Friday 8 August 2014

Tamron 150-600mm Review-2





(74) –Tamron 150-600mm Review-2                ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၄)

 

 

Tamron SP 150-600mm ကို APS-C Format ဖြင့် စမ်း သပ် ကြည့်ခြင်း။

(Tamron SP 150-600mm Review-2 )

 

 

 

Tamron SP 150-600mm Lens နှင့်ပတ်သက်  Face Book တွင် မှတ်စု ကလေး ရေး ခဲ့ စဉ် က APS-C Format ကင်မရာ များ နှင့် သုံး နိုင် ပါသလားဟု မေးသည့် သူများရှိ ခဲ့ပါသည်။
 
ကျွန်တော်သည် အဆိုပါ Lens နှင့်ပတ်သက် ၍ ရှာဖွေ ဖတ်ရှု ထားသဖြင့် APS-C Format ဖြင့် သုံး နိုင်ကြောင်း နှင့် ယင်းသို့  သုံးခြင်း ဖြင့်  Crop Factor အရ  Focal Length မည်မျှ ဆန့် ထုတ် နိုင်ကြောင်း များ ကို ပြန် လည် ဖြေကြားခဲ့ပါသည်။
 
သို့  ရာ တွင် Lens လက်ထဲ မရောက် သေးသည့် အတွက် တိတိ ကျကျ လက်တွေ့ အနေအထားကို မူ မပြော လိုက် နိုင်ခဲ့ ပါ။ သို့ နှင့် Lens ရောက် လာသည့် အချိန် တွင် APS-C  ( Nikon DX Format ) ဖြစ်သည့် D 7100 နှင့် စမ်းသပ် ခဲ့ပါသည်။ D 7100 နှင့် စမ်း ရခြင်း မှာ D 7100 သည် မူလDX Format ဖြစ်သည့် ( 23.5mm  X 15.6 mm ) CMOS Sensor ကို 1.3 ထပ်မံ Crop လုပ် နိုင်သည့် အတွက်  ထပ်မံ ဆန့် ထွက် လာမည့် Focal Length နှင့် ပုံ၏ အရည် အသွေး ကို သိလို သော ကြောင့် ဖြစ်ပါသည်။
 
 

စမ်းသပ်သည့် နေရာ

 

စမ်း သပ် ရိုက် ကူးသည့် နေရာ မှာ စင်ကာပူ Pasir Ris mangrove တွင် ဖြစ်ပါသည်။ Mangroves အတွင်း Tampines River ပေါ် တွင် ဆောက်ထားသည့် Rest House ကလေး မှ နေ၍ ငှက် ဓါတ်ပုံ သမားများ Kingfisher ဒိုင်ဗင် ထိုးသည် ကို စောင့် ရိုက်သည့် Wooden Bridge -   စင်စစ် အားဖြင့် အခင်း များကို ကွန်ကရိ ဖြင့် သစ်သားပုံ ဖေါ် ထားခြင်း သာ ဖြစ်သည် -  ပေါ်ရှိ Subject နှင့်  အဆိုပါ တံတား ၏ နောက် ခပ် လှမ်းလှမ်း ရှိ Pasir Ris Drive -3 ကား လမ်း မကြီး ပေါ် ရှိ Subject များကို ရိုက် ကာ စမ်း သပ် ခဲ့ ခြင်း ဖြစ်ပါသည်။
 


Pasir Ris Mangroves.
 
 
 
 

စမ်းသပ် ရိုက်ကူး သည့် Pasir Ris Mangroves ဧရိယာ။

 

 

 

 

အထက် ပါ Google Map ပေါ်ရှိ  (1) နေရာသည် Tampines River ပေါ် ရှိ ကျွန်တော် တို့ ငှက် ဓါတ်ပုံ သမား များ နားနေ လေ့ ရှိသည့် Rest House ဖြစ်ပါသည်။
 
 
Rest House ကို Wooden Bridge  ပေါ် မှ မြင်ရသည့်ပုံ။
 
 
 
 
 
Rest House ကို အနီးကပ် ဆွဲကာ ရိုက်ထားသည့် ပုံ။
 
 
 
အထက် ပါ Google Map ပေါ်ရှိ  ( 2 ) နေရာသည် Tampines River ကို ဖြတ် ဆောက်ထားသည့် Wooden Bridge ဖြစ်ပါသည်။
 
 
 
Wooden Bridge
 
 
 
အထက် ပါ Google Map ပေါ်ရှိ  ( 3 ) နေရာသည် Tampines  River ကို ဖြတ် ဆောက်ထားသည် Pasir Ris Drive-3 ပေါ် ရှိ ကားလမ်း တံ တား ဖြစ်ပါသည်။
 
 
 Pasir Ris Drive – 3 Road.
 
 
Pasir Ris Drive – 3  Bridge,  cross on Tampines  River.



