Thursday 16 March 2017

Common mistake in Metering




91 – Common mistake in Metering                             ၉၁ - Metering တွင် မှားတတ်သည်များ။





“ Camera Metering နဲ့ ပတ်သက်တဲ့ သတိပြု ရန် အချက်ကလေး များ  “







ဓါတ်ပုံ ရိုက်ရာ တွင် ပထမ ဦးစွာ သိထားသင့်သော  အချက် များ ဟု ဆိုရမည့် ကင်မရာ Single Point Focusing, Depth of Field များအပြင် နောက်ဆုံး တွင် Camera Metering မှတ်စု ကို ယခင်  အပတ်အ တွင်းက ကျွန်တော် Blog တွင် တင်ခဲ့ပါ တယ်။

Metering နဲ့ ပတ်သက် လို့ အရင် ကလည်း သတိ လွတ်ကာ အလွဲ အမှားများ ဖြစ် ခဲ့ ၍ ပုံများ ပျက် ခဲ့ ဘူးပါ တယ်။ သို့ ရာ တွင် ကံ အားလျှော်စွာ ပြန် ရိုက် နိုင်သည့် အခြေ အနေ မျိုး မို့ လို အပ် သောပုံများ ပြန်ရခဲ့ ပါတယ်။


ယခု လောလော လတ်လတ် အမှားမှာ မူ အားလုံးကြိမ်းသေ အောင် ပြင်ဆင်ထားပြီး နောက် အလွန် အဖိုးတန် သည့် အခွင့် အရေး ရ ချိန် တွင်  အပိုင် ဆိုပြီးရိုက် လိုက်ရာ ပြန်စစ်ကြည့် မှ Metering နေရာ လွဲ ချော် သွား သည့် အတွက် အဘိုးတန် ပုံ တစ်ပုံ မှ ကောင်းစွာမရလိုက် သည့် အဖြစ်နဲ့ ကြုံ ခဲ့ရပါတယ်။

ဤ မှတ်စု မှာ ယင်း အဖြစ်မျိုး ကို အခြားသော သူ များလည်း ကျွန်တော် ကဲ့ သို့ မဖြစ်စေရန် သတိ ထားမိကြစေရန် ပြန် လည် မျှ ဝေပေးသည့် မှတ်စု ဖြစ်ပါ တယ်။


ဖြစ်စဉ် က ဒီလိုပါ။

ပြီးခဲ့သော တနင်္ဂနွေ ( ၂၀၀၇ မတ်လ ၁၂ ) ရက်နေ့ က Pasir Ris Park တွင် Pied Fantail အသိုက် ကို သွားရိုက် ကြပါတယ်။ သားပေါက် ကလေးတွေ အတော် ကြီး နေပြီး ဖြစ်လို့  ငှက် ကလေး တွေ ကို အစာ ခွံ့ တာနဲ့ အသိုက် - အ၀င် အထွက် in flight ရိုက်လို့ အတော် ကောင်းတဲ့ အချိန် ပါ။ ဒါကြောင့် လည်း မြန်မာ ငှက် ဆရာ များ နဲ့ စင်ကာပူ က ငှက် ဆရာ အတော် များများ လာကြပါတယ်။

 ငှက် ကလေးတွေ တောင်ပံ အခတ် စမ်း နေပုံ  ကြည့် ရတာ ဒီနေ့ ဘဲ အသိုက် က ထွက် မဲ့ပုံ ပေါ်ပါတယ်။  ဒါနဲ့ ငှက် ကလေး အသိုက် ကပျံ အထွက် ကို စောင့် ရိုက် မယ် ဆိုပြီး ဇွဲ နဘဲ နဲ့ စောင့် နေသူများလည်း ရှိပါတယ်။ ကျွန်တော်လည်း ပထမ က ပြန်မယ် လုပ်ပြီးမှ မပြန်တော့ ဘဲ စောင့် ရိုက် ပါတယ်။


ငှက်သားပေါက် ကလေးများ တောင်ပံ အခတ် စမ်းနေသည့် ပုံ။


အကယ် ၍ ငှက် ကလေး များ အသိုက် ကနေ ပျံ ထွက် ရင် မည်သည့် အကိုင်းက ပျံ ထွက် နိုင်မည် ဆိုသည် ကို ကျွန်တော် နှင့် ကို ဇော် ဇော် ( U Zaw Zaw ) တို့ ရွေးကြ ပါတယ်။


