Saturday 12 October 2019

19 Composition Tips





99 (Unicode)– 19 Composition Tips                      ဓါတ်ပုံ ဆိုင်ရာ မှတ်စု အမှတ် (၉၉)









ဓါတ်ပုံ ကောင်းတစ်ပုံ ဖြစ်လာစေဘို့  သိထားရန် လိုသည့် ဖွဲ့ စည်းပုံ ဆိုင်ရာ  အချက် (၁၉) ချက်

( 19 Photography composition tips you need to know )











စကားဦး





မှတ်စုရေးဖြစ် သွားရသည် မှာ ကျွန်တော့် အား Pinterest က Gamil မှ နေ၍ Link ဖြင့်  ဆောင်းပါး များ ကို ပေးပို့ တဲ့ အနက် 19 photography composition tips you need to know to be awesome ဆောင်းပါး ကို ခြေ ခံ ကာ ရေးသား ဖြစ် ခြင်း ဖြစ်ပါတယ်။



Pinterest ဟာ  Gamil က နေပြီး ဆောက်အအုံ ဒီဇိုင်း များ နှင့် အခြားသော  ခေတ်မှီ  မော်တော်ယာဉ် ပုံများ  ပေးပို့ နေရာ မှ  နောက်ပိုင်း မှာ ဓါတ်ပုံ ဆိုင် ရာ ပစ္စည်းများ Portrait များ ပေးပို့  လာပါ တယ်။



Digital ခေတ် သည် အတော် ကို ဆန်း ကျယ် လှပါတယ်။



Receiving Person ဟာ ဓါတ်ပုံ ဆိုင် ရာ ကို ဝါသနာ ပါတာ ကို သိ ွားတဲ့ အချိန် မှာ ယခင် စမ်း ပို့နေသည်   များ ကိုရပ်ကာ ဓါတ်ပုံ ခြေ ခံ ဆိုင်ရာ ဆောင်းပါး များ နဲ့ Portrait ပုံ များကို သာ ပို့ ပေး ပို့ ပါတော့ တယ်။




 Digital Intelligence လို့ ဆိုရပါမယ်။




Pinterest က ပေးပို့ တဲ့ ဆောင်း ပါး များအနက်  The Lens Lounge Page မှာ ဖေါ်ပြထားတဲ့ “19 photography composition tips you need to know to be awesome   ဆောင်းပါး ရဲ့ ထူးခြားချက်က Composition Rules (၁၉)  ကို အချုပ် ဘော စုပေါင်းရေးထားသဖြင့် Composition ဆိုင်ရာ ကို စုပြီး သား ဆောင်းပြီးသား  လေ့  လာနိုင် တဲ့ ဆောင်းပါး  ဖြစ်ပါတယ်။




သို့ နှင့် ဆီလျှော် သကဲ့ သို့ ဘာသာ ပြန် ကာ မျှ ဝေလိုက် ရခြင်း ဖြစ်ပါတယ်။





မူရင်း  ဆောင်းပါး က Composition ဆိုင်ရာ ကြောင်း အရာ တစ်ခု ခြင်း စီ ကို အတို ချုပ် သာရေး ထားပြီး ဒီထက် ပို ပြီး အကျယ် ကို သိလို လျှင်တော့ ပေးထားတဲ့  Link  ထဲ ဝင်ဖတ် စေတဲ့ နည်း နဲ့   အချုပ် ရေးထားတာဖြစ်ပါတယ်။




ဒီလို လုပ် ထားတဲ့ အ တွက် လေ့ လာသူများ  နေနဲ့သူ ရေးပြ ထားတာ ထက် ပို ရှင်းလင်းစေလို၍ အကျယ် ကို လေ့ လာ လိုပါလျှင်  တိုက်ရိုက် လေ့ လာ နိုင် ခြင်း မရှိသည့် အခက် အခဲ ရှိ နေပါတယ်။



မူရင်း ဆောင်ပါး ွင် ရေးသား ထားချက် များ မှာ အကျဉ်း ချုပ် ွန်း သဖြင့်  လေ့ လာ ဖတ်ရှု သူ များ ပို၍ ရှင်းလင်း ဘောပေါက် လွယ် စေရန် အ တွက် ဖြည့်စ ွက် ရှင်းလင်း ဘို့ လိုအပ် တဲ့ နေရာ တွေမှာ ထောက် အကူုပြု ပုံများ နဲ့ ဖြည့် စွက် ရှင်းလင်း ထား ကြောင်း ဖေါ် ပြ အပ်ပါတယ်။




ထောက် အကူုပြု နမူနာ ပုံများ အားလုံး မှာ သက်ဆိုင်ရာ ဆောင်း ပါး များတ ွင် ခေါင်းစဉ် အလိုက် နမူ နာပြ ထား  တဲ့ ပုံ များ နဲ့ Pinterest မှ ပုံ များကို နမူ နာ အဖြစ် ဖေါ်ပြ ထားခြင်း ဖြစ် ပါတယ်။

'


Leading lines converge to create a sense of infinity.




19 Composition Tips






Photography Composition Tips ကို (၁၉) ခု ပြော မယ် လို့ ရေးထားတော့  ဘာကြောင့် (၂၀ ) မဟုတ်ရတာလဲ လို့ မေး ကြ ပါလိမ့်မယ်။



မှန်ပါတယ် Rule တွေက (၁၉) ခု မက များစွာ  ရှိမှာပါ။



Photography Composition Tips ကို (၁၉) ခု ဘဲ ရေး ရတဲ့ ကြောင်း ကတော့ Rule of Odd ဆိုတဲ့  ( - ဂဏန်းဥပဒေသကိုသဘော ကျ လို့ ပါဘဲ လို့ ဖေါ်ပြ ထားပါတယ်။




Rule of Odd ကို အမှတ်စဉ် ( ၁၉ ) မှာ  ဖေါ်ပြ ပါမယ်။






 Rule of Odd, ငှက် (၃) ကောင်။




Rule of Odd မြေ  ခွေး (၃) ကောင် ပုံ။




Rule of Odd  ပန်း (၅) ပွင့် ပုံ။





အခု ဖေါ်ပြ မဲ့ ဓါတ်ပုံ ကောင်း တစ်ပုံ ဖြစ်လာစေဘို့ အတွက် အကြံပြု ချက် (၁၉ ) ချက် ကို လိုက် နာဆောင် ရွက်ကြည့်ပါက သင် ရဲ့  ဓါတ်ပုံ တွေ အမြန် ဆုံး တိုးတက် ကောင်းမွန် လာတာ တွေ့ ရ ပါလိမ့် မယ်။








