Friday 6 March 2020

နှလုံးသားထဲ စူးဝင် သွားစေတဲ့ ခလေး ငယ် ဓါတ်ပုံ များ




 105– Children Photograph                                               ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၁၀၅ )




 နှလုံးသားထဲ စူးဝင် သွားစေတဲ့ ခလေး ငယ် ဓါတ်ပုံ များ “
Pictures Of Children That Will Hit Your Heart



စကားဦး

စင်စစ်အားဖြင့် ဒီ မှတ်စုလေး ရေးဘို့ စိတ်ကူး မူလ က မရှိခဲ့ပါ။ Priterest က ပေးပို့ လာတဲ့ ဓါတ်ပုံ များ အနက် Reference အတွက် ပုံ များကို သက်ဆိုင်ရာ ဘာသာ ရပ် အလိုက် စုဆောင်းရင်း ရင်ထဲ ကို စူး ဝင်သွားတဲ့ ကလေး ဓါတ်ပုံ များ တွေ့ ရာ က နေ ဒီ Children Photography မှတ်စုလေး ရေးရန် စိတ်ကူး ပေါ်လာ ခြင်း ဖြစ်ပါတယ်။

ဒီအတွက် Children Photography နဲ့ ပတ်သက် လို့ လက်လှမ်း မီရာ ခြေနိုင်လက်နိုင် ဆောင်း ပါး များ ကို ရှာဖွေ ရာ  Drew BittLe ရဲ့   “ Taking Action Shot of Kids “  နဲ့  Kellie Mclntyre ရဲ့ “ Famous Pictures Of Children That Will Break Your Heart “ တို့ ရဲ့ ဆောင်းပါးများမှာ တွေ့ သဖြင့် အဆိုပါ ဆောင်း ပါး များကို အခြေ တည် ကာ ဒီမှတ်စုလေး ကို ရေးသား မျှဝေ လိုက်ရ ခြင်း ဖြစ်ပါတယ်။  

ကလေး ဓါတ်ပုံ ( Children Photography ) လို့ ဆိုလိုက် ပါက များသော အား ဖြင့်  ကလေး တွေ  ပျော်ရွှင် စွာ ပြေးလွှားဆော့ ကစား     နေသည့် ပုံ များကို သာ တန်း မြင်ကြ လေ့ ရှိပါ တယ်။

ဆောင်းပါးရှင်  Kellie Mclntyre က မူ  သူ့ဆောင်းပါးထဲ မှာ  Children have often been pictured in both, from  joyful moments to tragic ones. They speak directly to the heart without barrier of language or distance.”

  ကလေး ကို ဓါတ်ပုံ ရိုက်ကြ ရာ မှာ ပျော်ရွှင် နေ တဲ့ ပုံ ကအစ  ကြေ ကွဲ ဝမ်းနည်း ဘွယ်ရာ ပုံတွေ အဆုံး ကဏ္ဌ နှစ်မျိုး စလုံး ရိုက် ကြ ပါတယ်။   ဒီလို ကလေး တွေရဲ့ ပုံ တွေ ဟာ  မည်သို့ သော ဘာသာ စကား အတားအဆီးမှ မရှိဘဲ နှလုံး သားထဲ တိုက်ရိုက် ဝင်ရောက် ကာ စကား ပြော သွားတဲ့ ပုံတွေ ဖြစ်တယ် “ လို့ ရေး ထား ပါတယ်။

အထက် မှာ Kellie Mclntyre ပြော တာကို ကျွန်တော့် အနေ နဲ့ အနည်း ငယ်  ချဲ့ ကာ သာဓက နဲ့ ပြော ရ ရင် -


အောက် မှာ ပြ ထားတဲ့ ပုံ ကဲ့ သို့ ဘဝ အတွင်း တွန်း တိုက် လှုပ် ရှားရုံးကန် နေကြရတဲ့ Children Ptography ပုံ များ မူ တွေ့ ရခဲပါတယ်။ ဒီပုံ တွေ ဟာ ကြည့်နေသူ ကို  ပုံ အတွင်း မှနေ ပြီးစကား ပြော နေတဲ့  ပုံ များ ဖြစ်ကြ ပါတယ်။














အောက် ပါပုံ များ ကဲ့ သို့ ကလေး ဓါတ်ပုံ ( Children Photography ) ဟု ဆို လိုက်သည်နှင့်  ပြေး မြင် လေ့ ရှိကြတဲ့ ကလေး တွေ  ပျော်ရွှင် စွာ ပြေးလွှားဆော့ ကစား နေ ကြ  တဲ့ ပုံ များ ကိုတော့ အတွေ့ များ နိုင် ပါတယ်။



















ဤမှတ်စု ရဲ့ ပထမ ပိုင်း မှာ နှလုံး သားထဲ စူးဝင် သွားတဲ့ ပုံတွေ အကြောင်း ကို Kellie Mclntyre  ရဲ့ ဆောင်းပါး ကို အခြေခံ ကာ ရေး ပါမယ်။

ဒုတိယ ပိုင်း ၎င်း မှာ တော့ လှုပ်ရှား ပြေးလွှား ဆော့ ကစားနေတဲ့ ခလေး များရဲ့ Motion ကို ဖမ်း တဲ့ Action Shot ရိုက်နည်း အကြာင်း ကို မူ Drew BittLe ရဲ့ ဆောင်းပါး ကို အခြေ ခံ ကာ  ရေးပါမယ်။

                                      

နှလုံးထဲ စူးဝင် သွားစေတဲ့ ကလေးငယ်ပုံ များ။


ဤ အပိုင်း ကို  Kellie Mclntyre ရဲ့ ဆောင်းပါး  တွင် ဖေါ်ြပ ထားတဲ့ ပုံ များ ရဲ့  တစ်ပုံ ခြင်းစီ ရဲ့  ဖြစ်စဥ် အကြောင်း အား အခြေ ခံ ကာ ရေးထားခြင်း ဖြစ် ပါတယ်။

ဒီပုံတွေ ဟာ ကမ္ဘာ ကျော် ခလေးငယ် ပုံတွေ ဖြစ်ပါတယ်။ ထိုစဥ် အခါ က သက်ဆိုင်ရာ ပုံ အလိုက် ဖြစ် စဥ် များ နဲ့ ပတ်သက်တဲ့ ဥပဒေ ‌ကြာင်း များ ၊ လုပ်ငန်းစဥ် များကို ပြောင်းလဲ လိုက်နိုင်သည်အထိ ဩဇာ ကြီး ခဲ့တဲ့ ပုံ တွေ ဖြစ်ပါတယ်။


