Monday 14 December 2020

My School of Bird Photography ( Unicode )

 My School of Bird Photography ( Unicode)



" My School of Bird-Photography "

( Pasir Ris Mangrove )


My School of Bird Photography.



ဒုတိယ ကမ္ဘာစစ် နဲ့ဆက်ကာ ဖြစ် ပွားခဲ့တဲ့ ပထမ အင်ဒိုချိုင်းနား စစ်ပွဲ နဲ့ ၁၉၆၀ က ၁၉၇၅ အထိ ဖြစ်ပွား ခဲ့တဲ့ ဗီယက်နမ် စစ်ပွဲတွေ မှာ စစ် သနင်္ဂဗျူဟာ အလွန်ပြောင်မြောက်စွာ ဖြင့် ဗီယက်နမ် ပြည်သူ့ တပ်မတော် ကို ဦးဆောင်ကာ ပြင်သစ် နဲ့ အမေရိကန် တပ်ဖွဲ့ များ ကို နိုင်အောင်တိုက် ခဲ့တဲ့ ဗီယက်နမ် ပြည်သူ့ တပ်မတော် ဗိုလ်ချူပ်ကြီး Võ Nguyên Giáp ကို သတင်း သမား တစ်ဦးက -


" ဗိုလ်ချူပ်ကြီး ဘယ် စစ် သင်တန်း ကျောင်း က စစ် ပညာ သင် ခဲ့ ပါသလဲ “ လို့  မေးတော့


ဗိုလ်ချူပ်ကြီး Võ Nguyên Giáp က တောအုပ်ကြီးကို  လက်ညှိုး ထိုးပြ တယ် လို့ ကြား ဘူး ပါတယ်။


ကျွန်တော် က ဗိုလ်ချူပ်ကြီး Võ Nguyên Giáp နဲ့ မနှိုင်းကောင်းပါ။


သို့သော် ကျွန်တော့် ကိုလည်း ....မင်း ....ငှက် ဓါတ်ပုံ ရိုက်တာ ကို ဘယ်ကျောင်းမှာ

သင် ခဲ့ သလဲ လို့ မေးပါ မူ -

 

အောက် ပါ နေရာ ဖြစ် တဲ့ Pasir Ris က လမုတော  (Mangrove ) ကို သာ လက်ညှိုး ထိုးပြ ရ မည်သာ ဖြစ်ပါတယ်။


 Pasir Ris Mangrove ရှိ Tampines River ရေကျချိန်။


Tampines River ရေ တက်ချိန်။


Pasir Ris Mangrove


Pasir Ris Mangrove


Tampines River and our Practicing Ground Wooden Bridge.


Pasir Ris Mangrove and our Class Room, Hut - 5.


Mangrove အတွင်းရှိ ရွှံ့ ညွံ များပေါ်မှ လမ်းလျှောက် နိုင်စေရန် ခင်းထား သည့် Board walk.


Mangrove အတွင်းရှိ ရွှံ့ ညွံ များပေါ်မှ လမ်းလျှောက် နိုင်စေရန် ခင်းထား သည့် Board walk.


Pasir Ris ကို ရောက်သွား ရခြင်း ရဲ့ အကြောင်း ရင်း ကတော့ - 

၂၀၁၄ ခု နှစ် အစပိုင်း မှာ ကျွန်တော့် ကို မိတ်ဆွေ တစ်ယောက် က အပြာရောင် လိမ္မော် ရောင်တွေ နဲ့ လှပ လွန်းလှ တဲ့ Kingfisher တစ်ကောင် ငါး ကို ချီ ကာ ရေ ထဲ ကနေ ကမ်း စပ် ကို ပျံနေ တဲ့ ပုံ ကို ပြပြီး ဒီ ပုံ ကို သူ Pasir Ris မှာ ရိုက်ခဲ့ တာ ဖြစ်ကြောင်း၊ ရိုက် ခြင်ရင် Pasir Ris ကိုသွားလို့ ပြော ပြီး လမ်း ညွှန် လိုက် လို့ပါ။

 

သာ မန် ပျံနေတဲ့ ငှက် ကိုတောင် မရိုက် နိုင်တဲ့ ကျွန်တော် ၊ ငါး ချီ ပြီး ပျံ နေတဲ့ ငှက် ကို တွေ့ တော့ ရိုက် ခြင်စိတ် ကို ထိမ်းမရတော့ပါ။ ရိုက်နိုင် တာ မရိုက် နိုင်တာ မသိ ဒီလို ပုံ လို ခြင်တာဘဲ သိပါတယ်။ နောက် အတော် ကြာတော့ မှ ဒီငှက် ဟာ Stork billed Kingfisher ဆိုတာ သိရပါတယ်။

 

ကျွန်တော် လည်း ငှက် များ ကို ဓါတ်ပုံ ရိုက်လိုသောကြောင့် ၂၀၁၄ ခု နှစ် ဇန်နဝါရီလ (၁၂) ရက် ညနေပိုင်း ၁၄:၀၀ နာရီလောက် အချိန် တွင်  ကျွန်တော် စင်ကာပူ အရှေ့ ဘက် ကမ်းခြေ ရှိ Pasir Ris ကို ရောက်ခဲ့ပါ တယ်။

 ငှက် များကို ဓါတ်ပုံ ရိုက် ခြင်း ကို သင် ကြားရန် သင်တန်း တက်ရန် သွားသည် ဟု ဆိုရပါမည်။

 ယခု ၂၀၁၇ ဇန်နဝါရီလ တွင် ငှက် ရိုက်တဲ့ သင်တန်း တက်တာ သင်တန်း ကာလ (၃) နှစ် ပြည့် ပါပြီ။

 သင်တန်း ကာလ (၃) နှစ်အပြီး ၊ လွန်ခဲ့သော အပတ် တွင် ငှက် ဓါတ်ပုံ ရိုက် ခြင်း ဆိုင်ရာ အသိအမှတ် ပြု သည့် Certificate ကို ကျွန်တော့် ကျောင်းက ရပါတယ်။

