Sunday 6 October 2019

How, Camera Focus works ( Unicode Version )



103 ( Uni ) –  How, Camera Focus works                     ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၁၀၃)




“  ကင်မရာ တွေ Focus ဘယ် လို ဖြတ်သလဲ

( Unicode Version )





စကားဦး



ကင်မရာ တေ Focus ဘယ်လို ဖြတ်သလဲ၊ ဘယ်လို မြန်နိင်သမျှ မြန် အောင် ဖြတ်နိုင်သလဲ ကင်မရာ တစ်လုံး Focus မြန်မြန် နဲ့ တိတိ ကျကျ ဖြတ်နိင် အောင် ဘယ် အရာ က ဘယ်လို စနစ် မျိုးတေ နဲ့ ဆောင်ရ ွက် ကြသလဲ စသည် တို့ ကျွန်တော် သိလို သဖြင့် လက်လှမ်း မှီ လောက် လေ့ လာ ခဲ့ပါတယ်။



အထူးသဖြင့် Bird in Flight ကြောင်းရေးစဉ် က DSLR ကင်မရာ Focus ဖြတ်ရာ မှာ Phase Detection  နဲ့  Contrast Detection နှစ်မျိုး ရှိတဲ့ ကြောင်း ကို အကျဉ်း ဘော လောက်သာ ရေး ခဲ့ ပါတယ်။



အမှန်ပြော ရရင် သေးစိတ် ဘော ပေါက်လှပါ။ ဒါကြောင့် Contrast Detection နဲ့ Phase Detection   တို့ ကြောင်း ကို သိလို တဲ့ အတ ွက် ဆက် လေ့ လာ ခဲ့ ရပါတယ်။ သိပ် တော့ မလ ွယ် လှပါ။



ငှက် ဓါတ်ပုံ ရိုက် ွက်တဲ့ အချိန် တွေမှာ ဓါတ်ပုံ ရိုက်ဘက် မိတ် ဆွေများ ဖြစ်ကြ တဲ့ Danny Khoo နဲ့  Garrel တို့ လို ကင်မရာ နဲ့ Lens ဆိုင်ရာ တေ ွမှာ ကင်မရာ အင်္ဂျင်နီယာ တစ်ဦးလို နားလည် သူ တွေနဲ့ ကိုယ် မသိတာ မရှင်းတာ၊ သေခြာ တာ တွေနဲ့ သိလိုတာတေ ွကို မေးမြန်း  ဆွေးနွေးရပါတယ်။



ဒီလို နှိက်နှိက် ချွတ်ချွတ် ရှာဖေ လေ့ လာ တဲ့  အတွက် အခု ရော သိပြီ လားလို့ မေးရင်အခု ထိ  ယောင်လည်လည် ပါဘဲ။



ဒါပေမဲ့  ဒီ ..သိသ လောက် က လေး ကို ဘဲ ကိုယ်လို သိ လိုတဲ့ သူ များ ရှိပါက လည်း ကိုယ့် လို အခက် အခဲ မရှိဘဲ သိနိုင်စေရန် ပြန် လည် မျှေ၀ လိုက်ခြင်း ဖြစ်ပါတယ်။



နမူနာ ပုံ တွေ ကို လေ့လာဖတ်ရှု တဲ့ ဆောင်းပါးများ Video များမှ ထုတ်နှုတ်ကာ ဖြည့် စွက်ရန် လိုသည် များကို ဖြည့် စွက် ပုံ ဖြည့် ဆွဲ ဘို့ လိုနေရာ မှာ ဖြည့်ဆွဲ စသည် တို့ ဆောင် ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။











ကင်မရာ တစ်လုံး Focus ဖမ်း တဲ့ Point များ။






ဓါတ်ပုံ တစ်ပုံ ရိုက် ရင် ကျန်တာ တေ ခန ထား ပထမ ရေး အကြီးဆုံးက ကြည်လင် ပြတ်သား  ဘို့ ပါဘဲ



ဒါကြောင့် ကင်မရာ တစ်လုံးကို ကြော် ငြာ ရင် ဘယ် လို Focus Point မျိုးတေ ဘယ်လောက် ပါတယ် ဆိုတာ အမြဲ ထည့် ကြော်ငြာ လေ့ ရှိပါတယ်။



အောက်ပါ နမူနာ ပုံက Nikon D 800 ရဲ့ Focus Point တေ ကို ပြ ထားတဲ့ ပုံ ပါ။








အလယ် မှာ Cross sensor focus Point တေ ရှိပြီး ဘေး နှစ်ဘက် မှာ DSLR ရဲ့ Typical Focus point  တေ ွဖြစ်တဲ့ Vertical sensor Focus Point  ကို တေ ွ့ ရပါတယ်။




အောက် က ပုံ ကတော့ Canon EOS 80 D ရဲ့ Focus Point တေ ကိုပြ ထားတဲ့ နမူနာပုံ ဖြစ်ပါတယ်။








အထက် ပါ ပုံ တေ ကို ကြည့် ရင် Focus Point တေ မှာ -



-     --      Vertical Focus point ( ဒေါင်လိုက်)

-       =      Horizontal Focus Point ( အလျှားလိုက်)

-       -      Cross type Focus Point ( ကြက်ခြေ ခတ်)

-       -    Dual Cross-type Focus point  ( ကြက်ခြေ ခတ် နှစ်ထပ် ) ဆိုတာ တေ ကို တေ ွ့ နိုင် ပါတယ်။ (Dual Cross-type Focus point   ဟာလည်း Cross type sensor အမျိုး ထဲ မှာ ပါ ပါတယ် )



အထက်ပါ Focus Point  ခုကို နမူနာ ဘော အရ ပြ ရင် အောက်ပါ အတိုင်း  မြင်သာ  အောက်ပုံအတိုင်း ပြရ ပါ မယ်။









အမှန် တကယ် တော့မြင်သာ အောင် Focus Sensor တေ ရဲ့ လုပ်ဆောင်ချက်  တေ   အလိုက် ဒေါင်လိုက် အလျှားလိုက် ဆွဲ ပြ ပေမဲ့ လက်တေ ွ့ လုပ်ဆောင် ရာ မှာ တော့  Focusing Sensor ပေါ်က Pixel တေ က Electronic Physics ဘော အရ လုပ်ဆောင် ခြင်းသာ ဖြစ်ပါတယ်။ Sensor တေ ရဲ့ ပုံ ဟာ ပြထား တဲ့ ပုံ အတိုင်း မဟုတ်ကြပါ။







Vertical Focus point and Horizontal Focus Point.





