99 – 19 Composition
Tips (Unicode) ဓါတ်ပုံ
ဆိုင်ရာ မှတ်စု အမှတ် (၉၉)
“ ဓါတ်ပုံ ကောင်းတစ်ပုံ ဖြစ်လာစေဘို့ရန် သိထားသင့်သည့် ဖွဲ့စည်းပုံ ဆိုင်ရာ အချက်
(၁၉) ချက်
“
(
19 photography composition tips you need to know )
စကားဦး
ဤ မှတ်စုရေးဖြစ် သွားရသည် မှာ
ကျွန်တော့် အား Pinterest က Gamil မှ နေ၍ Link ဖြင့် ဆောင်းပါး များ ကို ပေးပို့ တဲ့ အနက် 19
photography composition tips you need to know to be awesome ဆောင်းပါး ကို အ ခြေ
ခံ ကာ ရေးသား ဖြစ် ခြင်း ဖြစ်ပါတယ်။
Pinterest ဟာ Gamil က နေပြီး အ ဆောက်အအုံ ဒီဇိုင်း များ နှင့်
အခြားသော ခေတ်မှီ မော်တော်ယာဉ် ပုံများ ပေးပို့ နေရာ မှ နောက်ပိုင်း မှာ ဓါတ်ပုံ ဆိုင် ရာ ပစ္စည်းများ
Portrait များ ပေးပို့ လာပါ တယ်။
Digital ခေတ် သည် အတော် ကို
ဆန်း ကျယ် လှပါတယ်။
Receiving Person ဟာ ဓါတ်ပုံ
ဆိုင် ရာ ကို ဝါသနာ ပါ သူဖြစ်တယ် ဆိုတာ ကို သိ သွားတဲ့ အချိန် မှာ ယခင် စမ်း ပို့နေသည် များ ကိုရပ်ပြီး ဓါတ်ပုံ အ ခြေ ခံ ဆိုင်ရာ ဆောင်းပါး
များ နဲ့ Portrait ပုံ များကို သာ ပို့ ပေး ပို့ ပါတော့ တယ်။
Digital Intelligence လို့ ဆိုရပါမယ်။
Pinterest က ပေးပို့ တဲ့ ဆောင်း
ပါး များအနက် ဤ The Lens Lounge Page မှာ ဖေါ်ပြထားတဲ့
“19 photography composition tips you need to know to be awesome ဆောင်းပါး ရဲ့ ထူးခြားချက်က Composition Rules
(၁၉) ကို အချုပ် သ ဘော စုပေါင်းရေးထားသဖြင့်
Composition ဆိုင်ရာ ကို စုပြီး သား ဆောင်းပြီးသား လေ့လာနိုင်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
သို့ နှင့် ယင်းဆောင်းပါး ကို
ဆီလျှော် သကဲ့ သို့ ဘာသာ ပြန် ကာ မျှ ဝေလိုက် ရခြင်း ဖြစ်ပါတယ်။
မူရင်း ဆောင်းပါး က Composition ဆိုင်ရာ အ ကြောင်း အရာ တစ်ခု ခြင်း စီ ကို အတို ချုပ် သာရေး ထားပြီး ၊ ဒီထက် ပို ပြီး အကျယ် ကို သိလို လျှင်တော့ ပေးထားတဲ့ Link ထဲ ဝင်ဖတ် စေတဲ့ နည်း နဲ့ အချုပ် ရေးထားတာဖြစ်ပါတယ်။
ဒီလို လုပ် ထားတဲ့ အတွက်
လေ့ လာသူများ အ နေနဲ့သူ ရေးပြ ထားတာ ထက် ပို
ရှင်းလင်းစေလို၍ အကျယ် ကို လေ့ လာ လိုပါလျှင်
တိုက်ရိုက် လေ့ လာ နိုင် ခြင်း မရှိသည့် အခက် အခဲ ရှိ နေပါတယ်။
မူရင်း ဆောင်ပါး တွင် ရေးသား
ထားချက် များ မှာ အကျဉ်း ချုပ် လွန်း သဖြင့်
လေ့ လာ ဖတ်ရှု သူ များ ပို၍ ရှင်းလင်း သ ဘောပေါက် လွယ် စေရန် အတွက် ဖြည့်စွက်
ရှင်းလင်း ဘို့ လိုအပ် တဲ့ နေရာ တွေ မှာ အ ထောက် အကူ ပြု ပုံများ နဲ့ ဖြည့် စွက် ရှင်းလင်း
ထား ကြောင်း ဖေါ် ပြ အပ်ပါတယ်။
အ ထောက် အကူပြု နမူနာ ပုံများ
အားလုံး မှာ သက်ဆိုင်ရာ ဆောင်း ပါး များ တွင် ခေါင်းစဉ် အလိုက် နမူ နာပြ ထား တဲ့ ပုံ များ နဲ့ Pinterest မှ ပုံ များကို နမူ
နာ အဖြစ် ဖေါ်ပြ ထားခြင်း ဖြစ် ပါတယ်။
Leading
lines converge to create a sense of infinity.