ကျွန်တော် တို့ နှစ်ယောက် စလုံးက အောက် တွင် ပြ ထားတဲ့ သစ် ကိုင်းက ဘဲ ပျံ ထွက် ဘို့ များတယ် လို့ တွက်ကြပါတယ်။ ဒါ နဲ့  ဒီအကိုင်း နဲ့ Plane of Focus တစ်ညီ ထည်း ကျမဲ့ နေရာ မှာ ကင်မရာ ကို နေရာ ချ လိုက် ကြပါတယ်။




အခြား ဖြစ်နိုင် ဘွယ် ရာ တစ်ခု ကတော့ အသိုက် နောက် က သစ်ကိုင်း ကို လည်း ခုန် ပြီး ကူး သွားနိုင်ပါတယ်။ ကိုယ် မွေးထားတဲ့ Model ငှက် မဟုတ်တော့ ဘာကို မှ အစိုး မရပါ။ အဲဒီနေရာ  ဆိုရင် တော့ ကျွန်တော် တို့ Setting လုပ်ထားတဲ့ Depth of Field ကနေ လွတ်သွား လို့ ပုံ ပြတ်သား မှု မရ နိုင်တော့ပါ။






ဒီနေရာ မှာ အရေး ကြီးတာ တစ်ခု က အကြောင်းကြောင်းကြောင့် ငှက် က ဘေးတိုက် တည့် တည့် မှန်း ထားတဲ့ အကိုင်း ကနေ မပျံ ဘဲ နည်းနည်း စောင်းပြီး ပျံ လိုက်ပါက ခေါင်းရောအမြီး ပါ ပြတ်သားအောင် Depth of Field ကို Set လုပ်ရန် လို ပါမယ်။

လိုခြင် တဲ့ Angle ရ တဲ့ နေရာ က အသိုက် နဲ့ ဝေးတော့ Focal length ကို 600 mm က လျှော့ လို့မရပါ။ ဒီ တော့ 600 mm မှာ ရှိတဲ့ အကျယ်ဆုံး ဖွင့် နိုင်တဲ့ Aperture ဟာ f – 6.3 ဆိုစေကာမူ  Depth of Field  ဟာ အလွန် ပါးနေ ဆဲပါ။

ဒါကြောင့် နှစ်ယောက် သား မတိုင် ပင်ကြဘဲ ကျွန်တော် တို့ Set လုပ်ထားတဲ့ Aperture Setting တွေဟာ f – 8 ဖြစ်နေတာ တွေ့ ရပါတယ်။ အလင်း ရောင် ကွယ်နေတဲ့ နေရာ မျိုး မှာ Aperture ကို ဒီထက် ကျဉ်း လိုက်ရင်   ISO ပို တက်မသွား စေလို တဲ့ အတွက်ပါ။ အလင်းရောင် ကောင်းလာရင် f – 9 လောက် လည်း ထားပါတယ်။

ငှက် ကလေးတွေ ပျံ တာနဲ့ သူတို့ မိခင် ဖခင် တို့ ပျံ တာကတော့ အသိုက် အ၀င် အထွက် မို့ သိပ်မမြန် လှ ပါ။ အထူးသဖြင့် အသိုက် အ၀င်မှာ သစ် ကိုင်းတွေ ကို ရှောင် ၀င်ရ လို့ အရှိန် လျှော့ ၀င် လေ့ ရှိပါတယ်။ ဒါကြောင့် Exposure speed  1/1250s လောက်နဲ့ ဘဲ ရိုက်ပါတယ်။ ဒီထက် မြန်မြန် ပျံလည်း တောင်ပံ ဖြား လေးတွေ မှာ Motion Blur လည်း ရခြင်လို့ပါ။

