Wednesday 12 August 2020

ကမ္ဘာ့ တောင်ဘက် အရပ်မှ သြစတြေလျှ ( Unicode)

 


" ကမ္ဘာ့ တောင်ဘက် အရပ်မှ သြစတြေလျှ "

 

   ကမ္ဘာ့ တောင်ဘက် အရပ် မှ သြစတြေလျှ “

Documentary Photos of  Sydney, Canberra, Melbourne, Shepparton and Kialla.

 

- Sydney and Shepparton,         - Part (I)

- Canberra,                               - Part (II)

- Melbourne, Kialla, Freefall       - Part (III)

  Diving and Sport Cars Driving, 

 





Part ( I )

 


Sydney

By Soe Haing

 

“ ကမ္ဘာ ကြီးသည် သူ၏ ဝင်ရိုး ပေါ်တွင် ၂၃ ၁/၂  ဒီဂရီ စောင်း၍ ပတ်ခြာ လယ်နေ ကာ နေကို လှည့် ပတ် နေသည် “ ဟု ငယ်စဉ် က ပထဝီ တွင်သင်ခဲ့ ရသည်။ တဘက်သို့ စောင်းနေခြင်းကြောင့် နေ ဘက်သို့ စောင်းနေသည့် အပိုင်းသည် နေနှင့် နီးသည့် အ တွက် ပူ၍ နေ နှင့် ဝေးသော အပိုင်း မှာ အေးပေလိမ့်မည်။


ကျွန်တော် တို့ နေထိုင်ရာ ကမ္ဘာ့ မြောက်ဘက်ခြမ်း အရပ်တွင် ခရစ်စမတ် ကို အေးသော ကာလ နှင်းတွေ ကျနေသည့် ဆောင်း အခါ သမယ ၌ ကျင်း ပချိန် တွင် သြစတြေ လျှ ၊ တောင်အာဖရိက ကဲ့သို့  ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ က ချွေးကျအောင် ပူနေသည့် နွေလာက တွင် ကျင်းပကြသည်။ တောင်နှင့် မြောက်  တို့ ၏ ထူးခြားသည့် ကွာခြား ချက် တစ်ရပ် ဖြစ်ပါသည်။


ကမ္ဘာ့ မြောက်ဘက်ခြမ်းတွင် တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကူးလူး သွားလာရသည်မှာ လွယ်ကူသည်။

 

ထိုင်း၊ စင်ကာပူ ၊ ပြင်သစ် ကဲ့ သို့ နိုင်ငံများ သို့ ခရီးထောက် ( Transit ) အဖြစ် အကြိမ်ကြိမ် ရောက် နိုင်သည်။ အခြားသော အိမ်နီးခြင်း နိုင်ငံများသို့ သွားရန်မှာ လည်း အပမ်း မကြီးလှ။ ဥရောပ တွင် တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကူးရသည် မှာ  ပို၍ပင် လွယ်နေပေသည်။  တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကူးသည်နှင့်ပင်မတူတော့။ ဆွစ်ဇာလန်မှ ကားမောင်းသွားရာတွင် ပြင်သစ်ထဲ ရောက်လို့ ရောက်နေမှန်းပင် မသိသည့် အနေ အထားမျိုး ဖြစ်နေသည်။

 

သို့ရာ တွင် ကမ္ဘာ့ တောင်ဘက်ခြမ်းရှိ သြစတြေလျှ ၊ တောင်အာဖရိကကဲ့သို့ နိုင်ငံများသို့ မူ တစ်ကူးတစ်က သွားမှသာ ရောက်နိုင်ပေသည်။ ရောက်ဖြစ်ခဲ သော နေရာ များဟု ဆိုရပါမည်။


 

 Sydney Opera House at Night.


ထို့ကြောင့် ကနဦးတွင် သြစတြေလျှ  ၌ ရိုက်ခဲ့သည့် ပုံ အချို့ ကို Blog ပေါ်သို့ Photo Gallery အဖြစ်သာ တင်မည် ဟူ၍ ရည်ရွယ်ထားရာ သော်လည်း ဘ၀ တွင် မှတ်တမ်းလေး ကျန်နေစေရန် ခရီးသွား မှတ် တမ်းကလေး အဖြစ် ရေး လိုက်ရ ခြင်း ဖြစ်ပါသည်။


 

သြစတြေလျှ မိုးကောင်ကင်။



ပေသုံးသောင်းကျော် အထက် က နေထွက်ချိန်။

 

 

 

ဆစ်ဒနီ လေဆိပ်။

 

ပစ္စည်း များ အစစ် အဆေး များစွာ တင်းကြပ် သည်ဟု နံမည် ကြီးတဲ့  ဆစ်ဒနီ လေ ဆိပ်ရောက် ရောက်တော့ ကျွန်တော် အစစ်ဆေး ခံ ရန် ဝင်တဲ့ ကောင်တာ ရှိ တာဝန်ကျ စစ်ဆေးရေး အရာ ရှိ က အိန္ဒိယ နွယ်ဘွား အသွင်အပြင်နဲ့အရှေ့  တိုင်းသား တစ်ဦး -

 

“  Visit ဆိုတော့ ဘယ် သူ့ ဆီ လာလည် တာလဲ “ - သူက မေးသည်။

 

“ ကျွန်တော့် သားသမီးတွေ ဆီ လာလည် တာပါ “ ကျွန်တော် ပြန် ဖြေ လိုက်ပါသည်။

 

“ အခု စစ်ဆေးမဲ့ အထုပ်တွေ ထဲ မှာ အစားအသောက်တွေ ပါသလား “

 

“ မပါ  ပါဘူး”

 

“ ဘယ် ဖြစ်နိုင်မလဲ ဗျ။ သားသမီး တွေ ဆီ လာလယ် တဲ့ သူ က ဘာအစား အသောက် မှ မပါ ဘူးဆိုတာ။ ”

 

သူ က အရှေ့ တိုင်းသား နွယ်ဖွားဖြစ်နေ သဖြင့်  အရှေ့ တိုင်းသား တွေ ရဲ့ အလေ့ အထ ကို ကောင်းစွာ သိနေသည်။

 

“ အစားအသောက် တွေ ပါ ပါတယ်။ မပါ ဘူးဆိုတာ ကျွန်တော့် ဆီ မှာ မပါဘူး ပြောတာပါ။ ကျွန်တော့် ဇနီး ဟိုဘက်က ကောင်တာမှာ အစစ်ခံဘို့  ဝင်နေပါတယ်။ သူဆီမှာ ပါ ပါတယ်။”

 

 ဇနီး သည် ပစ္စည်းများ အစစ်ဆေးခံ ရန် တန်းစီနေသည် ကို လက်ညှိုး ထိုးပြလိုက်ပါသည်။ ဇနီးသည်ကလည်း မြန်မာထမီ ဝတ်ထားသူမို့ မြင်လွယ်ပါသည်။   ထိုတွင်မှ အဆိုပါ စစ်ဆေး ရေးအရာရှိ ဘဝင် ကျသွားကာ ကျွန်တော့် ပစ္စည်း များကို လုံး၀ စစ်ဆေးခြင်း မရှိဘဲ လွှတ် လိုက် ပါသည်။

 

သည့် ယခင်တစ်ခါက်ကလည်း ဆစ်ဒနီလေဆိပ်တွင် ဗီယက်နမ်စစ်ဆေးရေး တာဝန် ကျ အရာရှိနှင့် တွေ့ခဲ့ဘူးပါသည်။

 

 ထိုအခေါက်၏ ဆစ်ဒနီလေဆိပ် သို့ လေယာဉ် ဆိုက်ချိန်က ည သန်းကောင် (၁၂) နာရီကျော် နေပြီဖြစ်သည်။ ကျွန်တော်က ကင်ဘာရာ သို့  ဆက်သွား မည်ဟု ပြောရာ သူက -

 

 “ ခင်ဗျား ဒီအချိန် ကြီး ကျမှ  ကင်ဘာရာ ကို ဘယ် လို သွားမှာ လဲ “ မေးပါသည်။

 

ကျွန်တော်က “  ကျွန်တော့် သား လာကြိုနေပါတယ် “  လို့  ပြော လိုက်ပါသည်။  စိတ်ပူ၍မေး ကြောင်း အကဲ ခတ်လို့  ရပါသည်။

 

နိုင်ငံသား ဖြစ်ခြင်း မတူကြစေကာ မူ အရှေ့တိုင်းသား  သွေး ခြင်း တူနေကြ သောကြောင့် သွေး ခြင်း စကား ပြော သည် ဟု ထင် ပါသည်။

 

နိုင်ငံသားဖြစ်မှု ကွာခြင်းကြသည်မှာ နယ်နိမိတ်ဟူသော လူတို့ သတ်မှတ် ရေးဆွဲ ထား သည့် မျဉ်းကြောင့်သာ ကွာခြားနေရခြင်း ဖြစ်သည်။

 

ဥပမာ ပြရပါမူ မြန်မာနိုင်ငံ အရှေ့မြောက်ဖျားရှိ ကချင်မျိုး နွယ်စု များ နှင့် ရှေ့  ဖျား ရှိ ရှမ်း မျိုး နွယ်စုများ သည် မြန်မာဘက် တွင်ရော တရုတ် ဘက်တွင်ပါ ရှိနေကြသည်။ ၎င်း တို့ အကြား တွင် မိတ်ဆွေများ ၊ ဆွေခြင်း မျိုးခြင်း တော်စပ်သူများရှိကြသည်။ နယ်နိမိတ်မျဉ်း တစ်ဘက်စီရှိ အဆိုပါ သွေးရင်းများသည် ကူးလူးဆက်ဆံ မှု မပျက်။ 

 

အလားတူပင် မြန်မာနိင်ငံ အနောက် ဖျားရှိ ချင်း  မျိးနွယ် စု များသည် မြန်မာဘက်တွင် ရော အိန္ဒိယ ဘက်တွင်ပါ ရှိနေကြသည်။ နယ်နိမိတ်မျဉ်း တစ်ဘက် စီရှိ ချင်း မျိုး နွယ်စု ဆွေမျိုး ၊ မိတ်သင်္ဂဟ များ အကူးအလူး အဆက် အသွယ် မပျက်။ တစ်ဘက်မှ ဆွေမျိး မိတ်သင်္ဂ္ဂဟ များ အခြားတစ်ဘက် သို့ အလည် လာကြသည်။ အချို့ မှာ နယ်နိမိတ် မျဉ်း ဆိုသည်ကို ပင် သိကြမည် မဟုတ်။


တစ်သားထည်း ဖြစ်နေသော " သွေး " ကို မူ လူတို့ ရေးဆွဲ ထားသည့် နယ်နိမိတ် ဟူ သော " Boundary "  လိုင်းက ခွဲခြား လို့  မရ ၊ 

ဒါက လက်တွေ့ ဖြစ်ရပ်။



 

ဆစ်ဒနီ လေဆိပ် အတွင်း။



ဆစ်ဒနီလေယာဉ်ကွင်း။


Our Last Bird

 

အပြင် တွင် မိုး တဖွဲဖွဲ ကျနေသည် ကို လှမ်းမြင် နေရသည်။ လေဆိပ် Arrival တွင် သမီးငယ် Dr. ချိုနွယ် စိုးလှိုင် နှင့် ခင်ပွန်း ဖြစ်သူ ပီတာ ဟိန်းဖေ တို့ လာကြိုနေကြသည်။

 

သမီးငယ် သည် သားသမီး (၄) ဦး အနက် အငယ်ဆုံး သမီး ဖြစ်ပါသည်။  သားသမီး လေးဦး ရှိသည့် များ မှ အမွေး အတောင် စုံ ကြသောအချိန်တွင် အသီးသီး အသက အသက တစ်ယောက်ပြီး တစ်ယောက် အမိအသိုက် အမြုံ မှ ပျံ ထွက် သွားကြသူများ အနက် အသိုက် မှ နောက် ဆုံး ပျံ ထွက် သွားသည့် ငှယ်ငယ် ကလေး ဖြစ်ပါသည်။

 

 ဆရာ ဝန် ဘွဲ့ယူပြီး နောက် AMC ဆက်ဖြေကာ Part I ပြီးသည် နှင့် သြစတြေလျှ သို့ ထွက် သွားခြင်း ဖြစ်ပါသည်။

 

သမီးငယ်သည် ရန်ကုန် ဆေးတက္ကသိုလ် -(  ၁ ) တွင် ပထမနှစ်  စ တက်စဉ်မှ ဘွဲ့ ရသည် အထိ မည်သည့် ကျူရှင်မှ မယူဘဲ ကိုယ်တိုင် လေ့လာကျက်မှတ်ခဲ့ သူဖြစ်သည်။ ယင်းနောက် ပြည်ပဆေးပညာအတွက် ဆေးပညာစာပေများကို ပင်ပန်းကြီးစွာ ဆက်လက် လေ့လာ ကျက်မှတ် ခဲ့ရသည်။

 

သမီးငယ်  ဆေးကျောင်းသူ ဘဝက  အိမ်အပေါ်ထပ်၌ စာကျက် သည့်အချိန်တွင်  တရုတ်လုပ် ခြင်ရိုက်သည့် ဘက်တန် ကလေး နှင့် ခြင်ရိုက်လေ့ရှိသည်။ ခြင်များကို ရိုက်မိသည့် အချိန် တွင် တဖြတ်ဖြတ် နှင့် အသံမည် လာသည်။ ထို အသံကို  နေ့ တစ်နေ့၏ အချိန်အများစုတွင် အစဉ် ကြားနေရ သည်။ ယင်း အသံ သည် သူ၏ သင်္ကေတ တစ်ခု လို ဖြစ်နေသည်။

 

သူ ဩစတြေလျှ သို့ ထွက်သွား သည့်နောက် ပိုင်း  တိပ် ဆိပ် နေသည့် ညနက် ပိုင်း အချိန် များ တွင် အိမ်ရှေ့ ဧည့် ခန်း ရွှေငါးကန် အတွင်း ရှိ ရွှေ ငါးလေးများ က ရေအောက်ရှိ ကျောက် စလစ်ခဲ လေးများကို တိုး တိုက် ကြသဖြင့် တ ခြောက်ခြောက် မြည် နေသည့် အသံ များ  ကို  ကြားရသည်။


 ထိုအသံ ကို သမီး ငယ် အပေါ်ထပ် မှာ စာကျက်ရင်း ခြင်ရိုက် နေဆဲ ပါလားလို့ အိပ်ခြင်မူး တူး နှင့် ထင်ခဲ့ မိသည့် အကြိမ် တွေ က လည်း မနည်းလှ။


သူ ထွက် ခွာ သွားစေကာ မူ သူ့ အရိပ် က ကျွန်တော့် ရဲ့ စိတ် အလျှင် ရင် ထဲ မှာ ကျန် ‌ နေဆဲ ဖြစ် သည်။ 


 သမီးငယ် Dr. ချိုနွယ် စိုးလှိုင်နှင့် ခင်ပွန်း ပီတာ ဟိန်းဖေ။



ကျွန်တော် တစ်ခါ က မှတ်သား ဘွယ်ရာ ဖတ်ထားမိ တာ လေးတစ်ခု ရှိပါသည်။

 

ငှက် ငယ်ကလေးများသည် အမွေး အတောင်စုံ လို့  အသိုက်အမြုံ က ပျံ ထွက်သွားလေ တိုင်း သူကို မွေး ဖွားပေးလိုက် သည့် အသိုက် တည် ရာ အကိုင်း ကလေး ကို အားပြု ကာ ခုန် ၍ ပျံ ထွက် သွားသည့် အချိန် မှာ အသိုက် တည် ရာ အကိုင်း ကလေး မှာ တုန် ခါ  ကာ ကျန်ရစ်ခဲ့ရသည် ဟု ဖတ် ခဲ့ ဘူးပါသည်။

 

ငှက် ငယ်ကလေးများသည် အသိုက် တည် ရာ အကိုင်း ကို သူတို့၏ခြေထောက် ကလေးများနှင့် ကန် ၍ အားပြုကာ အထက်သို့ အရှိန်ယူ ပျံတက် ကြရသဖြင့် အကိုင်း ကလေး တုန်ခါ ကာ ကျန် ရစ်ခဲ့သည် ကို တင်စား ခြင်း ဖြစ်ပါသည်။


အသိုက် ကလေး နေရာ တွင် လူ သာ ဖြစ် မည် ဆိုပါမူ အသဲ နှလုံး တုန်ခါ ကာ ကျန် ရစ်ခဲ့ မည်ဟု ဆိုရမည် ဖြစ်ပါသည်။

 

 Leaving the Nest.


