Wednesday 2 July 2014

Some Nikon Camera Test



(70) – Some Nikon Camera Test               ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၀)

 

Nikon အမြင့်တန်း ကင်မရာ အချို့  ၏ ပုံ ထွက် အရည် အသွေး ကို

စမ်းသပ်ကြည့် ခြင်း။

( Some Nikon Camera’s  Pixels, Sensors  and Picture Quality )

 

By  Soe Hlaing

စကား ဦး

ဓါတ်ပုံ တစ်ပုံ ၏ ကြည်လင်ပြတ်သား မှု သည် Pixel များ ခြင်း ၊ Sensor Size ကြီး ခြင်း  တို့ နှင့် မည့်ကဲ့ သို့  ဆက် နွယ် မှု ရှိ နိုင်သည်ကို သိ လိုသဖြင့် ရှာဖွေ ဖတ်ရှု ကြည့်ရာ ယင်း အချက် များ နှင့် အတန် အသင့် ချိတ် ဆက်နေသည့် ဆောင်းပါး ရှင် Lee Moris ၏ The Nikon D4 vs D3S, D3, and D7000… D3S Wins?    ဆောင်းပါး နှင့် What's the relation between sensor size and image quality  ဆိုင်ရာ အမေး အဖြေ ကဏ္ဌ တစ်ခု ကို ဖတ်ရှု မိပါသည်။

 

ထို့ ကြောင့် အထက် ပါ Lee Moris ၏ ဆောင်းပါး နှင့် what's the relation between sensor size and image quality  ဆိုင်ရာ အမေး အဖြေ ကဏ္ဌ တွင် ပါသည့် အမေး အဖြေ များ ကို အခြေ ပြုကာ ကင်မရာ တစ်လုံး၏  ပုံ ကြည်လင် ပြတ်သား မှု ကို စွမ်းဆောင် ပေးနေသည့် အချက် အချို့  ကို လက်လှမ်း မှီ သမျှ ပြုစု တင်ပြ လိုက်ပါသည်။

 

တစ်ဆက်ထည်း မှာ ပင် ကင်မရာ တွင် ပုံ ကို အခြေအနေ အမျိုးမျိုး ဖေါ် ဆောင် ပေး သည့် Sensor များ ၏ အကြောင်း အနည်းငယ် ကိုပါ ချိတ် ဆက် ရေးသားဖေါ် ပြ ထားပါသည်။

အောက်ပါမှတ်စုများ တွင် “ ကျွန်တော် “  ဟူသော အသုံး အနှုံး သည် ဆောင်း ပါးရှင် Lee Moris  ကို ကိုယ်စားပြု ကြောင်း ဖေါ် ပြအပ်ပါသည်။

ယခု  ရေးသားသည့် မှတ်စုသည် ဆောင်းပါး ရှင် ၏ ကင်မရာ များကို စမ်း သပ် တွေ့ ရှိချက် များဖြစ်ပါသည်။  ဥဿုံ မှန်သည် အချက် များဟု  ပုံသေ ယူ၍ မရ နိုင် ဟူ ယူဆပါသည်။ ဆောင်းပါး ရှင် က  ၄င်း၏ စမ်းသပ် တွေ့ ရှိချက်ကို ပြန်လည် ဖေါက်သည် ချထားသည့် အချက် များသာ ဖြစ်ပါသည်။ ၄င်း လက်လှမ်း မမှီ သေးသည့် စမ်းသပ်ရာ တွင် ကျန် နေသေး သော  ချက် များလည်း ရှိနိုင်ပါသည်။ သို့ ရာ တွင် ၄င်း၏ စမ်း သပ်ချက် သည် စိတ်ဝင်စားဘွယ် ရာကောင်းသဖြင့် ဘာသာပြန်ကာ  ပြန်လည် ရေး သား ရခြင်း ဖြစ်ပါသည်။

 

Nikon D4 vs D3S, D3, and D7000 တို့၏ပုံ ထွက်များ ကို စမ်းသပ်ခြင်း။

ကျွန်တော် သည် Nikon ၏ Flagship ဖြစ်သော D 4 ( FX) ပေါ်ကာ စ က D 4 ၏ ပုံ ထွက် သည် သူ့ အရင် ပေါ်သည့် ကင်မရာ များ ဖြစ်ကြသော Full frame (FX) format များဖြစ်ကြသည့် D3,  D3S, APS-C (DX format ) ဖြစ်သည့်  D 7000 တို့ နှင့် ပုံ ထွက် မည်သို့ ကွာ ခြားသည်ကို သိလိုသောကြောင့် စမ်းသပ်ကြည့်ခြင်း ဖြစ်ပါသည်။

