Thursday 25 June 2020

ကျွန်တော့် ဆရာ များ



107 - My Teachers                                                                    ဓါတ်ပုံ ဆိုင်ရာ မှတ်စု အမှတ် ( ၁၀၇)







  ကျွန်တော့် ဆရာ များ “


ဒီအကြောင်း က တော့ ဆရာ များ အကြောင်း ဆိုပေမဲ့ တကယ် တော့ ဓါတ်ပုံ တစ်ပုံ နဲ့ ပါတ်သက် လို့ ပုဂ္ဂိုလ် တစ်ဦး ခြင်းစီ အလိုက် အနုပညာ သဘော အရ ခံစား မှု မတူ နိုင် တဲ့ အကြောင်း လေ့ လာ ခွင့် ၊ သိခဲ့ ရတာ ကို ပြန်လည် မျှဝေ ခြင်း ဖြစ်ပါတယ်။

ဒီ အကြောင်းကို လွန်ခဲ့ တဲ့ သုံး နှစ် ခန့် က တင်ခဲ့ ပြီး ဖြစ်ပါတယ်။ ထိုစဥ်က အကြောင်း အရာ ပါ ပုံ များ ကိုရှာ ကာ ပုံ နဲ့ တကွ တွဲ ပြ လိုသော် လည်း ပုံ ရှာ မရ တော့ သဖြင့် တွဲ မပြ နိုင်ခဲ့ပါ။

 သို့ နှင့် ပိုမို ပြည့် စုံ တဲ့ မှတ်စုလေး အဖြစ်ထပ်မံ ဖြည့်စွက် ရေးသားကာ ပြန်ပြီး တင် သင့် တယ်လို့ ယူဆ တဲ့ အတွက် လည်းကောင်း မှတ်တမ်း အဖြစ် ရှိနေစေရန် အတွက် Blog မှာ လည်း သိမ်း ထား လို၍ လည်းကောင်း ထပ် မံ တင် လိုက် ခြင်း ဖြစ်ပါတယ်၊

ယခု လည်း ပုံ ကို ထပ်ရှာပေမဲ့ မရပါ။ သို့သော် ဖတ်သူ များ ပိုမို သဲသဲ ကွဲကွဲ မြင်လာနိုင် စေရန် အကြောင်းအရာ နဲ့ အ နီး စပ်စပ် ဆုံး ပုံ များ ကို ရှာဖွေ ကာ လိုအပ်သည့် အနေအထားရအောင် ပြုပြင် ဖန်တည်း ကာ တွဲ ပြ ထားပါတယ်။

၂၀၁၁ ခု နှစ် ဝန်း ကျင် အတွင်း ဓါတ်ပုံ နဲ့ ပတ်သက်လို့ သိလိုတာကို email ဖြင့် မေး ရာ တွင် စိတ်ရှည် လက်ရှည် ရှင်းလင်း သင်ပြ ပေးသူ ဆရာ တစ်ဦးကတော့ Dr. Noppanan Arunvongse Na Ayudhaya  ပင် ဖြစ်ပါတယ်။ နမူနာ ပုံ - (၁)





Dr. Noppanan Arunvongse Na Ayudhaya  ကိုလည်း အမေရိကန် မှာ နေတဲ့ ကျွန်တော့် ဆရာ တစ်ဦး ဖြစ်တဲ့ ကိုအောင်ဝင်း ( Aung Win ) က ဘဲ ချိတ် ဆက်ပေးခဲ့တာပါ။

သူ က ထိုင်းအမျိုးသား ဖြစ်ပါတယ်။ အမေရိက မှာ နိုင်ငံတကာ ဆက်ဆံရေး ဘာသာ ရပ်ကို  ပါရ၈ူ ဘွဲ့ အထိ ဆည်းပူးခဲ့ သူပါ။

 ကျွန်တော် တို့ နဲ့ ဆက်သွယ်နေချိန်  မှာ သူဟာ  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ နိုင်ငံတကာ ဆက်ဆံရေး ဌာန မှာ တာဝန် ထမ်းဆောင် နေပါတယ်။   ထို့ အပြင်  UIBE, State Foreign Expert of PRC မှာ လည်း ပါမောက္ခ တစ်ဦးလည်း ဖြစ်ပါတယ်။

သူ အမေရိ ကန် မှာ ရှိနေစဉ်  ဓါတ်ပုံ ပညာ ကို လည်း နယူးယောက် တက္ကသိုလ် တစ်ခု မှာ အမြင့်တန်း အဆင့် အထိ လေ့ လာ သင်ယူ ခဲ့ သူ ဖြစ်တယ် လို့ ကိုအောင်ဝင်း ကပြော ပါတယ်။