နောက်ဆုံး ငှက်ငယ်ဖြစ်သည့် သမီးငယ် အိမ်တည်းဟူသော အသိုက်မှ ပျံထွက် သွား သော အချိန်တွင် လည်း ရင်ထဲ ၌ သစ်ကိုင်း ကလေး တုန် သလို တုန်ခါ ကာ ကျန်ရစ်ခဲ့ပါသည်။


Last Bird ဖြစ်သည့် သမီးငယ် ထွက်သွား သည့် အချိန် တွင် ကျွန်တော် တို့ အသိုက်သည် ဟင်းလင်း ( Empty ) ဖြစ်သွား လေပြီ။

 

သို့ နှင့်  ကျွန်တော်သည် အောက်ပါ Post Card ကလေး တစ်ခု ကို ရေးဆွဲ ခဲ့ပါ သည်။ ရင်ထဲ မှာ ရှိ နေသည့် ခံစားချက် ကို အပြင်သို့ ပုံစံ တစ်မျိုး ဖြင့် ထုတ်လိုက် ခြင်း သာ ဖြစ်ပါလိမ့် မည်။ သည် ကဒ် ကလေး ကို မည်သည့် ခလေး များ ထံ မှ မပို့ ဖြစ်ဘဲ သူ တို့တွေ နေခဲ့ သည့်  နေရာ တွေ မှာ သာ ကပ်ထားခဲ့ ပါသည်။ ယနေ့ တိုင် ရှိ ဆဲ ဖြစ်ပါသည်။


 

A Card written by my Heart.


ယခု အခါ Post Card ကလေး သည် ဆေးရောင် တွေ မှိန် နေပါပြီ။ Post Card ၏ ဆေးရောင် မှိန် သွားစေကာမူ မိဘ တို့ ၏ မေတ္တာ ဆေးရောင် မှာမူ တောက်ပ နေဆဲ ဖြစ်ပါသည်။

 

လေဆိပ် အပြင်တွင် မိုးလေး ဖွဲဖွဲ ကျနေဆဲပါ။ ကျွန်တော် ဇနီးသည် မျက်ဝန်းတွင် လည်း မိုး ဖွဲ လေး ကျနေသည်ကို တွေ့ လိုက်ရပါသည်။

 

 

Homebush

 

သြစတြေလျှ ရောက်စ က သမီးငယ် နေသည့် ရပ်ကွက် မှာ ဆစ်ဒနီ ရှိ Homebush အရပ် ဖြစ်သည်။ ကျေးလက် အငွေ့ အသက် ရှိသည့် ဧဧချမ်းချမ်း ရပ်ကွက် ကလေး ဖြစ်သည်။ စားသောက် ဖွယ်ရာ ဝယ်ရန် အချို့ ရှိနေသောကြောင့် အိမ်သို့ ရောက်သည် နှင့် အနီး အနားရှိ ဗီယက်နမ် ဈေး ကလေး သို့ သွားပါသည်။


 ဈေးကလေး ဟု သာ ဆိုရသည် အမှန်တော့ အတော်ကြီးသည့် ဈေး ဖြစ်ပါ သည်။ သြစတြေလျှ တွင် အခြေ စိုက် နေကြသည့် ဗီယက်နမ် အများ စု နှင့် အိန္ဒိယ နွယ်ဘွား အနည်းစု ဖွင့် ထားသော  ဆိုင်များ ဖြစ်ကြသည်။  စင်ကာပူ က Wet Market တစ်ခု အတိုင်းပင် ဖြစ်သည်။ အာရှတိုက် သား များ၏ အစား အသောက် အကုန် ရ သည်။ Flemington ဈေးဟုခေါ်ကြသည်။  Homebush နေရာ တစ်ဝိုက် တွင် နေထိုင်သူ အများစု မှာ လည်း အာရှတိုက်သားတွေ များပါသည်။

 

 

 

 Homebush တွင် ဗီယက်နမ် အများစု ဖွင့် ထားတဲ့ Flemington ဈေး။


Homebush တွင် ဗီယက်နမ် အများစု ဖွင့် ထားတဲ့ Flemington ဈေး။


 Homebush တွင် ဗီယက်နမ် အများစု ဖွင့် ထားတဲ့ Flemington ဈေး။

 

 

 အေးဆေး ဆိပ်ငြိမ်သည့် Homebush  ရပ်ကွက် ကလေး။


 Homebush ရှိ အိမ် ဝရန်တာ ပေါ်မှ မြင်ရသည့် နဘေး ရှိ အိမ် ကလေး များ၏ ခေါင်မိုး။

 

Entrance of  Homebush Apartment.


 

Homebush ရှိ ဘုရား ကျောင်းတစ်ကျောင်း

 

 ဘုရားကျောင်း တစ်ကျောင်းရှိ ယေရှု ရုပ်ထု


 

Homebush ရှိ အိမ်ဆိုင်လေး တစ်ဆိုင်။

 

 Shepparton

 

သမီးငယ်သည် သြစတြေလျှ ဆေးပညာ လောက ၏ ခက်ခဲသည့် အဆင့် ဆင့်သော လှေခါးထစ်များကို တစ်ထစ် ခြင်း တက်လှမ်း ခဲ့ရပါသည်။ သြစတြေလျှ ရောက် သော် အလွန် ခက်ခဲ သော အပိုင်း ဖြစ် သည့် AMC - Part II ဖြေ ဆိုရန် အတော် ကျိုးစားရသည်။


သမီးငယ်သည် စာအတော် ကျက်မှတ် လေ့ လာ နိုင်သူ ဖြစ် သောကြောင့်သာ လျှင် ဒီ အခက် အခဲ အဆင့်ဆင့်  တွေ ကို ကျော် နိုင်သည်ဟု ဆိုရပါမည်။ သူ မည် မျှ ကျိုးစား ကျက် မှတ် နိုင်သည် လေ့ လာ ကျက် မှတ် ခဲ့ ရသည် ကို အနီးကပ် ဖြစ်သူ ကျွန်တော် အသိဆုံး ဖြစ်သည်။

 

AMC - Paert II အောင်ပြီး နောက် ဆရာဝန် အလုပ် မရ မှီ အတွင်း မှာ လည်း ဆစ်ဒနီ မှာအတော် ရုန်းကန် ရသည်။ ဆေးရုံ တွင် Admin အလုပ်မျိုး ၊ AMC ဖြေ မည့် ကျောင်းသား များကို စာ သင် သည့် ဆရာ အလုပ် မျိုး စသည်ဖြင့် နှစ်ကာလ နှင့် ချီကာ လှုပ်ရှား ရုံးကန် ရသည်။


စိတ် မောလူမော ဖြစ်သည့် အချိန် များတွင် Hobour Bridge အနီးရှိ တောင်ကုန်းလေး မှာ သွားထိုင်ကာ  စိတ် အပန်း ဖြေ လေ့ရှိသည် ဟု တစ်ခါ က သမီး ငယ် ပြော ဘူးပါသည်။ ကြားလိုက် ရသည့် ဖခင် အနေနဲ့ သမီးရဲ့ ခံစားချက် ကို မျှဝေ မိပြီး ရင်ထဲ မှာ စိတ်မကောင်း ဖြစ်ရပါသည်။ 


အတော် အသင့် ကြာ ပြီးနောက် မှ  သူရဲ့ ပင်မလုပ်ငန်း ဖြစ်တဲ့ ဆေးဝါးကုသသည့် ဆရာ ဝန် အလုပ်ရပါသည်။ သူရဲ့ ပထမ ဦးဆုံး ဆရာဝန် တာဝန်ကို Victoria State ရှိ Shepparton မြို့ ကလေးတွင် တာဝန်ကျပါသည်။


ယခု အချိန် တွင်မူ လေ ပြင်းတွင် လှော်ခတ်ရသည့် ကာလ တွေ ကျော်လွန်ကာ FRACGP ( Fellowship of the Royal Australian College of General Practitioners)  အဆင့် သို့ ပင် ရောက်နေပြီ ဖြစ်ပါသည်။


ဤသည်တွင်လည်း သူရဲ့ အောင်မြင်မှု ကိုမျှ ဝေ ကာ ဝမ်းသာ ရပြန် ပါသည်။

 

သမီး ငယ် ပထမ ဦးဆုံး ဆရာဝန် တာဝန်ကျ သည့်  Shepparton မြို့ ကလေးသည် မြို့ငယ်လေး ဖြစ်စေကာမူ အစစ ပြည့်စုံသည့် မြို့ ကလေး ဖြစ်သည်။


 အထူး သဖြင့် သမီး ငယ် ပထမ နေသည့် အိမ် မှာ Salamander Terrace မှာ ဖြစ်ပါသည်။  အိမ်အနီး တွင် Victoria Park နှင့် ရေကန် ရှိသဖြင့် Bird Photographer ဖြစ်သည့် ကျွန်တော့် အတွက် ငှက် များ ဓါတ်ပုံ ရိုက် ရာ တွင် အလွန် အဆင်ပြေသည်။

 


Shepparton  City Center


Shepparton  City Center


Shepparton  City Center



Shepparton  City Center



Shepparton  City Center




Sunset at Victoria Lake or My Second Home





 Victoria Lake at Night




Sunset at Victoria Lake




Sunset at Victoria Lake



Sunset at Salamander Terrace.


Sunset at Salamander Terrace.




သမီးငယ် ဆေးခန်း ရှိရာ Shepparton Market Place Shopping Mall.




သမီးငယ် ၏ ဆေးခန်း။



သမီးငယ် ၏ ရုံးခန်း။


Shepparton တွင် မိသား စု ဝင်အများစု ဆုံကြစဉ်က။



ကြုံ ခဲ့ ရသည့်  သြစတြေလျှ နိုင်ငံရေး အပြာင်းအလဲ များ

 

၂၀၁၃ ခု နှစ် သြတြေလျှ သို့ သွားစဉ်က ကျွန်တော် ရောက်သွားပြီး ရက်ပိုင်း အတွင်း သြစတြေလျှ ဝန်ကြီးချုပ် အပြောင်း အလဲ ဖြစ်ပါသည်။ ထိုစဉ်က အာဏာ ရပါတီမှာ လေဘာ ပါတီ ဖြစ်ပါသည်။ ဝန်ကြီး ချုပ် မှာ  သြစတြေလျှ  ၏ (၂၇) ဆက်မြောက် ဝန်ကြီးချုပ် လေဘာ ပါတီ ခေါင်းဆောင် Julia Gillard ဖြစ်ပါသည်။



Julia Gillard


Julia Gillard မတိုင်မှီ လေဘာ ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်မှာ Kevin Rudd ဖြစ်ပါသည်။ 


Kevin Rudd သည် ၂၀၀၇  ခုနှစ်တွင် (၂၆ ) ဆက်မြောက် ဝန်ကြီးချုပ် ဖြစ် လာသူ ဖြစ်ပါသည်။


 

Kevin Rudd


၂၀၁၀ ခု နှစ်အတွင်း ပါတီ တွင်း ခေါင်းဆောင်မှု အားပြိုင်ကြရာ မှ ပါတီတွင်း မဲခွဲကာ ခေါင်းဆောင် ရွေးကြရာ Kevin Rudd ရှုံးကာ Jullia Gillard အနိုင်ရပြီး ဝန်ကြီး ချုပ် ဖြစ်လာသည်။

 

ထို အားပြိုင်မှုသည် မပြီးသေးဘဲ ၂၀၁၃ တွင် တစ်ကြိမ် ထပ် ပေါ်လာပြန်ကာ လေဘာ ပါတီ ခေါင်းဆောင် အတွက် မဲ ဖြင့် ထပ်ရွေးကြပြန်သည်။ ဤ အဖြစ် အပျက် ကို သြစတြေလျှ ရုပ်သံလွှင့် က တိုက်ရိုက် ထုတ်လွင့် ခဲ့ပါသည်။ Kevin Rudd သည် ကျွန်တော် ယခင် သြစတြေလျှ သွားစဉ် က ဝန်ကြီးချုပ် ဖြစ်ခဲ့ သဖြင့် သူ ၏ အခြေ အနေကို စိတ်ဝင်စားမိ ရာက သတင်း ကို မပြတ် ကြည့်ဖြစ်သည်။

 

သည်တစ်ကြိမ် ခေါင်းဆောင် နေရာ လုပွဲ သည် ပွဲကြီး ပွဲ ကောင်း ဖြစ်သည်။ လောင်း ကြေး မှာ  

 ရှုံး သော သူ နိုင်ရေးလောက မှ အနားယူ ကြေး ဖြစ်သည်။

 

ပြိုင် ပွဲ တွင် Kevin Rudd က မဲ အပြတ်ဖြင့် နိုင်ကာ လေဘာ ပါတီခေါင်းဆောင် ဖြစ်လာပါသည်။ အာဏာရ ပါတီ ဖြစ်သဖြင့် Kevin Rudd သည် ၂၀၁၃ ဇွန်လ (၂၇) ရက်နေ့တွင်  သြစတြေလျှ  နိုင်ငံ ဝန်ကြီးချုပ် ပြန်ဖြစ်လာပါသည်။

 

သိုသော် ပါတီတွင်း နိုင်ငံရေး မတည်ငြိမ်မှု စည်းရုံးမှု အခြေ မခိုင်မှု များကြောင့် ဝန်ကြီးချုပ် သက်တမ်း (၃) လပင် မပြည့်မှီ အထွေထွေ ရွေးကောက် ပွဲ ကျင်းပရ ပြန်ရာ  လေဘာ ပါတီ  ရှုံး  ကာ Liberal Party အနိုင် ရသဖြင့် လစ်ဘရယ် ပါတီခေါင်း ဆောင် Tonny Abbott သည် ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ တွင်  သြစတြေလျှ  ၏ (၂၈) ဆက်မြောက် ဝန် ကြီးချုပ် ဖြစ်လာပါသည်။

