Friday 8 February 2019

APS-C Lens on Full Frame Body





102 – APS-C Lens on Full Frame Body                            ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၁၀၂)



“ Full Frame Body တွင် APS-C  Lens တပ် ရိုက် ခြင်း   
နှင့်
Camera Crop Factor များ အကြောင်း။




စကားဦး

Full Frame ( Nikon-FX ) Body တွင် APS-C ( Nikon–DX )  Lens ကို တပ် ကာ ရိုက်စမ်းကြည့် ဘူးပါတယ်။ ဒေါင့် နေရာ တွေမှာ မဲနေတာ တွေ့ တာလောက် ကိုဘဲ  သတိပြု မိပါတယ်။

Field of View ဘယ်လောက် ပြောင်းသွားတာ ဆိုတာ  ကိုသတိ မထားမိပါ။

နောင်တွင် လေ့ လာ ဖတ်ရှုရင်း အချို့ သော ဆောင်းပါးတွေ  မှာ  FX Camera ကို DX Lens တပ် ရိုက် ရင် ပုံ ရဲ့  Field of View ဟာ  Crop Factor အချိုး အတိုင်း  ပြောင်းလဲ သွား သလို ရေးထားတာတွေ  ကို ဖတ်မိပါတယ်။


သင်္ချာ သဘော အရစဉ်းစားကြည့် ပါ က Full Frame ( Niko –FX) Body တွင် APS-C ( Nikon-DX ) Lens တပ်ရိုက်တာ နဲ့ Full Frame (FX) Lens ကို APS-C (DX) ကင်မရာ မှာ တပ် ရိုက် တဲ့ Function နှစ်ခု  ဟာ ပြောင်းပြန် သဘော မျိုး ဖြစ်နေတယ် လို့ ဆိုရပါမယ်။


ဒီ Function နှစ်ခု ဟာ ဘယ်လို နည်း နဲ့ မှ Directly Proportion တိုက်ရိုက်အချိုးကျ တူနိုင်မှာ မဟုတ်ဘူး Inversely Proportion လို ဘဲ ဖြစ်နိုင်မယ် လို့ ယူဆမိရာ က အသေးစိတ် လေ့ လာ ရင်း ဒီမှတ်စု လေး ကို ရေး ဖြစ်ခြင်း ဖြစ်ပါတယ်။

ဒီအကြောင်း ရေးရင် Camera Sensor များအကြောင်းနဲ့ Crop Factor များ အကြောင်း မပါ လိုက မဖြစ်ပါ။

Sensor Size အမျိုးမျိုး ရှိတဲ့ ကင်မရာ အမျိုးမျိုး ကို Lens အမျိုးမျိုး တပ် ကာ လိုသလို သုံး နိုင်ရန် အတွက် မျှဝေခြင်း ဖြစ်ပါတယ်။

Entry Level ဓါတ်ပုံ လေ့ လာသူ များအတွက် ရည်ရွယ် မျှဝေခြင်းဖြစ်ပါတယ်။ သဘာရင့် ၀ါရင့် ဓါတ်ပုံ ဆရာ များအနေနဲ့ လို တိုး ပိုလျှော့ သဘော မျိုး နဲ့ ဖတ်ရှု ပေးပါရန် မေတ္တာ ရပ် လိုပါတယ်။






APS-C (DX) Lens ကို Full Frame (FX) Camera တွင် တပ်ကာ ရိုက်လျှင် ထွက်လာသည့် ပုံ။







Full Frame Body တွင် APS-C  Lens တပ် ရိုက် တဲ့ အကြောင်း မပြော မှီ ခွင် စုံ တဲ့ သဘော လေးမျိုး ဖြစ် အောင် Full Frame (FX) Lens ကို APS-C ( DX ) Camera မှာ တပ် ရိုက်တာ ကို ကနဦး ပြော လိုပါတယ်။



Full Frame Lens with APS-C Camera



Full Frame ( FX) Lens များကို APS-C (Advanced Photo System film negative in its C ("Classic") format (DX), of 25.1×16.7 mm, an aspect ratio of 3:2 ) တပ်ကာ ရိုက်လျှင် Lens ရဲ့ မူလ Focal length ဟာ ကင်မရာ များ ရဲ့ Crop Factor အလိုက် ပိုရှည်လာသလို ဖြစ်ကာ ပုံ ပို ကြီး လာ တာ ကို ဓါတ်ပုံ သမား တိုင်းလိုလို သိကြပြီး ဖြစ်ပါတယ်။



အောက်ပါ နမူနာ ပုံ ကိုကြည့်ပါ က လက်နှိပ်ဓါတ်မီး နဲ့ ထိုးသလို အလင်းတန်း အ၀ိုင်း ကြီးဟာ  Full Frame Lens မှ ၀င်ရောက်လာသည် ပုံရိပ် အလင်း( Image Signal ) ဖြစ်ပါတယ်။


အဆိုပါ အလင်း အ၀ိုင်း ဧရိယာ ဟာ အလျှား မှာ ( 36mm ) ၊ အနံ ( 24mm ) ရှိတဲ့ Full Frame ( Nikon FX) Sensor ပေါ် ကို ကွက်တိ ကျအောင် ပို့ ပေးတဲ့အလင်းတန်း ( Image Signal )  ဖြစ်ပါတယ်။


