Wednesday 26 August 2020

Street Photography (Unicode )

 

(24 ) Street Photography (Unicode )                                                ဓါတ်ပုံပညာရပ် ဆိုင်ရာမှတ်စု (၂၄)

 

“ လမ်းသွား လမ်းလာ ရိုက် ဘွယ်ရာ “

( Street Photography )

 

 

By Soe Hlaing


စကားဦး

 

ဤ မှတ်စု လေးမှာ ကျွန်တော် Street Photography  နှင့်ပတ်သက်၍ သိ လို သဖြင့် နေရာမျိုး စုံ မှစုဆောင်း ထားသည့် ဆောင်းပါး များကို စုပေါင်းကာ ဆီလျှော် သကဲ့ သို့ မြန်မာဘာသာ သို့ ပြန် ထားခြင်း ဖြစ်ပါသည်။


ကျွန် တော့် အမြင် ပြော ရပါမူ ဓါတ်ပုံ တွင် ရိုက်ရ ခက်သည့် ဘာသာ ရပ်များ ရှိပါသည်။ ယင်း တို့ အထဲတွင် Street Photography   လည်း ပါ ပါသည်။ ဒီ ဘာသာ ရပ် က လမ်းပေါ်မှာ ရှိ နေတဲ့ အနေအထားတစ်ခု ကို သဘာဝ အတိုင်း ရနိုင်သည့် အချိန် တို အခွင့်အရေး လေး ရခိုက် ထိုး  ရိုက် ရ သည့် ရိုက်နည်း ဖြစ်သဖြင့် လိုသလိုရဘို့ ခက်တဲ့ ဘာသာ ရပ် ဖြစ်ပါသည်။


ဒါကြောင့် Street Photography   ရိုက်ရာ မှာ -

“ ဓါတ်ပုံ ဆိုင်ရာ မည်သည့် ဥပဒေ သ ကိုမှ ခွင်ချ၍ ရိုက်လို့ မရ ၊ လိုချင်သော ပုံ ရ ဘို့ သာ အဓိ က “

ဟု Street Photography  ပညာ ရှင်ကြီးများ ဆိုစမှတ်ရှိပါသည်။

 

ရိုက်ရ ခက်သည် ဆိုရာ မှာ လည်း သူ က ပိုဆိုးသည်။ အခန့် မသင့်ပါ က ကိုယ် က ဓါတ်ပုံ မရိုက် လိုက်ရဘဲ သူများ အရိုက်ခံ ရမဲ့ အခြေ အနေ မျိုး နှင့် လည်း ကြုံ ရ နိုင်သည့် ဘာသာ ရပ် ဖြစ်ပါသည်။


လိုအပ်သည့် နေရာ များတွင် ကျွန်တော့် ကိုယ်တွေ့ လေးများကိုပါ ကြားညှပ် ဖေါ်ပြ ထားပါသည်။


Challenging Photography ကို ဝါသနာပါသူ များ စိတ်ဝင်စား မည့် ဘာသာ ဖြစ်တစ်ခု လို့ ဆိုရပါမည်။

 

နမူနာ ပုံများ မှာ လည်း အဆိုပါဆောင်းပါး များတွင် ပါသည့် ပုံ များ အနက် ယခု ရေးသားသည့် အကြောင်း အရာနှင့် ဆီလျှော် သည့် ပုံ များကို ထုတ်နှုတ် ကာ နမူနာ ပြ ထားခြင်း ဖြစ်ကြောင်း ဖေါ်ပြ အပ်ပါ သည်။



Street Photography   ဆိုသည်မှာ

 

Street Photography ဆိုသည်မှာ ယေဘူယျ အားဖြင့် လမ်း ၊ ဥယာဉ် ၊ ပင်လယ်ကမ်းခြေ ၊ ကုန်တိုက် ကြီးများ အတွင်း စသည် ကဲ့သို့  အများပြည်သူ သွားလာ လှုပ်ရှားနေသည့် နေရာမျိုး နှင့် အမျိုးမျိုး သော အကြောင်းအရာ တို့ဖြင့် စုဝေးကြသည့် လူစုလူဝေး များ အား အခိုက်အတန့် သော ကာလတိုလေး ၌ ယင်းတို့ တွင် ဖြစ်ပေါ် လာသည့် Mood and Emotion စသည်တို့ ကို ရအောင် - များ သော အားဖြင့် - Subject  သတိမူ မိခြင်း မရှိဘဲရိုက် ကူး သည့် ဓါတ်ပုံ ရိုက်ကူး နည်း ကို ခေါ်ပါသည်။

 


Street Photography နမူနာပုံ အချို့။











Street Photography ရိုက်ရာတွင် သတိပြုရ မည့် အချက်။

 

 လမ်းသွား လမ်းလာလူအများကို အားလုံး ခြုံ၍ရိုက်ခြင်း ၊ တစ်နည်း အားဖြင့် ပြောရပါ လျှင် မိမိ ရှေ့ ရောက်လာသည့် Subject ကို ပေးလာသည့် အခြေအနေအရ ရိုက်လိုက်ခြင်း နှင့် တကူးတက တမင်ရှာဖွေကာ ချောင်း၍ ရိုက်သည့် Sneak-Shot နှစ်ခု ရောထွေး သွားနိုင် ပါသည်။

 

 Street Photography တွင် အန္တရာယ် များသည့် Sneak-Shot ကို တတ်နိုင်သမျှ ရှောင် သင့်ပါသည်။ ရိုက်သင့်သည် ထင်သည့် အရာကို ဗျောင် ရိုက်ပါ။ ပုဂ္ဂိုလ်တစ်ဦး ကသိကအောင့် ဖြစ်စေလောက်သည့် ၎င်း ၏ မျက်နှာ ရှေ့တည့်တည့် တွင် ကင်မရာ ချိန်ရိုက် သည့် ပုံမျိုး ကိုတော့ ရှောင်ရှားရန်လိုပါသည်။ ကင်မရာကို  ဖွက် ကာ ခိုးကြောင် ခိုးဝှက် ရိုက်ခြင်း မျိုး ကို လည်းရှောင်ရှားရန် လိုပါသည်။

 

Street Photography  နှင့် ဥပဒေ ကြောင်း ဆိုင်ရာ။

 

အခြား အရေး ကြီး သည့် အချက်တစ်ချက်မှာ ဥပဒေရေးရာ ကိစ္စပင်ဖြစ်သည်။ ဓါတ်ပုံ သမားတစ်ဦးသည် တစ်စုံ တစ်ဦး၏ခွင့်ပြုချက် မရှိဘဲ လမ်းမပေါ်တွင် သွားလာနေ သူများ ကို တရားဝင် ဓါတ်ပုံရိုက် ခွင့် ရှိသလားဆို သည့် အချက်ပင်ဖြစ်သည်။

 