1 - Vulture Waiting For Girl To Die




Photographer - Kevin Carter
Title: The Vulture and the Little Girl, Ayod, South Sudan, 1993

ဆူဒန် တောင်ပိုင်း မှာ  အငတ်ဘေး ဆိုက်ရောက်စဥ် က အစာရေစာ ပြတ် လပ် သဖြင့် လမ်း ပင် မလျှောက် နိုင်တော့ သည့် ခလေးမ လေး သေမဲ့ အချိန် ကို လင်းဒ က စောင့် တဲ့ ပုံ ဖြစ်ပါတယ်။

ဓါတ်ပုံ ဆရာ  Kevin Carter အနား မှာ ရှိနေစဥ် ခလေး မလေး ဟာ တွား သွားနေဆဲ ဖြစ်ပါတယ်။ ဓါတ်ပုံ ဆရာ  အနား မှာ ရှိနေတဲ့ အတွက် လင်းဒ က လည်း ရှေ့ မတိုး ဘဲ စောင့် ကြည့် နေ ပါတယ်။

ဓါတ်ပုံ ဆရာ   ဟာ ဓါတ်ပုံ ရိုက်အပြီး မှာ လင်းဒ ကို လိုက် မောင်းထုတ် လိုက်တယ် လို့ ဆိုပါတယ်။ လူ တွေ က ဘာကြောင့် ဓါတ်ပုံ ဆရာ  က ခလေး မလေး ပင်ပင် ပန်းပန်း  တွားသွားနေတာ ကို မကူညီဘဲ လင်းဒ ကိုဘဲ မောင်းထုတ် တာလဲ လို့ မေးကြ ပါတယ်။

အကြောင်း ကတော့ Photojournalist များ အနေနဲ့ ရောဂါ မပြန့် ပွားစေရေး  အတွက် ဒုက္ခသည် များကို မထိရ မကိုင် ရ လို့ မှာ ထားတဲ့ အတွက် ဖြစ်တယ် လို့ သိရပါတယ်။

ဆူဒန်မှာ အငတ်ဘေး ကျနေတာ သာမန် အားဖြင့် သိနေကြပေမဲ့ ယခု ပုံ ၁၉၉၃ ခုနှစ် မတ်လ (၂၆) ရက် ထုတ်  New York Times မှာ ပါ လာ‌ တော့မှ ဆူဒန် အငတ်ဘေး ကို ကမ္ဘာ က ခေါင်းထောင် ကြည့် လာ ကြတဲ့ ပုံ ဖြစ်ပါတယ်။

ဤပုံ ဟာ Pulitzer Prize ဆုရတဲ့ ပုံ ဖြစ်ပါတယ်။

ကလေး မလေး ကို ဓါတ်ပုံ ဆရာ က မကူ ရကောင်းလားဆိုတဲ့ ဝေဘန်မှု မှုန်တိုင်း ဟာ အတော်ပြင်း ထန်ပါတယ်။ ဒွေး ရော ဥပါတ် ရော ယှက် ကာ ဓါတ်ပုံ ဆရာ  Kevin Carter ဟာ ၁၉၉၄ ခု နှစ် စက်တင်ဘာလ (၁၃) ရက်နေ့ ၊ အသက် ၃၃ နှစ် အရွယ်မှာ သူ့ ကိုယ် သူ သတ်သေ သွားပါတယ်။


2 - Young Syrian Refugee After A Failed Smuggling



Photo credit: Nilufer Demir
Photographer - Nilufer Demir
Title: Death of Alan Kurdi, Bodrum, Turkey, 2015

ဓါတ်ပုံ ဆရာ  Nilufer Demir ဟာ အထက်ပါ အသက် မဲ့ နေတဲ့ နှစ်နှစ် အရွယ် ဆီးရီးယား ကလေး ငယ် Alan ပင်လယ် ကမ်း‌ ခြေ မှာ သောင်တင် နေတာကို မြင်စက အိပ် နေတယ် လို့ ထင် နေခဲ့ မိပါတယ်။

Nilufer Demir ကလည်း သူ အခု လို ဓါတ်ပုံ ရိုက်လိုက်ခြင်းဟာ “the only way to express the scream of his silent body “ ကြောင့် လို ဆိုပါတယ်။

ကလေး ငယ် Alan ဟာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့ ပြည်သူ ထောင် သောင်း နဲ့ ချီကာ အသတ်ခံ ရတဲ့ ဒုက္ခသည် ထည်း က တစ် ဦး ဖြစ်ပါတယ်။ သန်းနဲ့ ချီတဲ့ စစ်ပြေး တွေ ဟာ ဒုက္ခသည် စခန်း‌ တွေမှာ ခိုလှုံ ကြရပါတယ်။



3 - A Family In A Pea Pickers’ Camp During The Great Depression





Photo credit: Library Of Congress
Photographer - Dorothea Lange
Title: Migrant Mother, Nipomo, California, 1936

အမေရိကန် Great Depression ကာလ က အလွန်နံမည် ကြီးတဲ့ ပုံ တစ်ပုံ ဖြစ်ပါတယ်။ ထိုစဥ်ကာလ က အသက်လု  ရုံးကန်  နေခဲ့ ကြ ရတဲ့ လုပ်သား များစွာ အနက် လမ်းဘေး မှာ ပင် ပျောက်ဆုံး ကုန်တဲ့ လူတွေ မနည်း လှပါ။

ဒီပုံလေး  မှာ ပါတဲ့ ငတ်ပြတ်နေတဲ့ မိခင်နဲ့ ခလေး တွေ ကို ဓါတ်ပုံ ဆရာ Dorothea Lange က ကာလီ ဖိုးနီးယား Pea Pickers’ Camp မှာ ရိုက်ကူး ခဲ့ တာ ဖြစ်ပါတယ်။ Camp မှာ သေ တဲ့ သူတွေ လည်း အအေး ထဲ မှာ ခဲ တောင့်နေ ပြီး ဒုက္ခ သည် တွေ မှာ လည်း ဘာ စား စရာ မှ မရှိ ဖြစ်နေပါတယ်။

ပုံ မှာ ပါတဲ့ အသက် (၃ရ ) နှစ် အရွယ် ကလေး (၇) ယောက် မိခင်  Florence Owens Thompson ဟာ ကား တိုင်ယာ ဖြုတ် ရောင်း ပြီး ကလေး များ အတွက် စားစရာ ဝယ်ရပါတယ်။