ဒါကြောင့် ဓါတ်ပုံ ဆိုင်ရာ နည်းပညာ ဆိုင်ရာ နဲ့ မရှင်းလင်း တာ ၊ သိလိုတာ တွေ ကို သူ့ ထံ email ဖြင့် လှမ်း မေးရ ပါတယ်။

သူ့ အကြောင်းပြီးတော့ ကျွန်တော့် ကိစ္စ ကျွန်တော့ ပြော ရ ပါတော့ မည်။

မှတ်မှတ် ရရ  စင်ကာပူ နိုင်ငံ တွင် ထုတ်ဝေသည့် ၂၀၁၁ ခု ဇန်နဝါရီလ၁၉ ရက်နေ့  Toady News Paper တွင် Nikon အမြင့်တန်း ( Professional ) ဓါတ်ပုံ ပြိုင် ပွဲ ဆု ရ ဓါတ်ပုံ နှစ်ပုံ ကို တွေ့လိုက် ရပါသည်။

နှစ်ပုံ စလုံးသည် အလွန်မြန်သည့် (fast action ) များကို ရိုက်ထားသည့် ပုံ များ ဖြစ်ကြပါသည်။

တစ်ပုံ က ရေ ပိုက် တစ်ခု အတွင်း မှ ရေ များ ပန်း ထွက် နေတဲ့ ပုံ ကို သာမန် ရေ စီးကျ နေတဲ့ ပုံ မဟုတ်ဘဲ မှ ရေ စက် ကလေး များကို ပုတီး လုံး လေး များ သဘွယ်  ရေစက် တစ်စက် ခြင်း အလိုက် ပုတီး လေးများသီ ထား ဘိ သကဲ့ သို့   ပြတ်သား နေ အောင် Freeze လုပ် ထားသည့်  ပုံ ဖြစ်ပါ တယ်။



အဆိုပါ ရေ စက် ပုံ ကို ဓါတ်ပုံ ဆရာက “ Flying Water Droplets “ လို့ အမည် ပေးထားကာ  Pic. Info. is "  taken by Nikon  D3, 70-200mm 2.8 lens, Aperture Priority, f2.8, - 1/3000s, Focal length 200mm. ISO 800. လို့ အချက် အလက် များဖေါ်ပြထားပါတယ်။  နမုနာ ပုံ - ( ၂ )





နောက် တစ်ပုံ  က  ကော်ဇောရောင်းသူ အိန္ဒိယ အမျိုး သား တစ်ဦး က ကော် ဇော ကို ခါနေ တဲ့ ပုံ ဖြစ်ပါတယ်။ ကော်ဇော တစ်ဘက် စွန်း ရှိ ကော်ဇော အမွေး လေးများ ဟာ လေထဲ မှာ  လှုပ် ခါ ကာ ဝါး နေ တဲ့  Motion Blur နဲ့ ရိုက်ထားတဲ့ ပုံ ဖြစ်ပါတယ်။


ဓါတ်ပုံ ဆရာ က “ Shaking the Carper “ လို့ အမည် ပေးထားကာ Pic. Info. is Nikon D700, 24-70mm lens.  f16- Speed 1/10s, Shutter Priority, ISO 800, Focal length 24 mm.လို့ ဖေါ်ပြထားပါတယ်။ နမူနာ ပုံ - ( ၃ )





ယခု ဒီအကြောင်း ရေးသားနေစဥ် မှာ သတင်းစာ ပါ မူရင်း ဆုရ ဓါတ်ပုံ များကို ပူးတွဲ ပြ နိုင်ရန် တတ် နိုင်သမျှ ကြိုးစားရှာဖွေ ပါသော် လည်း  မတွေ့ တော့ ပါ။ သည့် အတွက် ဆုရ ဓါတ်ပုံ များနဲ့ အနီးစပ်ဆုံး ပုံ များ ကို ရှာဖွေကာ  စာပါအကြောင်း အရာ များအား အထောက် အကူပြုနိုင်စေရန် ပြုပြင် ဖန်တည်း ကာ ပူးတွဲ တင်ပြ ထား ရ ပါတယ်။ 


နှစ်ပုံ စလုံးသည် အလွန်မြန် သည် Speed ကို ဖမ်း  သည့် ပုံ များဖြစ်စေ ကာမူ ရေစက်ပုံက  Aperture Priority, f2.8, - 1/3000 sec, ဖြင့်ရိုက် ကာ ရေစက် တစ်လုံး ခြင်းစီ ပြတ်သားနေအောင် Freeze လုပ်ထားပြီး ကော် ဇော ခါနေ တဲ့ ပုံ ကိုမူ  အောက် မှာ  ပြ ထားတဲ့ နမူနာ ပုံ - ( ၄ ) ကဲ့သို့ ရေ စက် ရိုက် သလို Fast Timing Exposure နဲ့  အားလုံး ပြတ် သားနေအောင် ရိုက် သင့်ပါလျှက် ဘာကြောင့် ဓါ တ် ပုံ ဆရာက Shutter Priority 1/10 sec ဖြင့် Long Timing Exposure ရိုက် ကာ ကော်ဇော အဖြား မှာ Motion Blur နဲ့  ဝါး နေ အောင် ရိုက်ထား တယ် ဆို တာကို   ကျွန်တော် ဘဝင် မကျ ပါ။