" 19
Composition Tips."
Photography Composition
Tips ကို (၁၉) ခု ပြော မယ် လို့ ရေးထားတော့
ဘာကြောင့် (၂၀ ) မဟုတ်ရတာလဲ လို့ မေး ကြ ပါလိမ့်မယ်။
Photography Composition
Tips ကို (၁၉) ခု ဘဲ ရေး ရတဲ့ အ ကြောင်း ကတော့ Rule of Odd ဆိုတဲ့ ( မ - ဂဏန်းဥပဒေသ ) ကိုသဘော ကျ လို့ ပါဘဲ လို့ ဖေါ်ပြ ထားပါတယ်။
Rule of Odd ကို အမှတ်စဉ်
( ၁၉ ) မှာ ဖေါ်ပြ ပါမယ်။
Rule
of Odd ( ပန်း(၅) ပွင့်)။
အခု ဖေါ်ပြ မဲ့ ဓါတ်ပုံ ကောင်း
တစ်ပုံ ဖြစ်လာစေဘို့ အတွက် အကြံပြု ချက် (၁၉ ) ချက် ကို လိုက် နာဆောင် ရွက်ကြည့်ပါက ဓါတ်ပုံ တွေ ရဲ့ အနေအထား ( Composition ) ဟာများစွာ
တိုးတက် ထူခြား လာတာ တွေ့ ရ ပါလိမ့် မယ်။
ဓါတ်ပုံ တစ်ပုံ ရိုက် ရာ မှာ
-
- Focus ပြတ် သားအောင် ဘယ်လို လုပ်မလဲ၊
- အလင်း အ မှောင် Exposure မှန်ကန် ကောင်းမ ွန်အေ ာင် ဘယ်လို
ဆောင်ရွက် မလဲ၊
- ပုံကို ပံ့ ပိုး ပေးမဲ့အလင်း ရောင်ကိုမြင်တတ်
ရပါမယ်၊ ဘယ် လို အသုံးချ မလဲ
ကိုလည်း သိ ဘို့ လိုပါတယ်၊
- ဒါ တွေအပြင်နောက် လိုသေးတဲ့ အချက် တစ်ခု က အားကောင်းတဲ့
ဖွဲ့ စည်းမှု ( Strong Composition ) ရှိရန်
လည်း လိုပါတယ်။
အထက် က အချက် (၃) ချက် ဖြစ်တဲ့-
- Focus ပြတ် သား မှု ရှိ ခြင်း၊
- အလင်း အ မှောင် Exposure မှန်ကန် အောင် ဆောင်
ရွက်ခြင်း၊
- အလင်း ရောင်ကို ကောင်း မွန်စွာ အသုံး ချခြင်း၊
တို့ ရှိစေကာမူ ဖွဲ့စည်းပုံ
က ( Poor Composition ) ဖြစ်နေပါက ပုံသည် ကြည့်သူ ရဲ့ အာရုဏ် ကို ဆွဲ ဆောင် နိုင်တဲ့
ပုံကောင်း တစ်ပုံ ဖြစ်လာမှာ မဟုတ်ပါ။
ဓါတ်ပုံ တစ်ပုံ ဖွဲ့စည်း တာ နဲ့ ပတ်သက် လို့ ဥပဒေသ တွေ များစွာ ရှိပါတယ်။
ဒီ ဥပဒေ သ တွေကို ချိုး ဖေါက်
ရတာ တွေ လည်း ရှိ တာ ကို ကြားဘူးကြမှာပါ။
ဒီလို ချိုးဖေါက် ခြင်း ဖြင့်
ပုံ တစ်ပုံ ရဲ့ Story ကို ပိုမို ပံ့ ပိုး ပေးနိုင် တာမျိုး လည်း ရှိပါတယ်။
တစ်ခု တော့ ရှိပါတယ် ၊ Rule of Composition ကို ကောင်း စွာ မသိ ဘဲ နဲ့ တော့ ဒီ ဥပ ဒေသ တွေကို ဘယ်လို ချိုးဖေါက် ရမယ် ဆိုတာ ကို သိမှာ မဟုတ်ပါ။
မြန်မာစကား ရှိ ပါတယ် “ ဝိနည်း တတ် ရင် ကြက် သတ်လို့ ရတယ် “ ဆိုတဲ့ စကား ပါ။
ဝိနည်းမ တတ် ဘဲ ကြက်သတ် ရင်တော့