ဓါတ်ပုံ တစ်ပုံ ရိုက် ရာ မှာ -



-      --Focus ပြတ် သားအောင် ဘယ်လို လုပ်မလဲ၊



-      -  အလင်း မှောင် Exposure မှန်ကန် ကောင်းမွန်အောင် ဘယ်လို   ဆောင်ရွက် မလဲ၊

-       ပုံကို ပံ့ ပိုးမဲ့အလင်း ရောင်ကိုမြင်တတ် ရမယ်၊  ဘယ် လို အသုံးချ မလဲ သိ ဘို့ လိုပါတယ်၊



ဒါ တွေအပြင်နောက် လိုသေးတဲ့ အချက် က အားကောင်းတဲ့ ဖွဲ့ စည်းမှု ( Strong Composition )  ရှိရန်  လည်း လိုပါတယ်။



အထက် က အချက် () ချက် ဖြစ်တဲ့-



-       Focus ပြတ် သား မှု ရှိ ခြင်း၊



-       အလင်း မှောင် Exposure မှန်ကန် အောင် ဆောင် ရွက်ခြင်း၊



-        အလင်း ရောင်ကို ကောင်း မွန် စွာ အသုံး ချခြင်း၊



တို့ ရှိစေကာမူ ဖွဲ့စည်းပုံ က ( Poor Composition ) ဖြစ်နေပါက ပုံသည် ကြည့်သူ ရဲ့ အာရုဏ် ကို ဆွဲ ဆောင် နိုင်တဲ့ ပုံကောင်း တစ်ပုံ ဖြစ်လာမှာ မဟုတ်ပါ။















ဓါတ်ပုံ တစ်ပုံ ဖွဲ့စည်း တာ နဲ့ ပတ်သက် လို့ ဥပဒေသ  တွေ များစွာ  ရှိပါတယ်။



ဒီ ဥပဒေ တွေ ကို ချိုး ဖေါက် ရတာ တွေ လည်း ရှိ တာ ကို ကြားဘူးကြမှာပါ။



ဒီလို ချိုးဖေါက် ခြင်း ဖြင့် ပုံ တစ်ပုံ ရဲ့ Story ကို ပိုမို ပံ့ ပိုး ပေးနိုင် တာမျိုး လည်း ရှိပါတယ်။






တစ်ခု တော့ ရှိပါတယ် Rule of Composition ကို ကောင်းစွာ  မသိ ဘဲ နဲ့ တော့ ဒီ ဥပ  ဒေသ တေ ွကို ဘယ်လို ချိုးဖေါက် ရမယ် ဆိုတာ ကို သိမှာ မဟုတ်ပါ။



မြန်မာစကား ရှိ ပါတယ်ဝိနည်း တတ် ရင် ကြက် သတ်လို့ ရတယ်ဆိုတဲ့ စကား ပါ။


ဝိနည်းမ တတ် ဘဲ ကြက်သတ် ရင်တော့ ငရဲကြီး ရုံ ဘဲ ရှိမှာပါ။







ဒီ ဥပဒေသ  တွေ ပေါ်လာ ရတာကလည်း -



လူ တွေရဲ့ မျက် လုံး တွေ က ပုံ တစ်ပုံ ကြည့် ရာမှာ  မည် သို့မည်ပုံ ကြည့်  လေ့ကြည့် ရှိတယ် လူတေ ရဲ့ နှောက် က လည်း ပုံ တစ်ပုံ ကို ကြည့် ရာ မှာ မည်သို့ မည်ပုံ တုန့်ပြန် မှု ရှိ တယ် ဆိုတာ  တွေကို ကာလ ကြာ မြင့်  စွာ လေ့ လာ ရာ မှ ပေါ် ပေါက် လာတာ တွေပါ။



ဒီဥပဒေသ  တွေဟာ  ဓါတ်ပုံ တင် မက ပန်းချီ အပါအဝင် အခြားသော Drawing တွေနဲ့ လည်း  အကျုံး ဝင်ပါတယ်။



အခု သိသင့် သိ ထိုက် တဲ့ ဓါတ်ပုံ တစ်ပုံ ရဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ နည်း အကြံပြုချက် (၁၉) ခု ကိုပေးပါမယ်။ အခု ဘဲ ပြီး ဆောင် ရွက် ကြည့် ပါ။ အကျိုး ရှိပါ လိမ့်မယ်။





Many of rules of composition are used together in an image, combining to strengthen composition.



အချို့ ပုံ တွေမှာ Composition Rule  တွေတစ်ခု မက ပါဝင် ဖွဲ့ စည်း တာ တွေ့နိုင်ပါတယ်။



အချို့ သော Composition Rule တွေ ဟာ တစ်ခု နဲ့ တစ်ခု သဟဇာတ မဖြစ်ပါဘူး၊ ဆန့် ကျင် ဘက် ဖြစ်နေတာ  တွေ လည်း ရှိပါတယ်။



တကယ် လို့ ပုံ တစ်ပုံ မှာ Composition Rule များ တစ်ခု ထက် ပိုပြီး  ပေါင်း ပြီးသုံး ပါက  ဆိုရင် ဘယ်လို Composition Rule တွေ ကို ပေါင်း စည်း အသုံး ပြု မယ် ဆိုရင် သဟဇာတ ဖြစ်တယ် ဆိုတာ ကို သိထားဘို့ လိုပါမယ်။




 Composition Rule (19) ခု ကို စပါတော့မယ် -





1.  Rule of Thirds





မည် ကဲ့ သို့ Composition Rule တွေ ဘဲ တွေ ဘဲ ဆိုစေကာမူ ပထမ ဦးဆုံးပြော ရမည် Composition Rule ကတော့ အားလုံး ကြားဘူး နေတဲ့ Rule of Thirds ပါဘဲ။



