မိသည်။

Soe Hlaing Ko Say Tan, လူများများ မတ်တပ်ရပ် စီးနိုင်တဲ့ တွဲ နဲ့ ထိုင်ခုံ ရှိတဲ့ MRT ရထားတွဲ ပုံ များ ဖြစ်ပါတယ်။ ရထား နောက်ဆုံး ဘူတာ ဖြစ်တဲ့ Pasir Ris ကို ရောက်ခါ နီး မို့ လူရှင်း နေတုန်း ရိုက်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။ အောက် က ပုံ က လူများ များ မတ်တပ်ရပ် စီးနိုင်တဲ့ ခုံ များ မထည့် ထား သော နေရာ ဖြစ်ပါတယ်။





Like · Reply · 2 · Yesterday at 5:46am · Edited

Soe Hlaing ထိုင်ခုံ ပြည့် တွဲ ဖြစ်ပါတယ်။




Like · Reply · 2 · Yesterday at 5:42am · Edited

Write a reply...


Shwe Win · Friends with Aung Kyaw Nyunt and 2 others
We should respect. We should change. Then only we can catch up Singapore in 20 years? But our youths are running in the opposite directions ,good or bad I don't know , but without good education we will end up as others slaves.

Soe Hlaing That's right, Ko Shwe Win.

Write a reply...


Naung Naung · Friends with Aung Htike Win
အရမ်းသဘောကျတယ်


Write a reply...


U Myint Aye · Friends with Suki Singh
ခ​လေး​တွေကကြိုးစားကြ


Write a reply...


'မ မ' shareခွင့်ပြုပါနော်

Soe Hlaing Share နိုင်ပါတယ်ခင်ဗျာ။

Write a reply...


Soe Hlaing Ko Thane Htay , ပြောတဲ့ အစိုးရ အနေ နဲ့ လူထု ကို အလို မလိုက်သင့်တဲ့နေရာ မှာ သိတ်အလို မလိုက် သင့်ပါ..ဆိုတဲ့ စကား ဟာ မှန်ပါတယ်။ ကျွန်တော် စင်ကာပူ မှာ သံ ရုံး တတိယ အတွင်းဝန် တာဝန် နဲ့နေခဲ့စဉ် ၁၉၈၃ က ၁၉၈၆ အထိကာ လမှာ စည်းကမ်း သိပ်ရှိပါတယ်။ ဥပမာ--အမှိုက် တစ် စ ချ တာနဲ့ ဒါဏ် ငွေ ဒေါ်ဘာ ၅၀၀-၀၀ ရိုက်ပါတယ်။ လူတွေ က ကြောက်တော့ လမ်းပေါ်မှာ အမှိုက် တစ် စမှမရှိပါဘူး။ သို့သော် ဒီနေရာ မှာ အာရှ ကလူတွေ က ဥရောပ အလယ် ပိုင်းက လူတွေ လောက် စည်းကမ်း အသားမသေ ဘူးလို့ ဆိုရပါမယ်။ ကျွန်တော် အထက် မှာ ရေးခဲ့ သလို ဒီက မျိုးနွယ်စု အချို့ ရဲ့ မူလ အခံ ဗီဇ က သိပ် စည်းကမ်းရှိကြတာမဟုတ်ပါ။ စည်းကမ်း ကို အကြောက်တရားနဲ့ ဖိထားရပါတယ်။ အလိုလို လိုက်နာ တဲ့ စည်းကမ်း အဆင့် မရှိကြပါဘူး။ လူထု က အကြောက် လွန်လာတော့ ၀န်ကြီးချုပ် Mr. Lee Kuan Yew ရဲ့ PAP ပါတီ နိုင်ငံရေး စည်းရုံးမှု အတော် အသင့် ထိခိုက်လာပါတယ်။ နောက်ပိုင်း စည်းကမ်း ကို တစ်ဖြည်းဖြည်း ပြန် လျှော့ လာရာ မှာ အခုတော့ အမှိုက် တွေ ကို ထင်သလို ပစ်နေတာ တွေ့ရပါတယ်။ လူတွေ ရဲ့ စည်းကမ်း က ဘယ်လို မှ အသားမသေတော့ ဖိ ထားတဲ့ အကြောက် တရား လည်း လွတ်ရော ဒုံ ရင်း ပြန်ရောက်သွားတော့ တာပါဘဲ ဗျာ။ PAP ပါတီ ရဲ့ နိုင်ငံရေး စည်းရုံးမှု အတော် အသင့် လျှော့ ကျသွားတယ်လို့ ဆိုနိုင်ပေမဲ့ စင်ကာပူ ဒီလို အခြေအနေ မျိုး ဖြစ်အောင် PAP ကဘဲ ဆောင်ကျဉ်းပေး ခဲ့ တာကို လူထု က သဘောပေါက် ကြတယ်လို့ ထင်ပါတယ်။ တခြား ပါတီ လက်ထဲ ကိုလည်း တိုင်းပြည် ထိုးအပ် ရဲ တဲ့ သတ္တိ ရှိ ပုံ မရကြ ဘူးလို့ လည်း ထင်ပါ တယ်။ ဒါကြောင့် ယနေ့ အချိန် အထိ PAP ပန်း ပန်လျှက် ပဲ ရှိနေတာ တွေ့ ရပါတယ်။ အစိုးရ တစ်ဖွဲ့ အနေနဲ့ လုပ်သင့်တာ ကိုတော့ ရှဉ့် လည်းလျှောက်သာ ပျား လည်းစွဲ သာ သဘာမျိုး လုပ်ရမှာပါ။ ပြုပြင် ပြောင်းလဲ ရေး လုပ်ဆောင်ချက် ကို နားလည် သဘောပေါက်တဲ့ လူထု က ထောက်ခံ ကြမှာ ဖြစ် ပြီး ၊ ပြုပြင် ပြောင်းလဲ ရေးရဲ့ ရလာဒ် ပေါ်လာရင် ယခင် ဆန့်ကျင် ကြတဲ့ လူတွေ က ထောက်ခံ လာကြမှာဘဲ။ ( ကျွန်တော့် ထင်မြင်ချက် သက်သက်ပါ။ )
Like · Reply · 1 · 14 hrs · Edited