·      ရှေ့ဆက်ရေးရာ မှာ Nikon Camera ကို အခြေခံ ရေးမှာ ဖြစ်တဲ့ အတွက် Full Frame ကို FX ၊ APS- C ကို DX နဲ့ သုံးသွားပါမယ်။


ဒီ FX Lens က ၀င်လာတဲ့ အလင်းဟာ အလျှား ( 23.7mm ) နဲ့ အနံ ( 15.8mm )သာ ရှိတဲ့ APS-C ( Nikon DX) ကင်မရာ နဲ့ တပ် ရိုက်တဲ့ အခါ အောက် ပုံ မှာ ပြ ထားသလို DX Sensor ပေါ်မှ လျှံ ထွက်သွားပါတယ်။

DX Sensor ဟာ  သူနဲ့ ဆန့် နိုင် သလောက် အလင်း ဧရိယာ  ကိုသာ ဖမ်း နိုင်ပါတယ်။

ဒီအခါ မှာ Light Signal က ပုံ ကို Sensor က Crop လုပ်လိုက် သလို ဖြစ်ကာ  ပေါ်လာတဲ့  ရုပ် ပုံ ဟာ FX Lens ကို FX Body မှာ တပ် ရိုက် တာထက်ပို ကြီးလာပါတယ်။

အောက် က ပုံ ကို ကြည့်ပါ ၊ FX Sensor ဆိုပါက ငှက် နားနေတဲ့ အကိုင်း ဖြား နဲ့ အောက် က သစ်ရွက် များအထိ ပေါ် ပါမယ်။

DX Sensor  က သေးတဲ့ အတွက် ငှက် ခေါင်းနဲ့  ခြေ ထောက် လောက်ဘဲ ပေါ် နေပါတယ်။ ကွန်ပြူတာ ပေါ်မှာ ပုံကို ကြီး လာ အောင် Crop လုပ် လိုက် သလို ဖြစ်သွားပါတယ်။






ဥပမာ အား ဖြင့် Nikon 80-400 mm ( FX Lens ) ကို FX Body မှာ တပ် ရိုက်ပါက ပုံဟာ400 mm Focal Length အတိုင်းထွက် လာမှာ ဖြစ်ပေမဲ့ DX Body မှာ တပ် ရိုက် ပါက Nikon Crop Factor 1.5 X အရ ( 400 x 1.5 = 600 ) Focal Length 600 mm နဲ့ ရိုက်တဲ့ ပုံ ပမာဏ လောက်ရလာပါမယ်။


အောက်တွင် နမူ နာပြ ထားတဲ့ ၀က်ဝံ ပုံ ကို ကြည့် ပါရန်။

သာမန် အားဖြင့် Focal Length 400 mm ဖြင့် ရိုက် ပါက ပုံ (A) အရွယ် အတိုင်း ရပါမယ်။

သို့သော် FX 400 mm Lens ကို DX တွင် တပ် ရိုက် ပါက ပုံဟာ ပုံ (B) အရွယ် အစား ဖြစ်တဲ့ 600 mm ပုံလောက် ကြီး လာပါမယ်။





ဒါ ကို အလွယ် အား ဖြင့် Focal Length ရှည် လာ တယ် လို့ ပြော ကြခြင်း ဖြစ်ပါတယ်။ စင်စစ် အားဖြင့် Image Photon Signal ကို Crop လုပ်လိုက်  လို့ Field of View ပြောင်းသွား ခြင်းသာ ဖြစ်ပါတယ်။


Sensor Size သေး လေ Long Tele နဲ့ ဆွဲ ရိုက်သလို  ပုံ ပိုကြီး လေ ဖြ စ်ပါမယ်။ အောက်မှာ ပြထားတဲ့ Sensor အရွယ် အစား အလိုက် ပေါ်လာတဲ့ Field of View ကို ကြည့် ပါက ပိုရှင်းပါမယ်။




ဒီလို FX Lens ကို DX Body မှာ တပ် ရိုက်ခြင်းကြောင့် ပုံ ဟာ Crop လုပ်လိုက်သလို ကြီးလာပေ မဲ့ DX ရဲ့ Sensor Size အပြည့်မှာ ပုံဖေါ် ထားတဲ့ အတွက် Pixel ဆုံးရှုံး မှု မရှိပါ။ Sensor မှာ ရှိတဲ့ Pixel ပမာဏ အတိုင်း ရှိနေပါတယ်။


ပုံ ရဲ့ အရည် အသွေး ( Quality ) ကျ ဆင်းသွား ခြင်း မရှိပါ။


ဥပမာ အားဖြင့် D 500 (DX ) ကို FX 400 mm Lens နဲ့ ရိုက် ပါက ပုံဟာ Crop လုပ်လိုက်သလို Focal Length 600 mm Lens နဲ့ ရိုက်သ လောက်ကြီးလာပေမဲ့ Pixle ပမာဏ ဟာ D 500 ရဲ့ 20.9 MP အပြည့် ရှိ နေပါတယ်။

ဒါဟာ FX Lens ကို DX Body မှာ တပ်ရိုက်တဲ့ အားသာ ချက်ပါ။


အကယ်လို့ အဆိုပါ 400 mm FX Lens ကိုပင် FX Body နဲ့ တပ် ရိုက် မယ် ဆိုပါက  အောက် ပါပုံ ရဲ့အပြင် Full Frame  လေးထောင့်ကွက် အတိုင်းမြင်ရမှာ ဖြစ်ပါတယ်။











ဤအကြောင်း ပြော ပါက Crop Factor ပါလာသဖြင့် Crop Factor  အကြောင်း ပြော ရပါမယ်။

Crop Factor ပါလာပြန်တော့ လည်း သူနဲ့ တိုက်ရိုက် ဆက်နွယ်နေတဲ့ Sensor အကြောင်း ပါ ပါလာပါမယ်။ အောက်မှာ  တတ်နိုင်သလောက် ဖေါ်ပြ ပါမယ်။



ကင်မရာ များရဲ့ Crop Factors ဆိုသည်မှာ -


Crop Factor အကြောင်း ပြော ပါက Camera Sensor အကြောင်း အရင် ပြော ရပါမယ်။


Sensor Size and Crop Factor.