 " လက်မှတ် " ဆိုတဲ့ စကားက တော့ အမြဲ သုံးစကားရပ် ဖြစ်နေလို့ သုံးရ တာပါ။ အမှန်တော့ " အသိအမှတ် ပြု ခြင်း " လို့ သာဆိုရပါမယ်။

 ဒီ  " အသိအမှတ် ပြု ခြင်း " ဆိုတဲ့ လက်မှတ် ဟာ ခန်းနား ထယ်ဝါ စွာ ကနုတ် ပန်းတွေ နဲ့ ဘောင်ကွပ် ထား ပြီး ရွှေ ရေးစာတွေ နဲ့ ၊ အနီရောင် ချိတ် ဆံ ဆိပ် ကြီးတွေ နဲ့ ဧည့်ခန်း မှာ ထယ်ထယ် ဝါဝါ ချိတ် ထား ရမည့် လက်မှတ် ( Certificate ) ကြီး ဟု ထင် ကောင်း ထင် နိုင် ကြပါမယ်။

လားလား မှ မဟုတ်ပါ။

 မည်ကဲ့ သို့ Certificate ဆိုသည်ကို ရာဇဝင်ကြောင်း လေး နှင့် ပြန်ပြောင်း ပြော လိုပါတယ် -

 

 

  ကျွန်တော်ရဲ့ ပထမ ဦးဆုံး Pasir Ris ခရီး။

 

အထက် တွင် ဆိုခဲ့ သလို ငှက် ရိုက် ခြင် ရင် Pasir Ris - Car-park ( B ) နားက သစ်သားတံတား ( Wooden Bridge ) ကို သွား ဆို လို့ မိတ်ဆွေ တစ်ဦးက ညွှန် လိုက် လို့ Pasir Ris သွားပါတယ်။

 Pasir Ris ကို ရောက်တဲ့  နေ့ ရက် က တော့ မှတ်မှတ် ရရ ၂၀၁၄ ခု နှစ် ဇန်နဝါရီလ (၁၂) ရက် ညနေပိုင် ၁၄: ၀၀ နာရီလောက် အချိန် လောက် ကပါ။

 

Pasir Ris ကို သွားတဲ့ MRT Train.


Pasir Ris MRT Station.



Pasir Ris MRT Station and White Sand Shopping Mall.


Pasir Ris MRT Station and White Sand Shopping Mall.



Pasir Ris Bus Interchange.



Pasir Ris Bus Interchange.



Pasir Ris Bus Interchange.



Pasir Ris MRT Station.


ငှက် တွေ ထံ ပထဦး ဆုံး ပို့ပေးသူ။

 

 Pasir Ris ရထားဘူတာရုံ ကနေ ထွက် လိုက် တော့ Wooden Bridge ကို ဘယ် လို သွားရမှန်းမသိ။ ဒါ နဲ့ မှန်းသန်း လျှောက် ရင်း ဘူတာ အဆုံး မှာ ဖြတ်လမ်းလေး တစ်ခု တွေ့ လို့ ဖြတ်လျှောက် သွား တော့ Car Parking တစ်ခု ထဲ ရောက်သွားတယ်။ Car Parking က – B - ဟုတ်မဟုတ်တော့ မသိ။ တစ်ခု တော့ အဆင်ပြေ ပြီ။ ဒါပေမဲ့ ဘယ် ဆက်သွား ရမယ် မသိဖြစ်နေတယ်။


ဘူတာရုံ ကနေ Pasir Ris  Park  သို့ သွားတဲ့ ဖြတ်လမ်း ကလေး။



Pasir Ris Park, Car Park -B သို့ အဝင် လမ်း ကလေး။



Pasir Ris Park's Car Park-B.


ကံ အားလျှော်စွာ ကားတစ်စီးပေါ်က သားမိ သားဖ (၃) ယောက် Lens အကြီးကြီး၊ Tripod အကြီးကြီး တွေ ထမ်း ပြီး ဆင်းလာတာ တွေ့ လိုက် ရတယ်။ ကြိမ်းသေပြီ သူတို့ ငှက် ရိုက် ဘို့ လာတာဘဲ ဆိုတာ သိ လိုက်ပါတယ်။

ဘာမှ လုပ်မနေဘဲ သူတို့ နောက် ကို အသာ ကပ် လိုက်သွားပါတယ်။ ဒါ နဲ့ ဆိုက်ဆိုက် မြိုက်မြိုက် ကျွန်တော် ၏ ငှက် ရိုက်သင်တန်း လေ့ကျင့်ကွင်း ( Practicing Range, Wooden Bridge ) ကို ရောက်သွားပါတယ်။

 သားအဖ (၃) ယောက် တို့အနက် ခေါင်းဆောင် ဖြစ် တဲ့ ဖခင် ဖြစ်သူ မှာ Mr. Lim Jiew Kin ဖြစ်ပါတယ်။

အမည် ကို အတော် ကြာမှ သိရတာပါ။

 

Wooden Bridge သို့ အဝင် လမ်း ကလေး။




ကျွန်တော့် ကို ငှက် များရိုက် ရာ Pasir Ris, Wooden Bridge သို့ လမ်းပြ ခေါ်ဆောင်သွား

သည့် Mr. Lim Jiew Kin နှင့် မိသားစု တို့ Wooden Bridge သို့ အဝင် ပုံ။

( Picture taken on 12 January 2014 )


ထိုနေ့ က Mr Lim ကပင် ငှက် ကို ပြ ၊ ဘယ် လို ရိုက် စသည် ဖြင့် စေတနာ ဖြင့် သင်ပေးပါတယ်။ စောင့် နေတဲ့ Stork billed Kingfisher မရောက်သေး ခင်မှာ ပျံနေတဲ့ ငျက်တွေ ကို လေ့ကျင့် တဲ့ အနေ နဲ့ ရိုက် ရန် အားလုံးကို ပြောပါတယ်။ ထိုစဉ် က Stork billed Kingfisher ကိုဘဲ သစ်ပင် မှာ  နားနေတာ ရိုက် ရပါတယ်။ Stork billed Kingfisher ကို ဒါလောက် ကလေး  တွေ့ ခွင့် ရ ၊ ဒါလောက် ရိုက်ရ တာ ကို ပင် ဝမ်းသာ လှပါပြီ။