Lens ကဝင်လာတဲ့ Light ဟာ Mirror နှစ်ခုကို ဖြတ်ပြီး Camera Body အောက် မှာ ရှိတဲ့ Autofocus Sensor ကို အသ ွားမှာ Autofocus Sensor ရောက်မီ Micro Lens နှစ်ခု ကို ဖြတ် ရပါတယ်။ ဒီလို ဖြတ် တဲ့ အချိန် မှာ  Image ကို အောက် ပါ ပုံ မှာ  ပြ ထားတဲ့  (A ) and ( B )  လို Split လုပ်ကာ နှစ်ခု ခွဲ လိုက်ပါတယ်။















ဒီလို Split လုပ် လိုက် ရာ မှာ  horizontally-oriented line sensor ဖြစ်ပါ က
 အောက် က  နမူ နာပုံ လို  အလျှားလိုက် ( Horizontal Split ) ဘေးတိုက်  ခွဲ ထုတ် လိုက်ပါမယ်။








ဒီ Horizontally line sensor ဟာ ဒေါင်လိုက်အရာ များ ဖြစ်တဲ့ အလံ တိုင် လို တံကား ဘောင် လို ဒေါင်လိုက် ( Vertical Line ) လိုင်း များကို Detect လုပ်ပြီး Focus ဖြတ် ပါ  လိမ့်မယ်။


ပြောင်းပြန် ဘောအရ Vertically-oriented line sensor ဟာ ဝင်လာတဲ့ Image ကို အောက် မှာ နမူနာပြ ထားသ လို ဒေါင် လိုက် - အထက်အောက်  ခွဲ ထုတ် လိုက်ပါ မယ်။



Vertical Focus detection ကို ခြေခံ ကျတဲ့ Typical Focusing စနစ် လို့ ဆိုကြပါ တယ်။







Vertically line sensor ဟာ အလျှားလိုက် အရာ များဖြစ်တဲ့ ရေပြင် လှေ Horizon ( မိုးကုတ် စက်ဝိုင်း လို အလျှားလိုက်( Horizontal Line )   တေ ကို Detect လုပ်ပြီး Focus ဖြတ်ပါ  လိမ့် မယ်။


ကြောင်းက Vertical လိုင်း အတိုင်း Split area က နေ အထက် ကို တက်သ ွားရင် ကွဲ နေတဲ့ ပုံ ရိပ် နှစ်ခု ရဲ့ အက ွာ ဝေး ကို ွက်ဆ လို့ မရ တဲ့ အတ ွက်  ဘယ်လောက် ပြန်ညှိ ရမယ် ဆိုတာ Sensor က မသိ လို့ Focus ဖမ်း လို့ မရ ခြင်း ဖြစ်ပါတယ်။



အောက် ပါ နမူ နာ ပုံ မှာ Vertical Oriented Sensor က Image ကို အထက် အောက် ဒေါင်လိုက်  Line- (A ) and Line  ( B ) အဖြစ် ခွဲ ထားတာ ဖြစ်ပါတယ်။









Vertical Sensor က ဒေါင် လိုက် Line –C  အတိုင်း အထက် ကို အထက်ပုံ မှာ ပြ ထားတဲ့ မျှား အတိုင်း တက်ပြီး Detect လုပ်တဲ့အချိန် မှာ Vertical Line တစ်ခု ထည်းသာ Detect လုပ် နိုင်ပြီး လိုင်း နှစ်ခု  ဘယ်လောက် က ွာနေတယ် ဆိုတာ ပြောက် ွားတဲ့ အတ ွက် Focus ညှိ လို့ မရ တော့ပါ။







Horizontal Oriented Sensor လည်း ဒီသ ဘော အတိုင်း ပါဘဲ ဘေး တိုက် ရေ ွ့ Detection လုပ် ရာ မှာ Split Image ( Line ) ပြောက်သ ွားလို့ အက ွာ ဝေး ခန့် မှန်းနိုင်ခြင်းမရှိ တဲ့ အတ ွက်  Focus ညှို လို့ မရပါ။



ဒါကြောင့် Vertical Line Sensor ဟာ ဒေါင်လိုက် ( Vertical ) Focus ဖြတ်နိုင် ခြင်း မရှိဘဲ အလျှားလိုက်  ( Horizontal Line ) ကိုသာ Focus ဖြတ်နိုင်ပြီး Horizontal Line Sensor ဟာ လည်း  အလျှားလိုက်  ( Horizontal Line ) ကို Focus မဖြတ်နိုင်ဘဲ ဒေါင်လိုက် ( Vertical Line) ကိုသာ Focus ဖြတ် နိုင်ခြင်း ဖြစ်ပါတယ်။



ဒီလို ကွဲ နေတဲ့ ပုံ ရိပ်တေ   ကိုအောက်မှာ   ပြ ထားသလို တစ်ထပ် ထည်း ကျ အောင် ပြန် ထပ် လိုက်တဲ့ အခါ Focus မိတယ် လို့ ဆိုပါတယ်။







ဒီနေရာ မှာ ဘော အရသာ အလျှားလိုက် ဒေါင်လိုက် ပြော နစေကာ မူ " Vertical line sensor "  နဲ့ " Horizontally-sensitive line sensor " တို့ ဟာ အတူတူ ပင် ဖြစ်ပါတယ်။ Orientation ကို လိုက်တာ Vertical သည် Horizontal ဖြစ် ွားသလို Horizontal သည်လည်း Vertical ဖြစ်သ ွားပါတယ်။



အောက် နမူ နာပုံ မှာ Canon 5D MK III ရဲ့ Cross type Point မဟုတ်တဲ့ Vertical Line Sensor Point နဲ့  ဒေါင် လိုက် လိုင်း  ကို Focus ဖြတ် ရာ မှာ Focus မဖြတ် နိုင် တာကို ပြ ထား ခြင်း ဖြစ်ပါတယ်။



Line Sensor ( Vertical and Horizontal ) တို့ ရဲ့ ဘော သဘာ၀ ကို သိနိုင်စေရန် တမင် Cross type sensor point များကို ရှောင်ကာ Line sensor point များနဲ့ ရိုက်ပြ ထားခြင်း ဖြစ်ပါတယ်။






ကင်မရာအတည့် ရိုက်ခြင်း။




ဒီ ကင်မရာ ကို ဘဲ ဒေါင်လိုက် လှည့် လိုက် တဲ့ အခါ ယခင် က Vertical Line Sensor ဟာ Horizontal Line Sensor အဖြစ် ပြောင်းသ ွား ပါတယ်။