ကျွန်တော် ကတော့ ငှက် တောင်ပံ တွေ အားလုံး Freeze ဖြစ်နေတာ ထက် တောင်ပံ အဖျားလေးတွေ ၀ါး ( Motion Blur ) နေတာ ဟာ Artistic Impression အရ လှ တယ် လို့ ယူဆ ပါတယ်။ ဒါ ကတော့ အနုပညာ သဘော သက်ရောက် လို့ လူတစ်ကိုယ် အကြိုက် တစ်မျိုး စီ ဖြစ်နိုင် ပါတယ်။








Metering ယူ ခြင်း။


ကိုဇော်ဇော် ရော ကျွန်တော် ပါ Nikon သမားများဖြစ် ကြ ပါတယ်။ Metering ယူ ရာ တွင် လည်း မတိုင်ပင်ဘဲ Center Weighted Average ကို ယူ ကြပါတယ်။ ကျွန်တော့် ကင်မရာ D4  ရဲ့ Center Weighted Average Area ကိုတော့ မူလ 12 mm ကနေ 8 mm ကို လျှော့ ချ လိုက်ပါတယ်။


ကျွန်တော် တို့ နေရာ ယူ ထားတဲ့ နေရာက ညနေ စောင်း နေကျ ချိန်  အလင်း ရောင် ပြောင်းပြန် ( Against the Light ) ရိုက် ရတဲ့ အချိန် မို့ Light Contrast အတော်များ ပါတယ်။





ဒါကြောင့် အလင်းရောင် ( Exposure ) ကို ကိုယ် လိုသလိုရ ခြင် တဲ့ စိတ် ကူးနဲ့ အသိုက် နောက် က အလင်းရောင် မျှ မယ် လို့ ထင်တဲ့ နေရာ ဆီ ကို Active Focus Point ကို ပို့ လိုက်ပါတယ်။

Focus က တော့ အောက်ပါ ပုံ မှာ ပြ ထား တဲ့ အတိုင်း  အသိုက် နဲ့ သစ်ကိုက် ဆုံ နေတဲ့ (A) နေရာ မှာ  AF -( C ) ရဲ့ Single ( Active focus point ) နဲ့ Manual အသေ ဖြတ်ထား တဲ့ အတွက် အသိုက် ရယ် သစ် ကိုင်း အဆုံ နေရာ နဲ့ တစ်ပြင်ညီ  Plane of Focus  နေရာ တွေ ကို Focus  ပြတ် ပါ လိမ့် မယ်။ 

Metering က တော့ အလင်းရောင် မျှ စေ ဘို့ စိတ် ကူး နဲ့ Active Focus Point ကို ( B) နေရာ ကို ရွှေ့ လိုက်ပါတယ်။  ( B ) နေရာ မှာ ရှိတဲ့  အလင်းရောင် အတိုင်း Firmware က Exposure ကို တွက်ပေး ဘို့ ခိုင်းလိုက် တာပါ။





 ( B ) နေရာ မှာ Exposure မျှမျှ တတ ဖြစ်နေ တယ် လို့ ယူဆ လို့ ဒီ နေရာကို Active Focus Point ပို့ ထားပြီး  Metering ယူ ရခြင်း ဖြစ်ပါတယ်။

အထက်ပုံ ( B ) နေရာ ကိုကြည့်ပါက သစ်ကိုင်း အောက် ပိုင်းက နည်းနည်း မှောင် ပါတယ်။ အောက် ပုံ ကို ကြည့်ပါက သစ်ကိုင်း က လွတ်သွားတဲ့ ( D ) လို နေရာ မှာေ တာ့   မဲ မှောင် နေပါတယ်  ။  သစ် ကိုင်း ကို နေထိုး နေတဲ့( C )လို နေရာ တွေ နဲ့ သစ်ရွက် တွေ က အလွန် တောက် ပနေပါတယ်။


 ဒီလို အလင်းရောင်မတူ တဲ့ နေရာ တွေ ကိုလိုက် လို့ မည်ကဲ့ သို့ Exposure ထွက် လာမယ် ဆိုတာ ကို သိအောင် ငှက် မလာ ခင်ထည်း က အကြိမ် ကြိမ် စမ်းရိုက် ရပါတယ်။