ငရဲကြီး ရုံ ဘဲ ရှိမှာပါ။
ဒီ လို ဥပဒေသ တွေပေါ်လာ ရတာကလည်း
-
လူတွေ ရဲ့ မျက် လုံး များက
ပုံ တစ်ပုံ ကြည့် ရာမှာ မည် သို့ မည်ပုံ ကြည့် လေ့ကြည့် ထ ရှိတယ် ၊ လူ တွေရဲ့ ဥ နှောက် က လည်း
ပုံ တစ်ပုံ ကို ကြည့် ရာ မှာ မည်သို့ မည်ပုံ တုန့်ပြန် မှု ရှိ တယ် ဆိုတာ တွေကို ကာလ
ကြာ မြင့် စွာ လေ့ လာ ရာ မှ ပေါ် ပေါက် လာတာ တွေ ပါ။
ဒီဥပဒေသ တွေဟာ ဓါတ်ပုံ တင် မက ပန်းချီ အပါအဝင် အခြားသော
Drawing တွေနဲ့ လည်း အကျုံး ဝင်ပါတယ်။
အခု သိသင့် သိ ထိုက် တဲ့ ဓါတ်ပုံ
တစ်ပုံ ရဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ နည်း အကြံပြုချက် (၁၉) ခု ကိုပေးပါမယ်။ အခု ဘဲ စ ပြီး
ဆောင်ရွက် ကြည့် ပါ။ အကျိုး ရှိတာ တွေ့ ရပါ လိမ့်မယ်။
Many of rules of
composition are used together in an image, combining to strengthen composition.
အချို့ ပုံ တွေမှာ
Composition Rule တွေတစ်ခု မက ပါဝင် ဖွဲ့ စည်း တာ တွေ့နိုင်ပါတယ်။
အချို့ သော Composition
Rule တွေ ဟာ တစ်ခု နဲ့ တစ်ခု သဟဇာတ မဖြစ်ပါဘူး၊ ဆန့် ကျင် ဘက် ဖြစ်နေတာ တွေ လည်း ရှိပါတယ်။
တကယ် လို့ ပုံ တစ်ပုံ မှာ
Composition Rule များ တစ်ခု ထက် ပိုပြီး ပေါင်း
ပြီးသုံး ရတဲ့ အခါ မျိုး မှာ ဘယ်လို
Composition Rule တွေ ကို ပေါင်း စည်း အသုံး ပြု ပါက ပို၍ သဟဇာတ ဖြစ်တယ် ဆိုတာ ကို လည်း သိထားဘို့
လိုပါမယ်။
- Composition Rule (19) ခု ကို စပါတော့မယ် -
1. Rule of Thirds
မည် ကဲ့ သို့ Composition
Rule တွေ ဘဲ ဆိုစေကာမူ ပထမ ဦးဆုံးပြော ရမည် Composition Rule ကတော့ အားလုံး
ကြားဘူး နေတဲ့ Rule of Thirds ပါဘဲ။
များစွာ အကျယ် ရှင်း ရန် လိုမည် မထင်ပါ။အောက်တွင်
နမူနာ ပြ ထား ကကဲ့ သို့ ပုံ တစ်ပုံ ကို အထက်နဲ့
အောက် ဘေး ဘယ်-ညာ ကို မျဉ်း နှစ်ကြောင်း စီနဲ့ အညီ အမျှ ပိုင်း
ထားပြီး ပေါ်လာတဲ့ အကွက် (၉) ကွက် ရဲ့
ဆုံ ချက် (၄) နေရာ မှာ ကိုယ် ပြ လို တဲ့ Subject ကို နေရာ ချ တဲ့ နည်း ပါ။
အောက် မှာ ပြ ထားသကဲ့ သို့
ပင် ၊ လူ တစ်ယောက် ကို ဓါတ်ပုံ ရိုက်ပါက သူ့ ရဲ့ မျက် လုံးကို ဖြတ် မျဉ်း များဆုံ မှတ်
(၄) ခု အနက် ဆုံ မှတ် တစ်နေ ရာ ရာ မှာ နေရာ ချ ထားပေး ဘို့ပါဘဲ။