ဒီအခါ မှာ Horizontal Line Sensor Point ဖြစ် ပြောင်းလာတဲ့ Sensor Point ဟာ အရင် Vertical Line sensor Point ဖြစ်စဉ် က Focus ဖြတ်နိုင် တဲ့ Vertical Line ကို Focus ဖြတ်ပါတယ်။ အောက် ပါ ပုံ ကို ကြည့်ပါရန်။







ကင်မရာ ကို ၉၀ ဒီကရီ လှည့် ကာ ထောင် ရိုက်ခြင်း။



ဒီလို ဖြစ်နေတဲ့ ပြသနာ ကို ရှင်းဘို့ ရန် ဒေါင်လိုက်ရော အလျှားလိုက်ပါ တစ်ကြိမ်  ထည်း မှာ Focus ဖြတ် နိုင်ရန် အတ ွက် Cross type Sensor ကို တည်ထ ွင် လာကြပါတယ်။




မြင်သာ တဲ့ ပုံ နဲ့ ပြရပါက -




အဆိုပါ Sensor များကို Line Sensor Focus Point  ဟာ စင်စစ် အားဖြင့် လိုင်း တစ်လိုင်း ( Signal Line ) ထည်း မဟုတ်ဘဲ  အောက်မှာ နမူ နာ ပြ ထားတဲ့ Typical Vertical Line Sensor   ပုံ ကဲ့ သို့ မျဉ်းပြိုင်နှစ်လိုင်း ( Two parallel lines ) များ ဖြစ်ကြပါတယ်။








အဆိုပါ ဒေါင်လိုက် အပြိုင် နှစ်ခု အနက် တစ်ခု ကို အောက်ပုံမှာ ပြ ထားသလို အလျှား  လိုက် ( Horizontal) လှည့် လိုက်ပါတယ်။









ပြီးလျှင် အောက် မှာ ပြ ထားသလို အလျှား လိုက် လိုင်းနဲ့ ဒေါင်လိုက် လိုင်းနှစ်ခု ကို ပေါင်းလိုက် တဲ့ အခါ ကြက်ခြေ ခတ် ( Cross) ဖြစ်လာပါတယ်။





ဒီ Cross ဖြစ်နေတဲ့ Sensor Point ဟာ အလျှားလိုက်ရော ဒေါင်လိုက် ( Vertical and Horizontal )  Line နှစ်ခု စလုံး ကို  Focus ဖမ်းနိုင်ပါတယ်။



ဒါ ကို Cross type focus point လို့ ခေါ်ပါတယ်။



နောက် တိုးတက် ဆောင်ရ ွက် ချက် တစ်ခု က တော့ ဒီလို Cross နှစ်ခု အနက် တစ်ခု ကို ၄၅ ဒီကရီ စောင်း ကာ ပြန် ထပ် ခြင်းပါဘဲ။ အောက် ပါ ပုံ များကို ကြည့် က ပိုရှင်းပါမယ်။












အထက် ပါ Cross type   (A ) and (B )ရှိတဲ့ အနက် ( B ) ကို အောက် မှာ ပြ ထားသလို ၄၅ ဒီဂရီ လှည့် လိုက်ပါတယ်။








ယင်းနောက် အဆိုပါ (A ) နဲ့( B ) ကိုပြန် ထပ် လိုက်တဲ့ အခါ အောက်မှာ ပြ ထားသလို ခရေ ွင့် ပုံ စံ ဖြစ်လာပါတယ် အလျှားလိုက် ဒေါင်လိုက် ကန့် လန့် ဖြတ် နေရာ အားလုံး Focus ဖြတ်နိုင်ပါတယ်။







ဒါကို Dual Cross type focusing sensor လို့ ခေါ် ပါတယ်။ လက်ရှိကာလ အထိ Focus ဖြတ်ရာ မှာ အတိကျ ဆုံး Focus Sensor ဖြစ်ပါတယ်။ နေရာ အမျိုးမျိုး ပြောင်းလဲ လှုပ် ရှားတဲ့ လှုပ်ရှားမှု တေ ကို ကောင်း ွာ ဖမ်းနိုင်တဲ့ Focus sensor ဖြစ်ပါတယ်။



ကင်မရာ အမျိုး မျိုး တို့ ရဲ့ Focus Point အမျိုးမျိုး


အောက် မှာ ကင်မရာ များတ ွင် လက်တေ ွ့ မြင်ရ နိုင်တဲ့ Focus Point တေ ကို နမူ နာ ပြ ထားပါတယ်။



အောက်ပါ ပုံ က Canon EOS 5D MK IV မှာ တေ ွ့ ရမယ့် Cross Type နဲ့ Dual Cross type တို့ ရဲ့ Focusing Sensor များ ဖြစ်ပါတယ်။









အလယ် မှာ Focusing အားကောင်းတဲ့ Dual Cross type focusing sensor များစ ွာ ရှိနေတာ တေ ွ့ နိုင် ပါတယ်။



ဒီ Sensor တေ က Light Signal များများ လုံလောက်စွာရမှ Active ဖြစ်လို့ ယင်းတို့ Active ဖြစ်နိုင်တဲ့  Aperture No. များနဲ့ တွဲ ဖေါ် ပြ ထား ခြင်း ဖြစ်ပါတယ်။





အောက်ပုံက  Canon EOS 80 D ရဲ့ Cross Type နဲ့ Dual Cross type တို့ ရဲ့ Focusing Sensor များ ဖြစ်ပါတယ်။ အလယ် မှာ Dual Cross type  Sensor တစ်ခု ပါတာ တေ ွ့ရပါတယ်။













 ဒီ Dual Cross type focusing sensor Active ဖြစ်ဘို့အတ ွက် Aperture ကို ဘယ် လောက် ွင့် ပေးဘို့ လို တယ် ဆိုတာ ကိုပါ ဖေါ်ပြ ထားပါတယ်။


အောက်မှာ ပြ ထားတဲ့ Canon 5D MKII  ရဲ့ Focus Point တေ ွကိုကြည့် ရင် 61 active focusing Point ရှိပါတယ်။ အလယ် မှာ Dual Cross type focusing sensor များစ ွာ ကို တေ ွ့ ရပါတယ်။







အောက် ပါပုံ က Nikon D 7000 ရဲ့ Focus Point တေ ဖြစ်ပါတယ်။




V = Vertical focus point

H = Horizontal Focus Point

X = Cross focus point





အောက် ပုံ မှာ Nikon D 850 ရဲ့ Focus Points ပုံ စံ ဖြစ်ပါတယ်။





အောက်ပုံက Nikon D 5 ရဲ့ Focus Points ပုံစံ ဖြစ်ပါတယ်။






Total Focus Point = 153


Cross type Point    = 99




  အောက်ပုံ မှာ Nikon DX ( APS-C)  Flagship ကင်မရာ ဖြစ်တဲ့ D500 ရဲ့ Focus Point များ ဖြစ်ပါတယ်။ Focus point 153 အနက် Cross type sensor  99 ခု ပါ တာ တေ ွ့ ရပါတယ်။







