Tuesday 25 July 2023

 


“ ဓါတ်ပုံ ထဲ က လိုင်း များ အကြောင်း “

( Lines in Photography )

 

 

(107 )– Lines in Photography                               ဓါတ်ပုံ ပညာရပ်ဆိုင်ရာ မှတ်စု အမှတ် ( ၁၀၇ )


By Soe Hlaing

 




 

 စကားဦး၊

 

ဤ မှတ်စု မှာ Montreal, Canada မှ ခရီးသွား ဓါတ်ပုံဆရာ Viktor Elizarov ရဲ့ Line in Photography ဆောင်း ပါးကို  အဓိက အခြေတည်ကာ အခြား သော Line Photography ဆိုင်ရာ ဆောင်း ပါး များ နှင့် မိမိဆည်းပူး ထားသည်များ မှ ကောင်း နိုးရာ ရာ များကို ကောက်နှုတ် ပေါင်း စပ်ကာ ရေး သား ထား သည့် မှတ်စု ဖြစ်ပါတယ်။။

 

ဓါတ်ပုံ အနုပညာ ဖန်တည်း ရာ တွင် ကြည့် သူရဲ့ အာရုံ စူးရောက်မှု ရအောင်  Line, Shape, Form, Texture, Color, Size, and Depth စသည် တို့ ကို အခြေခံ ဖွဲ့ စည်း ( Composition ) ကာ ရိုက်ကူးလေ့  ရှိပါ တယ်။ ယင်း တို့ အနက် ယခု ရေးသား မည့်  အကြောင်း အရာ သည် Line အကြောင်း ကိုသာ ရေးသား မှာ ဖြစ်ပါတယ်။

 

ဘာသာပြန်ရာ မှာ မြန်မာ လို ခက်ရာ ခဲဆစ် ဖြစ် နေ သည့် နေရာ များတွင် သဘောပေါက်ခြင်း တွင် ကွဲလွဲ မှု များ ရှိနိုင် သော ကြောင့် မူရင်း အင်္ဂလိပ် ဘာသာ ကိုပင် တိုက်ရိုက် သုံး ပါမယ်။

 

မူရင်း ဆောင်း ပါး တွင် ပါ သည့် နမူနာ ပုံများ မှာ ဤ မှတ်စု တစ်ခု လုံး ကို နမူနာ ပြ ရာ တွင် ပြည့် စုံလုံလောက်မှု မရှိသဖြင့် အခြား လိုအပ် သော နမူနာ ပုံများ ကို ရနိုင် သည့်နေရာ များမှ  ရှာဖွေ ခြင်း ၊  ဖြည့်စွက် ရေးသား ပြင်ဆင်ခြင်း များ ပြုလုပ်ကာ ပေါင်းစပ်  ထားပါတယ်။

မှတ်စု အတွင်း “ ကျွန်တော် “ ဆိုသည့် အသုံး အနှုံး ပါ လာပါ က အဆိုပါ “ ကျွန်တော် “ သည် Viktor Elizarov ကို ညွှန်း ဆိုခြင်း ဖြစ်ပါတယ်။

 

Line အမျိုးမျိုး အစား များ။

 

လိုင်း ( Line)  များ ဆိုရာ တွင်  Straight ( မျဉ်ဖြောင့်) ၊ Curve ( မျဉ်းကောက်) ၊ မျဉ်းနှစ် ချောင်း  စုပေါင်း နေသည့် ( Combination of the Two ) စသည် ဖြင့် ရှိပြီး  Solid, Dashed or Interrupted, Implied ( သွယ် ဝိုက် သည့် သဘော ဆောင်နေသည့် လိုင်း), Psychological Line( စိတ်ကူး တွင် ပေါ် လာစေ သည့် လိုင်း ), Vertical ( ဒေါင်လိုက် ) ၊ Horizontal ( အလျှားလိုက် ) ၊ ထိုနှစ်ခု ၏ ကြား ရှိ လိုင်း စသည် တို့ ကို အဓိက တွေ့ရမှာ ဖြစ်ပါတယ်။ ယင်း တို့ အပြင် အခြား အခြား သော လိုင်း ပေါင်း များစွာ လည်း ရှိပါသေး သည်။

 

Straight lines ဆိုတာ က တော့ လူ များ ဖန်တည်း တဲ့ လိုင်း များ ဖြစ်လေ့ ရှိပါတယ်။ Curve ကတော့ လူ တွေဖန်တည်း တဲ့ လိုင်း များ ရှိ သလို သဘာ ဝ အရ ဖြစ်ပေါ် နေတာ တွေ လည်း ရှိပါတယ်။ ထု နဲ့ ဆွဲ တဲ့ Line များ ကတော့ အများ အားဖြင့် တွေ့ လေ့ တွေ ထ ရှိတဲ့ လိုင်း များ ဖြစ်ပါတယ်။

 

