Wednesday 25 April 2018

Tips for better Image




98 – Top (10) Tips for better Image                         ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု (၉၈)



“ ဓါတ်ပုံ အနေအထား ပိုကောင်းမွန် လာစေရန် အကြံပြုချက် “
(Top 10 Photo Tips For Better Images )



စကားဦး

ဤ မှတ်စု ကို Nikon America School က တင်ထားသော Post တွင်တွေ့ မိလိုက် သဖြင့် ရေးမိခြင်း ဖြစ်ပါတယ်။ ဓါတ်ပုံ စတင် ရိုက် ခါစ Beginner များ အတွက် ရေး ထား ခြင်း ဖြစ်ပုံရပါတယ်။

အမှန်တော့ဒီ မှတ်စု လည်း Photo Composition ကို ရှင်းပြ ထားတာ ဖြစ်ပါတယ်။ Country Road တွင် လည်း Composition နဲ့ ပတ်သက် တဲ့ မှတ်စု များစွာ ရှိပြီး ဖြစ်ပါတယ်။ သို့ သော် ဒီ မှတ်စုလေး က တို တို နဲ့ လိုရင်းရောက်တဲ့ မှတ်စုလေး မို့ ဘာသာပြန် ကာ ထပ်မံ မျှဝေ ရခြင်း ဖြစ်ပါတယ်။

Nikon America School က ဤ ကဲ့ သို့ တင်ပေး ထားခြင်း မှာ Nikon School တွင် ဓါတ်ပုံ သင်တန်း တက် စေရန် အမြီး သဘော တင်ပေး ထားပုံရပါတယ်။

ရှင်းလင်း ချက် လေးေ တွ က  ရိုး ရိုးရှင်းရှင်းရိုး လေး ဖြစ် သဖြင့် ဆီလျှော် သကဲ့  သို့ ဘာသာပြန်ကာ မျှဝေ လိုက်ခြင်း လိုက်ခြင်းပါ။

Nikon America School  က ဒီ မှတ် စု တင်စဉ်က Beginner များ အတွက် ဖြစ်နိုင် စေကာမူ ရေးသားထားသည့် အချက် များမှာ အတို ချုပ်သဘော များစွာ သက်ရောက်နေပါတယ်။ သာမန် ဖတ်ရုံ နဲ့ နားလည် သဘော ပေါက် ဘို့ ခက် နိုင်ပါတယ်။

ဒါကြောင့် ဖြည့် စွက် ရှင်း လင်း ရန်လိုသည့် အပိုင်း  များကို ကျွန်တော် ပုံ များနှင့်  တကွ ဖြည့် စွ က် ရှင်းလင်း ထားပါတယ်။

အားလုံးသော ပုံ များမှာ သက်ဆိုင်ရာ မူလ ဆောင်းပါး များတွင် ဖေါ်ပြ ထားသော ပုံများသာ ဖြစ်ပါတယ်။

Tips For Better Images

အခု ပြော မဲ့ အကြောင်းအကြောင်း အရာ ကတော့ ကြည့် သူရဲ့ အာရုံ ကို  ဆွဲ ခေါ် သွားစေနိုင်ဘို့ အတွက် ဓါတ်ပုံ တစ်ပုံ အတွင်းရှိ Subject  ကို ကြည့် သူ ရဲ့  အာရုံ သက်ရောက် စေနိုင်တဲ့ နေရာ မှာ ဘယ်လို  နေရာ ချ ရမယ် ဆိုတဲ့  အကြောင်း  ရာ အကျဉ်း ချုပ် ပါဘဲ။

ဒီအကြောင်းက  အခု မှ ဓါတ်ပုံ စရိုက် သူများကော ၀ါ ရင့် ဓါတ်ပုံ  သမားများ အတွက်ပါ အကျိုး ရှိစေတဲ့ နည်းပါ။ Timeless Tip လို့ ဆိုရပါမယ်။

ဒီ နည်းကို from framing to focus, from perspective to panning စတဲ့ အား လုံးသော နေရာ တွေ မှာ သုံးနိုင်ပါတယ်။