'မ မ' လေးစားလောက်ပါပေတယ်

Like · Reply · 22 hrs

Write a reply...


Kyaw Win နိင်ငံခေါင်းဆောင်မဖြစ်ဖူးလို့
ဘယ်သူပြောနိင်ပါသလဲ
Unlike · Reply · 1 · 21 hrs

Soe Hlaing သိပ် မှန်တာပေါ့ ကိုကျော်ဝင်း ( Dr. Kyaw Win ).
Like · Reply · 18 hrs

Write a reply...


U Maung Maung Latt စည်းကမ်းကိုလိုက်နာပြီးကြိုးစားကြတာကောင်းပေမယ့်
စင်ကာပူကလူတွေစက်ရုပ်လို
ဖြစ်ပြီးမပြံ.ုးတတ်။ပြံ.ုးတော့
လည်းအသက်မပါတာကိုတွေ့ 
ရ။
Unlike · Reply · 1 · 14 hrs

Soe Hlaing ဖြစ်တတ် ပါတယ် U Maung Maung Latt, တစ်ဘက်ကိုဖိ လွန်းရင် တစ်ဘက် ကို စောင်းတတ် တာ ပါဘဲ။ ကျွန်တော် ဒီမှာ သံတမန် အရာထမ်း အဖြစ် တာဝန် ကျစဉ်က ကိစ္စ တစ်ရပ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန သံတမန် ရေးရာဌာန အကြီးအကဲ တစ်ဦးနဲ့ တွေ့စဉ် သူက " ဒီက လူတွေဗျာ နံနက် မိုးလင်းရင် Good Morning လို့ နှုတ် မဆက်ကြဘဲ Good Money လို့ နှုတ်ဆက် ကြတာဗျ " လို့ ပြော တာ ကိုသတိရမိပါတယ်။
Like · Reply · 14 hrs · Edited

Write a reply...


Chit Hnin လေးစားလောက်ပါတယ်
Unlike · Reply · 1 · 14 hrs

Like · Reply · 14 hrs

Write a reply...
 Kyaw Win ငယ်ငယ်ထဲကအချိန်ကို
တန်ဖိုးထားတတ်နေပြီ
ဒီလိုမလုပ်ရင်
သူများနောက်ကျမှာကိုး
ရန်ကုန်မှာလုပ်ကြည့်ပါလား
ကဲတယ်ပြောမှာပေါ့

အဲဒီမှာအားလုံးလုံခြုံတယ်
တရားရေးမဏ္ဃိုင်ခိုင်တယ်
Unlike· Reply· 1· 22 hrs

K


Soe Hlaing ဟုတ်ပါတယ် ကိုကျော်ဝင်း ( Dr. Kyaw Win )၊ အချို့ အတွေးလွန် တဲ့ သူ တွေတောင် နည်းနည်း ပိုကဲ တဲ့ လုပ်ရပ်လို့ ထင်မြင်ချက်ပေးတာလည်း တွေ့ရပါတယ်။
Like · Reply · 6 hrs · Edited

Write a reply...


Nyein Aye Eain ကြည်နူးလိုက်ရတာ ဆရာစိုးေ၇
Unlike · Reply · 1 · 10 hrs

Soe Hlaing အမြင်အမျိုးမျိုးပေါ့ ဆရာငြိမ်း ( Saya Nyein Aye Eain )။ အချို့ အတွေးလွန် တဲ့ သူ တွေ အနေနဲ့ နည်းနည်း ပိုကဲ တဲ့ လုပ်ရပ်လို့ ထင်မြင်ချက်ပေးတာ လည်း တွေ့ရပါတယ်။
Like · Reply · 6 hrs · Edited

Write a reply...