ကင်မရာ ပေါင်း မျာစွာ မှာ Sensor Size အမျိုးမျိုး ရှိပါတယ်။

အောက်ပါ ဇယား ကိုကြည့်ပါက ကင်မရာ အလိုက် Sensor size အမျိုးမျိုးကို တွေ့  နိုင်ပါမယ်။







Nikon ကင်မရာ နှင့် ဥပမာ ပေးရ သော်- Nikon Full Frame (FX) Sensor ရဲ့ အလျှား နှင့် အနံ မှာ ( 36mm X 24mm ) ဖြစ်ပြီး Advanced Photo System – C (APS-C) အမျိုး အစားဖြစ်သည့် Nikon DX အမျိုးအစား ကင်မရာ Sensor Size ၏ ယေဘူယျ အလျှား နှင့် အနံ အတိအကျ အတိုင်း အတာ မှာ ( 23.7mm X 15.8mm ) ဖြစ် ပါတယ်။


 Full Frame ဟာ 35mm Film ကို နှိုင်းရပ်ထားကာ 35mm Full Frame  လို့  ခေါ်စေကာမူ ၄င်း  Sensor ရဲ့  အလျှားဟာ  36mm ရှိ ပြီး အနံ မှာ 24mm ရှိပါတယ်။


Nikon DX ၏ Sensor ပေါ်တွင် ထင် သည့် ပုံ ရိပ်ကို ( 1.5 x ) နှင့် မြောက်ပါ မှ Nikon Full Frame 35mm Sensor ပေါ်တွင် ထင်သည့် ပုံ ရိပ် အရွယ် ကိုမှီ ပါမယ်။


 ဆိုလိုသည်မှာ DX Format နှင့် ရိုက်ထားသည့် ပုံ တစ်ပုံ ၏ Size ကို တစ်ဆခွဲ  ချဲ့လိုက်ပါမှသာ Full Frame နှင့် ရိုက်သည့် ပုံ အနေအထားသို့ ရောက် မည် ဖြစ်ပါတယ်။
















အထက်ပါ Crop Factor 1.5 ဆိုသည်မှာ FX ( 36mm x 24 mm) ၏ ထောင့်ဖြတ်မျဉ်း ( Diagonal ) 43.3mm ကို DX Sensor ၏ ထောင့်ဖြတ် မျဉ်း   28.4 mm နှင့် စား ခြင်း ဖြင့် ရလာ သည့် ရလာဒ် ( 1.5246) ၏ Nearest ကိန်း ဖြစ်ပါ တယ်။


ထိုကြောင့် ကိန်းသေ ဖြစ်သည့် FX ( 36mm x 24 mm) ၏ ထောင့်ဖြတ်မျဉ်း ( Diagonal ) 43.3mm ကိုကင်မရာ အမျိုး မျိုး တို့၏ အကွဲ ကွဲ အပြားပြားသော APS-C Sensor များ၏ ထောင့်ဖြတ် မျဉ်း ( Diagonal ) များ နှင့် စားပါက ရ လာတဲ့ ရလာဒ် ( Crop Factor ) လည်း အမျိုး မျိုး ရှိပါ လိမ့် မယ်။


Full Frame ( 36mm x 24 mm) ဟာ ပုံသေ ( ကိန်းသေ ) ဖြစ်ပြီး APS-C Sensor များမှာ သာ အမျိုးမျိုး ကွဲပြားနေသည်ကို တွေ့ နိုင် ပါတယ်။


အထက် မှာ လည်း ပြ ထားပြီး ဖြစ်တဲ့ အောက် မှာ ထပ်မံ ဖေါ်ပြ ထားတဲ့ Sensor ဇယား ကို ပြန်ကြည့် ပါရန်-


 APS-C မှာ Sensor Size တွေ ကင်မရာ တစ် မျိုးနဲ့ တစ်မျိုး ကွာတာတွေ့ နိုင်ပါမယ်။






 ထို့ ကြောင့် Full Frame ( 36mm x 24 mm) ကိန်းသေ  ကို အမျိုးမျိုး သော APS-C ကိန်းများဖြင့် စားပါက အမျိုးမျိုးသော Crop Factor များရ ပါမယ်။


စင်စစ် အားဖြင့် Crop Factor ဟာ Field of view သို့ မဟုတ်  Angle of view လို့ ဆိုရပါမယ်။

အောက် မှာ Crop Factor တွက်ချက်ခြင်း နှင့် ကင်မရာ အမျိုး အစား အလိုက် Crop Factor များကို ဖေါ် ပြထားပါ တယ်။