များစွာ အကျယ် ရှင်း ရန် မလိုပါ။အောက်တွင် နမူနာ ပြ ထား သကဲ့ သို့  ပုံ တစ်ပုံ ကို အထက်နဲ့ အောက် ဘေး ဘယ်-ညာ ကို မျဉ်း နှစ်ကြောင်း စီနဲ့ အညီ အမျှ  ပိုင်း  ထားပြီး  ပေါ်လာတဲ့ အကွက် () ကွက် ရဲ့ ဆုံ ချက် () နေရာ မှာ ကိုယ် ပြ လို တဲ့ Subject ကို နေရာ ချ တဲ့ နည်း ပါ။




အောက် မှာ ပြ ထားသကဲ့ သို့ ပင် လူ တစ်ယောက် ကို ဓါတ်ပုံ ရိုက်ပါက သူ့ ရဲ့ မျက် လုံးကို ဖြတ် မျဉ်း များဆုံ မှတ် () ခု အနက် ဆုံ မှတ် တစ်နေ ရာ ရာ မှာ နေရာ ချ ထားပေး ဘို့ပါဘဲ။

























2.  Framing




ဘောင်ခတ် ခြင်း ဆိုတဲ့ Framing က တော့ ကြည့်သူရဲ့ အာရုံ ကို အပြင် ကို ပြန့် မထွက် သွား စေဘဲ လိုတဲ့ နေရာ ကို ပို့ ပေးတဲ့ နည်းပါ။



ဒီလို ဘောင်ခတ် ပေးတဲ့ နည်း ပေါင်း မြောက် များ စွာ ရှိပါတယ်။



လူ  တွေဖန်တည်း ထားတဲ့  တံခါးပေါက် မုဒ်ဦး တံတား စတဲ့ Frame များ သဘာ၀ အတိုင်း ရှိနေတဲ့ သစ်ကိုင်း၊ ဂူ တောင် စတဲ့ သဘာ၀ Frame များ စသည် ဖြင့် များစွာ ရှိပါတယ်။



တစ်ခါ တစ်လေ ကမ္ဘာကျော် ဗြိတိန် ပြေးသ မား Mo Farrah and his “mobot” pose လို မျိုး  လူ ရဲ့ လက် က ကိုယ့် ပုံ ကို ပြန် ပြီး Frame လုပ် တဲ့ Frame မျိုး လည်း ရှိပါတယ်။





Mo Farrah ဟာ ၂၀၁၂ အိုလန်ပစ် မီတာ ၁၀၀၀၀ အပြေး ပြိုင် ပွဲ မှာ ပထမ ရစဉ် က လက်ကို ခေါင်းပေါ်တင်ပြီး M ပုံ သဏ္ဍန် လုပ်ခဲ့တဲ့ ပုံ ပါ။



ဒီပုံ ကမ္ဘာကျော် သွား ပြီး လူ တွေ လိုက်လုပ်ရာက Mofara Mobot Dance ပေါ် လာတဲ့ အထိ ပါဘဲ







Mo Fara ဒီ လို လုပ် လိုက် ခြင်း ကြောင့် ကြည်ရဲ့ မျက် လုံး ဟာ ပြုံးနေတဲ့ သူ ရဲ့ မျက် နှာကို တန်း ရောက် ထံ တန်းရောက်သွားပါတယ်။





အောက်မှာ Frame အမျိုးမျိုး ကိုနမူနာ ပြ ထားပါတယ်။




























3.  Repetition

ကြိမ်ဖန် တလဲလဲ စီကာစဉ် ကာ ပါဝင် ဖြည့်ဆည်း မှု များဟု ဆိုရ မည့် ပုံစံ များကို  ထည့် သွင်း ရိုက်ကူးခြင်း ဟု ဆိုရပါမယ်။



ဤသို့ ကြိမ်ဖန် တလဲလဲ စီကာစဉ် ကာ( Repetition ) ပါဝင် မှု များသည် Pattern ဘော မျိုး ဖြစ်လာကာ ပုံ ကို ပိုစိတ်ဝင်စား မှု ရှိလာစေပါတယ်။



ဤကဲ့ သို့ Repetition များပါဝင်သည့် ပုံများသည် Leading Line များ ကဲ့ သို့ ကြည့်သူရဲ့ အာရုံ ကို Subject ထံ သို့ ခေါ် ဆောင် သွားပါလိမ့် မယ်။



ဒါဟာ အရင်ပြော  ခဲ့ တဲ့ တစ်ခု ထက်ပိုသော ဥပဒေ တေ ပေါင်းစပ် ထားတဲ့   ဘော ဖြစ်တဲ့ Repetition ဟာ Leading Line ဥပ ဒေ ရဲ့ ဆောင်ရွက်ချက်  နဲ့   ပေါင်းစပ် သွားတဲ့  ဘော မျိုး ဖြစ် ပါတယ်။



Repetition ဟာ   ရောင် အရာ ဝထ္ထုု တစ်ခု ရဲ့ အစိတ် အပိုင်း များ အရာ  ဝထ္ထုု တစ်ခု လုံး စသည်များ ထပ်ကာ တလဲလဲ ပါဝင်တဲ့ ပုံ စံ မျိုး များ ရှိနိုင်ပါတယ်။





စာ နဲ့ ရေးကာ ရှင်းနေသည်ထက် ပုံ များ ကို ကြည့်  ပါက ပို မြင်သာ ပါမယ်။






















4.  Leading Lines





Leading Lines များဟာ မိမိ ပြ လိုတဲ့ Subject ထံ ခေါ် သွားတဲ့ Composition မျိုး ဖြစ်ပါတယ်။ ပြင်ပ လောက မှ မမြင် ဘူး ဆိုတာ မရှိလောက်တဲ့ အရာ များပါ။ မြေ ပုံ ပေါ်  မှာ “ You are here “ လို့ မျှား နဲ့ ထောက် ကာ ပြ လိုက် တဲ့ သဘာ မျိုး ပါဘဲ။



Leading Lines များဟာ frame လိုပါဘဲ Cloud, River, Line of Trees စသည် တို့ဟာ သဘာ၀ ပတ်ဝန်း ကျင် မှာ ရှိနေတဲ့ Leading Lines များပါ။



ဒါ့ အပြင်  လမ်း မီးရထား လမ်း၊ ဆက်စပ် နေတဲ့ အဆောက် အအုံ စသည် တို့ ဟာ လည်း လူ လုပ် ထားတဲ့ Leading Lines တွေ ဖြစ် ကြပါတယ်။