U Aye Nyo · Friends with Soe Lwin Htay and 1 other
ဟုတ်ပါတယ်။အချိန်ပေးရမှာပေါ့ဗျာ။
ကျွန်တော်တို့မြန်မာနိုင်ငံက စင်္ကာပူ
နိုင်ငံနဲ့ ရေခံမြေခံ အင်မတန်ကွာခြားလှပါတယ်။
ဟိုမှာက အတိုက်အခံ ထုတည်ကြီး
ကြီးမားမားမရှိပါ။
ဒီမှာက လက်နက်က်ုင်တပ်မတော်
တစ်ခုလုံးကို နိုင်ငံရေးပါတီအဖြစ်
အသုံးချခံလိုက်ရတဲ့မဆလခေတ်
ဆိုးကြီးကိုကျော်ဖြတ်ရသေးတယ်။
မဆလခေတ်ထက်ဆိုးဝါးယုတ်မာ
လှတဲ့နဝတ/နအဖ/ကြံ့ခိုင်ရေး
ခေတ်ကိုလည်း အလဲလဲအပြိုပြိုနဲ့
အခု ကျော်ဖြတ်နေရဆဲပါဗျာ။
ကျွန်တော့်ရဲ့လက်သုံးစကားကို
ပြောကြည့်ပါမယ်။
စိတ်ရှည်ပါ
သည်းခံပါ
တစ်ရံတစ်ခါ လိုအပ်ရင် အောက်
ကြို့ခံပါ --စကားသုံးခွန်းဖြစ်ပါတယ်။
လက်နက်ဆိုလို့အပ်တိုတစ်ချောင်း
မပါပဲ/မကိုင်ပဲ ငြိမ်းချမ်းရေးလမ်းစဉ်
ကိုင်ဆွဲလျှောက်လှမ်းလာလိုက်လို့
အခုပြည်သူ့အစိုးရပေါ်ပေါက်ပါပြီ။
(ဒါ- - -စိတ်ရှည်သည်းခံလို့ရရှိတဲ့အ
သီးအပွင့်ဖြစ်ပါတယ်။)
အခု(ယနေ့)အောက်ကြို့ခံပြီးလုပ်
ဆောင်နေပါတယ်။ ဘာလဲ#%&*!?
ငြိမ်းချမ်းရေး။
ဘယ်သူတွေကိုအောက်ကြို့ရတာလဲ ? ? ???? ? ? ? ?
လက်နက်ကိုင်အဖွဲ့အစည်းအားလုံး
ထံ ကျွန်တော်တို့ပြည်သူအားလုံး
အောက်ကြို့ခံပြီးငြိမ်းချမ်းရေးကို
စေင့်မျှော်နေကြပါတယ် ခင်ဗျား။
ကျွန်တော်အေးညို(ဘညို)ပါ။
၀၉၂၅၀၀၆၄၆၂၇
၀၉၇၇၂၀၅၃၈၂၂
၀၉၉၇၅၃၇၈၅၆၃
Unlike · Reply · 1 · 6 hrs


Soe Hlaing ဆရာ အေးညို ( ဘညို ) ရဲ့ အယူအဆ ဖြစ်တဲ့ လိုတာ ရဘို့ " စိတ်ရှည် ၊ သည်းခံ ၊ အောက်ကြို့ ၊ " ဆိုတဲ့ လက်သုံး စကား က အတော် ကောင်း လှပါတယ်ခင်ဗျား။ ဒီ အဖြစ် ကလည်း ပြောင်းလဲ လို့ မရ အောင် ရေးဆွဲ ခဲ့ တဲ့ လက်ရှိ ဖွဲ့ စည်းပုံအခြခံ ဥပဒေ နဲ့ ချုပ်နှောင် ထား လို့ ပါခင်ဗျား။ ဆင်းသွားပေး မဲ့ နောက်ကြောင်း လုံ အောင် ဒီ လက်ရှိ ဖွဲ့ စည်းပုံအခြခံ ဥပဒေ နဲ့ ကာခဲ့ တာပါ။ အဲ ဒီ အခြေ ခံ ဥပဒေ ရေးဆွဲ စဉ်က ညောင်နှစ်ပင် တက်ခဲ့ တဲ့ ဆရာ လို မိတ်ဆွေလို ပု၈္ဂိုလ် တစ်ဦးက အခု ရေးဆွဲ နေတဲ့ ဖွဲ့စည်းပုံ ဥပဒေ ကတော့ အကြောင်းအချက် နဲ့ ၀င်ပြော လို့လည်း မရ ၊ နှပ်ကြောင်း ပေးတဲ့ အတိုင်းပြော မှ လက်ခံ တဲ့ ၊ ရုပ်ပြသဘော ညောင်နှစ်ပင်ဘဲ ၊ အခု လို မမျှ မတ ပေးသလောက် ထွက်ပေါက် ကိုဘဲ ယူ မလား ၊ အမြစ်ပြုတ်အောင် မြေလှန် ပစ်ပြီးမှ ခေတ် သစ် ကို ယူမလား ဆိုတဲ့ လမ်း နှစ်သွယ် အနက် နောက်ဆုံးတော့ မြေလှန် လို့ မရ နိုင်သေးတဲ့ အနေအထားမှာ ပေးသလောက် ထွက်ပေါက် ကိုယူပြီး " ငါးခုံးမ လှေ အစောင်းမှာ ခုန် ထွက် သလို " လုပ်ကြတာ ကောင်းတယ် ဆိုတဲ့ အယူအဆ သာ အကောင်းဆုံးလို့ အဆိုပါ ပုဂ္ဂိုလ် ပြောခဲ့ တာ ကို ပြန် သတိရမိပါတယ်။
Like· Reply· 14 hrsEdited

Soe Hlaing မှန် ပါတယ် --" စိတ်ရှည်ပါ
သည်းခံပါ
တစ်ရံတစ်ခါ လိုအပ်ရင် အောက်
ကြို့ခံပါ --ဆိုတဲ့ စကားသုံးခွန်းကိုထောက်ခံပါတယ်။
Like · Reply · 4 hrs

Write a reply...