2. Framing
ဘောင်ခတ် ခြင်း ဆိုတဲ့
Framing က တော့ ကြည့်သူရဲ့ အာရုံ ကို အပြင် ကို ပြန့် မထွက် သွား စေဘဲ လိုတဲ့ နေရာ
ကို ပို့ ပေးတဲ့ နည်းပါ။
ဒီလို ဘောင်ခတ် ပေးတဲ့ နည်း
ပေါင်း မြောက် များ စွာရှိပါတယ်။
လူ တွေ ဖန်တည်း ထားတဲ့ တံခါးပေါက် ၊ မုဒ်ဦး ၊ တံတား စတဲ့ Frame များ ၊
သဘာ၀ အတိုင်း ရှိနေတဲ့ သစ်ကိုင်း၊ ဂူ ၊ တောင် စတဲ့ သဘာ၀ Frame များ စသည် ဖြင့် များစွာ
ရှိပါတယ်။
တစ်ခါ တစ်လေ ကမ္ဘာကျော် ဗြိတိန်
အ ပြေးသ မား Mo Farrah and his “mobot” pose လို မျိုး လူ ရဲ့ လက် က ကိုယ့် ပုံ ကို ပြန် ပြီး Frame လုပ်
တဲ့ Frame မျိုး လည်း ရှိပါတယ်။
Mo Farrah ဟာ ၂၀၁၂ အိုလန်ပစ်
မီတာ ၁၀၀၀၀ အပြေး ပြိုင် ပွဲ မှာ ပထမ ရစဉ် က လက်ကို ခေါင်းပေါ်တင်ပြီး M ပုံ သဏ္ဍန်
လုပ်ခဲ့တဲ့ ပုံ ပါ။
ဒီပုံ ကမ္ဘာကျော် သွား ပြီး
လူ တွေ လိုက်လုပ်ရာက Mofarrah Mobot Dance ပေါ် လာတဲ့ အထိ ပါဘဲ ။
Mo
Farrah
Mo Farrah ဒီ လို လုပ် လိုက်
ခြင်း ကြောင့် ပုံ ကို ကြည်ရဲ့ မျက် လုံး ဟာ ပြုံးနေတဲ့ သူ ရဲ့ မျက် နှာကို တန်း ရောက် ထံ တန်းရောက်
သွားပါတယ်။
အောက်မှာ Frame အမျိုးမျိုး နဲ့ ပုံတွေ ကိုနမူနာ ပြ ထားပါတယ်။
3. Repetition
ကြိမ်ဖန် တလဲလဲ စီကာစဉ် ကာ
ပါဝင် ဖြည့်ဆည်း မှု များဟု ဆိုရ မည့် ပုံစံ များကို ထည့် သွင်း ရိုက်ကူးခြင်း ဟု ဆိုရပါမယ်။
ဤသို့ ကြိမ်ဖန် တလဲလဲ စီကာစဉ်
ကာ( Repetition ) ပါဝင် မှု များသည် Pattern သ ဘော မျိုး ဖြစ်လာကာ ပုံ ကို ပိုစိတ်ဝင်စား
မှု ရှိလာစေပါတယ်။
ဤကဲ့ သို့ Repetition များပါဝင်သည့်
ပုံများသည် Leading Line များ ကဲ့ သို့ ကြည့်သူရဲ့ အာရုံ ကို Subject ထံ သို့ ခေါ်
ဆောင် သွား ပါလိမ့် မယ်။
ဒါဟာ အရင်ပြော ခဲ့ တဲ့ တစ်ခု ထက်ပိုသော ဥပဒေ သ တွေ ပေါင်းစပ် ထားတဲ့ သ ဘော ဖြစ်တဲ့ Repetition ဟာ Leading Line ဥပ ဒေ
သ ရဲ့ ဆောင် ရွက် ချက် နဲ့ ပေါင်းစပ် လိုက် တဲ့ သ ဘော
မျိုး ဖြစ် ပါတယ်။
Repetition ဟာ အ ရောင် ၊ အရာ ဝထ္ထုု တစ်ခု ရဲ့ အစိတ် အပိုင်း
များ ၊ အရာ ဝထ္ထုတစ်ခု လုံး စသည်များ ထပ်ကာ
တလဲလဲ ပါဝင်တဲ့ ပုံ စံ မျိုး များ ရှိနိုင်ပါတယ်။
စာ နဲ့ ရေးကာ ရှင်းနေသည်ထက်
ပုံ များ ကို ကြည့် ပါက ပို မြင်သာ ပါမယ်။