Nikon  D 500, D 850, D 5 တို့ ရဲ့ Focus point တွေ တူ နေတာ တေ ွ့ ရပါတယ်။






အောက် ပုံ မှာ Canon APS-C Flagship ကင်မရာ ဖြစ်တဲ့ 7D MK II ရဲ့ Focus point များ ကိုပြ ထားတဲ့ ပုံ ဖြစ်ပါတယ်။







65 focus point ရှိတဲ့ အနက် အားလုံး ဟာ Cross Type များဖြစ်ပါတယ်။ အလယ် မှာ Dual Cross type Sensor တစ် ခု ပါ တာ တေ ွ့ရပါတယ်။ သို့ သော် f/2.8 နဲ့ အထက် Aperture ကို ွင့် နိုင်မှ ဒီ Active Dual Cross type Sensor ဖြစ် ပါမယ်။





ဒါကြောင့် ကင်မရာ တစ်လုံး မှာ Typical Focus Point တေ ဘယ်လောက် ပါတယ် ဆိုတာ ထက် Cross Focus Point နဲ့ Dual Cross point လို Dimension အမျိုးမျိုး ကို  Focus ဖြတ်နိုင်တဲ့ Sensor point ဘယ်လောက် ပါတယ် ဆိုတာ က ပို  ရေးကြီးတယ် လို့ ဆိုရပါမယ်။





Autofocus Systems of the DSLRs.





DSLR တစ်လုံး Image တစ်ခု ကို  Autofocus နဲ့ ဖမ်းရာ မှာ အဓိက အားဖြင့် -



-                                     -                Phase Detection

-                                    -                Contrast Detection



                      ဆိုတဲ့ စနစ် နှစ်မျိုး နဲ့ ဖမ်းပါတယ်။



Phase Detection.



ဒီ Autofocus စနစ်က DSLR ကင်မရာ ရဲ့ အဓိက Focus ဖမ်း တဲ့ စနစ် လို့ ဆိုရပါမယ်။

ကင်မရာ က Infrared ကို ထုတ်လွှတ်ကာ Distance ကို ခြေပြု  Focus လုပ်တဲ့ စနစ် ဖြစ်ပါတယ်။ Active AF System လို့ လည်း ခေါ်ကြပါတယ်။





PD Autofocus ဖမ်းတဲ့ Sensor အပါ အဝင် ကရိယာ အားလုံး ဟာ ကင်မရာ အောက် မှာ ထိုင် ထားပါတယ်။






အနီရောင် မျှား က  Lens က ဝင်လာတဲ့ အလင်း ( Light Signal ) ပါ။ ကင်မရာ ထဲ က Main Mirror ကို ရောက်တဲ့ အခါ အလင်း အများ စု ဟာ ၄၅ ဒီကရီ စောင်းနေတဲ့ မှန် ချပ် က နေ  အထက် ကို ရောင်ပြန် ဟပ်ပြီး Prism က တဆင့် Viewfinder ထံ ရောက် ွားပါတယ်။





အချို့ အလင်း က တော့  Main Mirror အလယ် မှာ  ရှိတဲ့ အလင်း တစ်ဝက် ပေါက် (  Translucent ) နေရာ က နေ ၅၄ ဒီကရီစောင်းနေတဲ့ Secondary Mirror က တစ် ဆင့် Reflect လုပ်ကာ AF Sensor ကို ွားပါတယ်။



သေးစိတ် ကို အောက် က Diagram ကို ကြည့် လျှင် ပိုရှင်း ပါမယ်။







Lens က ဝင်လာတဲ့ Light Signal ဟာ Main Morror (A) ကို ထိတဲ့ အခါ ၄၅ ဒီကရီစောင်းနေတဲ့ မှန်ချပ် က နေ ( အနီရောင် မျှား အတိုင်း) အထက်မှာ ရှိတဲ့ Prism ကို ရောက် ွားပြီး အဲဒီက နေ Viewfinder ဆီရောက်ပါ တယ်။



အလင်း အနည်းငယ် က မှန် ချပ် အလယ် မှာ ရှိတဲ့ အလင်း တစ်ဝက်ပေါက် နေရာ က နေ ( အဖြူရောင် မျှား အတိုင်း) အောက်မှာ ရှိတဲ့ Secondary Mirror (B) ကိုရောက်သ ွားပါတယ်။ ဒီမှန်ချပ် က ၅၄ ဒီဂရီ စောင်းနေပါတယ် ဒီကမှ တစ်ဆင့် အလင်းဟာ AF Focus Unit ထဲ ရောက်ပါတယ်။



AF Focus Unit ထဲ ရောက်သ ွားတဲ့ အခါ AF Mirror က နေ  Separator Lens က လေး နှစ်ခု ကို ဖြတ် ကာ AF Sensor နှစ်ခု သို့မဟုတ် ထိုထက် ပိုတဲ့ AF sensor တေ ွဆီ ရောက် ွား ပါတယ်။ ကင်မရာ မှာ ပါတဲ့ Focus Point ပေါ် မူတည်ကာ Image sensor သေးလေးတေ များလာပါတယ်။ ဒီ Image sensor သေးလေး တေ တိုင်း မှာ Micro Lens လေး တေ ပါ ပါ တယ်။



Separator Lens နှစ်ခု ကို အဖြတ်မှာ Image Signal ကို Split လုပ် ကာ နှစ်ခု ခွဲ လိုက်ပါတယ်။ ဒီလို ခွဲ လိုက် ခြင်း ဟာ  Focus မိ မဲ့ in Phase နေရာ ဟာ အခု ခွဲထုတ် လိုက်တဲ့ Image နှစ်ခု  ရဲ့ ရှေ့ မှာ လား နောက် ဘယ်နေရာ လဲ ဆိုတာ ွက်ချက် ဘို့ အတ ွက် ဖြစ်ပါတယ်။



ဒီအချိန် မှာ Focus ဖြတ် တဲ့ လုပ် ငန်း ပါတယ်။






Phase Detection စနစ် မှာ ဝင်လာတဲ့ Light Signal ကို Image နှစ်ခု ခွဲထုတ်လိုက်ကာ ကွဲထွက် လာ တဲ့ Image နှစ်ခု ရဲ့ Split Distance နေအထား အရ Front Focus လား Back Focus လား ယှဉ် ကြည့်  ပြီး   အတိအကျ Focus လုပ်ရမဲ့ နေရာရဲ့  Distance ကို ဆုံးဖြတ်ပေးပါတယ်။