Soe Hlaing ဆရာ အေးညို ( ဘညို ) ရဲ့ အယူအဆ ဖြစ်တဲ့ လိုတာ ရဘို့ " စိတ်ရှည် ၊ သည်းခံ ၊ အောက်ကြို့ ၊ " ဆိတဲ့ လက်သုံး စကား က အတော် ကောင်း လှပါတယ်ခင်ဗျား။ ဒီ အဖြစ် ကလည်း ပြောင်းလဲ လို့ မရ အောင် လက်ရှိ ဖွဲ့ စည်းပုံအခြခံ ဥပဒေ နဲ့ ချုပ်နှောင် ထား လို့ ပါခင်ဗျား။ ဆင်းသွားပေး မဲ့ နောက်ကြောင်း လုံ အောင် ဒီ လက်ရှိ ဖွဲ့ စည်းပုံအခြခံ ဥပဒေ နဲ့ ကာခဲ့ တာပါ။ အဲ ဒီ အခြေ ခံ ဥပဒေ ရေးဆွဲ စဉ်က ညောင်နှစ်ပင် တက်ခဲ့ တဲ့ ဆရာ လို မိတ်ဆွေလို ပု၈္ဂိုလ် တစ်ဦးက အခု ရေးဆွဲ နေတဲ့ ဖွဲ့စည်းပုံ ဥပဒေ ကတော့ အကြောင်းအချက် နဲ့ ၀င်ပြော လို့လဲ မရ ၊ နှပ်ကြောင်း ပေးတဲ့ အတိုင်းပြော မှ လက်ခံ တဲ့ ၊ ရုပ်ပြသဘော ညောင်နှစ်ပင်ဘဲ ၊ အခု လို မမျှ မတ ပေးသလောက် ထွက်ပေါက် ကိုဘဲ ယူ မလား ၊ အမြစ်ပြုတ်အောင် မြေလှန် ပစ်ပြီးမှ ခေတ် သစ် ကို ယူမလား ဆိုတဲ့ လမ်း နှစ်သွယ် အနက် နောက်ဆုံးတော့ မြေလှန် လို့ မရ နိုင်သေးတဲ့ အနေအထားမှာ ပေးသလောက် ထွက်ပေါက် ကိုယူပြီး " ငါးခုံးမ လှေ အစောင်းမှာ ခုန် ထွက် သလို " လုပ်ကြတာ ကောင်းတယ် ဆိုတဲ့ အယူအဆ သာ အကောင်းဆုံးလို့ အဆိုပါ ပုဂ္ဂိုလ် ပြောခဲ့ တာ ကို ပြန် သတိရမိပါတယ်။
Like· Reply· 14 hrsEdited


SanSan Htay စင်္ကာပူ MRT နဲ့ Bus ကားပေါ်တွေမှာအစားအသောက်နှင့်အရည်မစားရပါဘူး သူတို့နိုင်ငံမှာရှိတဲ့ ပြည်သူများကလည်း သတ်မှတ်ထားတဲ့ အတိုင်းလိုက်နာရပါတယ် မလိုက်နာရင်ဒဏ်ငွေပြင်းထန်ပါတယ် ဒါမှလည်းတိုးတက်သောနိုင်ငံဖြစ်မှာပါ စီးကမ်းသည်လူ၏တန်ဖိုးပါ
Unlike· Reply· 1· 13 hrs

Soe Hlaing ရထားတို့ ဘူတာရုံတို့ မှာ အစား အသောက်စားရင် ဒါဏ်ရိုက် မယ် လို့ ဆိုင်းဘုတ် ကပ် ထားပါ တယ်။ စည်းပမ်း ချိုးဖေါက်တာ တွေ့ ခဲ ပါတယ်။ တစ်ခါတစ်ရန် မတတ်သာ လို့ ၊ ကျန်းမာရေး မကောင်းလို့ ရေ သောက် တာ လောက် တော့ တွေ့ ဘူးပါတယ် Daw SanSan Htay.
Like· Reply· 11 hrsEdited

Soe Hlaing ကျွန်တော် ရန်ကုန် မှာ ဘတ်စ် ကားဘဲ စီးပါတယ်။ တစ်နေ့ မြို့ ထဲ ကို ( ၅၁ ) စီပြီး သွားရာ မှာ ဘတ်စ် ကားယာဉ် မောင်း နောက် မှာ ရပ် ပြီး လိုက်သွားပါတယ်။ ကား နံရံ မှာ " အမှိုက် မပစ်ရ တွေ့ရှိပါက ဒါဏ် ငွေ ၁၀၀၀၀-၀၀ " လို့ ဆိုင်းဘုတ် ကပ်ထားပါတယ်။ မကြာမှီ ယာဉ် မောင်းက ရေ သောက် ပါတယ်။ ရေကုန် သွားတဲ့ ပုလင်း ကို သူ့ ရဲ့ ညာ ဘက် ဘေး ပွင့်နေတဲ့ ကားတံခါး ကနေ လမ်း ပေါ် ပစ် ချ လိုက်ပါလေရောဗျာ။ ယာဉ် နောက်လိုက် တွေ လည်း စားသမျှ မုန့် ပဲ သားရေစာ တွေ ရဲ့ ပလတတ်စတစ် အိပ်ခွံ တွေ ကို လမ်းပေါ် ဘဲ ပစ် ချတာပါဘဲ။ Daw Sansan Htay.
Like· Reply· 11 hrsEdited

