Thursday 19 March 2020

Minimalist Photograph





106– Minimalist  Photograph                                                                            ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၁၀၆ ) 




“ Minimalist Photography “
( Frame ထဲ တွင် ရုပ် ပုံ အနည်း ဆုံး ထားကာ ရိုက် သည့် နည်း စနစ် ။ )





စကားဦး

အမှန် တော့ လူ အတော်များများ က ဓါတ်ပုံရိုက် ရာ မှာ Frame အတွင်းရှိ  Subject ရဲ့ ပတ်လယ် နဲ့ Subject တွေ အကြား ရှိ  နေရာ လွတ် ( Negative Space ) နဲ့ ပုံ အထဲ မှာ လွတ်နေတဲ့  Waste Space တွေ  ဟာ ဓါတ် ပုံ ကို ဘယ် လို မှ အထောက် အပံ့ မ ဖြစ်စေ ဘဲ ဟာ နေစေတယ် လို့  ယူ ဆလေ့ ရှိတတ် ကြ ပါတယ်။

ဒါ ပေမဲ့ ဒီ Space တွေ ဟာ သုံး တတ် ရင် ပုံ ရဲ့ Impact ကို များစွာ အထောက်အပံ့ ဖြစ်စေတဲ့ အကြောင်း ကို တစ်စွန်း တစ်စ သိထားလို့  လေ့ လာရင်း Theory of Space ကို လေ့ လာဖြစ် သွားပါတယ်။ နောက် တော့ တစ်နွယ် ငင် တစင်ပါ Minimalist Photography ဆီ ရောက်သွားရာ မှ  ဒီ မှတ်စု လေး ရေး ဖြစ်သွားရ ခြင်း ဖြစ်ပါတယ်။

Minimalist Photography ကို အကြိမ် များစွာ မြန်မာလို လှလှ ပပ ထွက်လာအောင် ကျိုးစား ဘာသာပြန်ကြည့် စေကာမူ စိတ်တိုင်းကျ ဝေါဟာ ရ မရခဲ့ပါ။

 အမှန်တော့ ဓါတ်ပုံ Frame တစ်ခု အတွင်း Point of interest အနည်းဆုံး ထား ပြီး  အရိုးရှင်း ဆုံးသော နည်း ဖြင့် ရိုက်ကူးကာ ကြည့်သူ ရဲ့ အာရုံ ကို ဆွဲ ဆောင် တဲ့ နည်း ဖြစ်ပါတယ်။

ဒါ ကို မြန်မာလို အတိုသဘော ဝေါဟာ ရှာကြည့် ရာ ဘယ် လိုမှ စိတ် တိုင်း ကျ ရှာ မတွေ့ တဲ့ အတွက် Minimalist Photography လို့ စာ မူရင်းအတိုင်း သုံးလိုက်ရပါတယ်။

ဒီ မှတ်စု ဟာ Stephanie Kay-Kok  ရဲ့ “Minimalist Photography Examples For Your Inspiration “ နဲ့ Simon Bray ရဲ့ Guide to Superb Minimalist Photography ဆောင်း ပါး နှစ်ခု ကိုပေါင်း ကာ  ဆီလျှော် သလို ဘာသာ ပြန် ရေးသား ထားတာ ဖြစ်ပါတယ်။

မြန်မာလို ဘာသာ ပြန် လို့ ချော တဲ့ အပိုဒ် တွေ ကိုမြန်မာမှု ပြု ကာ ဘာသာပြန် ထားပါ တယ်။ ဘာသာ ပြန်ကာမှ ပိုရှုပ် နိုင်တဲ့ အပိုဒ် တွေ ကို မူရင်း အင်္ဂလိပ် ဘာသာ နဲ့ သာ ဖေါ် ပြပါမယ်။

နမူနာပုံတွေ က တော့ ဆောင်းပါး တွေ မှာ နမူ နာပြ ထားတဲ့ ပုံ များ၊ Wikipedia မှ ပုံများ၊ Pinterest မှ ပုံ များ မှ သင့်လျှော် ရာ ပုံ များကို ရွေးချယ် ဖေါ်ပြ ထား ခြင်း ဖြစ်ပါတယ်။

ဓါတ် ပုံ ကို ရိုက်ရာ မှာ ပုံ အတွင်း ဖေါင်းပွနေတဲ့ အရာ တွေ အားလုံးကို လျှော့ နိုင်သမျှ လျှော့ ချကာ အာရုံ အဓိက ကျ ရောက်စေမဲ့ Point of Interest ( Center of Interest ) ကို ပံ့ ပိုးပေး မဲ့ -
-                                       -            Color,
-                                       -            Shapes,
-                                      -            Textures, 
-                                      -             Pattern
-                                      -             lines 