Active Focus Point ကို အလင်း အမှောင် နေရာအမျိုးမျိုး ပြောင်းကာ ထောက်ထားသည့်ပုံ။



အထက်ပါ ပုံ တွင် ပြထားသည့် အတိုင်း အကယ်၍ သစ်ကိုင်း အောက် က မှောင် နေတဲ့  ( D ) နေရာ ကို Active Focus Point ကို ပို့ လိုက်ရင် Camera firmware က တအား မှောင် တယ် ဆိုကာ Exposure ကို တအားတင် လိုက်လို့ အောက်က ပုံ ကဲ့ သို့ Overexpose ဖြစ်သွား ပါတယ်။





အကယ်လို့ အခြားနေရာ တွေ ထက် လင်းနေတဲ့ အသိုက် နဲ့ သစ်ကိုင်း ဆုံရာ ( C )  နေရာ အပိုင်းကို Active Focus Point ကို ထောက်လိုက် ပါက  Camera Firmware က အလွန် လင်းတယ်လို့ မှတ်ကာ အောက် က ပုံ လို  Exposure ကို လျှော့ ချ လိုက်တာ တွေ့ ရပါတယ်။ 






Family Picture.


Metering နေရာ များကို စစ်ပြီးချိန် တွင် အသိုက် သို့ Pied Fantail အထီးရော အမ ပါ လာပါတော့တယ်။ ဒီလို မိစုံ - ဖစုံ မိသားစု Family ပုံမျိုး ကို ငှက် ရိုက်တဲ့ လူ တိုင်း လို ခြင်ကြပါတယ်။ အလွန် လည်း ရ ခဲ တဲ့ ပုံ မျိုး ပါ။

ကျွန်တော် ဘက် က Angle သည် အလွန် ရှင်း နေပါတယ်။ Metering ကို လည်း စိတ် တိုင်းကျ Set လုပ်ထား ပြီး ဖြစ် ၊ Angle က လည်း ကောင်း ၊ ဘာမှ ပြော စရာမလို ၊ ကျွန်တော် တစ်စက္ကန့် (၁၁ ) ပုံ နှုန်း နဲ့ ငှက် တွေ အသိုက် ပေါ် မှာ အခြေ ကျ ပြီး ပျံ ထွက် သွား တဲ့ အထိ ပုံအတော် များများ ရိုက် လိုက်ပါတယ်။

ငှက် အထီး ၊ အမ တွေလည်း ပျံ ထွက် သွားတော့ ပုံ တွေ ကို အားရ၀မ်းသာ စွာ ပြန် စစ်ပါတယ်။

 ဒီအခါ မှာ ပုံတွေ က အထင် နဲ့ အမြင် တက်တက် စင် လွဲ နေတာ တွေ့ ရပါတယ်။ ပုံတွေ ဟာ    Underexposed ဖြစ်ပြီး   မှောင် နေ ကာ  သုံး မရ တော့  လောက်နှီးပါး ဖြစ်နေတာ တွေ့ ရပါတယ်။

အောက်ပါ Family Picture ပုံ အတိုင်းပါဘဲ။

Bird Photography  မှာ တော့ ဒီလို အမှား မျိုး ကြောင့် နောက် တစ်ကြိမ် ပြန် ရိုက် တာပေါ့ လို့ မျှော်လင့် ရန် အလွန် အခွင့် အရေး  ကို နည်း ပါတယ်။





ဘာကြောင့် လည်း လို့ ပြန် စစ် ကြည့် တော့ Metering နေရာ လွဲ သွားတာ  ကြောင့် ဒီလို ဖြစ် သွားတာ လို့ သိလိုက် ရပါတယ်။

ဒီလို Metering နေရာ လွဲ သွားတာဟာ ကင်မရာ လှုပ် သွားတဲ့ အတွက် တကဲ့ကို နေရာ သေး သး လေး အပေါ် ထောက်တားတဲ့ Active Focus Point ဟာ မူလ နေရာက နေ ဒီထက် ပို လင်းတဲ့ နေရာ ကို ပြောင်း သွားနိုင် သလို လေတိုက် လို့ သစ်ကိုင်းတွေ လှုပ် ရင်လဲ ပြောင်း သွား နိုင်ပါတယ်။ 