Crop Factor တွက်နည်း။


အထက်တွင် ဖေါ်ပြပြီးသကဲ့သို့ Crop Factor ဟာ Full Frame Sensor ရဲ့ ထောင့်ဖြတ်မျဉ်း ကို  APS-C Sensor ၏ထောင့် ဖြတ်မျဉ်းနှင့် အချိုးချခြင်း (စားခြင်း) မှ ထွက်ပေါ်လာတဲ့  ကိန်းသေ တစ်ခု ဖြစ်ပါတယ်။

 #  Full Frame (FX) 35mm Sensor Size = ( 36mm X 24mm) ၊
   FX Sensor ရဲ့ ထောင့်ဖြတ်မျဉ်း အရှည်  (Diagonal ) = 43.3mm



 #  APS-C DX Sensor ( 23.7mm X 15.8mm )၊
   DX ၏ ထောင့်ဖြတ်မျဉ်း အရှည်  ( Diagonal) = 28.4mm






FX’s Diagonal 43.3mm ÷ DX’s Diagonal 28.4mm = 1.5246 Nearest = 1.5။

အထက်ပါ တွက်နည်း ဟာ Full Frame ၏ထောင့် ဖြတ် မျဉ်း ကိုDX ၏ ထောင့်ဖြတ်မျ ဉ်း နှင့် စား ခြင်းဖြင့် Crop Factor 1.5 ရတဲ့ နည်းပါ။

 Full Frame နှင့် APS-C  Sensor နှစ်ခု တို့ရဲ့ အလျှား  ကို အလျှားခြင်း ၊ အနံကို အနံခြင်း စား ပါကလည်း ထိုအဖြေအတိုင်း ပင်ရပါတယ်။

 အောက်က ဇယား မှာ တွက် ထား တာကို ကြည့်ပါရန်။


FX Sensor
ထောင့်ဖြတ်မျဉ်း

Calculation
DX Sensor
ထောင့်ဖြတ်မျဉ်း

အဖြေ
(Crop Factor)
43.3mm
÷
28.4mm
=1.5246
(Nearest -1.5)





FX Sensor
၏ အလျှား

Calculation
DX Sensor
၏ အလျှား

အဖြေ
(Crop Factor)
36mm
÷
23.7mm
=1.5189
(Nearest -1.5)





FX Sensor
၏ အနံ

Calculation
DX Sensor
၏ အနံ

အဖြေ
(Crop Factor)
24mm
÷
15.8mm
=1.5189
(Nearest -1.5)





ဒါကြောင့်  Nikon ကင်မရာများ၏ Crop Factor များ ဟာ 1.5 x ဖြစ်ပါတယ်။


Nikon DX Format များရဲ့  Sensor Size ကွာခြားချက်ဟာ ဒဿမ ကိန်းမျှသာ ဖြစ်လို့  Crop Factor တွက်ချက်ရာတွင် လည်း အဖြေရဲ့ ကိန်းပြည့်ကို ထိခိုက်ခြင်း မရှိပါ။

 သို့ရာတွင် အခြားသောကင်မရာ များရဲ့ Sensor  Size များဟာ  Nikon ကင်မရာ Sensor အရွယ် အစား နှင့် ကွဲပြားမှု ရှိတဲ့ အတွက် Crop Factor များ ဟာ လည်း Nikon  ကင်မရာ များ မတူကြ ပါ။  ကင်မရာများ  တစ်ခု နှင့် လည်း  Sensor Size ခြင်း လည်း တစ်ခု နဲ့  တစ်ခု မတူ ကြပါ။

ကင်မရာ အမျိုး အစားအလိုက် Crop Factor များ အောက်ပါ အတိုင်း ဖြစ်ပါတယ် -
Canon - EOS 1D/1D MK II N Crop Factor = 1.3 x
Nikon - D40…./ D90/ D200/D 2X…. Crop Factor = 1.5 x
Minolta - 7D/ Fuji S3 Pro/ Pentax ist DS/ Crop Factor = 1.5 X
Canon - EOS 300D/ 400D/ 20D/ 30D Crop Factor = 1.6 X
Olympus - E400/E-500/ E-300/ E-1 Crop Factor = 2.0 X



APS-C ( DX) Lens ကို Full Frame (FX) ကင်မရာ မှာ တပ် ရိုက်တဲ့ အခါ -


အောက် ကပုံ ကတော့ FX Camera မှာ DX Lens တပ် ရိုက်ရင် FX Sensor ပေါ်မှာ ပေါ်လာမဲ့ နမူနာ ပုံပါ။






အထက်ပါ နမူနာပုံ ကို ကြည့်ပါက DX Lens ရဲ့ Light signal ဟာ FX Sensor ထက် ငယ် တဲ့ DX Sensor အတွက် လုပ်ထားတာ မို့ သူ ရောက်နိုင်တဲ့ ဧရိယာ ထက် ကြီး တဲ့  FX Sensor တစ်လုံး ရဲ့ နေရာ အားလုံးအပေါ် မရောက် နိုင်ပါဘူး။


အောက်က ပုံ ကတော့ ကျွန်တော် လက်တွေ့  စမ်း ရိုက် တဲ့ အခါ ထွက်လာတဲ့ ပုံပါ။
D4 (FX) ကင်မရာ မှာ Nikon 18-300 mm , f-3.5-5.6 G ED VRII ( DX) Lens ကိုတပ် ရိုက်ထားတာပါ။