အဆိုပါ ကင်မရာ များ ၏ Megapixels များမှာ  D 4 သည် 16.2 MP, D3 နှင့် D3S သည် 12.1 MP ဖြစ်ပြီး D 7000 သည် 16.2 MP အသီးသီး ရှိကြသော ကင်မရာ များ ဖြစ်ကြ ပါသည်။

အကြမ်း အားဖြင့် ပြော ရလျှင် ISO အနိမ့် ပိုင်း တွင် မူ D4 ပုံ ထွက် သည် အလွန်ကောင်းပါသည်။ သို့ ရာ တွင် ISO 6400 ကကျော် သွားသည်နှင့် D4 ၏ပုံ များတွင် Colour Noise များ ပေါ်လာသည် ကို တွေ့ ရပါသည်။  D4 သည် Megapixels အများဆုံးဖြစ် စေကာမူ Detail များကို ကောင်းစွာ ( Capture) မဖေါ် နိုင်သည်ကို တွေ့ ရပါသည်။

စမ်း သပ် ရာ တွင် ကျွန်တော်သည် ကင်မရာ လေး လုံးစလုံးကို တူသော Lens များ ဖြင့် Studio ထဲ တွင် နေရာ တူ၊ Focal Lemgth တူ၊ Setting အတူတူ ဖြင့် စမ်း ခြင်း ဖြစ်ပါသည်။

ဤကဲ့သို့  စမ်းသပ်ရာ တွင် အများစုသော ဓါတ်ပုံ သမား များသည် Paperclips, Crayons, Bottles စသည့် Still Life များဖြင့် စမ်းကြသော်လည်း ကျွန်တော် ကမူ လူ မျက်နှာ ကို ရိုက်ကာ စမ်း သပ် မည်ဖြစ်ပါသည်။ ထိုကြောင့် မိတ်ဆွေများ ဖြစ်ကြ သည့်  Reese Allen နှင့် Steven Hyatt တို့  ကို စမ်းသပ်ရာ တွင် ကူညီရန် အတွက် အကူ အညီ အတောင်း ခဲ့ပါသည်။

သို့ ရာ တွင် အဆိုပါ မိတ်ဆွေ တစ်ဦး ကမျှ Model မလုပ် လိုဟု ဆိုသောကြောင့် ကျွန်တော် ကိုယ် တိုင် Model လုပ် ကာ ဓါတ်ပုံ အရိုက်ခံ ရပါတော့သည်။ စမ်းသပ် ရိုက်ကူးခြင်းသည် အလှ အတွက် မဟုတ် ၊ ပုံ ထွက် မည်ကဲ့ သို့ ရှိမည် ကို သိလိုသောကြောင့် စမ်း သပ် ခြင်း ဖြစ်ပါသည်။

ကျွန်တော် ၏ မျက်နှာ ကို ကင်မရာ ၏ ဘယ် ဘက် ၇-ပေ ခန့် အကွာမှ အလင်းရောင် ထိုးပေး ထား သည်။ မျက်နှာ ပေါ် သို့  အလင်းရောင် သည် Gradiation ဖြတ်ကျ နေစေရန် ဖြစ်သည်။ မျက်နှာ ၏နောက်မှ လည်း Strip Box အကြီး တစ်ခု ဖြင့် အလင်းရောင် ပေးထားသည်။ နောက်ခံ ကို သာမန် Dark Gray Paper ကိုသုံး ထားသည်။ ကျွန်တော့် အင်္ကျီ မှာ မူ အရောင် အနည်းငယ် ပါသည် အစင်း များ ဖြစ်သည်။

အောက်ပါပုံ မှာ ပထမ ဦးဆုံး အစမ်း ပုံ (Test Picture ) ဖြစ်သည်။
 
 
 


စမ်းသပ်ရိုက်ကူးရာ တွင် Full Frame များ ဖြစ်ကြသည့် D4, D3s, D3 (same sensor as the D700), နှင့် DX Format  D7000 တို့ ကို  Aperture f-8, Focal Length 70mm ဖြင့် ရိုက်သည်။ D 7000 မှာမူ  DX ( APS-C ) ဖြစ် သောကြောင့် Full Frame များ နှင့် Focal Length 70mm တူစေရန် Crop Factor အရ Focal Length ကို 46mm  ( 46mm X 1.5= 69mm)  တွင် ထားပေးရသည်။ ပုံ များ အားလုံးကို RAW ရော JPEG ပါ ရိုက်သည်။