Soe Hlaing ဂ-မိုင် လမ်းဆုံ မင်္ဂလာ ဒုံ ကနေ မြို့ ထဲ သွားတဲ့ လမ်း မကြီး ရဲ့ လမ်းဆုံ နေရာ က လမ်း ပေါ်မှာ ကားပေါ် ကနေ ထွေးချ တဲ့ ကွမ်းတံတွေး တွေ ဟာ လမ်း ပေါ် မှာ Spray Gun နဲ့ လိုင်း တွေ ဆွဲ ထားတဲ့ အတိုင်းပါဘဲ။ အခု ခေတ် မှ နည်းနည်း တော် သွားတာပါ။ အရင် ခေတ်ကဆို ဘာ အတားအဆီး မှ မရှိခဲ့ ပါဘူး။ Daw Sanan Htay.
Like· Reply· 11 hrsEdited

SanSan Htay မြန်မာနိုင်ငံက ၁၀ ယောက်မှာ ၉ ယောက် စီးကမ်းမရှိပါဘူး အသိပညာနည်းတာလည်းပါ ပါတယ် ယခုအမှိုက်ပုံးများထားပေးတာတောင် ပုံးထဲမထည့်သူများပါတယ် အမှိုက်ပုံးကလည်း စင်္ကာပူ မှာလိုနေရာတကာမှာမရှိဘူး အဓိက ကတော့ လူတိုင်းလူတိုင်း အသိစိတ်လေးတွေနဲ့ပြုပြင်သွားရင်ကောင်းမှာပါ တတ်နိုင်သလောက်လည်းတာဝန်ရှိသူတွေကလုပ်ပေးနေတာ ပြည်သူတွေကတဖက်တလမ်းကကူညီရင်ပြောင်းလဲလာမှာပါ
Unlike· Reply· 1· 7 hrs

Soe Hlaing စည်းကမ်း မဲ့ ခြင်း ဆိုတဲ့ ရော၈ါ က အတော့် ကို ကျွမ်းနေတော့ လူနာ ဖြစ်တဲ့ ပြည်သူ အချို့ " ပူးပေါင်း ကူညီ ခြင်း " အသိတရား ဆိုတဲ့ သတိ ပြန် လည် လာအောင်  ဆေး ကြမ်း တိုက် ရမလိုဖြစ်နေ တယ် လို့ ထင်ပါတယ် Daw Sansan Htay ခင်ဗျား။
Like· Reply· 7 hrs

SanSan Htay ဥပဒေ ကိုထိရောက်စွာ အရေးယူသင့်ပါပြီ
Unlike· Reply· 1· 7 hrs

Soe Hlaing ဥပဒေ နဲ့ လို တိုး ပိုလျှော့ လုပ်ပြီး ကိုင်တွယ် ဘို့ လိုမယ် လို့ ထင်ပါတယ်။။ Follow up လုပ်ရပါမယ်။ ဥပမာ ... ၈-မိုင်  Junction-8 နားက အကျနအ ဆောက်ထားတဲ့ သတ်မှတ် ကားမှတ်တိုင် မှာ ဘတ်စ် ကားတွေ ဟာ မရပ် ဘဲ ဒီ မျိုး စုံသော ဘတ်စ် ကား များစွာ တို့ ဟာ ၈-မိုင် မီးပွိုင့် အနား က လမ်းဆုံ မျာ ရပ် စောင့်နေတဲ့ လူတွေ ကို  ရပ် စောင့် ပြီး တင် ၊ မပြည့် မခြင်း စောင့် - လူချ စတဲ့ အချ လုပ်နေတော့ မီးပွိုင့် ပိတ် ၊ အနားက တိုက်တွေ အတွင်း ၀င်တဲ့ ယာဉ် ၀င် လမ်းတွေ ပိတ် တာ ကို ယာဉ် ထိမ်းရဲ့ တစ်လ မှ တစ်ခါ လောက် လာဖမ်း တာမျိုး မဖြစ်သင့်ပါ။ ဘတ်စ် ကားတွေ ကလည်း ယာဉ် ထိမ်းရဲ လာဖမ်း ရင် မှတ်တိုင်မှာ သွားရပ် ၊ မရှိတာ နဲ့ လမ်းဆုံ မှာ ပြန် ရပ် တာပါဘဲ။  တောက် လျှောက် ကြည့်နေဘို့ စနစ် တစ်ခု တည်ဆောက် ရပါမယ်။
Like· Reply· 1· 7 hrs

U Maung Maung Latt မြန်မာပြည်ကိုလာတဲ့ကမ္ဘာလှည့်တွေသူတို့ အသုံးပြုတဲ့တစ်
ရှူးတို့ ရေဗူးအခွံတို့ ကိုအမှိုက်
ပုံးမတွေ့ ယင်လွှင့်မပစ်ကြ။ကိုင်
သွားကြ။အမှိုက်ပုံးတွေ့ မှစွန့် 
့ကြတယ်။အဲဒီအကျင့်ကိုစပြီးလေ့ကျင့်ပေး
သင့်။
Like· Reply· 