ဒီ မိသားစု ဟာ ငတ်လွန်း တဲ့ အတွက် နောက်ပိုင်း မှာ ကလေး တွေ ဖမ်း တဲ့ ငှက် တွေ ကို စားခဲ့ ရပါတယ်။ အခု ပုံ ကို Migrant Mother အမည် နဲ့ ထုတ်လွှင့် ပြိးလိုက်တဲ့ နောက်ပိုင်း မှာ လှူဒါန်း တဲ့ အစား အသောက် ကီလို ဂရမ် ပေါင်း ၉၁၀၀ Pea Pickers’ Camp က်ို ရောက်လာပါတယ်။

Photo-Media ရဲ့ အစွမ်း လို့ ဆိုရပါမယ်။



4 - A Fall From A Building Captured On Camera




Photo credit: BBC

Photographer - Stanley Forman
Title: Fire Escape Collapse, Boston, Massachusetts, 1975

အမေရိကန် Boston မှာ မီးဘေး ကြောင့် မီးဘေးရှောင် လှေကား (Fire Escape ) တွင် ပိတ်မိနေတဲ့ ကလေး မလေး Tiare နဲ့ သူ့ Godmother  Diana Bryant တို့ ကို မီး သတ် တပ်ဖွဲ့ တင် တွေ က လာရောက် ကယ်တင် နေစဥ် Fire Escape လှေကား ပြိုကျ တာကို ရိုက်ထားတဲ့ ပုံ ဖြစ်ပါတယ်။

ဓါတ်ပုံ ဆရာ Stanley Forman ဟာ ကယ် ဆယ် ရေး လုပ်ငန်း ဆောင်ရွက် နေတာ ကို ရိုက် နေတာ ဖြစ်ပါတယ်။ သူ ဓါတ်ပုံ ရိုက်နေစဥ် မှာ ဘဲ ကလေး မလေး နဲ့ သူ့ အမေတို့ ရပ် နေတဲ့ Fire Escape လှေကား ပြိုကျ သွားပါတယ်။

Stanley Forman ဟာ လူတွေ မြေပြင် ပေါ် ကျ ကာ သေ တဲ့ အနိဌာ ရုံ တွေ ကို မရိုက်လို တဲ့ အတွက် ကင်မရာ ကို လွဲ လိုက်ပါတယ်။ သို့ သော် အခု လို ကလေး မလေး Tiare လေ ထဲ မှာ ရှိနေတဲ့ ပုံ ကို တော့ အမှတ်မထင် ရ လိုက်ပါတယ်။

အမေ ဖြစ်တဲ့ Diana Bryant မြေပြင်ပေါ် အရင် ကျ ကာ သေသွားပါတယ်။ ကလေးမလေး Tiare က နောက် မှ ကျ လာပါတယ်။ ကျ တော့ လည်း အမေ ပေါ် တည့်တည့် ကျ လို့ အမေ က Cushion သဘွယ် ဖြစ်နေကာ အသက် မသေဘဲ ယနေ့ထိ အသက် ရှင်ဆဲ လို့ သိရပါတယ်။

Stanley Forman ဟာ ဒီပုံ နဲ့ Pulitzer Prize ဆု ပါတယ်။

ဒီ ပုံ ကြောင့် အမေရိကန် ရဲ့  Fire Escape Code ကို ဝေဘန် မှု ပြင်းထန် ခဲ့တဲ့ အတွက် မြောက် များစွာသော အမေရိကန် မြူနီစီပါယ် တွေ ဟာ သူတို့ ရဲ့ Fire Escape Code ကို ပြင်ခဲ့ ကြရတယ် လို့ ဆိုပါတယ်။



5 - Girl Works In Cotton Factory Despite Child Labor Laws




Photo credit: Time
Photographer - Lewis Hine
Title: Sadie Pfeifer, Lancaster, South Carolina, 1908

Photographer Lewis Hine ဟာ အမေရိကန် ခလေး လုပ်သား ဥပဒေ ကို ဆန့် ကျင်ကာ ခလေး ငယ် များ အား မတရား ခိုင်းစေနေသည်များကို ဖေါ်ထုတ် ရန် မက်ဆာချူးဆက် (Massachusetts ) မှ North Carolina အထိ အလုပ် စက်ရုံ များကို သွားရောက်လေ့ လာ ခဲ့ပါတယ်။

 Bible Seller ပုံစံ မျိုး Insurance agent ပုံ စံ မျိုး အယောင် ဆောင်ကာ သွားရောက် ခဲ့ ပါတယ်။ လွယ်လွယ် တော့ မဟုတ်ပါ။ အကြမ်း ပတမ်း တိုက်ခိုက်ခံ ရခြင်း များ အသက် ကိုပင် ရန်ရှာ တဲ့ အဖြစ် မျိုး များ ခံခဲ့ ရတယ် လို့ သိရပါတယ်။

ခလေး လုပ်သားတွေဟာ ဘာပညာ မှ သင်ခွင့် မရဘဲ ထုတ်လုပ်တဲ့ Quota မပြည့် ရင် အပြစ် ပေးခံ ကြရပါတယ်။ ပုံထဲ က ခလေး မလေး Sadie Pfeifer လို စက် ကြီးများ ကိုင်တွယ် မောင်းနှင် နေရပေမဲ့ ရတဲ့ လုပ်ခ က မပြော ပလောက်ပါ။

ဒီ ပုံကြောင့် အမေရိကန် Child Labour Law ကို အတော် ဝေ ဘန်ခံ ရ တယ် လို့ သိရပါတယ်။ 



6 - Iraqi Girl Crying After Her Family Died At A Checkpoint




Photo credit: taringa.net
Photographer - Chris Hondros
Title: Iraqi Girl at Checkpoint, Tal Afar, Iraq, 2005

၂၀၀၅ ခုနှစ် က အီရတ် Chack Point တစ်ခု မှာ ပုံ တွင် သွေးစက်များ အကြား ထိုင် ငိုနေတဲ့ (၅) နှစ် အရွယ် Samar Hassan ရဲ့ ကား ကို အမေရိကန် တပ်ဖွဲ့ တွေ  ပစ်ခတ် ဖမ်းဆီး ထားစဥ် ရိုက် ထားတဲ့ ပုံ ဖြစ်ပါတယ်။