 

Result

ဓါတ်ပုံ ရိုက် သူ Steven က ကင်မရာ နောက် ဘက်ရှိ Screen ပေါ် တွင် ပေါ် လာသည့် ပုံ အရ D4 ၏ ပုံ သည် အခြေားသော ပုံ များထက် အလွန်သာ သည် ဟု ဆိုသည်။ D4 ၏ Screen သည် အသစ် တည်ထွင် ထားသည့် Screen ဖြစ်သော ကြောင့် ပုံ ထွက် လှ နေခြင်း ဖြစ်သည်။

ကွန်ပြူတာပေါ် သို့  တင် လိုက်သည့် အချိန် တွင် မူ ထင်သလို မဟုတ်သည်ကို တွေ့ရသည်။ ISO 400 အထိတွင် ပုံ အားလုံးသည် အတူတူ လိုလို ဖြစ်နေသည်။ ယင်း Full Frame ကင်မရာ များ အနက် D4 ပုံသည် ပြတ် မနေဘဲ ပြော့ (Softer ) နေပြီး D 7000 ၏ပုံ မှာ မူ D4 ထက် ပို၍ Soft ဖြစ်နေသည်ကို တွေ့ ရသည်။

 

 
 
 

 
ISO အနိမ့် ပိုင်း တွင် D3 နှင့် D3S တို့၏ ပုံ များသည် ကွာ ခြား မှု မရှိပါ။ သို့ရာ တွင် D4 သည် အဆိုပါ ကင်မရာ များ ထက် 4 Megapixels ပိုသည့် အတွက် Size ကြီးသော်လည်း ပုံ သည် အထက် တွင် ဖေါ်ပြခဲ့ သည့် အတိုင်း Soft ဖြစ်နေကာ Contrast နည်းနေသည် ကို တွေ့ ရသည်။
 
 
 
 
ISO 1,600 ကျော် လာသည်နှင့် D4 နှင့် D3S တို့ ၏ ပုံ များ သည် မူလ အရည် အသွေး မှ သွေဖယ်ကာ ကျဆင်းစ ပြု လာသည်။ D3 သည်Noise များ စ ထ  လာပြီး D 7000 မှာ မူ Noise များ ပို ထ လာသည် ကို တွေ့ ရသည်။
ISO 6,400 ရောက်သည့် အချိန် တွင်မူ D3S သည် Colour Noise အနည်း ငယ် စ တင် ပေါ်လာစေကာ မူ ပုံ သည် အတော် ပြတ် သား ဆဲ ဖြစ်သည်။ ISO 12,800 ဖြင့် ရိုက်ရာတွင်  အရိပ် ထဲ ၌ ရိုက်စေကာမူ D4 သည် Colour Noise ကို ထိန်း ထားနိုင်ဆဲ ဖြစ်ပြီး ISO Stop တစ်ခု ခြင်း တင်လိုက်သည်တွင် မူ D4 ၏ ပုံ များသည် တစ် စ တစ် စ ပို၍ ပြတ်သားမှု လျှော့ ( Soft) လာသည်ကို တွေ့  ရသည်။ D3S မှာ မူ Colour Noise အနည်း ငယ် စ ပေါ်လာစေကာမူ ပုံသည် ပြတ်သား ဆဲ ဖြစ်သည်။
 
 

 
Could this be a lens issue?
ဤ ကဲ့ သို့ ဖြစ်ရ ခြင်းသည် Lens ကြောင့် ဖြစ်လေ သလား ဆိုသည့် အတွေး ကျွန်တော် တို့  ၀င် လာသည်။ အကြောင်း မှာ ကင်မရာ (၄) လုံးကို ( 24-70mm, 4 different Lens ) ဖြင့် ရိုက် ထား သောကြောင့် ဖြစ်သည်။
 
ထို့ ကြောင့် Studio ထဲ ပြန်သွားကာ D4 တွင် အခြားသော 24-70mm လေးလုံးကို တစ်လုံး စီ ပြောင်း တပ်ကာ (၄) ပုံ ထက်ရိုက် ပြန်သည်။ ပုံ များအားလုံး ၏ အရည် အသွေး သည် အတူတူ ပင် ဖြစ်နေသည့် အတွက် Lens ကြောင့် မဟုတ် ဟူသော အဖြ ရလာသည်။
 
