Friday 29 September 2017

Art of Composition in Photography




97 –  Art of Composition in Photography                          ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၉၇)



“ ဓါတ်ပုံ တစ်ပုံ ဖွဲ့စည်း ခြင်း ဆိုင်ရာ အနုပညာ “
(Art of Composition in Photography)



စကားဦး

Composition နှင့်ပတ်သက် လို့ ကျွန်တော် အတော် အသင့် ရေးခဲ့ ပြီးဖြစ်ပါတယ်။ အမှန်တော့ Composition အကြောင်း ရေး ထပ် ရေး ဘို့ ရန် စိတ်ကူး မရှိပါ။ အကြောင်းအရာ တစ်ခု ကို သိလို၍ ရှာ ဖွေ ရင်း Siddharthan Raman ရဲ့ Art of the Composition in Photography ဆောင်းပါး ကို အမှတ်မထင် တွေ့ လိုက် မိ လို့ ရေးဘို့ စိတ်ကူး ရလာတာပါ။


Siddharthan Raman က ဓါတ်ပုံ တစ်ပုံ ဖွဲ့ စည်း ခြင်း ဖြစ်တဲ့ Composition ဆိုင်ရာ အနု ပညာ ကို စာ နဲ့ ရှေရှေ ဝေးဝေး ဖွဲ့နွဲ့ ကာ ရေးထားခြင်း မဟုတ်ဘဲ လိုရင်းကိုသာ ရေး ကာ -
“ ကဲ…ဆိုလိုတာ ကို ဒီ ပုံ တွေမှာကြည့် “ လို့ ဆိုတဲ့ သဘော အတိုင်း ပုံ တွေနဲ့ လက်တွေ့ ပြ ကာ ရှင်းလင်း တဲ့ ဆောင်းပါးဖြစ်ပါတယ်။

ပုံတစ်ပုံ နဲ့ နမူ နာပြ ခြင်း  ဟာ စာအလုံးပေါင်း  ထောင်ချီ ရေးပြတာထက် ပို ၍  ထိရောက် ပါတယ်။ ဒီ မှတ်စုမှာ ပြထားတဲ့ နမူနာ ပုံတွေ အား လုံးအနက် Negative/Positive Space ကိုရှင်းပြ တဲ့ ပုံ မှ အပ အားလုံးသော ပုံတွေ ဟာ Siddharthan Raman ရဲ့ Art of the Composition in Photography ဆောင်းပါး  ထဲ က ပုံတွေပါ။ 

ထို့ ကြောင့် Siddharthan Raman ရဲ့ Art of the Composition in Photography ဆောင်းပါး ကို  ကိုယ်လည်း လေ့ လာရင်း ကနေ ကိုယ် တိုင် နားလည် အောင် လုပ်ပြီး ထိုကဲ့ သို့ နားလည် တာ ကို ချရေး တာပါ။ ဘာသာပြန် ခြင်း သက်သက် မဟုတ် လို့ ဆိုရပါမယ်။


Art of Composition.


11-  Point of View

ဓါတ်ပုံ တစ်ပုံ ကို မရိုက်ခင် ရိုက်ကွင်းရိုက် ကွက် ကို ဓါတ်ပုံ လို သဘောထား ကြည့်သင့်ပါတယ်။ ဒီလို ကြည့် ခြင်း ဖြင့် ဘာ ကို Frame ထဲ ထည့် ရမယ်၊ ဘာကို  ချန်ရမယ် ဆိုတာ မြင်လာပါမယ်။

Subject တစ်ခု ကိုရိုက်ရာ မှာ Angle တစ်ခု ကနေ ဘေး ဘယ်-ညာ နည်းနည်းစီလော က် ဘဲ နေရာ ပြောင်း ရိုက်နေတာထက် Subject ရဲ့ အနေ အထား အလိုက် အခြေအနေပေါ် မူတည်ပြီး Angle ကို ပြောင်း ရိုက်ခြင်း က ပို ထိရောက် တဲ့ အာရုံ စူး စိုက် မှု ရစေပါတယ်။
ဆိုလို တာက သမားရိုးကျ Eyes-level အနေအထားမျိုး ကနေ အမြင် ပို ဆန်း စေ မဲ့  အမြင့် ပိုင်း ( Altitude) သို့ မဟုတ် အောက်ပိုင်း ( Deep below ) လို Angle မျိုး များကနေ ရိုက်ကြည့် သင့်ပါတယ်။