TIP 1:  Subject အနား ကို တိုး ပြီး ရိုက်ပါ။

မိမိ ရိုက်မဲ့ Subject နားကို တိုး နိုင် သမျှ တိုး ပြီး Frame ကို ဖြည့် သင့် တဲ့ အနေ အထားအထိ ဖြည့် ပေးပါ။






အထက်ပါ နမုနာ Portrait ကို ကြည့် ပါ ။ ကြည့်သူရဲ့လက်ယာ ဘ က် က ပုံ( B)  ဟာ Subject ကို Frame အတွင်း ဖြည့် နိုင်သမျှ ဖြည့် ပေး လိုက် ခြင်း  ဖြင့် အမြင်အာရုံ  ကို အနှောက် အယှက် ဖြစ်စေမဲ့ နောက်ခံ ( Background ) အနှောက် အယှက် များ လျှော့ သည် ကို တွေ့  နိုင် ပါမယ်။ လက်ဝဲ ဘက် ပုံ(A)  နဲ့ ယှဉ်ကြည့်ပါရန်။

 ဒါပေမဲ့ခရီး ထွက်ရာ မှာတော့  ရောက်ရာ ဒေသရဲ့ ထင်ရှား တဲ့ အမှတ် အသား  အဆောက်အဦ ၊ လူစု လူဝေး ၊ မိတ်ဆွေ အုပ်စု တွေ ဆိုတဲ့ Background ပုံ တွေ ကတော့ ပုံ ရဲ့ Story ကို ပံ့ ပိုးပေးရာ ရောက်ပါတယ်။

ဒီလို မှ  မဟုတ်ဘဲ ရှေ့ က Subject  ကို အနှောက် အယှက် ပေးမဲ့ နောက် ခံတွေ ကို တော့  ဖယ် သာ ထုပ် ပစ်လိုက်ပါ။

မိမိ ရိုက် တဲ့ Subject ကိုပံ့ပိုးပေးမဲ့  Details , Expression , Textures တွေရအောင် သာ ရိုက်ပါ။ ဒီနေရာမှာ Zoom Lens တွေ အသုံးဝင်ပါတယ်။



TIP 2: Sublect ရဲ့ နောက် ခံ မှာဘာ  အနှောက် အယှက် ပေးမဲ့  အရာ တွေ ရှိ  နေသလဲ။

ပုံ အပေါ် သက်ရောက် မဲ့ အာရုံ စိုက်မှု ကို ရုပ်လျှော့  သွားစေနိုင် တဲ့ မျဉ်းကြောင်း  များ လိုင်း များ ၊ ရောင်ပြန် အလင်းများ၊  နဲ့ အခြားသော ရှုပ်တွေးနေ တဲ့ အရာ များ  မိမိ ရိုက် မဲ့ ပုံ ရဲ့ နောက်ခံ Background မှာ ရှိ နေခြင်း ရှိမရှိကို ကင်မရာ ခလုပ် မနှိုပ် မှီ သေခြာစွာ ကြည့် ပါ။

ဒီအရာ တွေ ဟာ ပုံကောင်းတစ်ပုံ ( Great Picture ) ကို သိပ် မကောင်းတဲ့  အနေအထား နဲ့ နောက်ပိုင်း Post Production မှာ ပြန်ပြင် ရတဲ့ အဖြစ်မျိုး ရောက် လာ စေပါတယ်။  ( becoming that’s not so great, or one that may require retouching …)

ဒါကြောင့် မ ရိုက်မှီ  နောက်ခံ Background ရှိ အနှောက် အယှက် တွေ ကို ရှောင် ပြီး ရိုက်ပါ။ သို့ မဟုတ် ဖယ်ရှားပြီး မှ ရိုက်ပါ။