Samar Hassan ရဲ့ မိဘ တွေ က သူ့ ရဲ့ အစ်ကို ကို ဆေး ရုံ ကနေ ပြန်ခေါ် လာစဥ် အမေရိကန် စစ်သားများက အသေခံ ဗုံး ခွဲ သူ ( Suicide bomber ) ထင်ကာ များ ပစ်ခတ် ခြင်း ဖြစ်ပါတယ်။ Samar Hassan ရဲ့ မိသား စုဝင်တွေ သေ ကုန်ပါတယ်။ နောက်တော့ မှ      သာမန် အရပ်သား များ ဖြစ်ကြောင်း သိသွားပါတယ်။

ဒီလို စစ်သတင်း ပုံတွေ ကို ဖြန့် ချီခြင်း မပြုဘဲ သိမ်း ထားရန် ပြော သော် လည်း Hondros က စာနယ် ဇင်း တွေ ကိုပို့ ခဲ့ ပါတယ်။ Chris Hondros ဟာ အန္တရာယ် များ လှတဲ့ စစ်သတင်း များ ယူ ရင် ၂၀၁၁ မှာ လစ်ဗျား ပြည်တွင်း စစ် အတွင်း သေဆုံးသွားပါတယ်။

ဒီပုံ ဟာ Iraq War မှာ အတော် အရေးပါတဲ့ ပုံ ဖြစ်လာ ပါတယ်။ ခလေးမလေး ရဲ့ မျက်နှာ မှာ ပေါ် နေတဲ့ ခံစား ချက် ဟာ ပြည်သူတွေ ရဲ့ နာကျဥ်း ချက် ကို ကိုယ်စား ပြုနေတဲ့ ဆိုပါတယ်။
ဒီ ပုံဟာ နောက် ပိုင်း မှာ Pentagon ကိုရောက်သွားတော့ အမေရိကန် တွေ က သူတို့  ရဲ့ Checkpoint ဆိုင်ရာ Policy တွေ ကို ပြုပြင် ပြောင်း လဲရေး လုပ် တယ် လို့ သိရပါတယ်။



7 - Jewish Boy Surrenders In A Ghetto Roundup





Photo credit: emory.edu
Photographer - Nazi SS Major General Jurgen Stroop.
Title: Jewish Boy Surrenders in Warsaw, Warsaw, Poland, 1943

ဒုတိယ ကမ္ဘာ စစ် အတွင်း ပိုလန် ကို ဂျာမန် များသိမ်း ကာ ဂျူး လူမျိုး လေးသိန်း ခွဲ ကျော်ကို သီးခြားနေရာ တစ်ခု ဖြစ် တဲ့ Warsaw ghetto မှာ ထားပါတယ်။ ဒီနေရာ ကနေ ဂျူးတွေ ကို Nazi concentration camps နဲ့ အစု လိုက် အပြုံ လိုက်သတ်တဲ့  Mass-killing Centers တွေ ကို ပို့ ပါတယ်။

 ဂျာမန် တွေ ရဲ့ ညှင်းဆဲ မှု ကို မခံ ရပ် နိုင် တဲ့ အဆုံး ၁၉၄၃ ခုနှစ် မေလ မှာ Warsaw ghetto  ရှိ ဂျူးတွေ တော်လှန် ပုန်ကန် ကြပါတယ်။ ဂျာမန်‌တွေ နှိမ်နှင်း လို့ ဂျူးပေါင်း သုံးသိန်းခန့် သေဆုံးတယ် လို့ ဆိုပါတယ်။  ကျန် တဲ့ ဂျူး ခြောက် သောင်း ခန့် ကို သတ်တဲ့ သူ ကိုသတ် လိုက် သလို ၊ Concentration Camp ကိုပို့ တဲ့ သူ တွေ ကို လည်း  ပို့ ပါတယ်။

ဒီပုံထဲ မှာ တွေ့ ရတဲ့ (၁၀) နှစ် အရွယ် ခန့် ရှိ ခလေးငယ် က Warsaw ghetto ထဲ က ခလေး ပါ။ ဒီ ခလေး ငယ် က သူ့ ကို မသတ်ဘို့ လက် မြှောက်ကာ လက်နက် ချ တဲ့ ပုံ ကို ဂျာမန် Nazi SS Major General Jurgen Stroop က Warsaw ghetto  ရှင်းလင်း တဲ့ မှတ်တမ်း အဖြစ် ရိုက်ထားခြင်း ဖြစ်ပါတယ်။

ဒီ လက်နက်ချ တဲ့ ခလေး ပုံ ဟာ ဂျာမန် အသတ်ခံ ရတဲ့ ဂျူး ပေါင်း ၆ သန်း ကျော် ရဲ့ မျက် နှာ တွေ ကို ကိုယ်စားပြု တယ် လို့ ဆိုပါတယ်။



8 - Children Fleeing From Mistaken Bombing






Photo credit: NPR
Photographer - Nick Ut
Title: Napalm Girl, Trang Bang, Vietnam, 1972

၁၉၇၂ ခုနှစ် ဗီယက်နမ် စစ် အတွင်း အမေရိကန် လေယာဥ် က Trang Bang ရွာကို သူပုန် ထင်ပြီး Napalm ဗုံး ကျဲချ ရာ ခလေး များ ဘေးလွတ်ရာ ပြေးနေတဲ့ ပုံ ဖြစ် ပါတယ်။

Photographer Nick Ut ဟာ ဗုံး ရှောင် ဘို့ သူ့ ဆီ ပြေး လာတဲ့ ခလေး တွေ ကို အခြားသော ဓါတ်ပုံ ဆရာ များနဲ့ အတူ ရိုက် နေရာ ခလေး များထဲ မှာ အဝတ် အစား မပါဘဲ အော်ဟစ်ကာ  ပြေး လာတဲ့ ခလေး မလေး ကိုပါ ရိုက်မိလိုက်ပါတယ်။ ဒီပုံ ဟာ ကမ္ဘာ ကျော် သွားပါတယ်။ ခလေး မလေး အဝတ်အစားတွေ ဟာ Napalm ဗုံး ကြောင့် မီးလောင်သွား တယ်လို့ သူ သိလိုက်ပါတယ်။

ဒီ ခလေး မလေးဟာ အမေရိကန် မှာ ယခု ထိ ရှိနေပါတယ်။

ဒီ Napalm Girl ပုံ ဟာ အမေရိကန် ဆို့ ရဲ့ ဗီယက်နမ် စစ် ဟာ အကောင်းထက် အဆိုး ပိုတယ် ဆိုတာ ကိုပြနေပါတယ်။