Stork billef Kingfisher အများဆုံး နား ကာ ဒိုင်ဗင် ထိုး ငါး ဖမ်းလေ့ ရှိသည့် နေရာ ( အဖြူ ရောင် နဲ့ ဝိုင်း ထားတဲ့ နေရာ )။


ကျွန်တော် Pasir Ris  တွင် ပထမ ဦးဆုံး ရိုက် ခဲ့သည့် Stork billed Kingfisher ၏ ပုံ။



ကျွန်တော် Pasir Ris  တွင် ပထမ ဦးဆုံး ရိုက် ခဲ့သည့် မိတ် ဆွေ ကြီး Stork billed နားနေ

    သည့် နေရာ- ( အဖြူ ရောင် အဝိုင်း )။



အထက် တွင် ပြ  ထားသည့် မိတ်ဆွေ Mr. Stork billed ကြီး နားနေကြ ၊ ဒိုင်ဗင် ထိုးနေကြ သစ်ပင် သည်ကျွန်တော် ငှက် ဓါတ်ပုံ ရိုက် လေ့ကျင့် သည့် ကာလ  (၃) နှစ်  ပြည့် ရန် တစ်လလ အ လို  ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လတွင်  ကမ်းခြေ ရေ တိုက် စား မှု ကြော င့်  Tampines မြစ် အတွင်း သို့ လဲ ကျ သွားခဲ့ ပါတယ်။


 ဒီ အပင် ဟာ သူ နားနေကြ ၊ ရေ ထဲ ဒိုင်ဗင် ထိုး ငါး ဖမ်းနေကြ ၊ ဒီအပင် လဲ သွားတော့ ခွင် ပျက် သွားပါတယ်။ သတ္တဝါ တွေ မှာ သူ တို့ နေ နေ ကျ ၊ သွားနေကျ ၊ အိပ် နေကျ ၊ ဆိုတဲ့ စွပ်ကျောင်း ၊ ခွင် ဆိုတာ ရှိပါတယ်။  သတ္တဝါ တွေ ဟာ သူ တို့ ရဲ့ စွပ်ကြောင်း ဖြစ်တဲ့ ဒီ လမ်း ဒီနေရာ ကို ဘဲ သွားလေ့ နားလေ့ အိပ် လေ့ ရှိ ပါတယ်။  Animal Behavior  ပါ ။ Wildlife နဲ့ ပတ်သက် တဲ့ Photography တို့ မုဆိုး တို့ ဟာ ဒီ သဘော ဖြစ်တဲ့ Animal's natural habit ကို အတော် အသင့် သိထားဘို့ လိုပါတယ်။  တော နေ သ တ္တ ဝါ တွေ ဟာ သူ တို့ နေ  နေကျ  သဘာဝ ပတ်ဝန်း ကျင် အခြေ အနေ ( Habitat ) ပြောင်းလဲ သွားရင် ဒီနေရာ ကို မလာ ကြ ‌ တော့ ပါ။

အသေးစိတ် ပြော ရရင် အတော် ကျယ် ပြန့် တဲ့ ဘာသာ ရပ်ပါ။


 ဒီ အပင် လေး လဲ သွားတော့ Stork billed Kingfisher ဒိုင်ဗင် ထိုးတဲ့ ခွင် ပျက် သွားလို့ အရင် ကလို ပေါပေါ သီသီ လေ့ ကျင့် ခွင့် မရ လိုက်ပါ။ ဒီလိုပါဘဲ တံ တားဘေး က Tampines မြစ် ကမ်း ကို ပြန်ပြင်၊ ရေ တားကို အသစ် လုပ် လိုက်တော့ ဒီနေရာ တစ်ဝိုက် က Environment  ပြောင်း သွား လို့ Common Kingfisher ဟာ လာနေကျ ရာသီမှာ အရင် တုန်း ကလို တံတား အနားကို လာ မနား တော့ ပါဘူး။ အဝေး မှာ ဘဲ နား တော့ သေးသေး လေဘး ကို အဝေး ကနေ လှမ်း ရိုက် ကြ ရပါတယ်။ ဘယ် ပုံ ကောင်း ရနိုင်ပါတော့ မလဲ။

 

ကျွန်တော် စတင် သင် ရိုက် ရိုက် တဲ့ ပထမ နှစ် နှစ် လောက် အတွင်း မှာ Stroke billed Kingfisher ရော Common Kingfisher တို့ ပါ တံ တား နဲ့ နီးနီး နားနား မှာ နားနေ ကြ မကြ ခန ဒိုက် ဗင် ထိုးကြ ဆိုတော့ ကျင့် သား နာ နေ အောင် လေ့ ကျင့် ခွင့် ရခဲ့ပါတယ်။ ပြန် တွေး ကြည့် တော့ အတော် ကံ ကောင်းခဲ့ပါတယ်။

 

အခု...ဒီလို ဆိုရင် ဒီလို လေ့ ကျင့် ခွင့် မရ တော့ ပါ။ ပုံ မှန် ရိုက် ဘို့ ဆိုတာ တောင် အနိုင်နိုင်ပါ။

 

သင်ခန်းစာ တစ်ခု ကတော့ Bird in flight  ကို လေ့ ကျင့် ဘို့ ဆိုရင် အခု လို ငှက် တွေ ကို အန္တရာယ် မပြုဘဲ သူ တို့ လွတ်လပ် စွာ ဘေးကင်းစွာ လှုပ် ရှား ၊ နေထိုင် ၊ အစာ ရှာ ဖွေ တဲ့ နေရာ တွေ ရှိ မှ များများ လေ့ ကျင့် နိုင်ပါမယ်။ တစ်နေရာ ကို သွား ကြုံ မှ တစ်ခါ ရိုက်ရ တာမျိုး ဆို မျိုး မဖြစ် သင့်ပါ။ ကျွန်တော် နိုင်ငံတော် တာဝန် ဖြင့် နေထိုင်ခဲ့ ဘူးတဲ့ နိုင်ငံ ၊ ရောက်ဘူးတဲ့ နိုင်ငံ အတော် များများ မှာ ငှက် တွေ အပါ အဝင် တိရိစ္ဆာန် တွေ ကို ကာကွယ် ပေးထားတဲ့ ဥပဒေ တွေ ရှိကြပါတယ်။