အထက်ပါ နမူနာပြ ထားတဲ့ ပုံ ရဲ့ နောက်မှာ ကောင်း ကင်ရှိ မီးခိုး  တန်း ၊ ခေါင်းမှာ ထိုးထွက် နေတဲ့  အုန်းထန်း ပင် အရွက် တွေ ဟာ ပုံ အပေါ် ကျ ရောက်မဲ့  အာရုံ ကို  လျှော့ပါးစေတဲ့ အနှောက် အယှက် တွေ ဖြစ်ပါတယ်။

ဒီလို မဖြစ်စေရန် အတွက် View Finder ကနေ ကြည့် နေစဉ် ကပင် အနှောက် အယှက် တွေ ကိုသတိထားကြည့်ပါ။ နောက်ပြီး  Live View ကတစ်ဆင့် LCD ပေါ်မှာ တကဲ့ ဓါတ်ပုံ ကဲ့ သို့ ကြည့်ပြီး  စိစစ် ရင် ပို မြင်သာပါတယ်။



TIP 3: Focus လုပ်ပါ ၊ Lock လုပ်လိုက်ပါ၊ လိုအပ်သလို ပုံ အနေအထားကို ပြန် ပြင်ပြီး  ရိုက်ပါ။


Nikon ကင်မရာ တိုင်း ဟာ Subject ကို Focus Lock လုပ်လို့ ရပါတယ်။
ပထမ Subject ကို နေရာ ချပါ ၊ Shutter ကို တစ်ဝက် နှိပ်ပြီး Subject ကို Focus Lock လုပ်လိုက် နိုင်ပါတယ်။

ဒီနောက် ပိုပြီး စိတ်ဝင်စား ဘွယ်ရာ ကောင်းတဲ့ ပုံစံ နေရာ ချကာ ပြန် ( Recompose ) ပါ။ Focus ဟာ မူလ နေရာ ကနေ မရွှေ့ သွားသရွေ့ယခင် Lock လုပ် ထားတဲ့ Subject ပေါ် မှာ ဘဲ ကျရောက်နေပါမယ်။







အထက် က ပုံ ကို ကြည့် ပါ။


ဓါတ်ပုံ ဆရာ ဟာ ပထမ ကြိုး ထုံးပေါ် မှာ Focus ယူ လိုက်ပါတယ်။ နောက် တော့ ဒီ Focus Point ကို Lock လုပ် ပြီး လိုသလို ပုံ ကို ပြန် Recompose လုပ် ကာ ရိုက် ထား ခြင်း ဖြစ်ပါတယ်။





TIP 4: Rule of Thirds ဆုံမှတ် နေရာ များ တွင် နေရာ ချကာ ရိုက်ကြည့်ပါ။







နောက်ခံ ရှင်းရှင်း ပေါ် မှာ ရှိတဲ့ ငြိမ် နေတဲ့ Subject တစ်ခု ကို ရွေး လိုက်ပါ ။


 Viwe Finder တွင်းမှာ စိတ် နဲ့ Rule of Thirds အတိုင်း အလျှား လိုက် မျဉ်း  နှစ်ကြောင်း နဲ့ ဒေါင် လိုက် မျဉ်း နှစ်ကြောင်း ကို အကွာ အဝေး တူညီစွာ  ဆွဲ လိုက်ပါ။

ယခု အခါ မှာတော့ စိတ်နဲ့ ဆွဲ ရန် မလိုတော့ ပါ။ ကင်မရာ View Finder မှာ Grid Line များ ကြည့် လို ရင်  ဖေါ် ကြည့် နိုင်ပါပြီ။

ပထမ တစ်ပုံ ကို လေးထောင့် ကွက် (၉)  ကွက် အနက် အောက် တွင် နမူနာပြ ထား  သကဲ့ သို့  အလယ်တည့်တည့်  အကွက် မှာ နေရာ ချ ကာ  ရိုက် လိုက်ပါ။









ဒုတိယ ပုံ ကို အောက် တွင် နမူနာ ပြ ထားသကဲ့ သို့ အထက် - လက်ဝဲဒေါင့် ( 1 ) နေရာ တွင် နေရာ ချ ကာ ရိုက် လိုက်ပါ။








တတိယ ပုံ ကိုမူ အောက် နမူနာ ပုံတွင် ပြ ထားသကဲ့ သို့ အောက် - လက်ယာ  ဘက် ဒေါင့် ( 3 ) နေရာ မှာ ထားကာ ရိုက် လိုက်ပါ။







ပြီး လျှင် အဆိုပါ ပုံ များကို ကင်မရာ LCD တွင် ပြန်ကြည့် ပါ။ ဘယ် ပုံက ကြည့် ရတာ ပို ဆွဲဆောင် မှု ရှိသလဲ ဆိုတာ ကို ကြည့်ပါ။

ယေဘူယျ အားဖြင့် Rule of Thirds မျဉ်း ဆုံ မှတ် နေရာ များ တွင် နေရာ ချထား  တဲ့  ပုံ မှာ ပို ၍ကြည့် လို့ ကောင်းတယ် လို့ ဆိုရပါမယ်။

ဤ ကဲ့ သို့ LDC တွင် ပုံ များကိုပြန်ကြည့်ကာ Subject အား Focus Lock  လုပ်ပြီး အကောင်းဆုံး လို့ ယူဆ တဲ့နေရာ ကို ပို့ ကာ Recompose လုပ် ရိုက်ပါရန်။

ဒါပေမဲ့….. အချို့ သော အခြေ အနေများတွင် မူ Subject ကို Frame အလယ် တည့်တည့် မှာ နေရာ ချထား ခြင်း က  ပို၍ အား ကောင်း လာသည့်  အနေအထား မျိုး လည်း  ရှိပါတယ်။

Rule of Thirds ကို ချိုး ဖေါက် တဲ့ Composition တွေ လို့ ဆိုရပါမယ်။

Rule of Thirds  အတိုင်း မဟုတ်ဘဲ ဒီဥပဒေသ အား ချိုး ဖေါက် ထားတဲ့ အောက်ပါ အမူ နာ ပုံ  တွေ ကို ကြည့်ပါရန် -

























TIP 5: ကင်မရာ ကို ငြိမ် အောင် ကိုင်ပါ။

မည်သို့ မှ မထူးဆန်း ဟု ဆို နိုင်ပေမဲ့ ကင် မရာ ကို ငြိမ်အောင် ကိုင် ခြင်း မှာ  ပုံ ပြတ်သား ရေး အတွက် အတော် အရေးကြီးပါတယ်။

ကင် မရာ ကိုသေခြာ စွာ  ကိုင်ပါမှသာ တုန်ခါ မှု မရှိဘဲပြတ် သား တဲ့ ပုံ ရနိုင် မှာ ဖြစ်ပါတယ်။

ညာ လက်က ကင်မရာ ကို မြဲမြန်စွာ ကိုင် ထားပြီး ဘယ် လက်ကို Lens အောက်မှာထားကာ ထိမ်း ပေးရပါမယ်။  ညာ လက်ညှိုး ကို ကင်မရာ ခလုပ် ပေါ် တင်ထား ရပါမယ်။

ကင်မရာ ပြုတ် ကျ ခြင်း မှ ကာကွယ်နိုင်ရေးအတွက်  ကင်မရာ ကြိုးကို ညာလက်တွင် ပတ်ထားပေးရန် လိုပါတယ်။




အထက် လက်ဝဲ ဘက်ပုံ ( A) မှာ ကင်မရာ ကိုင် ရာ တွင် မှား လေ့ များထ ရှိသော ကိုင်နည်း ဖြစ်ပါတယ်။

ကိုင်ရ တွယ်ရ သက်တောင့် သက်သာ  မရှိ တဲ့ အပြင် Flash ကို လက်က ကွယ်နေပါ တယ်။

လက်ယာ ဘက် က ပုံ ( B ) ကဲ့ သို့ ကင်မရာ ကို  ကိုင် ရန် လိုပါမယ်။ ဤ သို့ ဖြင့်   ကိုင်ရသည်မှာ  သက်တောင့် သကိသာ ရှိပြီး Flash ကို လည်း လက် က ကွယ်မည် မဟုတ်တော့ ပါ။

 ပုံ ပြတ်သား မှု မလျှော့ သွားစေဘို့ Nikon မှာ ပါတဲ့ VR (Vibration Reduction) Image stabilization system ကို သုံးပါ။ တတ်နိုင် သမျှ သော နည်း တွေ နဲ့ ငြိမ် အောင် ထိမ်း ထားပါ။

အသက်အောင့် ထားပြီး ခလုပ်    ကို နှိ်ပ်လိုက်ပါ။ 




TIP 6: မျက် လုံးကို ကြည့်ပါ။








အခြား ထူးခြား တဲ့ပြ ချက် မျိုး နဲ့ ရိုက် သည်မှ အပ သာမန် အားဖြင့် Subject ဖြစ်တဲ့  ခလေး ငယ်များရဲ့ မျက် လုံး ကို Focus ယူပါ။

ခလေး ငယ် များကို သူ့ အရပ် အလိုက် အမြင့် က စီး ရိုက် တဲ့ Angle မျိုး ကို ရိုက် မယ် ဆိုရင်တော့ Live View ကို သုံးပါ။ View Finder က နေ ကြည့် လို့ မဖြစ်တော့ ပါ။ ဤနည်း သည် ပုံ အတွင်းကို အလင်းဖျော့ များ ၀င်နေ ခြင်း  အရိပ်များ ကျနေ ခြင်း များ ကို မြင် နိုင် သည့်အတွက် အချိန် မှီ ပြင် ချိန် ရမှာ ဖြစ်ပါတယ်။




TIP 7: လှုပ် ရှားနေတဲ့ အရာ များကို Panning ဖြင့် ရိုက် ကြည့် ပါ။

ပြေးလွှား လှုပ် ရှား ၊ မောင်းနှင် ၊ ပျံသန်းနေသည့် လူ ၊ ကား ၊ ငှက် ၊ မြင်း ၊ Merry-go-round လို မျိုး ကို ရိုက် ရိုး ရိုက်စဉ် ရိုက် သည် ထက် နောက်ခံ Motion Blur ဖြစ် လာအောင် Panning ဖြင့် ရိုက် ဖြင့် က ပို ၍ စိတ်ဝင် စား ဘွယ် ကောင်း စေပါတယ်။

အကြမ်း အားဖြင့် ISO ကို 100- 200 လောက် ထားပါ။

ကင်မရာ Setting ကို Shutter Priority ထားပါ။ 

အကြမ်း သဘော အား ဖြင့် လမ်းလျှောက် နေသူ အတွက် Shutter speed 1/10 Sec ၊ စက်ဘီးစီးနေသူ အတွက် Shutter speed 1/30 Sec ၊ မောင်းနေတဲ့ ကား အတွက် Shutter speed 1/60 Sec လောက် ထားကာ Subject ကို Focus ကြို ဖမ်းထားပြီး   သူ ရွှေ့ လျှားရာ  ဦးတည်  ဘက် အတိုင်း Follow လုပ်ကာ မိမိ ရှေ့ အရောက်လောက် မှာ ခလုပ် နှိပ် ရိုက်တဲ့  ရိုက်နည်းပါ။

ဒီလို လုပ်ရ တဲ့ သဘောက တော့  Subject သာ ပြတ် သားပြီး နောက်ခံ Background က Motion Blur သဘောမျိုး ၀ါး နေဘို့ အတွက် ဖြစ်ပါတယ်။

အလေ့ အကျင့် များစွာ လိုပါမယ်။

အောက် မှာ Panning နဲ့ နောက်ခံ  Motion Blur အဖြစ် ရိုက်ထားတဲ့ ပုံ အမျိုးမျိုး ကို ပြ ထားပါတယ်။





























TIP 8: အလင်းရောင် အနေ အထားကို သတိ ထားပါ။





ဓါတ်ပုံ ရိုက်တယ် ဆိုတာ  အလင်းရောင် နဲ့ အလုပ် လုပ်ရတာပါ။ အလင်းရောင် လုံလော က် လေ ပုံ ရဲ့ Exposure အနေအထားကောင်းလေပါ။