9 - First Picture Of Fetus Within The Womb




Photo credit: flavorwire.com

Photographer - Lennart Nilsson
Title: The Drama of Life Before Birth, Stockholm, Sweden, 1965

မိခင် ဝမ်း ဗိုက် အတွင်း ရှိ ခလေး သန္ဓေ လောင်း ( Fetus ) ကလေး မည်သို့ ကြီးထွားလာသည်ကို လူ တွေ ပထမ ဦး ဆုံး အကြိမ် မြင်ရတဲ့ ပုံ ဖြစ်ပါတယ်။

ဒီ လိုပုံ ကို ဘယ်လိုများ ရိုက် ပါ လိမ့် လို့ လူတွေ တစ် အံ့ တစ် ဩ ဖြစ်ခဲ့ ကြပါတယ်။ ဒီ ပုံ ပါတဲ့ Life Magazine ဟာ ခန အတွင်း မှာ စောင်ရေ (၈) သန်း ကျော် ရောင်းလိုက်ရပါတယ်။
ဒီ မှာ တင်  အမေး တစ်ခု ပေါ် လာတာ က “ ဒီ သန္ဓေ လောင်း ( Fetus ) ကလေး ဘယ် အချိန် က လူ ဖြစ်လာသလဲ “ ဆိုတဲ့ မေးခွန်းပါဘဲ။

ဓါတ်ပုံ ဆရာ Lennart Nilsson ဟာ သန္ဒေ ကာ လမှာ သန္ဓေ လောင်း ( Fetus ) ဘယ်လို ဖြစ်လာသလဲ ဆိုတဲ့ မှတ်တမ်း ကို ၁၂ နှစ် ကြာ အချိန် ယူ ရိုက်ကူး ခဲ့ ပါတယ်။

သာမန် အား ဖြင့် မိခင် သားအိမ် ထဲ မှာ ရှိတဲ့ သန္ဒေ သားလောင်းကို ဓါတ်ပုံ ရိုက်ဘို့ ဆိုတာ ဖြစ်နိုင် ခြေ မရှိလို့ ဆိုရပါမယ်။ မည်သို့ ပင် ဆိုစေကာမူ Lennart Nilsson ကတော့ ဒီ ပုံ ကို ရိုက် နိုင် လိုက်ပါပြီ။

ဒီ ပုံ ကို ပဋိသန္ဓေ ဖျက်ချရေး ဆန့်ကျင်သူ (Antiabortionists ) များက “ ( ခလေး )အသက် ရှင်သန် နိုင်ခွင့် နဲ့ ( ကာယကံရှင် က ) ရွေးချယ် ပိုင် ခွင့် “ ( Right to life vs. the Right to choose )  ဆိုတဲ့ အားပြိုင် မှု မှာ Iconic images အဖြစ် သုံး ခဲ့ ကြပါတယ်။

Nilsson ကတော့ Abortion  ကို ပွင့်ပွင့် လင်းလင်း အားပေးသူ မဟုတ်ပါ။

“ ဒီပုံ ကလေး က  Respect of Life ကို အထောက်အပံ့ ပြု တယ် ဆိုရင် ကျွန်တော် ကြေနပ်ပါပြီ “  လို့ Nilsson ကပြော ပါတယ်။



10 - Japanese Bombing Of Fleeing Chinese Refugees





Photo credit: militaryhistorynow.com

photographer - H.S. Wong
Title: Bloody Saturday, Shanghai, China, 1937

၁၉၃၇ ခုနှစ် ဩဂုတ်လ ( ၂၈ ) ရက် စနေနေ့ မှာ ဂျပန် ဗုံးကြဲ လေယာဥ် များက ဂျပန် စစ် ရန် က ရှောင် နေကြတဲ့ တရုတ် တွေ များစွာရှိ နေတဲ့ ( Shanghai)  ရှန်ဟိုင်း မီး ရထား ဘူတာ ရုံ ကို ဗုံးကြဲ ရာ လူများစွာသေဆုံး ခဲ့ပါတယ်။

ဗုံ ကျဲ ပြီးလျှင် ပြီးခြင်း မှာ ဒီ ခလေး ပုံ လေး ကို တရုတ် ဓါတ် ပုံ ဆရာ H.S. Wong က ရိုက်လိုက်ခြင်း ဖြစ်ပါတယ်။

ဓါတ် ပုံ ဆရာ H.S. Wong က ---

“ ကျွန်တော့် ဖိနပ် ဟာ သွေး တွေ နဲ့ ရွဲနစ် နေ ပါတယ်၊  အခု ပုံ မှာ ပါတဲ့ ခလေး အမေ ဟာ သေ နေပါပြီ ၊ ခလေး က သေ နေတဲ့ အမေ နားမှာ ငိုနေ ပါတယ်၊ ဓါတ် ပုံ ရိုက် အပြီးမှာ ခလေး ကို သွားကယ် လိုက် ပါတယ်၊ မကြာမှီ မှာ ဘဲ ခလေး အဖေ က ခလေး ကို လာခေါ် သွား ပါတယ် ။.”   လို့ ပြော ပါတယ်။

ဒီပုံ ဟာ ပထမ တရုတ် သတင်းစာ မှာ ပါ လာပြီး နောက် အမေရိကန် ကို ရောက်သွားပါတယ်။

ဒီပုံလေး က  ဝမ်းနည်း ကြေကွဲ ခြင်း ၊ သေကြေ ကြ ခြင်း၊ ကစင့်ကလျှား ဖြစ်ကြခြင်း စတဲ့ စစ်ရဲ့ အနိဌာ ရုံ တွေ ကို ဖေါ်ညွှန်းတဲ့ ပုံလေး ဖြစ်လို့ ကမ္ဘာ ပေါ်ရှိ လူပေါင်း သန်း ၁၃၀ လောက် က ဂရုနာ သက် တဲ့ ပုံ လေး  ဖြစ်လာပါတယ်။

ပုံ လေး ကို The Shanghai baby shocked the country လို့ ဆိုကြပြီး ကျူးကျော်သူ ဂျပန် အပေါ် အပြစ်တင် ကြ ပါတယ်။

ဒီ ဖြစ်ရပ်ဟာ အမေရိကန် ကိုစစ်ထဲ တွန်းပို့ လိုက်တဲ့ Leading Landmark ဖြစ်တယ် လို့ ဆိုကြပါတယ်။