ပြတ်တောက် မျဉ်း များလို့ ဆိုရ မဲ့ Interrupted Line များ ကို တော့ လမ်းပေါ် ရေးဆွဲ လေ့ ရှိတဲ့ မျဉ်း ပြတ် များ ကဲ့ သို့ လိုင်း မျိုး လို့ ဆို နိုင်ပါတယ်။ သို့ သော် လက်တွေ့ မှာ Photography ၌ အသုံး နည်းပါတယ်။

 

လိုင်း များ ရဲ့ ဦိးတည်ချက် (The Orientation of Lines )

 

ယေဘူယျ သဘော အား ဖြင့် Vertical Line or Horizontal Line တွေ က ပုံ ရဲ့ တည် ငြိမ်မှု အာရုံ  ( Sense of Stability or Static Feel ) ကိုပေး ပါတယ်။ Horizontal Line က တော့ ပုံ ရဲ့ Distance ( အကွာ အဝေး) အာ ရုံ ကို ပေးပြီး Vertical Line က တော့ အမြင့် သဘော အာရုံ ၊ မျှချေ သဘော အား  နဲ့ Balance, Strength တို့ ကို ပေးပါတယ်။


 Diagonal Line ( ဒေါင့် ဖြတ် မျဉ်း )  တော့ လှုပ်ရှားမှု ( Dynamic) အာရုံ ကို ပေး ပါတယ်။ အခြားသော လိုင်း တွေ ဖြစ်တဲ့ Curve လိုင်း က Comforting အာရုံ ကို ပေးသလို Zigzag Line, Straight Line များ ကလည်း သက်ဆိုင်ရာ ၊ သက်ဆိုင်ရာ အလိုက် စွမ်းအား အာရုံ တွေ ကို ပေးကြ တယ် လို့ ဆိုပါတယ်။

 

ဒါကြောင့် …ရင်သပ် ရှုမောရလောက် သည့် Composition နဲ့  ပုံ များကို ဖန်တည်း လိုပါက ပုံ များ တွင် လိုင်း များ မည် ကဲ့ သို့ ထားသိုလ် ဖွဲ့ စည်းရမည် ကို သိဘို့ လိုပါတယ်။

 

လိုင်း မပါ သော ပုံ များ မှာ ကြည့် သူရဲ့ စိတ်ဝင်စား မှု  ဆွဲဆောင် နိုင်ခြင်း  လျှော့ နည်း စေတာ က တော့ သေချာ ပါတယ်။

 

လိုင်း တွေ ဟာ ဓါတ်ပုံ များ ဖွဲ့စည်း ပုံ Composition ရဲ့ အခြေခံ များ ဖြစ်ကြ ပြီး ကြည့် သူရဲ့ အာရုံ ကို  ဓါတ်ပုံ တစ်ပုံ ရဲ့ အတွင်း ဘက် နက်ရှိုင်း တဲ့ နေရာ အထိ  ဆွဲဆောင် တဲ့ အရာ တွေ ဖြစ်တဲ့ အပြင် ဒီ ထက် ပိုတဲ့ စွမ်းဆောင် ရည်တွေ ရှိတယ် လို့ လည်း ဆိုရပါမယ်။

 

ဒါကြောင့် လိုင်း တွေ ကို ဓါတ်ပုံ တွေ ထဲ မှာ သိမ်မွေ့ လိမ်မာစွာ သုံး နိုင်ရင် ဓါတ်ပုံ အဆင့် အတန်း တစ်ဆင့် ကို တက် သွား တယ်လို့ ဆို နိုင် ပါတယ်။

 

 လိုင်း တွေ ဟာ ဓါတ်ပုံ မှာ ဘာကြောင့် အရေး ကြီး သလဲ။

-       ပထမ အချက် - လိုင်း ဆိုရာတွင် အထူးသဖြင့် Leading Line ဟာ ဓါတ်ပုံ ထဲ က မိမိ ပြ လိုတဲ့ Subject ရှိတဲ့  Center of Interest နေရာ တွေ ကို တစ်နေရာ ပြီးတစ်နေရာ ဆွဲ ခေါ် သွား နိုင်ပါတယ်။

-       ဒုတိယ အချက် - လိုင်း ဟာ ကြည့် သူ ကို ဓါတ်ပုံ တစ် ပုံ ရဲ့ Foreground မှာ Middle ground ထိုမှ သည် အဆုံးစွန်သော Background အထိ ပုံ တစ်ပုံ ရဲ့ နက်ရှိုင်း တဲ့ Depth ကို ဆွဲ ခေါ် သွား နိုင် ပါတယ်။

 

 


( အထက်ပါပုံ တွင် ဓါတ်ပုံ တစ်ပုံရဲ့ Foreground, Middleground and Background တို့ ရဲ့ တစ်ဆင့် စီ ထားတဲ့ Layer ( အလွှာ ) များကို မြင်နိုင်ပါမယ်။ )

 

-       တတိယ အချက် - လိုင်းတွေဟာ အမျိုးမျိုးသော ခံစား မှု အတွေးအမြင် ကို ပေးပါတယ်။ ဉပမာ အားဖြင့် ထူထဲ ၊ မာကြော တဲ့ လိုင်း  တွေ ဟာ မြင့်မားတဲ့ စွမ်းအား ဆိုတဲ့ ခံစား မှု ကို ပေးသလို သွဲ့ပြောင်း နွဲ့နှောင်းတဲ့ လိုင်း တွေ ဟာ နုညံ့ သိမ်မွေ့သော ခံစား မှု ကို ပေးပါတယ်။