Pasir Ris Drive – 3  Bridge,  cross on Tampines  River,
(View from Wooden Bridge )
 
 
စမ်း သပ် သည့် နေရာ ကို ဤ ကဲ့ သို့ မြေပုံ ဖြင့် အသေးစိတ် ပြသ ရခြင်း မှာ နယ်မြေ အခြေအနေ နှင့် Subject များ၏ အနီး အဝေး ကို မှန်း ဆ နိုင်စေရန် ဖြစ်ပါသည်။
 
 
 
 နမူနာ ပုံ များ ။
 
အောက်ပါ  ပုံ (၁)  မှာ Rest House မှ သစ်သား တံ တားကို Nikon AF  S  18-200mm G ED VRII,  Focal Length 28mm ဖြင့် ရိုက်ထားသည်ကို မြင်ရ သည့် ပုံ ဖြစ်ပါသည်။
 
 
ပုံ - (၁)
 
 
(  Focal Length 28mm)
 
 

အောက် ပါ ပုံ (၂)  မှာ Rest House မှ နေ၍ Tamron 150-600mm ၏ Focal Length အဆုံး ဖြစ်သည့် 600mm ဖြင့် Wooden Bridge ပေါ် တွင် ပြေး နေသည့် အမျိုး သမီး ငယ် တစ်ဦးကို လှမ်း ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။
 
 Nikon Crop Factor သည် DX Format D 7100 အတွက် 1.5 X သောကြောင့် Focal Length သည် ( 600mm X 1.5 = 900mm ) ဖြစ် သွားပါသည်။
 
ပုံ ( ၂ )
 
 
Wooden Bridge ပေါ်တွင် ပြေးနေသည့် အမျိုး သမီးငယ် တစ်ဦး ၏ ပုံ။
( Focal Length 900mm )
 
 
 
D 7100 သည် ပုံ မှန် DX Format တွင် Picture Quality သည် 24.1 MP ( Image Area L 6000 X 4000) ဖြစ်ပါသည်။
 
D 71000 မှာ အဆိုပါ ဧရိယာ ကိုပင် 1.3 X ထပ် မံ Crop လုပ် နိုင်ရန် စီစဉ် ထား ပါသည်။ ထို အချိန် တွင် မူ လ DX Format Image Area L 6000 X 4000 ၏   Focal Length 900 mm  သည်  ( 900mm X 1.3 ) =  1170mm ဖြစ်လာပါသည်။
 


အောက်ပါ ပုံ  ( ၃)  သည် Google Map  ပေါ် ရှိ (3) နေရာ ဖြစ်သော Pasir Ris Drive -3 ပေါ် တွင် ပြေး နေ သော BlueTaxi ကို လှမ်း ရိုက် ထားခြင်း ဖြစ်ပါသည်။
 
ပုံ - (၃) 


Pasir Ris Drive – 3 ပေါ် တွင် ပြေးနေသည့် Blue Taxi.
( Focal Length 1170mm )
 
 
 
ဤ ကဲ့သို့  DX ကို 1.3 X  ထပ်မံ Crop လုပ် လိုက်သဖြင့် Focal Length သည်  1170mm အထိ ဆန့် ထွက် လာသော် လည်း Picture Quility သည် 24.2 MP မှ 15.4 MP သို့  လျှော့ ကျ သွား ပါသည်။
 
Picture Quality 15.4 MP သို့  လျှော့ ကျသွားစေကာမူ အလင်းရောင် ကောင်းစွာ ရသည့်အချိန် တွင်ရိုက်ပါက ပုံသည်  သာမန် သုံးမည့် ပုံ များအတွက် လုံလောက်သည့် Megapixel ဖြစ် သည်ကို တွေ့ ရှိရပါသည်။
 
 
 
အထက်ပါ ပုံ(၂) နှင့်ပုံ (၃) ကို ယှဉ် ကြည့်ပါက Focal length 900mm ပုံသည် အတော် ကောင်း မွန်သည့် အရည် အသွေး ဟု ဆိုရပါမည်။ ပုံ (၃) မှာ မူ Focal Length 1170mm အထိ အဆမတန် ဆွဲ ဆန့်  ထားရသောကြောင့်  ပုံ (၂) ထက် စာလျှင် အရည် အသွေး မဆိုသလောက် ကျသွား သည်ကို တွေ့  ရပါသည်။
 
ပုံ - (၄)
 
 
 
Fly away Egret, 1170mm  Focal Length.
 
အထက်ပါ ပုံ (၄) မှာ WoodenBridge ပေါ်တွင် Kingfisher ဒိုင် ဗင် အထိုးစောင့် နေစဉ် အနားရှိ သစ်ပင် ပေါ် မှ   Egret ကို D 7100 , 1.5 X = 1170mm ဖြင့် လှမ်း ရိုက် ထားသည့် ဖြစ်ပါသည်။ အကွာ အဝေး ကလည်း များစွာ မဝေးလှ ၊ အလင်းရောင် ကလည်း ကောင်းသဖြင့် ပုံ မှာ အတော် ပြတ် သားသည် ကိုတွေ့ ရ ပါသည်။
 
Tamron 150-600mm ၏ Focal length အဆုံး ဖြစ်သည့် 600mm ဖြင့် D 7100 ၏ 1.3 X  ဖြင့် ရိုက်သော ပုံ များသည် ထက်ပါ Egret ပုံ လောက် အလင်းရောင် မရ လျှင်လည်း ထွက်လာသည့် ပုံ များ၏ အရည် အသွေးသည် သာမန်သုံး  ပုံများ၏ အရည် အသွေး ကို မှီ နေသေး သည်ကို တွေ့  ရကြောင်း မြင် သမျှ ကို မျှ ဝေ လိုက်ပါ သည်။
 
 
-----------------------------
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

 

No comments:

Post a Comment