 အထက်ပါ ပုံ များ နဲ့ သမိုင်း ကြောင်း ဖြစ်ရပ် များဟာ ယနေ့ တိုင် ကမ္ဘာ ကျော် ပုံ များ ဖြစ်နေပါတယ်။ ဒီလို ပုံ မျိုး ဟာ တစ်သက် မှာ တစ်ခါ လောက် သာ ကြုံ နိုင်တဲ့ ဖြစ်ရပ် မို့ ပြန်ရိုက် ဘို့  မဖြစ်နိုင်တဲ့ ပုံ ၊ တု ရိုက်ဘို့ မဖြစ်နိုင် တဲ့ ပုံ တွေ ဖြစ်ကြပါတယ်။

ကမ္ဘာကျော် ထိပ်တန်း ခလေး ဓါတ်ပုံ များနဲ့ ဖြစ်စဥ် သမိုင်းကြောင်း ကို သိ နိုင် ရန် ဖေါ်ပြ ခြင်းသာ ဖြစ်ပါတယ်။




မျက်လုံး များ က စကားပြောနေတဲ့ ခလေး ပုံများ။


အောက် ပါ နမူနာ ပုံတွေ ကို Pintrest က ပို့ပေးတဲ့ Children Photography ပုံ များထဲက ခလေး များရဲ့ မျက်လုံးတွေ မှာ သူတို့ ရဲ့ ရင်ထဲ က စကားတွေ ကြား ရ မဲ့ ပုံတွေ ကို ရွေးကာ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။

 ဝါသနာ ရှင်များ ဤ လို သဘော သဘာဝ ရှိတဲ့ ပုံ မျိုး  ရိုက် လိုလျှင် လည်း Idea ရနိုင် စေရန် ဖေါ် ပြ  ခြင်း ဖြစ်ပါတယ်။

ဒီ ပုံတွေ ကတော့ Documentary Photography အဖြစ် သဘာဝ အခြေ အနေ အတိုင်း ရိုက် ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။

ပုံ ထဲ မှာ ပါတဲ့ ခလေးငယ် များရဲ့ မျက် လုံးများကို စူးစိုက် ကာ ကြည့် ပါ။

ဒီကလေး တွေ ရဲ့ ရင်ထဲ မှာ ရှိနေတဲ့ ခံစားချက် ( Emotion ) ကို သူတို့ မျက်လုံးတွေ က တစ်ဆင့် ပြော ပြ ပါလိမ့် မယ်။
































































































ပျော်ရွင် စွာ လှုပ်ရှား ဆော့ကစားတဲ့ ကလေး ပုံ ရိုက် သည့် အခါ…။


ဒီ အပိုင်း မှာ သာမန် Child Photography မှာ တွေ့နေကြ  ဖြစ်တဲ့ joyful moments ဖြစ်တဲ့ ပျော်ရွှင်စွာ ပြေးလွှားဆော့ ကစောနေတဲ့ ပုံ ကို ရိုက်တဲ့ အခြေခံ အချက် ကလေး တွေ ကို ဖေါ်ပြ ပါမယ်။

ဒီ အပိုင်း ကိုတော့ Drew BittLe ရဲ့ ဆောင်းပါး ကို အခြေ ပြု ကာ ရေးပါမယ်။

အထူးသဖြင့် ကလေး တွေ ဟာ ခုန်ပေါက် ၊ ပြေးလွှား ဆော့ ကစား ၊ အစဥ် လှုပ်ရှားနေလေ့ ရှိကြတဲ့ အတွက် သူတို့ ရဲ့ လှုပ်ရှား တာတွေ ကို ဖမ်း ဘို့ ရန် ကင်မရာ Setting ကို အကြံ ပြု ထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

Drew BittLe ရဲ့ ဆောင်းပါးမှာ ရေးထားတာ တွေက အတိုချုပ် လွန်း တဲ့ အတွက် ဖြည့် စွက် ရှင်း ရန် လို တဲ့ အပိုင်း တွေ ကို ကျွန်တော် ဖြည့် ရေး ပေး ထားပါတယ်။

နမူနာ ပုံများ မှာ မူရင်း ဆောင်းပါးတွင် ပါတဲ့ ပုံတွေ မဟုတ်ပါ။ မူရင်း ဆောင်းပါး ပါ ပုံ များ မှာ နမူနာပြ ရန် အား မကောင်း လှ တဲ့ အတွက် Pinterest မှ ပုံများ နဲ့ Continuous High Frame Advance Rate နဲ့ ရိုက် ရတဲ့  နမူ နာ ပုံ များတွက်  ကျွန်တော် ရိုက်ထားတဲ့ ပုံ များ ထဲ မှ သင့်လျှော် ရာ အချို့ ကို သုံး ထားပါတယ်။


1 - Raise your shutter speed.




အထက် က ပုံ လို သာမန် လှုပ်ရှား နေတဲ့ ကလေး တွေ ရဲ့ Movement ကို Freeze လုပ် ဘို့ အတွက် Shutter speed ,  1/200 Sec လောက် သာ လိုပါမယ်။

အောက်က ပုံတွေ လို အရှိန် နဲ့ ပြေးလွား ဆော့ ကစားနေတဲ့ ပုံ မျိုး အတွက် သူတို့ ရဲ့ လှုပ်ရှားမှု ကို Freeze လုပ် ဘို့ အတွက် အနည်းဆုံး Shutter speed 1/600 Sec လောက် ထား သင့်ပါတယ်။






















Model ရိုက် သလို စိတ်ကြိုက် အချိန် ပေး ရိုက်နိုင်ခြင်း မရှိဘဲ ပေးလာတဲ့ အ‌ခြေ အနေ အတိုင်း ခလေး များရဲ့ သဘာဝ ကို ဖမ်း နိုင်ဘို့ အတွက် သူတို့ လှုပ်ရှားမှု အ‌ခြ အနေ အလိုက် Shutter Speed ကို မြန် ပေးဘို့ လိုပါမယ်။


 အလင်းရောင် အ‌ခြေ အနေ ပေါ် တည် လို့ Shutter speed ကို ရနိုင် သလောက် မြန် ပေးသင့် ပါတယ်။ Shutter speed မြန် လို့ ဘာပြဿနာ မှ မရှိ နိုင်ပါ။ Shutter speed  နှေး သွားပါ က ပုံ တွေ  ဝါး     သွား ပါမယ်။

အကယ် လို့ အလင်းရောင် အလွန် နည်း ရင်တော့ Aperture ကို ပို ကျယ် ကျယ် ဖွင့် ၊  ISO ကို တင်  စတာတွေ လုပ်ရပါမယ်။