 

 ဓါတ်ပုံ မှာ သုံး တဲ့ အဓိက လိုင်း အမျိုး အစား များ။


 ယေဘူယျ အား ဖြင့် ဓါတ်ပုံ တွေရဲ့ ဖွဲ့စည်း ပုံ ( Compositions )  မှာ သုံးလေ့ ရှိတဲ့ လိုင်း တွေ များစွာရှိပါတယ်။ သို့သော် အဓိက အားဖြင့် (၇) မျိုး လောက် ကိုသာ အသုံးများ ကြ ပါတယ်။ မိမိ ဓါတ်ပုံ ကို ရင်သပ်ရှုမော စွာ ထွက် လာဘို့ အတွက် ဒီ လိုင်း တွေ နဲ့ အကျွမ်း တ ဝင် ဖြစ်ဘို့ လိုပါမယ်။

ဒီ လိုင်း တွေ ကို အကြမ်းဖျဉ်း တစ်ခု ခြင်း စီ ရှင်းပြ ပါမယ် -

 

၁- ရေပြင်ညီ လိုင်း ( Horizontal Lines )

 Horizontal lines တွေ ဟာ သာမန် အား ဖြင့် ဓါတ်ပုံ တွေ မှာ အတွေ့ များ တဲ့ လိုင်းတွေ ဖြစ်ပါတယ်။ ရှုမျှော် ခင်း ပုံ တွေ မှာ အတွေ့ များ ပါတယ်။

ဉပမာ အားဖြင့် တောင်တန်း ၊ လယ် ကံသင်း ၊ မြစ် ဖြောင့် ၊ လဲ နေတဲ့ သစ်ပင် စသည် တို့ လို့ ဆို နိုင်ပါတယ်။

Horizontal lines ဟာ တည်ငြိမ် မာကြော တဲ့ အတွက် ဓါတ် ပုံ ကိုလည်း တည်ငြိမ် ခိုင်ခန့် တဲ့  စွမ်း အား မျိုး ပေးပါတယ်။  

ဒီလို ရေပြင်ညီ လိုင်း ကို ဓါတ်ပုံ Frame အတွင်း မှာ ရေပြင်ညီ အတိုင်း ပုံရဲ့ စွမ်း အား အကောင်းဆုံး ဖြစ်အောင် ချ သုံး ဘို့ အကြံပြု လိုပါတယ်။

Horizontal Line ကို ပုံ ရဲ့ Composition မှာ သုံး တဲ့ အခါ ပုံ မှာ အလွန် လှပ တဲ့ ကောင်း ကင် ရဲ့ အောက်ခြေ ရေပြင်ညီ လိုင်း ဖြစ်ပါက အောက် က နမူနာ ပုံ မှာ ပြ ထား သလို ပုံ ရဲ့ အချိုး ၃ ပုံ ၂ ပုံ မျဉ်း တွင် အောက် မျဉ်း နေရာ တွင် နေရာ ချ သင့်ပါတယ်။ ကောင်းကင်ရဲ့ လှပမှု အား ကို ပိုယူ ခြင်း ဖြစ်ပါတယ်။


အကယ်၍ ကောင်းကင်၏ လှပ ဟာ သိတ် အားမကောင်း ပါက ကောင်းကင် ကို လျှော့ ကာ ၃ပုံ ၂ ပုံ မျဉ်း အနက် အထက် မျဉ်းနေရာ မှာ နေရာ ချ သင့်ပါတယ်။

 

အောက်တွင် ပြ ထားသည့် Horizontal Lines နမူနာ ပုံ များ ကို ကြည့်ပါရန်။

 






( အထက်က ပုံ မှာ ကောင်းကင်နဲ့ တိမ်တိုက် တွေ ရဲ့ အလှ ဟာ အားကောင်း လို့ ပုံ ရဲ့ အောက်ပိုင်း Lower Line အထိ နေရာချ ထားတာ တွေ့ ရပါမယ်။ )










အောက်တွင် ပြထားတဲ့ နမူနာ ပုံ များ မှာ Hozantal Line အား ကျွမ်းကျင် လိမ္မာ စွာ သုံး ထားတာ တွေ ကို တွေ့ နိုင် ပါတယ်။




အထက်ပုံ မှာ Horizantal Line and Curve Line တို့ ကို ပေါင်းစပ် ထားတဲ့ ပုံ ဖြစ်ပါတယ်။









အမှန် တော့ ဓါတ်ပုံ ရဲ့ အခြေ ခံ Composition Rules တွေ လို့ ဆို ရမဲ့ Rule of Thirds နဲ့ Golden Ratio တို့  ကို အခြေ ခံ ပြီး  ပုံ ရဲ့ အားကောင်း တဲ့  ရေပြင်ညီ မျဉ်း အပိုင်း ကို နေရာ ချ တာ  အကောင်းဆုံး ဖြစ်ပါတယ်။