Soe Hlaing ဂ-မိုင် လမ်းဆုံ မင်္ဂလာ ဒုံ ကနေ မြို့ ထဲ သွားတဲ့ လမ်း မကြီး ရဲ့ လမ်းဆုံ နေရာ က လမ်း ပေါ်မှာ ကားပေါ် ကနေ ထွေးချ တဲ့ ကွမ်းတံတွေး တွေ ဟာ လမ်း ပေါ် မှာ Spry Gun နဲ့ လိုင်း တွေ ဆွဲ ထားတဲ့ အတိုင်းပါဘဲ။ အခု ခေတ် မှ နည်းနည်း တော် သွားတာပါ။ အရင် ခေတ်ကဆို ဘာ အတားအဆီး မှ မရှိခဲ့ ပါဘူး။ ကွမ်းစား တာ မကောင်းဘူးဆိုတာတောင် မပြော ၀ံ့ကြဘူး။
Like· Reply· 8 hrsEdited

Soe Hlaing စင်ကာပူ မှာ လည်း မြန်မာ အချို့ ကွမ်း စားကြပါတယ်။ ဘယ်သူမှ လမ်းပေါ်ကအစ တွေ့ ရာ မြင်ရာ မှာ စည်းမဲ့ ကမ်းမဲ့ ကွမ်းတံထွေး မထွေး ကြပါဘူး ပလပ်စတစ် အိပ်ကလေးတွေ ထဲ ကိုဘဲ ထွေးကြတာပါဘဲ။ ဒီလောက် ကိစ္စလေး တောင် ဘာကြောင့် ကျွန်တော် တို့ ဆီ မှာ မလုပ် နိုင်တာလဲ ဆိုတာ ကျွန်တော် ဥာဏ် မမှီ သလောက် ဖြစ်နေပြီ။
Like· Reply· 1· 8 hrs
Nyein Aye Eain
Nyein Aye Eain ကျွန်တော့်ဆီကလူတွေရဲ့ အသိကို မပြောင်းနိုင်တာ။ ပြောင်းဖို့ မလုပ်ကြတာဆရာ
Unlike· Reply· 1· 8 hrs
Soe Hlaing
Soe Hlaing အသိ ကိုပြောင်းဘို့ မလုပ်ကြတာ လို့ ဆိုရမယ် လို့ ထင်ပါတယ် ဆရာ ငြိမ်း ( Saya Nyein Aye Eain )၊ အချို့ ကိစ္စ တွေ ကို ဟိုး....အရင် ထည်းက ကြိုကြိုတင်တင် လုပ်ထားရင် ဒီလောက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဥပမာ ရန်ကုန် မှာ လမ်းဘေး ပလက်ဖေါင်းပေါ် ဈေးရောင်းတာ ကို ရှင်းဘို့၊ ဦးကိုလေး အရင်ထဲ က လုပ်ခဲ့ရင် ၊ စနစ် မှား နေ လို့ စုတ် ပြတ်တ် နေတဲ့ မထသ တို့ ဦးပိုင် ပိုင်တဲ့ ပါရမီ တို့လို ဘတ်စ် ကား စနစ် ပြု ပြင် ပြောင်းလဲရေးကို ဟို အရင်ထည်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေ က စလုပ် ခဲ့ရင် အခု ပြုပြင် ပြောင်းလဲ ရေး ဒီလောက် ခက်စရာ မရှိလို့ မြင်ပါတယ် ခင်ဗျား။
Like· Reply· 1· 3 hrsEdited
Write a reply...



Soe Hlaing အသိ ကိုပြောင်းဘို့ မလုပ်ကြတာ ဆိုရမယ် လို့ ထင်ပါတယ် ဆရာ ငြိမ်း ( Saya Nyein Aye Eain )၊ ခင်ဗျား။ အချို့ ကိစ္စ တွေ ကို ဟိုး....အရင် ထည်းက ကြိုကြိုတင်တင် လုပ်ထားရင် ဒီလောက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဥပမာ ရန်ကုန် မှာ လမ်းဘေး ပလက်ဖေါင်းပေါ် ဈေးရောင်းတာ ကို ရှင်းဘို့၊ ဦးကိုလေး အရင်ထဲ က လုပ်ခဲ့ရင် ၊ စနစ် မှား နေ လို့ စုတ် ပြတ်တ် နေတဲ့ မထသ တို့ ဦးပိုင် ပိုင်တဲ့ ပါရမီ တို့လို ဘတ်စ် ကား စနစ် ပြု ပြင် ပြောင်းလဲရေးကို ဟို အရင်ထည်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေ က စလုပ် ခဲ့ရင် အခု ပြုပြင် ပြောင်းလဲ ရေး ဒီလောက် ခက်စရာ မရှိလို့ မြင်ပါတယ် ခင်ဗျား။
Like· Reply· 7 hrsEdited
U Maung Maung Latt
U Maung Maung Latt အတိတ်ကံကနည်းခဲ့တာကိုး။
အခုပြင်ခွင့်ရနေပါပြီ။ဝိုင်းဝန်း
ပြီးပြင်ကြပါစို့ ။
Like· Reply· 36 mins
Soe Hlaing
Write a comment...