နမူနာပုံ ကတော့ Vignetting Area ကို  သိသာ အောင် အတော် မှောင်မှောင် ပြထားပါတယ်။


တကယ် Test Shoot ရိုက်ကြည့်တော့ နမူနာ ပြထားသလောက် မ မှောင် တာကို တွေ့ရပါတယ်။ 






အထက် မှာ ပြော ခဲ့ သလို APS-C ( DX ) Lens က ပေးတဲ့ Image Signal ဟာ FX Sensor နေရာ အားလုံးအပေါ် မကျရောက် တဲ့ အတွက် FX Sensor အလယ် လောက်တွင် သာ Image ထင် ပြီး ဒေါင့် နေရာ တွေမှာမှောင် ( Vignetting ) နေပါ  လိမ့်မယ်။


ဒါကြောင့် Full Frame Sensor ရဲ့ အလယ် ကို လို လက်နှိပ် မီးနဲ့အလယ် ကို ကွက် ထိုး ထား သလို ဖြစ်နေ တာပါ။


အောက်ပါ ပုံ မှာ DX ကင်မရာ မှာ FX Lens တပ်ကာ ရိုက်တဲ့ ပုံ နဲ့ FX ကင်မရာ မှာ DX Lens တပ်ရိုက်တဲ့ ပုံ နှစ် မျိုးရဲ့ ( Field of View ) ကို   ကွဲပြားစွာ  မြင်နိုင်စေရန်  အတွက်  ယှဉ်ပြ ထားတဲ့နမူနာ  ပုံ ဖြစ်ပါတယ်။





ပုံ (A ) တွင် Full Frame Lens ရဲ့ Image Signal ဟာ APS-C  Sensor (25.1 mm×16.7 mm) ရဲ့ နေရာ  အားလုံး လွှမ်း ခြုံ သွား ရုံတင်မက  အပြင်ဘက်သို့ လျှံထွက် သွားတာ ကိုတွေ့ ရပါမယ်။



ပုံ (B) တွင် မူ APS-C Lens ရဲ့ Image Signal  ဟာ Full Frame Sensor ( 36mm X 24mm ) ရဲ့ နေရာ အားလုံးကို မရာက် နိုင်ဘဲ Sensor အလယ် နေရာ ကို လက်နှိပ်မီး နဲ့ ကွက်ထိုးထားသလို ဖြစ်နေတဲ့   အတွက် Sensor ဒေါင့် နေရာ တွေ မှော င် နေပါတယ်။







အထက် ပါ ပုံ မှာ -

(A)         FX Lens with FX Camera
(B)         FX Lens with DX Camera
(C)         DX Lens with FX Camera
(D)        DX Lens with DX Camera

စသည် တို့ အတွဲ အလိုက် ရိုက်ထားတဲ့ ပုံများကို နှိုင်းယှဉ် ပြ ထား ခြင်း ဖြစ်ပါတယ်။

အောက်ပါ နမူနာ ပုံ ကတော့  DX Lens က ၀င်လာတဲ့ Image Signal အလင်း တန်း Full Frame (FX) Sensor ပေါ် ကျတဲ့အခါမြင်ရမဲ့ အနေ အထား ပါ။








ဒီလို Full Frame Sensor ရဲ့ ဒေါင့်နေရာမှောင် နေတာ ကိုဖယ်ပြီး  ကင်မရာ Firmware ကနေ APS-C ( DX) Sensor Size  အပြာ ရောင် လေးထောင့် ကွက် အရွယ် အတိုင်း Crop လုပ် လိုက် တဲ့  အခါ မှာ  အမှောင် ( Vignetting ) ကင်းတဲ့ ပုံ ရလာပါမယ်။ ပုံ နည်းနည်း ပိုကြီးလာပါမယ်။




 Nikon Camera နဲ့ ဥပမာ ပေး ရှင်း ပြ ပါမယ်။


အချို့သော ရေးသားချက် တွေ မှာ ဒီလို တပ်ရိုက်ရင် လည်း Crop 1.5 x အတိုင်း Focal Length ရှည် လာ တယ် လို့ ရေးထား ချက် အချို့  ကိုတွေ့ ရပါတယ်။


ဥပမာ Nikon ကထုတ် တဲ့ Nikon Photography စာ အုပ်  မှာ လည်း အထက်က  ပြော တဲ့သဘော ဆန် ဆန် မျိုး ရေး တာ တွေ့ရပါတယ်။ အတိ အကျ ရေးထားတာ  တော့ မဟုတ်ပါ။


NiKon 18-200 mm f-3.4-5.6 GED VRII (DX ) Lens is essentially 27 mm-300 mm in terms of value for money.