 

၂- ဒေါင်လိုက် လိုင်း - Vertical Lines

 

အထက်အောက် ဒေါင်လိုက် လိုင်း ပုံ များကို ဗိသုကာ ဆိုင်ရာ အဆောက်အဦ ပုံ များတွင် အများ ဆုံး တွေ့ နိုင်ပါတယ်။ Vertical Line များ သည်လည်း Leading Line များကဲ့ သို့ စွမ်းဆောင် နိုင် စေကာမူ အလွန်ဖြောင့် မတ် သည့် လိုင်း တွေ များ နေပါက ပုံ မှာ အသက် ဝင်မှု မရှိ ဘဲ ငြီးငွေ့ ဘွယ် ရာ ဖြစ် လာ နိုင် တာကို သတိပြု ရပါမယ် ။

 

Vertical Line များ ဟာ အလျှား လိုက် Horizontal လိုင်း များ လို ရှုမျှော်ခင်း ပုံ များမှာ တွေ့ရ နည်းစေကာမူ ပုံ ရဲ့ Composition မှာ များများ မဟုတ်ဘဲ တစ်လိုင်းစ နှစ်လိုင်းစ ထည့် သုံး ခြင်း ဖြင့် ပို ပြည့်ကောင်း တာလည်း ရှိပါတယ်။

 

ဉပမာ အား ဖြင့် အောက် တွင် ပြထား သည့် ပုံ လို သစ်ပင် များသည် ဒေါင်လိုက် တည့်တည့် ရှိ နေခြင်း ဖြင့် ကြည့် သူ ကို ပုံ အောက်ခြေ မှ အထက် သို့ ဆွဲ ခေါ် သွား နိုင်ပြီး ပုံ ရဲ့ တည် ငြိမ်မှု ကို လည်း အတော် အသင့် ပေးစွမ်း နိုင်ပါတယ်။

 



အကယ်၍ ဒေါင်လိုက် လိုင်း တွေ ဟာ ပုံရဲ့ ရှေ့ ပိုင်း (Foreground ) မှာ ရှိနေလျှင် ပုံ ကို အကျဉ်း ချ ထားသကဲ့ သို့ ပိတ် မနေ ရန် အတွက် အခြားသော လိုင်း များ ဖြစ်တဲ့ ဒေါင့်ဖြတ်လိုင်း ၊ အလျှား လိုက် လိုင်း များ ကို Composition  မှာ သင့်လျှော် သလို ထည့် ပေး ရပါမယ်။ 













အောက်တွင် ပြ ထား သည့် ပုံ များ မှာ Verical Line များ ပုံ ရှေ့ တွင် များနေကာ ပုံ ကို ပိတ် မနေစေ‌ရန်အတွက် လိမ္မာ စွာ နေရာ ချ ထားသော ပုံ များ ဖြစ်ပါတယ်။

 









 

၃- ဒေါင့် ဖြတ် လိုင်း - Diagonal Lines

 

ဒေါင့်ဖြတ်လိုင်း Diagonal lines ဟာ Frame ရဲ့ ဒေါင့် တစ်ခုကနေ အခြား ‌ ဒေါင့် တစ် ကို ထောင့် ဖြတ် ဆွဲ ထားတဲ့ လိုင်း ဖြစ်ပါတယ်။

 


ဒေါင့်ဖြတ် လိုင်း တွေ ဟာ ပုံ ရဲ့ အား ကို အတော် များများ ပေး နိုင်တဲ့ အတွက် များစွာ အသုံး ဝင်ပါတယ်။ ကြည့် သူ ကို ငြီးငွေ့မှု မရှိ‌ အောင် ဆွဲ ဆောင် နိုင်စွမ်း ရှိတဲ့ လိုင်း မျိုး ဖြစ်ပါတယ်။

 

Leading Line များကို လေ့ လာကြည့်ပါက Diagonal Line များ အား Leading Line များ အဖြစ် သုံး လေ့ ရှိသည် ကို မကြာ ခန တွေ့ နိုင် ပါတယ်။ အကြောင်း မှာ ဒေါင့်ဖြတ်မျဉ်းဟာ ကြည့် သူ  ကို Center  of Interest ဖြစ်သော ပြလိုသည့် နေရာ ကို မြော ပါ သွားအောင် ဆွဲခေါ် သွားနိုင် တဲ့  အတွက် ကြောင့် ဖြစ် ပါတယ်။  Diagonal Line ဟာ အလျှားလိုက် နဲ့ ဒေါင် လိုက် လိုင်း တွေ ထက် ကြည့် သူ ရဲ့ အာရုံ ကို ဆွဲ ခေါ် သွားနိုင်တဲ့ လိုင်း မျိုး လို့ ဆိုရပါမယ်။ 









‌ဒေါင့် ဖြတ် ( Diagonal Line) တွေဟာ Landscape photography မှာ အတော် အသုံး များပါတယ်။ မြစ် ချောင်း၊ လဲနေတဲ့ သစ်ပင်၊ ကမ်းခြေ ကို ပုတ်ခတ်နေတဲ့ ရေလှိုင်း စသည်တို့ ကို Diagonal Line အနေအထားမျိုး နဲ့ သုံး လေ့ ရှိပါတယ်။