ကျွန်တော့် သဘော အရ နှစ်ပုံ စလုံးဟာ Fast Action တွေ ဖြစ် တဲ့ အတွက်  ရေ စက် ကို Freeze ဖမ်း ကာ ပြတ်သား မှု ယူ သလို ၊ ကျန် တစ်ပုံ ကို လည်း ကော်ဇော ထိပ် ဖျားလေး ဝါး မ နေစေဘဲ ရေစက် ကလေး များ ပြတ်သားသကဲ့ သို့ Fast timing exposure နဲ့ Freeze လုပ်သင့် တယ် ဆိုတဲ့  အစွဲ ကို ခွာချ မရ ဖြစ်နေ ပါ တယ်။

ထိုစဥ် ကလည်း  ထိုစဥ် က အသိ နဲ့ အတွေး နဲ့ ပေါ့ ဗျာ။

ဒီကိစ္စနဲ့ ပတ်သက်လို့ စာတွေ့ လေ့လာ ဆည်း ပူး ရာ မှာ ရော လက်တွေ့ နယ် ပါယ် မှာ ပါ ကိုယ့် ထက် အတွေ့ အကြုံ များစွာ ရင့် တဲ့ ပညာရှင် ရဲ့ သဘော ကိုသိနိုင်ရန် Noppanan Arunvongse Na Ayudhaya  ကိုမေး ဘို့  စိတ်ကူးရလာပါတယ်။

 ဒါနဲ့ အကျိုး အကြောင်းကို ထိုနေ့ ( ၁၉-၁-၂၀၁၁ ) နံနက် တွင်  Dr. Noppanan Arunvongse Na Ayudhaya  ထံ သို့ email ဖြင့် မေးလိုက်ပါသည်။

အမေး အဖြေ email များ အားလုံး ကို ကူး ယူ ကာ သိမ်း ထားသဖြင့် နေ့ နှင့် အချိန် အတိ အကျ ကို ဖေါ်ပြ နိုင်သော်လည်း ပုံများကို မူ ပြန် ရှာမမရနိုင်ခဲ့ပါ။

နှစ်ရက် ခန့် အကြာ တွင် သူ့ ထံ မှ email  ဖြင့် အောက် ပါ အတိုင်း ရှင်း လင်း ပြော ကြားလာပါသည်။ 

“  စိုးလှိုင်….ဘယ်လိုဘဲ Shutter Priority, Aperture Priority နဲ့ ရိုက် တယ် ဆိုစေကာ မူ ပုံ တွေ ပေါ် မှာ အမျိုးမျိုး ကွဲ ပြားစေ လာနိုင်မဲ့ နောက်  အကျိုး ဆက် တစ်ခု က “ light condition ” ဘဲ ဖြစ်တယ်။ ဓါတ်ပုံ ဆိုတာအလင်း ရောင်ပေါ်မှာ မှီတည် ပြီး ဖြစ်လာရတာ။ လိုခြင် တဲ့ အနေ အထားတစ်ခု ရ - မရ ဆိုတာ အလင်းရောင် ပေါ် မှာ တည် မှီ နေတယ်။ ဒီ အနေ အထား ကို အခြေ ပြုု ပြီး အခြေ အနေ ကို လိုက် လို့ ရိုက်ကြ ရတာဘဲ။ “

“  ငြိမ် နေတဲ့ Subject မို့ Aperture Priority နဲ့ ရိုက် ရမယ်။ လှုပ်ရှား နေတဲ့ Subject မို့ Shutter Priority နဲ့ ရိုက် ရမယ် ဆိုတဲ့ ပုံသေ ဥပဒေ သ ဆိုတာ မရှိ ဘူး “

“  These camera settings are aimed for the convenience of photographers. “

“  သို့ ရာ တွင် Creative approach ရိုက် ကြရာ မှာ တော့   တစ်ဦးခြင်းရဲ့ စိတ်ကူးနဲ့ အကြိုက် ပေါ် တည် တယ်။ “
“ Photography ဆိုတာ ဓါတ်ပုံပေါ် အခြေ ပြု တဲ့ အနုပညာ ( Art ) ဘဲ “