    စသည်တို့ ကို အခြတည် ကာ   အရိုးရှင်းဆုံး (High simplicity) ဖွဲ့ စည်း တဲ့ နည်း ဖြစ်ပါတယ်။

ဒီနည်း ဟာ ၂၀ ရာစု နှစ် လောက် မှာ ခေတ်စား လာတဲ့ နည်း ဖြစ်ပါတယ်။ ဓါတ်ပုံတင် သာမက ပန်းချီ ၊ ဒီဇိုင်း တွေ မှာ လည်း ဒီ နည်း ကို သုံးပါတယ်။

Minimalist Pictures :


















Minimalist Photography


Minimalist photography   ကို အချုပ် သဘော ပြော ရပါက Frame အတွင်း မှာ Subject တွေ ကို လို သလောက် သာ ထား ပြီး ကြည့်သူ အတွက် distraction ဖြစ်နိုင်တဲ့ အရာ တွေ ကို ဖယ် ထုတ် လိုက် ပြီး ပြ လိုတာလေး ကိုဘဲ အာရုံ စိုက်စေကာ အတွေး နဲ့ ပါကွန့်မြူး နိုင်စေ တဲ့ နည်း လို့ လည်း ဆိုရ ပါမယ်။

ပုံ ကို ကြည့်သူ က သူ့စိတ်ထဲ မှာ ခံစား ရသလို ပုံ ဖေါ် ( Interpret ) ကာ ခံစား ကြည့်ရှု စေတဲ့ နည်း ဖြစ်ပါတယ်။

Minimalist photography  နဲ့ ပတ်သက် လို့  ကမ္ဘာကျော် ပန်းချီ ဆရာ Leonardo da Vinci ရဲ့ အဆို ကိုညွှန်းရပါ လိမ့် မယ် - Leonardo da Vinci က- 

 “Simplicity is the ultimate sophistication.” ( ရိုးရိုး ရင်းရှင်း လေး ဟာ ခေတ်မှီ အဆန်း ပြား ဆုံး ဖြစ်တယ်။ ) လို့ ဆို ခဲ့ ပါတယ်။

အဓိ က ဆိုခြင်တာက တော့ “ Simple is More “ လို့ ဆိုတာပါဘဲ။

ဓါတ် ပုံမှာ လည်း  Simple is Beauty ဆို တဲ့ စကား ရှိပါတယ်။

ဒီ အဆို အမိန့်တွေ ကို လူတွေ က သိပ် သတိမပြု မိကြ သလို၊ သိပ် လည်း မယုံ ရဲ တာ များ မယ် ထင်ပါတယ်။

အများစု က Simple ဆိုရင် ဆွဲဆောင်မှု ဘယ် လို ရှိနိုင်မှာလည်း လို့ ထင်ကာ အဲဒီလို ရိုက် ဘို့ လက်တွန့် ကြ မယ် ထင်ပါတယ်။

ဆန့် ကျင်ဘက်ကနေ ပြောရရင် ကိုယ့် ဓါတ် ပုံ ပို၍ ပို၍ လှပ လေအောင် ထည့် တာတွေ များ တော့ လည်း “ ငါး သိုင်း များတော့ ၊ ဟင်း ဟုန် “  ဆိုတဲ့ မြန်မာကျေး လက်စကား ပုံ လို ဖြစ်တတ်ပါတယ်။



-       Minimalist photography  မှာ ပါတဲ့ အရာ တွေ ဟာ နည်းပါတယ် ။ ဒါကြောင့် လည်း Minimalist Photography လို့ ခေါ် တာပါ။
-      
    ဒီလို ပါဝင်တဲ့ အရာ တွေ နည်း နေလို့ စိတ်ဝင်စား ဘွယ် ရာ  မရှိ တာမဟုတ် ပါ။

-       ရိုးရိုး လေး ဟာ စိတ်ဝင်စား မရာ မကောင်း တာ မဟုတ်ပါ -


 " Simplicity is the Ultimate Sophistication " လို့ ဆိုတဲ့ ကမ္ဘာ ကျော် မိုနာလီဇာ ပန်းချီကိုဆွဲ ခဲ့ တဲ့ ကမ္ဘာကျော် ပန်းဆရာ Leonardo da Vinci ရဲ့ အဆို ကို သတိချပ် ဘို့ လိုပါမယ်။