NiKon 18-200 mm Lens ဟာ 27 mm- 300   မျိုး အတိုင်း  ဖြစ်လာလို့ ငွေကြေး အရ တွက်ခြေ ကိုက်တယ် လို့ ဆို ထား ပါတယ်။


 Nikon Crop Factor အရ FX ကင်မရာ မှာ တပ်ရိုက်ရင် ( 18 x 1.5 = 27 ) – ( 200 X 1.5 = 300 )  27 mm – 300 mm ဖြစ်လာမယ် လို့တည့်တည့်  မရေး ထားပါ။ သို့ သော် 27 mm-300 mm လောက်  သုံးနိုင်မဲ့ သဘော မျိုး ရေးထားတာ တွေ့ ရပါတယ်။








အချို့ ဆောင်းပါးတွေ မှာ တော့ APS-C ( DX) Lens ကို Full Frame (FX) ကင်မရာ မှာ တပ် ရိုက်တဲ့ အခါ Crop Factor 1.5X အရ Focal Length ရှည် တဲ့ ပုံ ရလာမယ် လို့ ရေးထားတာ တွေ့ ရပါတယ်။ ပြန်ရှာတာ မတွေ့ လို့ ပူးတွဲ မပြ နိုင်ပါ။


နမူနာ ပြ ထားတဲ့ ပုံတွေ မှာ တော့ APS-C ( DX) Lens ကို Full Frame (FX) ကင်မရာ မှာ တပ် ရိုက်တဲ့ အခါ Crop လုပ်လိုက်လို့ ထွက် လာတဲ့ ပုံဟာ Nikon Crop Factor 1.5 အချိုး အတိုင်း ကြီးလာ သလိုမျိုးဆန်ဆန်  တွေ့ ရပါတယ်။


Test Shoot မဟုတ်ဘဲ ပုံ ဆွဲ ပြတဲ့ သဘော  မျိုး မို့  ဒီလို အချိုး အစား မမှန်ခြင်း ဖြစ် နေတာ လို့ ထင်ပါတယ်။




လက်တွေ့Test Shoot  ရိုက်ကြည့် တဲ့ အခါ။


FX ကင်မရာ မှာ DX Lens တပ် ရိုက်ရင် ဘယ်လို ပုံတွေ ထွက် လာ မလဲ ဆိုတဲ့ ဆောင်းပါး ပေါင်း မြောက်များ စွာ  နဲ့ အမေး အဖြေ ( Forum ) များစွာ ရှာဖွေ  ဖတ်ရှု ခဲ့ပါတယ်။


နောက်ဆုံး မှာ Forum တစ်ခု ရဲ့ အမေး  မှာ  အကောင်း ဆုံး အ ဖြေတစ်ခု   ကိုတွေ့ ရပါတယ်-

“ Shoot yourself as a Test, it’s  the Best “

( ကိုယ်တိုင် စမ်း ရိုက်ကြည့် ပါ ၊ ဒါ အကောင်းဆုံးဘဲ ) တဲ့ ။

ဒီထက် ကောင်းတဲ့  အဖြေ မရှိတော့ ပါ။

ဘယ်သူတွေ ဘာပြော  ပြော ၊ ဘယ်လိုရေးရေး ၊ ဒီ ထက် တိကျ သောချာ တာ ဘာမှ မရှိနိုင်ပါ။

ဒါ နဲ့ ကျွန်တော် ကိုယ် တိုင် စမ်းရိုက်ကြည့် လိုက်ပါတယ်။

Camera to Subject အကွာ အဝေးတူ ၊ Focal Length အတူတူ နဲ့ Nikon 18-300 mm, f- 3.6 -5.6 G ED VRII (DX)  ကို Nikon D4 (FX) နဲ့ D 500 (DX) မှာ တပ် ကာ Test Shoot ရိုက်ကြည့်ပါတယ်။


သို့သော် လက်တွေ့ ရိုက်ကြည့် တဲ့ အခါ မှာFX ကင်မရာ ရဲ့ DX Crop Mode နဲ့ Crop လုပ်ထားတဲ့ ပုံ ဟာ Focal Length 1.5X လောက်ကြီးမလာ ဘဲ မတိမ်း မယိမ်း  အရွယ်လောက် သာရှိတာကို  တွေ့ ရပါတယ် ။


ဒါပေမဲ့ D 800E လို ကင်မရာ များ ရဲ့ Image Size အသေး အမျိုးမျိုး Crop လုပ်တဲ့ Mode များ အနက် DX ထက် သေးတဲ့ Size နဲ့ Crop လုပ် လိုက်ရင် တော့ ပုံ ပို  ကြီးလာ နိုင်ပါတယ်။ Crop Size သေးလေ ပုံ ကြီးလေပါဘဲ။


အမှန်အားဖြင့် FX Lens ကို DX Camera မှာ တပ် ရိုက်သကဲ့ သို့ Crop Factor အရ  Focal Length ပိုရှည် လာတဲ့ ပုံ လို တိတိ ကျကျ  Field of View မရ တာတွေ့ ရပါတယ်။


အောက် က ပုံ ကတော့ D4 Sensor ပေါ်မှာ DX Crop မလုပ်မှီ ပေါ် နေတဲ့ ပုံ ဖြစ်ပါတယ်။


DX Crop Mode ကို သုံးလိုက်ရင် အဖြူရောင် လေးထောင့် ကွက် ဧရိယာ ကို Crop လုပ် ပါ လိမ့် မယ်။







အောက် က ပုံ နှစ်ပုံ တွဲ ကတော့ Nikon 18-300 mm, f- 3.6 -5.6 G ED VRII (DX) Lens  ကို Nikon D4 (FX) နဲ့ D 500 (DX) မှာ တပ် ကာ ရိုက်ထားတဲ့ ပုံ နှစ်ပုံ ကို ယှဉ် ပြ ထားတဲ့ ပုံပါ။







ပုံ ( A) ဟာ D4 ( FX) ကင်မရာ ကို 18-300 mm  (DX) Lens တပ် ရိုက်ပြီး DX Crop Mode နဲ့ Crop လုပ်ထားတဲ့ ပုံ ဖြစ်ပါတယ်။