တစ်ခု သတိ ပြု မိ သည်မှာ D4 ၏ Focus Falling Off ( Focus ပြတ်သားမှု နေရာ သည်) သည် D3s, D3 တို့  ထက် မြန်နေသည် ဆိုသည် ပင်ဖြစ်သည်။  ဆို လိုသည်မှာ Subject သည် Focal Plain ၏ ရှေ့ - နောက် အနည်း ငယ် လွဲ သါားသည် နှင့် ပြတ်သား မှု လျှော့ သွား ခြင်း ကို ဆိုလိုပါသည်။ မီလီ မီတာ အနည်း ငယ်မျှ ရှေ့ တိုး ကာ  front focusing  လုပ် နိုင်ခြေရှိသည် ဟု ထင်သည်။ သို့ သော် အချိန် မရှိသဖြင့်  ဤ အချက် ကို မစမ်း သပ် ဖြစ် ခဲ့ပါ။
 

 
RAW vs JPEG
ဤ အဆင့်တွင် နှိုင်းယှဉ် သည့် ပုံ များ မှာ JPEG ပုံ များသာ ဖြစ်သည်။ ထို့ ကြောင့် Nikon software ဖြစ်သည့် View NX2 တွင် RAW File များ ထည့် ကာ ပြန် စစ် သည်။ Nikon software သည် တာဝန်ကျေ စွာ RAW ပုံ များကို ထုတ်ပြ ပေသည်။ အားလုံးသော ပုံ များ သည် JPEG နှင့် စစ် ဆေး ထားသည့် အတိုင်း ပင် ဖြစ်သည် ကိုတွေ့ ရသည်။ ယင်းပုံ များကို Light Room-4 ဖြင့် စစ်ကြည့်ပြန်သည်။ ထို အချိန်တွင် D4 ပုံ များ ပို ပြတ်သား လာသည် ကို တွေ့ ရပြန်သည်။ ထို့ နောက် ပုံ များ ကို TIFFs  ဖြင့် ပြောင်းကာ စစ်ကြည့်ပြန်သည်။ RAW File များကို စစ်ရာ တွင် မျှမျှ တတ ဖြစ်စေရန် D4 File များကို  Downsampled 12MP သို့ ချ ကာ စစ်ခြင်း ဖြစ်သည်။
 
 
 
ခြုံ ငုံ သုံးသပ်ခြင်း
16.2 MP ရှိသော D4 ပေါ်ကာစ တွင် အများသူငါ တို့ က D4 သည် Pixel အားဖြင့်  12.1 MP သာ ရှိသော D3S ထက် Pixels များ ရုံ မျှ သာမက အဆင့် တစ်ဆင့် သာသော ကင်မရာ ဟု ဆိုကြသည်။ ကျွန်တော် ၏ စမ်း သပ် ကြည့် ချက် အရ အဆိုပါ အချက် သည် မမှန်  ဟု ဆို ရပါမည်။
D4 သည် ISO အမြင့် ပိုင်း တွင် Colour Noise ကို ထိန်း ထားနိုင်သည် မှာ မှန် သော် လည်း ပုံ ၏ ပြတ်သား မှု လျှော့ ကျ နေသည်ကို တွေ့ ရသည်။ Nikon Software သည် Colour Noise ကို ၀ါး ( Blur ) သွားစေကာ ပုံကို ဖြေ လိုက်သည့် သဘော မျိုး တွေ့ ရသည်။
ထို့ ကြောင့် D3S မှ နေ နောက် တစ်ဆင့် D4 ပေါ် တိုင်း ၊ ဆိုလို သည်မှာ အသစ် အသစ် တို့   ပေါ် တိုင်း  ပို ကောင်း မှာ ဘဲ ဆိုသည့် သဘော မျိုး ဖြင့် လိုက် ၀ယ်ရန် မလိုဟု ဆိုရပါ မည်။ ဘာ ကောင်းတာလဲ ဆိုတာ ကို စီ စစ် ရန် လိုပါမည်။
ကျွန်တော်၏ စမ်းသပ် ချက် များကို ဓါတ်ပုံ ရိုက်ပေးသည် Steve Hyatt သည် D3, D3S D4 စသသည့် ကင်မရာ အားလုံး သုံး နေသူ ဖြစ်ပါသည်။ ဤ စမ်းခပ် ချက် ၏ အဖြေ လည်း ထွက်ရော သူ၏ D4 ကို ဆိုင်ပြန် ပို့ တော့ မည်ဟု ဆိုပါသည်။
ကျွန်တော့် တွင် လည်း D4 ရှိပါသည်။ ကျွန်တော် ကမူ ၅၀% လာက် သော Video ကို D4 နှင့်သာ ရိုက်သဖြင့် အသုံးတည့် ပါသည်။ D4 သည် အဆိုပါနေရာ တွင် အတော် ကောင်းပါသည်။ D4 သည် သူ့ အရင် ကင်မရာ များထက် Focusing တွင် အား ထပ်ဖြည့် ထားသည်ကို တွေ့  ရသည်။
သို့ရာ တွင် Low ISO ဖြင့် Primary Shooting ရိုက်လျှင် သော်လည်း ကောင်း၊ Studio အတွင်း ရိုက်လျှင်သော်လည်း ကောင်း D4 ၏ ပုံ ထွက် သည် D3, D 700 ပုံ များ ၏ အရည် အသွေး နှင့် မည်သို့ မျှ ခြားနား မှု မရှိ သည်ကို  တွေ့ ရပါမည်။ ထို့ကြောင့် သင်သည် လှုပ်ရှား မှု များကို ရိုက် သူ မဟုတ်ဘဲ Studio ဓါတ်ပုံ ရိုက် သူဖြစ်ပါမူ 36.3 MP ရှိ D 800 ကို စမ်း ကြည့် သင့်ပါသည်။ ကင်မရာ များသည် ဘက်စုံ အားလုံး မကောင်း နိုင်ဘဲ သူ့ နေရာ နှင့် သူ ကောင်း သည်များ ရှိသည်ကို သတိပြု သင့်ပါသည်။
 