အောက်ပါ နမူ နာ ပုံ များကို ကြည့်ပါ ရန်-
















2 – Simplicity

Frame တစ်ခုအတွင်း မှာ ရှိတဲ့ပုံကို  ဖွဲ့ စည်းရာ မှာ ရိုးရိုး လေးဖွဲ့ စည်း ပါ။ Simple is Beaut လို့ အဆိုရှိပါတယ် ။ ဒီလို ရိုးရိုးလေး ဖွဲ့ စည်း ခြင်းက ကြည့် သူအာရုံ ထွေပြား မှု မဖြစ်စေဘဲ လိုရာ ကို တန်း ရောက် နိုင်စေပါတယ်။ ရိုး နိုင်သမျှ ရိုးရိုး ဖွဲ့ စည်း ခြင်း ကို Minimalist approach လို့ ဆိုရပါမယ်။


ဒါ မျိုး အတွက် Subject ကို နှိုင်းနှိုင် ချိန် ချိန် ရွေးချယ် ပြီး  Simple Background နဲ့ Subject ကြွ လာ အောင် ဖွဲ့စည်းကာ ကြည့်သူရဲ့ အာရုံ ကို ဆွဲ ယူ တဲ့ နည်း ဖြစ် ပါတယ်။ 














3      3 - Geometrical Shapes

ကြည့်သူ ရဲ့ မျက်လုံး ကို ဖမ်း စား နိုင်တဲ့ Patterns, Symmetries, Geometries, Lines & Curves စသည် များကို ကြည့်ပါ။ အဆိုပါ အရာ များ ရဲ့ အနေ အထား အလိုက် ပုံ ကို ဖွဲ့ စည်းပါ။

အဆိုပါ ထူးခြားတဲ့အရာ များကကြည့်သူ ကို လွယ် ကူ စွာ အာရုံ စိုက်လာစေနိုင်ကာ  နား လည်ခံစား  စေပါ လိမ့်  မယ်။















4-  Balancing the Picture


Frame အတွင်း ရှိသော ပုံ များ ကို အနေ အတား မျှနေ အောင် ချိန် ပေးရပါမယ်။ သို့ မှသာ ဟာလာ ဟင်းလင်း နေရာ နည်း နေပါ လိမ့်မယ်။

Frame အတွင်း အရေး မကြီးသော Less important Subject နဲ့ Main subject တို့ ရဲ့ အရေးပါမှု ( Weight ) ကို သေခြာစွာ ချိန် ညှိ ပေးရပါမယ်။ ဒီလို ချိန် ညှိရာ မှာ mixing lights, shadows, physical elements, characters, contrasting colors စသည် တို့ ဟာ အလွန် အရေးကြီးပါတယ်။  Frame အတွင်း အာရုံ စူးစိုက်စေမည့် Focal Point ကို ပြောင်း ပေး ခြင်း ဖြင့် အောင်မြင် သော Balancing result ရလာစေနိုင် ပါမယ်။

အောက်ပါ Balancing များကို ကြည့် ပါရန် -













5-  Abstract Objects Inside

Monuments ကဲ့ သို့ အဆောက် အဦ ကြီးများ ၊ သမိုင်းဝင် နေရာ များ တွင် ရိုက်  သည့် အခါ Main Subject ကို ပံ့ပိုး ပေးမည့် Natural object သို့မဟုတ် စိတ်ကူး ဖြင့် တွေးယူ ရမည့် Abstract objects များကို ထည့် ရိုက် ခြင်း ဖြင့် ပုံ သည် ပို ထင်ရှား  လာကာ ပုံ ကို Drama effect ပေးလာ နိုင်ပါလိမ့် မယ်။