 အမေရိကန် တွင်မူ ပုဂ္ဂိုလ်တစ်ဦးခြင်း၏ လွတ်လပ်ခွင့် ( Privacy )ကို မထိပါးစေဘဲ လမ်းမ၊ လမ်းမျှောင်၊ ဥယာဉ် များတွင် ရိုက်ခွင့်ရှိသည်ဟု စာရေးဆရာ နှင့် အယ်ဒီတာ ဖြစ်သူ Jim Heid က ၎င်း၏ ဆောင်းပါးတစ်ပုဒ်တွင် ရေး သား ထားသည် ကိုတွေ့ ခဲ့ဘူးပါသည်။

 

ဤ အချက် မှာ နိုင်ငံ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကွာ ခြားနိုင်ပါသည်။ မည်သည့်နိုင်ငံ တွင်မဆို  ကာကွယ် ရေးဆိုင်ရာ အဆောက် အဦ ၊ မဟာဗျူဟာ ကျသည့် နေရာ စသည် များကို ဓါတ်ပုံ မရိုက်ရဟု သတ်မှတ်ချက်ရှိပါမည်။ လမ်းမပေါ်၌ ဓါတ်ပုံမရိုက်ရ ဟူသော တိကျသည့် ကန့်သတ်ချက်မှာတော့ ရှား ပေလိမ့်မည်။

 

လမ်းပေါ် ရိုက်လျှင် လမ်းလျှောက် သည့် လူ ပါမည်ပင်။ သို့ သော် ပုဂ္ဂိုလ် တစ်ဦးခြင်း၏ လွတ်လပ်ခွင့် ( Privacy )ကို ထိပါး စေနိုင်လောက်သည့် ပြုမူ ဆောင်ရွက်ချက်ကိုမူ မည်သည့်နိုင်ငံတွင်မှ ခွင့်ပြုမည်မဟုတ်ပါ။ ယင်းအချက်ကို အထူးသတိပြုထား သင့်ပါသည်။

 

 ဤ နေရာတွင် ပုဂ္ဂိုလ် တစ်ဦးခြင်း ၏ လွတ်လပ်ခွင့် ( Privacy ) ဆိုသည့် အဓိပ္ပါယ် ကို ရှင်းလင်းရန် လိုလာပြန်ပါသည်။

 

 ပုဂ္ဂိုလ် တစ်ဦးခြင်း ၏ လွတ်လပ်ခွင့် ( Privacy ) ဆိုသည်မှာ လူတစ်ဦး အနေနှင့် အနှောက် အယှက်မရှိ ဘဲ တစ်ဦးထည်း ရှိပိုင်ခွင့်  " The right to be let alone."  ဖြစ်သည် ဟူ၍ အမေရိကန် တရားသူကြီးချုပ် တစ်ဦး ဖြစ်သူ  Justice    Thomas McIntyre Cooley က ဥပဒေ ကြောင်းအရ  အဓိပ္မါယ်ဖွင့်ဆို ပါသည်။ အမေရိကန် ဥပဒေ ရော အင်္ဂလိပ် ဥပဒေ ကပါ  အဆိုပါအတိုင်း အဓိပ္မါယ်ဖွင့်ဆို ထားပါသည်။ ကျယ်ကျယ် ပြန့်ပြန့် လက်ခံ ထားသည့် အဓိပ္မါယ်ဖွင့်ဆို ချက်ဖြစ်ပါသည်။

 

လမ်းပေါ်တွင် လှုပ်ရှား သွားလာနေသူများသည် အများပြည်သူအားလုံးနှင့်  ဆိုင်သည့် Public Place တွင် ဖြစ်သောသောကြောင့် " Right to be let alone " တွင် အကျုံးဝင် မည် မဟုတ်ပါ။ သို့ ရာတွင် သီးသန့်နေရာဟု ဆိုနိုင်သည့် ကိုယ်ပိုင်ရေကူးကန်တွင် ရေကူးနေခြင်း မျိုး ၊ ကိုယ်ပိုင် ခြံဝင်းထဲ တွင် သက်တောင့် သက်သာ ဝတ်စားကာ နားနေသည့်  အနေ အထား များ မှာမူ "  Right to be let alone " တွင် အကျုံးဝင် နိုင်ပါသည်။ ဤ သည် မှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဥပဒေအဓိပ္ပါယ် ဖွင့်ဆို ပုံ ခြင်း မတူနိုင်ပါ ။

 

 

တစ်ချိန် က ဟိုးလေး တကျော်  ဖြစ်ပွားခဲ့သော  ဗြိတိန် အိမ်ရှေ့ လောင်းလျှာ မင်းသား William ၏ ဇနီး Kate Middleton  အပေါ်ပိုင်း ဗလာ ကျင်းနေသည့် ဓါတ်ပုံကို ပြင်သစ် ဂျာနယ်တစ်ခု ကဖေါ်ပြမည်ဟု ဖြန့်ချီခြင်းမပြုမီကပင် အဆိုပါမဂ္ဂဇင်းက ထုတ်ဖေါ် ပြောကြားခဲ့သည်။

 

 Willam နှင့် Kate တို့က ဗြိတိန် ဥပဒေ အရ Pravicy ကို ထိပါးသည်ဟု ဆိုကာ တရားစွဲ မည်ဟုဆိုသည်။ ပြင်သစ်ပြည်သူများက  အဆိုပါပုံကို ပင်လယ်ကမ်းခြေတစ်ခုတွင် ရိုက် သည် ဟု ထင်ကာ  Privacy ကို ထိပါးမှုမရှိဟု ဆိုကြသော အသံများ ပထမပိုင်းတွင် ထွက်လာခဲ့သည်။ မဂ္ဂဇင်းတိုက်ကလည်း  အဆိုပါပုံ သည် Privacy ကို ထိပါးခြင်း မရှိသော ပုံ ဖြစ်သည်ဟု ဆိုကာ ဖြန့်ချီခဲ့သည်။  ထိုအမှုကို အမှုဖြစ်ပွားရာ ပြင်သစ်၌ ကာယ ကံရှင်ဖြစ်သူ Kate က တရားစွဲဆိုခဲ့ သည်။

 

 

နောက်ပိုင်း အမှု စစ်ဆေး ရာ တွင် အဆိုပါ ပုံမှာ Kate သည် ပြင်သစ်ရှိ ဆွေမျိုးအိမ် တစ်အိမ်၏ ဝရန်တာသို့ ထွက်နေစဉ် ပြင်သစ် ဂျာနယ် ဓါတ်ပုံ သမား က Long Tele နှင့် ဆွဲကာ ရိုက်သည့်ပုံ ဖြစ်နေသဖြင့် William နှင့် Kate တို့ က အမှု နိုင်သွားသည်။

 