ပုံ (B) ဟာ D 500 (DX) ကင်မရာ ကို 18-300 mm  (DX) Lens တပ်ရိုက်တားတဲ့ ပုံပါ။

ပုံ နှစ်ပုံ စလုံးကို Camera to Subject distance ဖြစ်တဲ့ 10 meter ကနေ  Focal Length (300) နဲ့ အတူတူ နဲ့ ရိုက်ထားတာပါ။

နှစ်ပုံ စလုံး ရဲ့ Field of View မကွာ လှ တာ ကို တွေ့ရပါတယ်။

အချို့ FX ကင်မရာ များ အနေနဲ့ DX Lens တပ် လိုက် ထည်းကအမှောင် နေရာတွေ ကို ဖယ်ထုတ် လိုက်တဲ့  Auto DX Crop လုပ်ပေး တယ် လို့ သိရပါတယ်။

 DX Lens တပ်လိုက်တာနဲ့ ကင်မရာ က Vignitting တွေမပါ အောင် DX အရွယ် ကို Crop လုပ်တဲ့ Mode နဲ့ ပြောင်း လိုက်တယ် လို့ ဆိုပါတယ်။


 D4 ကဲ့သို့ ကင်မရာ များ အနေနဲ့ မူ DX Area Mode ကို ရွေး  ပေးမှ သာ Vigneting မပါ တဲ့ ပုံ ထွက်လာပါတယ်။


DX Crop ပုံဟာ  ကွန်ပြူတာ မှာ ပုံ တစ်ပုံ ကို Crop လုပ် လိုက်သလို ဖြစ်တဲ့ အတွက် FX Sensor မှာ ရှိတဲ့ Pixels အပြည့် မရဘဲ လျှော့ သွားပါတယ်။ ပုံ အရည် အသွေး ကျ သွားပါတယ်။


D4 ဟာ 16.2 MP ရှိတဲ့ ကင်မရာ ဖြစ်ပါတယ်။


DX Lens နဲ့ ရိုက်လို့ Crop လိုက်ရတဲ့ အတွက် ထွက်လာတဲ့ ပုံ ဟာ 8 MP နီးပါး လောက် သာ ကျန်ပါတော့တယ်။


အောက် က ပုံ တွေဟာ Nikon D4  (FX) ကို DX Lens ဖြစ်တဲ့ Nikon AF S 18 -300 mm G ED VRII တပ်ပြီးစမ်း ရိုက်ကြည့်ကာ ဒီ Lens ကိုဘဲ D 500 (DX) နဲ့ စမ်း ရိုက်ထားတဲ့ ပုံ တွေ ကို ယှဉ်ပြ ထားတဲ့ ပုံ တွေပါ။




D4 (FX) Camera with 18-300 mm (DX) Lens, ( DX crop) မလုပ် မှီ ထွက် လာတဲ့ ပုံ။





D4 (FX) Camera with 18-300 mm (DX) Lens, ( DX Crop) လုပ် ထားတဲ့ ပုံ။



အောက်မှာ ပြ ထားတဲ့ ပုံ နှစ်ပုံ ဟာ D4 (FX) Camera with 18-300 mm (DX) Lens, ရိုက် ထားတဲ့ DX Crop ပုံ နှင့် D 500 (DX ) with 18-300 mm (DX) Lens ရိုက်ထားတဲ့ ပုံ နှစ်ခု ရဲ့ Field of View နှိုင်းယှဉ် ထားတဲ့  ပုံ ဖြစ်ပါတယ်။  



D4 ရဲ့ DX Crop ပုံ နဲ့ D500 နဲ့ ရိုက်ထားတဲ့ ပုံ နှစ်ပုံ ရဲ့  Field of View ဟာ ဘာမှ မကွာသလောက်တွေ့ရပါတယ်။








အထက်ပါ ပုံ နှစ်ပုံ စလုံး ကို ကြည့်ပါက FX Lens ကို DX Camera မှာ တပ် ရိုက် သလို  Crop Factor 1.5 အချိုး အရ ကြီး မလာ တာ ကိုတွေ့ ရပါတယ်။


D4 ရဲ့ DX Crop ပုံ နဲ့ D500 နဲ့ ရိုက်ထားတဲ့ ပုံ နှစ်ပုံ ရဲ့  Field of View ဟာ ဘာမှ မကွာသလောက် ဘဲ ရှိနေတာ ကို တွေ့ ရပါတယ်။


သို့သော်  FX Sensor ပေါ်မှာ Crop လုပ် လိုက်တဲ့ အတွက် Picture အရည်အသွေးဟာ ကျသွားပါတယ်။

D4 ဟာ 16.2 MP ရှိစေကာ မူ ရိုက်တဲ့ အလင်း အနေအထားပေါ်မူတည် ပြီး အလျှော့  အတင်းရှိပါတယ်။

အခု စမ်းရိုက်တဲ့ DX Crop မလုပ်မှီ FX Semsor ပေါ်မှာ ထင်တဲ့ ပုံ ဟာ -

D4- Non Crop – FX ( 4928 x 3280 = 9.95 MB ) =14.2 MP
ဖြစ်ပါတယ်။

DX Crop လုပ် လိုက်တဲ့ ပုံ ဟာ -

D4 Crop – DX ( 3200 x 2128 = 4.89 MB (DX) = 6.72 MP.