Minimalist photography  ရိုက် တော့ မယ် ဆို ရင် -


Keep It Simple


Minimalism တစ်ခု အောင်မြင် ဘို့ အတွက် Rule ကတော့ “ to keep it Simple “ ရိုးရိုး လေးသာထားပါ လို့ ဆိုတာပါဘဲ။ ဒီလို လုပ် လိုက် လို့   ပုံ ကို ကြည့် ရတာ ပျင်း စရာ  စိတ်ဝင်စား ဘို့ မကောင်း တဲ့ ပုံ ဖြစ်မသွားပါ။ Frame ထဲ မှာ ရုပ် ပုံ နည်း နေပေ မဲ့ ပြ ထားတဲ့ Subject ဟာ စိတ်ဝင်စားစရာ ကောင်း လောက်အောင်ပေါက်တဲ့ (striking and engaging subject ) ဖြစ် နေရင် ဒီ တစ်ခု ထည်း က ကြည့် သူရဲ့ အမြင်အာရုံ ကို ဖမ်း စား ပါ လိမ့် မယ်။ Subject ဟာ Frame ထဲ က အရာ အားလုံး ကို လွမ်း မိုး မနေ စေကာ မူ အား အကောင်းဆုံး အရာ ဖြစ်နေ ရပါမယ်။

ဒါကြောင့် Frame ထဲ မှာ ဘာ ထည့် မလဲ ဘာတွေ ကို ဖယ် ထုတ် မလဲ ဆိုတာ ကို စဥ်း စားရပါမယ်။ Subject ဟာ သူ့ ဘေး ပတ် လယ် မှာ ဘာအနှောက် အယှက် မှ မရှိဘဲ ထင်းကနေ ပေါ်လွင်နေ အောင် Zoom in သော် လည်းကောင်း Crop out သော် လည်း ကောင်း လုပ်ပေး  ရပါမယ်။ ဒီ အခါမှာ ဘယ်လို အနေ အထား ဟာ အာရုံ ကို ဖမ်းစားနိုင်တဲ့ Focal Length ဆိုတာ ကို မြင်လာ ပါ  လိမ့် မယ်။














Minimalist Photographer အကြောင်း လေ့လာနေစဥ် အတွင်း "  မြန်မာတို့ရဲ့ ဓါတ်ပုံ ပညာ Group " ကိုတင် တဲ့ ပုံ များကို ကြည့် ရာ   မြန်မာ ဓါတ်ပုံ တွေ မှာ တွေ့ ရခဲတဲ့ ကိုထိုက် ( Ko Htike ) https://www.facebook.com/ayeminhtike.bro ရဲ့ အတော် ကောင်းတဲ့ Minimalist ပုံလေး ကို  အမှတ် မထင် တွေ့ လိုက်ရပါတယ်။


ဒါနဲ့ သူ့ ထံ ခွင့်တောင်းကာ အထက် က နိုင်ငံတကာ Minimalist Photo တွေ နဲ့ အတူ အောက်မှာ ဖေါ်ပြ လိုက်ပါတယ်-

Photo by Ko Htike ( https://www.facebook.com/photo.php?fbid=1666015260208355&set=gm.3287432781290868&type=3&theater&ifg=1 )




Choose an interesting subject.

ဓါတ်ပုံ သမား အတော် များများ ဟာ ကိုယ့် ပတ်တန်း ကျင် မှာ ရှိနေတဲ့ Good Photo opportunity တွေ ကို မျက်စေ့ လျှံ တတ် ကြပါတယ်။ အောက်မှာ ဖေါ် ပြမဲ့ အရာ တွေ ပတ်ဝန်း ကျင်မှာ အများ ကြီးပါ။ ဒါတွေ ကို Photo Opportunity အဖြစ် ဖန်တည်း ကြရပါမယ်။ ပထမ အဆင့်အနေနဲ့ -

-                                --           Get used to noticing an open space,
-                  -      Interesting architecture,
-                  -      Geometry,
-                  -      Color patterns,
-                               -      Isolated objects -
       
     စတာတွေဟာ Minimalist Photography ဖန်တည်း ဘို့ အလွန် ကောင်းတဲ့ အရာ တွေပါ။

Subject ရွေး ရာ မှာ ကိုယ် ရွေး မဲ့ Subject ဟာ ဘယ်လောက် အထိ စိတ်ဝင်စား ( Interesting ) စရာ ကောင်းသလဲ ဆိုတာ ကိုလည်း ဆန်းစစ် ရပါမယ်။

Interesting ဆိုရာ မှာ လည်း လမ်း နှစ် သွယ် ရှိနိုင်ပါတယ်။ တစ်ဦး က စိတ်ဝင် စားစေကာ မူ အ ခြားတစ်ဦး က စိတ်ဝင် စား ခြင် မှ ဝင်စား ပါ လိမ့် မယ်။ 

Photographer  တစ်ဦး က ပန်း ကို ရိုက်ဘို့ စိတ်ဝင်စားစေကာမူ တစ်ခြားသော Photographer တစ်ဦး က ပန်း ရိုက် တာ  ပျင်း စရာ ကောင်းတယ် လို့ ထင် နိုင်ပါတယ်။
ဒါကြောင့် Interesting ဆိုရာ မှာ အားလုံး အတွက် မဖြစ် နိုင် တဲ့ အတွက်-