အကြမ်းဖျဉ်း ကောက်ချက်ချရပါက ကမ်းခြေတွင် ရိုက်ပါက Public Place ဖြစ်သောကြောင့် Privacy  ဆိုသည့် " Right to be let alone " နှင့် အကျုံးမဝင်ဟု ဆိုသည့် ကောက်ချက်ဆွဲ နိုင်သော အနေအထားတွင် ရှိသော်လည်း အချင်းဖြစ်သည့်ပုံ မှာ အိမ်ဝရန်တာတွင် ရိုက်သော ပုံ ဖြစ်နေသည့် အတွက် " Right to be let alone " ဆိုသည့် Privacy နှင့် အကျုံးဝင်နေသော ကြောင့် မဂ္ဂဇင်း တိုက် အမှု ရှုံး သွား ရခြင်းဖြစ်သည်။

 

 

Street Photography ရိုက်ရာတွင် မှတ်သားထား သင့်သည့် အချက်များ။

 

 ၁။    ရိုက်ရန် ရှိသည် ကိုရိုက်သာ ရိုက်ပါ

 

လမ်းမပေါ်ရှိ တစ်စိမ်းတစ်ရံကို ရိုက်ရသည်မှာ အနည်းငယ်တော့ စိတ်လှုပ်ရှားမှု ရှိနိုင်ပါ လိမ့်မည်။ များသောအားဖြင့် အများစုမှာ ဓါတ်ပုံရိုက်သည်ကို  ၈ရု မစိုက်ကြပါ။ သဘောကျ သူ များကြပါသည်။ ပုံများကို ပြန် ကြည့်ပါက ပုံများထဲ တွင် ပြုံးရွှင် သည့် မျက်နှာ များစွာ ကိုတွေ့နိုင်ပါသည်။ စိုးရိမ် စိတ်ကို ဖယ် ကာ ရိုက်သာ ရိုက်ပါ။


သို့သော် ခိုးကြောင်ခိုးဝှက် မရိုက်ပါ နှင့်၊ သူတပါးအား အနှောက် အယှက် မရှိ ဟု ထင်ပါက ရိုက်သာရိုက်ပါ၊ အမြန် ရိုက်ပါ၊ အချိန်မဆွဲပါနှင့်။


ပြုံးရွှင်သော Street Photography များ။











၂။     ထိတွေ့ ပြောဆိုပါ ၊ ထိုအမူအယာကို အမိဖမ်းပါ။

 

Street Photography သည် ဒေသခံ လူထုနှင့် လျှင်မြန်စွာ ထိတွေ့မှု တစ်ခု လည်း ဖြစ်သည်။ ဒေသခံ လူထုနှင့် စကားစမြည် ပြောပါ။ တစ်ကြိမ်မက ပြောဆို ဆက်ဆံမှု ပြုပါ။ ရင်းနှီး လာစဉ် ၎င်းတို့ ထံမှ စိတ်ဝင်စားဖွယ် အမူအယာလေးများ ထွက်ပေါ် လာပါလိမ့်မည်။

ထိုကဲ့ သို့ Moment များကို ဖမ်း ယူ ထားလိုက်ပါ။

 









၃။     နေ့ခင်းဘက်တွင်ရိုက်ခြင်းသည် ည ဘက်ရိုက်ခြင်းထက် ပိုလွယ်သည်။

 

ညပိုင်းတွင် ရိုက် သည့် များစွာ Dramatic ဆန် သော ထိပ်တန်း Street Photography များ ရှိပါသည်။ Street Photography  သည် အချိန် လု ရိုက်ရသည့် ရိုက် နည်း ဖြစ်သော ကြောင့် ညဘက်ရိုက် ပါက အနှာက် အယှက် နည်း သဖြင့် ရိုက်ရ လွယ်သည် ဆိုစေကာမူ အလင်းရောင် နည်းသည့် ည ပိုင်းရက်ရာတွင် နေ့ခင်းထက် အခက်အခဲ ပို၍ ရှိသည်။ ည ပိုင်း မရိုက်ရန် ဆိုလိုသည် မဟုတ်။ Street Photography ရိုက်ခြင်း အလေ့အကျင့် များ လာကာ လက် သားကျ လာသည့် အချိန်တွင် ညပိုင်း ထွက် ရိုက်ပါ။

 

ဓါတ်ပုံ သမား များ အားလုံးသိပြီး ဖြစ် သည့် အတိုင်း ဓါတ်ပုံ ရိုက်ရာတွင် Light သည် အဓိက ဖြစ်သည်။ နေ့ ခင်းတွင် အလင်းရောင် လုံလောက်စွာ ရသည်။ ညပိုင်း ၏ Low Light situation တွင် အလျှင်အမြန် ရိုက်ရမည်မှာ လွယ်သည့် ကိစ္စတော့ မဟုတ်။ မတတ် သာလျှင် Flash သုံးရ တော့မည်။ တစိမ်း တစ်ရံ စာ ကို ရိုက်ရာတွင်  Flash ဖွင့်ရိုက် ရန် မှာ လွယ် တဲ့ ကိစ္စ မဟုတ် ဆိုသည် ကို အထူးပြော ရန်မလိုပါ။







၄။     ရိုက်မည် နေရာ ကို စဉ် ရွေးချယ်ပါ။

 

Street Photography ရိုက် တော့ မည် ဆိုလျှင်  မည်သည့် နေရာ ၊ မည်သည့် Theme  အား ရိုက်မည် ကို သတ်မှတ်ကာ နေရာရွေးချယ်ပါ။


မြို့ထဲ လယ်ပတ်နေသည့် လူတွေကို ရိုက်မည် လား။ ပျံကျ ဈေးကို ရိုက်မည်လား သို့ မဟုတ် ငါးဖမ်း လုပ်သားတွေ ရဲ့ ဘ၀ ကိုဘဲ ရိုက်မည်လား စသည်ဖြင့် နေရာ ရွေးချယ်ပါ။  ပုံ တစ်ပုံ ၏ Impact  ကောင်းနိုင်သမျှ ကောင်း အောင် ကြိုးစားပါ။








 

၅။    Street Photography တွင် ဓါတ်ပုံ ဆိုင်ရာ မည်သည့် ဥပဒေသ ( Rules ) မျှ မရှိ။

 

Street Photography တွင် ဓါတ်ပုံ ဆိုင်ရာ မည်သည့် ဥပဒေသ ( Rules ) မျှ အတိအကျ မရှိ ပေ။ လမ်းညွှန်ချက် (Guidelines)လောက်မျှသာ ရှိသည်။

 

 အများစုမှာ မည်သည့် အကန့်အသတ်မှ မထားဘဲ ရိုက်သည်က များသည်။ Street Photography တွင် ဓါတ်ပုံ ကို မည်သို့ မည်ပုံ ရိုက် မည် ဆိုသည် ထက် ပုံ ၏ ရလဒ် ( End Results ) ကောင်း ရဘို့ ကသာ အရေး ကြီးသည်။


မည်သည့် ကင်မရာ မည်သည့် Lens-ဘာမျှ အရေး မကြီး ၊ ရိုက်ချင်တာ နဲ့ သာ ရိုက်၊ ပုံ၏ Result သည်သာ အဓိက ကျသည်။