 

Diagonal Line ကို ရိုက် မယ် ဆိုရင် ကျွန်တော် အကြံ ပြု လိုတာက ပထမ Foreground မှာ စိတ်ဝင် စား ဘွယ်ရာ လို့ ထင်တဲ့ လိုင်း တစ်ခု ကို ကြည့်ပါ။ ဒုတိယ အဆင့် အနေနဲ့ Composition  မှာ  အဲ ဒီ လိုင်း ကို ပုံ ရဲ့ ဒေါင့် တစ်ခု ကနေ အခြား ဒေါင့် တစ်ခု ကို ဆွဲ လိုက် တဲ့  ဒေါင့်ဖြတ် Diagonal လိုင်း အဖြစ် ပြန်ထားကြည့်ပါ။ စိတ်ဝင်စား မှု ပို များဘွယ်ရာ ဖြစ်လာတာ ကို တွေ့ရပါလိမ့်မယ်။

 





Diagonal Line တွေ ကို Frame ထဲမှာ သေသေချာချာ နေရာ ချ နိုင်ပါက ကြည့်သူ ရဲ့ အာရုံ ကို မိမိ ပြ လို တဲ့ Centre of Interest ဆီသို့ ကြိမ်းသေ ဆွဲ ခေါ်သွားပါ လိမ့်မယ်။

 

သို့သော် Diagonal Line ကို နေရာ ချတာ မှား ရင် ကြည့် သူရဲ့ အာရုံ ကို မဟုတ်တဲ့ နေရာ ဆွဲ ခေါ် သွားတဲ့ အဖြစ်မျိုး လည်း ဖြစ်တတ် တာ ကို သတိပြု ဘို့ လိုပါမယ်။


၄-. မျဉ်း များ ဆုံ တဲ့ လိုင်း - Converging Lines

 

 Converging Line ဆိုတဲ့ မျဉ်းများ တစ်နေရာ မှာ ဆုံ တဲ့ (မျဉ်းဆုံ) လိုင်း ဟာ ဓါတ်ပုံ Frame တစ်နေရာ က နေ စ လိုက်တဲ့ မျဉ်းတွေ ဟာ တစ်နေရာ မှာ သွားဆုံတဲ့ မျဉ်း များ ဖြစ်ပါတယ်။








အချို့ မျဉ်းတွေ က လည်း Frame ထဲ မှာ မဆုံကြစေကာမူ တစ်မျှော် တစ်ခေါ် ၊ အဝေး တတစ်နေရာ မှာ တော့ ဆုံကြ မှာ ဘဲ လို့ တွေး ယူ နိုင်တဲ့ မျဉ်း တွေ လည်း ရှိပါတယ်။



သို့ သော် အချို့သော ရိုက်ကွင်း များတွင် လိုင်းများဟာ ဓါတ်ပုံ Frame အတွင်း မှာ ပင် မျဉ်း များ ဆုံ သွားသည့် အ‌ခြေ အနေ မျိုး များလည်း ရ နိုင်ပါတယ်။ ဒီလို မျိုး  ရ တာ ကတော့ တကဲ့ အခွင့် အရေး လို့ ဆို ရပါမယ်။






Converging lines ဆိုတဲ့ မျဉ်းဆုံ လိုင်း တွေ ဟာ ပုံ ရဲ့ နက်ရှိုင်း မှု၊ နဲ့ လှုပ်ရှားမှု ( Depth and movement) ဆိုတဲ့ အား ကို ပေးပါတယ်။ အကြောင်းက တော့ ကြည့် သူ အား မိမိ ပြလိုတဲ့ Centre of Interest ( COI) ဆီကို ဆွဲ ခေါ် ပေးတဲ့ Leading Line ဟာ လိုင်း တစ်ခု ထည်း မဟုတ်ဘဲ ၊ လိုင်း အများ နဲ့ ဆွဲ ခေါ် ပေး လို့ ဖြစ်ပါတယ်။

 

သို့သော် ဒီ Converging Line တွေကို Composition မှာ နေရာ ချတဲ့ အခါ မျဉ်း များရဲ့ ဆုံ ရပ် ဟာ မိမိ ပြ လို တဲ့ အရာ Subject နဲ့ လွဲ မနေရန် သတိထားဘို့ လိုပါမယ်။ အကယ်၍ လွဲ သွားရင် ကြည့် သူ အာရုံ ဟာ လည်း လိုရင်း COI ထံ မရောက်ဘဲ  ရည်ရွယ်ချက် ပြောက် သွား နိုင်ပါတယ်။

 

Ultra-Wide Lens သုံးပြီး ရိုက်တဲ့ ဓါတ်ပုံ တွေ မှာ Converging Line တွေ ကို တွေ့ ရလေ့ ရှိပါတယ်။

 