6-  Cropping

မရိုက် ခင်က မည် သို့ ရိုက်မည် ကို ပြင်ဆင်ကာ ရိုက် ၊ ပြီးလျှင်ပါ လာတဲ့ မလိုတာ တွေ ကို ဖြတ်တောက် ရပါမယ်။ မည် သည့် ပုံ မျှ အားလုံး ပြည့်စုံ စွာ ထွက်လာတယ် မရှိလှပါ။ မလိုတာ ကို ဖြတ်တောက် ကာ လိုတဲ့ အရာ ကို ပို ပေါ်လွင် လာအောင် လုပ်ခြင်း ဖြင့် ပုံ ပို အားကောင်း လာစေပါတယ် ။














7-  Depth

Foreground ကို Strong Subject များ ဖြင့် ဖြည့်  ကာ ကြည့်သူ ၏ စိတ် က ပုံ ကို   အလွှာ လိုက် ( Layer by layer ) ခွဲ ကြည့် စေခြင်း ဖြင့်  Background ဆီ သို့ ရောက်အောင် ဆွဲ ဆော င် သွားပါ။  Natural Light သည် ဤ ကဲ့ သို့ လုပ်ရာ တွင် အရေး အပါ ဆုံး ဖြစ်ပါတယ်။ 















8 - Rules

ပုံ ကို ဖွဲ့စည့် ရာ တွင်  Rule of thirds, Golden section, Golden triangles, Spiral, Golden mean စသည့် ဥပဒေသ များ အရ နေရာ ချခြင်းဟာ Center of Interest ရစေရေးအတွက် အတော် ထိရောက် တဲ့ နည်းပါ။ ရိုက်နေစဉ် သတိ မထားမိေ စကာ မူ ပုံ ထွက် လာတဲ့အခါ Cropping ဖြင့် နေပြန်ရာ ချ နိုင်ပါတယ်။ အတွေ့ အကြုံ များလာရင် ရိုက်ရာ တွင် အလိုလို ပုံ ၀င် လာပါ လိမ့် မယ်။











9 - Negative Space

ဤ နေရာ တွင် Negative Spae နဲ့ Positive Space ကို အနည်းငယ်  ရှင်းလိုပါတယ်။ ယေဘူယျ အားဖြင့် အဓိက Main Subject ရဲ့ ပတ်ဝန်းကျင် အား ရံ ထားတဲ့ ဧရိယာ ကို Negative Space လို့ ခေါ် ကြပါတယ်။

ဥပမာ အား ဖြင့် အောက်ပါပုံ ကိုကြည့် ပါ -





အထက်ပါ ပုံ ကို ပန်းအိုး ( Vase ) လို့ ကြည့် ရင် အဖြူ ရောင် ဧရိယာ ဟာ Positive Space ဖြစ်ပြီး အနက်ရောင်က Negative Space ဖြစ်ပါမယ် ။ 

အကယ် လို့ လူမျက် နှာ လို့ ကြည့်ရင် တော့ အနက်ရောင် ဟာ Positive Space ဖြစ်ပြီး အဖြူရောင် ဟာ Negative Space ဖြစ်သွားပါမယ်။  

အဓိက Main Subject ကို ရံ ထားတဲ့ နေရာ လွတ် Negative Space ကို ထိရောက်စွာ အသုံး ချရပါမယ်။ ဒီနည်းဟာ Art Photography မှာ ကျယ်ပြန့် စွာ သုံးတဲ့ နည်း ဖြစ်ပါတယ်။ ကြည့် သူရဲ့  အာရုံ ကို ရံ ထားတဲ့ အပြင်ဧရိယာ ကနေ Main Subject ဆီ သို့ ဆွဲ ခေါ်  သွားစေတဲ့ နည်း ဖြစ်ပါတယ်။ အောက် ပါပုံ များ ရဲ့ Negative Space တွေ ရဲ့ အားပြု မှု ကို ကြည့်ပါ ရန် -















10- Breaking the rules

ပထမ Composition Rules ( ဥပဒေသ) များကို လေ့ လာပါ၊ နောက်တစ်ဆင့် ဒီ ဥပဒေသတွေ ကို ဘယ်လို  ချိုးဖေါက် ရမယ် ဆိုတာ ကို  လေ့လာပါ။ လို အပ် ရင် လိုအပ် သလို ဒီ ဥပဒေသ တွေ ကို ချိုးဖေါက် ခြင်း အောက်တွင်ပြ ထားသကဲ့ သို့   ဖြင့် ထူးခြား တဲ့  ပုံတွေ ဖြစ်ပေါ် လာပါလိမ့်မယ်။