 အချို့ Street Photography များသည် ဓါတ်ပုံ ရည်အသွေးတို့  Composition တို့ ဘာကိုမှ ထည့်တွက် ကာ မရိုက် ဘဲ ကမ္ဘာကျော် သွားသည့် Street Photography  ပုံတွေ များစွာ ရှိသည်။

 

 






 

 ၆။    Street Photography သည် ပျော်ရွှင် ဘွယ် ရာ ဖြစ်သည်။

 

Street Photography ရိုက်ခြင်းသည် ပျော်ရွှင် ဘွယ်ရာ ဖြစ်သည်။ ပတ်ဝန်းကျင်ကို လှည့် လယ် ကြည့် ရှုပါ။ ဒေသခံ လူထု နှင့် ထိတွေ့ဆက်ဆံပါ။ လမ်း တလျှောက် သွားရာ လာရာ ရိုက်သင့်တာ တွေလေးများကို ရိုက်ပါ။ သိတ်ကြီးလည်း အလေး အနက်လည်း မထားပါနှင့်။ ပေါ့ပေ့ါ ပါးပါး သာ ရိုက်ပါ။








 

 


 Street photography ရိုက်ရာတွင် လုပ်ဆောင်ရန် အကြံပြုချက်များ။

 

၁။   မိမိရိုက်မည့်  ရိုက်ကွင်းထဲ ရှိလူများနှင့် တစ်သား ထည်း ဝတ်စား ပါ။

 

Street Photography ရိုက်ရန် ထွက်သည့် အချိန်တွင် ရိုက်မည့်နေရာရှိ လူများ ဝတ်စားထားသကဲ့ သို့ ဝတ်စားပါ။  အထူးသဖြင့် Tourist များ သွားလာ လေ့ ရှိသည့် နေရာ များ တွင် Tourist များ ကဲ့သို့ ပင်ဝတ်စား ထားပါ။ ရိုက်ကွင်းထဲရှိ လူအားလုံး နှင့် တစ်သားထဲ ဖြစ်နေပါစေ။

 

 

၂။    ဓါတ်ပုံ ရိုက်ပြီးသော်လည်း ကင်မရာမှ မျက်လုံးကို မခွာ ပါနှင့် ။

 

မိမိ ရိုက်ထားသည့် ရိုက်ကွင်းထဲရှိ Subject က သူ့ကို သာ ကွက်၍ ရိုက်နေသည်ဟု မထင်စေ ရန်အတွက် ဓါတ်ပုံ ရိုက်ပြီး စေကာမူ မျက်နှာ ကို ချက်ခြင်း ကင်မရာမှ မခွာ ဘဲ ပတ်ဝန်းကျင် ကို View Finder ထဲက ကြည့်ကာ ဟိုချိန် သည်ချိန် လိုက် ချိန်နေပါ။ မျက်နှာ ကို  ကင်မရာမှ ချက်ခြင်း မခွာ လိုက် ပါ နှင့်။ ဤသို့ ဖြင့် Subject အနေနှင့် သူ ကို ဓါတ်ပုံ ရိုက်လိုက် သည်ဟု ထင် ရန် ခက်သွားစေနိုင်ပါသည်။

 

 

၃။    မျက်လုံး နှစ်လုံးစလုံး ဖွင့် ထားပါ။ LCD ကိုပိတ်ထားပါ။

 

ဓါတ်ပုံ ရိုက်ရာတွင် မျက်လုံး နှစ်လုံးစလုံးဖွင့်ထားခြင်းဖြင့် ရိုက်ကွက်များကို ပို၍ မြင်ရသည်။ တစ်ခုကို ကြည့်နေစဉ် အခြားတစ်ခုကလည်း ပတ်ဝန်းကျင်ကို မြင်နိုင်သည်။ လူသွားလူလာ များသည့် လမ်းပေါ်တွင် ရိုက်ကွက် များလှသည်။ ကင်မရာ အပြင်ဘက်ရှိ မျက်လုံး က ပို၍ ကျယ်ကျယ် ပြန့်ပြန့် ရိုက်ကွက် အသစ်ကို မြင်နိုင်သည်။

 

ကင်မရာ LCD ကိုပိတ် ထား ခြင်းဖြင့် မိမိ နောက်ရှိ လှုပ်ရှား မှု ကို LCD ၏ ဖန်သားပြင်၏ Reflection မှတစ်ဆင့် မြင်နိုင်သည်။ အထူးသဖြင့် ည ပိုင်းတွင် ပို၍ မြင်နိုင်သည်။ သင့်တော်သည့် နေရာ တစ်နေရာကို ကြို၍ Pre-Focus လုပ်ထားပါ။ လူများ ၏ လှုပ်ရှားမှု သည် အလွန်မြန်သည့် အတွက် ကြိုချိန်ထားခြင်းက ပို၍ သေခြာသည်။ ချိန်သားထဲ ရောက်လာလျှင် ရိုက်ပါ။ သေခြာသည့် နည်း ဖြစ်သည်။

 

 

၄။    ကင်မရာကို မျက်လုံး နေရာမှ ရိုက်မည့် အစား တင်ပဆုံ ( Hip) နေရာမှ ရိုက်ပါ။


မျက်လုံးနေရာမှ ရိုက်သည့် မြင်ကွင်းသည် နေ့စဉ် တွေ့နေကြ ၊ များစွာ  ရိုးနေပြီ ဖြစ်သည်။ ပို၍ စိတ်ဝင်စားဘွယ်ကောင်းစေရန် ကင်မရာကို မိမိ၏ တင်ပဆုံ (Hip)အမြင့် နေရာ လောက်မှ ရိုက်ကြည့်ပါ။

 

မျက်စေ့ နှင့် ကြည့်၍ မရသောကြာင့် Framing လုပ်ရန် တော့ ခက်သည်။ လေ့ကျင့်ကြည့် ပါ။  စိတ်ဝင်စားဘွယ်ရာပုံ များရ နိုင်ပါသည်။

 


Hip Shot နမူနာ ပုံများ




 





၅။    အမျိုးသမီး မိတ်ဆွေ၊ တစ်ဦးခေါ် သွားပါ။

 

ဤ နည်းကို ရှေး ထည်းကပင် သုံးခဲ့ ကြသည်။ လူအုပ် ထဲတွင် မိမိ၏ အမျိုးသမီး မိတ်ဆွေ ကိုရောကာ ရပ်ခိုင်းထားပါ။ အမျိုးသမီး မိတ်ဆွေကို တယ်ကြက် ( Decoy ) အဖြစ် ထားကာ အခြားသူများကို ရိုက်ပါ။

 

 

၆။    လမ်းလျှောက် လျင် နှေးနှေး လျှောက်ပါ။ ရိုက် ရာတွင် မြန်မြန် ရိုက်ပါ။

 