Htay Naing · Friends with Win Naung
'' Homework, but doing at school ''
( အိမ်စာ .. ဒါပေမယ့် ကျောင်းမှာတင်အပြီးလုပ်တဲ့အိမ်စာ။ )

ဒါကတော့ကျွန်တော့်ရဲ့ငယ်စဉ်ကဖြစ်စဉ်လေးတခုပါ။ ဒီလိုရေးလို့ကျွန်တော့ကို စာကြိုးစားတဲ့ကျောင်းသားလို့မထင်ပါနဲ့၊ ကျွန်တော်ကစာကျက်ရတာ၊ စာကြည့်ရတာ ပျင်းတဲ့ကျောင်းသားတစ်ယောက်ပါ။
ဒါဆိုရင်ကျောင်းသားအချင်းချင်းပြိုင်ဆိုင်မှုကြောင့်လား။ ဒါလဲမဟုတ်ပါဘူး၊ ကျွန်တော်တို့ခေတ်တုန်းက ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်ကကျောင်းမှာမိဘတွေရဲ့ပြိုင်ဆိုင်မှုရှိပေမယ့် ကျောင်းသားတွေရဲ့ပြိုင်ဆိုင်မှုကသာမန်ပါပဲ။ ကျွန်တော်ဒီလိုလုပ်ရတာက အိမ်စာလုပ်ရတာပျင်းတဲ့အပြင် အိမ်စာပေးတဲ့ ဆရာ၊ ဆရာမတွေကို မကျေနပ်လို့ပါ။ သင်္ချာတွက်တာအပြင် Text Book ထဲကစာတွေကို မှတ်စုအဖြစ်ကူးရေးဖို့
အိမ်စာပေးတတ်ကြပါတယ်။ 
အိမ်စာပေးတာများတဲ့ဆရာ၊ ဆရာမတွေဟာ
ခွင့်ယူပြီးတရားဝင်ကျောင်းပြေးတတ်တဲ့သူတွေဆိုတာ အိမ်စာလုပ်ရတာပျင်းတဲ့ကျွန်တော်ကတော့
သတိထားမိပါတယ်။ ဆရာမလာရင်ကျောင်းသား
တွေပျော်ကြပေမယ့် သူတို့ပြန်လာရင်အိမ်စာတွေ
ပေးအုံးမှာဆိုတာတွေးပြီးတော့ကျွန်တော်မပျော်ပါဘူး။ 
အဲဒီတော့ကျွန်တော့ရဲ့ဆုံးဖြတ်ချက်ကအိမ်စာကို
ကျောင်းမှာအပြီးလုပ်ဖို့ပါ။
ပေါ့ပေါ့ပါးပါးအိမ်စာတွေကို ဆရာတစ်ယောက်နဲ့တစ်ယောက်အချိန်ပြောင်းလို့ဟသွားတဲ့အချိန်မှာပြီးသလောက်လုပ်ပါတယ်။ အချိန်ပေးရတဲ့အိမ်စာတွေကိုတော့ဆရာမလာတဲ့အချိန်ရယ် နောက်ပြီးတော့ ကာယနဲ့ ဖွံ့ဖြိုးဆိုပြီးဘာမှလဲလက်တွေ့မလုပ် စာလဲမသင်တဲ့အချိန်မှာ လုပ်ပါတယ်။ အဲဒီအချိန်တွေမှာဘယ်ဆရာမှ အတန်းထဲမှာထိုင်မနေရင်
ကျောင်းသားတွေအတွက်
ကတော့လွတ်လပ်ရေးအချိန်ပါ။ 
များသောအားဖြင့် ကျောင်းသား
ခေါင်းဆောင်ကိုအပ်သွားကြတာပါ။ သူတို့တွေလဲလုပ်ချင်တာလုပ်ကြတဲ့သူတွေပါ။
ဆရာတွေရှေ့မှာတော့ဟန်ဆောင်ကောင်းကြပါ
တယ်။ အဲဒီအချိန်ဆိုကျွန်တော်ကဘယ်သူနဲ့မှစကား
မပြောနိုင်ပါဘူး၊ အိမ်စာတွေအပြီးရှင်းနေလို့ပါ။
နောက်ပြီးတော့ကျွန်တော့ရဲ့အားသာချက်တခုက
မုန့်စားဆင်းချိန်ပါအိမ်စာလုပ်နိုင်တာပါ။
ကျွန်တော့အဖေကဝန်ထမ်း ပြီးတော့မခိုးတတ်တော့ သားသမီးသုံးယောက်ကို
ကျောင်းထားရတာအနိုင်နိုင်ပါ။ တခါတလေပိုက်ဆံချေးပြီးကျောင်းအပ်ရပါတယ်။
အဲဒီအခြေအနေကိုအငယ်ဆုံးဖြစ်တဲ့ကျွန်တော်
တောင်သိပါတယ်။ အဲဒီတော့ကျွန်တော်ကမုန့်ဖိုးကိုမုန့်စားဖို့မသုံးပဲ
ကျောင်းရဲ့ဘာကြေး၊ ညာကြေး
ဆိုတဲ့နေရာတွေမှာထည့်ဖို့စုထားပါတယ်။
မုန့်စားဆင်းချိန် အိမ်စာလုပ်ပေါ့။
အိမ်ရောက်ရင်စာမလုပ်ပဲနေလို့ရပြီ။ ကျက်စာကတော့စိတ်ပါတဲ့အချိန်ထကျက်ရင်ခဏလေးနဲ့ရတယ်။ အဲဒီတော့အိမ်မှာ အမေကစာလဲမလုပ်၊ စာလဲကောင်းကောင်းမကျက်ဆိုပြီးတော့ ဆူပါတယ်။ အကိုတွေ၊အမတွေကတော့အဆူမခံရပါဘူး။ တခါတလေကျောင်းထုတ်ပြစ်မယ်ဆိုပြီးတော့
တောင်ချိန်းချောက်ပါတယ်။ စာမေးပွဲတိုင်းမှာထိပ်ဆုံးကဖြစ်နေလို့သာ
တော်သေးတယ်။ အခုခေတ်ကလေးတွေဆိုသနားစရာပါ။
ကျောင်းတက်ပြီးတော့ဝိုင်းကျူရှင်၊ အိမ်စာလုပ်တာစာကျက်တာတောင်guideနဲ့ဆို
တော့လွတ်လပ်မှုမရှိတော့ဘူး။ အဲဒီလောက်လုပ်နေတာတောင်မှအများစုက
ရလဒ်မကောင်းကြဘူး၊ အထူးသဖြင့်သင်္ချာညံ့ကြတယ်။အမှတ်ပြည့်
အလွယ်တကူရနိုင်တဲ့ဘာသာရပ်ကို80 လောက်ရဖို့မနည်းလုပ်နေရသလိုပဲ ကျွန်တော့ကိုတော့ဆရာ၊ဆရာမတွေကတော့
စာကြိုးစားတဲ့ကျောင်းသားလို့ထင်ကြမယ်။
ကိုယ့်အတွေးနဲ့ကိုယ် အိမ်စာလုပ်တာ၊ စာကျက်တာပျင်းလို့ လွတ်လွတ်လပ်လပ်နေနေတာ
ကိုတော့မသိကြဘူး။ လွတ်လပ်မှုကကျောင်းသားတစ်ယောက်ရဲ့
အောင်မြင်မှုကိုဖြစ်စေနိုင်ပါတယ်ဆိုတာမိဘတွေ
နားလည်ဖို့လိုပါတယ်။
Unlike· Reply· 2· 14 hrsEdited