 

 

Tony Abbott


Kevin Rudd ၏ ဒုတိယ အကြိမ် ဝန်ကြီးချုပ် သက်တမ်း မှာ ( ၈၃) ရက်သာ ကြာ လိုက်ပါသည်။

 

 

တိုက်တိုက် ဆိုင်ဆိုင် အစိုးရ ထပ်မံ ပြောင်းလဲ ပြန်ခြင်း။

 

ကျွန်တော် သမီးငယ် ဆရာဝန် အဖြစ်တာဝန်ကျရာ Shepparton သို့ ၂၀၁၅ စက်တင်ဘာလ (၁၁) ရက်နေ့ တွင် တစ်ခေါက် ထပ်ရောက် ခဲ့ပါသည်။

 

ယခု နှစ် ဖေဖေါ်ဝါရီလ တွင် Tonny Abbott ၏ Liberal Party အတွင်း ပါတီ ခေါင်းဆောင် အပေါ် မကြေ နပ်သည့် ပါတီတွင်း အားပြိုင်ပွဲ သည် အယုံ အကြည် မရှိ အဆို မဲခွဲ မည့် အနေအထားသို့  ရောက်ခဲ့ရာ လာပြန် ပါသည်။ ကျွန်တော် သြစတြေလျှ ရောက်ပြီး သည့် နောက် (၃) ရက်မြောက်နေ့ ဖြစ်သော စက်တင်ဘာလ (၁၄) ရက်နေ့ တွင် Liberal Party ခေါင်းဆောင် အပေါ် အယုံအကြည် မရှိအဆိုမဲ ခွဲရာ Tonny Abbott မဲအပြတ်အသတ် ဖြင့် ရှုံး သဖြင့် Liberal Party ဒုတိယ ခေါင်းးဆောင် ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီး Malcolm Turnbull ပါတီခေါင်းဆောင် ဖြစ်လာသည်။

 

ထို့ကြောင့် Liberal Party ခေါင်းဆောင် သစ် သည် စက်တင်ဘာလ (၁၅) ရက်နေ့ တွင် အစိုးရ သစ် ဖွဲ့ ကာ ဝန်ကြီးချုပ် ဖြစ်လာသည်။ Malcolm Turnbull သည်  သြစတြေလျှ ၏ (၂၉ ) ဆက်မြောက် ဝန်ကြီးချပ် ဖြစ်သည်။

 

ကျွန်တော် သြစတြေ လျှ သို့ ရောက်နေစဉ် ကာ လများအတွင်း ၂၀၁၃ မှ ၂၀၁၅ ကာလဖြစ်သော (၂) နှစ် အတွင်း အာဏာရ ပါတီ များ အတွင်း ခါင်းဆောင် ပြောင်းလဲ မှုများ (၂) ကြိမ် ဖြစ်ပွားခဲ့သည်။

 

၂၀၁၃ ဇွန်လအတွင် ထိုစဉ်က အာဏာရပါတီဖြစ်သည့် လေဘာ ပါတီ ခေါင်းဆောင် အမျိုးသမီး ဝန်ကြီးချုပ်  Julia Gillard  မှ Kevin Rudd သို့ ပြောင်းသွားကာ Kevin Rudd သြစတြေလျှ ဝန်ကြီးချုပ် တစ်ကြော့ပြန် ဖြစ် လာသည်။

 

 

၂၀၁၅ စက်တင်ဘာလတွင် လေဘာပါတီကို နိုင်ကာ အာဏာ ရလာသည့် လစ်ဘရယ် ပါတီ ခေါင်းဆောင် သည် Tony Abbott မှ နေ၍ Malcolm Turnbull သို့ ပြောင်း သွားသည်။

 

 

 သြစတြေလျှ ၏ (၂၉ ) ဆက်မြောက် ဝန်ကြီးချပ် Malcolm Turnbull ။

 


သမီး ငယ်က "  အဖေ လာတိုင်း  သြစတြေလျှ အစိုး ရ အပြောင်း အလဲ ဖြစ်တာဘဲ " လို့ ရယ်သွမ်း သွေးပါသည်။

 

 

လူထု ထဲ က ခေါင်းဆောင် ဆိုသည်မှာ။

 

ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ ၏ နိုင်ငံ ခေါင်းဆောင်သည် လူထု ထဲ မှာ ပေါ်ပေါက်လာခြင်းသာ ဖြစ်သည်။ မိုးကျ ရွှေကိုယ် ၊ ဖန်း ဆင်းရှင်မဟုတ်။ ပြည်သူ နှင့် ဖဲ ခွာ ကာ ကိန်းခန်း ထုတ် နေ ရန် အကြောင်း မရှိ။ ပြည်သူ နှင့် တစ်သားထည်း ဖြစ်နေ ရမည်သာ ဖြစ်သည်။

 

Tonny Abbott သည် သာမန် လူတန်းစား မှ သြစတြေးလျှ ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်သည်။ ဝန်ကြီးချုပ် ရာထူးမှ ဆင်းပြီး ဆစ်ဒနီ ရှိအိမ်သို့ပြန်ရောက် စဉ် ကိုယ့် အထုတ် ကို ကားပေါ် မှ ကိုယ် တိုင် သယ် ချသည်။


 

Tony Abbott arrives at his home in Sydney. Picture BRETT COSTELL



Where's he bin ... Tony Abbott at home  Pic Renee Nowytarger.


နောက်တစ်နေ့ တွင် သူ၏ ဆစ်ဒ်နီ ရှိ အိမ်  ၌ T Shirt အဟောင်း နှင့် ဘောင်းဘီတို ဝတ်ကာ အမှိုက် ပုံး အတွင်း အမှိုက် ပစ်နေသည်ကို TV သတင်း များ တွင် တွေ့ ရသည်။ 


သာမန် လူတန်း အတွင်း အေးဆေး စွာပင် ပြန် ဆင်းလာသည်။ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံ ခေါင်းဆောင် သည် လူ ထု က တာဝန်ပေးထား သည့် တာဝန်သာ  ဖြစ်သည်။ လူထု က တာဝန်ပြန် ရုပ် သိမ်း လျှင် လူထု အကြား ပြန်လာရမည်သာ ဖြစ်သည်။

 

 

ကျွန်တော် နှင့် အစိုး ရ အပြောင်း အလဲ အတွေ့ အကြုံ များ။

 

ကျွန်တော် ရောက်သည့် နိုင်ငံ အချို့ တွင် အစိုးရ အပြောင်းအလဲ နှင့် ကြုံ ရတတ် ပါ သည်။ ဆိုဗီယက် ယူနီယံ တွင် တာဝန်ကျစဉ် ၁၉၉၃ ခုနှစ် အတွင်း ထိုစဉ်က ဒုတိယ သမ္မ ယာနားရက်ဗ် ခေါင်းဆောင်သည့် အုပ်စုက ဆိုဗီယက်ယူနီယံ သမ္မတ ဂိုဗာချော့ ခရိုင်းမီးယား ၌ အနားယူနေစဉ် အာဏာ သိမ်း လိုက်ပါသည်။

 

သမ္မတ ဂိုဗာချော့ ၏ ကျန်းမာရေး အခြေ အနေအရ နိုင်ငံတော် အာဏာ ကို ခေတ္တ ထိမ်းသိမ်း ထားပါသည် ဟု အကြောင်းပြသည်။ မည်သို့ပင် အကြောင်း ပြစေကာမူ အာဏာ သိမ်း သည် ကတော့ အာဏာ သိမ်းသည် သာ ဖြစ်သည်။ လူထု က လက်မခံ။ ဆိုဗီယက် တပ်မတော်၏ အချို့ သော အပိုင်း များက လည်း ဆန့် ကျင်သည်။ လူထု အုံကြွမှု ဖြစ်လာသည်။

 

ထို့ ကြောင့် အာဏာသိမ်းပွဲသည်လည်း (၃) ရက်သာခံ သည်။ သို့ ရာ တွင် သမ္မတ ဂိုဗာ ချော့ ပြုတ် ကျကာ ဆိုဗီယက် ယူနီယံကြီး ပြိုကွဲ သွားပြီး ထိုစဉ်က ရုရှား ဖက်ဒရေဒရှင်း အကြီးအကဲ ရယ်လ်ဆင် တက်လာသည်။

 

ပါကစ္စတန် ၌ တာဝန်ကျစဉ် ၁၉၉၉ ခုနှစ် အတွင်း ဗိုလ်ချုပ်ကြီး မူရှာရတ်  အာဏာ သိမ်း သဖြင့် ဝန်ကြီးချုပ် နာဝတ် ရှာရစ် ပြုတ်ကျသွားသည် နှင့် ကြုံ ခဲ့ရ သည်။ ပါကစ္စတန် သည် ၁၉၄၇ ခု နှစ် အန္ဒိယ မှ ခွဲ ထွက် စဉ် မှ စ၍ စစ်တပ် က အာဏာ သိမ်း မှု မကြာမကြာ ဖြစ်ပွားခဲ့သည်။

 

အဆိုပါ ဗိုလ်ချုပ်ကြီး မူရှာရတ်  အာဏာ သိမ်း သည့် အချိန် အထိ ပါကစ္စတန် နိုင်ငံ တွင် အရပ်သား အစိုးရ အုပ်ချုပ်သည့် ကာလ သည် ၁၅ နှစ်ထက်မပိုခဲ့ ဟု ဆိုကြသည်။ စစ်တပ်က အာဏာသိမ်းစေကာမူ ကာလ မှာ မကြာလှ။ ရွေးကောက်ပွဲ ကို ပျမ်းမျှ (၅) နှစ်တာမျှ ကာလ အတွင်း ကျင်းပ ခဲ့သည်ချဉ်း သာ  ဖြစ်သည်။

 

အထို့ကြောင့် သူငယ်ချင်း များက ဒီကောင် ရောက်တဲ့ နိုင်ငံ ဆိုရင် အစိုးရ ပြုတ်ကျတာဘဲ။ မင်း မြန်မာ ပြည် ပြန်လာခဲ့ လို့  နောက်ကြ ပါသည်။

 

 

 

Opera House သို့ အသွား။


ရောက် သည်နှင့် ယခင်က ဓါတ်ပုံ ကောင်းစွာ မရိုက်ခဲ့ရသည့် Sydney Opera House သို့ သွားပါသည်။ Homebush ဘူတာမှရထား စီးရပါသည်။ ရောက်သည့် အချိန် မှ စ၍ နေ့စဉ် ရွာနေသည့် မိုး တိတ် သွားသော်လည်း ရာသီ ဥတု က အုံးမှိုင်းနေသည်။ ဓါတ်ပုံ ရိုက်လျှင် တောက် ပသည့် ပုံ ထွက်မည် မဟုတ်။ သို့ သော် ဟိုရောက်လျှင် နေပွင့် နိုင်သည် ဟူသော မျှော်လင့်ချက် နှင့် သွားခဲ့ သည်။

 

Opera House ရောက်တော့ မိုးအုံ့ နေပါသည်။ သည်နောက် နေ ခနတာမျှ ပွင့် လာသည်။ နောင် မိုး ပြန်ရွာပြန်ရော။ နေပူ  မိုးအုံ့ မိုးရွာ အခြေအနေ အားလုံးမှာ ရသမျှ ရိုက်ခဲ့ရပါသည်။

 

 

Homrbush ဘူတာရုံ လေးကို ည ပိုင်းမြင်ရစဉ်။


ရထားခမှာ City အတွင်းသို့ အသွားအပြန် သြစတြေလျှ ဒေါ်လာ ၆ ဒေါ်လာခန့် ကျပါသည် စင်ကာ ပူထက် ဈေး ပိုကြီးသည်ဟု ထင်ပါသည်။

 

ရထားဘူတာ ရုံသည် ရှေး ဆန် ပါသည်။ စင်ကာပူကဲ့ သို့ eZlink ကဒ်ဖြင့် စီးရခြင်း မဟုတ်ပါ။ လက်မှတ်ကို စက်တွင် ငွေ ထည့်၍ သော်လည်း ကောင်း လက်မှတ်ရုံ တွင် ငွေ ပေး၍သေည်လည်းကောင်း ဝယ်စီးရပါသည်။

 

အလံပြများက ရထားကို အလံ ဖြူ အလံ စိမ်း တို့ ဖြင့် ခရာ တုတ်ခါ ထိန်း ပေးပါသည်။ သို့ သော် မီးရထား တွဲ များ မှာ သစ်လွင် ခေတ်မှီ ပါသည်။ သြစတြေလျှ ကဲ့သို့ ခေတ်မှီသော နိုင်ငံ တစ်နိုင်ငံ သည် မည်သည့် အတွက် ခေတ်မှီ သော စနစ်ကို မပြာင်း ပါလိမ့် ဟု စူစမ်းခဲ့ ရာ လူထု က ဤကဲ့ သို့ ရှေးရိုး စနစ် ကို ကြိုက် သောကြာင့် ဟု သိရပါသည်။

 


ခေတ်မှီ သစ်လွင်သော မီးရထားတွဲ အပေါ် ထပ်။ 



ဘူတာရုံ တစ်ခု၏ ပလက်ဖေါင်း။



လက်မှတ်ရုံ ရှိရာ တံတားပေါ်မှ Hombush ဘူတာ ရုံ သို့ အဆင်း။ 



ဆစ်ဒနီမြို့ တွင်းက လမ်းကလေး တစ်ခု။



ဆစ်ဒနီမြို့ တွင်းက ဘုရားကျောင်း တစ်ကျောင်း။



ဆစ်ဒနီမြို့ တွင်းက St. Mary ဘုရားကျောင်း ။




Sydney Opera House


မိုးအုံ့ နေစဉ် ၊ အုံ့ မှိုင်းသော မိုးတိမ် အောက်မှ Opera House နှင့် Habour Bridge



နေသာချိန်၊ Opera House ၏ အနောက်ဘက် ရင်ပြင်။


Sydney Opera House သည် ဆစ်ဒနီ ၏ Land mark တစ်ခု ပင် ဖြစ်ပါသည်။ ၁၉၅၇ ခုနှစ်တွင် စတင် တည်ဆောက်ကာ (၁၆) နှစ်အကြာ ၁၉၇၃ ခုနှစ်တွင်မှ စတင် ဖွင့်လှစ်ခဲ့သည်။  ဒီဇိုင်းကို Danish Architect ဖြစ်သူ Jørn Utzon ကရေးဆွဲ ခဲ့သည်။ 


အမိုးကို အကြေးခွန် ကဲ့ သို့ ထပ်ကာ တည်ဆောက်ထားသဖြင့် ၂၀ရာစု ဗိသု ကာ ပညာရပ် တွင် များစွာ ဆန်းသစ်သည့် ပုံစံ ဖြစ်ပါသည်။ အမိုးကို White Ceramic Tiles များဖြင့် ဆန်းကျယ်စွာ ဆောက်ထားသဖြင့် Opera House သည် အဆောက် အဦ တစ်ခု  ထက် ရုပ်ထု ( Sculpture ) တစ်ခု နှင့်ပင် တူနေသည်။ ထို့ ကြောင့် ရုပ်ထုကြီး ကဲ့ သို့ သော အဆောက်အဦ  ( Large Sculptural Building ) ဟု ဆိုကြသည်။

 

Opera House ၌ နှစ်စဉ် ပွဲ ပေါင်း ၁၅၀၀ ကျော် တင်ဆက်ကာ ပရိဿတ် ပေါင်း ၁.၂ သန်း ခန့် နှစ်စဉ် လာကြည့် ကြ ကြောင်း နှင့် Opera House သို့ နှစ်စဉ် ခရီးသည်ပေါင်း (၇) သန်း ခန့် လာရောက် ကြည့် ရှု ကြသည်ဟု သိရပါသည်။

 

 ထူးခြားသည် ဗိသုကာ လက်ရာ ကြောင့် ဤ ကဲ့ သို့ ကမ္ဘာ ကျော် ရခြင်း ဖြစ်ပေသည်။ Sydney Opera House  ကို World Heritage Site အဖြစ်  UNESCO က ၂၀၀၇ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ တွင် သတ်မှတ်ခဲ့သည်။

 

ကမ္ဘာကျော် Sydney Opera House နေ့ခင်း။


ကမ္ဘာကျော် Sydney Opera House နေ့ခင်း။





Opera House ၏ အမိုး မိုးထားသည့် ငါးအကြေးခွံ ပုံ White Ceramic Tiles များ။






 
ကမ္ဘာကျော် Sydney Opera House ည ခင်း။






Sydney Harbour Bridge.