လူရဲ့ ကိုယ် ခန္ဒာ အစိတ် အပိုင်း များ ဖြစ်တဲ့ လက် ခြေ ထောက် စသည် တို့ ဟာ  လည်း  ဖန်တည်း ထားတဲ့ Leading Lines များ အဖြစ် သုံးနိုင်ပါတယ်။



Leading Line များဟာ ဖြောင့် ဖြစ်နေစရာ မလိုပါ။ တောရွာ လမ်း ကွေး  က လေး  တွေ ကွေ့ ကောက် ကာ စီးနေတဲ့ ချောင်း က လေး များဟာ လည်း Leading Lines များ ဖြစ်ကြပါတယ်။



အောက်ပါ နမူ နာ ပုံ များကို ကြည့် ပါက ပို ရှင်း ပါမယ်။
































Leading Line နဲ့ ပတ်သက်လို့  အကြမ်း အားဖြင့် နှစ်မျိုး ခွဲ ပြ လိုပါတယ်။



  -   ပထမ တစ်မျိုး  က ကိုယ် ပြ လိုတဲ့ Subject  ဆီကို ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ်  သွား  တဲ့ ပုံ မျိုး  နဲ့၊



  -   ဒုတိယ တစ်မျိုးက ပုံ ရဲ့ Foreground က နေပြီး Background အထိ ဆီကို ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ် သွား တဲ့ ပုံ မျိုး   တွေ တွေ့ ရတတ် ပါတယ်။




စာနဲ့ ရေး ရှင်းပြ တာ ထက် ပုံ နဲ့ ပြ တာ က ပိုမြင်သာပါတယ်။





- အောက် ပါ နမူ နာ ပုံ တွေ က တော့  မိမိ ပြ လို တဲ့ Subject ဆီကို ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ်  သွား  တဲ့ ပုံ မျိုး တွေ ဖြစ်ပါတယ်။
































































































အချို့ ပုံ တွေမှာ Leading Line ဆွဲ ခေါ် သွားတဲ့ လမ်း ကြောင်းတွေကို မြင် သာ အောင် မျှားနဲ့ ဆွဲ ပြ ထားပါတယ်။





အောက် ပါ နမူ နာ ပုံ  တွေက တော့ ပုံ တစ်ပုံ ရဲ့  Foreground က နေပြီး နောက်ဆုံး Background အထိ ဆီကို ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ် သွား  တဲ့ ပုံ မျိုး   တွေ  ဖြစ်ပါတယ်။















































































ပုံ အထက် ပါ ပုံများအပါ အဝင် နမူ ပုံ အားလုံးမှာ နမူ နာသဘော သာ ပြ ထားခြင်း ဖြစ် ပါတယ်။ အနပညာ ဆို ထဲ့ ခံ စားမှု  ဆိုတာ  စည်း  တွေ ဘောင်တေ ဥပဒေသ  တွေနဲ့ ချဉ် နှောင် ထားလို့  တဲ့ အရာ မျိုး မဟုတ်ပါ။ ခံစားကာ  စိတ်ကူး ရှိသ လောက် ကွန့် မြူး ပွား များ နိုင် ပါတယ်။

5.  Negative Space


သာမန် အားဖြင့် တော့  Negative Space ကို အလဟသ နေရာ ဖြန်းတီးတဲ့  နေရာ ( Waste space ) လို့ ခေါ် ကြ ပြီး Frame ချောင် နေတယ် ဆိုပြီး ဒီနေရာ ကို တစ်ခုခု နဲ့ ဖြည့် လေ့ ရှိ ကြပါတယ်။





အခု ပြော မှာ က တော့ ပုံ အတွင်း ဗလာ ကျင်းထားသည့် နေရာ ကို ပုံ ရဲ့ Impact ဖြစ်လာအောင် တမင် ချန် ထားတဲ့ နေရာ လွတ် ကြောင်း ဖြစ်ပါတယ်။


  တော် တဆ ဖြစ်နေ တဲ့ နရာ  များ မဟုတ်ဘဲ Subject ရဲ့ Breathing Room  စေရန် တမင် ချန်ထား ပေး တဲ့ နေရာ များ ဖြစ်ပါတယ်။



Frame ထဲ မှာ အရာဝထ္ထု နည်းနည်း သာ ထည့် ွင်းဖေါ် ပြတဲ့ ဒီ နည်း ဟာ Subject ထံ အာရုံ စု ပြုံ ကျရောက်စေတဲ့ နည်း တစ်ခု ဖြစ်ပါတယ်။


ဒါ့ အပြင် တေ ွး နဲ့ ခံ စား မှု ကို ဆန့် ထုတ် ပစ် လိုက်တယ် လို့ ဆိုပါတယ်။



အောက်မှာ ပြ ထားတဲ့ နမူနာ ပုံ တွေပေးတဲ့ Negative Space တစ်နည်း အားဖြင့် Waste Space  တွေ ပေးတဲ့ ရဿ ကို ခံစား ကြည့်ပါရန်။


အနပညာ ဆိုသည်မှာ ခံ စား မှု နဲ့ တိုင်းတာ တဲ့ အရာ ပါ။


ဒီ Negative  Space   တွေက ခံ စားမှု တစ်ခု ခု ပေးနိုင် ရင် ဒီ နေရာ လွတ်  တွေဟာ အနုပညာ မြောက် တယ် လို့ ဆို ရပါမယ်။
































6.  Color





ရောင် နဲ့ ပတ်သက် ရင်  ဘယ် ရောင်နဲ့ ဘယ် ရောင် ဟာ အပြန် အလှန် အကျိုးပြု တဲ့ မိတ်ဖက်ဖြစ်သလား ဆန့် ကျင်ဖက် ဖြစ်သလား ဆိုတာ သိရန် လိုပါ တယ်။





ဒီလို သိမှ Composition မှာ Color ရဲ့ ဆွဲ ဆောင် မှု ကို ထိရောက်စ ွာ သုံး နိုင်ပါမယ်။ ဒါကြောင့် Color Theory ကို သိထားဘို့ လိုပါတယ်။ ဒါမှသာ ကြည့် တဲ့ အခါ မှာ မျက်စေ့ အေး တယ် လို့ ဆိုရမဲ့ သက်တောင့် သက်သာ ရောင်စပ် ရပါမယ်။