 Cavern Walls များဖြစ်တဲ့ ကျောက်တောင် လှိုင်ဂူ ပုံတွေ မှာ တော့ Converging Line တွေ ဟာ အပြင် Foreground ကနေ အတွင်း Background ထဲ ကို စု သွား ပါတယ်။






 






ဒါ ကြောင့် မိမိ သဘော ကြ တဲ့ Converging Lines တွေ ကို တွေ့ ပြီဆိုပါက ကိုယ် ဘယ် လို Subject မျိုး နဲ့ ဘယ် လို ဆုံမှတ် နေရာ မှာ ထားမလဲ ဆိုတာ ကို အရင် ဆုံးဖြတ်ပါ၊ မရိုက် မှီ Composition ထဲ မှာ နေရာ ချကြည့်ပါ၊ စိတ်တိုင်း ကျမှ ရိုက် ပါ လို့ ကျွန်တော် အကြံ ပြု လိုပါတယ်။


၅-  မျဉ်းကောက် - Curved Lines

 

မျဉ်းကောက် များ ဖြစ်တဲ့ Curved lines တွေကတော့ တည်ငြိမ် ကာ မြင်ကွင်းကိုကြည့် ရသည်မှာ  အေးချမ်း ငြိမ်သက် ကာ သက်တောင့် သက်သာ ရှိပြီး ရှုခင်း ရှုကွက် တွေ နဲ့ လိုက်ဖက်ညီ ( Harmonious) တဲ့ လိုင်း မျိုး ဖြစ်ပါတယ်။

ဉပမာ အား ဖြင့် ကွေ့ကောက် ရစ်ခွေ ကာ အဝေး တစ်နေရာ သို့ စီးနေတဲ့ မြစ် ၊ ညက်ညော စွာ ကွေး နေတဲ့ ကမ်းခြေ နဲ့ ရေကန် စတဲ့ ပုံ တွေ ကို ကြည့် ရင် ခံ စား ရတဲ့ ရဿ မျိုး လို့ ဆိုနိုင်ပါတယ်။

Curve Line ဟာ ကြည့် သူ ကို ပုံ ထဲ မှာ သူ သွား တဲ့  ဦးတည် ရာ ကို ဆွဲ ခေါ် သွားနိုင်တဲ့ အတွက် ပုံ ရဲ့ လှုပ်ရှား ( Movement) ကို လည်း များစွာ ပေး နိုင်တယ် လို့ ဆိုရပါမယ်။

Curve Line Composition ကို သုံး တော့ မယ် ဆိုရင် အထက် က ပြော ခဲ့ တဲ့ အချက် တွေ ကို သတိချပ် ဘို့ လိုပါမယ်။

အချို့ သော Curve Line တွေဟာ လှပ စွာ တည်ရှိနေတာ မျိုး ရှိသလို ၊ လိုအပ်တဲ့ အထားအသိုလ် များ မဟုတ်ဘဲ ရှိနေတဲ့ လိုင်း မျိုး တွေ လည်း ရှိ နေနိုင်ပါတယ်။ ဒီ လိုင်း တွေ ကို သုံး တော့ မယ် ဆိုပါက ပုံ ရဲ့ Foreground ကနေ မိမိ ရဲ့ Center of Interest ရှိ တဲ့ နေရာ ကို ဆွဲ ခေါ် ပေးတဲ့ Leading Line အဖြစ် သုံး နိုင်ပါတယ်။





 







မျဉ်းကောက် ကို သုံး တော့ မယ် ဆိုရင် Golden Ratio Rule ရဲ့ အခြေခံ ဖြစ်တဲ့ Golden Spiral မှာ ထည့် သုံးရင် အလွန် လှပတဲ့ Composition နဲ့ ပုံ ရနိုင် ပါတယ်။ အကြောင်း က Composition  ဖွဲ့ စည်းရာ မှာ Rule of Thirds က မျဉ်းဖြောင့် ရဲ့ ဆုံ မှတ်ကိုသုံး ပြီး Golden Ration က မျဉ်း ကွေး ကို သုံး လို့ ဖြစ်ပါတယ်။


Curtve Line တွေဟာ အလျှားလိုက် ၊ ဒေါင်လိုက် မျဉ်းတွေ ထက် ကြည့် သူ ရဲ့ အာရုံ ကို ဆွဲခေါ် ရာ မှာ အား ပိုရှိတယ် လို့ ဆိုနိုင်ပါတယ်။


ဉပမာ အားဖြင့် “ S “ ပုံ သဏ္ဌာန် ကွေးကောက် စီးဆင်း နေတဲ့ မြစ် ပုံ ၊ တောင်ပေါ် လမ်း တွေ ဟာ ကြည့်သူ ကို Froegrounf ကနေ Middleground ထိုမှတစ်ဆင့် Background အထိ ဆွဲ ခေါ် သွား နိုင်ပါတယ်။ 