ကဲ မိဆ်ဆွေ တို့...  ကြိုးစား ကြည့် ကြပါ။


----------------------------------

Tuesday 26 September 2017

Content of Country Road’s Photo-Notes




Content of Country Road’s Photo-Notes

( ဓါတ် ပုံ ဆိုင်ရာ မှတ်စုများ အညွှန်း )

( မာတိကာ )


 From -  October 2012

 to      - September 2017



( မာတိကာ )

 From -  October 2012

 to      - September 2017




Year


Month

Note No.
Name of the Note

Others
2012
October
1
Portrait Part (1)
* My Photo *Poem,
*အိမ် အပြန် လမ်း
*ဘ၀ ထဲ က ကဗျာ၊
*လေပြေ လေး။
*My Photo Gallary (1)
*My Photo Gallary (2)
*Down the Memory Lane ( South Africa ( Part-4 )

2
Portrait Part (2)
3
Portrait Part (3)
4
Portrait Part (4)
5
Composition Part (1)
6
Composition Part (2)
7
Breaking the Rule of Thirds
8
Composition Part (3)
9
Focusing Part (1)
10
Composition Part (4)
11
Focusing Part (2)
12
Center of Interest (COI)
November
13
Low Light Photography Part (1)
*ချစ်သော ယမုံနာ
*Photo gallery (3)
*Down the Memory Lane ( South Africa ( Part-1 )
*Photo Gallery (4)
*Down the Memory Lane ( South Africa ( Part-2 )
*Down the Memory Lane ( South Africa ( Part-4 )

14
Low Light Photography Part (2)
15
DSLR Metering
16
Camera Sensor
17
Panning
18
Photo Clinic (1)
19
Photo Clinic (2)
20
Photo Clinic (3)
21
Photo Clinic (4)
22
Photo Clinic (5)
23
Depth of Field
24
Street Photography
25
Camera Filters
December
26
ISO, Noise and Sensor
27
Sunny 16 Rule
28
Composition Part (5)
29
Bird Photography
30
Noise
2013
January
31
Focusing Part (3)


32
Camera Angle


33
Camera Lens


34
Macro Photography


February
35
White Balance


36
Light Painting Photography


37
Steel Wool Photography


March
38
Single Point Focusing


May
39
Factors to consider on DSLR


40
Making a Star Filter


41
Portrait of People


June
42
HDR Part (1)


43
HDR Part (2)


July
44
Documentary Photography


45
Bird in Flight


August
46
Still Life Photography


47
Camera Setting Part (1)


48
Camera Setting Part (2)


49
Camera Setting Part (3)


50
Full Frame and APS-C


September
51
Flower Photography


52
Silhouette


53
Optical Low Pass Filter


54
Portrait Photography


October
55
Photo Clinic (6)


56
Photo Clinic (7)


57
Photo Clinic (8)


58
Photo Clinic (9)


November
59
Flash Photography


December
60
Landscape Photography

2014
January
61
Sigma, 18-35mm, f-1.8

62
Bird Hunter

February
63
Breaking the Rule (1)

64
Breaking the Rule (2)

March
65
Camera Sensor and Pixels
*Collection of Nature Photos
*Bird in Flight Photos
*Golden Scenery
*“  ကမ္ဘာ့ တောင်ဘက် အရပ်မှ သြစတြေလျှ
66
Aperture, F- Stop Test




67
What is aGood Photograph?
April
68
Useful HDR

May
69
Bird in Flight

July
70
Some Nikon Camera Test


71
Tracking- Bird in Flight


72
Tamron 150-600mm




Contents of the Country Road


August
73
Tamron 150-600mm Review



74

75
Tamron 150-600 Review (2)
Zoom vs Crop

September
76
Megapixel Myth



77
Abstract Photography


October
78
Shooting the Kingfishers



79
Canon 7D MK II


November
80
Exposure Compensation



81
Portrait Photography Part (5)

 2015
 January
 82
 How many Megapixels do you really need?


July
83
Review on Composition



August
84

85
Hyperfocal Distance Focusing
Landscape Photography



November
86
Bring more Pixels
Pixels များ ခြင်း နည်းခြင်း တို့ ရဲ့ အဆိုး အကောင်း   အကြောင်း ဖြစ်ပါသည်။ အမှတ်စဉ် မမြင်ရဘဲ Sign တွေသာ မြင်ရသော ခေါင်းစဉ် ဖြစ်ပါသည်။