အောက်မှာ ပြ ထားတဲ့ Color Chart က ထောက် အကူ အတော် ပြု ပါလိမ့်မယ်။










အထက်ပါ Color  Wheel ရှိ ဆန့်ကျင် ရာ ဘက်ရှိ ရောင် များဟာ  ရောင် တစ်ခု နဲ့ တစ်ခု ထောက် အကူပြု တဲ့ Complementary Color များ ဖြစ်ကြပါတယ်။



Color Theory ဟာ တော် ကျယ်ပြန့် တဲ့ ဘာသာရပ် ဖြစ်ပါတယ်။



ဒီထက် ပို သိလိုပါက အခုတွဲပေးလိုက်တဲ့ Country Road Blog မှာ ရေးထားတဲ့ “ Theory of Color “ မှာ မြန်မာ လို လေ့ လာနိုင်ပါတယ်။



http://shlaing.blogspot.sg/2017/03/92-theory-of-colours-theory-of-colour.html






7.  Balancing Elements








ပုံ တစ်ခု အ တွင်းရှိ အရာ ဝထ္ထု များဟာ အချိုးညီ မျှတ နေရန် လိုပါတယ်။


ဥပမာ အားဖြင့် ပုံ တစ်ပုံ ရဲ့ Foreground မှာ Strong Subject ရှိနေပါက Balancing  ဖြစ်နေ စေရန် သူ ရဲ့ နောက်မှာ လည်း Small Subject တစ်ခု တစ်လေ ရှိနေ ရပါမယ်။ Rule of Thirds  အချိုး အတိုင်း ထည့် ထားရန် လိုပါမယ်။





ဒီ လို Balance အ တွက် အရာဝထ္ထု တွေ ဖြည့် လိုက်ရင် Rule of Negative space ကို ဆန့် ကျင်ရာ ရောက် ပြန်ပါတယ်။





ဘယ်လို ထားရင် ကောင်းဆုံးလဲ ဆိုတာ ဓါတ်ပုံ ရိုက်သူ ကိုယ် တိုင် ဆုံးဖြတ်   ကာ ဆောင်ရွက် ရပါ မယ်။





Balancing ဟာ လည်း အတော် ကျယ်ပြန့် တဲ့ ဘာသာရပ်ပါ.

အ ကြမ်း ပြော ရပါက -



Balance  ကို မူကွဲ  တွေအဖြစ်  အောက်ပါအတိုင်း ထပ် ခွဲ ထားပါတယ်။

1.   Tonal balance

2.   Colour balance

3.   Size balance

4.   Texture balance

5.   Space balance


6.   Abstract balance









အထက်ပါပုံ ကို ကြည့်ပါက အိပ်နေတဲ့ စုံ တွဲ ကို နောက်ခံ ဆိပ်ခံ ဘောတံ တား Pier က Balance လုပ်ထားပါတယ်။



 ဒီ Pier ပါ ခြင်း အားဖြင့် လည်း ဒီနေရာ ဟာ UK က Brighton Beach ဆို တာကို သိစေနိုင်တဲ့ Story လေး တစ်ခု ဖြစ်လာပါတယ်။





အကယ် လို့ အထက် က ပုံ လို ဆိပ်ခံ ဘောတံ တား Pier မပါ ဘူး ဆိုရင် ဘယ်နေရာ မှာ ရိုက်တယ် ဆိုတဲ့ Story ရှိမှာ  မဟုတ် တော့ပါ။





Balancing အမျိုးမျိုးသော နမူ နာ ပုံ များ -

































7.  Differential (selective) Focus







မိမိ ထင်ရှား စွာ ပြ လို တဲ့ အရာ ကို ရွေး ပြီး Focus ဖမ်းပြီးပြ တာ မျိုးကို Differential Focus (Selective Focus ) လို့ ခေါ်ပါတယ်။



ဒီ လို လုပ်ခြင်း အားဖြင့် မိမိ ပြ လိုတဲ့ Main Subject ကိုပြတ်သား  စွာ မြင် နိုင်ပြီး ကျန် အရာ  တွေ ဝါးနေ စေပါလိမ့် မယ်။


ကျန် တဲ့ အရာ တွေ က Main subject ပေါ် ကျရောက် မဲ့ အာရုံ ကို ဆွဲ ထုတ် မ သွား နိုင် အောင် လုပ်တဲ့ နည်းပါ။





အောက်ပါ ပုံ မှာ ကို Select Focus ဖြတ် ထားလိုက် သဖြင့် နောက် က လူ တွေ ဝါး နေတာ တွေ့ ရပါမယ်။ အထူးသဖြင့် Portrait ရိုက် ရာ မှာ သုံးတဲ့ နည်းပါ။


ဒါဟာ  ခွေး ကို ဘဲ အဓိက Main Subject အဖြစ် ပြ လိုက်တာပါ။











Selective Focus နမူ နာ ပုံ များ





















9.  Symmetry



ဓါတ်ပုံ တွင် အချိုး ကျ နေခြင်း ဆိုတဲ့ Symmetry ဟာ တော် ကောင်း တဲ့ Composition တစ်ခု ဖြစ်ပါတယ်။ တစ်ခါ တစ်ရံ လည်း Symmetry ကို ချိုးဖေါက် ထားတဲ့ အချိုး မကျ တဲ့ နေအထားက ကြည့် ကောင်းတာ မျိုး လည်း ရှိ ပြန် ပါတယ်။



Symmetry ဟာ  Rule of Thirds ကို ချိုး ဖောက် ရာ မှာ ကောင်းဆုံး နည်း တစ် ခု ဖြစ်ပါတယ်။



အကြမ်း ဘော ပြော ရပါက Symmetry မှာ လည်း သုံးမျိုုး ရှိပါတယ် -





    1 -   Vertical symmetry



လမ်း တို့ ဆောက် အအုံ စသည် တို့ ဟာ Vertical Symmetry များ ဖြစ်ကြပါတယ်။ အောက်ပါ ပုံ ကို ကြည့်ရင် လမ်း ရဲ့ အလယ် က မျဉ်း ဟာ ပုံ ကို နှစ် ခြမ်း ခွဲ ထားတာ တွေ့ နိုင်ပါမယ်။




လမ်းရဲ့ ဘေး တစ်ဘက် တစ် ချက် စီ   မှာ မတူ ညီ နိုင်တာ  တွေ ရှိ နေနိုင်စေကာမူ Vertical Symmetry ရဲ့ ဥပမာ ကောင်းတစ် ခု ဖြစ်ပါတယ်။







2- Horizontal Symmetry.