အနည်း ငယ် ဖြည့် ရှင်းရပါက Lens က ဝင်လာတဲ့ Image Signal ဟာ



AF Sensor နှစ်ခု ရဲ့ အလယ် ကို က ွက်တိ တူညီ တဲ့ ပုံ တေ အဖြစ်ကျ ပါတယ်။ အောက် က နမူနာ Diagram ကို ကြည့်ပါက -





အနီရောင်နဲ့ အစိမ်းရောင် လိုင်းတေ ွဟာ Lens ဝင်လာတဲ့ Image Signal ဖြစ်ပါတယ်။

-       ခရမ်းရောင် အက ွက် ဟာ Object ကို Focus ဖမ်းရ မယ့် နေရာ ပါ။


-       အဝါ ရောင် Box က AF Sensor ဖြစ်ပါတယ်။





Phase Detection စနစ် မှာ ဝင်လာတဲ့ Light Signal ကို Image နှစ်ခု ခွဲထုတ်လိုက်ကာ ကွဲထွက် လာ တဲ့ Image နှစ်ခု ရဲ့ Split Distance နေအထား အရ Front Focus လား Back Focus လား ယှဉ် ကြည့်  ပြီး   အတိအကျ Focus လုပ်ရမဲ့ နေရာရဲ့  Distance ကို ဆုံးဖြတ်ပေးပါတယ်။








အဆိုပါ နမူ နာ ပုံ () ပုံ မှာ Lens က ဘယ်နေရာ တေ မှာ Distance ဘယ်လောက် မှာ  Focus ဖြတ် ထားတယ် ဆိုတာ ကို ပြ နေပါတယ်။



အောက် မှာ ဖေါ်ပြ တဲ့ နီးခြင်း ဝေးခြင်း တေ ဟာ Split Image နှစ်ခု တို့ ရဲ့ က ွာဟ နေတဲ့ အက ွာ ဝေး ကို ဆိုလိုပါတယ်။ Focus ဖြစ် တဲ့ အချိန် မှာ ဒီ Image နှစ်ဟာ ကဲ နေဘဲ တစ်ခု ထည်း အဖြစ် ထပ် ွားပါတယ်။



1   (1)   Too near ( Split Image နှစ်ခု ဟာ နီး နေပါတယ်။ သို့သော် In Phase မဖြစ်သေး         ပါ။)

2   (2)  Correctly ( Split Image နှစ်ခု ဟာ  ထပ်နေပြီး Light Signal နှစ် ရဲ့ ဆုံမှတ် ( Co-ordinate       Point ) ပေါ် ရောက်နေပါတယ်။ In Phase ဖြစ်နေသည့်အတ ွက် Focus ပြတ်ပါ ယ်။ )

3   (3)    Too far ( Split Image နှစ်ခု ဟာ Light Signal နှစ်ခု ရဲ့ ဆုံမှတ် ( Co-ordinate Point ) ရဲ့ နောက်ကို ရောက်ပြီး Split Image နှစ်ခု ဟာ  ဝေးက ွာ နေပါတယ်။ In Phase မဖြစ်ပါ။



4   (4)  Much too far ( Split Image နှစ်ခု ဟာ Light Signal နှစ်ခု ရဲ့ ဆုံမှတ် ( Co-ordinate Point ) ရဲ့ နောက်ကို တော် များများ ရောက်နေပြီး တစ်ခု နဲ့ တစ် ခု အလ ွန်က ွာနေ ပါတယ်။ In Phase မဖြစ်ပါ။)











ဒီ လို က ွာဟ နေတဲ့ Phase difference တေ ကို ွက်ဆ ကာ  Lens  ဘယ် Direction နဲ့ Distance ဘယ်လောက် အက ွာ ဝေး မှာ Focus ဖမ်း မှ တိကျ ပြတ်သားတဲ့ ပုံရိပ် ရမယ် ဆို တာ ကို ဆုံး ဖြတ် ကာ ဘယ်နေရာ မှာ Focus ဖမ်း ဆိုပြီး Lens ကို အမိန့် ပေး ခြင်း ဖြစ်ပါတယ်။



Phase Detection နည်းဟာ DSLR ကင်မရာ Mirror ကို ချ ထားတဲ့ အချိန် မှာ မှ Focus ဖမ်းတဲ့ နည်း ဖြစ်ပါတယ်။ Mirror up ( Mirror လန်ပြီး အထက်မှာ ကပ်နေတဲ့ ) Live view တို့ Video ရိုက်တဲ့ အချိန် မှာ Focus မလုပ်တော့ ပါဘူး။ ဒီချိန် မှာ Focus System ဟာ Contrast Detection ကို အလို လျှောက် ပြောင်းသ ွားပါတယ်။ နောက်ပိုင်း မှာ ဆက် ဖေါ်ပြ ပါမယ်။



ကင်မရာ ခလုပ် နှိပ် လို့ Mirror လန် တက် ွားတာ နဲ့ ကင်မရာ Focus system ဟာ Phase Detection က နေ Contraction Detection  ကို အလို လျှောက် ပြောင်းသ ား ပါတယ်။





Phase Detection နည်းဟာ Focus ဖမ်း တာ မြန် ပါတယ်။ Focal Plane ရဲ့ ရှေ့ နောက် စသည် တို့ ကို ရွှေ့ နေတဲ့ Subject တေ ွကို Focus ဖမ်းရာ မှာ Tracking လိုက် တဲ့ Focus စနစ် ဖြစ်ပါတယ်။ Focus ဖမ်း တာ မြန်ပါတယ်။



သို့ ရာတ ွင် မှန် အဆင့်ဆင့် ကို ဖြတ်သန်းပြီးမှ AF Sensor ကိုရောက် ရတဲ့ အတ ွက် Image Signal အားလျှော့ တာကြောင့်  တိကျ မှု မှာ Contrast Detection လောက် ကောင်းပါ။ တိတိ ကျကျ ပို ဖြစ် နိုင်ရန် အတ ွက် Light များများ လိုပါတယ်။ Aperture ကို ကျယ်ကျယ် ွင့် ပေး နိုင် မှ ပိုတိကျတဲ့ ကောင်းမ ွန်တဲ့  Focus ဖြတ် နိုင်ပါ တယ်။




Focus မြန် ဘို့ အတ ွက်ဘယ် အရာ အဓိက လည်း။



ဒီ နေရာ မှာ  မေးစရာ တစ်ခု က Focusing မြန်တယ် ဆိုတာ ကင်မရာ လား Lens လား ဆိုတဲ့ မေးပါ။