4. Leading Lines
Leading Lines များဟာ မိမိ
ပြ လိုတဲ့ Subject ထံ ခေါ် သွားတဲ့ Composition မျိုး ဖြစ်ပါတယ်။ ပြင်ပ လောကမှာ မမြင်
ဘူး ဆိုတာ မရှိလောက်တဲ့ အရာ များပါ။ မြေ ပုံ ပေါ်
မှာ “ You are here “ လို့ မျှား နဲ့ ထောက် ကာ ပြ လိုက် တဲ့ သဘာ မျိုး ပါဘဲ။
Leading Lines များဟာ frame လိုပါဘဲ Cloud, River, Line of Trees စသည် တို့ဟာ သဘာ၀ ပတ်ဝန်း ကျင် မှာ ရှိနေတဲ့ Leading Lines များပါ။
ဒါ့ အပြင် လမ်း ၊ မီးရထား လမ်း၊ ဆက်စပ် နေတဲ့ အဆောက် အအုံ
စသည် တို့ ဟာ လည်း လူ လုပ် ထားတဲ့ Leading Lines တွေ ဖြစ်ပါတယ်။
လူရဲ့ ကိုယ် ခန္ဒာ အစိတ် အပိုင်း
များ ဖြစ်တဲ့ လက် ခြေ ထောက် စသည် တို့ ဟာ လည်း ဖန်တည်း ထားတဲ့ Leading Lines များ အဖြစ် သုံးနိုင်ပါတယ်။
Leading Line များဟာ အ ဖြောင့်
ဖြစ်နေစရာ မလိုပါ။ တောရွာ လမ်းကြောင်း ကွေးကွေး က လေး များ၊ ကွေ့ကောက် ကာ စီးနေတဲ့ ချောင်း
က လေး များဟာ လည်း Leading Lines များ ဖြစ်ကြပါတယ်။
၁ - ပထမ
တစ်မျိုး က ကိုယ် ပြ လိုတဲ့ Subject ဆီကို ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့
မျှား ခေါ် သွား တဲ့ ပုံ မျိုး နဲ့၊
၂ - ဒုတိယ
တစ်မျိုးက ပုံ ရဲ့ Foreground က နေပြီး Background အထိ ဆီကို ကြည့် သူရဲ့ အာရုဏ် ကို
Leading Line နဲ့ မျှား ခေါ် သွား တဲ့ ပုံ
မျိုး တွေ တွေု ရတတ် ပါတယ်။
စာနဲ့ ရေး ရှင်းပြ တာ ထက် ပုံ နဲ့ ပြ တာ က ပိုမြင်သာပါတယ်။
၁ - အောက် ပါ နမူ နာ ပုံ တွေ
က တော့ မိမိ ပြ လို တဲ့ Subject ဆီသို့ ကြည့်
သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ် သွား တဲ့ ပုံ မျိုး တွေ ဖြစ်ပါတယ်။
အချို့ ပုံ တွေ မှာ
Leading Line ဆွဲ ခေါ် သွား တဲ့ လမ်း ကြောင်း တွေ ကို မြင် သာ အောင် မျှားနဲ့ ဆွဲ ပြ
ထားပါတယ်။
၂ - အောက် ပါ နမူ နာ ပုံ တွေ က တော့ ပုံ တစ်ပုံ ရဲ့ Foreground က နေပြီး နောက်ဆုံး Background အထိ ဆီကို
ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ် သွား တဲ့ ပုံ မျိုး
တွေ ဖြစ်ပါတယ်။