“S” Curve

Curve Line များ မှာ  ထူးခြားမှု တစ်ခု က “S” Curve ဖြစ်ပါတယ်။

“ S “ Curve ဟာ လူသိများ ထင်ရှား တဲ့ လိုင်း လည်း ဖြစ်ပါတယ်။

မြစ်ချောင်း၊ တောင်တန်း ၊ ရေကန် တို့ ဟာ တစ်ဖြောင့် ထည်း မဟုတ်ဘဲ “S” ပုံ ကွေ့ကောက် စီးဆင်းနေ တဲ့ ပုံ ဟာ ပို ပြီး အနုပညာ ဆန် တယ် လို့ ဆိုရပါမယ်။

 

အမှန်တော့ “ S “ Curve ဟာ ဂရိ ခေတ် ထည်းက လူ ပုံ ကို မာတောင့် တောင့် အနေ အထား မဟုတ်ဘဲ  နွဲ့နောင်း ပြော့ ပြောင်း တဲ့ ကိုယ် ဟန် အနေအထား နဲ့ ရုပ်ထု ထု တဲ့ အခါ အဓိက သုံးကြ တာဖြစ် ပါတယ်။

 

 ယခုခေတ်မှာ တော့ အမျိုးသမီးလေးများ ကိုယ် ဟန် ပြတဲ့ ၊ ဓါတ်ပုံ ရိုက် တဲ့ အချိန် ကိုယ်ဟန်ပြ Pose ပေးရာ မှာ နွဲ့ နောင်းတဲ့ ကိုယ်ဟန် အမူ အယာ ဟာ များသော အား ဖြင့် “ S” ပုံ ဖြစ် လို့ “S” Cutve ဟာ Portrait မှာ ပို အသုံး များတဲ့ Curve ဖြစ်ပါတယ်။

 

အောက် မှာ ပြထားတဲ့ ပုံ တွင် Model အမျိုးသမီး ဟာ ကိုယ်ဟန် ပြရာ မှာ တောင့်တောင့် ကြီး ဖြစ်မနေဘဲ နွဲ့နောင်း သွဲ့ ပြောင်း တဲ့ ကိုယ်ဟန် အနေအထား နဲ့ Pose လုပ် နေတာ ဟာ “ S “ ပုံ အတိုင်း ဖြစ် နေတာ တွေ့ ရပါမယ်။ ဒါ ကြောင့် နောက်ပိုင်း လူ တွေ က “ S “ Curve လို့ ခေါ်ခြင်း ဖြစ်ပါတယ်။

 







၆-  Leading Lines

Leading lines က တော့ အများသိပြီးတဲ့ လိုင်း ဖြစ် လို့ အထူး ရှင်းပြ ရန် လို မယ် မထင်ပါ။ Leading Line များဟာ ရှုမျှော် ခင်း ဓါတ်ပုံ တွေ မှာ ယေဘူယျ အား ဖြင့် ဒေါင့် ဖြတ် ( Diagonal Line ) ၊ ဒေါင်လိုက် ( Vertical Line ) လိုင်း များ လို ကြည့်  သူရဲ့ အာ ရုံ အား Foreground မှ သည် Middle ground…Background အထိ ဆွဲ ခေါ် သွားတဲ့ လိုင်း များ ဖြစ်ကြပါတယ်။ ဓါတ်ပုံ ရဲ့ နက်ရှိင်း မှု တွေ ကို ပြ တဲ့ လိုင်း ဖြစ်ပါတယ်။


Leading Line အားလုံး ဟာ Frame ထဲ မှာ Foreground မှ သည် နောက်ဆုံး Background အထိ ရှိကြ သည်မဟုတ်ပါ။ အချို့ သော Leading Line တွေ ဟာ Frame အစ က နေ စ သော် လည်း Frame အလယ် လောက်အထိ သာ ရှိကြ ပါတယ်။ သို့သော် အာရုံ ကို ဆွဲ ဆောင်ရာ မှာ တော့ Foreground မှ Background အထိ ဆွဲ  ခေါ် သွား ပါတယ်။

 


 Leading Line ကို သုံးကြရာ ရာ မှာ မြစ်၊ လမ်း ကြောင်း ၊ လဲနေတဲ့ သစ် ပင် စသည် တို့ ကို သုံး လေ့ ရှိ ကြပါတယ်။ 














အထက်ပုံမှာတော့ အမိုးရဲ့ အစွန်း တစ်ခုက Lines and Light နဲ့ မီးမောင်း ထိုးသလို Leading လုပ်ပေးတာ ဖြစ်ပါတယ်။


အထက်က ပုံ မှာ လိုင်းတိအကျ မဟုတ်ဘဲ ကောင်းကင် က နဂါးငွေ့ လိုင်း ကို Leading Line အဖြစ် သုံး ထားပါတယ်။



အထက် ပုံ မှာ ကတော့ ဓါတ်ပုံ ဆရာ ရပ်နေတဲ့ တံတား လေး က နေ ဆီ သို့ ဆွဲ ခေါ် နေပါတယ်။


ဒီ လိုင်း တွေ ဟာ ကြည့်သူရဲ့ အာရုံ ကို Foreground မှ သည် Middleground ထိုမှ တစ်ဆင့် Background အထိ ဆွဲ ခေါ် သွားပါ လိမ့် မယ် ။