ဥပမာ အားဖြင့် ရေစက် လို ပုံ ကို ရိုက်မယ်  ဆိုပါစို့-

Aperture f-1.4 နဲ့ ရိုက် မယ်။ ရိုက် ရတဲ့ အကြောင်း ကရေ စက် ကလေးတွေ ကို အာရုံ ပိုရောက်စေဘို့ နောက် ခံ Background ကို တတ် နိုင် သလောက် ဝါး နေ စေ ဘို့ (  Bokeh ) ဖန် တည်း တယ်။

 ဒါဟာ အနုပညာ ဆန်ဆန် လှနေဘို့ဘဲ။  Shutter speed ကို 1/4000 Sec နဲ့ ရိုက်မယ် ကွာ။ ဒါ က တော့ ရေစက် တစ်လုံး ခြင်းစီ ပြတ် နေအောင် Freeze လုပ် ဘို့ဘဲ။

ကော်ဇော လိုပုံ က တော့ အဖြား ကလေး  ဝါး နေတာ ကိုက အနု ပညာ ဆန်ဆန် Motion Blur ကလေး ရ အောင် ဓါတ်ပုံ ဆရာ က အဲဒီလို Setting နဲ့ ဖန်တည်း တာဘဲ။

“ There is no rule written on the stone for Photography. Please feel free to enjoy your talent  “

“ ဓါတ်ပုံဖန်တည်း မှုု တစ်ရပ် အတွက် ဘယ် လို ရိုက်ရမယ် ၊ ညာ လို ရိုက်ရမယ် ဆို ပြီး ကျောက် သားပေါ် မှာ ထုထွင်းထားတဲ့  မူသေ ဥပဒေ  ဆိုတာ  မရှိပါဘူး။ ဓါတ်ပုံ အနုပညာ ကို  ကိုယ့် စိတ်ကူး ကွန့် မြူး နိုင် သလို ဖန်တည်း နိုင်ပါတယ်။  “

လို့ စိတ်ရှည် လက်ရှည် ပြန် လည် ဖြေ ကြား လာပါတယ်။

ကျွန်တော် အခု မြန် ပျံနေတဲ့ ငှက်တွေ ကို in Flight ရိုက်ရာမှာ တောင်ပံ တစ်ခု လုံး ကို Freeze မလုပ်ဘဲ လျှင်မြန်မှု ကို ပေါ်လွင် တင်စား တဲ့ ‌တောင် ပံ ထိပ် ကလေး တွေ ကို Motion Blur ရှိနေစေရန် တတ်နိုင် သမျှ ကျိုး စား ရိုက်ပါတယ်။ ရတဲ့ အခါ လည်း ရ ပြီး မရာ တဲ့ အခါ လည်း ရှီပါတယ်။ မရ တာက များပါတယ်။   ပုံ - ( ၅ )






အမှန်တော့ အားလုံး ပြတ်အောင် Freeze လုပ် ရိုက်မလား ။ သိပ် မခက်ပါ အမြန် ပျံနေတဲ့ ငှက် ကို ပိုပို သာသာ Speed 1/3500-Sec လောက် နဲ့ ရိုက်ရင် Wing Flapping အတော် မြန်တဲ့ Common Kingfisher, Olive-backed Sunbird တို့ ရဲ့ Wig Tip တွေကို Freeze လုပ် နိုင်ပါတယ်။

Blur လုပ် လိုသလား အတော် တော် များများ Blur လုပ် ရိုက် ဘို့ လည်း မခက်လှပါ။ ယေဘူယျ အား ဖြင့် Shutter Timing ကို အတော် တော် များများ ချ လိုက် ယုံပါဘဲ။

ဒါ ပေမဲ့ အထက် က ကဲ့ သို့ လို ကိုယ် လိုခြင်တဲ့ နေရာ ကော်ဇော ထိပ် ဖျားလေးတင် ဝါး နေအောင် Motion Blur ကို ပြ ပြ လေး ထည့် ရိုက်ဘို့ ကြတော့ Timing  မှန်ရအောင်   အတော် ချိန် ရတယ် ဆိုတာ နောက် တော့ သဘော ပေါက်လာပါတယ်။


ဒါ ဟာ  Dr. Noppanan Arunvongse Na Ayudhaya  ရဲ့ သဘော ထား လွမ်းမိုး မှု လို့ ဆိုနိုင်ပါတယ်။

နှစ်ပေါင်းများစွာ ကြာ ခဲ့ သော ကာလ ထည်း က -

“ There is no rule written on the stone for Photography. Please feel free to enjoy your talent 

ဆိုတဲ့ General Rule ကို လက်ဦး လမ်း ညွှန်မှု ကလေး ပေးခဲ့ တဲ့  Dr. Noppanan Arunvongse Na Ayudhaya  ကို ဤစာ စု ဖြင့် ဂါရ၀ ပြု အပ်ပါ တယ်။


-------------------------------------------------