အောက်ပါ ပုံ ကဲ့ သို့ ရေ ပေါ် မှာ ရောင်ပြန် အရိပ် ကျေ နေတာ ဟာ Horizontal Symmetry ရဲ့ ဥပမာ ကောင်းတစ်ခုပါ။ Horizontal Symmetry  ဟာ Rule of Thirds နဲ့ တွဲ လို့ အလ ွန် ကောင်းတဲ့ Composition မျိုးပါ။



အဓိက ပြ လိုတဲ့  Main point of Interest ကို Rule of Thirds ရဲ့ မျဉ်း ဆုံ မှတ် တစ် မှာ ထားပြီး သူ့ ရဲ့ Reflection အရိပ် ကို အခြား တစ်နေရာ မှာ Symmetric အဖြစ် ထားတဲ့ နည်းပါ။



အောက် က ပုံ ဟာ သဘာ၀ လျှောက် Horizontal Symmetry  နဲ့ Rule of Thirds တို့ ပေါင်း စပ် ထားတဲ့ Composition မျိုး ဖြစ်ပါတယ်။







3- Radial Symmetry.



ဗဟို ချက်မ နေရာ က နေ ဖြာထ ွက် လာတဲ့ ပုံ ရိပ် များ ဖြစ်ကြတဲ့ Bicycle ရဲ့ Spokes များ၊ ဒေစီ ပန်း ရဲ့ ပွင့်ဖတ်များ ရေ လှိုင်း ဂယက် စသည် တို့ ဟာ Radial Symmetry များ ဖြစ်ကြပါတယ်။







Radial Symmetry နမူ နာ ပုံ များ -




















အခြားသော Symmetry တစ်ခု က တော့ Dynamic Symmetry လို့ ဆိုပါတယ်။

ရှေး ဂရိ ခေတ် ထည်းက သုံးခဲ့တဲ့ နည်း လို့ သိရပါတယ်-


မူရင်း ဆောင်းပါး တွင် မပါ ပါ။


မူရင်း မှာ Symmetry ဆိုတာ လောက်ဘဲ ဖေါ်ပြပါတယ်။

Symmetry မျိုးကွဲ များ ကိုသိသာ နိုင်ရန်အ တွက် Symmetry မူကွဲ များ ကြောင်း  ကို ပြန် ရှာ ကာ  ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။


Dynamic Symmetry means a specific form of composition—a way of building a picture or other object in good proportion so that it is pleasing to the eye. Dynamic Symmetry is the method by which the Greeks built their temples and their gods.
Dynamic Symmetry means a composition of spaces or areas, one in harmony or sequence with another.


လို့ အကြမ်း ဖြဉ်း ရေးထားတာ တွေ့ ရပါတယ်။
















10.  Patterns




Pattern သည် ပုံ ( Shape ) တစ်ခု လိုင်း တစ်ခု ကို ထပ် ခါ တလဲလဲ ဖွဲ့ စည်း ထားတဲ့ အရ လို့ ဆိုနိုင်ပါတယ်။



ဒီလို အရာ တွေ ဟာ မျက် လုံးကို ဆွဲ ဆောင် နိုင်တဲ့ အရာ တေ ပါ။ ဒီ Pattern  တွေ ဟာ ပုံ ထဲ မှာ ရှိတဲ့ Subject နဲ့ သဟဇာတ ( Harmony ) ဖြစ်တဲ့ အခါ အံ့ သြ  ဘွယ် ရာ Composition ဖြစ်လာ တာကို  တွေ့ရပါတယ်။



Pattern Composition မှာ ရေးကြီး တာက Frame ကို အပြည့် ဖြည့် ထားရ မှာ ဖြစ်ပါတယ်။







Pattern နမူနာ ပုံများ -






































  


11.  Depth (Layers)




ပုံတစ်ပုံ ရဲ့ထူးခြား တဲ့  အလွှာ လိုက် ( Layer ) ရှိနေ သော နေ အထားလို့ ဆိုရပါမယ်။ သင် အင်္ကျီ ကိုအလွှာ လိုက် ဝတ် ထားတဲ့ ပုံ စံ မျိုးပါ။





Photography ဆိုတာ  Two Dimensional နေ အထား ပါ။ ဒီလို Layer တေ ကြောင့်  Depth ဖြစ်လာ တဲ့ အခါ မှာ  Three Dimensional ဖြစ်လာပါတယ်။





Foreground, Middle ground,  Back Ground စသည်ဖြင့် အလွှာ တေ ဖြစ်လာပါတယ်။ ဒီ အလွှာ တွေက ကြည့် သူရဲ     ရဲ့ အာရုံ ကို  တစ်လွှာ စီအလိုက် ရုံကို ဆွဲ  သွား ပါ လိမ့် မယ်။




လွှာ ( Layer )နမူ နာများ -


























12.  Depth of Field





ပုံ တစ်ပုံ ရဲ့ ပြတ်သား မှု ဧရိယာ ကိုဘယ်လောက် ထား မလဲ ဆိုတဲ့ ကြောင်း ဖြစ်ပါတယ်။



Portrait ရိုက်သလို ကိုယ် ပြလိုတဲ့ Subject ကိုသာ ပြတ်သားစေပြီး ကျန် တာ အားလုံးကို ဝါး နေ  စေမဲ့ Shallow Death of Field နဲ့ ရိုက်  ကြ လေ့ ရှိပါတယ်။


ဒီနည်း ဟာ Subject ရဲ့ Background Distraction ကို ဖယ်ရှား လိုက်တဲ့ နည်းဖြစ်ပါတယ်။



ဒါမှ မဟုတ် Hyperfocaldistance နဲ့ ရှုမျှော် ခင်း ကို ရိုက်သလို Foreground မှ နောက်ဆုံး Background အထိ - အစ အဆုံး ပြလို တဲ့ အတွက် အားလုံး ပြတ်သား နေ တဲ့ Deep depth of Field နဲ့ ရိုက် ပြ မှာ လား ဘယ် လို ပြ မလဲ ဆိုတာ လည်း ရေးကြီးတဲ့ Composition တစ်ခု ပါ။ 



အောက်  မှာ  ပြ ထားတဲ့ ပုံ တွေမှာ  Depth of Field ကို Subject ပေါ် Center of Interest ဘို့ ဘယ် လို ကစား ထားတယ် ဆိုတာ တွေ့ နိုင်ပါတယ်-





  
လူ ပုံကို သာ Depth of Field  ပေးထား ပြီး နောက်ခံ Background ကို ထင်ထင် ရှားရှား မပြလို တဲ့ အ တွက်ဝါး ထား တဲ့ Shallow Depth of Field.