 

Sydney Harbour Bridge သည် လည်း ဆစ်ဒနီ၏ Land Mark  တစ်ခု ဖြစ်ပါသည်။ ကမ္ဘာပေါ် တွင် အရှည်ဆုံး တံတား မဟုတ်စေကာမူ  အကြီး ဆုံး Steel Arch Bridge တစ်ခု ဖြစ်သည်။ Steel Arch  တစ်ခု ထည်းသာ ပါ သော တံတား ဖြစ်သည်။ တံတား ၏ အမြင့်ဆုံးနေရာမှာ ၁၃၄ မီ တာ ရှိသည်။

 

၁၉၂၄ ခု နှစ်တွင် စတင် တည်ဆောက်ကာ (၈) နှစ် အကြာ ၁၉၃၂ ခုနှစ် မတ်လ (၁၉) ရက်နေ့ တွင် ဖွင့် လှစ် နိုင်ခဲ့သည်။ ထိုတံတားကြီး ဆောက်စဉ်က အိမ်ခြေပေါင်း (၈၀၀) ခန့် အလျှော် အစားမပေးဘဲ  နေရာ ရွှေ့ ခဲ့သည်ဟု သိရသည်။

 

တံ တား ကြီး၏ သံမဏိ Arch ထိပ်ဆုံး အပိုင်း နေရာသည် အပူ အအေး ကွာခြားမှု ကြောင့် ၁၈၀ စင်တီမီ တာ အနိမ့် အမြင့် အပြောင်း အလဲ ရှိသည်ဟု သိရသည်။ ထိုအချိန်က ဆေး ရောင်အညို သည်သာလျှင် လုံလောက်စွာရ နိုင်သဖြင့် အညိုရောင်သာ သုတ်ခဲ့ရကြောင်း။ ဆေးလီတာ ပေါင်း ၂၇၂, ၀၀၀ ကို သုံးထပ် သုတ်ထားကြောင်းသိရသည်။

 

သံမဏိ ဂုံးကြီး ပေါ်သို့ တက်ကြည့်  နိုင်သည်။ လုံခြုံ ရေး အစီ အမံ များစွာ ရှိသည့်အပြင် တက် ခလည်း ဈေးကြီး လှသည်။

 

 

Pictures of Opera House and Habour Bridge.


Sydney Harbour Bridge ညနေခင်း။



Harbour Bridge



Habour Bridge and The Rocks.



Opera House area ကို Habour Bridge ပေါ်မှ မြင်ရသည့် မြင်ကွင်း။



Harbour Bridge .



Opera House, night view from the sea.



Opera House, day view from the sea.



Habour Bridge



Sydney and Habour Bridge.



Sydney, View from the Sea.


Around the area of Opera House



Side way walk of Opera House



View of Sydney from the Sea.



Opera House ဘေးဘက်ရှိ စားသောက် ဆိုင်များ။



Blue Opera House.



View of Habour Bridge



Opera House at Night



Habour Bridge at late evening.



Opera House and Habour Bridge under Glooming.




Night View of Habour Bridge.



Opera House



Sydney Hobour Bridge နေ့ခင်း။



Sydney Hobour Bridge at Blue Hour.



တံတားထိပ် သံဘောင်ကြီးပေါ်သို့ တက်နေကြသူများ။



Sydney Opera House နောကဘက် ရင်ပြင် ပေါ်တွင် အမှတ်တရ။

 


Royal Botanic Garden.

 

Royal Botanic Garden သည် Opera House နှင့် ကပ်လျှက် ရှိပါသည်။ ဥယာဉ် အတွင်း သစ်ခြောက် ပင်များပေါ်တွင် လင်းနို့ ပေါင်း များ စွာ နားလျှက်ရှိသည်ကို ယခင်က တွေ့ခဲ့ သဖြင့် ယခု ကြည့်ရန်သွားရာ လုံး၀ မတွေ့ ဖြစ်နေပါသည်။ ဥယာဉ် စောင့် များ ကို မေးကြည့်ရာ သစ်ပင်များ ပျက်စီးသဖြင့် နေရာ သစ်သို့  ရွှေ့ ပေး လိုက်သည် ဟု ပြောသည်။ မည်သို့  ရွှေ့ သည်ကို မ တွေး မရ ဖြစ်ခဲ့ရသည်။


ဥယာဉ် အတွင်း၌ ရေတွင် ကျက်စားသည် ငှက် များစွာ တွေ့ ရသည်။ သဘာ၀ အတိုင်း လွတ်ထားသည့် ငှက်များ ဖြစ်စေကာမူ လူ နှင့် ယဉ်ပါး သဖြင့် အတော် နီးနီး သို့ ကပ် ကာ ဓါတ်ပုံ ရိုက် နိုင်သည်။


Royal Botanic Garden ကမ်းခြေ လမ်း။



Royal Botanic Garden အတွင်းရှိ ချောက်နေသည့် ကြာ ကန်။



Royal Botanic Garden အတွင်း အနီးကပ် အရိုက်ခံ သည့် ငှက် ကလေးနှစ်ကောင်။



Royal Botanic Garden အတွင်း ရေကန် တွင် နေပူစာ လှုံနေသည့် ဒင်ကြီးနှစ်ကောင်။



Royal Botanic Garden အတွင်း ရှိ ရေပျော် ငှက် များ။



Royal Botanic Garden အတွင်း ၌ တွေ့ ရသည့် Australia’s National Flower Golden Wattle ။



Royal Botanic Garden အတွင်း က သစ် ပင် တစ်ပင်။



Royal Botanic Garden အတွင်းရှိ လမ်းကလေး။




ဆစ်ဒနီမြို့ အတွင်းက မြန်မာ ကုန်စုံ ဆိုင် နှင့် စားသောက် ဆိုင်။

 

ရောက်သည့် နေ့တွင် မြီး ရှည် လုပ်စားကြမည်ဟု အမေက ဆို၍ သမီးငယ် က ဆစ်ဒနီ မြို့ တွင်းရှိမြန်မာ ကုန်စုံ ဆိုင်ကလေး တစ်ဆိုင်သို့ ခေါ်သွားပါသည်။ စင်ကာပူ ရှိမြန် မာ ဆိုင် များလောက် ပစ္စည်းမစုံစေကာမူ အရေးပေါ် လိုအပ် တာ လေးတွေ တော့ ရပါသည်။ ထိုနေ့ သည် Refugee များနေ့ ဖြစ်သဖြင့် အဆိုပါ အခန်း အနားမှ အပြန် ဈေးလာဝယ်ကြသည့် မြန်မာ နိုင်ငံ မှ ကချင်တိုင်းရင်းသူ လေး အချို့  နှင့် တွေ့ ခဲ့ရပါသည်။

 


ဆစ်ဒနီမြို့ အတွင်းက မြန်မာ ကုန်စုံ ဆိုင်ကလေး။



 

မြန်မာ ရုပ်ရှင်  ကြော်ငြာ များ။



ဈေးလာဝယ်ကြသည့်မြန်မာနိုင်ငံမှ ကချင်တိုင်းရင်းသူလေးများ။


ဈေးလာဝယ်ကြသည့်မြန်မာနိုင်ငံမှ ကချင်တိုင်းရင်းသူလေးများ။



မြန်မာ စားသောက် ဆိုင် “ ပုဂံ “။

 

မြန်မာ စားသောက်ဆိုင် အမည်မှာ “ ပုဂံ “ ဖြစ်ပါသည်။ ဆစ်ဒနီ ကိုရီးယား တန်း ( Korea Town ) တွင် ရှိသည်။ ဆိုင် အပြင်အဆင် အတော်ကောင်းပါသည်။ ဆိုင်လည်း ကြီးပါ သည်။ ကျွန်တော်တို့ သွားသည့် အချိန် မှာ စကောစက အချိန် ဖြစ်နေသဖြင့် လူ များများ စားစား မရှိလှ။ ကြေး အိုး မှာ၍ သောက်ရာ မြန်မာ နိုင်ငံ မှ ကြေး အိုး နှင့် အတော် နီးစပ် သည် ကိုတွေ့ ရသည်။

 


“ ပုဂံ “  မြန်မာစားသောက် ဆိုင်အတွင်း မှ အပြင်အဆင်။



ပုဂံ စားသောက်ဆိုင်အတွင်း။



ပုဂံ စားသောက်ဆိုင်အတွင်း။




ဆစ်ဒနီ ရှိ ကိုရီးယား တန်း ( Korea Town) ။

 

မြို့ကြီး အတော် များများ တွင် ရုတ်တန်း ( China Town ) ရှိကြသော်လည်း ကိုးရီးယားတန်း ( Korea Town ) ရှိသည်မှာ ရှားမည် ထင်ပါသည်။ ဆစ်ဒနီတွင်မူ “ ပုဂံ “  မြန်မာ စားသောက် ဆိုင် သို့သွားရင်း ကိုးရီးယားတန်း ( Korea Town ) သို့ ရောက်ခဲ့ ရပါသည်။ ကိုရီးယား ရိုးရာသုံးပစ္စည်းများ နှင့် အစားအသောက်များ ကို တစ် နေရာ ထည်း မှာ ရနိုင်သည့် နေရာ ဖြစ်ပါသည်။

 

 အောက်ပါ ပုံ များ မှာ   Sydney, Strathfield အရပ်ရှိ Korea Town ၏ ပုံ များ ဖြစ်ပါသည်။


Korea Town ရှိ ဈေးတန်း လမ်း လေး တစ်ခု။



Korea Town  ရှိဆိုင်များ။



Korea Town ရှိ လမ်းမတန်း တစ်ခု။



Sydney Korea Town ရှိဆိုင် တန်း။



Korea Town ရှိဆိုင် တန်း အချို့။



 

Korea Town ရှိ လမ်းတိုလေး တစ်ခု။



Australia’s National Flower,  Golden Wattle

 

Australia’s National Flower သည် အဝါ ရောင် အဆုတ် ကလေး များ လို ပွင့် သည့် Golden Wattle ဖြစ်ပါသည်။ သြစတြေလျှသည် ရာသီဥတု အပူ အအေး လွန်ကဲ  ကြမ်း တမ်း သည့်အလျှောက် အမျိုးသား ပန်း ဖြစ်သည့် Golden Wattle သည်လည်း လွန်ကဲသော အအေး ၊ လွန်ကဲသော အပူ တို့ ကို ခံ နိုင်ရည် ရှိသည့် ပန်း ဖြစ်သည်ဟု သိရပါသည်။ 


Golden Wattle အပွင့်။


Golden Wattle အပွင့်။



Golden Wattle အပင် ကြီး။


 ကင်ဘာရာ မြို့ လမ်းဘေးရှိ Golden Wattle ပင်။


Golden Wattle အပင်များ အား ကင်ဘာရာ မြို့ အတွင်း တွေ့ ရလေ့ရှိသော်လည်း ဆစ်ဒနီ တွင်မူ မြို့ အတွင်း ၌မူ တွေ့ ရခဲပါသည်။ ဥယာဉ် ကြီး များထဲ တွင်သာ တွေ့ ရပါသည်။



ဆစ်ဒနီ မြို့ ၏ ပုံ ရိပ်ကလေးများ။

 

 

Pictures of Darling Harbour.


Darling Harbour နေ့ခင်း။



Darling Harbour နေ့ခင်း။



Darling Harbour ရေပြင်တွင် ဆော့ ကစားနေကြသည့် ပင်လယ်ဇင်ယော်များ။



Darling Harbour ည နေ ပိုင်း ရှုခင်း။



Darling Harbour ည နေ ပိုင်း ရှုခင်း။



Pictures of Bondi Beach 

 

Bondi Beach Promenade. 



Bondi Beach. 



Bondi Beach ရှိ ပင်လယ်ပြင်ကို မျှော် ကြည့် နေသည့် တောင်ကုန်း လေး။ 

 


Pictures of Cronulla Beach 


Surfing  on Cronulla Sea.

 


Cronulla Beach 



Cronulla Cliff. 



Surfing at Cronulla Sea. 



Pictures of Manly. 


Manly Shopping Mall.


Manly Beach. ( မုဆိုး  ကနေ သားကောင် ဖြစ်သွားသူ။)



Manly at Night. 



Food Stalls at Manly Beach.



Pictures of Sydney Fish Market.

 

ယခင် အကြိမ်က ဆစ်ဒနီ  Fish Market သို့ မရောက် ခဲ့ပါ။ ရှိမှန်း လည်း မသိပါ။ စင်ကာပူ KK Hospital သို့ ခလေးများ သွားပို့ စဉ် ဆေးရုံ ဧည့်ခန်း အတွင်းရှိ မဂ္ဂဇင်း တစ်စောင်တွင် စင်ကာပူ မှ ခရီးသည် တစ်ယောက်က Sydney Fish Market သို့ ခလေးများ တို့ လို့ တွဲ လောင်း ဆွဲ ကာ မရောက် ရောက်အောင် သွားခဲ့ ရသည့် အကြောင်းရေးထား သည် ကို ဖတ်လိုက်ရပါသည်။

သို့ နှင့် သည် တစ်ခေါက်တွင် ရောက်အောင် သွားခဲ့သည်။ Tourist များလာရာ နေရာ ဖြစ်သော်လည်း စင်စစ် အားဖြင့် ငါး ဈေးကြီး တစ်ခု ဖြစ်သည်။ ငါး အကြော်  အလှော် အစားအသောက် ဆိုင် များစွာ လည်း ရှိသည်။ ပင်လယ် ငါး များ ကို လတ်လတ် ဆတ်ဆတ် စားသောက် နိုင်သည့် နေရာ ဖြစ်သောကြောင်း နံ မည် ကြီး ပုံရသည်။

 

 

Fish Market ရှိ ငါးဆိုင်များ။ 



ဆူရှီ ကဲ့သို့ ပြုထားသည့် ငါး ဆိုင်။

 


ငါး  အသား ဆိုင်။ 



ငါး ပုဇွန် များကို ကြော်လှော်ရောင်းသည့် စားသောက် ဆိုင်။ 



အကောင်လိုက်ရော အသားလွှာပါ ရောင်းသည် ဆိုင်။ 



ငါး ဆိုင် များ။ 



စားသောက်ဆိုင်တွင်။





Part (II)

 

Canberra

 

ကင်ဘာရာ သို့ 


On the way to Canberra.



Sydney- Canberra အမြန် လမ်းဘေး ရှိ အာဖရိက ဆန်ဆန်  သြစတြလျှ လွင်ပြင်။


ကင်ဘာရာသို့ သွားရာ လမ်းတစ်လျှောက်ရှိ ကွင်းပြင်များသည် တောင်အာဖရိ ကွင်းပြင် များနှင့် အတော် ဆင်သည်။ ကမ္ဘာ့ တောင်ဘက်ခြမ်း ရှိ ထိုနှစ် နိုင်ငံသည်  တူ ညီသည့် အနေ အထား အတော် များများရှိသည် ကို သတိပြု မိသည်။


သားငယ် ကျော်ကျော်စိုးလှိုင်သည် ထိုစဉ်က ကင်ဘာရာမြို့  Wanniessa, အရပ် Wheeler Crescent လမ်း တွင် နေသည်။ ကင်ဘာရာသည် ဆူညံ ပူလောင်နေသည့်  မြို့ မဟုတ်ဘဲ  အေးဆေး ငြိမ်သက်သည့် တောရိပ် တောငွေ့ လေးများ ရှိသော မြို့  ဖြစ်ပါသည်။

 

Wheeler Crescent လမ်းကလေး၏ နံနက်ခင်း။



Wheeler Crescent ဘေးရှိ တိတ်ဆိပ် ငြိမ်သက်နေသော လျှောက်နေကြ လမ်းကလေး။



Wheeler Crescent လမ်းဘေးတွင် ရောင်ပြန် နေ အလင်းဖြင့် ဝင်းတောက်နေ သော သပြေပင် နှင့် ဆင် သည့် အပင် ကလေး။



Wheeler Crescent လမ်းကလေးပေါ်ရှိအိမ်ကလေးများ။



ပင်လုံးကျွတ် ပွင့် နေသည့် သားငယ် ၏ အိမ် ဝင်း အတွင်းရှိ မက်မန်းပင်။



ကျွန် တော် အချိန် တိုင်း လွမ်းဆွတ် သတိရ လျှက် ရှိသည့် သားငယ် အိမ်ဟောင်း၏ နောက်ဘက်အိမ် ဝင်း အတွင်းရှိ သစ်သား စာ ပွဲ အို ကလေး။





သားငယ် ၏အိမ်ရှေ့ တွင် စိုက် ပျိုး ထားသည့် ဒေသ အလေ့ ကျ ပန်းတစ်မျိုးဖြစ် သောအနီ ရောင် နှင့် အဝါ စပ်ကြား Gazania ပန်း များ။ အဖြူ ရောင်မှာ အာဖရိကန် ဒေစီ ဖြစ်ပါသည်။


Gazania Flower



သားငယ် သည် ကွန်ပြူတာ အင်၈ျင်နီယာ ဖြစ်စေကာမူ စိုက်ပျိုးရေး ဝါသနာပါသူ ဖြစ်သည်။ Gazania  ပန်း ပင်ငယ်လေးများကို အိမ်နောက်ဘက် ဥယာဉ်တွင် တယုတယ ပျိုးထားသည်။

 

သူက သူ၏ ယောက္ခမ ဖြစ်သူ ဒေါတ်တာ သိမ်းအုပ်ကျော်မြင့် အိမ်မှ လက် ညှိုး ခန့် သာသာ မျက်ပင် သဘွယ် အပင် ငယ် ကလေးများကို တစ်ကူး တစ်က ယူလာကာ ပျိုး ထားခြင်း ဖြစ်သည်။  Gazania  ပန်းကိုရော အပင်ကိုပါ ကျွန်တော် တစ်ခါ မှ မမြင်ဘူးပါ။ ကျွန်တော် က လည်း စိုက်ရေး ပျိုး ရေး ဝါသနာပါ သူမို့ ခြံ ရှင်း ရာ တွင် ထိုအပင် ငယ် ကလေး များကို  ပေါင်း ပင်များ ထင်၍ နှုတ် ပစ် လိုက်သည်။

 

 “ သား အပင် လေး တွေ ရော အဖေ “ လို့  သူက မေးမှ သာ သူ့ ပန်းပင် တွေ ဖြစ်နေကြောင်း သိရသည်။ သူ တစ်မြတ်တစ်နိုး စိုက်ပျိုး ထားသည်ကို နှုတ်ပစ် မိသဖြင့် စိတ်မကောင်း အတော် ဖြစ်ရသည်။

 

သို့ နှင့် အစား ထိုး ပေး သည့် အနေနှင့် Gazania တွေ အရောင်စုံ ရအောင် ရှာ ဖွေ ကာ ပြန် စိုက်ပေး ရသည်။ အလေ့ ကျ ပန်းရိုင်း မျိုး ဖြစ်၍ ရှာ ရ လည်း လွယ်သည်။ အစ တွင် တစ်ရောင်စ နှစ်ရောင် စ လောက် သာ စိုက်ရန် ရည်ရွယ် ထားသော်လည်း နောက်ပိုင်း တွင်မူ အရောင် စုံ အောင် စု ပါတော့သည်။ နေရာစုံ တွင် ရသမျှ စု သည်။ စု ရ လည်း မခက်လှပါ။ အချို့ ဆန်းပြားသည့် အရောင် ရှိသောပန်း များကို သာ ဆိုင်မှ ဝယ်ရသည်။


သားငယ် ၏ အိမ် ရှေ့ တွင် အစားထိုး ကာ စတင် စိုက်ပေး ကာစ Gazania ပန်းခင်း။



သားငယ် ၏ အိမ် ရှေ့ တွင် အစားထိုး စိုက် ပေးအပြီး (၄) ခန့် အကြာGazania ပန်းခင်း။


နောက် (၆) လ ခန့် ကြာသည့် အချိန် တွင် ရောင် စုံ ဖူးပွင့် လာသည့် Gazania ပန်းခင်း။ 


 

Gazania သည် တောက်ပသည့် အရောင်စုံပန်း များပွင့်သည်။ ယင်း ၏ မူရင်းဒေသမှာ တောင်အာဖရိက ဖြစ်ကြာင်း ၊ မြေပြင်အား ပူပြင်းလှ သော နေပူဒါဏ် မှ ကာကွယ် ရန် Ground-cover အဖြစ်စိုက်ပျိုးလေ့ ရှိကြောင်း နှင့် လူသိအများဆုံး အမျိုး အစား မှာ Trailing gazania ဖြစ်ကြောင်း သိရှိရသည်။ 



မြေပြင် အား အပူဒါဏ်မှ ကာကွယ်ရန် Ground cover သဘွယ်  စိုက်ထားသည့် Gazania ပန်းခင်း။


အမျိုး အစားများ ကို ယေဘူယျ အားဖြင့် 'Sunburst', 'Sunglow' and 'Sunrise Yellow' စသည် ဖြင့် ခေါ်ကြသည်။ Gazania များအနက် လူကြိုက်များသည့် Gazania တစ်မျိုးမှာ Clumping gazania ဖြစ်သည်။  အမည် ကွဲ များ အားဖြင့် 'Aztec', 'Burgundy', 'Copper King', 'Fiesta Red', 'Goldrush' and 'Moonglow' စသည် ဖြင့် ရှိသည်။ အရောင် များ မှာ မူ နမူနာ ပုံ များ တွင် ပြထားသည့် အတိုင်း ဖြူ ၊ နီ ၊ ညို၊ ပြာ ၊ ခရမ်း ၊ မရမ်း ၊ပန်းရောင်၊ နှစ်ရောင် စပ် ၊ သုံးရောင်စပ် စသည်ဖြင့် ရှိကြသည်။ အလွန် လည်း အရောင် တောက်ပ ၊ လှပသည်။


အောက်ပါပုံများမှာ အရောင်အသွေး စုံလင် လှသည့် အရောင် အသွေး အမျိုးမျိုးသော Gazania  အရောင်မျိုးစုံ ပန်း နမူနာ ပုံ များ ဖြစ်ပါသည်။














ကျွန်တော် ကလည်း ပန်းစိုက်  ဝါသနာပါသူ မို့  သြစတြလျှ နွေကာလ ၏ မြေ မာမာ များကို တူးဆွ ၊ အပင် ငယ်များ နုငယ်စဉ် ကာလမှာ ပူပြင်းလှသည့် နေကို အံ တု ကာ နေရောင် ကိုကာ ပေး ၊ ၊ ရေ မငတ် စေရန် မပြတ်လောင်း စသည် ဖြင့်  မဖြစ် ဖြစ်အောင် စိုက်ပျိုး ခဲ့သည်။ ဂရု စိုက်ရကျိုး လည်း နပ်ပါသည်။ အလေ့ကျ အရိုင်းပန်း မျိုး ဖြစ်၍  အသက်ပြင်းသည်။ ပြင်းထန်သည့် ရာသီဥတု ကို အံ တုကာ ရှင်သန်လာကြသည်။


အရိုင်းပန်း ဖြစ်စေကာမူ Gazania များ ပွင့် လာသည့် အချိန် တွင် အထက်ပါ ပုံ များ အတိုင်း အလွန် တောက်ပ ဝင်း လက် သည့် အရောင် များ ဖြင့် လှပ လွန်းလှသည်။

 

ကျွန်တော် သတိပြု မိသည့် အချက် တစ်ရပ်မှာ ပူပြင်း ခက်ထန်သည့် ရာသီဥတု ကို ရင်ဆိုင် ကာ ရှင်သန် လာ ကြရသည့် အပင် များ ၏ အပွင့် များသည် အလွန် ဝင်းလက် တောက်ပ ကာ လှလေ့ ရှိ ကြပြီး အသီး ပင်များ မှ သီးသော အသီး များမှာ လည်း လေးလေး ပင်ပင် ချို လေ့ ရှိကြသည် ကိုပင် ဖြစ်သည်။

 

လူ သည်လည်း ဤ သို့ ဤနှယ် ဖြစ် ခြိမ့် မည် ဟု ထင်ပါသည်။ ဘ၀ ၏ ထုသားပေသား များ နဲ့ အထု အနှက် ခံ ရသော ဘ၀ မှ ထိုးဖေါက် ထွင် လာရသူများသည်  စိတ်ဓါတ် အင်အား ခိုင်မာ တောင့်တင်း ကြ လိမ့် မည်ဟု ထင်ပါသည်။  အိုး များကို နာနာ ထုနှက် ပြီ မှ မီးဖုတ် လျှင် အလွန် မာ သည့် အိုး ဖြစ်လာ သကဲ့ သို့ ပင် ဖြစ်ပါ လိမ့် မည်။ 


ကိုယ် ပြုစု ပျိုးထောင် လိုက်သည့် ပန်းများ လှပစွာ ပွင့် လန်း လာသည် ကိုမြင် ရ သဖြင့် ပြုစု ပျိုးထောင်သူ ဥယာဉ်မှူး ၏ ရင်တွင်း၌ ပေါ်ပေါက်လာသည်  ကြည် နူးမှု ကို မူ စကားလုံး  ဖြင့် နှိုင်းယှဉ် တင်စား ပြော နိုင်စွမ်း မရှိပါ။ 


အရိုင်းပန်း ဖြစ်စေကာမူ အရောင် အသွေး ကြွယ်လှသည့် အိမ်ရှေ့ တွင်  စိုက်ထားသော Gazania ပွင့်နေစဉ်။


အရိုင်းပန်း ဖြစ်စေကာမူ အရောင် အသွေး ကြွယ်လှသည့် အိမ်ရှေ့ တွင်  စိုက်ထားသော Gazania ပွင့်နေစဉ်။


Wanniassa, အရပ် ရှိ  ရောင်စုံ ပန်းများ နှင့်လှပနေသည့် လမ်း ကလေး။



Wanniessa, အရပ် ရှိ အေးချမ်း ဆိပ် ငြိမ် လျှက် ရှိနေသည့်အိမ်ကလေး များ။


Wanniessa, အရပ် ရှိ အေးချမ်း ဆိပ် ငြိမ် လျှက် ရှိနေသည့်အိမ်ကလေး များ။



Wanniessa, အရပ် ရှိ အေးချမ်း ဆိပ် ငြိမ် လျှက် ရှိနေသည့်အိမ်ကလေး များ။



Wanniessa, အရပ် Wheeler Crescent ရှိ စိတ် အလျှင်ထဲ ရှိနေဆဲအိမ်ကလေး။


Wanniessa, အရပ် Wheeler Crescent ရှိ စိတ် အလျှင်ထဲ ရှိနေဆဲအိမ်ကလေး။


Wanniessa, အရပ် Wheeler Crescent ရှိ စိတ် အလျှင်ထဲ ရှိနေဆဲအိမ်ကလေး။


Wanniessa, အရပ် Wheeler Crescent ရှိ စိတ် အလျှင်ထဲ ရှိနေဆဲအိမ်ကလေး။


Wanniessa, အရပ် Wheeler Crescent ရှိ စိတ် အလျှင်ထဲ ရှိနေဆဲအိမ်ကလေး။



Wanniessa, အရပ် Wheeler Crescent ရှိ စိတ် အလျှင်ထဲ ရှိနေဆဲအိမ်ကလေး။



Wanniessa, အရပ် Wheeler Crescent ရှိ စိတ် အလျှင်ထဲ ရှိနေဆဲအိမ်ကလေး။


Wanniessa, အရပ် Wheeler Crescent ရှိ စိတ် အလျှင်ထဲ ရှိနေဆဲအိမ်ကလေး။



Tuggeranong Lake

 

သားငယ် နေထိုင်သည့် ကင်ဘာရာ မြို့  Wanniessa, အရပ်ရှိ  Wheeler Crescent လမ်း အနီးတွင် Tuggeranong Lake ရှိသည်။ Tuggeranong Lake  သည် သဘာ၀ အရ ဖြစ်ပေါ်နေသည့် ရေ ကန် မဟုတ်ဘဲ Tuggeranong Creek နှင့် မြို့တွင်း နှင့် မြို့ ပြင် ရှိ  Storm-water တို့ဆုံရာနေရာကို ၁၉၈၇ ခုနှစ်က ရေကန် အဖြစ် ဖန်တည်းထားသည့် ရေကန်ဖြစ်သည်ဟု သိရသည်။

 

 ဒေသခံ ကြက်တူရွေးများ ရေပျော်ငှက်များ ရှိသဖြင့် ကျွန်တော် ဓါတ်ပုံ သွားရိုက်လေ့ရှိသော နေရာဖြစ်သည်။ ရေကန်သည် များစွာ မကျယ် လှစေကာမူ ရေနေ ငှက် အပေါင်း စုံ သည့်ရေကန်မို့ ကျွန်တော့် မျက်စေ့ ထဲ တွင် မူ လှနေသည်။


ကင်ဘာရာ ရှိ Tuggeranong Lake



Tuggeranong Lake ကမ်းစပ်ရှိ သစ်တော နှင့်အိမ်ကလေး များ။


ကန် ပတ်လည်ဓါတ်ပုံ ရိုက် ထွက်လျှင် ကားမသုံးလို။ စိတ်လွတ် လက်လွတ် ရှိ သည့် စက်ဘီး ကိုသာ သုံးမည် ၊ ဘီးများကို လေသာ ထိုး ထားပေးရန် သားငယ် ကို မှာ ထားသည်။ စက်ဘီး နှင့် သွားရသည် က ရေကန် အနားသို့ ကပ်၍ သွားနိုင် သည်။ နေရာ မရွေးသွားနိုင်၍ ကားထက် ပိုအဆင်ပြေသည်။


ကင်ဘာရာ ရှိ Tuggeranong Lake နေညို ချိန်။



Tuggeranong Lake ၏ ကမ်းခြေ တစ်နေရာ။



Tuggeranong Lake တွင် ဓါတ်ပုံ ရိုက်ရာ တွင် စီးသည့် စက်ဘီးကလေး။



Tuggeranong Lake ကမ်းခြေမှ ဆောင်းတွင်း Lorikeet.