အလင်း ရောင် က လို တဲ့ နေရာ တွေမှာ လုံလောက် မှု မရှိရင် Flash နဲ့ ဖြည့် ပေးရပါမယ်။

ပြင်ပ Outdoor နေရာ တွေ မှာ ရိုက် စေ ကာမူ နေရောင် က ခေါင်းပေါ် လို နေရာ ပေါ် ရောက်နေရင် မျက်နှာ ပေါ်ကအရေးကြီးတဲ့ နေရာ တွေ မှာ အရိပ် တွေ  ကျနေ မှာ ဖြစ်ပါတယ်။

အထက်က နမူ နာ ပုံ ကို ကြည့်ပါ ။

 ဒီ လို အခြေ အနေမျိုး မှာ Fill in Flash ဖြည့် ပေးဘို့ လိုလာပါတယ်။

Flash အလင်း ပြင်းအား ကို လိုတိုး ပိုလျှော့ သဘော မျိုး ဖြင့် ပုံ များကို စမ်း ရိုက်ကြည့်ပါ။အလင်း အပြေင်း အပြော့ အနေအထား အမျိုးမျိုး အနက်  အကြိုက် ဆုံး  အနေ  အထားကို ရွေး ကာ ရိုက်ပါ။





TIP 9: ကင်မရာ အမြဲ အသင့် ဖြစ်နေပါစေ







ကင်မရာ အမြဲ အသင့် အနေအထားရှိနေခြင်း ဖြင့် မမျှော်လင့် ဘဲ ပေါ် လာတဲ့ ရိုက် ကွက် ကလေး တွေ လက်လွတ် သွားတာ မျိုး  မဖြစ်နိုင်တော့ပါ။

ဒီ လို အသင့် ဖြစ် နေ  ခြင်း ဖြင့် -

 “ ဟာ….ကင်မရာ လေး ပါ လာရင် ကောင်းမှာ ဘဲ ကွာ “ ဆိုတဲ့ နောင်တ စကားမျိုး ပြော ဘို့ အကြောင်း ရှိမည် မဟုတ်တော့ပါ။

ကင်မရာ သမား တစ်ယောက် အနေနဲ့ သွားလေရာ ကင်မရာ သယ်သွားခြင်း ဖြင့် မမျှော်လင့် ဘဲ ပေါ် လာတဲ့ “unexpected moments “ အခွင့် အရေး လေး တွေ ကို ရနိုင်ပါလိမ့်မယ်။ Battery အပို Memory Card အပို လေးတွေ ကို  လည်း အမြဲဆောင်ထားပါ။

TIP 10: လေ့ကျင့် ခြင်း ရဲ့ စွမ်း အား ။

နေ့စဉ် လေ့ ကျင့် ပါ။ ကိုယ့် ကိုယ် ကို တာဝန်ပြန် ပေးပြီး ရိုက်စေပါ။ Photo Journal လေး လုပ်ထားပါ။
နေ့စဉ် မိမိရဲ့ စိတ်ကူး နဲ့ ကွန်မြူး ထားတဲ့ Own themed လေးများကိုခံစား တည်ထွင် ကာ ရိုက်ကြည့်ပါ။

Social Media တွေပေါ် တင်ကြည့် ပါ။ Social Media ပေါ်က မှတ်ချက် တွေ က သင့် ကို တွန်း အား တွေ ပေး လာ ပါလိမ့်မယ်။








ဒီ နည်း နဲ့ လက်ရာ တွေ တိုးတက် လာပါလိမ့် မယ်။

ရက်ပေါင်း ၃၆၀ လောက် ရိုက်အပြီး ကိုယ့် ပုံတွေ ကို  ကိုယ် ပြန် ကြည့် ပါ။ အဆင့်ဆင့် တိုးတက် လာတာ တွေ ကို တွေ့ ရ ပါ လိမ့် မယ်။



---------------------------------

No comments:

Post a Comment