ဖြေ က Lens က ပို့ ပေးတဲ့ Light Signal ရော  Camera Sensor ရော Processor  အားလုံး မှန် ဘို့မြန်ဘို့ လိုပါမယ်။ Camera Sensor နဲ့  Processor တို့ က မြန်မြန် ဆုံး ဖြတ် ပေးတဲ့ နေရာ ကို   Lens Motor က Lens Group ကို မြန်မြန် ပို့ ပေး နိုင်ရပါမယ်။


ဒီ ကိစ္စ မှာ တော့ Lens က အလင်းဖမ်း နိုင်တဲ့ Glass quality နဲ့ Focusing Motor တို့  ရဲ့ တိကျ မှန်ကန် မြန်ဆန် စွာ ဆောင်ရ ွက် နိုင်ရမဲ အခန်း ကဏ္ဍ ရောက်လာပါပြီ။



ကင်မရာ က ဘယ်လောက် မြန်မြန် ဆုံးဖြတ် နိုင် စေကာ မူ အချို့ သော အမြင့် တန်း Lens တေ ွက မှန်ကန် မြန်ဆန် ွာ Focus ဖမ်းပေး နိုင်စေကာမူ အချို့ အနိမ့် တန်း  Lens တေ က လက်နဲ့  ွားလဲှ့ ပြီး Focus ဖမ်း ခြင်  အောင် နှေး တာတေ ကို လည်း တေ ွ့ ဘူးပါတယ်။



Lens ကောင်းပြီး ကင်မရာ ကောင်းပြန် ရင် လည်း ဒီ အတိုင်းပါဘဲ။ Lens က မေးတဲ့ Light Signal တေ ကို ကင်မရာ က မှန်ကန် မြန်ဆန် ွာ ဆုံး ဖြတ် နိုင်စ ွမ်း မရှိ လို့ Focus နှေး ရပြန်ပါတယ်။







Contrast Detection.





ဒီစနစ် က တော့ Subject ထံ သို့ Infrared or Ultrasonic sound ထုတ်လွှတ်ကာ focus ဖြတ်ဘို့ တိုင်းထ ွာ တဲ့ နည်း မဟုတ်ဘဲ Contrast measurement နဲ့ တိုင်း ွာ Focus ဖြတ်တဲ့ နည်းပါ။ Passive AF System လို့ လည်း ခေါ်ကြပါတယ်။





 Contrast Detection နည်းစနစ် ဟာ DSLR  မှာ ပါတဲ့ မှန်ချပ် လန် တက် ွားချိန် (Mirror up ) မှာ Lens က ဝင်လာတဲ့ Light Signal က Image Sensor ကို တိုက်ရိုက် ထိပြီး ဒီ  Sensor ပေါ်မှာ ရှိတဲ့ Light Pixel, Photo Pixel တေ နဲ့ Image Processor တေ က Focus နေရာ ကို ွက် ချက် ပေးတဲ့ နည်းပါ။ Pure Digital နည်းစနစ် ဖြစ်ပါတယ်။







ယေဘူယျ အားဖြင့် Mirror မပါ တဲ့  Point and shoot Camera, Phone Camera, Mirror less Camera တေ Focus ဖမ်းတဲ့ ခြေခံ Focusing နည်း စနစ် ဖြစ်ပါတယ်။





 Mirror ပေါ်က နေ Reflect လုပ်ကာ ဖြတ်သန်း ခြင်း မပြု ဘဲ  Image Sensor ပေါ်ကို တိုက်ရိုက် ရောက်လာတဲ့ Light Signal ကို Image Sensor ကပင်  Focus ဖမ်း တဲ့ နည်း ဖြစ်ပါတယ်။





Image ရဲ့ ပြတ်သားမှု အများဆုံး နေရာ ( Contrast အများ ဆုံးနေရာ ) ရှာ ကာ Focus ဖြတ် တဲ့ နည်း ဖြစ်ပါတယ်။







အထက်ပါ ပုံ မှာ Lens က ဝင်လာတဲ့ Ling Signal ဟာ တိုက်ရိုက် Image Sensor ကို ရောက်သ ွားတဲ့ နမူနာ ပုံ ဖြစ်ပါတယ်။



Camera Sensor က Data ကိုဖတ်ပေး ပြီး  Processor က ဘယ် Point ဟာ Contract ပြတ်သား မှု အများဆုံးလဲ ဆုံးဖြတ် ပြီး Focus ဖြတ်ပေးတာ ဖြစ် ပါတယ်။ purely digital process ဖြစ်ပါတယ်။



Lens က ဝင်လာတဲ့ Light Signal ကို Image Sensor ပေါ်မှာ ရှိတဲ့ Photodiode တေ   က ဖတ်ကာ Focus ပြတ်မဲ့  နေရာ တေ ကို စမ်း Focus ဖမ်း ပြီး တော့ မှ ပြတ် တဲ့ နေရာ ကို မှတ်ကာ Lens ကို ဘယ်နေရာ ရွှေ့ ဆိုတာ ပြော လိုက်တဲ့ နည်းပါဘဲ။



အနည်း ကပ် ဆုံး ဥပမာ အဖြစ် အောက် က နမူ နာ ပုံ ကိုကြည့် ပါရန်။ Sensor က ဘယ်နေရာ မှာ ပုံ ရဲ့ Contrast ဟာ အမြင့် ဆုံးလဲ လို့ ရှာ ပြီး Focus ဖြတ် တဲ့ နည်းး ဖြစ်ပါ တယ်။









Sensor နဲ့ Image Processor တို့ ရဲ့ နည်းပညာ မြင့် ရင် မြင့် သလို Focus ဖမ်း တာ ကောင်းပါတယ်။





အထက်ပါ ပုံ မှာ ကင်မရာ ဟာ Focus ဖြတ်မဲ့ Image ရဲ့ ရှေ့ နဲ့ နောက် နေရာ တို့ မှာ Focus ဖြတ် ကြည့် ပြီး  လုံလောက်တဲ့ Contrast မရ တဲ့ အခါ Contrast အများဆုံး နိင် ခြေ  ဖြစ်တဲ့ အလယ် နေရာ ကို Focus ဖြတ်ကြည့် ပါတယ်။ Contrast အများဆုံး ရရင် ဒီနေရာ ကို  Focus ဖြတ် ဖြတ်ဘို့ Lens ကို ခိုင်း လိုက် ပါတယ်။




အဆိုပါ Contrast Detection နည်း နဲ့ Focus ဖြတ် ပုံ နမူ အဆင့် ဆင့် ကို အောက် မှာ ကြည့် ပါရန်။