ပုံ အထက် ပါ ပုံများအပါ အဝင် နမူ ပုံ အားလုံးမှာ နမူ နာသဘော သာ ပြ ထားခြင်း ဖြစ် ပါတယ်။ အနပညာ ဆို ထဲ့ ခံ စားမှု ဆိုတာ စည်း တွေ ဘောင် တွေ ဥပဒေသ တွေ နဲ့ ချဉ် နှောင် ထားလို့ ရ တဲ့ အရာ မျိုး မဟုတ်ပါ။ ခံစားကာ စိတ်ကူး ရှိသ လောက် ကွန့် မြူး ပွား များ နိုင် ပါတယ်။
5. Negative Space
အခု ပြော မှာ က တော့ ပုံ အတွင်း
ဗလာ ကျင်းထားသည့် နေရာ ကို ပုံ ရဲ့ Impact
ဖြစ်လာအောင် တမင် ချန် ထားတဲ့ နေရာ လွတ် အ ကြောင်း ဖြစ်ပါတယ်။
သာမန် အားဖြင့် တော့ Negative Space ကို အလဟသ နေရာ ဖြန်းတီးတဲ့ နေရာ ( Waste space ) လို့ ခေါ် ကြ ပြီး Frame ချောင်
နေတယ် ဆိုပြီး ဒီနေရာ ကို တစ်ခုခု နဲ့ ဖြည့် လေ့ ရှိ ကြပါတယ်။
ဆိုလိုတာက အချို့ က အခု လိုလွှတ်ပေး
ထားတဲ့ နေရာ လွတ်ကို အတိုင်းအဆ မရှိခံ စားမှု အတွက် မျှော ကာ လွှတ်ပေး ထားပြီး ခံစားစေတယ်လို့ ဆိုပေမဲ့ အချို့ ကြ တော့
အလ ဟသ ဖြစ်နေသော ချောင်နေတဲ့ နေရာ လွတ်ကြီး
Waste Space လို့ ဆို ကြပါမယ်။
အနပညာ ဆို ထဲ့ ခံ စားမှု ဆိုတာ စည်း
တွေ ဘောင် တွေ ဥပဒေသ တွေ နဲ့ အသေ ချဉ် နှောင် ထားလို့ ရ တဲ့ အရာ မျိုး မဟုတ်ပါ။ အချို့ ပုံ တွေ ပြိုင်ပွဲ
ဝင်ကြရာမှာ ပြည်တွင်းမှာ ဆု မရ ကြပေမဲ့ ပြည်ပမှာ ဆု ရကြတာတွေ ၊ ဒီ ပြိုင်ပွဲ မှာ ဆုမရ
ပေမဲ့ ဟိုပြိုင်ပွဲ မှာ ဆု ရတာ တွေ ရှိ ကြ ပါတယ်။ ဘယ် ဒိုင် မှန် တယ် ဘယ် ဒိုင် မှားတယ်
ပြော လို့ မရပါ။ သူ့ တို့ ရဲ့စည်းမျဉ်း ၊ သူတို့ ရဲ့ အကြိုက် ၊ ခံစားချက် တို့ နဲ့ သူ တို့ ဆုံး ဖြတ်ကြ
ခြင်းသာ ဖြစ်ပါတယ်။
ဒီအတွက် ကြောင့် ပုံ တစ်ပုံ
ကို အုပ်စု ( Quarter) တစ်စု က ကောင်းတယ် ၊
ကြိုက်တယ် ဆိုစေကာ မူ အခြားသော အုပ် စု ကြိုက်ကောင်း မှာ ကြိုက် လိမ့် မည် လို့ ဆို
ရိုး ရှိတာ ဖြစ်ပါတယ်။
အချို့သော Composition အရ အကွက်ချ စီစဉ် ထားတဲ့ Negative Space တွေ ဟာ မ တော် တဆ လွတ် နေ တဲ့ နေ ရာ တွေ မဟုတ်ဘဲ Subject ရဲ့ Breathing Room ရ စေရန် တမင် ချန်ထား ပေး တဲ့ နေရာ များ ဖြစ်ပါတယ်။
Frame ထဲ မှာ အရာဝထ္ထု နည်းနည်း သာ ထည့်သွင်းဖေါ် ပြတဲ့ ဒီ နည်း ဟာ Subject ထံ အာရုံ စု ပြုံ ကျရောက်စေတဲ့ နည်း တစ်ခု ဖြစ်ပါတယ်။
" .....Negative space often adds interest as it can place a stronger emphasis on the subject, and can evoke emotions effectively."