လမ်း နှေးနှေး လျှောက် ဖြင့် စိတ်ဝင် စားဘွယ်ရာ များ၊ ထူးခြားသည်များကို စေ့စပ် စွာ ကြည့် နိုင် သော‌ကြောင့် တွေ့ နိုင်ခွင့် များပါ သည်။ များသော အားဖြင့် အဆိုပါ စိတ်ဝင်စားဘွယ်ရာ  ဖြစ်ရပ် ကလေးများသည် တိုတတောင်းလှသည့် ကာ လ လေး အတွင်း မှာသာ ရိုက်ခွင့် ရ တတ် သ ဖြင့် ၊ မြန် မြန် ရိုက်ရန် လိုပါသည်။


 

၇။    Shutter Speed

 

Street Photography သည် လက်နှင့်ကိုင်ကာ အမြန် ရိုက်ရသည့် Hand Held ရိုက်နည်း ဖြစ်ရာ Hand Held Rule ဖြစ်သည့် Shutter Speed နှင့် Focal Length တို့ တူညီနေစေရန် Set လုပ်ထားပါ။


                              1/Focal Length )


 ဆိုလိုသည်မှာ 30mm Lens ဖြင့် ရိုက်လျှင် Shutter speed သည်လည်း 1/30 Sec. ထားရန် ဖြစ်ပြီး အကယ်၍ Focal length 200 mm ဖြင့် ဆွဲ ရိုက် ရမည့် အနေအထားများဆိုပါက Shutter speed 1/200 Sec ထားရမည် ကို ဆိုလိုပါသည်။


Focal Length ရှည် လေ ပုံရိပ် တုန်ခါ လေ ဖြစ်သောကြောင့် Shutter Speed  မြန်ရန်လိုသည်။ Shutter Speed ၏ ပိုင်းခြေ ကိန်းသည် အနည်းဆုံး Focal Length ကိန်းဂဏန်း လောက်ရှိရန် လိုမည် ဖြစ်ပါသည်။

 

 အချို့ ပုဂ္ဂိုလ် များအနေနှင့်မူ 1/15 Sec. လောက်ကို ငြိမ် အောင် ကိုင်၍ရိုက်နိုင်သည်။ ခေတ် မှီ Lens များတွင် ကင်မရာ တုန် လှုပ်ရှားမှုကို ထိန်းပေးသည့် ကိရိယာ များရှိနေပြီ ဖြစ်၍ စိုးရိမ်ဘွယ်ရာ နည်းသွားမည် ဖြစ်သည်။

 

သတိပြုရန်မှာ ကင်မရာမည်မျှ ငြိမ်ပါစေ Subject က မြန်နေပါကလည်း ပုံ ဝါး သွားနိုင် သည်။ လှုပ်ရှားနေသည့် Subject’s Average Speed ကို  Freeze လုပ် နိုင်မည့် Shutter Speed ကို Set လုပ်ထားသင့်သည်။

 

 

၈။    High ISO

 

High Shutter Speed တင်ရိုက်နိုင်ရန် ISO တင်ထား ရန် လိုပါသည်။ ဥပမာအားဖြင့် ခေတ်မှီ ကင်မရာများအနေနှင့် ISO 1600 အထိ တင်ထားစေကာမူ  သိသာသော Noise ထမှု မရှိ ။ နေ့ ခင်းတွင် ထို ISO နှင့်ဆိုပါက Shutter Speed 1/4000 လောက်အထိ အသာလေး ရိုက်နိုင်သည်။ အတော်မြန်သည့် လှုပ်ရှားမှု ကို ပင် Freeze လုပ်နိုင်သည်။

 

ယခု နောက်ပိုင်း ထွက် သည့် ကင်မရာ များဖြစ်သည့် Nikon D500 ကဲ့ သို့ ကင်မရာ မျိုး တွင် ISO 32000 အထိ တင် ရိုက်စေကာမူ Noise များစွာ မတွေ့ ရဘဲ acceptable ပုံ  ထွက်ပါသည်။ ကိုယ်တွေ့ စမ်းသပ်ချက် မှ ထုတ်နှုတ် ဖေါ်ပြ ခြင်း ဖြစ်ပါသည်။


D 500 ကို ISO 32000 ထားကာ ည ပိုင်း စမ်း ရိုက် ထားသည့် နမူနာ ပုံ။

( Location - Johor Bahru Lego land, Malaysia. 


ဤ ကဲ့သို့ ISO များများ တင် ရိုက်နိုင်သည့် ကင်မရာ များနှင့် အောက် တွင် နမူနာ ပြ ထားသော Basketball ကစားနေသည့် ပုံ များကို နေ့ ခင်းရိုက် အလင်းရောင် လုံလောက် စွာ ဖြင့် -


 -  ကစားနေ သည့် လှုပ်ရှားမှု ကို Freeze လုပ် ရန်  Shutter Speed 1/ 800 Sec  ထား ကာ ၊ Exposure Compensation (+) 0.3 EV တင်ရိုက် စေကာ မူ -

                         - ISO 280 သာ တင် ရန် လိုပါသည်။




 သို့သော် အလင်းရောင် နည်း နေပါလျှင် တော်ရုံ မြန်သည် လှုပ်ရှားမှု ကို Freeze လုပ် ရန်အတွက် Shutter speed 1/500 Sec ခန့် တင် ရိုက် လျှင် မူ -

                        - ISO 3200 မှ 4000 အထိ တင်ရိုက်ရန် လိုပါမည်။


ဤကဲ့ သို့ ISO ကို များစွာ တင်ရိုက်စေကာမူ  D 500 ကဲ့သို့ နောက် ပေါ် ကင်မရာ များ အနေနဲ့ မည်သို့ မျှ ပြဿနာမရှိသော ပုံကောင်း များ ထုတ်ပေးနိုင်ပါသည်။ 




 

၉။    အရေးကြီးသည့်ပုံ ကို ပုံပေါင်း များစွာ အကြိမ်ကြိမ် ရိုက်ပါ။



အရေးကြီးသည့် ပုံများကို တစ်ပုံထည်းရိုက်ပြီး ရပ်မထားပါ နှင့် ကြိမ်းသေ စေရန် အကြိမ်ကြိမ် ရိုက်ပါ။ Continuous Speed ဖြင့် တစ်စက္ကန့်  ကို လေး ၊ ငါး ၊ ဆယ်ပုံ လောက် ရိုက်ထားပါ။

 

 

၁၀။   ကင်မရာ တစ်လုံးတွင် Lens တစ်လုံးသာ သုံးပါ။

 

အရေးအကြောင်း တွင် Lens လဲ နေရန် အချိန်မရှိ။ ဖြစ်နိုင်လျှင်  သီးခြား Lens တစ်လုံးစီ နှင့် ကင်မရာ နှစ်လုံး ယူသွား ပါ။

 

၁၁။  ခက်ခဲသော အခြေအနေများ တွေ့ ပါလျှင်။

 

အမေရိကား Sub Way, စင်ကာပူ MRT နှင့် ဥရောပ Metro ကဲ့ သို့ မြေအောက် မီးရထား များတွင် ဓါတ်ပုံ ရိုက်ရာ၌ အကြမ်းဖက် သမား ဟုထင်ကာ မကြာခန ရဲများ စစ်ဆေးခြင်း ခံ ရနိုင်သည်။ အဆိုပါ နေရာ များကို သွားရိုက်ပါက ID မှတ်ပုံတင် ယူသွားပါ။ အစစ်ဆေး ခံ ရပါက မိမိ သည် Fine Art ဓါတ်ပုံ သမားဖြစ်ကြောင်း ၊ မည်သည့် ကိစ္စကြောင့် ရိုက်ရ ကြောင်း ရှင်းပြပါ။ 

 

တစ်ချိန် က ကျွန်တော့် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ကုန်တိုက် တစ်ခုတွင် သာမန် ဓါတ် ပုံရိုက်သည် ကို လုံခြုံရေး က လာရောက်တားမြစ် တာ ကြုံ ခဲ့ ဘူးပါသည်။


မကြာ သော ကာလ တွင် က  လည်း Sydney မြို့ ရှိ Parramatta ကုန်တိုက် တွင် သာမန် ဓါတ်ပုံ ရိုက်သည် ကိုလည်းလုံခြုံရေး တာဝန်ရှိသူများက “ ဘာ အတွက် ရိုက် ပါသလဲ “ ဓါတ်ပုံ ရိုက်ခွင့် မရှိဘူး “ စသည်ဖြင့် ပြော ပါသည်။  မှတ်ပုံတင် ပြရန် တောင်း သည့် အတွက် Singapore Driving License  ထုပ်ပြ လိုက်ရပါသည်။

 

ကျွန်တော် ကလည်း “ ဓါတ်ပုံ မရိုက် ရ လို့ ကပ်ထားတဲ့ စာတန်း သတိ ပေးချက် မတွေ့ လို့ ရိုက်ခြင်းဖြစ် ကြောင်း ၊ကျွန်တော် သည် အပျော်တန်း ဓါတ်ပုံ သမား တစ်ဦးမို့ လှပ သည်များကို မှတ်တမ်း အဖြစ် ရိုက်တာဖြစ် ကြောင်း ရှင်းပြ လိုက်ပါသည်။ ပြန်ရှင်း ပြ လိုက်ပါသည်။

 

Sydney ရှိ Queen Victoria ကုန်တိုက်မှာ တော့ တစ်မျိုး ဖြစ်ပါသည်။ ကုန် တိုက်ကြီးသည် ခန်း ငြား သည့် ရှေးဟောင်း အဆောက် အဦ ကြီး ဖြစ်သော ကြောင့် ဓါတ်ပုံ ရိုက် စရာ များစွာ ရှိပါသည်။ ဓါတ်ပုံ ရိုက် နေစဉ် တွင် အမျိုးသမီး လုံခြုံရေး တစ်ဦး က “ အခု လို ကင်မရာ အကြီး ( DSLR ) နဲ့ ရိုက်ခွင့် မရှိ ကြောင်း။ Commercial သဘော မျိုး ဖြစ်နေ သဖြင့် ဖြစ်ကြောင်း၊ ဖုံး ကဲ့ သို့ ကင်မရာ သေးနဲ့ သာ ရိုက်ခွင့် ရှိခွင့် ရှိကြောင်း “ ပြော ပါသည်။


အထက်ပါ ကိစ္စ များသည် ဥပဒေ ကြောင်း အရ အရေး ယူ နိုင်သည့်  ဖြစ်ရပ်များမဟုတ်စေကာမူ မလို လားအပ်သော အရှုပ် အရှင်း - ရုံရင်းဆန် ခတ် ဖြစ်ရပ်များ ဖြစ်လာနိုင် ခြေ ရှိတတ်ပါသည်။ 


ထို့ ကြောင့် Street Photography ရိုက်လျှင် အထက် က ပြောခဲ့သည့် အဖြစ်မျိုး များနှင့် ကြုံ နိုင် သဖြင့်  ID ဆောင် ထားသင့်ပါသည်။ ရန် သဘော မျိုးကို ရှောင်ကာ ပြေပြေ ပြစ်ပြစ် ခြေခြေ ငံငံ ပြန် ရှင်းပြ သင့်ပါသည်။ 



 

လူပုဂ္ဂိုလ် ကို ရိုက်လျှင် ခွင့်တောင်းပြီး မှ ရိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။


အကယ်၍ မိမိ ရိုက်သည့် ပုဂ္ဂိုလ်တစ်ဦးက သူ့ကို ဓါတ်ပုံ ရိုက်လိုက် ပါသလားဟု လာမေး ပါက မလိမ် ပါနှင့်။ ဟုတ်မှန်ကြောင်း ပြော ပါ။ မည်သို့ မည် ပုံ စိတ်ဝင်စား သည့် အတွက် ရိုက်မိကြောင်း ပြောကာ ရိုက်ထားသည့် ပုံ ကို ပြလိုက်ပါ။ ကာယကံ ရှင် အနေနှင့် ကြေ နပ်သွားကောင်း ကြေ နပ် သွားနိုင်သည်။ မကြေနပ်ပါက ပုံ ကို သူ့ရှေ့ တွင် ပင် ဖျက်ပေး လိုက်ပါ။

 


၁၂။ ပုံများကို မဖျက်ဆီး ပစ်ပါ နှင့်

 

မည်သို့သော အခြေ အနေ ဖြစ်ပါစေ မည်သည့် ပုံကိုမျှ မဖျက်ဆီး ပစ်ပါနှင့်။ Street Photography အားလုံးသည် End product- Finished Work များသာ ဖြစ်သည်။

 

 

နည်းနည်း ပြဿနာ ရှိနိုင်သည့် ရိုက်ချက်များ။













အမြဲတန်း တော့ လည်း ငါးကြီးကြီး မရနိုင်။


Street Photography သည် ငါးမျှားသကဲ့ သို့ ဖြစ်သည်။

ငါးမျှားထွက် တိုင်း ငါး ကြီးကြီး အမြဲ ရမည် ဟု တွက်၍မရ နိုင်။ ကံ ကောင်း အကြောင်း တိုက်ဆိုက်ပါလျှင် ငါးကြီးကြီး ရ နိုင်ပါမည်။ ငါးသေး တွေနဲ့ ပင် ပြန်လာရသည့် အကြိမ်တွေလည်း ရှိပါမည်။


 စိတ်ဓါတ်ကျ ရန် မလိုပါ။ သည် တစ်ကြိမ် မရ လည်း နောက်တစ်ကြိမ်ပေါ့။

 

 

 

ကိုယ် တွေ့ Street Photography.

 

ကျွန်တော် သည် စင်ကာပူ အရှေ့ ဖျား ရှိ Pasir Ris သို့ အပတ်စဉ်  ငှက် - အထူးသဖြင့် King Fisher ရေ ထဲ ဒိုင်ဗင် ထိုးကာ ငါးဖမ်းသည်ကို သွား ရိုက် လေ့ ရှိပါသည်။

 

King Fisher ရေ ထဲ ဒိုင်ဗင် ထိုးကာ ငါးဖမ်းသည်ကို ရိုက်ရသည်မှာ ငှက် နဲ့ လူ တို့ ကစားသည့် Game တစ်ခု လို Challenging ဖြစ် သဖြင့် Game သွားကစားသည် ဟု ဆိုရပါမည်။

 

ကျွန်တော်နေသည့် နေရာ မှ Pasir Ris သို့ ရထား တစ်နာရီ ခွဲ ခန့် စီးရပါသည်။ ရထားစီးနေစဉ် ယခင် အပတ်က Face Book ပေါ် တင် ခဲ့ သော “ ပုခုံး ကို မှီ ၊ အပြုံး ချီကာ ၊ စကားသီမယ် “ ဆိုသည့်  ပုံ လေးကဲ့ သို့  ဝင်စားဘွယ်ရာ ပုံ များ ကို Street Photography အဖြစ် ရိုက် လေ့ရှိပါသည်။


Street Photography ရိုက်ရသည်မှာ လည်း Bird in Flight ရိုက်သကဲ့ သို့ ပင်  Challenging ဖြစ်၍ စိတ်ဝင်စား ခြင်း ဖြစ်ပါသည်။

 

 

 

“ ပုခုံး ကို မှီ ၊ အပြုံး ချီကာ ၊ စကားသီမယ် “



လမ်း တစ်လျှောက် ရိုက် သည့် Street Photography  ပုံ များစွာ ရှိပါသည်။ စိတ် တိုင်း မကျ တာ ကြောင့် မြောက် များစွာ သော ပုံ များ အနက် သည်တစ် ပုံသာ တင်ဖြစ်ပါသည်။

 

ဤ မှတ်စု ဖြစ်သည့် Street Photography ရေးစဉ်က နိုင်ငံတကာ ဆောင်းပါးများကို ဘာသာပြန်ကာရေး ထားခြင်း ဖြစ်ပါသည်။ ကိုယ်တွေ့ ဆို၍ မရှိသလောက်ပါ။

 

တကယ် ရိုက်သည့်အချိန် တွင် မူ အတော့် ကို ရိုက်ရ ခက်ပါသည်။ လမ်း ပေါ်မှာ ရိုက် တာ ဘာဥပဒေ နဲ့ မှ အညိစွန်းဘူး ဆိုစေကာမူ အတော် မျက်နှာ ပူ ရသော အလုပ်ဖြစ်ပါသည်။


ရဲရဲ သာ ရိုက် လို့ အထက် က မှတ်စုထဲ မှာ ဆိုခဲ့စေကာမူ တကယ် ရိုက်တော့ မရဲ လှပါ။


Street Photography ရိုက်ရာ တွင် ဘာဥပဒေ နဲ့ မှ အညိစွန်းဘူး ဆိုစေကာမူ ပြသနာ ဖြစ်နိုင်ပါသည်။ ဖြစ်လာခဲ့ သည်ရှိသသော် အထက်ပါ မှတ်စု ပါ ဖြေရှင်းသည့် နည်း အတိုင်း ဖြေရှင်းပါက ပြသနာ မကြီးလာဘဲ ပြေလည်သွားပါလိမ့် မည်။

 

ကိုယ်တွေ့ လေး ပြော ပြ ပါရစေ……………..။

 

ကျွန်တော် တစ်နေ့ Pasir Ris အသွား ရထားရှေ့ ထိုင်ခုံ ပေါ်တွင် သက် ၂၀ ဝန်းကျင် ကလေး မလေး နှစ်ယောက် ထိုင်နေသည်ကို တွေ့ရပါသည်။ ငြိမ်ငြိမ် သက်သက် လေးတွေ မို့ ဘာမှ မထူး ခြားလှပါ။

 

တစ်နေရာသော ဘူတာ တွင် အဆိုပါ မိန်းကလေး များ ရဲ့ သူငယ် ခြင်း မလေး တက်လာပါ သည်။ အသား ညို စိမ့် စိမ့် အရပ် ရှည်ရှည် ၊ ရုပ်ရည် မှာ အလွန် ချော လှ သည် ဟု မဆိုနိုင်စေကာ မူ ရွက်ကြမ်း ရေချို ဖြစ်ပါသည်။

 

ထူးခြားမှု မှုာ သူ၏ အမူ အယာ ဖြစ်ပါသည်။အလွန် သွက်လက်ကာ Facial Expression မှာ စိတ်ဝင်စားဘွယ်ရာ ဖြစ်ပါသည်။

 

သို့ နှင့် ကျွန်တော် လည်း သူ ရဲ့ Expression များကို အကောင်းဆုံး တစ်ပုံ လောက် ရနိုင် စေရန် ဖုံး ကင်မရာ ဖြင့် ရိုက်ပါသည်။ ပုံပေါင်း အတော် များများတွင် အဆင်ပြေ မည့် ဟု ယူ ဆရ သည့် ပုံ တစ်ပုံ မျှသာ ရ ပါသည်။

 

သူ ကလည်း စတူဒီယို ထဲ မှာ ရိုက် ရသည့် မော်ဒယ် မဟုတ်။ ရထားပြူ တင်းပေါက် က Strong against the Light ကလည်း ပြင်း ၊ မျက် နှာ ပေါ် ကြသည့် Available Light အလင်း အရောင် ကလည်း နည်း တော့ စဉ်းစား ၍ သာ ကြည့်ပါတော့ မည်မျှ ရိုက်ရ ခက်မည် ဆိုသည်ကို။

 

သည်လိုနဲ့ ရထားသည် ခရီး အတော် ပေါက် လာသည်တွင် လူတွေ လည်း အတော် ရှင်းသွားပါသည်။

 

ကျွန်တော် ထိုင်သည့် ခုံတတန်း တွင် လည်း ကျွန်တော် တစ်ဦး ထည်းသာ ကျန်ပါတော့သည်။ ထိုစဉ် အဆိုပါ ကလေးမ သုံးယောက် အနက် မျက် မှန် လေး နဲ့ ဓါတ်ပုံ ရိုက် သည့် ကလေးမလေး ရဲ့ သူငယ်ခြင်း တစ်ဦးက ကျွန်တော့် ဘေး နား ကို လာ ကပ်ထိုင် လာပါသည်။ နောက် တော့ သူက -

 

“ စကားနည်းနည်း လောက်ပြော ပါရစေရှင် “  သူ ပြော တော့ ကျွန်တော် ကလည်း ၊

“ ပြောပါ “

“ စောစော က ကျွန်မ ရဲ့ သူငယ် ခြင်း ကို ဓါတ်ပုံ ရိုက် လိုက် ပါသလား လို့ “

 

ဒီအချိန် တွင် ကျွန်တော် က Street Photography ရဲ့ တုန့် ပြန် မှု တစ် ဆိုတာ သိလိုက်ပါပြီ ။ Street Photography  ရဲ့ ဥပဒေ သ အတိုင်း အမှန်ကိုပြော ရပါမည်။


“ ဟုတ်ပါတယ်။ ရိုက်လိုက်ပါတယ်။ မင်းတို့ သုံးယောက် အနက် သူရဲ့ လှုပ်ရှားမှုလေး တွေ နဲ့ မျက်နှာပေး ( Facial Expression ) လေးတွေ ကြည့် လို့ ကောင်းတာနဲ့ Street Photography ရိုက်တာပါ ။ အခု လို ရိုက်ရာ မှာ လည်း စိတ်ကြိုက် ပုံ ရ ခြင်မှ ရတာပါ ။  ကိုယ် က အမှန်တော့ ငှက် ရိုက် တဲ့ သူပါ။ အခုလိုရိုက်တဲ့ Street Photography ဟာလည်း  Bird Photography လိုဘဲ Challenging ဖြစ် လို့ စိတ်ဝင် စားဘွယ်ရာ တွေ့ ရင် ရိုက်ပါတယ်။”

 

ဆိုကာ ဖုံးထဲ တွင် စု စည်း ထာသည့် ပုံ များစွာ အနက် Street Photography ပုံ များကို ပြကာ -

 

Street Photography ဆိုသည်မှာ အရိုက် ခံ သူ မသိဘဲ ရိုက် ပါမှ  အဆိုပါ Subject ရဲ့ ပကတိ သဘာ၀ အသွင်အပြင်ကို ရ နိုင်သဖြင့် အရိုက် ခံ နေရ သူမသိ ဘဲ ရိုက် လေ့ရှိကြောင်း ၊ ယခုပြ သည့် ပုံ များတွင်ပါသည် သူများသည် သူတို့ ကို ရိုက်မှန်း မသိကြကြောင်း ရှင်းပြ ပါသည်။

 

သူ က ရှေ့ တွင် ထောင် ထားသည် ကင်မရာ အိပ်ကြီးကို ကြည့် ကာ -

 

“ Professional အဖြစ် ရိုက်တာပါလား “ လို့ မေးပါသည်။

 

“ မဟုတ်ဘူး။ ဝါသနာ အရပါ “

 

ပုံ များကို ပြရာ တွင် အချို့ သော ရှုခင်း ပုံများကို သူ က ဘယ်မှာ ရိုက်ပါသလဲ ဟုမေးရာ ကျွန်တော် က သြစတြေလျှ ၊ Victoria State က Victoria Lake မှာ ရိုက်ခဲ့ ကြောင်းပြော ရာ သူက သူလည်း Victoria State က Melbourne မှာ တက္ကသိုလ် ပညာ သင် ခဲ့ကြောင်းပြော ပါသည်။ ဓါတ်ပုံ တွေ ရဲ့ Location နဲ့ သူ့ရဲ့ ပညာရေး Location တို့ အတူတူ ဖြစ်နေတာမို့ စကားပြော ရတာ ပို အဆင် ပြေ သွားပါတယ်။ 

 

သူ စိတ်ဝင်စားသည့် အချိ့သောငှက်ပုံ များကိုလည်း အသေးစိတ် တောင်းကြည့်ပါသည်။


နောက်တော့ ကျွန်တော် ရိုက်ထားသည့် သူ့ သူငယ်ခြင်း ပုံ များကို တစ်ပုံ ခြင်း ပြန်ပြ ကာ စိတ်ကြိုက် မဟုတ်သည့် ပုံ များကို သူ့ရှေ့တွင် တစ်ပုံ ခြင်း ပြန် ဖျက် ပါသည်။ စိတ်ကြိုက် တစ်ပုံ မှ မရ သည့် အတွက် ဖျက် ပစ်ရကြောင်း သို့ မဟုတ်ပါက Waste of Space ဖြစ်ကြောင်းပြောရာ သူ က ရယ်ပါသည်။

 

“ နောက် တစ်ချက် က Street Photography ရဲ့ စည်းကမ်း အရ အရိုက်ခံ ရသူ  မကြေ နပ် ပါက ကာယကံ ရှင် ရှေ့ တွင် ပင် ဖျက် ပစ် ရပါတယ် “ လို့ ရှင်းပြ လိုက်ပါတယ်။

 

ပညာ တတ် ၊ ယဉ်ကျေးသည့် မိန်းကေ လးများဖြစ်၍ ဖျက်ပေးပါ ဟု မဆိုစေကာမူ ကိုယ် က   အလိုက်တသိ နဲ့ ဖျက်ပေးလိုက်ပါသည်။

 

“ မင်း တို့ ဘယ် သွားကြ မှာလည်း “

 

“ ကျွန်မတို့ Pulau Ubin ကျွန်းကို သွားကြမှာပါ။ အန်ကယ် လည်း အဲဒီကိုဘဲ သွားမယ် လို့ ထင်ပါတယ် “

 

“ မဟုတ်ပါဘူး..အန်ကယ်က Pasir Ris ကို ငှက် သွားရိုက်မှာပါ “

 

သို့ နှင့် ရထားသည် Pulau Ubin ကို သွား ရန် ဘတ်စ်ကားပြောင်းစီးရမည့် Tanah Merah ဘူတာရောက် လာသည့် နှင့် ခလေးမလေး သုံးဦးစလုံးက နှုတ် ဆက်ကာ ရထားပေါ်မှ ဆင်းသွားကြပါသည်။

 

အချူပ် အားဖြင့် သုံးသပ် ရပါလျှင် မိမိ ရိုက်ထားသည့် ပုံသည် အရိုက်ခံ ရသူ ၏ တစ်ခုသော အလှကို ဖေါ်ဆောင် ရန် စိတ်ကူးဖြင့် ရိုက် ပါက ကာယကံ ရှင် က သိ သဖြင့် ပြော ဆိုလာသည့်တိုင် ပုံ ကို ပြ ကာ သူ ၏ရှေ့ တွင် ဖျက် ပေးလိုက်ပါက ပြသနာ ရှိ မလာ နိုင်ဟု ဆိုရပါမည်။

 

အထက် တွင် တင် ပြခဲ့သည့် ကိစ္စ က ဘာမျှ မဟုတ် လှပါ။ အရေးမကြီးလှပါ လုံခြုံရေး ဆိုင်ရာ နေရာ များကို ရိုက် မိပါက မည်ကဲ့ သို့ ဖြေရှင်း ရမည်ကို အထက် ပါမှတ်စု တွင် ဖေါ်ပြ ထားပါသည်။



နိုင်ငံတကာ မှ နံမည် ကြီး Street Photography နမူနာ ပုံ အချို့။










































 ------------------------------------