Nikon ကင်မရာ Sensor များ။
ပုံ တွက် ကြည်လင်ပြတ်သား ခြင်းသည် Lens တစ်ခု ထည်း ကောင်းရုံ တင်မဟုတ်ဘဲ ကင်မရာ Sensor တည်ဆောက် ထားသည့် အပေါ် တွင်လည်း တည်ပါသည်။  Lens မှ ၀င်လာသည့် အလင်း (Photon ) ကို Sensor ပေါ်ရှိ Photosite ခေါ် Photodiode က Digital ပုံ ရိပ် ပေါ် စေရန်အတွက် အကောင်းဆုံး Electron Charge အဖြစ်ပြောင်း ပေး နိုင်မှု အပေါ် တွင် လည်း မူ တည်ပါသည်။
အနည်းငယ် ချဲ့  ဖေါ်ပြရပါမူ Sensor သည် Lens မှ တစ်ဆင့် ၀င်လာသည့် အလင်း ( Photon ) ကို  Sensor ပေါ်ရှိ အလင်း ခံယူသည့် ကျင်းကလေး များဟု ဆိုရမည့် Photosite အတွင်း Electron Charge အဖြစ်ပြောင်း ပေးသည်။ ယင်းနောက် Digital Pixels အဖြစ် ပုံရိပ် ဖေါ်ပေးသည်။ ယင်းကို Analog-to-analog then Analog-to-digital conversion process ဟု ခေါ်သည်။
Nikon ကင်မရာ ၏ CMOS Sensor များကို Nikon က ကိုယ်တိုင် ထုတ် လုပ်သည် ရှိသကဲ့သို့ အများစုကို Sony မှ ၀ယ် ကာ တပ်ဆင်သည်လည်း ရှိသည်။ နောက်ပိုင်းတွင် Toshiba မှ လည်း ၀ယ် ယူ တပ်ဆင် သည်လည်း ရှိသည်။
Full Frame များ ဖြစ်ကြသည့် D3, D3S, D4, D700 စသည့် ကင်မရာ Sensor များသည် Nikon ကို တိုင် ထုတ် လုပ် သည့် Sensor များ ဖြစ်ကြသည်။ အခြား Full Frame များဖြစ်ကြသည့်  D3X, D 800, D 600, D 610 တို့၏ Sensor များသည် Sony Sensor များဖြစ်သည်။  D3X ၏ Sensor ကို Nikon က ဒီဇိုင်း ရေးဆွဲကာ Sony က ထုတ်လုပ်ခြင်း ဖြစ်သည်။
Nikon  DX ( APS-C ) format ဖြစ်ကြသည့် D 3200, D 3100 စသည့် ကင်မရာ များ၏ Sensor များသည် Nikon Sensor များ ဖြစ်သည်။ D 90, D 7000 တို့၏ Sensor များ သည် Sony Sensor ပင် ဖြစ်သည်။
Nikon  DX Format အတွင်း  24.1 MP ရှိကြသည့် D 7100, D5200 ကင်မရာ များ၏ Sensor များသည် Toshiba Sensor များ ဖြစ်ကြသည်။ ယင်းကင်မရာ များ၏ Image-Processor ကို Nikon Expeed-3 Image-Processing Engine ဖြင့် မောင်းသည်။ Nikon Expeed-3  သည် D4, D 800 ကဲ့ သို့ သော ကင်မရာ များတွင် သုံးသည့် Image-Processing Engine ပင် ဖြစ်သည်။
အထက် တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါးရှင် Lee Moris က D3S ၏ ပုံထွက် ကောင်းသည်ဟု ဆို ခဲ့ပါသည်။ D3S ၏ Sensor ကို ထုတ် လုပ်ရာ တွင် Sensor ၏ Photosite  ပတ်လယ်ရှိ Wiring Layer ယခင် ထူနေရာ မှ အလွှာ ပါး စေရန်  လျှော့ ချ တည်ဆောက် ထားသည့် အတွက် Phototsite အတွင်း အလင်း ၀င် အားကောင်း သဖြင့် ပုံ တွက် ပို၍ ပြတ်သား ရခြင်း ဖြစ်သည်ဟု ဆောင်းပါး အချို့  တွင် ဖတ် မိပါသည်။
အကြမ်း အားဖြင့် Sensor ကြီး လျှင် Pixel Size ကြီးသည်။ ထို ကဲ့ သို့ Pixel size  အကြီးက ( Pixel အရည် အတွက် မဟုတ်ပါ)   ထုတ်ပေးသည့် ပုံသည် Sensor Size အသေး၏  Pixel Size အသေးက ထုတ်ပေးသည့် ပုံ ထက် များစွာ ပို၍ ကောင်း မွန်သည်။
 