Depth of Field ရဲ့ အထူအပါးဟာ - 

1-      Lens ရဲ့ Focal Length အတို အရှည်

2-      Camera Aperture အကျဉ်း အကျယ်၊

3-      Subject နှင့် ကင်မရာ တို့ ရဲ့ အက ွာ ဝေး၊ (Focusing Distance,)

4-      ကင်မရာ Sensor အရ ွယ် အစား (Size of Sensor, )





     စတဲ့ အချက် တွေ အပေါ် မူတည်နေပါတယ်။






အထက် က ပုံက Focal Length နဲ့ Aperture တို့ ရဲ့ DOF အပေါ် အကျိုး သက်ရောက် မှု ကို ပြ ထားတဲ့ ပုံပါ။










အထက် က ပုံ က တော့ Aperture အကျဉ်း အကျယ် တစ်ခု ထည်း ရဲ့ DOF အပေါ်သက်ရောက်မှု တစ်ခုထည်းကို နမူနာ ပြ ထားတဲ့ ပုံ ဖြစ်ပါတယ်။






Depth of Field အထူ အပါး အမျိုးမျိုး။








Shallow Depth of Field -


 Shallow Depth of Field -



 Shallow Depth of Field -


 Shallow Depth of Field -



 Deep Depth of Field-



Deep Depth of Field-





13.  Viewpoint





ပုံ ကို ဘယ် လိုနေရာ က  ပြ မလဲ ဆိုတဲ့ Angle ကိုဆိုလိုတာပါဘဲ။ ဒီ ရိုက်နည်း  က လည်း တော် လေး ထိရောက်တဲ့ နည်းပါ။






သာမန် ရိုက်ရိုး ရိုက်စဉ် ရိုက်နေတဲ့ နေအထားက နေ ပေါ်စီး အောက်စီး အလယ် နေရာ က ဖြတ် ရိုက် တဲ့ နည်း ( Low Angle, High Angle, Over Shoulder)  စသည် များအပြင် ပုံမှန် ကမ်းခြေ က  ရေ ထဲ ကို ရိုက်နေရာ က ‌နေ ရေထဲ က နေ ကုန်းပေါ် ကို ပြန်ရိုက်တဲ့ နည်း စသည် ဖြင့်   မြင် ကွင်း ကို   ပြောင်းပေး လိုက် ခြင်း ဖြင့် အမြင် ဆန်း ကာ Subject ဟာ ထူးခြားတဲ့ ပုံ ဖြစ်လာစေပါတယ်။




အောက်  မှာ  ပြ ထား တဲ့ Angle  အမျိုးမျိုး က နေ ရိုက် ထားတဲ့ ပုံ တွေကို ကြည့် ပါရန် -































Over the Shoulder Shot.











14.  Triangles & Diagonals



တြိဂံ  နဲ့ ဒေါင့်ဖြတ် မျဉ်း  တွေဟာ ပုံ ရဲ့ Dynamic Tension ကိုပေးပါတယ်။ ပုံ ကို ဆွဲ ဆောင် မှု ပိုရှိစေပါတယ်။



ကြောင်း က တော့ ကျွန်တော် တို့ တစ်  တွေဟာ ရေပြင် ညီ ( Horizontal Line ) နဲ့ ဒေါင်လိုက် ( Vertical Line )  တွေ ကို သာ အ တွေ့ များနေ ကြလို့ပါဘဲ။



ဒီ လို ပြော လိုက် လို့ Triangles & Diagonals  တွေ ကို လိုက် ရှာပြီး ရိုက် ရမယ် လို့ မဆိုလိုပါ။ သဘာ၀ မှာ ဒါတေ ရှိပါတယ်။ အောက်မှာ ပြ ထားတဲ့လှေကား ထစ်မှာ မိန်းကလေး ထိုင်နေတဲ့  ပုံ ကိုကြည့်ပါက သဘာ၀ Triangle ကို  တွေ့  နိုင်ပါတယ်။



မိသား စု ပုံ ကို Triangle နေအထား နဲ့ စီစဉ် ကာ ရိုက် နိုင်သလို Model တစ်ဦးရဲ့ လက် ကို သူ့ တင်ပါး ပေါ် ထောက် ခိုင်း လိုက်ရင် လည်း Triangle ဖြစ်လာတာပါဘဲ။ တစ်ခါ တစ်ရံ မှာ Leading Lines  တွေဟာ လည်း Triangles & Diagonals တွေ အဖြစ်ရှိနေတာ တွေ့ နိုင်ပါတယ်။





























15.  Fill the Frame



အကယ် လို့ Subject ရဲ့ နောက်ခံ Background ဟာ ဘယ်လို မှ မလွှဲ သာ ရှော င်သာ နှောက် အယှက်  တွေများနေတဲ့ နေအထားမျိုး ရှိနေရင်  ပုံ ကို Frame အ တွင်း ဖြည့် နိုင် လောက် ဖြည့် လိုက်ပါ။





Pattern များကို ရိုက်ရင် လည်း Frame အပြည့် ဖြည့် ရိုက် ပါ။





























16.  Simplicity


Subject တစ်ခု ထည်းကို မည် သို့ သော နှောက် အယှက် ( Distraction ) မှ မရှိစေဘဲ ရိုးရိုး လေး ရိုက် ခြင်း ဟာ လည်း ကြည့် သူရဲ့ မျက်စေ့ Subject အပေါ် ကို တန်း ကာ  ရောက်စေတဲ့ ရိုက် နည်း ပါဘဲ။