Tuggeranong Lake ကမ်းခြေ တွင် တွေ့ခဲ့ရသည့် သြစတြေလျှ ကြက်တူရွေး တစ်ကောင်။



Tuggeranong Lake အတွင်းရှိ ရေပျော် ငှက် များ။


Tuggeranong Lake  အနီးရှိ Hyperdome Shopping Mall ရှိရာ လမ်း။



Hyperdome  အတွင်းရှိ ဆိုင်များ။



 Tuggeranong Lake  အတွင်းရှိ ရှိရေပျော် ငှက်ကလေးများ။



Parliament of Australia

 

ယခင် အခေါက်က မူ ကင်ဘာရာ တွင် ကာလ အတော် ကြာနေခဲ့ ပါသည်။  ပါလီမန် အတွင်း သို့ ဝင်ကာ အတော် နှံ့နှံ့ ကြည့်ရှု လေ့လာ ခဲ့ရသည်။ သို့ ရာ တွင် ကင်မရာ ယူမသွား ဖြစ်သဖြင့် ဓါတ်ပုံ တစ်ပုံ မျှ မရိုက်ခဲ့ရ။ ယခု အခေါက် တွင်မူ ဓါတ်ပုံ ရိုက်လိုသည်။ ယခု တစ်ကြိမ် တွင် ကိုယ်ရေး ကိုယ်တာ ကိစ္စများ ရှိနေသော ကြောင့် ကင်ဘာရာ ၌ ရက် အနည်းငယ် သာ နေနိုင်သည်။ သို့ နှင့် သားငယ် ရုံး အားရက် တွင် အခြားနေရာ များသို့ မသွားတော့ ဘဲ သြစတြေးလျှ ပါလီမန် သို့  သာ ပို့ ခိုင်းလိုက်ပါ သည်။

 

သြစတြေလျှ ၏ ပထမဦးဆုံး  ပါလီမန် မှာ မဲလ်ဘုန်း ( Melbourne) တွင် ၁၉၀၉ ခုနှစ် မေလ (၉) ရက်နေ့ တွင် စတင် ဖွင့် လှစ် ခဲ့သည်။ ယင်းနောက် တွင် ပါလီမန် အတွက် နေရာသစ်ရှာ ကြရာ New South Wales ရှိ မြို့တော် အဖြစ် တည် မည့်  ကင်ဘာရာ ၏ ယခု ပါလီမန် အဆောက်အဦ ဟောင်းနေရာ သို့ ၁၉၂၇ ခု နှစ်တွင် မှ ရွှေ့ဖြစ်သည်။


ပါလီမန် ကို အဆိုပါ နေရာ မှ ၁၉၈၈ ခု နှစ် မေလ(၉) ရက်နေ့တွင်  ယခု ပါလီမန် အဆောက်အဦးသစ် သို့ ပြောင်း ခဲ့ခြင်း ဖြစ်သည်။ ပါလီမန် အဆောက်အဦ သစ် သည် Capital Hill ပေါ်၌ ရှိပြီး အဝေးမှ ပင် ဖြူဝင်း နေသည့် အဆောက် အဦ ကြီးကို ထည်ဝါ စွာ မြင်နိုင်သည်။ ယခု ပါလီမန် သစ် အဆောက် အဦ ကို လူအများက New Parliament House ဟုခေါ်ကြသည်။


အဆောက် အဦမှာ ပါလီမန် အစည်းအဝေးများ ကျင်းပ ရုံမျှ မက အစိုးရ အဆက်ဆက် ဝန် ကြီးချုပ် များ အစိုး ရအဖွဲ့ ဝင်များ ၊ နိုင်ငံရေး ဆိုင်ရာ အချက် အလက်များ စသည်ဖြင့် မြောက်များစွာသော နိုင်ငံရေး ဆိုင်ရာ များ ကိုပြသ ထားသည့် ပြခန်း ကြီး လည်း ဖြစ်သည်။ 


                    New Parliament Building



ပါလီမန် ၏အဝင်ပေါက်ရှေ့ တွင်။



New Parliament Building သို့ လာ လည် ပတ်ကြသည့် ချင်း အမျိုးသားများ။



ပါလီမန် မျက်ခင်း နှင့် ဥယာဉ်။


New Parliament Building ၏ရှေ့ မျက်နှာစာ ကွင်း။


ပါလီမန် မှ မြို့ တွင်းသို့  အဆင်းလမ်း။



New Parliament Building နောက် ကြောဘက်။



New Parliament  ရှေ့ တွင် ကျွန်တော်တို့  နှစ်ယောက် အမှတ် တရ။



၁၉၂၇ ခုနှစ်တွင် Melbourne မှ ရွှေ့ ခဲ့ သော ပါလီမန် အဆောက်အဦ အဟောင်း။



သားငယ် ကျော်ကျော် စိုးလှုင်၊ ဇနီး Dr. ဆုမွန်ကျော်မြင့် တို့ အမေ နှင့်အတူ Old Parliament Building ရှေ့ တွင်။



Old Parliament ရှေ့ ရှိ ရုပ်ထု။



Old Parliament ရှေ့တွင် စခမ်းချနေသူများ။


၂၀၁၅ စက်တင်ဘာ ကင်ဘာရာ။


၂၀၁၅ စက်တင်ဘာလ အတွင်း သား ငယ် ကျော် ကျော် စိုးလှိုင် အိမ်ပြောင်း သဖြင့် ဝိုင်းကူရန် ရောက်ခဲ့သည်။ Wanniessa, အရပ် Wheeler Crescent လမ်း မှ Kembah အရပ် Bolger Place လမ်း သို့ ပြောင်း ခြင်း ဖြစ်သည်။

 

အိမ်ပြောင်း ၍ ကူညီ ရန်ဟု ဆိုစေကာမူ အိမ်ကို Mover ကားကြီးငှာကာ ပြောင်း သဖြင့် ကျွန်တော် ဘာမှ မလုပ် လိုက်ရ။ သို့ သော် ပြောင်းပြီးသည့် ပစ္စည်း များနေရာ ချ သည့်အချိန်တွင် မူ အတော်ကြီးကို အချိန် ယူ ကာ နေရာ ချ ရသည်။


ဤနေရာ တွင် နိုင်ငံ တစ်နိုင်ငံ ကို ဝင်ရောက် စစ်တိုက် သည့် အဖြစ်မျိုး နှင့် ယှဉ်ကာ တွေးမိသည်။ နိုင်ငံ တစ်နိုင်ငံ ကို အမြောက်နဲ့ ပစ်၊ လေယာဉ် နဲ့ ဗုံးကြဲ၊ မြေပြင် တပ်တွေ ဝင် တိုက်၊ ခန အတွင်း သိမ်း ပိုက် နိုင် လိုက်သည်။ ဘာမှ မကြာ လိုက်။

 

သို့ သော် အဆိုပါ နိုင်ငံ ၏ ပျက်စီး ယိုယွင်း မှု များ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက် ရေး ကိစ္စများမှာ မူ ဆယ်စု နှစ်များနှင့်ချီကာ ကြာ လေ့ ရှိသည့် အဖြစ် မျိုး နှင့် ယှဉ်ကာ တွေးမိသည်။

 


သားငယ် ၏ အိမ် အသစ်။


သားငယ် အိမ်ရှေ့ က လမ်း။



အိမ်ရှေ့ က လမ်း။



အိမ်ရှေ့ က လမ်း။


House Warming ( အိမ် တက်ပွဲ )။

 

သားငယ် ကျော် ကျော် စိုးလှိုင် နှင့် ဇနီး ဖြစ်သူ ဒေါက်တာ ဆုမွန်ကျော်မြင့် တို့ သည် မိဘ များ ရောက်ခိုက် အိမ် နှင့် မိတ်ဆွေ များ မိတ်ဆက်ပွဲ ( House Warming) ကို စက်တင်ဘာလ (၄) ရက်နေ့ တွင် လုပ်သည်။ လာကြ သည်မှာ လည်း ရင်းနှီးရာ မိတ်ဆွေ များဖြစ်ကြ၍ လူတိုင်း သည် တစ်မျိုး မဟုတ် တစ်မျိုးသော အစားအသောက် များယူလာ ကြသည်။

 

ထို့ ကြောင့် စားစရာ အမျိုး အမယ် များ သကဲ့ သို့ သောက်စရာ များသည် လည်း " You name it, I have it " ဆိုသလိုဖြစ်၍ လူကြီး ၊ လူငယ် အားလုံးပျော်ကြသည်။

 

ဆရာကြီး ဦးမြတူ သည်ပင်လျှင် လူငယ် များ အနေ မကျဉ်း ကျပ်ဘဲ  ပေါ့ပေါ့ ပါးပါး ဖြစ် စေရန် White Wine သောက်နေရာ မှ ဝီစကီ ကို စတိ သောက်ပေးသည်။ သံ အမတ်ကြီး ဆရာအေး ကမူ ကျွန်တော်  နိုင်ငံခြားရေး ဝန်ကြီးဌာန ရောက် ခါစ မယောင်မလယ် ဖြစ်နေချိန် တွင် Gin အရက် အကြောင်း သင်ကြား ပြသခဲ့သူ ဖြစ်သည်။ ခမီးခမက် ဖြစ်သူ ခလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ သိန်းအုပ်ကျော်မြင့် ကမူ ခပ်ပြင်းပြင်း ဆို ရေ လောက် သာ သောက်သူဖြစ်သည်။

 


Faces at House Warming Party.


Prof. Dr. U Mya Tu and Ma Ma Janie Khin.



Amb. Sya Aye and Dr. Thane Oke Kyaw-Myint.



Lady များ။


သမီးများ။














Canberra Floriade .


ကင်ဘာရာ တွင် နှစ် စဉ် ကျင်းပသည့် ပန်းပွဲတော် ဖြစ်သည်။ ဆောင်းကုန်စ စက်တင်ဘာလ တွင် ကျင်းပသည့် ပန်းပွဲ ဖြစ်သည်။ ကျူလစ် ရောင်စုံ ကို စိုက်ပျိုး ပြသ ထားသည်။ အခြားသော ပန်း တွေ လည်း အနည်း အကျဉ်းပါသည်။ သို့ရာတွင် ကျူလစ် ( Tulip) က အဓိက ဖြစ်သည်။

 

ကျွန်တော် တို့ ၂၀၀၉ တွင် တစ်ကြိမ် ကြုံ ခဲ့သည်။ နောင် အခေါက်များ တွင် မကြုံ တော့။ ယခု မှ ဒုတ်ယ အကြိမ် ပြန်ရောက် ဖြစ်သည်။ စိတ်အထင် အရင်ကလောက် ပန်းများ ဝေေ၀ ဆာဆာ မရှိဟု ထင်ရသည်။

 

ဤ ကဲ့သို့ ဆောင်း အကုန်တွင် ပန်းများ ဝေေ၀ ဆာဆာ ပြနိုင်ရန် တစ် နှစိခန့် ကြိုတင်ပြင်ဆင် စိုက်ပျိုးရသည်ဟု ချွေးမ ဖြစ်သူ ဒေါက်တာ ဆုမွန်ကျော်မြင့် က ပြော ပြ သည်။

 


 Floriade  Reflection.


 

Than, Kyaw Kyaw Soe Hlaing, Dr. SuMon Kyaw Myint and Elisha.


Tulips at Floriade.



Tulips at Floriade.
 

Tulips at Floriade.



Tulips at Floriade.



Tulips at Floriade.



Tulips at Floriade.



Painting Painter.




Floriade Market



Rest Place.

Lonely Green Tulips at Floriade.


Lonely Green Tulips at Floriade.