အထက် မှာ ပြ ထားတဲ့ ပိုင်ဆံ အကြေ စေ့ လေး ကို Contrast Detection နည်း နဲ့  Focus ဖြတ်တဲ့ အခါ -





အထက် ပုံ မှာ Lens ဟာ ( A ) နေရာမှာ ရှိပါတယ်။ Lens  နေ အထား အရ Focus Point ဟာ Sensor ရှေ့ မှာ ရောက်နေ တဲ့ အတ ွက် Front Focus ဖြစ်နေလို့ Focus မပြတ်ပါ။ သည့် အတ ွက် ညာဘက် Box ထဲ မှာ ပြ ထားတဲ့   ကြေ စေ့ လေး  ဝါး နေပါတယ်။

အောက်ပုံ မှာ တော့ Lens ကို ( A) နေရာ က နေ ( B) ဘက် ကို နည်းနည်း ဆုတ် ခိုင်းပြီး  Focus ဖြတ်ကြည့် တယ် Focus Point ဟာ Sensor ရှေ့ မှာ ရောက် နသေး တဲ့ အတ ွက် Front Focus ဖြစ်နေဆဲမို့   Focus မပြတ် တဲ့ အတ ွက် ညာဘက် Box ထဲ မှာ ပြ ထားတဲ့   အကြေ စေ့ လေး  ဝါး နေပါ သေးတယ်။





အောက်ပုံ မှာ တော့ Lens ကို အရင် အထက် ( B) ဘက် ကို  နည်းနည်း ပို ဆုတ် ခိုင်းပြီး  Focus ဖြတ်ကြည့် တယ် Focus Point ဟာ Sensor ရှေ့ မှာ ရောက် နေ သေး တဲ့ အတ ွက် Front Focus ဖြစ်နေဆဲမို့   Focus မပြတ် လို့ ညာဘက် Box ထဲ မှာ ပြ ထားတဲ့   ကြေ စေ့ လေး ဟာ ဝါး နေ ဆဲ ပါ။ သို့ သော် Focus Point နေရာ နဲ့ နီးလာ လို့ အရင်ကထက် နည်းနည်း ပို ပြတ် သားလာတာ တေ ွ့ရပါမယ်။






အောက်ပုံ မှာ တော့ Lens ကို ( A) နေရာ က နေ ( B) ဘက် ကို ဆက်ကာ နည်းနည်း ထပ်ဆုတ် ခိုင်းပြီး  Focus ဖြတ်ကြည့် တယ် ဒီအချိန် မှ တော့ Lens ရဲ့ Position ဟာ  Focus Point ပေါ် ရောက်လာပြီဖြစ်လို့ ညာဘက် Box ထဲ မှာ ပြ ထားတဲ့   ကြ စေ့ လေး  ပြတ်သား လာတာ တေ ွ့ ရပါတယ်။





အောက်ပုံ မှာ တော့ Lens ကို Focus ပြတ် နေတဲ့ နေရာ က နေ ( B) ဘက် ကို ဆက်ပြီး နည်းနည်း ထပ်ဆုတ် ခိုင်း ကာ Focus ဖြတ် ကြည့် ပါ တယ်။ Focus Point ဟာ Image Sensor နောက် ရောက် ွားလို့ Back Focus ဖြစ်ကာ ကြေ စေ့ လေး ပြန် ဝါး ွား ပြန်ပါတယ်။





အောက်ပုံ မှာ တော့ Lens ကို အရင် နေရာ က ထက် ( B) ဘက် ပို ပြီး ထပ်ဆုတ် ခိုင်းကာ  Focus ဖြတ် ကြည့် တယ်။ Focus Point ဟာ Image Sensor နောက် ကို တော် များများ  ရောက် ွားလို့ Back Focus ဖြစ်ကာ အကြေ စေ့ လေး ပို ဝါး ွား ပါတယ်။ 





ဒါကြောင့် အောက်ပုံ မှာ တော့ Lens ကို အဲဒီနေရာ က နေ ( A ) ဘက် ပြန် တိုး ခိုင်း ကာ Focus ဖမ်း ကြည့် ပြန်ပါတယ်။ သို့ သော် Back Focus ဖြစ်နေဆဲ မို့ ကြေ စေ့ လေး ဝါး နေဆဲ ဖြစ်စေကာမူ အရင်ထက် စာ ရင် ဝါး တာ လျှော့ ွား တာ တေ ွ့ ရပါတယ်။





အောက်ပုံ က တော့ Lens Position ကို ( B ) ဘက် က နေ ( A ) ဘက် ထပ်တိုး ခိုင်း ကာ Focus ဖမ်းကြည့် လိုက် တော့ အောက်ပါ ပုံ လို Focus Point ဟာ Sensor ပေါ် ရောက်လာ လို့ ကြေ စေ့ လေး ပြတ်သား လာပါတယ်။






ဒီအချိန် မှာ Sensor က Lens ကို ဒီနေရာ ကို Focus ဖြတ်ဆိုပြီ အမိန့် ပေးလိုက်တာ ပါဘဲ။


ဒီလို အမျိုးမျိုး စမ်း ကာ Focus ဖမ်းကြည့် တာ ကို Image Hunting လုပ်တယ် ဆိုကြပါတယ်။ ဒီလို Focus ဖမ်း တဲ့ နည်း ဖြစ် လို့ Focus ဖြတ် တာ  နှေး ပါတယ် သိုသော် Phase Detection ထက် ပို တိကျ ပြတ်သား တဲ့ နည်း ဖြစ်ပါတယ်။



အထူးသဖြင့် Cross type focus point, Dual Cross focus point တို့ ဟာ  Image Sensor ရဲ့ အလယ် မှာ အများစု ရှိတဲ့ အတ ွက် Focus ဖြတ်တဲ့ ရာ မှာ တိကျပြီး Phase Detection ထက် ကောင်းတဲ့  ပြတ်သားမှု ရပါတယ်။


ဒါကြောင့် Landscape တို့လို Portrait တို့ လို ရိုက် ဘို့ သင့်တော် တဲ့ Focus System လို့ ဆိုကြပါတယ်။





Hybrid Autofocus



Phase Detection Focusing စနစ် ကို  Mirror ပါတဲ့ DSLR တေ မှာ ဘဲ Focus ဖမ်းနိုင်ပြီး Mirrorless Camera, Point and Shoot Camera, Phone Camera တေ ကျတော့ Mirror မပါ လို့ Phase Detection လုပ်လို့ မရ ဘဲ Image Sensor က ဖမ်းပေးတဲ့ Contrast Detection သာ လုပ် နိုင်တယ် လို့ ပြော ခဲ့ပါတယ်။