2016
March
87
Nikon D 500
Nikon D 500 ကို Canon 7D MK II နှင့် နှိုင်း ယှဉ်ေ ရးသား ထား  သော  မှတ်စု ဖြစ်ပါသည်။


April
88
Exposure Compensation




November
89
Shooting the Moon



December
90
90Tracking the Flying Birds


2017

February

-       My School of Bird Photography

-       Content of Country Road


-       Home Work



March


91

92
-       Leaving the Nest
Common mistake in Metering

Theory of Colour



May
93
Analysis of Mountain Photography



June
94
Gplden Ratio vs Rule of Thirds



September
95


96
Portrait Cropping


Breaking the Rules










“  Country Road ၏ ဓါတ်ပုံ ပညာရပ်ဆိုင်ရာ မာတိကာ  ”
တွင် မိမိ လေ့ လာလိုသည့် မှတ်စု ကို ရှာဖွေ နည်း



from - October 2012 

to -  February 2017


Country Road Blog တွင် ဓါတ်ပုံ ဆိုင်ရာ မှတ်စု များကို လေ့ လာ လိုသူများ  အနေနှင့် နှစ်အလိုက် ၊ လ အလိုက် အမှတ်စဉ် အလိုက် အလွယ် တကူ ရှာဖွေ ဖတ်ရှု နိုင်စေရန် အတွက် ( from - October 2012  -  to -  February 2017 ) အထိ မာတိကာကို ပြန်လည် ဖြည့် စွက် ကာ ယနေ့ တင် လိုက်ပါသည်။


မိမိ လေ့လာလိုသည့် မှတ်စု ကို အောက် တွင် ပြထားသည့် ပုံ များအတိုင်း တစ်ဆင့် ခြင်း ဖွင့် ကာ ရှာ နိုင်ပါသည်။



ပထမ အဆင့် - 

မာတိကာ ရှိ မိမိဖတ်ရှုလိုသည့် မှတ်ပါဝင်သော ခုနှစ် သက္ကရာဇ် ( Year ) ကို အောက် တွင် နမူနာ ပြ ထား သည့် အတိုင်း Click လုပ်ပါရန်။ 







ယင်း ကဲ့သို့  ခုနှစ် သက္ကရာဇ် ( Year )   ရှေ့ ရှိ မျှားခေါင်း ကလေးကို Click လုပ် လိုက်ပါက  အောက်ပါ ပုံ ကဲ့ သို့  မှတ်စု ရေးထားသည်လ များ ပေါ်လာပါလိမ့် မည်။ 



ဒုတိယ အဆင့် - 

အောက် ပါ ပုံ တွင် ပြ ထားသကဲ့ သို့ မိမိဖတ်ရှုလိုသည့် မှတ်ပါဝင်သော လ ကို Click လုပ်ပါ။









ဤ ကဲ့သို့ လုပ် လိုက်ခြင်း ဖြင့် အဆိုပါ လ အတွင်း ရေး ထားသည့် မှတ်စုများ ပေါ်လာပါလိမ့် မည်။





တတိယ အဆင့် -  

မိမိ ဖတ်ရှု လိုသည့် မှတ်စု နံပါတ် ကို  အောက် တွင် နမုနာ ပြ ထားသကဲ့ သို့Click လုပ်ပါ။





 ထိုအခါ မိမိ ဖတ်လိုသည့် မှတ်စု ပေါ်လာ ပါလိမ့် မည်။


ဤ သို့ ဖြင့် မိမိ လို အပ်သည့် မှတ်စု ကို ရွေး ကာ ဖတ်နိုင်ပါလိမ့် မည်။

-----------------------------------