-                                   ကိုယ့် ရဲ့ ပရိဿတ် ဟာ ဘယ်သူတွေ လည်း။

-                                  ငါ….ဘာကြောင့် ဒါ ကို ရိုက်တာလည်း၊

-                                 ငါ..ဘယ်လို ဓါတ်ပုံ သမား မျိုး ဖြစ်လို သလဲ …စတဲ့ မေးခွန်းတွေ ကို ဖြေကြည့် ပါ။

      ဖြေရ တော့ ခက်ပါ  လိမ့်မယ်။


သို့ပေမဲ့  ဒါ တွေ က သင့် ပုံ ကို Powerful Minimalist Photo ဖြစ်လာစေပါလိမ့် မယ်။


ပုံ တွေ ကို ကြည့် ပြီး ဈာန်ဝင် စား နိုင်အောင် Minimalist ပုံ အချို့ ကို အောက်မှာ ပြ ထားပါတယ်။


 Tristan ‘Shu’ Lebeschu – Light Chasing with Adrien Coirier



Vincent Lanzolla – SUNSET SAILING



Shirren Lim – chrysaora III





Alex Greenshpun – One of a Kind



Kenneth__








Tell a story.



Subject ကို စဥ်းစား ရာ မှာ လည်း သင့် အနေနဲ့ ဓါတ် ပုံ ထည်းကနေ ဘာ အကြာင်း ( Story ) ကို ပြောလို တာလည်း ဆိုတာကို အရင် စဥ်း စားရပါမယ်။

အမြင်နဲ့ တင် အပြော ဖြစ်စေ တဲ့ Visual narrative or storytelling ဟာ Photojournalist တွေ က ကြည့် သူ ရဲ့ ခံစား ချက် ကို လှုပ်နှိုး အခါ မှာ ပုံ ကိုအား ပိုကောင်း လာ အောင် လုပ်တဲ့ နည်း ဖြစ်ပါတယ်။

ဂီတ မှာ “ မျက် စေ့ အကြား ၊ နား အမြင် “ ဆိုတဲ့ စကား  ရှိပါတယ်။

ကျွန်တော် ငယ်စဥ် က Theory of Music သင် ( Learn ) ရာ မှာ ဆိုဗီယက် ယူနီယံ ချက်ကော့ဗ်စကီး တေးဂီတ တက္ကသိုလ် ( Tchaikovsky Music University ) က ပညာ သင် ပြန် လာတဲ့ စန္ဒယား ဆရာ ဦးဟန်ဝင်း ပြော တဲ့ စကားလေးပါ။


ဆိုလိုတာက မျက်စေ့ က ဂီတ သ‌က္ကင်္တ Note ကို မြင်တာ နဲ့ နားက ဂီတသံစဥ် ကို ကြား လာတယ်။

နား က ဂီတ သံစဥ် ကိုကြားတာနဲ့ ဂီတ သ‌က္ကေင်္တ  Note ကို မြင်တာ ကို ဆိုလိုတာပါ။



ဓါတ်ပုံ မှာ တော့ ပုံ ကို မြင်တာ နဲ့  ပုံ က စကားပြော ( Story telling ) တာ ကို  ကြား နိုင်တဲ့ သဘော ကို ပြော တာပါ။

 မျက်စေ့ က တစ်ဆင့် ကြားရတဲ့ စကား သံ ပေါ့ ခင်ဗျာ။


Minimalism  ဟာ အနည်းဆုံး Subject သုံး ထားတာမို့  ပုံ ရဲ့ Story ကို ဘာ အနှောက် အယှက် မှ မရှိဘဲ ပြောနိုင်ပါတယ်။



Balint Földesi – The Sunbath



Sayantan Bhattacharya – Swing





Georgie Pauwels – my lines obsession



Postoffis – Untitled




Create a sense of scale.


Minimalist Photography ရိုက်ရာ မှာ Scale ဆိုတဲ့ နှုင်းရပ် အတိုင်း အတာ ဟာ လည်း  အရေး ကြီးပါတယ်။ ဒီ လို နှိုင်းယှဥ် ချက် တွေ ရှိမှ ကြည့် သူ အနေနဲ့ အကြီး ၊ အသေး ဆိုတာ ကို သိနိုင် ပါမယ်။ ဥပမာအား ဖြင့် မိုးထိုး တိုက် ( Skyscraper ) အနီး မှာ လူ တစ်ဦး ရပ်နေပါက လူ ဟာ သေးသေး လေး ဖြစ်သွားပါမယ်။ သမုဒ္ဒယာ အတွင်း မှာ လှေငယ် တစင်း ကို ပြ ထားရင် လှေငယ် လေး ဟာ   သမုဒ္ဒယာ နဲ့ ယှဥ် လိုက်ရင် သေးသေး လေး ဖြစ်သွား ပါမယ်။