ကင်ဘာရာ ဘုန်းတော်ကြီးကျောင်း သိမ် အလှူ ရေစက်ချပွဲ။

 

ယခု အကြိမ် ကင်ဘာရာ သို့ ရောက်ချိန် တွင် သိမ် ရေစက် ချပွဲ နှင့် ကြုံ ခဲ့ပါသည်။ သိမ် အလှူ ရှင်မှာ Prof. ဆရာကြီး ဒေါက်တာ ဦးမြတူ- မမ Jannie Khin တို့ ဖြစ်ကြပါသည်။ အလှူ မှာ ၂၀၁၅ စက်တင်ဘာ (၂ရ )ရက် တနင်္ဂနွေ နေ့ ဖြစ်သည်။

 

ပထမ တော့ လူ နည်းနည်း နဲ့ သာမန် ရေစက်ချ အလှူ ဟု သာ ထင်ခဲ့သော်လည်း ဘုန်းတော်ကြီး ကျောင်း ရောက်သော် ဧရာမ လူအုပ်ကြီး ကိုတွေ့ ရ ၍ အတော် အံ့သြ မိပါသည်။



သိမ် အလှူ ရှင် ဆရာ ကြီးဦးမြတူ နှင့် မမ Jennie Khin။



ဘုန်းတော် ကြီးများ သိမ်ဆင်း အလှူ ခံ ကြွ စဉ် လောင်းလှူ သူများ။



ဘုန်းတော် ကြီးများ သိမ်ဆင်း အလှူ ခံ ကြွ စဉ် လောင်းလှူ သူများ။



ဘုန်းတော် ကြီးများ သိမ်ဆင်း အလှူ ခံ ကြွ စဉ် လောင်းလှူ သူများ။

(  မူရင်းပုံ ရဲ့ အနေအထား လေး လှ သဖြင့် ပို၍ ပေါ်လွင် လာစေရန် Manipulate လုပ်လိုက် ပါတယ် ) 



ဘုန်းတော် ကြီးများ သိမ်ဆင်း အလှူ ခံ ကြွ စဉ် လောင်းလှူ သူများ။



သိမ်ရေစက်ချ ပွဲ။



သိမ် ရေစက်ချပွဲ တွင် ရှားရှားပါးပါး တွေ့ ဆုံ ခဲ့ ရသည့် ဦးတင်အောင်ချို ကို ဆရာ ကြီး ဦးမြတူ ၊ သံအမတ်ကြီး ဆရာအေး တို့ နှင့်အတူ တွေ့ ခဲ့ရပါသည်။


အလှူ တွင် ကြွေးမွေး ဧည့် ခံ သည်မှာ ဟင်း စုံ လင်လှ သည်။ သာမန် မြန်မာ အလှူ ထက် ဟိုတယ် များတွင် ဘူဖေး Buffet ကြွေး သည်နှင့် ပိုတူသည်။ လုပ် အားပေး တွေ များလှသည်။ မြန် မာနိုင်ငံ မှ မွန် တိုင်းရင်းသား များစွာ တွေ့ ရသည်။ Australian အဖြူ မလေး အချို့ မြန်မာ လို ဝတ်ထားသည်ကို လည်း လှပ စွာတွေ့ ခဲ့ရသည်။


မြန်မာ လိုဝတ်ထားတဲ့ Aussie အဖြူ ကလေးမငယ်လေး ( ကြည့်သူ ဘယ်ဘက် - ပန်းရောင် ) နှင့် အမျိုး သမီးငယ် ( ကြည့်သူ ညာဘက်- အစိမ်း ရောင် )။



ဘုန်းကြီးကျောင်း ရှေ့ တွင် အလှူ ရှင် အတူ တွေ့ ရသည့် လေဒီကြီးများ။

 


 မိတ်ဆွေများ ပြန် ဆုံခြင်း။

 

ယခင် အခေါက်တုန်းက ရတုန်း ရခိုက် အချိန် ကလေးမှာ ပင် ကင်ဘာရာ ရှိမြန်မာသံ ရုံး ဒုတိယ အကြီးအကဲ ဖြစ်သူ Minister Counsellor (သံမှူးကြီး) ဦးတင်ယု ကို ဖုန်း ဖြင့် သာနှုတ်ဆက် ရပါသည်။ သူ ကလည်း လုပ်ဖေါ် ကိုင်ဖက် တစ်ဦးရောက် ရောက်လာသည်ကို ဝမ်းသာ သဖြင့် နေ့လည်စာ ဖိတ်ကြွေးရာ ကျွန်တော်တို့ မိသားစုများ အားလုံး  နှင့် ကျွန်တော့် သား၏ ယောက္ခမ၊ ကျွန်တော်၏ ခမီး ခမက် ဖြစ်သူ ခလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ သိမ်းအုပ်ကျော်မြင့် ( Dr. Johnny) နှင့် ဇနီး ဒေါက်တာ မာရီ  ( ဒေါ်ခင်မြင့်အေး ) တို့ သွားကြပါ သည်။ ရှေးဟောင်း နှောင်း ဖြစ်များ စမြုံ့ ပြန်ခြင်း ဖြင့် အချိန် များကို နောက်ပြန် ဆုတ်စေခဲ့ပါသည်။


ဒေါက်တာ သိမ်းအုပ်ကျော်မြင့် ( Dr. Johnny)၊ သံမှူးကြီး ဦးတင်ယု ၊ ဦးတင်ယု ၏သမီး  တို့ နှင့်အတူ။'



ဇနီးဖြစ်သူ ဒေါ် မြင့်မြင့် သန်း နှင့် ခလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ သိမ်း အုပ်ကျော်မြင့် ၏ဇနီး  Dr. မာရီ ( ဒေါ်ခင်မြင့်အေး)။



သား ငယ် ကျော်ကျော် စိုးလှိုင်၊ သူ၏ ဇနီး Dr. ဆုမွန်ကျော်မြင့် နှင့် အမေများ၊ ဦးတင်ယု ၏ ဇနီး နှင့် သမီး ။


နောက်တစ်ခေါက်တွင်မူ ဆေးလောက ၏ ဆရာကြီး တစ်ဆူ ဖြစ်သည့် ဆရာကြီး ဦးမြတူ ခရီးထွက် နေသဖြင့် မတွေ့ လိုက်ရပါ။ ထို့ တူပင် နိုင်ငံခြားရေး ဝန်ကြီး ဌာတွင် တာဝန် ထမ်းဆောင် စဉ်က ဆရာသမား တစ်ဦး ဖြစ် ခဲ့သော သံအမတ်ကြီး ဟောင်း ဆရာ အေး ကိုလည်း မတွေ့ လိုက်နိုင်ပါ။


၂၀၀၉ ခုနှစ်က ဆရာ ဦးမြတူ နှင့် Victoria ပြည်နယ် Beechworth မြို့ Beer Pub တစ်ခု တွင် အမှတ်တရ ။



၂၀၀၉ ခုနှစ်က ဆရာ ဦးမြတူ နှင့်  သံအမတ်ကြီး ဟောင်း ဆရာ အေး ၏အိမ်တွင် နေ့လည်စာ စားအပြီး အမှတ်တရ။


ပုံကို ကြည့်သူ၏ ဘယ်အစွန် ရှိ ပုဂ္ဂိုလ် မှာ သံအမတ်ကြီး (ငြိမ်း) ဆရာ အေး ဖြစ်ပြီး ညာ အစွန်မှာ ဆရာကြီး ဦးမြတူ ဖြစ်ပါသည်။ ဆရာများကို ဤ စာ နှင့်ပင် ဂါရဝပြု နှုတ်ခွန်း ဆက်သ အပ်ပါသည်။

 

နောက်တစ်ကြိမ် မှာ တွေ့ ကြတာ ပေါ့ ဟု ခပ်ပေါ့ပေါ့ ပြော၍ မရ။ အချိန် နှင့် တစ်ပြေး ထည်း အရပ် အနား မရှိ ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်ခြင်း   နှင့် ပျက်ယွင်း ခြင်း ဆိုသည့် ဖြစ်စဉ်များ ဆိုသည်မှာ  မည်သို့သော သူ မှ ထိန်းချုပ် ထား ၍ မရ သော အရာ ဆိုသည်ကို ဆင်ခြင် မိလိုက် သည့် အချိန် တွင်.... ။

 


ယခု ဆောင်းပါး ကို ၂၀၁၄ ခုနှစ် မတ်လ ကရေးခဲ့ စဉ် ဆောင်းပါ နောက်ဆုံး စာပိုဒ် ၏ နောက်ဆုံး စာကြောင်း ကို "  အချိန် နှင့် တစ်ပြေး ထည်း အရပ် အနား မရှိ ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်ခြင်း   နှင့် ပျက်ယွင်း ခြင်း ဆိုသည့် ဖြစ်စဉ်များ ဆိုသည်မှာ  မည်သို့သော သူ မှ ထိန်းချုပ် ထား ၍ မရ သော အရာ ဆိုသည်ကို ဆင်ခြင် မိလိုက် သည့် အချိန် တွင်.... ..."   ဆိုသည့် အပိုဒ် ဖြင့် လူတို့ ဖြစ်စဉ် ၏ မသေချာ မရေယာ မှု ကို ဖေါ်ပြ ရေးသားခဲ့ပါသည်။

 

သို့ ရာတွင် ကံကောင်း ထောက်မစွာ ယခု အခေါက် ၂၀၁၅ စက်တင်ဘာလ တွင် အဆိုပါ လူ ကြီးများအား ကျန်း မာ စွာ တွေ့ ခွင့် ရ ခဲ့ပါသည်။

 

အားလုံး ကျန်းမာ စွာ ဖြင့် ယခု လိုပင် နောင် နှစ်ပေါင်းများစွာ ပြန်လည် တွေ့ ဆုံ ခွင့် ရပါစေရန် ဆုတောင်း လိုက်ရပါသည်။

 

 

 

 

 

 Part (III)



Melbourne.

 

မွေး နေ့ နှင့် တိုက်ဆိုင်သည့် ခရီးစဉ်။

 

၂၀၁၇ သြဂုတ် လ အတွင်း သမီး ခေါ်သည် နှင့် သွားရပြန်သည်။ သမီး ချိုနွယ် စိုးလှိုင် ဆရာဝန် အလုပ်နဲ့ Shepparton သို့ အလုပ် နှင့် ပြောင်း သွားစဉ် မှ စ၍ Australia သွား လျှင် Melbourne သို့ အရင် သွားဖြစ်ခဲ့သည်။  Australia  လေ ဆိပ် တို့ ၏ အစဉ် အလာ အတိုင်း လုံခြုံ ရေး ကို တင်းကြပ်စွာ စစ် ဆေးသည်။ ယခင် အထာမသိမှီ က အခက်အခဲ အနည်းငယ် ရှိသော် လည်း နောက်ပိုင်း တွင် မူ အကြောင်းသိ သွားသဖြင့် ဘာပြသနာ မှ မရှိ တော့ပါ။


Shepparton ကလည်း Melbourne နှင့် နီး သောကြောင့် လှပ သည့် Melbourne သို့ မကြာမကြာရောက် ဖြစ်သည်။ တွင် လည် ပတ် ဖြစ်ခဲ့သည်။ Melbourne သည် ဥရောပ ပုံ စံ ပိုဆန် သည်ဟု ကျွန်တော် ထင်သည်။ ဥရောပ လို လှသော မြို့ ဖြစ်သည်။

 




Melbourne Airport.











On the Street of Melbourne..





အသဲကွဲ တိုးရစ်ကြီးတစ်ယောက် လမ်း ပေါ် မှာ ၊ ဒီပုံ နဲ့ မဆိုင်ပါ ( ကိုင်ဇာ့ သီချင်းပါ.......)။



 









Lonely on the Street of Melbourne.


Shrine of Remembrance.

 

Eternal Flame at  Shrine of Remembrance. 


In the Compound of Shrine of Remembrance.


 

Melbourne Metro.






Melbourne China Bar Signature Restaurant.

 

ကိုယ်တိုင် စိတ်ကြိုက် ယူစား နိုင်သည့် Buffet စားသောက် သည့် ဆိုင် များအနက် Melbourne ရှိ China Bar Signature သည် ကျွန်တော့် အမြင် တွင် အကြီးဆုံး နှင့် စားသောက် ဖွယ် ရာ အစုံ ဆုံး ဆိုင် ဖြစ်ပါသည်။

 

သူဌေး မဟုတ်စေကာမူနိုင်ငံ တကာ  ရှိ Buffet ဆိုင် အတော် များများ ရောက်ဘူးပါသည်။ တွေ့ ဘူးသည့် ဆိုင်များ အနက် ကျွန်တော့် အတွက် တော့ ဒီ ဆိုင် အကောင်းဆုံး လို့ ထင်ပါသည်။


စားသောက် ဘွယ် ရာ တည်ခင်း ပေးထားသည် မှာ  အမယ် အရေ အတွက် ကို ပင် မမှတ် နိုင် လောက်ပါ။ အရသာလည်း ခံ တွင်းတွေ့ပါသည်။

 

 










 TGI Fridays Melbourne.







Kialla

 

သမီးက ငယ်က  သူ အိမ် ဝယ် ကာ ပြောင်းရွှေ့ အပြီး အိမ်သစ် ကို လာကြည့်စေလို ၍ ခေါ် လိုက်ခြင်း ဖြစ်သည်။  ယခင် နေသည့် အိမ် နှင့် အတော် လှမ်းသည်။ အသက် တစ်နှစ်ကျော် ကြီးလာပြီ ဖြစ်သော  မြေးငယ် Emma Cho Pe ကို ပြန် ကြည့် ရန် လည်း ဖြစ်သည်။

 

အရင် အိမ် က Victoria Lake နှင့် ကပ်နေသည့် အတွက် ငှက် များသွားရိုက် ရသည် မှာ အတော် အဆင်ပြေသည်။ ယခု အိမ် က လည်း Kialla Lake ဘေး တွင်ပင် ဖြစ်သည်။ သို့ သော် ကန်ပတ်လယ် တွင် Water Front အိမ် များဆောက် ထားသည့် အတွက် လူ နဲ့ ယဉ် ပါး သည့်မယ်ညို နှင့် ဘဲ အချို့ သာ လာကြသည်။ ငှက် ဓါတ်ပုံ ရိုက် လို့ သိတ် အဆင်မပြေလှ။

 

ယခင် အိမ်ဘေး ရှိ Victoria Lake မှာ မူ Wildlife Reserve အဖြစ် လုပ်ထားခြင်း ကန်ဘေး အနီးအနားတွင် မည်သည့် လူနေအိမ် မှ ဆောက် ထားခြင်း မရှိ သည့် အတွက် သဘာ၀ ရေ ကန် သဘွယ် ဖြစ်နေသည်။

 

Kialla နှင့် Shepparton သည် ရန်ကုန် မြို့ ရှိ မြေနီကုန်း နှင့် လှည်းတန်း လို တစ်ဆက် ထည်း ဖြစ်သော နေရာ ဖြစ်သည်။  မြို့ အမည် ကို သာ ခွဲ ထားခြင်း ဖြစ် သည်။ သို့ သော် Postal Code ကို မူ ကိန်း တစ်လုံး ခွဲ ထား သည်။

 

 

Kialla Lake


Kialla Lake


အိမ် ပြောင်းစဉ် က မကူညီ လိုက်သော်လည်း အိမ် နှင့် ခြံ ဝင်း က ကြီးသည့် အတွက် ယခင် အိမ် တွင် စိုက်မျိုး ထားသည့် အပင် များကို ပြန် လည် နေရာ ချပေး ခြင်း ၊ အသစ် ပြန် စိုက် ခြင် များ  ကိုမူ ကူညီ လုပ်ပေး နိင် လိုက် သည်။


ငှက် ဓါတ်ပုံ ရိုက်တော့ Victoria Lake သို့ ပင် ကား နှင့်သွားကာ ဓါတ်ပုံ ရိုက် ရသည်။


Kialla Lake



Kialla Lake ကန်ပတ်လမ်း တွင် လမ်းလျှောက် နေသည့် မြေး ငယ် Emma.