ဒါကြောင့်လည်း Positive effective of the Negative Photography ဆိုတဲ့ ဆိုရိုး စကား ရှိလာတာပါ။
ဒါ့ အပြင် အ တွေး နဲ့ ခံ စား
မှု ကို ဆန့် ထုတ် ပစ် လိုက်တယ် လို့ ဆိုပါတယ်။
အနပညာ ဆိုသည်မှာ ခံ စား မှု
နဲ့ တိုင်းတာ တဲ့ အရာ ပါ။
ဒီ Negative Space အတွက် ခံ စားမှု တစ်ခု ခု ပေးနိုင် ရင် ဒီ
နေရာ လွတ် တွေဟာ အနုပညာ မြောက် တယ် လို့ ဆို ရပါမယ်။
အောက်မှာ ပြ ထားတဲ့ နမူနာ ပုံ
တွေပေးတဲ့ Negative Space ရဲ့ ရဿ ၊ တစ်နည်း အားဖြင့် Waste Space လို့ ယေဘူယျ ဆိုကြ တဲ့ နေရာ တွေ က ပေးတဲ့ ရဿ ကို ခံစား ကြည့်ပါရန်။
6. Color
အ ရောင် နဲ့ ပတ်သက် ရင် ဘယ် အ ရောင်နဲ့ ဘယ် အ ရောင် ဟာ အပြန် အလှန် အကျိုးပြု
တဲ့ မိတ်ဖက်ဖြစ်သလား ၊ ဆန့် ကျင်ဖက် ဖြစ်သလား ဆိုတာ သိရန် လိုပါ တယ်။
ဒီလို သိမှ Composition မှာ
Color ရဲ့ ဆွဲ ဆောင် မှု ကို ထိရောက် စွာ သုံး နိုင်ပါမယ်။ ဒါကြောင့် Color Theory
ကို သိထားဘို့ လိုပါတယ်။ ဒါမှသာ ကြည့် တဲ့ အခါ မှာ မျက်စေ့ အေး တယ် လို့ ဆိုရမဲ့ သက်တောင့်
သက်သာ အ ရောင်စပ် ရပါမယ်။
အောက်မှာ ပြ ထားတဲ့ Color
Chart က ထောက် အကူ အတော် ပြု ပါလိမ့်မယ်။
အထက်ပါ Color Wheel ရှိ ဆန့်ကျင် ရာ ဘက်ရှိ အ ရောင် များဟာ အ ရောင် တစ်ခု နဲ့ တစ်ခု အ ထောက် အကူပြု တဲ့
Complementary Color များ ဖြစ်ကြပါတယ်။
Color Theory ဟာ အ တော် ကျယ်ပြန့်
တဲ့ ဘာသာရပ် ဖြစ်ပါတယ်။
7. Balancing Elements
ပုံ တစ်ခု အ တွင်း ရှိ အရာ
ဝထ္ထု များဟာ အချိုးညီ မျှတ နေရန် လိုပါတယ်။
ဥပမာ အားဖြင့် ပုံ တစ်ပုံ ရဲ့
Foreground မှာ Strong Subject ရှိနေပါက Balancing ဖြစ်နေ စေရန် သူ ရဲ့ နောက်မှာ လည်း Small
Subject တစ်ခု တစ်လေ ရှိနေ ရပါမယ်။ Rule of Thirds အချိုး အတိုင်း ထည့် ထားရန် လိုပါမယ်။
ဒီ လို Balance အ တွက် အရာဝထ္ထု တွေ ဖြည့်လိုက် ပြန် ရင် လည်း Rule of Negative space ကို ဆန့် ကျင်ရာ ရောက် ပြန်ပါတယ်။
ဘယ်လို ထားရင် အ ကောင်းဆုံး သော ခံစားမှု ကို ပေး နိုင် မလဲ ဆိုတာ ဓါတ်ပုံ ရိုက်သူ ကိုယ် တိုင် ခံစား ဆုံးဖြတ် ကာ ဆောင် ရွက် ရပါ မယ်။
Balancing ဟာ လည်း အတော် ကျယ်ပြန့်
တဲ့ ဘာသာရပ်ပါ.