Focal Length 600 mm လောက် မှာ ကင်မရာ နည်းနည်း လေး လှုပ် တာနဲ့  Metering ဖမ်း ထားတဲ့ နေရာ ဟာ သိသိ သာသာ ပြောင်း သွား  နိုင်ပါတယ်။

Metering ယူရန် Set လုပ်ထားတဲ့ Active Focus Point ဟာ အထက် မှာ ပြ ထားတဲ့ ပုံ အတိုင်း ( C ) ကဲ့ သို့ နေရာ မဟုတ်စေကာမူ အတော် လင်းသည့် သစ်ကိုင်းနေရာ ကို ပြောင်း ကာ ထောက် လိုက် မိခြင်းသာ ဖြစ်ပါ မယ်။



ဒီ အရင် က ဒီလို မျိုး အတွေ့ အကြုံ ။


ဒီ လိုပြော နိုင်တာက အရင် က ဖြစ်ဘူးလို့ပါ။ ကျွန်တော် Japanese Garden မှာ Tailor bird အသိုက် ရိုက်စဉ် က ဒီ အတိုင်း  ဖြစ်ဘူးပါတယ်။ မြန်မာ လို နှံပြည်စုတ် ငှက်ပါ။ အသေး တကားအသေးဆုံးငှက်ပါ။ 


အောက် ပါပုံ အတိုင်း Metering အနီ လေးထောင့် ကွက်  ကလေး (A) ကို ငှက် ငယ် ကလေးတွေ ရဲ့ ခေါင်းကို ယူ ကာ ရိုက်ပါတယ်။ 

Camera Setting ကတော့ Manual ( Shutter Speed 1/2000 S, Aperture f- 6.3, ISO - 6400 ),  Exposure Compensation - (+) 0.7 EV, Focus Mode - AF-(C), Focus Area Mode - 51-Point Dynamic ဖြစ်ပါတယ်။ ဒီ Setting က နေရာ အခြေ အနေ ရဲ့ အလင်းရောင် အနေထားအရ အပြောင်း အလဲ မရှိဘဲ အသေယူ ထားတဲ့ Setting ဖြစ်ပါတယ်။ 

အကယ်၍ အခန်းထဲ မှာ လို Active Focus Point နေရာ တွင် အလင်း အမှောင် ဘယ်လို နဲ့ မပြောင်းလဲ နိုင်တဲ့ နေရာမှာသာ ဒီ လို Setting နဲ့ ရိုက် ပါကာ ပုံတွေ အားလုံ ရဲ့ Exposure တွေ ညီနေပါ လိမ့် မယ်။







အထက်ပါ အတိုင်း (A) နေရာ မှာ Metering ရှိ နေစဉ် က အလင်းရောင် ဘာ ပြသနာ မှ မရှိပါ။ (A) နေရာ ကို Spot Metering ယူ ထာတဲ့ အချိန် မှာ ပုံ ဟာ အောက် တွင် ပြ ထားတဲ့ ပုံ အတိုင်း Exposure မျှတစွာ ထွက် လာပါတယ်။





ဒီ အချိန် မှာ လေ တိုက် နေပါတယ်။ အသိုက် က သစ်ရွက်တွေ ကို စည်းနှောင်ကာ လုပ်ထားလို့ လုပ် ထားတဲ့ အသိုက် မို့ လေ အတိုက်မှာ လှုပ်နေပါတယ်။ ငှက် ကလေး ကသေး လွန်းတော့ သူ့ အပေါ် ထောက် ထားတဲ့ Active Focus Point ဟာ လေ နည်းနည်း တိုက် လို့ လှုပ် တာနဲ့ နေရာ လွဲ သွား နိုင်ပါတယ်။ 


 လေတိုက် လို့ အသိုက် ရွေ့ အသွားမှာ  Metering ယူရန် ပို့ ထားတဲ့ Active Focus Point ဟာ အသိုက် နောက် က အလွန် လင်း ပြီး နေရောင် အောက်မှာ တောက်ပနေတဲ့ ( C ) နေရာ မျက်တော ကို သွား ထောက် လိုက် တာ ကို ကျွန်တော် မသိလိုက်ပါဘူး။