Architecture, Landscapes, and other Large Subjects တွေ ကို  Minimalist Photography ရိုက်ရာ မှာ ဒီလို နှိုင်း ရပ် ဆိုတဲ့ Scale ဆိုတာ တွေ ကိုပြ ဘို့ လိုပါတယ်။ ဒီလို ပြ ခြင်း ဖြင့် အလွတ် နေရာ ( Empty Space ) တွေ အများ ကြီး ပေါ် လာမှာ ဖြစ်ပါတယ်။


ဒီလို မှ နှိုင်းယှဥ် မှု မရှိရင် ပုံ ထဲ မှာ ပြ ထားတဲ့ Subject တွေ ရဲ့ impressive size တွေ ဟာ ထင်း ကနဲ ပေါ် နေမှာ မဟုတ်ပါဘူး။ ဒီလို ရိုက်နည်း ဟာ အတော် ရိုးရိုး စင်းစင်း လေး ရိုက်နည်း မို့ ခန့် ငြား ထယ်ဝါ မှု မရှိပါဘူး။ ဒါပေမဲ့ ပုံ ရဲ့ အား ( Power ) ပို ပြီး ရှိလာ တာ ကို တွေ့ ရပါလိမ့် မယ်။



James Drury – cell phone



Bahadır Bermek – hotel suadiye Turkey – Istanbul – Suadiye



Omer Unlu – Red Sail Ship





Ximo Michavila 3XN. – Blue planet aquarium




Nikos Koutoulas – Minimal boat









Work with bold colors.


အရောင် တောက်တောက် တွေ နဲ့ ဖမ်းစားရပါမယ်။ အရောင် တောက်တောက် တွေ ဟာ ရိုးရိုး လေး နဲ့  ထင်းကနဲ မြင်သာ တဲ့ အရာ တွေ ပါ။ ဒီလို အရောင်နဲ့ ကြည့်သူရဲ့ အာရုံ ကို ဖမ်းစားရပါမယ်။

ဒါ ကြောင့် Minimalist Photography နဲ့ တောက်ပတဲ့ Bright Color တွေဟာ အတော် လိုက်ဖက် တဲ့ အရာ တွေ ဖြစ်တယ် လို့ ဆိုရပါမယ်။



 Frederique Bellec – walking Red





Nic Taylor – Pencils




Nathalie – Summer closed shutters



Yane Naumoski – Aligned






Go for black and white.


အရောင် တောက်တောက် တွေ ကဲ့သို့ ပင် မျက်စေ့ ကို ဖမ်း စားနိုင်စွမ်းရှိတဲ့ အခြား  အရာတစ်ခု က အဖြူ/အမဲ ( Black and White ) ပင် ဖြစ်ပါတယ်။ အရောင် တွေ ရဲ့ အနှောက် အနှောက် အယှက် မရှိဘဲ ကြည့်သူက  အ မှောင် နဲ့ အလင်း Contrast ကို သဲကွဲ စွာ တန်း  ကနဲ မြင် နိုင်စေပါတယ်။ ဒီ Contrast ကပင်လျှင်  ကြည့်သူရဲ့ အာရုံ ကို ဖမ်းစား တာပါဘဲ။

ဒီ နည်း ( Strategy ကတော့ အရောင်တွေ မ များ တဲ့ အတွက် Subject ဟာ အနက် နဲ့ အဖြူ ပေါ် မှာ ကြွတက်လာ ပါတယ်။


Stephan Anastasia – Untitled



Dawn Ellner – Gazing out to Sea





Thomas Leuthard – Untitled





Andy Farmer – Beckett Harp








Experiment with texture.


Contrast ကိုဖန်တည်း တဲ့ အခြား နည်း တစ်ခု က  မျက်နှာပြင် အနု-အကြမ်း ( Texture ) နှစ်မျိုး ကို ဘေးတိုက် ယှဥ် ကာ ချ ထားတဲ့ နည်း ဖြစ်ပါတယ်။ ဥပမာ အားဖြင့် မျက်နှာ  ပြင် အနု နဲ့ အကြမ်း ကို ယှဥ် ချ ထားကာ ရိုက် ခြင်း ဖြင့် ဒီ Texture နှစ်ခု ရဲ့ Contrast က Minimalist Image ကို ပို၍ စိတ်ဝင် စား စရာ ဖြစ်လာစေပါတယ်။

အချို့ သော Texture တွေ ဟာ Contrast လို ပြ စရာ မလိုဘဲ ဓါတ် ပုံ ရိုက် လို့ ကောင်းတာတွေ လည်း ရှိပါတယ်။ ပုံ ထဲ မှာ Contrast တစ်မျိုး လောက်ရှိနေရင် ကိုယ့် အနေနဲ့ နောက်ထပ် Contrast တစ်ခု ထပ် ထည့် စရာ မလိုပါ ။ အချို့ သော Texture တွေ က တော့ ယှဥ် ပေး တဲ့ Comparison မလိုဘဲ သူ ချဥ်း နဲ့ ပင် ဓါတ်ပုံ ရိုက် လို့ ကောင်းတာတွေ လည်း ရှိပါ တယ်။

 ဥပမာ အား ဖြင့် Black and  White ပုံ မျိုး ဟာ နဂို ကပင် Stark Contrast ရှိပြီး ဖြစ်နေလို့ ဒီလို ပုံ မျိုး မှာ Texture ထည့် ရင် နောက်တစ်ခု Comparison ထည့် ရန်မလိုဘဲ Texture တစ်ခု ထည်းနဲ့ လုံလောက်ပါတယ်။



Elizme – ~ Footprints ~



Iolanda – marieta 3


Renate Dodell – Diagonal



jordan parks – in a jar





Ximo Michavila – Aalto #38







Look for interesting patterns.


စိတ်ဝင် စား ဘွယ်ရာ အရေး အ ကြောင်း ( Patterns) တွေ ဟာ အခြား သော နေရာ တွေ မှာ သိပ် အဆင်မပြေ လှပေမဲ့ Minimalist Photography နဲ့ တော့ အတော် လိုက် ဘက် ပါတယ်။ Patterns တွေ ဟာ စိတ်အာရုံ ကို အတော် ဆွဲ ဆောင် နိုင်တဲ့ အရာ တွေ ဖြစ်ပါတယ်။ Patterns တွေ ဟာ ထပ်တ လဲ လဲ ဖြစ်ပေါ်  နေတဲ့ Stairs, Windows, and Columns လို အရာ မျိုးတွေပါ။

ဒီ လို Pattern တွေ ကို Background အဖြစ် သုံး လိုက်ရင် ကြည့် သူရဲ့ အာရုံ ကို Main Subject ဆီ ကနေ ဆွဲယူ သွားနိုင် သည် အထိ ဖြစ် စေနိုင်ပါတယ်။

ပုံ တစ်ပုံ ထဲ မှာ အခြားသော အရာ တွေ နဲ့ Pattern ကိုရောထည့် လိုက် ရင် ပုံ ဟာ ရှုပ်ယှက် ခတ် သလို ဖြစ်သွားစေပါတယ်။

ဒါ ပေမဲ့ Patterns ကို Minimalist Photography မှာ သုံး လိုက် ရင် တော့ ရှုပ် ယှက် ခတ် တယ် လို့ မမြင် တော့ ပါ။ Main Subject ကို Pattern က လွှမ်း မိုး ခြင်း မရှိပါ။ ဒါကြောင့်  Patterns တွေ ဟာ Minimalist Photography နဲ့ တော့ အတော် လိုက် ဘက် တယ် လို့ ဆိုခြင်း ဖြစ်ပါတယ်။




 Look for interesting patterns.


စိတ်ဝင် စား ဘွယ်ရာ အရေး အ ကြောင်း ( Patterns) တွေ ဟာ အခြား သော နေရာ တွေ မှာ သိပ် အဆင်မပြေ လှပေမဲ့ Minimalist Photography နဲ့ တော့ အတော် လိုက် ဘက် ပါတယ်။ Patterns တွေ ဟာ စိတ်အာရုံ ကို အတော် ဆွဲ ဆောင် နိုင်တဲ့ အရာ တွေ ဖြစ်ပါတယ်။ Patterns တွေ ဟာ ထပ်တ လဲ လဲ ဖြစ်ပေါ်  နေတဲ့ Stairs, Windows, and Columns လို အရာ မျိုးတွေပါ။

ဒီ လို Pattern တွေ ကို Background အဖြစ် သုံး လိုက်ရင် ကြည့် သူရဲ့ အာရုံ ကို Main Subject ဆီ ကနေ ဆွဲယူ သွားနိုင် သည် အထိ ဖြစ် စေနိုင်ပါတယ်။

ပုံ တစ်ပုံ ထဲ မှာ အခြားသော အရာ တွေ နဲ့ Pattern ကိုရောထည့် လိုက် ရင် ပုံ ဟာ ရှုပ်ယှက် ခတ် သလို ဖြစ်သွားစေပါတယ်။

ဒါ ပေမဲ့ Patterns ကို Minimalist Photography မှာ သုံး လိုက် ရင် တော့ ရှုပ် ယှက် ခတ် တယ် လို့ မမြင် တော့ ပါ။ Main Subject ကို Pattern က လွှမ်း မိုး ခြင်း မရှိပါ။ ဒါကြောင့်  Patterns တွေ ဟာ Minimalist Photography နဲ့ တော့ အတော် လိုက် ဘက် တယ် လို့ ဆိုခြင်း ဖြစ်ပါတယ်။



Thomas Leuthard – Untitled





Daniel Kulinski – don’t look






Tuncay – Untitled



Georgie Pauwels – Minimal







Pay attention to directional lines.


ထောင်လိုက် ၊ အလျှားလိုက် ။ ကန့်လန့်ဖြတ် ( Vertical, diagonal, and horizontal lines ) Lines တွေဟာ Directional Line များ ဖြစ်ပါတယ်။ ဒီ လိုင်း တွေ ဟာ ကြည့် သူ ရဲ့ အာရုံ ကို ပြ လိုတဲ့ နေရာ ကို လမ်းညွှန် ပေးတဲ့ အရာ တွေ ဖြစ်ပါတယ်။

လိုင်း အလိုက် အာရုံ ခံစားမှု တစ်မျိုး စီ ရှိပါတယ်-

-                Horizontal lines ဟာ တည် ငြိမ် ခြင်း၊ ငြိမ်း ချမ်း ခြင်း ဆိုတဲ့ ရဿ ကိုပေးပါတယ်။

-                 Vertical lines တွေဟာ  strong and structured ရဿ ကို ပေး ပါတယ်။

-        Diagonal lines တွေ ကတော့  powerful and energetic ရဿ ကိုပေး စွမ်း နိုင်တယ် လို့ ဆိုပါတယ်။


ပုံ တစ် ပုံ မှာ မည်သို့ သော လိုင်း တွေ သုံး တယ် ဆိုတာ ထက် လိုင်း တွေ ဘယ်က စ ပြီး ဘယ် နေရာ မှာ ဆုံးတယ် ဆိုတာ က ပို အရေး ကြီးပါတယ်။ ဒီ လိုင်း တွေက ကြည့်သူ ရဲ့ အာရုံ ကို ဆွဲ ခေါ် လမ်း ညွှန် မှာ ဖြစ်ပါတယ်။


Richard Watkins LRPS – Lydd on Sea




unai momoitio – 307#2014/365………..:). IPHONE




Dileep Kaluaratchie – Untitled



Andrew Fawcett – Darkness & Light



\




Find a striking composition.


ပုံ ထဲ မှ အခြား အရာ တွေ ထူးထူး ခြားခြား ထည့် နိုင် စေကာမူ Composition ကိုတော့ အကောင်း ဆုံး ဖြစ်အောင် လုပ်ပါ။ ကောင်းမွန် စွာ  Composition ချ ထားတဲ့ ပုံ ဟာ Minimalist Photography မှာ အရှည် တည် အကြည့် ခံ တဲ့ ပုံ ဖြစ် လာ ပါမယ်။ minimalist photography မှာ ပုံ ဟာ အလွန် ရိုး ( Simple ) တဲ့ အတွက် ပုံ အား ရှိလာ ဘို့ ရန် အတွက် အားကောင်းတဲ့ Composition လိုပါတယ်။


ဓါတ်ပုံ ဆရာ များစွာ တို့ က Rule of Thirds နဲ့ ဘဲ စ လေ့ ရှိ ကြ ပါတယ်။ Rule of Thirds တင်မက အခြား သော Composition Rules တွေ များစွာ ရှိပါတယ်။ အဲ ဒါ တွေ ကိုလည်း အခြေ အနေ အလိုက် သုံး နိုင်ပါတယ်။





Georgie Pauwels – Minimal 



armelle chapman – Old Countries



Marco Nürnberger – Behind Rectangles





Georgie Pauwels – watch your step





Magdalena Roeseler – In Vitra





Using the Negative Space for your Composition


Minimalist Photography မှာ မှား တတ် တာ တစ်ခု က Subject ကိုသာ အဓိက အာရုံ စိုက်ပြီး Subject ရဲ့ ဘေး နဲ့ ယင်းတို့ အကြား မှာ ရှိနေတဲ့ နေရာ လွတ် ( Negative Space ) တွေ ကို လှစ်လျူ ရှု ထား ခြင်း ဖြစ် ပါတယ်။

အခြားသော Photography တွေ မှာတော့ Negative Space တွေ ဟာ အရေး မပါ လှ ဘူး လို့ ဆိုနိုင် ပေမဲ့ Minimalist Photography   မှာ တော့ Negative Space ဟာ Subject  ကို အားရှိ လာအောင် ပံ့ ပိုး ပေး တယ် ဆို တာ မမေ့ ဘို့ လိုပါတယ် ။

အချို့ နေရာ တွေ မှ Negative Space ဟာ Subject ထက်ပင် အရေးပါ တာမျိုး ရှိပါတယ်။

ပုံ တစ်ပုံ မှာ Subject ရော သူ့ ပတ်ဝန်း ကျင် ရှိ နေရာ တွေ ပါ အကုန် အရေး ကြီး ပါတယ်။

စကား‌ပြောနေတဲ့ ပုံ ( Story telling picture ) ဆိုတာ Subject တစ်ခု ထည်း ကပြော တာမဟုတ်ပါ။  Subject ရော Background ရော နှစ်ခု စလုံး ပေါင်း ပြော တာ ဖြစ်ပါတယ်။

 ဥပမာ - သင် က ပိုးကောင် လေး တစ်ကောင် ကို ရိုက် ရာ မှာ နောက် ခံ က လည်း အရောင် တစ်ရောင် ထည်း ဖြစ်နေတယ် ဆိုပါစို့။

Zoom in, Zoom out လုပ် ကြည့် ပါ။  တစ်နေရာ မှာ ထိရောက်တဲ့ Negative Space ဟာ ဘယ်လာက် အထိ Story ပြော ရာမှာ   ထိရောက် ဆိုတာ ကို တွေ့ လာပါလိမ့် မယ်။




Negative Space ကို အလေးပေး ရိုက်ကူးထားတဲ့ နမူနာပုံများ။


Frame အတွင်း နေရာ လွတ် များစွာ ရှိနေတဲ့ အပြင် Frame အတွင်းရှိ ပုံ ( Elements ) တွေ လည်း နည်း နေတာ တွေ့ ရပါမယ်။ ဒါ ကြောင့် Minimalist Photography နဲ့ လည်း နှီးနွယ် တဲ့ ပုံများ ဖြစ် တယ် လို့ ဆိုနိုင်ပါတယ်။ 












































အချုပ် စကား။


အထက် မှာ ရေး ထား တာတွေ က တော့ ကနဦး ဖေါ် ပြ ခဲ့ သလို  ဆောင်းပါးရှင် Stephanie Kay-Kok  ရဲ့ “Minimalist Photography Examples For Your Inspiration “ နဲ့ Simon Bray ရဲ့ Guide to Superb Minimalist Photography ဆောင်းပါး တွေ ကို ဖတ်ကာ ကျွန်တော် နားလည် သလို ချရေး ထား တာတွေ ဖြစ် ပါတယ်။

စာ နဲ့ ရှင်း လင်း ရေးသား သည် ကို ဖတ်သည့် အပြင်  ပူးတွဲ ဖေါ် ပြ ထားတဲ့ နမူနာ ပုံတွေ ကိုပါ တွဲ လေ့ လာ  ပါက ဆိုလိုရင်း တွေ ကို ပို၍ သဘော ပေါက် နိုင်မယ် လို့ ထင်ပါတယ်။ ပုံတစ်ပုံ နဲ့ ပြ တာဟာ စာလုံးပေါင်း ထောင်ချီ ရေး ပြ တာထက် ပို ထိရောက် တယ် ဆိုတဲ့ ဆိုရိုး ရှိပါတယ်။

နမူ နာ ပုံ များကို ခံ စားကြည့် ပါ။ ပုံ တွေ က တစ်စုံ တစ်ရာ သော Story ကိုပြော လေ သလား ၊ အတွေး ခံစား မှု ( Emotion ) တစ်ခု ပေး လေ သလား လို့ ခံစား ကြည့် ပါ။

ခံစား မှု တစ် ခု ခု ပေး လေ  လျှင် ကိုယ်သည်လည်း  သည်လို သဘောမျိုး နမူနာ ယူ ကာ ရိုက်နိုင် ဘို့ လမ်းစ ပေါ် လာမှာ ဖြစ်ပါတယ်။

သို့ သော် နိုင်ငံတကာ ဓါတ်ပုံ ဆိုင်ရာ ဆောင်း ပါး တွေ မှာ မကြာ ခန  တွေ့ လေ့ ရှိ သော အဆို တစ်ခု ဖြစ်တဲ့   “ အနု ပညာ ဆိုတာ ကိုယ် စီ ခံစား ချက် ရှိနိုင်သည် မို့ လူ တစ်ယောက် က ပုံ  တစ်ပုံ ရဲ့ ရဿ ကိုခံ စား နိုင် ပေမဲ့ အခြားသော တစ်ယောက် အနေနဲ့ ဘာ ရဿ ကို မှ ခံ စား လို့ မရ “  ဆို တဲ့ ချွင်း ချက် ကိုလည်း သတိပြု ရမှာ ဖြစ်ပါတယ်။


---------------------------------------------