လက်တွေ့ ရိုက် ကြည့် တော့ FX နဲ့ DX Sensor Size အချိုးဟာ 2.5 လောက် ရှိပါတယ်။

FX ပုံ နဲ့ DX Crop လုပ် လိုက်တဲ့ ပုံ တို့ ရဲ့  Mega Pixel အချိုး ဟာ လည်း 2.1 လောက် လျှော့ သွားတာ တွေ့ ရပါတယ်။

အောက် ပုံ က ဆောင်းပါး တွေ ထဲ က နမူနာ ပြ ထားတဲ့ ပုံ ပါ။

Full Frame Sensor နဲ့ APS-C Sensor မှာ Field of View ပြောင်းကွားတာနဲ့ Picture Quality ကျ သွားတာကို ပြ ထားတာပါ။





Full Frame Sensor အပြည့် မှာ ပေါ်တဲ့ ပုံက - 7360 x 4912 Pixels ဖြစ်ပြီး ( 36.14)
DX Crop လုပ် လိုက်တဲ့ အချိန် မှ           - 4928 x 3264 Pixels ဖြစ်ပါတယ်။( 16.1 )
Picture Quality   2.24 လောက် ကျ သွားတာ တွေ့ရပါတယ်။



FX ကင်မရာ မှာ FX Lens နဲ့ ရိုက်စေကာမူ ပုံ ကို ကြီးကြီး လိုခြင်ရင် DX Crop Mode သုံး လို့ ရပါတယ်။ သို့သော် Full Frame Sensor ကို Crop လုပ် လိုက်ရတဲ့ အတွက် Picture Quality ကျသွားပါတယ်။


FX ( Full Frame ) Camera မှာ DX ( APS-C ) Lens တပ် ရိုက်ရင် DX Crop နဲ့ ထွက် လာတဲ့ ပုံ လိုပါဘဲ။ ပုံ ကြီးလာပါမယ် သို့ သော် ပုံ အရည် အသွေး ထက်ဝက် လောက် ကျသွား တာတွေ့ ရပါတယ်။


Full Frame ( FX ) Lens ကို APS-C (DX) Camera မျာ တပ်ရိုက်ရင်တော့ Sensor သေးလေ Field of View ကြီးလာလေ ဖြစ်ပါတယ်။ Sensor သေးလေ ပုံ ပိုကြီးလေ ဖြစ်ပါတယ်။

သို့သော် Image Signal က APS-C Sensor နေရာ အားလုံးကို လွှမ်း ခြုံ ထားလို့ Pixels မလျှော့ တဲ့ အတွက် Picture Quality ကျ မသွားပါ။

ဒါကြောင့် အချို့ Bird Photographer တွေဟာ ခြေ နိုင် လက်နိုင် 400 mm Lens လောက်ကို APS- C Sensor ( 23.7mm X 15.8mm )၊ ထက် ငယ်တဲ့ Micro Four-Third (17.3 x 13mm ) Olympus  လို ကင်မရာ မျိုးနဲ့ ရိုက်ကြပါတယ်။

ဥပမာ  အား ဖြင့် Sensor size APS-C ထက် သေးတဲ့ Olympus OM-DE M1 Mark II Mirror Micro Four-Third Camera ကို Full Frame 400 mm Lens တပ်ရိုက်ပါက Field of View 840 mm လောက် ရလာပါမယ်။



FX Lens က 400 mm ဖြစ်စေကာမူ Micro Four-Third Camera ရဲ့ Sensor သေးသွားတဲ့ အတွက် Crop Factor က (36/ 17.3 = 2.081 ≈ 2.1 ) လောက် ဖြစ်လို့ Field of View ဟာ ( 400 x 2.1 = 840 ) Focal Length 840 mm လောက် မြင်ရတဲ့ အနေအထားရလာ ပါတယ်။

သို့ သော် Micro Four-Third Sensor ဧရိယာ အပြည့် ပုံ ထင်တဲ့ အတွက် Pixel ဆုံးရှုံး မှု မရှိပါ။ ပုံ ရဲ့ Quality ကျ မသွားပါ။

ပုံရဲ့ Field of View ဟာ 840 mm လောက် ရှိလာစေကာမူ ပုံ ရဲ့ Pixel ပမာဏ ဟာ Micro Four-Third Camera Sensor ရဲ့ မူလ ရှိရင်းစွဲ 20.5 MP ဘဲ ရှိနေပါမယ်။ ပုံ အရည် အသွေး ကျ သွား ခြင်း မရှိပါ။


Sensor Size အမျိုးမျိုး ရှိတဲ့ ကင်မရာ အမျိုးမျိုး ကို Lens အမျိုးမျိုး တပ်ကာ လိုသလို သုံး နိုင်ရန် အတွက် မျှဝေခြင်း ဖြစ်ပါတယ်။

Entry Level ဓါတ်ပုံ လေ့ လာသူ များအတွက် ရည်ရွယ် မျှဝေခြင်းဖြစ်ပါတယ်။ သဘာရင့် ၀ါရင့် ဓါတ်ပုံ ဆရာ များအနေနဲ့ လို တိုး ပိုလျှော့ သဘော မျိုး နဲ့ ဖတ်ရှု ပေးပါရန် မေတ္တာ ရပ် လိုပါတယ်။

-----------------------------------------------