ဒီတော့ Camera Firmware က  တအားလင်းနေ လို့ မှတ် ကာ Exposure ကို လျှော့ ချ လိုက် လို့ အောက် ပါ တစ်ဘက် ပုံ အတိုင်း  ခတ်မှောင် မှောင် Underexposed ဖြစ်သွားပါတယ်။





တစ် ခါ တစ်ရန် လေတိုက် လို့ Active Focus Point ဟာ ငှက် မလေး ရဲ့ ညို ညစ် ညစ် ကို လုံး ( B ) နေရာ ပေါ် ရောက် သွား တဲ့ အခချိန် လည်း ရှိပါတယ်။ ငှက် သိုက် က အလင်းရောင်နည်းတဲ့ နေရာ မှာ ဆောက် ထားတော့ ငှက် ရဲ့ ညို ညစ် ညစ် အရောင်ဟာ အမဲ ဘက် ကို လုနေပါတယ်။

ဒီအချိန် မှ Camera firmware က မှောင် တယ် လို့ယူဆ ကာ Exposure ကို တင် လိုက်ပါတယ်။ ဒီတော့ ပုံ ဟာ အောက် မှာ တွဲ ပြ ထားတဲ့ ပုံလို  ဖြူပြီး Overexpose ဖြစ်လာပါတယ်။






ရုတ်တရက် တော့ စိတ်ပူ ပြီး Camera  Setting အသေထားပါလျှက် နဲ့ ဘာကြောင့် ဒီလို Exposure အတော် ကွာ သွားရ သလဲ  ဆိုတာ ကို မသိလိုက်ပါ။ တစ်ပုံခြင်း အနေအထားကို လက်တွေ့ အခြေအနေ နဲ့ တိုက် ကြည့်  လိုက်မှ Metering ပြောင်းသွားလို့ ဒီိလို Exposure ပြောင်း သွားတယ် ဆိုတာ ကို သိလိုက်ပါတယ်။

ဒါကြောင့် အချို့ ပုံတွေ Exposure မ မှန် စေကာ မူ ဖျက် မပစ်ဘဲ  နောင် တွင် Metering နဲ့ ပတ်သက် လို့ နမူနာ ပြ နိုင်ရန် သိမ်း ထားသဖြင့် ဤ ပုံ များကို ယခု ပြ နိုင်ခြင်း ဖြစ်ပါတယ်။ 



သို့သော် ဒါလေးတွေ ပြန် ရလိုက်ပါတယ်။

ဤ ကဲ့ သို့ မှား ခဲ့ ပေမဲ့  RAW နဲ့ ရိုက်ထားလို့ Pied Fantail Family Photo ကို  ပြန် ပြု ပြင်ရာ အောက်ပါ အမိ-အဖ နဲ့ ငှက်ငယ်လေး နှစ်ကောင် ပါတဲ့ မိသားစု ပုံကို အခြေ အနေ လောက် ရလိုက်ပါတယ်။




ကံအားလျှော်စွာ ငှက်ငယ် လေး တစ်ကောင် အသိုက် က ပျံ ထွက် သွားတဲ့ အောက်ပါ ပုံ ကိုလည်း အကောင်းဆုံး မဟုတ် စေကာမူ လက်ခံ နိုင်လောက်တဲ့ အဆင့် လောက် ရ လိုက်ပါတယ်။



ဤကဲ့ သို့ အမှားမျိုး မှား ရာ တွင် ပြန် ရိုက် နိုင်သည့် ပုံ များ အတွက် မထောင်းတာ ပါသေည်လည်း ပြန်ရိုက် လို့ မည် သို့ မှ  မလွယ် သည့် ယခု လို Pied Fantail Family Photo မျိုး အတွက် မှာ မူ ကြီးစွာသော ဆုံးရှုံး မှု မျိုး ဖြစ်စေတယ် လို့ ဆိုရပါမယ်။

ကျွန်တော် ကဲ့ သို့ အမှား မ ဖြစ်စေ ရေး အတွက် ကျွန်တော့် အတွေ့ အကြုံ  ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။

-------------------------------------

1 comment:

  1. အခုလို အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးတဲ့အတွက် ကျးဇူးအများကြီးတင်ပါတယ်။

    ReplyDelete