 အောက် က ပုံတွေ လို အ ပြင်မှာ အရှိန် အဟုန်  နဲ့ ပြေး လွှား တဲ့ အားကစား လုပ်တာ မျိုး ကိုရိုက်ပါက အလင်းရောင် လုံလုံ လောက်လောက် ရရင် Shutter speed 1/1000 Sec လောက်နဲ့ ရိုက် သင့်ပါတယ်။







အောက် က ပုံ လို ရေထဲ မှာ ကစားနေတဲ့ ပုံ မျိုးကို ရိုက်ပါက ခလေး တွေ ကို Freeze လုပ် ရုံ တင်မက ရေ စက် ကလေး တွေ ကိုပါ Freeze လုပ် ခြင်း ဖြင့် ပုံ ရဲ့ Impact ပို အားကောင်း လာစေ ပါ တယ်။

အောက် ပုံ လို ရေ စက် ကလေး တွေ ကို  Freeze လုပ် ဘို့ အတွက် Shutter speed 1/ 1250 Sec လောက် ထားရင် ရေ စက် ကလေး တွေ ကို တစ်လုံး စီ ကွဲ နေ အောင် Freeze လုပ် လို့ ရပါတယ်။





အောက် က ပုံတွေ ရဲ့ လှုပ်ရှားမှုတွေ အတွက် မူ 1/ 800 Sec လောက်နဲ့ ဆိုရင် Action ကို Freeze လုပ်ဘို့  လုံလောက် ပါတယ်။










1 2 - Adjust your aperture


ငြိမ် နေတဲ့ ခလေး များ ကိုရိုက် ရာ မှာ တော့ Aperture ကို လိုခြင်တဲ့ Depth of Field ( DOF ) ရဘို့ အတွက် စိတ်ကြိုက် ထား နိုင်ပါတယ်။

နောက်ခံ ဖယ် ထုတ် ဘို့ အတွက် DOF အပါး  ( Shallow DOF ) ရရန် Aperture ကျယ်ကျယ် ဖွင့် ခြင်း ၊ ဒါမှ မဟုတ် နောက်ခံ Background က ပုံ ရဲ့ Story ကို ပံ့ ပိုး နေတဲ့ အတွက် နောက်ခံ ပါ ပြတ် သားစေ လိုပါက မဲ့ DOF အထူ ( Broader DOF ) ရဘို့ Aperture ကို ကျဥ်း ပေး ခြင်း စသည် ဖြင့် စိတ်ကြိုက် လုပ် နိုင်ပါတယ်။

ဒါ ပေမဲ့ လှုပ် ရှား ပြေးလွှားနေတဲ့ ခလေး တွေ ရဲ့ Action ကို Focus ဖမ်း ဘို့ အတွက် ကတော့  သင့် လျှော် တဲ့ DOF အထူ (Broader DOF ) လိုပါတယ်။ Aperture ကို များစွာ ကျယ်ကျယ် ဖွင့်ရင် Shallow DOF ဖြစ်လာပြီး Motion Subject ကို Focus ဖမ်း တဲ့ အခါ မှာ Focus တိကျ မှု အား နည်း လာပါတယ်။ ဒါ ကြောင့် Aperture ကို အနည်း ဆုံး f/5.6 လောက် နဲ့ သော်လည်းကောင်း ဒီထက် ကျဥ်း တဲ့ Aperture နဲ့ သော်လည်းကောင်း Set လုပ် ကာ ရိုက် သင့်ပါတယ်။

Aperture ဟာ f/16 လောက် ထက် ပို ကျဥ်း သွားလျှင် လည်း Light Diffraction ကြောင့် ပုံ ရဲ့ Sharpness ကျ သွား နိုင်ပါတယ်။

အောက် ပါ နမူ နာ ပုံ ကတော့ Aperture တစ် စစ ကျဥ်း ကာ ရိုက် ထားတဲ့ ပုံ များ  ဖြစ်ပါတယ်။ Aperture များစွာ ကျဥ်း လာတဲ့ အခါ  Light Diffraction ကြောင့် Sharpness ကျ သွားတာ ကို ပြ ထားတာ ဖြစ်ပါတယ်။


( The effects of diffraction – that your sharpness decreases at smaller and smaller apertures – are shown in the comparison below. Keep in mind that these are fairly extreme crops: )





အကယ်လို့  Fast action shot များကို Continuous High advance frame rate နဲ့ ရိုက် တာ အတော် အသား ကျ လာတဲ့ အချိန် မျိုး မှာ တော့ Aperture ကို ကျယ်ကျယ် ဖွင့် ကာ ရိုက် နိုင် ပါတယ်။

ဒီလို ရိုက်ခြင်း ဖြင့် Shallow DOF ကြောင့်  ရှုပ်ထွေး နေတဲ့ နောက် ခံ ( Background ) တွေ ကို ဖယ် ထုတ် နိုင်ပါ မယ်။



3      3 - Turn on continuous shooting mode.

 အောက် မှာ ပြ ထားတဲ့ ပုံ တွေ က တော့ လှုပ်ရှားမှု အဆင့်ဆင့် ပြောင်းလဲ လာတာကို Frame advance rate 10 frame / Sec နဲ့ ဆက်တိုက် (Continuous ) ရိုက် ထားတဲ့ ပုံ ဖြစ်ပါတယ်။

အလားတူ ပင် ခလေး များ ဘောလုံး ကန် တာ မျိုး၊ အပြေး ပြိုင်တာမျိုး၊ ခုန် ပေါက် နေတာ မျိုး၊ မြန်မာ ရိုးရာ ဖန်ခုန် တာမျိုး ကိုလည်း ဒီ Setting မျိုးနဲ့ ရိုက်နိုင်ပါတယ်။

မူရင်း ဆောင်း ပါးမှာ ပါတဲ့ ပုံ ဟာ လည်း Water Slide ပုံ တွေ ဘဲ ဖြစ်ပါတယ်။ သို့ သော် ဆောင်းပါး မှာ ပါတဲ့  ပုံ တွေ ဟာ အားမကောင်း လို့ ကျွန်တော့်ရဲ့ Water Slide ပုံ များ နဲ့ နမူနာ ပြ ထားပါတယ်။

Exif Data  - Nikon D500 with Nikon 18-200 mm, at F.L– 46 mm Exposure Speed 1/1000 Sec,F-4.5, ISO – 500, Ex. Comp.-(+)1.3 EV.

Frame advance rate – 10 Frame/ Sec , Continuous shooting.

Focusing – AF ( C ) Dynamic .