Soe Hlaing ဤ ကဲ့ သို့ ဖြည့် ပေးလိုက် တဲ့ အမြင် သစ် အတွင် ကျောဇူးတင်ပါတယ် Ko Htay Naing။ ဒီ လို လုပ် ရပ် ဟာ " ငါ့ အတွက် တစ်နေ့ ရတဲ့ အချိန် ထဲ မှာ ငါ လုပ် ရမဲ့ ကိစ္စ ၊ ငါ လုပ် မဲ့ အရာ အားလုံးကို ရ နိုင်သမျှ အကုန် လုပ် မယ် " ဆိုတဲ့ စိတ် ဓါတ်ပါ။ ဒီ လို စိတ် ဓါတ်က ဘ၀ တစ် ခု ကို ရှေ့ ကို တွန်းပို့ တဲ့ Driving force အားပါ။ အိလေးအိလေး...အေးအေး ဆေးဆေး ပေါ့ ...ဆိုတဲ့ စိတ် နဲ့ ဆိုရင် အခု လို အပြိုင် အဆိုင် အတင်း တိုး တက်နေရတဲ့ ခေတ်မှာ ၊ ရေဆန် ကို အပြင်း အထန် လှန်ပြီး လှော် နိုင်မှ တန် ရာ ကြ မဲ့ ခေတ်မှာ ...ရေစုံ မြော ပြီ...သွားပြီ...။




Kyaw Win ကျနော်မှတ်သားဖူးတာတခုရှိတယ်
ပြင်သစ်မှာဘယ်အတန်းထိတော့
မဖော်ပြဖူးခလေးတွေ
အိမ်ပြန်ရောက်တဲ့အချိန်ပျော်ရွင်လွတ်လပ်ရမယ်
ရည်ရွယ်ချက်နဲ့
ကျောင်းသားတွေကိုအိမ်စာမပေးရဖူးတဲ့


Soe Hlaing အဲဒါ မှန်ပါတယ် ကိုကျော်ဝင်း ၊ အိမ်စာ များများ ပေးတာ ခလေး ကို နှိပ်စက် သလို ဖြစ်တယ် လို့ ဥရောပ မှာ အချို့ ယူဆ တယ် လို့ ကြားဘူးပါတယ်။


Kyaw Win မြန်မာပြည်ကခလေးတွေက
အလွတ်ကျက်ပြီးအမှတ်တွေများအောင်လုပ်နေတာ
တွေးခေါ်ဝေဖန်နှိင်တဲ့အလေ့အကျင့်နဲပြီးး
ကြီးလာတော့အမှားအမှန်
မဝေဖန်နှိင်တော့ပါ

Like· Reply· February 27 at 11:28am



No comments:

Post a Comment