ဒါပေမဲ့ ခေတ်မှီ Mirrorless Camera တေ မှာ တော့ Image Sensor ထဲ ပင် အချို့ သော Pixel တေ ကို Phase Detection AF လုပ်ခိုင်း လို့ Mirrorless ဆိုစေကာ မူ Contrast Detection ရော Phase Detection ကိုပါ လုပ် နိုင်လာပါတယ်။



ဒါ ကို Hybrid Autofocus စနစ် လို့ ခေါ်ပါတယ်။



Image Sensor ပေါ် မှာ Pixel တေ သန်း ပေါင်း များစ ွာ ရှိနေလို့ အချို့ ကို Phase Detection အတ ွက် သုံး လိုက်ပေမဲ့ Image အရည် အသေ ွး ကို ကို မထိ ခိုက်လှဘူး လို့ ဆိုပါတယ်။






အောက်ပုံ မှာ Sony R 7 II 399-Point Phase Detection and Contrast Detection Sensor ပုံ ဖြစ်ပါတယ်။







Mirrorless ကင်မရာ မှာ Phase Detection AF Sensor Unit မရှိစေကာမူ Main Sensor ပေါ် မှာ တင် Phase Detection ရော Contrast Detection - Focus System နှစ် စလုံး လုပ် ပါတယ်။ Sony R 7 II  မှာ Phase Detection Focusing Point တေ ွက Full Frame Sensor ရဲ့ 60% နေရာ ယူ ထားတယ် လို့ ဆို ပါတယ်။



ထူးခြားမှု တစ်ခု က DSLR မှာ Phase Detection ကို ကင်မရာ က ရေ ွးချယ် လုပ်ဆောင်သ ွားပါတယ်။



သို့ သော် Sony R7 II ရဲ့ Hybrid AF system firmware-2   မှာ တော့ Phase Detection နဲ့ ရိုက်မလား Contrast Detection နဲ့ ရိုက် မလားဆိုတာကို လူ ကို ရေ ွးချယ် ွင့် ပေးထား တယ်လို့ ဆိုပါတယ်။



Menu > Camera Setup > AF System > Phase Detection AF / Contrast AF
(Adds AF System menu selection between Phase Detection AF and Contrast AF when using third-party lenses on AF Smart Adapters. )




အောက် ပါ Focus Points နမူ နာပုံ မှာ Sony A7RII ရဲ့ Focus Point များကို ပြ ထားတဲ့ ပုံ ဖြစ်ပါတယ်။





Phase Detection focus points 399  ဟာ Sensor တစ်ခု လုံး နီးပါး ကို လွှမ်း ထာ လို့ လှုပ်ရှားနေတဲ့ အရာ များကို Focus ဖမ်းရင် တော့် ကို မြန်မြန် ဖမ်း နိုင် တယ်လို့ သိရပါတယ်။ Sony နောက်ဆုံးပေါ် Mirrorless များ အနက်  လှုပ်ရှား နေတဲ့ အရာ များကို ရိုက်ကူးရာ မှာ တော်မြန်မြန် နဲ့ တိတိ ကျကျ ဖမ်း နိုင်တဲ့  ကင်မရာ လို့ ဒီကင်မရာ သုံးနေတဲ့ ဝါရင့် Bird in Flight Photographer ဖြစ်သူ မိတ်ဆေ Danny Khoo က ပြော ပါတယ်။



မည်သို့ သော စနစ် နဲ့ မည်သည့် Sensor က Focus ဖမ်းပေး သည် ဖြစ်စေ စင်စစ် အားဖြင့် Sensor ပေါ်မှာ ရှိတဲ့ Pixel တေ က ဆောင် ွက် ပေး ခြင်း ဖြစ်ပါတယ်။ သာမန် အားဖြင့် Pixel တစ်လုံးစီက Light Signal နဲ့ Photo Signal တို့ ကို သီးခြားစီ Detect လုပ်ကာ Focus အတ ွက် Signal နှစ်ခု ကို  ပြန်ပေါင်း ပေး ကြ တဲ့ စနစ် ကို ဆောင်ရ ွက် ကြတာ ဖြစ်ပါတယ်။



နောက်ပိုင်းမှာ တော့  Pixel တစ်လုံး ထည်း ကို  နှစ်ခြမ်း ခွဲ ကာ တစ်ပိုင်း က Light Signal ကျန်တစ်ပိုင်း က Photo Signal ကို Detect လုပ် ပြီး Focus လုပ်ချိန် မှာ ပြန်ပေါင်း တဲ့ စနစ် လည်း ရှိလာပါတယ်။







ဒီ စနစ် ကို Dual Pixel Diode AF (AutoFocus) စနစ် လို့ ခေါ်ပါတယ်။




ဒီဘာသာ ရပ် ကို အကြမ်းသ ဘော သာ ရေး နိုင်ပါတယ်။ ဘာသာ ရပ် ရဲ့ သိပ္ပံ နည်းပညာ က အလ ွန် ကျယ် ဝန်း ွန်းတဲ့ အတ ွက် မလိုက် နိုင်လို့ ဖြစ်ပါတယ်။









အချုပ် စကား





ဒီ မှတ်စု ကိုရေး တာက အစမှာ ကနဦး  ပြော ခဲ့ သလို ကိုယ် သိခြင် လို့   ဖတ် မှတ် ပုံစံ များ ပြန်ရေး ကာ လေ့လာ ရာ က ရေးဖြစ်တဲ့ အဆင့် ရောက်လာ ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း လေ့လာ ဖတ်ရှု ထားတဲ့ များလှ ွာသော Reference တေ ွကို ပေး နိုင်ခြင်း ဖြစ်ပါတယ်။



ကျွန်တော် သိ နေလို့ ရေး တဲ့ မှတ်စု မဟုတ်ပါ။ သိလိုတာ ကို ထုတ်နှုပ် ထား မှတ်စုတေ ွ၊ ပုံတေ ွ၊  ဆွဲထားတဲ့ Diagram တေ ကို ပြန်စု ကာ ရေးလိုက်တဲ့ ဘောသာ ဖြစ် ပါတယ်။



ဒါကြောင့် ဘာသာ ရပ် ကို ထဲထဲ ဝင်ဝင် သိ တဲ့ ပညာ ရှင်များ နေနဲ့ လွဲ ချော်နေသည်များ တေ ွ့  ပါက ပြင်ပေးကြပါရန် မေတ္တာ ရပ်ခံ အပ်ပါတယ်။



-------------------------------





No comments:

Post a Comment