ပုံ အောက် မှာ လည်း ရေစာ နဲ့ ဖေါ် ပြ ထားပါတယ်။




















ခလေး တွေ ပြေးလွှား ဆော့ ကစား နေတဲ့ လျှင်မြန်တဲ့ လှုပ်ရှားမှုတွေ သာ မက ငှက်  ပျံ နေသကဲ့ သို့ မည်သို့သော အလွန်မြန်တဲ့ လှုပ်ရှားမှု မျိုးကို မဆို High Frame advance rate နဲ့ ဆက်တိုက် ( Continuous shooting ) ရိုက်သင့်ပါတယ်။ ဒီလို ရိုက်တဲ့ အခါ မှာ Focusing ကို AF ( C ) Dynamic ထားရပါမယ်။ Dynamic Area အကွက် ဘယ်နှစ်ကွက် လောက် ရွေး သင့် သလဲ ဆို တာတော့ ကင်မရာ က Dynamic Area အကွက် ဘယ်နှစ်ကွက် ပေးသလဲ ဆိုတဲ့ အပေါ် တည်ပါတယ်။

ဘယ် လို လှုပ်ရှားမှုတွေ အတွက် Dynamic Area အကွက် ဘယ်နှစ်ကွက် ရွေးသင့် သလဲ ဆိုတာကို Nikon D 7000 Focus နဲ့ ပြော ပါမယ်.။ ဒါ ကလည်း D 7000 Manual ထဲ က အကြံ ပြုချက် ဖြစ်ပါတယ်။


Nikon D 7000 Focus Points




-   အပြေး ပြိုင် သလိုမျိုး လျှင်မြန် မှု အတွက်           -   9-Point Area AF.
-   ဘော လုံး ကန် သလိုမျိုး လျှင်မြန် မှု အတွက်        -   21-Point Area AF.
-  ငှက် များ ပျံ သလိုမျိုး လျှင်မြန် မှု အတွက်             -   39 -Point Area AF.

ကင်မရာ အဆင့် မြင့် သွာ းသည်နှင့်အမျှ  Focus Point လည်း များလာပါတယ်။

ဥပမာ အားဖြင့် D 7100 နဲ့ လျှင်မြန် စွာ ပျံ နေတဲ့ ငှက် ကို ရိုက် ရင် 51-Point Area AF ကို ရွေး နိုင်ပြီး Wildlife ရိုက်ဘို့ အတွက် ထုတ် ထားတဲ့ D 500 နဲ့ ဆိုရင် 153 - Point Area AF အထိ ရွေးနိုင် ပါတယ်။ 

ခလေး တွေ ပြေးလွှား ဆော့ ကစား နေတဲ့ လျှင်မြန်တဲ့ လှုပ်ရှားမှုတွေ အတွက် ဆိုပါက 21 or 39 -Point Area AF. လောက် ဆို လုံလောက်ပါပြီ။


Autofocus Continous – AF ( C ) ဆိုတာ Single Point Focusing ( AF-S) သဘော မျိုး ပင် ဖြစ်ပါတယ်။ Subject ကို Active Focusing Point နဲ့ ထောက် ကာ Focus ဖမ်းပါတယ်။ Single Point Focusing မှာ Active Focus Point ကို လူ က ကြိုက် တဲ့ နေရာ ရွှေ့ လို့ ရပါတယ်။

Autofocus Continous – AF ( C ) မှာ ကတော့ Subject ရွေ့ လျား တဲ့ နေရာ ကို Active Focus Point က လိုက်ပြီး  Focus လိုက်ဖမ်းပါတယ်။

AF ( C  ) ရဲ့ Active Focus Point ကို အောက် မှာ ပြ ထားတဲ့ D 500 ရဲ့ Focus Points များ ရဲ့ ပုံ မှာ ကြည့် နိုင် ပါတယ်။

Subject က လှုပ်ရှားခြင်း မရှိဘဲ ငြိမ်နေရင် တော့  Single Point Focusing  ( AF-S) သဘော မျိုး Focus ဖမ်း ပါတယ်။ 

ငြိမ်နေတဲ့ ခလေး အတွက် AF-S နဲ့ Focus ဖမ်း ကာ တစ်ချက် ခြင်း ရိုက်ကြ ပေမဲ့ ပြေးလွှား ဆော့ ကစား နေတဲ့ ခလေး တွေ ရဲ့ Action ကို ဖမ်း ဘို့ အတွက် ကတော့ AF ( C ) နဲ့ Focus ဖမ်း ပြီး High Frame advance rate နဲ့ ဆက်တိုက် ( Continuous shooting ) ရိုက် ရပါမယ်။ 





ဒါမှ သာ လှုပ်ရှားမှု အဆင့်ဆင့် ကို Squence အလိုက် ရ နိုင် ပါမယ်။ ဒီ ပုံ တွေ ထဲ က ကိုယ့် စိတ် ကြိုက် ပုံကို လည်း ရွေးချယ် နိင်ပါမယ်။



3      4 - Switch to shutter priority mod

ဒီလို High Frame advance rate နဲ့ ဆက်တိုက် ( Continuous shooting ) ရိုက် ရင် Shutter Priority ( S ) နဲ့ ရိုက်သင့်ပါတယ်.။ အထက်မှာ ဖေါ် ပြ ခဲ့ သလို ပုံမှန် လှုပ်ရှားသွား လာနေတဲ့ ခလေး တွေ ရိုက် ဘို့ အတွက် 1/200 Sec, သာမန် လှုပ်ရှားပြေးလွှား နေတာ ကိုက် ဘို့ အတွင် 1/600 Sec ခန့် အလွန် မြန် တဲ့ အား ကစား များ အတွက် 1/ 1000 Sec စသည် ဖြင့် ထားကာ ရိုက် သင့်ပါတယ်။

အထက် က ပြ ထားတွေ ဟာ အကြမ်း ဖျဥ်း သဘော ပြ ထားခြင်း သာ ဖြစ်ပါတယ်။ အခြေ အနေ အရ စမ်း ရိုက် ဘို့ အခွင့် သာ ပါက စမ်း ရိုက် ကြည့် ကာ အကောင်း ဆုံး Setting ကို ယူ ပြီး ရိုက်သင့် ပါတယ်။


------------------------------------------------

1 comment:

  1. mari gabung bersama kami di Aj0QQ*com x-)
    BONUS CASHBACK 0.3% setiap senin
    BONUS REFERAL 20% seumur hidup. ;-)

    ReplyDelete