Leading Line  တွေ အားလုံး ဟာ ဖြောင့်  နေစရာ ၊ ဒေါင်လိုက် ဖြစ်နေစရာ မလိုပါ။ အဓိက က တော့  လိုအပ် တဲ့ နေရာ ကို လမ်းညွှန် နိုင်တဲ့ စွမ်း အား ရှိဘို့ သာ လိုပါတယ်။ များသော အားဖြင့်Composition မှာ ဒေါင့်ဖြတ် လိုင်း တွေ သုံးလေ့ ရှိကြပါတယ်။

 

 

၇- အဓ္ဓိပါယ် ကောက် ကာ တွေး ယူ ရတဲ့ လိုင်း - Implied Lines

 

လိုင်း အတိအကျ ရယ် လို့ မဟုတ်မူ ဘဲ အဓ္ဓိပါယ် ကောက် ကာ တွေး ယူ ရတဲ့ implied lines များ ရှိပါတယ်။ အမျိုးမျိုး သော အရာ တွေ ရဲ့ လှုပ်ရှားမှု ကို ကြည့် ကာ လိုင်း ရဲ့ အနေအထားကို မှန်းဆ ကြည့် ရတဲ့ လိုင်း တွေ ဖြစ်ပါတယ်။

အထက်က Leading Line မှာ ပြ ထားတဲ့ ပုံ တစ်ပုံ ကဲ့ သို့ လိုင်း အတိ အကျ မဟုတ်စေကာမူ နဂါးငွေ့တန်း ကြယ်စု ( Constellation )တွေဟာ လည်း တွေးယူ လို့ ရတဲ့ Implied Line တွေ ဖြစ်ပါတယ်။


The implied line in the form of the direction of the cargo ship movement

 အထက်က ပုံ မှာ  Cargo Ship ခုတ်မောင်းသွားတဲ့ ဦးတည် ရာ ဟာ Implied Line ဖြစ်ပါတယ်။ 


 မျှား နှင့် ပြထားသည့် ဦးတည်ချက် များ ဟာ  Direction of Implied Line  ဖြစ်ပါတယ်။








အထက် ပုံ မှာ စက်ဘီး ဦးတည်ရာ သည် Implied Line ဖြစ်ပါတယ်။



အထက် ပုံ မှာ ကျောင်းသားလေး များ သွားတဲ့ ဦးတည်ရာ သည် Implied Line ဖြစ်ပါတယ်။



တံတား ၊ ကလေးများရဲ့ ပိုက် တန် ( Nest Stick) တွေ ဟာ Implied Line တွေ ဖြစ်ပါ တယ်။








Implied lines များ မျာ အမှန် တော့ သုံး ရ ခက်ခဲ ပါတယ်။ ဒီ လိုင်း တွေ ရဲ့ ဦးတည် ရာ နဲ့ ပုံ ပေါ်တွင် သက်ရောက်လာနိုင်တဲ့ အကျိုးကို အတော် အတိအကျ ခန့်မှန်းကာ  Composition  နေရာ ချထား နိုင်မှ  အဆင်ပြေ နိုင်ပါတယ်။


 အထက် မှာ ဖေါ်ပြထားတဲ့ Leading Line, Horizontal Line, or Diagonal lines စသည်တို့ ကို အသေအခြာ လေ့ လာပါ။ ပြီး မှ မည်သည့် Implied လိုင်း များ သည် Leading Implied သို့မဟုတ်  Horizontal Implied ဖြစ်နိုင် သည် ကို သိ တဲ့ အချိန် မှာ Conposition မှာ နေရာချ ဘို့ အကြံ ပြု လိုပါတယ်။။

 

Implied Line များကို သုံးရာ တွင် ခက်ခဲ သည် ဆို စေကာမူ အဆိုပါ လိုင်း များဟာ ခံစား  တွေး  ခေါ် ယူ ရတဲ့ လိုင်း တွေ ဖြစ် တဲ့ အတွက် တကဲ့ လိုင်း များ ထက် ပို၍ စွမ်း အား ထက်မျက် ကြပါတယ်။ သို့ရာ တွင် Strong Implied Line ကို ရွေး နိုင် ပြီး Weak Implied Line ကို ရှောင် နိုင် ဘို့ တော့ လိုပါမယ်။

 

ဓါတ်ပုံ တွင် သုံးလေ့ရှိသည့် အခြားသော လိုင်း များ၏ နမူနာပုံ များ။

 

Zig-Zag Line.



Arcs & Circles Line 



Repetitive group of Line



အချုပ် အားဖြင့် ပြော လို တာက တော့ …….

ဓါတ်ပုံ မှာ လိုင်း များ ကို ကျွမ်းကျင် စွာ သုံး နိုင် ဘို့ ကတော့ လိုင်း ပေါင်း မြေက်များစွာ ရှိသည့် အတွက် မလွယ် လှပါ။

သို့သော် လေ့ လာ ၊ လေ့ ကျင့် မှု များ လာရင် ဒီ အခက် အခဲ တွေ ကို ကျော်လွှား နိုင်မယ် လို့ ကျွန်တော် ပြော လိုပါတယ်။

 

-----------------------------