 

စ တင် သင် ရိုက် ရိုက် ကထည်း က Stork billed Kingfisher နဲ့ စ ခဲ့ ရလို့ သူ ဟာ  လည်း ကျွန်တော့် ရဲ့ Model ဆို လည်း ဟုတ် ဆရာ ဆိုလည်း ဟုတ် တယ် လို့ ဆိုရပါမယ်။

 

 

မြစ် အတွင်း လဲ ကျ သွားသည့် သစ်ပင် ( အနီရောင် ဝိုင်း)။


ကျွန် တော့် ကို ငှက် ရှိရာ သို့ စတင် ခေါ် သွားသည့် Mr. Lim Jiew Kin နှင့် မိသားစု။



Mr. Lim Jiew Kin နားနေစဉ်။



( လက်ဦးဆရာ Mr. Lim Jiew Kin  ဟာ လွန်ခဲ့ တဲ့ နှစ် နှစ် ခန့် က ကွယ်လွန်သွားပါတယ်။ )


ကျွန်တော့ အား ငှက် ရှိ သို့ လမ်း ပြ ခဲ့ တဲ့ လက်ဦး ငှက် လမ်းပြ ဆရာ ဟု ဆိုရမည့် Mr. Lim Jiew Kin ကို ဤစာ ဖြင့် ကျေးဇူးတင် ဂါရ၀ ပြု အပ် ပါတယ်။



ဝါ သနာ ...သို့သော် သိတ် တော့ ဖြင့် မသက်သာလှပါ။

 

ကျွန်တော်နေသည့် စင်ကာပူ အနောက်ဘက် ခြမ်း နေရာ နှင့် အရှေ့ ဘက် ကမ်း ရှိ Pasir Ris သည် ကား ၊ ရထား အဆင့်ဆင့် ဖြင့် (၂ ) နာရီခန့် စီးရပါတယ်။ ရိုက် ကာ စတွင် တစ်နေ့ ကို နှစ်ကြိမ် ခန့် အသွားအပြန် လုပ် ပါတယ်။ နံနက် ပိုင်း ငှက် အစာ ရှာ ချိန် နဲ့ ညနေ နေခင်း ငှက် အစာ ရှာချိန် တွေ ရိုက်ဘို့ပါ။

 

နောက်ပိုင်း တွင် နံ နက် စောစော ထမင်း ထုပ် ထုပ် သွားကာ တစ်နေ ကုန် နေပါ တယ်။ နံနက် နဲ့ ညနေ ငှက် အစာရှာ အထွက်မှာ ရိုက် ၊ နေ့ ခင်း မှာ နား ပေါ့။ တော တွင်း မှာ မို့ နီးနီး နားနား ပြေးလွှား ဝယ် ရန် ဆိုင် မနီးပါ။ ရေ ကုန်လျှင် နားနေစခန်း အနီး သန့်စင်ခန်း ရှေ့ ရှိ ရေ ဘုံ ဘိုင် ကရေ ကို ပုလင်းထဲ ပြန် ဖြည့် ကာ သောက် ကြရပါတယ်။


Pasir Ris Mangrove Boardwalk.



Pasir Ris Mangrove



ကိုယ် ခန္ဓာ အတွင်းသို့ ရေ ဖြည့် ရန် နှင့်  ကိုယ် ခန္ဓာ အတွင်းမှ ရေ ထုတ် ကြ ရသည့်   Pasir Ris  Park အတွင်း မှသန့်စင်ခန်း  အဆောက် အဦ ကလေး။



ကိုယ် ခန္ဓာ အတွင်းသို့ ရေ ဖြည့် ရန် နှင့်  ကိုယ် ခန္ဓာ အတွင်းမှ ရေ ထုတ် ကြ ရသည့်   Pasir Ris  Park အတွင်း မှသန့်စင်ခန်း နှင့် ယင်းရဲ့  ရှေ မှ ရေဘုံ ခေါင်း ကလေး များ။



ရေ ဆေး ၊ ခြေ ဆေး ဒီ နေရာလေးဘဲ၊ သောက်ရေဖြည့် လည်း ဒီနေရာဘဲ။



ကျွန်တော့် ကင်မရာ အိပ် တွင် ကင်မရာ ဘော်ဒီ နှစ်လုံး၊ ငှက် ရိုက်သည့် Lens အပါအဝင် Lens သုံးလုံး ၊ Wireless/ with wire Remote controls, Tripod, Gimbal Head, စသည့် ကင်မရာ ဆိုင်ရာ များ အပြင် ခေတ္တ လဲ လျှောင်းရန် လေ ခေါင်းအုံး ၊ အောက် တွင် ခင်း အိပ် သည့် ကင်းဗတ်စ က အစ အားလုံး ထည့် ထား ပါတယ်။

 

ဒါ တွေ အပြင် မိုးရွာပါက ကင်မရာ အိပ် ကို မိုးကာ ရန် မိုးကာ ၊ ချွေးလွန် အထွက်ပါက လဲ ရန် T-Shirt အပို ၊ မိုး ဆက်တိုက်ရွာ လို့ တောထဲ တွင် အေးလာပါက ဝတ်ရန် Wind Breaker ၊ အရေး ပေါ် သောက် ရန် ဆေး ၊ First Aid Kit စသည် တို့ ပါ သယ် သွား ပါတယ်။ 

 

ဒီအပြင် ကြော ယားရင် ကုတ် တဲ့ အတန် ၊ စားသောက် ပြီးပါက ပါးစပ် သန့် ရှင်း ရေး လုပ်ရန် သွားတိုက်ဆေး သွားပွတ်တန် ၊ တော ရှင်း ရန် ဒါး အသေး ၊ ချည် နှောင် နိုင်သည့် ကြိုး စသည် တို့ လည်းပါ  ပါတယ်။  စုစုပေါင်း အလေး ချိန် ၁၂ ကီလို ခန့် ရှိပါတယ်။

 

My Bag. ( နောက်ပိုင်း တွင် အထက်ပါ အိပ် နှင့် မဆန့် သောကြောင့် Trolley/Back Pack အကြီး နဲ့ ပြောင်း ထည့် ရပါတယ်။)


တစ်ခါ တစ်ရံ ငှက် က ပျမ်းမျှ 34 Degree C လောက် ပူနေတဲ့ နေပူ ကျဲကျဲ မှာ လာ နားလိုက်  ပျံ ထွက် သွား လိုက် လုပ်နေရင် သူ့ ထပ် ပြီး ပြန် အလာ ကို စောင့် နေရ လို့ နားနေဆောင် Hut – 5 ကိုပြန် ပြီးနားချိန် မရပါ။


 ဒီလို အခြေ အနေ မျိုး မှာ  ဘောစကိုင်းပင် လို အရွက် သေးသေး ကျဲကျဲ ပင်အောက် ရှိ ရသလောက် သော အရိပ် အောက်မှာ သတင်းစာ လေး ခင်း ပြီး ခန လဲ လျှောင်း ကာ ပြန် စောင့် ရတဲ့ အကြိမ် တွေ လည်း မနည်း လှပါ။

 

နာရီ ပေါင်း များစွာ စောင့် နေ ပေမဲ့ ငှက် က လာ ခြင် မှ လာပါတယ်။ လာပြန် တော့ လည်း  ဒိုင်ဗင် ထိုး ပြီး ငါး ဆင်း ဖမ်း ခြင်မှ ဖမ်းပါတယ်။ ငါး ဆင်း ဖမ်း ပြန် တော့ လည်း ရိုက် လို့ မရ တဲ့ နေရာ ၊ Reflection တွေ သိပ် များနေတဲ့ နေရာ ဖြစ်တတ်ပါတယ် ၊ ကိုယ့် ကို ကြော ပေးပြီး ပျံ သွား လို့  အဆင်မပြေတဲ့ အနေအထား စတဲ့ အဆင် မပြေ မှု တွေ တွေ့  ရ တတ်ပါတယ်။

 

စောင့် နေရာ တာ ကြာ တော့လူ ရဲ့  Reflection  လည်း နှေးလာပါတယ်။ ဒီတော့ ငှက် က ကို မထင် တဲ့ နေရာ  ကို ထိုး ဆင်းလိုက်ရင် တစက္ကန့် ရဲ့  ငါးပုံ တစ်ပုံ လောက် တွင်း အချိန် မှာ မိအောင် မရိုက် လိုက် နိုင်တာ တို့၊ ရိုက် လိုက် နိုင် ပြန်တော့်   လည်း   Lens က ငှက် ရဲ့ လျှင် မြန်လှ တဲ့ အရှိန် ကို အမှီ လိုက်ပြီး Focus မဖြတ် နိုင်လို့ ပုံတွေ ဝါး နေတာ ဆို့ နဲ့ အကြိမ် ကြိမ်ကြုံု ရတတ် ပါတယ်။

 

ကိုယ် က ငှက် ကို လွတ် သွား ၊ ငှက် ကတော့ ငါး ကြီးကြီး ရ လို့ ပြန် သွားရင်တော့   မသေခြာ မရေရာ  တဲ့ နောက် တစ်ခေါက်  ပြန်အလာ ကို စောင့် ခြင်ရင်လည်း စောင့် ၊ ဒါ မှမဟုတ်ရင် Game Over ပွဲ သိမ်း သွားတဲ့ နေ့ ဖြစ်သွားပါပြီ ။

 

Bird Photography ဟာ ဘာကို အစိုး မရ တဲ့ ရိုက် နည်းပါ။ အလွန် လည်း ပင် ပန်း ပါတယ်။ ဒါပေမဲ့ ကိုယ် က လို ခြင် နေတော့ ပင်ပန်း တာတွေ ကို မေ့ ထားနိုင်ပါတယ်။


သိုးဆောင်း စကား တစ်ခု ရှိပါတယ် " No Pain, No Gain " တဲ့။ ဘယ် အရာ မှ လွယ်လွယ် မရ ပါဘူး။ တစ် စုံ တစ်ရာ သော အတိုင်း အတာ အထိတော့ ဒုက္ခ ခံ ကာ ပေး ဆပ် ကြ ရတာပါဘဲ။

 

များများလို  ခြင် ရင် များများ ဒုက္ခ ခံ ကြရပါမယ်။ ဒါ ဟာ အလွန်မှန် တဲ့ စကားပါ။



တစ်ခါ တစ်ရံ သတင်းစာခင်း ကာ ကြော ခင်းခဲ့သည့် လမ်း ဘေး နေရာများ ထဲ က တစ်နေရာ။



တစ်ခါ တစ်ရံ သတင်းစာခင်း ကာ ကြော ခင်းခဲ့သည့် လမ်း ဘေး နေရာများ။



တစ်ခါ တစ်ရံ သတင်းစာခင်း ကာ ကြော ခင်းခဲ့သည့် လမ်း ဘေး နေရာများ။



တစ်ခါ တစ်ရံ သတင်းစာခင်း ကာ ကြော ခင်းခဲ့သည့် လမ်း ဘေး နေရာများ။



တစ်ခါ တစ်ရံ လည်း သူ တို့ နဲ့ အတူ ရောကာ ကြော ခင်းသည့်  နေရာများ။



ကျွန်တော် တို့ရဲ့ သင်ကြားတဲ့ စနစ်။


ကျွန်တော် တို့ ကျောင်း ရဲ့ သင်ရိုး ညွှန်း တမ်း နဲ့ သင်ကြား တဲ့ စနစ်  က တော့ ဘယ် နိုင်ငံ က ကျောင်း နဲ့ မှ တူ နိုင်မယ် မထင်ပါ။


ကျွန်တော် အပါအဝင် ငှက် ရိုက်သူများ ဟာ နေ့ ခင်းပိုင်း မှာ Hut-5 လို့ ခေါ် တဲ့ Tampines River ပေါ်က နားနေဆောင် အမှတ် (၅) မှာ နား ရင်း အနီးအနား ကို လာတဲ့ ငှက် ကို လည်းရိုက် ၊ ဓါတ်ပုံ ဆိုင်ရာ ဝါ ကြီး တဲ့ သူတွေ က ဝါ နု တဲ့ သူတွေ ကို သင်ပေး ၊ ဒီလို နေကြပါတယ်။ Hut-5 ဟာ ကျွန်တော် ဆို့ ရဲ့ သင်တန်း ခန်းမ လို့ ဆိုရ ပါ မယ်။



Our Class Room - Hut-5, Rest House over Tampines River.



Our Class Room, Hut-5. Mr.  Eric, in red T shirt.


Our Class Room, Hut-5.



ကျွန်တော် တို့ စုဝေးရာ ၊ မိုးရွာလျှင် မိုးခို ရာ Common Room.



Wooden Bridge က တော့ Practical Shooting Range ပါ။


 Wooden Bridge, our Practical Shooting Range,



 Wooden Bridge ကို အင်ဒိုနီး ရှား က ငှက် ဆရာ တွေ က အစ လာကြပါတယ်။ Kingfisher ရိုက်ရန် အကောင်းဆုံးနေရာ လို့ နံမည် ကြီး တာကြောင့် လို့ ဆိုကြပါတယ်။ Internet ကနေ ရှာပြီး လာကြတယ် လို့ သိရပါတယ်။

 

မလေး ရှား နဲ့ ဖိလစ်ပိုင် က ဓါတ်ပုံ သမား အချို့  လည်း လာလေ့ ရှိပါတယ်။ ဖိလစ်ပိုင် က ဓါတ် ပုံ ဆရာ အချို့ ဆိုရင် မိုးရွာ နေရင် တောင် ထီး ဆောင်းရိုက်ကြပါတယ်။ ရခဲ တဲ့ အခွင့် အရေး မို့ အလွတ် မခံ နိုင်သောကြောင့် လို့ ဆိုပါတယ်။


Wooden Bridge ပေါ်တွင် မိတ်ဆွေ Mr. A Meng ( အငယ်) ရပ်နေသည်ကို Hut -5 မှ လှမ်း၍ D 7100 (1.3 X) Mode with 600 mm = Focal Length 1170 mm ဖြင့် ရိုက်ထားသည့် ပုံ။



ကျွန်တော့် ဆရာ များ။


ကျွန်တော် ဟာ Blog မှာ ဓါတ် ပုံအကြောင်း တောင် ရေး မြောက်ရေး  ရေး နေပေမဲ့ Pasir Ris က ငှက် ရိုက် တဲ့ Senior ဓါတ်ပုံသမားတွေ ထည်း က အများစု ဟာ ဓါတ်ပုံ ဆိုင်ရာ Technical Details တွေ မှာ ကိုယ့်ထက် အဆပေါင်းများစွာ အံ့သြ စရာကောင်း လောက်အောင် ပို ပြီးသိ နားလည် သူတွေ ဖြစ်တာ တွေ့ ရပါတယ်။

 

ဒါ ဟာ ကျွန်တော့် အတွက် မဟာ အခွင့် အရေးပါဘဲ။


သူ တို့ ဆီ က ကိုယ်သိ လို တာ တွေ ကို မေးရပါတယ်။ အနီးကပ် သင်တန်း လိုမို့ အလွန် အကျိုူး ရှိပါတယ်။ စာတွေ့ လက်တွေ့ ၊ တကယ့် ကို ရှင်းလင်း တဲ့ အထိ ရှင်းလင်း  ပြောပြ ကြပါတယ်။

 

အချုပ် အားဖြင့် ကျွန်တော် ဘုမသိ ဘမသိ Pasir Ris ရောက်သွားတဲ့ အချိန် ကစ လို့ အခု အချိန် အထိ ငှက် ရိုက် ခြင်း ကို အတော် အသင့် သိ နားလည် လာ အောင် အောက် ပါ ပုဂ္ဂိုလ် များက သင်ပြ ပေး ပါတယ် -

 

Mr. Eric ( IT Engineer ) – Area Focusing, Technical details on Camera Sensor’s Focus points and Memory saving. Variation of spot Metering in Single    point Focusing.


Mr. Patric ( IT Engineer ) – Colour production of the Cameras.


Mr. Low – Dynamic range of the Cameras, and Image ratio of the Macro.


Mr. Lim Jiew Kin – Bird in flight ( Training Instructor  in Charge )


Mr. A Meng ( Huat Meng Yau ), Effective using of Red Dot sight in Tracking and different type of Red Dot Sight and its functions.


Mr. Lai ( Chonglong Lai ), Habits and Behavior  of Birds, in flight Composition,

Lighting and Exposure in different reflection-areas,  respective Depth of field of the different size of  Birds and control of focal length.


Mr. Alvin – Importance of Colour and Light Contrast in Bird-photography.


Mr. Danny – Effective using of Cropped frame cameras in extending Focal  Length.

 

Mr. B. Eric – The importance of Background and Practicing rapid judgement on Exposure compensation. 


Mr. Roland – Predictive Tracking and shooting angle.


Mr. David Kow  -  Introduction to Portraiture and its diversity of editing, Maintaining of the Plane of Focus and  Depth of Field ofthe different size  of Subjects in Bird Shooting.

                         


အထက် ပါ ဆရာတွေ က ကျွန်တော့် ကို သင်တန်း ကျောင်းကြီး  ဖြစ်တဲ့ Pasir Ris လမုတော ကြီးထဲ မှာ သဘော တရားရော လက်တွေ့ ပါ သင်ပေးကြပါတယ်။

 

အဆိုပါ ဆရာ များတင်မက ပုံစံ အမျိုးမျိုး နဲ့ သင်ပေး တဲ့ အခြားသော ဆရာ များ လည်း မြောက် များစွာ ရှိပါ တယ်။

 

၂၀၁၄ နှစ် ဦး  ပိုင်း - ကျွန် တော် တို့ တစ်တွေ Pasir Ris Park မှာ Coppersmith Barbet ရိုက် စဉ် က အချို့ Senior Bird Photographer များ ဆိုရင် ကိုယ် တိုင် View Finder က လာချောင်း ကြည့် ပြီး Background ယူ တာ ဘာ မှား နေတယ် ၊ ဒီ နေရာ ကတော့ ဖြင့် မကောင်းဘူး၊ ဘယ် လို နေရာ ယူ ရမယ် ဆို ပြီး  ခလေး တစ်ယောက် ကို သင်ပေး သ လို လာ သင်ပေးကြပါတယ်။


 မြန်မာစကား ဆိုရိုး ဖြစ်တဲ့ " စာမတတ် ၊ လမ်း မှာ ဖတ် " ဆို သလိုပါဘဲ။


အများ မြင်ကွင် မှာ မှားနေတာတွေ့ ရင် ၊ အမြင် မတော်တာတွေ့ ရင် သိတဲ့ တတ်တဲ့ သူ က ပြင်ပေး သလိုပါဘဲ။ အရှေ့ တိုင်းသားတွေ ရဲ့ ချစ်မြတ် နိုးဘွယ်ရာ  အလေ့ အထ လို့ ဆိုရပါမယ်။

 

အဆိုပါ ဆရာ များ အနက် အချို့ ကို  အမည် ပင် မသိလိုက်ပါ။ သို့သော် အဆိုပါ ဆရာ များကို ဤ စာစြ ဖြင့်  ရည် မှန်း ကာာ ဂါဝရ ပြု အပ်ပါတယ်။

 

 

မှတ်မှတ် ရရ IT အဂျင်နီယာ Mr. Eric ဆိုလျှင် -

 

-  အသိုက် ဝင် အသိုက်ထွက် ရိုက်ရာ မှာ Manual fixed area focus မည်ကဲ့ သို့ ဖြတ်ရသည်။

 

-  ငှက် ရဲ့ Flight path ကိုကြည့် ၍ Angle မည် ကဲ့ သို့ ယူရမည် ၊

 

-  အကယ်၍ Flight Path က Plane of Focus ကနေ လွတ် သွားတဲ့ လမ်း ကြောင်း ကို ပြောင်း ကာ ပျံ လိုက် တဲ့ အခြေအနေမျိုး မှာ ငှက် ပျံ တဲ့ နောက် ပြီး  Focusing ကလိုက် တဲ့ AF ( C) Tracking ကို ဘယ် လို ပြောင်း ရမယ် စသည် တို့ ကို လက်တွေ့ သင်ပေးပါတယ်။

 

 Mr. Eric သည် အလွန် ဆုံး ကျွန်တော့် တူ အရွယ် လောက်ဘဲ ရှိ ပါမယ်။ Hut -5 ပုံ တွေ မှာ T-Shirt အနီ နဲ့ ပုဂ္ဂိုလ် ပါ။

 

ပညာ ယူ ရာမှာ ကြီးသည် ငယ် သည် မဟူ ၊ ပညာ ရပ် တစ်ခု မှာ ကိုယ့် ထက် တတ်ကျွမ်းတဲ့ သူ ၊ ဘယ် သူ ဆီ က မဆို ၊ ပညာ ကို  ယူ ရမှာ ပါ။

 


ဆရာ တွေ က တော့ အလွှာ စုံ ပါ။ IT Engineer, College Lecture, Businessman, Retired government service personal, Journalist, Property Dealer, စသည်ဖြင့် အတော် စုံပါတယ်။

 

အနီးကပ် ဆရာ Mr. Lai.


ငှက် ရိုက်ခြင်း ဆိုင် ရာ  သေးစိတ် ကို အချိန် များ စွာ အနီး ကပ် သင်ပေးသူမှာ အစ်ကို အရွယ် ဆရာ Mr. Lai ဖြစ်ပါတယ်။ စင်ကာပူ တွင် မသိသူ မရှိသော ဆရာ ကြီး တစ်ဦး ဖြစ်ပါသည်။

 

ငှက် စရိုက်သည် (၆) လောက် အတွင်း သူ့ ကို ဘာ မှ မမေးရဲပါ။ Bird-Photographers များ ဟာ ငှက် ကို အာရုံ စိုက်နေချိန်တွင် လာရောက် မေးမြန်း တာတို့ စကား လာပြော တာတို့ ကို မကြိုက်ပါ။

 

ကျွန်တော် လည်း နောက် တော့ ဒါ ကို နားလည် သဘော ပေါက် လာပါတယ်။ ငှက် ကို အချိန်များစွာ အကုန်ခံ ကာ စောင့် နေပြီးမှ တပါးသူ စကားလာပြော တာနဲ့ လွတ် သွားရင် ရင်း ထားရတဲ့  အချိန် နဲ့ ခွန် အား ရှုံး လို့ ပါ။  ဒါ ကြောင့် သူ့ ကို ဘာ မှ မေးမနေဘဲ သူ ရွှေ့ သည့် နေရာ လိုက်ရွှေ့ ၊ သူ လုပ် တာလိုက်လုပ်။ ဒါလောက် ဘဲ လေ့လာ နိုင်ပါ တယ်။

 

 နောက်ပိုင်း တွင် ကျွန်တော် ကျားကုတ် ကျားခဲ ရိုက်လာ ကျိုး စား လာတာတွေ့ မှ သူက ငှက် ရိုက် ရာ မှာ အရေးကြီး တဲ့ အချက် တွေ ကို အသေးစိတ် ရှင်းပြ ပါတယ်။ 


ငှက် ဒိုင် ထိုးဆင်း နိုင်တဲ့ Predictive place ရဲ့ Exposure ကို စမ်းကြည့် တာတို့ ၊ Lighting နေရာ ရွေးတာတို့ ၊ Flight path's angle ရွေးတာ တို့ ၊ Focal Length ယူ တာတို့ ၊ နားနေတဲ့ ငှက် ကို ရိုက် တဲ့ အခါ မှာ ငှက် ရဲ့ လှုပ် ရှားမှု ကို ခန့်မှန်းကာ တစ်ကိုယ် လုံး ပြတ် သား နိုင် မဲ့  Depth of Field (DOF) ကို တွက် တာ မျိုး စသည် တို့ ကို ရိုက်ကွင်း မှာ ဘဲ လက်တွေ့ သင်ပေးပါတယ်။

 

တစ်ခါ တစ်ရံ စိတ်ထင်ရာ အမှား လုပ်မိလျှင် လည်း အဆူ ခံ တာ မျိုး ရှိပါတယ်။ ဒီလို မျိုး အနီးကပ် သင်ကြားပေး မှု ကို ကျွန်တော် နှစ် နဲ့ ချီ ပြီး လေ့ လာ သင်ယူ ခွင့် ရခဲ့ပါတယ်။

 

 

ဆရာ Mr. Chonglong Lai .






ဆရာ Mr. Chonglong Lai , man holding the  Camera. 





The Pains,  give me back that Gain.

 

ငှက် နဲ့ နပမ်း လုံး နေတာ  (၃) နှစ်ပြည့် သော ယခုလ ( ၂၀၁၇ ၊ ဖေဖေါ်ဝါရီ ) အရင်အပတ် တွင်းက Hut-5 တွင် နားနေစဉ် ကိုယ့် ထက် ဝါ နုသည့် သူများ က မေး တဲ့  ငှက် ရိုက် တာနဲ့ ပတ်သက် တာ အချို့ ကို ကိုယ် သိသလောက် ပြော ပြ နေစဉ် ဆရာ သမား နှစိဦး ဖြစ်တဲ့ Mr. Lai နဲ့ Mr. A Meng တို့ရောက်လာပါ တယ်။


 သူတို့ နှစ်ဦး ဟာ Bird-photography မှာ ဝါ တူ သော် လည်း Mr. A Meng က အသက် ပိုကြီးပုံ ရ ပါတယ်။


ဆရာ Mr. A Meng ( Mr. Huat Meng Yau ), who equipped me with Gun's Red Dot sight.


ကျွန်တော် က အဆိုပါ ပုဂ္ဂိုလ် များ သည် ကျွန် တော့် ဆရာ များဖြစ်ကြောင်း သူ တို့ ကို ပြော ပြ ပါတယ်။


ထိုအချိန် တွင် Mr. A Meng က တရုတ် ဘာသာ ဖြင့် -

 

“ ဒီကောင် ၊ လောင်ရှီး - Lǎoshī ( = ဆရာ ) ဖြစ်သွားပြီ။ “

 

လို့ ပြော လိုက် တော့ Mr. Lai က အပြုံး ဖြင့် လက် ခံ ပါသည်။

 

စာကြောင်း လေး ကတော့ ခပ် တိုတို တစ်ကြောင်း ထည်းပါ။


 သို့ ရာ တွင် အဆိုပါ ပုဂ္ဂိုလ် များရဲ့ အသိအ မှတ်ပြု မှု  ဟာ ကျွန်တော့် အတွက် ဘာနဲ့ မှ မလဲ နိုင်လောက်တဲ့ အမြင့် မား ဆုံးသော Certification  တစ်ခု လို့ ခံ ယူ မိပါတယ်။

 

ထိုနေ့ တွင် ကျွန်တော် ငှက် ဓါတ်ပုံ ဆိုင် ရာ အသိ အမှတ်ပြု လက်မှတ် ( Certificate ) ရ လိုက် တယ် လို့ ဆိုရပါမယ်။

 

ဤ ကဲ့ သို့ ထိပ်သီး ဝါရင့် ဆရာ များ၏ အသိအမှတ်ပြု ခြင်းသည် ကျွန်တော့် အ တွက် ကျောင်းဆင်း လက်မှတ် ( Certificate ) ပင် ဖြစ်ပါ တယ်။

 

ခန်းနား ထယ်ဝါ စွာ ကနုတ် ပန်းတွေ နဲ့ ဘောင်ကွပ် ထား ပြီး ရွှေ ရေးစာတွေ နဲ့ ၊ အနီရောင် ချိတ် ဆံ ဆိပ် ကြီးတွေ နဲ့ ဧည့်ခန်း မှာ ထယ်ထယ် ဝါဝါ ချိတ် ထား ရမည့် လက်မှတ် ( Certificate ) ကြီး မဟုတ်ပါ။

 

နှလုံး သား နဲ့ ဘောင်ကွပ် ပြီး ရင် ထဲ မှာ ချိတ် ဆွဲ ထားရမည့် လက်မှတ် ( Certificate ) လေးသာ ဖြစ် ပါ တယ်။

 

( Singapore, Pasir Ris မှ ဆရာ များ အား ဤ စာစု ဖြင့် ရိုသေစွာ  ဂါရ၀ ပြု အပ် ပါသည်။ )

 

 

-------------------------------

 


 

 

 

 

 













 

 

 

 



2 comments:

  1. AJO_QQ poker (k)
    kami dari agen poker terpercaya dan terbaik di tahun ini
    Deposit dan Withdraw hanya 15.000 anda sudah dapat bermain
    di sini kami menyediakan 9 permainan dalam 1 aplikasi
    - play aduQ
    - bandar poker
    - play bandarQ
    - capsa sunsun
    - play domino
    - play poker
    - sakong
    -bandar 66
    -perang baccarat (new game )
    Dapatkan Berbagai Bonus Menarik..!! :d
    PROMO MENARIK
    di sini tempat nya Player Vs Player ( 100% No Robot) Anda Menang berapapun Kami
    Bayar tanpa Maksimal Withdraw dan Tidak ada batas maksimal
    withdraw dalam 1 hari.Bisa bermain di Android dan IOS,Sistem pembagian Kartu
    menggunakan teknologi yang mutakhir dengan sistem Random
    Permanent (acak) |
    Whatshapp : +855969190856 ;-)

    ReplyDelete