ဥပမာ အားဖြင့် 12.1 MP  ရှိသည့် D3 Full Frame ကင်မရာ Sensor သည် ( 36.0 x 23.9mm ) အရွယ် အစား ဖြစ်ပြီး ၄င်း ၏ Pixel Size သည်  (8.45 x 8.45µm) Micrometer ( တစ်မီတာ ၏ တစ်သန်း ပုံ လျှင် တစ်ပုံ) အရွယ် ရှိ သည့် အတွက် DX Format Sensor ရှိ Pixel size ထက် 2.4 time ပိုကြီးသည်။
 

Sensor ပေါ်တွင် Photosite စီထားသည့် နမူနာ ပုံ ကြမ်း။
 
 
 
Photosite များ အတွင်းသို့ အလင်း ( Photon ) ၀င် လာ သည့် နမူနာ ပုံကြမ်း။
 
Pixel ဆိုသည် မှာ Photosite မှ ပြောင်းလဲ ပေးလိုက်သည့် ပုံရိပ် ဖွဲ့ စည်းမှု တစ်ရပ် ဟု ဆိုစေကာမူ Photosite လည်း Pixels ဟု အလွယ် ရေးသည်ကိုလည်း များစွာ တွေ့ ရှိရပါသည်။
 

Pixel များ ဖွဲ့ စည်း ထားသည့် နမူနာ ပုံ ကြမ်း။
 
Pixel Size ကြီးလေ အလင်း ကို ပို ဖမ်းယူ နိုင်လေ ဖြစ်ကာ ပုံ ထွက် ပိုကောင်း သည်ဟု ဆိုရပါမည်။ အချုပ်အားဖြင့် ဆိုရပါမူ DSLR ကင်မရာ များသည် ရိုက်ကူးသည့် ကိစ္စ ရပ်အလိုက် အဆိုပါ အကြောင်းအရာ ကို အားသာ မှု ရှိစေရန် အလေးပေး တည်ဆောက် ထားသည်များရှိပါသည်။ ပုံ ကြည်လင် ပြတ်သား မှု ဆိုသည်မှာ လည်း Lens တစ်ခု ထည်းသာမက ကင်မရာ Sensor အပြင် Image-Processing Engine များ နှင့်ပါ သက်ဆိုင် သည် ဟု ဆိုရပါမည်။
 
--------------------------------------------
 

No comments:

Post a Comment