Kialla Lake ဘေး ရှိ သမီး ၏ အိမ်သစ်။



အိမ်ရှေ့ မျက်နှာစာ။


အိမ်ရှေ့ မျက်နှာစာ။


အိမ် ပတ်ဝန်းကျင်။


အိမ် ပတ်ဝန်းကျင်။




Sydney မှာ Sport Car သွားစီးခြင်း။

 


Canberra တွင် နေသည့် သားငယ် ကျော်ကျော်စိုးလှိုင် က သြ၈ုတ်လ ( ၁၂ ) ရက်နေ့ တွင် Sydney မှာ Sport Cars များသွား မောင်း မည် ဖြစ်၍ အဖေ လိုက်စီး ပါ လို့ ခေါ်၍ သြ၈ုတ်လ ( ၁၀ ) ရက် နေ့ တွင် Canberra သို့ သွား ခဲ့ သည်။

 

စင်စစ် အားဖြင့် သားငယ် မွေးနေ့ လက်ဆောင် အဖြစ် သားငယ် ၏ ဇနီး ဖြစ်သူ   မချယ် ( စုမွန် ကျော်မြင့် ) က စီစဉ် ပေးခြင်း ဖြစ်သည်။ ကျွန်တော် မှတ်မိ သလောက် မချယ် သည် သားငယ် မွေးနေ့ များ တွင် အစဉ် အမှတ်တရ ဖြစ်စေနိုင်သည့် မွေးနေ့ လက်ဆောင် ပေးလေ့ ရှိသည်။


၂၀၀၉ ဖေဖေါ် ဝါရီ လ တုန်းကမူ မွေးနေ့ လက်ဆောင် အဖြစ် Sky Freefall လေထီး အလွတ်ခုန်ခြင်း ကို ထူးထူး ခြားခြား  စီစဉ် ပေးခဲ့ ဘူးသည်။

 

 

Freefall ခုံ သည့် ပုံ အချို့။


Freefall Diving မခုန် မှီ သားငယ် ကျော် ကျော် စိုးလှိုင် နှင့် မွေးနေ့ လက်ဆောင်ရှင် ဇနီး  စုမွန်ကျော်မြင့်။


Preparation for Sky Freefall Diving


In the Aircraft.


Jump out.


In the Air.


In the Air.


Safety Landed.

 

ကျွန်တော် သည် ဓါတ်ပုံများကို ဘ၀ ၏ ပုံ ရိပ် များအဖြစ် စနစ် တကျ သိမ်း ထားလေ့ ရှိသဖြင့် ယခု လို ကြုံကြိုက် လာချိန် တွင် ဤ ကဲ့ သို့ ဘ၀ ၏ ထူးခြားသည့် မှတ်တိုင် ကလေး များ ကို  ပြန် လည် ဖေါ်ပြ နိုင်ခဲ့ ခြင်း ဖြစ်ပါသည်။

 

 

 

 

Sport Car Driving.


ယခု အချိန် တွင် မူ Sydney တွင် Lamborghini, Porsche, Ferrari, Nissan GT-R စသည့် နံမည် ကျော် Sport Cars များ ကို မောင်း စေရန် ဖြစ်သည်။ ပေး ရသည့်ဈေး က အတော့ ကို ကြီးသည်။

 

သားအဖ နှစ်ယောက် သြဂုတ်လ (၁၁) ရက်နေ့ ညနေတွင် Canberra မှ Sydney သို့ ကားမောင်းသွားကြ ကာ Sydney တွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ တွင် Sport Car များ စီစဉ်ပေးမည့် Sport Car Office သို့ သွားကြသည်။

 

 

Sydney Sport Car Office.










မောင်း နှင်သည့် ခရီးစဉ် တွင် သုံးမည့် Sport Car များ တန်း စီ ထားစဉ်။



ယခု ခရီးစဉ်သည် Sydney မှ ကီလို လီတာ (၁၀၀ ) ခန့် ဝေး သည့်လှပ သော ပင်လယ် ဆိပ် ကမ်း Wollongong သို့ မောင်းရန် ဖြစ်သည်။

 

မောင်း မည့် ကား များသည် သာမန် မောင်းနေ ကြ ကားများ မဟုတ်ဘဲ ခေတ်မှီ ပြိုင် ကား များ ဖြစ်သည့် အတွက် မောင်း နှင် ပုံ မောင်းနှင် နည်း ၊ လမ်း အခြေ အနေ ၊ ခရီးစဉ် ကို ဦးဆောင်သည့် သူများ မောင်း နှင်မည့် Lead Car နှင့် ဆက်သွယ်မည့် Walky-talky စကားပြော စက် နှင့် ဆက်သွယ်ရေး ပုံစံ စသည် တို့ ကို အစည်း အဝေး ခန်းမတွင် အသေးစိတ် Briefing ပေးပါသည်။

 

စထွက် သည့် ခရီးတွင် ကျွန်တော် တို့ သားအဖ စတင် မောင်းရသည့် ကား မှာ Porsche ဖြစ်ပါသည်။




In the Porsche.



Kyaw Kyaw Soe Hlaing, driving Porsche.


လမ်း တစ်လျှောက် မောင်းရင် ကီလို မီတာ ၄၀ ခန့် တွင် တစ်ကြိမ် စီ ကား လဲ မောင်းကြသည်။ Sydney မှ ထွက်သည်နှင့်  လှပသော တော လမ်း၊ ပင်လမယ် ကမ်းခြေ လမ်း တွင် လှပ စွယ ကွေ့ ပတ် ဖောက် ထားသည့် လမ်း တို့ ဖြစ်၍ လမ်းတစ်လျှောက် အလွန်  လှ ပသည်။


စထွက် ရာ တွင် ကျွန်တော် တို့ ရှေ့ မှ ရုရှား စုံတွဲ မောင်း နေသည့် Lamborghini သည် ကောင်းစွာ မောင်း၍မရဘဲ တွန့်ဆုတ် တွန့် ဆုတ် ဖြစ်နေသောကြောင့် Lead Car တွင် ပါလာသည့် သူများ က ယာဉ်တန်း ရပ်ကာ Lamborghini မောင်းပုံ မောင်းနည်း ကို လာပြ ပေးပါသည် ။ ဒါတောင် သိပ် အဆင်မပြေ လှ။ Sydney အပြင်ရောက်မှ သာ အဆင်ပြေသွားပါသည်။

 

Wollongong သို့ သွားသည့် လမ်း။


ကျွန်တော် တို့ ရှေ့ က Lamborghini.


ကျွန်တော် တို့ ရှေ့ က Lamborghini.


တောင်စောင်း နှင့် ပင်လယ် အကြား မှ တံတားထိုးကာ ဖေါက် ထား သော Wollongong သို့ သွားသည့် ကားလမ်း။


တောင်စောင်း နှင့် ပင်လယ် အကြား မှ တံတားထိုးကာ ဖေါက် ထား သော Wollongong သို့ သွားသည့် ကားလမ်း။



တောင်စောင်း နှင့် ပင်လယ် အကြား မှ တံတားထိုးကာ ဖေါက် ထား သော Wollongong သို့ သွားသည့် ကားလမ်း။


တောင်စောင်း နှင့် ပင်လယ် အကြား မှ တံတားထိုးကာ ဖေါက် ထား သော Wollongong သို့ သွားသည့် ကားလမ်း။



လမ်း တွင် ကား ခေတ္တ ရပ်နား ၊ ကားလဲ သည့် နေရာ များ ။


Sydney မှ ကီလို မီတာ (၄၀) ခန့် မောင်း အပြီးတွင် ယာဉ်တန်း ခဏ နားပါသည်။ ကားလဲ မောင်းကြပါသည်။ ခြေ ညောင်း လက် ဆန့် အပေါ့ အပါး သွား ပေါ့။

 

ကျွန် တော် တို့ သားအဖ ဒုတိယ  မောင်းသည်း ကား မှာ Ferrari  ( California ) ဖြစ်သည် လူ ကြိုက် များသည့် ကားဖြစ်သည်။ ပြိုင် ကား မည်မျှ များနေပါစေ Ferrari ကိုတော့ လူ အတော်များများ ကြိုက် ကြသည်။

 

Ferrari ကားမှ ထွက် သော အင်္ဂျင် စက်သံ သည် မည်သည့် ကား အသံ နှင့် မှ မတူ အလွန် ထူးခြား သည့် အသံ သည်။ ထိုစက်သံ သည် Ferrari ၏ သင်္ကေတ တစ်ခု ဖြစ်သည်။


ထို့ ကြောင့် မောင်းသူတွေ က Ferrari ကားမှ ထွက် သော အင်္ဂျင် စက်သံ ကို အပြည့်အဝ  နားထောင် လိုကြ သဖြင့် ကားတံခါး မှန် ဖွင့်ကာ စက်သံ နားထောင်ကာ မောင်းကြသည်။

 

 

 Ferrari


နံမည်ကြီး Sport Car- Lamborghini .









ကျွန်တော် တို့ သား အဖ Ferrari ကို နောက်ဆုံးရပ် နားမည့် Wollongong ပင်လယ်ပမ်းခြေ ရှိ စားသောက် ဆိုင် ရောက်သည်အထိ မောင်းကြသည်။


Ferrari အတွင်းပိုင်း။



Ferrari အတွင်းပိုင်း။



Wollongong Seaside Restaurant.


Kyaw Kyaw Soe Haling , in front of Wollongong Seaside Restaurant .



Wollongong Seaside Restaurant ရှေ့ မှာ ရပ်နားထား သည့် ပြိုင်ကား များ။














Lunch at  Wollongong Seaside Restaurant .


Lunch at  Wollongong Seaside Restaurant .


 နေ့ လယ် စာ စားကြ စဉ် သား ကာ ဒီနေ့ သြဂုတ်လ (၁၂) ရက်နေ့ သည် အဖေ ရဲ့ မွေးနေ့ ဖြစ်သည် ဆို၍ အဖွဲ့  သား တွေ က ကျွန်တော့် မွေးနေ့ အတွက် သား က စီစဉ်ပေးသည် ခရီးစဉ် ဟု ထင်ကြ ကာ ကျွန်တော့် အား Happy Birthday လုပ်ကြသည်။


အမှန်တော့ သားရဲ့ မွေးနေ့ က သြဂုတ်လ (၂၂)  ဖြစ်၍ ရက် မတိုက် ဆိုင်စေကာမူ သူ၏မွေးနေ့ အထိမ်း အမှတ် သာ ဖြစ်ပါသည်။ 


 

 View of Wollongong beach from the Restaurant.

 

Wollongong ကမ်းခြေ။



Wollongong ကမ်းခြေ။


Wollongong ကမ်းခြေ။



Wollongong  ကမ်းခြေ တွင် နေ့ လယ်စာ စား၍ အပြီး တွင်  Group Photo  ရိုက် ကာ Sydney သို့ ပြန် မောင်း ကြသည်။

 

အပြန် တွင် စ မောင်းသည့် ကား မှာ Nissan GT-R ဖြစ်သည်။ ကြည့် ရသည်မှာ သာမန် ကားပုံစံ မျိုး ဖြစ်သော်လည်း တကယ် မောင်းသည် တွင်  မူ အတော့ ကိုမောင်း၍  ကောင်းသည့် Sport ကား ဖြစ် နေသည် ကို တွေ့ ရသည်။

 

ဒါကြောင့် ....Wollongong ဆိပ်ကမ်း စားသောက် ဆိုင် ရှေ့  မှာ  ကားတွေ နဲ့ ဓါတ်ပုံ ရိုက်စဉ် အိန္ဒိယ နွယ်ဖွား တစ်ယောက် က -

 

 " ခင်ဗျား Nissan GT- R နဲ့ ရိုက် ပါ။ အကောင်းဆုံး Sport Car ဘဲ "  လို့ ပြော တာ ကိုး...လို့ပြန် သတိရမိပါသည်။


သားငယ် ကို ဒီ အကြောင်း ပြန်ပြော တော့ " ဟုတ်တယ် အဖေ " လို့ ဆိုပါတယ်။


အပြန်တွင် ကျွန်တော် တို့ သားအဖ Nissan GT-R ကို စမ်း ခဲ့ ကြသည်။


Nissan GT-R


Nissan GT-R


Sydney သို့ အပြန် လမ်း တစ်ဝက် တွင် မူ အလွန် စိတ်ကူးယဉ် ခဲ့သော Dream Car Lamborghini မောင်း ရသည်။


သား က မောင်းသည် ကျွန်တော် ကစီးသည်။ စီးဘူး သည် က ပင် မဟာ အခွင့် ထူးပင် ဖြစ်ပါသည်။


လမ်း ခုလပ် တွင် Nissan GT-R ကို Lamborghini နှင့် လဲ သည့်နေရာ။


Lamborghini



Lamborghini


Lamborghini


Lamborghini အတွင်းပိုင်း။


Lamborghini အတွင်းပိုင်း ၊ Driver Seat ရှိ သားငယ်။


Lamborghini မောင်းရာ တွင် ဘ၀ သင်ခန်းစာ တစ်ခု ရလိုက်သည်။ ငယ်စဉ် က ကြားဘူးတာ တစ်ခု ရှိပါသည် -

 

" လှ တာ မက် တော့ ညစာ ခက်သည် " တဲ့။

 

ကောင်းတော့ ကောင်းပါသည်။ ပြိုင်ကားကို ပြိုင်ကား Track ပေါ်မှာ တော့ ကောင်းပါမည်။ သို့ သော် မြို့ ထဲ ၊ တော ထဲ တောင်ပေါ် လမ်းတွေ မှာ အလုပ်မဖြစ်ပါ။

 

 

သားက ပြောပါတယ်  "  အဖေ....rpm 8000 ကျော် မှ သူ့ Power တွေ Activate ဖြစ်မှာ တဲ့။ 


ကားရှုပ်သည့် မြို့ အတွင်း မှာ ဘယ်လိုလုပ် ပြီး အင်ဂျင် rmp ကို 8000 အထိ တင်မောင်း နိုင်မလဲ ဗျာ....။ အဲဒီလောက် မတင် နိုင် ရင် Lamborghini  ကလည်း အေးအေး ဆေးဆေး  ဘဲ ပေါ့။ သူ့ အစွမ်း ကို ဘယ် ပြ  လိမ့် မလဲ။


 အတွင်း ပိုင်း ခလုပ် တွေ က တစ်ခါ မှ မမြင်ဘူးတဲ့ ခလုပ်တွေ။ Aircon ဘယ် လို ဖွင့် ရမှန်းမသိ။ မှန် အတင် အချ တောင် အတော် စဉ်းစားယူရတယ်။

 

အော်....ဒါကြောင့် ကိုရွှေ ရုရှား Lamborghini နဲ့ လှုပ်ရှား လို့ မရ ပေတာဘဲ လို့ သိပါတော့ တယ်။

 

ဒါကြောင့် " လှ ပါသော် လည်း ညစာ ခက်သည့် Dream Car ရေ အိမ် မက် ထဲ မှာ ဘဲ နေခဲ့ပါတော့ " လို့ ဆို လိုက်ရပါတယ်။

 

 

ဖြတ် သန်း ခဲ့ရသည့် ဘ၀ ၏ အစိတ် အပိုင်း လေးများကို ကြုံ လျှင် ကြုံ သလို တစ်စ စီ ပြန် စီ ကာ ရေး ရခြင်း ၊ မှတ်တမ်း ပြုထားခြင်းသာ ဖြစ်ပါသည်။

 

 ထူးခြား သည် လေး များကို အခု လို စု ထားခြင်း ဖြင့် မိမိ နှင့် သားသမီး များ တို့ ဖြတ်သန်း ခဲ့ ကြ ရသည့် ဘ၀ မှတ်တိုင်တွေ မှာ  မှတ်တမ်း လေး တစ်ခု ကျန် ခဲ့စေရန် ဟု ထင် ရင်း..မြင်ရင်း... ဖြင့် ဤ အပိုင်း လေး ကို ဖြည့် စွက် လိုက် ပါသည်။

 

 

-------------------------------

 

 

 

 






No comments:

Post a Comment