ဓါတ်ပုံ မှာ " Simple is Beauty "  ရိုးရိုး လေး ဟာ လှ ပါတယ် ဆိုတဲ့ စကားရှိပါတယ်။




ဒီလို ရိုးရိုးလေး  ပြ ဘို့ အတွက် Subject ကို Zoom ဆွဲ ကာ အနီး ကပ် ( Close up ) အဖြစ် ရိုက် တာမျိုး လည်း ရှိပါတယ်။































17.  Left to Right Rule


ပုံ တစ်ပုံ  အတွင်း ရှိ သက်ရှိ သက်မဲ့ များ ပုံ အတ ွင်း လက်ဝဲ ဘက်မှ နေ လက်ယာ ဘက် သို့  ရွှေ့ လျှား  နေသည့် Photography composition rule ဖြစ်ပါတယ်။



ဥပမာ အားဖြင့် မော်တော် ဆိုင်ကယ် ဘက်ဝဲ ဘက်မှ လက်ယာ ဘက် သို့ မောင်း  နှင် နေသည့်ပုံ၊  လူ ဘက်ဝဲ ဘက်မှ လက်ယာဘက် သို့ လမ်း လျှောက်  နေ သည့် ပုံ ငှက် ဘက်ဝဲ ဘက်မှ လက်ယာ ဘက် သို့ ပျံ ‌ နေသည့် ပုံ  မျိုး ကို ဆိုလိုပါတယ်။





ဒီ Composition Rule ဟာ Rule of Space နဲ့ လည်း ဆက် နွယ် နေပါတယ်။


























18.  Rule of Space


အချို့ သော ခြေ နေမျိး အတ ွက် တည်ငြိမ် နေတဲ့ Subject   ရွေ့ လျှားနေတဲ့ Subject တို့  ရဲ့ ရှေ့မှာ နေရာလပ်  ( Room of Breath ) ချန် ထားပေးရပါမယ်။   ကျပ်   နေ စေရပါဘူး။



နည်း ဖြင့် ကြည့်သူရဲ့ မျက်စေ့ ဟာ ပုံထည်းက subject သွား နေတဲ့ ဦး တည် ချက် အတိုင်း လိုက် သွား ပါလိမ့် မယ်။



ဒီ Rule of Space ဥပဒေသ ဟာ အရင်ပြော ခဲ့ တဲ့ Negative Space Rule နဲ့ ချိတ်  ဆက်နေပါတယ်။



ဒါ ဟာ အရင် က ပြော ခဲ့ တဲ့ Composition Rule တစ်ခု နဲ့ တစ်ခု ဟာ Overlap ဖြစ်နေတယ် ဆိုတဲ့ သာဓက ပါဘဲ။



အကယ် ရွေ့ သာ Room of Breath နေရာ ရှေ့ မှာ မရှိဘဲ နေရာ  လွတ်ကို နောက် မှာ ထားခဲ့ရင် ကြည့် ရသည်မှာ သက်တောင့် သက်သာ ရှိမှာ မဟုတ်ပါ။
































19.  Rule of Odds





- ၈ဏန်း ဥပဒေသ က တော့ ပုံ တစ်ပုံအတွင်း  မှာ အရာဝထ္ထု  () နှစ်ခု () လေးခု (ခြောက်ခု စတဲ့ စုံ ဂဏန်း ထားတာထက်   (ဂဏန်း ဖြစ်တဲ့ () သုံးခု () ငါးခု၊ () ခုနှစ်ခု စတဲ့ ( ) ဂဏန်း အရေ အတွက် ထားခြင်း က ပို၍ အာရုံ ကို ဆွဲ ဆောင် မှု ရှိတယ် ဆိုတဲ့ ဥပဒေသ ဖြစ်ပါတယ်













အထက်က ပုံ နှစ်ပုံ ကို ကြည့် ပါက ဘယ်ဘက် က ပုံ (A) ဟာ ငြိမ် နေတဲ့ ( Static ) သဘော မျိုး  တွေ့ ရပြီး ညာ ဘက်က ( ) ဂဏန်း ပုံ (B) က တော့  အသက်ဝင်တဲ့ ( Dynamic ) ဘော ရှိနေတာ ကို တွေ့ရပါမယ်။
















ပုံ အ တွင်း မှာ သက်ရှိ သက်မဲ့ များ ရဲ့ () ဂဏန်း အရေ အတ ွက် ဟာ အလွန် အစွမ်း ထက်တဲ့ Composition ပါ။ ဒီ ဥပဒေသ ဟာ Rule of Symmetry နဲ့ ဆန့် ကျင် သလို တော့ ဖြစ်နေပါတယ်။




Rule of Odd sample Pictures.




























အချုပ် စကား။




အချုပ် အား ဖြင့် တော့ ဘယ် Composition Rule ‌‌ တွေကိုမှ တရားသေ ယူရန် မဟုတ်ပါ။အ ခြေ နေ ကို ကြည့် ပြီး အသုံး ချရ မှာ ဖြစ်ပါတယ်။


သင့် နေနဲ့ Photography Composition Rules  တွေ ကို ကောင်း စွာ နားလည် သဘော ပေါက် အောင် အရင် လေ့ လာ သင့်ပါတယ်။ လေ့လာ လို့ သဘော ပေါက် ပြီ ဆိုရင်တော့ ဥပဒေသ  တွေ ကို ချိုးဖေါက်လိုက ချိုးဖေါက်  ဖို့ စဉ်း စား နိုင်လာ ပါပြီ။





ဒါ ပေမဲ့တစ်ခု သိထားရမှာ က Photography Composition Rule တစ်ခု ကို ချိုးဖေါက် တော့ မယ် ဆိုရင် ဘာကြောင့် ချိုးဖေါက် ရတာ လဲ   ဆို တဲ့ ကြောင်း ရှိရပါမယ်။


ဒီလို မဟုတ် ဘဲ ဥပဒေသ  တွေ ကိုရမ်း သမ်း ချိုးဖေက် လို့ က တော့  ပုံ ဟာ တော် ညံ့ တဲ့ ပုံ ဖြစ်သွား ပါလိမ့် မယ်။





-----------------------------------


1 comment: