Friday 17 May 2013

Making a Star Filter


(40)    Making a Star Filter                                        ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု((၄၀)

 

Star Filter တစ်ခု ပြု လုပ်နည်း

 


By Soe Hlaing

 

စကားဦး

သစ်ပင် ၏ အရွက် အကြို အကြား ၊ နံရံ ပေါက် များမှ ဖေါက်ထွက် ဖြာ ဆင်း လာ သည့် နေရောင် ချည် တန်းကို ကျွန်တော် သာမန် Lens ဖြင့် အခြေအနေ အမျိုးမျိုး တွင် အကြိမ်များစွာ ရိုက်ပါသော်လည်း လှပစွ ဖြာ ထွက်နေသည့် ရောင်ချဉ် (Ray) ကို လိုသလို မရ ခဲ့ပါ။ သို့ နှင့် လှပစွာ ဖြာ ထွက် နိုင်သည့် Star Filter ၀ယ်ရန် လေ့လာရင်းကနေ ဆောင်းပါးရှင် Stefan Sumabojov ရေးသားထားသည့် “ Making a DIY Star Filter “  ဆိုသည့် ဆောင်း ပါးကို တွေ့ လိုက်မိပါသည်။ လုပ်ပုံ လုပ်နည်း ကလည်း ခက်ရာ ခဲ ဆစ် မဟုတ်သည့် အတွက် အဆိုပါဆောင်းပါးကို ပင်မအဖြစ်ထား၍ ဘာသာပြန်ပြီး အချို့ကိုဖြည့်စွက် ရေးသားကာ  ပြန်လည်မျှဝေလိုက်ပါသည်။  Filter များနှင့်ပတ်သက်၍မူ အပြည့် အစုံကို ( shlaing.blogspot.com ) မှတ်စု အမှတ် (၂၅) Link- http://shlaing.blogspot.sg/2012/11/note-on-camerafilters-camera-filters-by.html  တွင် အသေးစိတ်ဖတ်ရှနိုင်ပါသည်။

 

Star  Filter ကြောင့် ဖြာ ထွက်လာသည့် အလင်းတန်း။
 
 


အထက်ပါ ပုံ ကိုကြည့်ပါက နေလုံး နေရာတွင် ကြယ် ပုံ ရောင်ပြန် များ စိတ်ဝင်စား ဘွယ် ရာ ဖြာ ထွက်နေသည်ကို တွေ့ရပါမည်။ စင်စစ် အားဖြင့် Filter က ရိုက်ကွက် Frame အတွင်းရှိ အလင်းရောင် အတောက်ပဆုံးသော နေရာတွင် Star Patterns ( ကြယ်ပုံ) ဖန်တည်း ပေးလိုက်ခြင်း ကြောင့် ဖြစ်ပါသည်။ နေရောင်ချည် ၊ ကားမီးရောင် ၊ လမ်း မီး ၊ စသည့် ပတ်ဝန်းကျင် ထက် ပို၍ တောက်ပသည့် မည်သည့် အလင်းရောင် ကို မဆို Star Filter က အထက်ပုံပါ ကဲ့ သို့ ရောင်စဉ် တန်း ဖြာနေသည့် ပုံကို ဖန်တည်း ပေးပါ လိမ့်မည်။

 

Star အလင်းတန်း မည်မျှ ပေါ်မည် ဆိုသည် မှာ မူ  Star Filter အမျိုး မျိုး ၏ တည်ဆောက်ထားသည့်  Pattern ပေါ် တွင် မူတည် ပါသည်။ ဥပမာ အား ဖြင့် အချို့ က 4-Satr Point ဖြစ်ပြီး အချို့ မှာ 6-Star Point, 8-Star Point စသည် ဖြင့် ရှိကြ ပါသည်။ Star Filter တန်ဘိုးများ  မှာလည်း အမေရိကန်ဒေါ်လာ ၁၀ တန် Zomei - 77mm, 6-Point Star Filter မှ အစ  အမေရိကန် ဒေါ်လာ ၁၀၀ ခန့် တန်ဘိုးရှိသည့် 77mm, Tiffen 6-Point Star Filter အထိ တန်ဘိုး အသီးသီး  ရှိပါသည်။

 


Tiffen, 77mm 6-Point Star Filer
 
အထက်ပါ Tiffen Filter ၏ ပုံကို သေခြာ စွာ ကြည့်လျှင် မှန်သားပြင်ပေါ်တွင် Star Effect ဖြစ်ပေါ်စေမည့်  ခြစ်ရာ အစင်း များကို မြင်နိုင်ပါသည်။ အောက်တွင် ဖေါ်ပြမည့် Star Filter လုပ်နည်း မှာ လည်း ထို အချက် ကို ပင် အခြေ ခံ ပြု လုပ် မည်သာ ဖြစ်ပါသည်။ 

 

 Zomei , 77mm, 6-Point Star Filter.

 

 

 

Star Filter တစ်ခု ပြု လုပ်ရန် လိုအပ်သည့် ပစ္စည်းများ။
 
 
 

 
လိုအပ်သော ပစ္စည်းများမှာ အထက်ပါ ပုံတွင် ပြထားသည့် -
၁-     ပလတ်စတစ် အမာ အကြည် အပြား ၊ ကြည်လင် မှု ရှိလေ ပိုကောင်း လေ ဖြစ်ပါသည်။
၂-     ပင်အပ်။
၃-     ပေတန်။
ယင်းတို့သာ ဖြစ်ပါသည်။
အဆိုပါ ပလတ် စတစ် အကြည့်ပြားကို CD ထည့် သည့် အိမ် ( Case)  ၏ အပြင် အကြည် ခွန်ကို သုံးလျှင် အလွယ် ဆုံး ဖြစ်ပါသည်။
 


CD ထည့် သည့် Case ၏ အပြင် အကြည် ခွန်။

Star Filter လုပ်ရန်မှာ အောက်ပါ ပုံ တွင် ပြထားသည့် အတိုင်း ပလပ်စတစ် ပြားပေါ်တွင် ပေတန်ဖြင့် တားကာ အစင်းကလေးများကို ပင် အပ်ဖြင့် ခြစ်ပေး ရမည် ဖြစ်ပါ သည်။
 
 
မည် ရွေ့ မည် မျှ ခြစ်ရမည် ဆိုသည်မှာမူ Star Patten မည် သို့  လိုအပ်သည် အပေါ်တွင် တည်ပါသည်။
 
ပလတ်စတစ် ပြားပေါ်တွင် ပင်အပ် ဖြင့် ခြစ်ပေးရမည့် ခြစ်ကြောင်းများမှာ အောက်တွင် ပြထားသည့် ပုံ ပါ အတိုင်း ဖြစ်ပါသည်။
 
 
 
ခြစ်ကြောင်း လိုင်း များ ၏အမျိုး အစား များ မှာ -
-      ရေပြင်ညီလိုင်း၊
-      ဒေါင်လိုက်လိုင်း၊
-      ဒေါင့်ဖြတ် ဘယ်၊
-      ဒေါင့်ဖြတ် ညာ၊
စသည့် လိုင်း များ ဖြစ်ပါသည်။ အထက်ပါပုံတွင် လိုင်း များကို မြင်သာစေရန် အကြီး ချဲ့  ကာ ပြထားပါသည်။
 
အောက်ပါ ပုံမှာ ပလတ် စတစ် အကြည်ပြား ကို မည်သည့် ခြစ်ကြောင်း မှ မရှိသေးဘဲ  ရိုက်ကွက် ထဲရှိ အတောက်ပဆုံး Light Source ကို ကြည့်ပါက  မြင်ရမည့် အလင်းရောင် ( Light Source) ၏ပုံ ဖြစ်ပါသည်။ Light Source တွင် မည်သည့်ရောင် စဉ် တန်း မှ မရှိဘဲ အ၀ိုင်း ကလေး ကိုသာ မြင်ရမည် ဖြစ်ပါသည်။
 
 
 
အဆိုပါ ပလတ်စတစ် ပြားကို ခြစ် ကြောင်း လိုင်းများ လိုင်း ဆွဲ လိုက်ပါက လိုင်း တစ်ခုခြင်းစီက ပေး မည့် Star ၏ အလင်း တန်း Effect  နှင့် လိုင်း လေး ခု စလုံးပေါင်း လိုက် ပါက ပေါ်ထွက်လာမည့် Star Effect အလင်းတန်း ကို အောက်တွင် တစ်ခု ခြင်း ရှင်းပြပါမည်။
 
(၁)   ရေပြင်ညီအတိုင်း ခြစ်သည့် ခြစ်ကြောင်း။
ဤကဲ့သို့  ရေပြင်ညီ အတိုင်း ခြစ်ကြောင်းများ ခြစ်လိုက်ပါက   အောက် ပါ ပုံ တွင် ပြထား သည့် Star Pattern ပေါ်လာ ပါလိမ့် မည်။
 

 
Light Source သည်  မူလ အ၀ိုင်း ကလေး မှ ဘေး နှစ်ဘက်သို့ ဖြာ ထွက် နေသည်ကို မြင် နိုင်ပါသည်။
 

 


(၂)   ဒေါင်လိုက် ခြစ်  သည့် ခြစ်ကြောင်း။


အောက်ပါပုံ ကဲ့သို့  ဒေါင် လိုက် ခြစ် ကြောင်း များ ခြစ်လိုက်  ပါလျှင် ပေါ်လာမည့် Star Pattern သည်အောက်ပါ ပုံ အတိုင်း ဖြစ်ပါမည်။
 
Light Source သည်  အထက်အောက် နှစ်ဘက်သို့ ဖြာ ထွက် နေသည်ကို မြင် နိုင်ပါသည်။
 

 
(၃)   ဒေါင့်ဖြတ် များကို ဘယ်-ညာ ခြစ်ကြောင်း။
အဆိုပါ ပလတစတစ် ပြားကို ဒေါင့် ဖြတ် ခြစ်ကြောင်း များ ခြစ် လိုက်ပါက ထွက်ပေါ် လာမည့်  Star Effect သည် အလင်းတန်း လေး ခု ဖြာ ထွက် လာမည်ကို အောက် ပါပုံ အတိုင်း တွေ့  ရပါမည်။

 
 
Light Source သည်  ဒေါင့်ဖြတ် လေး ဘက် စလုံး သို့ ဒေါင့်ဖြတ် ဖြာ ထွက် နေသည်ကို မြင် နိုင်ပါ သည်။
 
(၄)   ထောင့်ဖြတ် ခြစ်ကြာင်းများ နှင့် ရေပြင်ညီ ခြစ်ကြောင်း များ ပေါင်းစပ် ခြင်း။
အထက်ပါ ထောင့် ဖြတ် ခြစ်ကြောင်းများကို ရေပြင် ခြစ်ကြောင်း ပေါင်း စပ်လိုက် ပါက Star Effect သည် ခြောက် ထောင့် ဖြာ ထွက် လာပါ လိမ့် မည်။


 
Light Source သည်  ဒေါင့်ဖြတ် လေး ဘက် စလုံး အပြင် ဘေး ဘယ်-ညာ ၊ မျက်နှာ (၆) ရပ် သို့ဖြာ ထွက် နေသည်ကို မြင် နိုင်ပါ သည်။  

 

(၅) ထောင့်ဖြတ် ခြစ်ကြာင်းများ ၊ ရေပြင်ညီ ခြစ်ကြောင်း နှင့် ဒေါင်လိုက် ခြစ်ကြောင်းများ ထပ်မံ ပေါင်း စပ်ခြင်း။

ထောင့်ဖြတ် ခြစ်ကြာင်း များ ၊ ရေပြင်ညီ် ခြစ်ကြောင်း များ  ကို ဒေါင် လိုက် ခြစ်ကြောင်း ဖြင့် ထပ်မံ ပေါင်းစပ် လိုက်ပါက Star Effect သည် အောက်ပါ ပုံ အတိုင်း (၈) ထောင့် ဖြာ ထွက်လာ သည် ကို တွေ့ ရ ပါ လိမ့် မည်။

 
Light Source သည်  ဒေါင့်ဖြတ် လေး ဘက် စလုံး အပြင် ဘေး ဘယ်-ညာ ၊ အထက်အောက်  မျက်နှာ (၈) ရပ် သို့ဖြာ ထွက် နေသည်ကို မြင် နိုင်ပါ သည်။

 
 
ဤ Star Filter သည် ကင်မရာတွင် သာမက Video ကင်မရာတွင် ပါ သုံးနိုင်ပါ သည်။
 
အထက် ပါ နည်းမှာ Star Filer တစ်ခု ပြုလုပ်နည်း သာမက Satr Filter တစ်ခုသည် အဘယ် ကြောင့် ဤ ကဲ့ သို့  ရောင်စဉ်များ ဖြာထွက် လာအောင်  လုပ်ဆောင် ပေး သည်ကို ပါ ပြသခြင်း ဖြစ်ပါသည်။
 
အထက်ပါ အတိုင်း ပြုလုပ်ပြီးသည့် ပလပ်စတစ် ပြားကို လေးထောင့် အတိုင်း Lens တွင် Tape ဖြင့် ကပ်၍ သော် လည်းကောင်း မိမိ အသုံးပြုမည့် Lens Filter Ring ( မှန် အလွတ် ) ကို ၀ယ်ယူကာ လိုင်းဆွဲ ထားသည့် ပလတ်စတစ်ပြား ကို Lens Filter Ring အတိုင်းအထွာ အတိုင်း ၊ တိုင်းထွာ ဖြတ် တောက်ကာ Lens Filter Ring  တွင် တပ်ဆင် ခြင်းဖြင့် သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ဤ Star Filter လုပ်နည်း သည် ရှေးယခင် ထည်းက ဓါတ်ပုံ သမားများ တွင်ကျယ်စွာ သုံးစွဲ ခဲ့ကြသည့် နည်း ဖြစ်ပါသည်။
 
 Star Filter  အမျိုးမျိုး ၏ပုံများ။


အောက်ပါ ပုံ များမှာမူ မိမိကိုယ် တိုင်လုပ် သည့် DIY Filter များမှ ထွက်လာသည့် ပုံ များ မဟုတ်ကြဘဲ ဈေးကွက် အတွင်းရှိ Star Filter များ ၏ ရောင်စဉ် အနည်း အများ အလိုက် ထွက် လာသည့် ပုံများ ဖြစ်ကြပါသည်။ Star အမျိုး မျိုး ၏ ရောင်စဉ် ဖြာ ထွက် သည့် ပုံ များကို နမူ နာ ပြ ခြင်း ဖြစ်ပါသည်။



Two Stars Filter
 
 
 
Four Stars Filter
 
 
Six Stars Filter
 
Star Hollywood.
 
 
Star Hyper.
 
 
 
 
Star North.
 
 
Star Vector.
 
 
Star Vector Picture.
 
-----------------------------------------------------------------
 
 
 
 

 

1 comment: