100 – Study of Aperture
Nos. ဓါတ်ပုံ
ဆိုင်ရာ မှတ်စု အမှတ်( ၁၀၀)
“ Camera Lens Aperture ကိန်းစဉ် တန်း ကို
လေ့ လာ ခြင်း “
စကားဦး
ကျွန်တော် အနေနဲ့ ကင်မရာ
Aperture တွင်ဖေါ် ပြ ထား တဲ့ ကိန်းစဉ် တန်း ရှိ ကိန်း များ၏ အကြီး အသေး ဆိုတာ ပုံ ရိပ် ပြတ်သား မှု ဧရိယာ အထူ အပါး ကို ပေးရာ
မှာ ပါတဲ့ အဓိက အချက် တစ်ခု ဖြစ်တဲ့ ကိန်း စဉ် ဖြစ်တယ် ဆိုတဲ့ အဆင့် တွင် ရပ် ထား တာ
ကြာ ပါပြီ။
Aperture
ကိန်းစဉ်တန်း။
ဒါပေမဲ့ အောက် မှာ အောက် မှာ
ပြ ထားတဲ့ Aperture ကိန်းစဉ် တန်း ဟာ ….
1, 1.4, 2,
2.8, 4, 5.6,
8, 11, 16,
22, 32, 45, 64
ဘာကြောင့် ဒီလို တွေး ရ ခက်တဲ့
ကိန်းစဉ်တန်း ဖြစ် ပေါ် လာ ရတယ် ဆိုတာ ကို စိတ်ဝင် စား လာလို့ လက်လှမ်းမှီ
ရာ နားလည် နိုင်သ လောက် စာပေ တွေ ကို
ရှာဖွေ ဖတ်ရှု လေ့လာခဲ့ ပါတယ်။
မှတ်ထားသ လောက် ကို မျှဝေ လိုက်ရမေမဲ့
- အခု ဒီမှတ် စုရေး စဉ် အထိလည်း အားလုံးကို
ထည်းထည်း ဝင် ဝင် မသိသေးပါ။ သို့ ရာ တွင် ဒီလို လေ့ လာရာ ကနေ သိတန် သလောက် သိလာ ရ တာလေး
တွေ ကို ပြန် လည်မျှဝေရခြင်း ဖြစ်ပါတယ်။။
Aperture
ကိန်းစဉ် တန်း။
ယျေဘူယျ အား ဖြင့်
Aperture full stop ကိန်းစဉ် တန်း တစ် ခု မှာ အောက် ပါအတိုင်း ဖြစ်ပါတယ်။
1 - 1.4 – 2 - 2.8 – 4 - 5.6 – 8 – 11 – 16 – 22 – 32 – 45 - 64 - 128
ဤ ကဲ့ သို့ ကိန်းစဉ် တန်း ဖြစ်
ပေါ် လာမှု ကို လေ့ လာ ရာ အောက်ပါအတိုင်း တွေ့ ရှိရပါတယ်။
Sensor
ပေါ် အလင်း ကျရောက်သည့် ပမာဏ ။
ဥပမာ အားဖြင့် Aperture ကိန်းစဉ်
တန်း ရှိ f – 1.4 မှ f – 2.8 သို့ ပြောင်းလဲ သွား လျှင် ကိန်း ပမာဏ နှစ် ဆ တိုး သွား
ပါတယ် ။ သို့သော် Camera Sensor ပေါ် အလင်း
( Photon ) ကျရောက် တဲ့ ပမာဏ လည်း (၄) ဆ ကွာ
တယ် လို့ သိရပါတယ်။
အကြောင်း ကတော့ Lens Aperture pupil ပွင့် လာတဲ့ Area ဟာ f – 2.8 ထက် စာ လျှင် f – 1.4 မှာ ပွင့် လာ တဲ့ Lens aperture pupil Area ဟာ (၄) ဆ ကျယ် လာ လို့ပါဘဲ။
Lens
Pupil.
Eye
Pupil.
Lens Pupil ဟာ အကြမ်း အားဖြင့်
ပြော ရလျှင် စက်ဝိုင်း အတိအကျ မဟုတ်စေကာမူ စက်ဝိုင်း လို သဘော ပါဘဲ။
စက်ဝိုင်း ( Circle ) တစ်ခု
ရဲ့ ဧရိယာ တွက် တဲ့ ပုံသေနည်း ( Formula ) ဟာ -
Area
of Circle A = π r2 ဖြစ်ပါတယ်။
π
ဟာ ကိန်းသေ ( Constant ) = 3.142 ဖြစ်ပါတယ်။
A =
Area of circle
r =
radius ( အခြင်းဝက် )
ဥပမာ အားဖြင့် 70 mm Focal
Length နဲ့ f – 1.4 , f – 2.8 တို့ ရဲ့
Sensor ပေါ် ရောက် တဲ့ အလင်း ပမာဏ ကို အောက်
ပါအတိုင်း တွက် ကြည့် နိုင်ပါတယ် -
Lens Pupil ကို f – 1.4 မှ f – 2.8 သို့ ကျဉ်း လိုက် ခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့ Lens Pupil ရဲ့ အခြင်း ( Diameter ) ကို အောက် ပါ Formula နဲ့ တွက် ပါမယ် -
Area of Circle Area =
π r2
Lens Diameter = D
Radius = D/2 = r
π = 3.142
(r2 = ( D/2 )2 = Dx2/4 )
Example
Lens Focal Length f
= 70 mm
F
Stop S1 = 1.4, Area = A1
F
Stop S2 = 2.8, Area = A2
Diameter
( D) of the Lens Pupil = f/s
( Area of A1 )
D1 = f/s
= 70/1.4 = 50
mm
F
– 1.4 မှာ Lens Pupil ပွင့်လာမဲ့ အခြင်း အကျယ် ( Diameter ) ဟာ 50 mm ဖြစ်ပါတယ်။
Radius
( အချင်းဝက် ) = D/2 ( အချင်း ရဲ့ တစ်ဝက် )
r
1 (Radius ) = 50/2 = 25 mm ,
r21 = (D/2 )2 = ( 25 )2 = 625
r21 = (D/2 )2= ( 25 )2 =
( Square - 25 x25 ) = 625
A1 = π r2 =
3.142 x 625 = 1963.75
Area
of A1 =
1964
D2 =
f/s =
70/2.8 = 25 mm
r2
( Radius) = 25/2 = 12.5 mm
( r2 2 = ( 12.5 )2 =
( 12.5 x 12.5) = 156.25
A2 = π r2 =
3.142 x ( 156.25) = 490.9375
Area of A2 = 491
A1/ A2
= 1964/491 = 4
ဒီ တွက် ချက် မှု ဟာ Aperture
f – 1.4 နဲ့ ဖွင့် ထားတဲ့ Lens Pupil ရဲ့
ဧရိယာ ( A1 ) ဟာ f – 2.8 နဲ့ ဖွင့်
ထားတဲ့ Lens Pupil ရဲ့ ဧရိယာ ( A2) ထက် (၄) ဆ ပို ကျယ် တာ ကို တွက်ချက် ပြသ ခြင်း ဖြစ်
ပါတယ်။
Aperture
full stop တစ်ခု မှ တစ်ခု သို့ ပြောင်း ခြင်း။
Full f- stop တစ် ခု မှ တစ်ခု
ပြောင်း လဲ ရာ တွင်မူ ( √2 )
Sequence ( ထပ်ညွှန်းကိန်း ) အရ ပြောင်း လဲ တာ တွေ့ ရပါတယ်။
and
geometrically in powers of the square root of two – (√2
)1,2,3,4,5…..)
(√2
) ရဲ့ ကိန်းသေတန် ဘိုး ဟာ = 1.414214 ဖြစ်ပါတယ်။
ဒါကြောင့် √22 ( Square ) = 1.999396 ဖြစ်ပါတယ်။
√22 = (
1.414 )
2
( Square) = ( 1.414 x 1.414 ) = 1.985256
= (Nearest = 2 )
အထက် မှာ ပြော ခဲ့ တဲ့ Sequence of the powers of the square root
of √2
- အရ
√2 ကို အထပ် ( Power ) တစ်ခု ခြင်း ဆက်၍ တိုး
လိုက် ခြင်း ဖြင့် အောက်ပါ Aperture ကိန်းစဉ် တန်း ရလာပါတယ်။
√2 = 1.414
√22 = 1.999 = 2
√23 = 2.827 = 2.8
√24 = 3.997 = 4
√25 = 5.652 = 5.6
√26 = 7.992 = 8
√27 = 11.30 = 11
√28 = 15.98 = 16
√29 = 22.59 = 22
√210 = 31.942 = 32
and
so on……………
|
|
|
Nearest |
√21 |
= |
1.414 |
1.414 |
√22 |
= |
1.999 |
2 |
√23 |
= |
2.827 |
2.8 |
√24 |
= |
3.997 |
4 |
√25 |
= |
5.652 |
5.6 |
√26 |
= |
7.992 |
8 |
√27 |
= |
11.313 |
11 |
√28 |
= |
15.98 |
16 |
√29 |
= |
22.62 |
22 |
√210 |
= |
31.942 |
32 |
And
so on……………..
· ပုံမှန် အားဖြင့် ဒဿမ ကိန်း များကို ဖြတ် ယူ
ရာ မှာ Nearest အဖြစ် ( 0.5 ) နဲ့ အထက် ကိန်း များမှ စ၍ အစ ကိန်း ကို ကိန်းတစ်လုံး
တိုးယူပါတယ် ။ ဉပမာ ( 7.992 = 8 ) 7.99 ကို
8 အဖြစ် တစ်ခု တိုး ယူပါတယ်။ သို့သော် 5.652 နဲ့ 22.62 ကိန်းများကိုမူ ကိန်း တစ်ခု
တိုး မယူ ထား ဘဲ ( 5.6 ) နဲ့ ( 22) အဖြစ်သာ
ယူထားသည် ကို တွေ့ ရပါတယ်။
ဒီနေရာ မှာ Aperture ကိန်း
တစ်ခု ကနေ တစ်ခု ပြောင်း ရာ မှာ ဘာကြောင့်
( √2 )
Sequence ( ထပ်ညွှန်းကိန်း ) အရ ပြောင်း ရလဲ ဆိုတဲ့ အမေး ရှိလာ ပါမယ်။
Lens
တစ်ခု ရဲ့ အချင်း ( Diameter )။
Lens တစ်ခု ရဲ့ အချင်း (
Diameter = D ) ကို အောက် မှာ ပြ ထားတဲ့ ပုံသေနည်း ( Formula ) အတိုင်း တွက်ပါတယ်
-
အချုပ်
စကား။
ဤ ကိန်းစဉ်တန်း ကိုဘဝင်ကျ တဲ့
အထိ သိနိုင်ရန် များစွာသော ဆောင်းများ များ
ကို ဖတ်ကာ ကိုယ် တိုင် လည်း တတ်နိုင်သမျှ တွက် ချက် ကြည့် ပါတယ်။ ယခု လေ့ လာ တာ က
Full Stop အတွက် သာ ဖြစ်ပါတယ်။ Half stop ကဲ့ သို့ သော Stop များလည်း ရှိပါသေးတယ်။
----------------------------------