အကြမ်း ပြော ရပါက -
Balance ကို မူကွဲ တွေအဖြစ် အောက်ပါအတိုင်း ထပ် ခွဲ ထားပါတယ်။
1. Tonal balance
2. Colour balance
3. Size balance
4. Texture balance
5. Space balance
6. Abstract balance
အထက်ပါပုံ ကို ကြည့်ပါက အိပ်နေတဲ့
စုံ တွဲ ကို နောက်ခံ ဆိပ်ခံ ဘောတံ တား Pier က Balance လုပ်ထားပါတယ်။
ဒီ Pier ပါ နေခြင်း အားဖြင့်
လည်း ဒီနေရာ ဟာ UK က Brighton Beach ဆို တာကို သိစေနိုင်တဲ့ Story လေး တစ်ခု ဖြစ်လာပါတယ်။
အကယ် လို့ အထက် က ပုံအတိုင်းသာ
ဆိပ်ခံ ဘောတံ တား Pier မပါ ဘူး ဆိုရင် ဘယ်နေရာ မှာ ရိုက်တယ် ဆိုတဲ့ Story ရှိမှာ မဟုတ် တော့ပါ။
Balancing အမျိုးမျိုးသော နမူ
နာ ပုံ များ -
Four-Element Balancing .
7. Differential (selective) Focus
မိမိ ထင်ရှား စွာ ပြ လို တဲ့ အရာ ကို ရွေး ကာ Focus ဖမ်းပြီးပြ တာ မျိုးကို Differential Focus (Selective Focus ) လို့ ခေါ်ပါတယ်။
ဒီ လို လုပ်ခြင်း အားဖြင့် မိမိ ပြ လိုတဲ့ Main Subject ကိုပြတ်သား စွာ မြင် နိုင်ပြီး ကျန် အရာ တွေ ဝါးနေ စေပါလိမ့် မယ်။
အောက်ပါ ပုံ တွေ င် ခွေး ကို Select လုပ်ကာ Focus ဖြတ် ထားလိုက် သဖြင့် နောက် က လူ တွေ ဝါး နေတာ တွေ့ရပါမယ်။ အထူးသဖြင့် Portrait ရိုက် ရာ မှာ သုံးတဲ့ နည်းဖြစ်ပါတယ်။
Selective Focus နမူ နာ ပုံ
များ -
9. Symmetry
ဓါတ်ပုံ တွင် အချိုး ကျ နေခြင်း
ဆိုတဲ့ Symmetry ဟာ အ တော် ကောင်း တဲ့ Composition တစ်ခု ဖြစ်ပါတယ်။ တစ်ခါ တစ်ရံ လည်း
Symmetry ကို ချိုးဖေါက် ထားတဲ့ အချိုး မကျ တဲ့ အ နေအထားက ကြည့် ကောင်းတာ မျိုး လည်း
ရှိ ပြန် ပါတယ်။
Symmetry ဟာ Rule of Thirds ကို ချိုး ဖောက် ရာ မှာ အ ကောင်းဆုံး
နည်း တစ် ခု ဖြစ်ပါတယ်။
အကြမ်း သ ဘော ပြော ရပါက
Symmetry မှာ လည်း သုံ မျိုး ရှိပါတယ် -
1 - Vertical symmetry
လမ်း တို့ အ ဆောက် အအုံ စသည်
တို့ ဟာ Vertical Symmetry များ ဖြစ်ကြပါတယ်။ အောက်ပါ ပုံ ကို ကြည့်ရင် လမ်း ရဲ့ အလယ်
က မျဉ်း ဟာ ပုံ ကို နှစ် ခြမ်း ခွဲ ထားတာ တွေ့ နိုင်ပါမယ်။
လမ်းရဲ့ ဘေး တစ်ဘက် တစ် ချက်
စီ မှာ မတူ ညီ နိုင်တာ တွေ ရှိ နေနိုင်စေကာမူ
Vertical Symmetry ရဲ့ ဥပမာ ကောင်းတစ် ခု ဖြစ်ပါတယ်။
2- Horizontal Symmetry.
အောက်ပါ ပုံ ကဲ့ သို့ ရေ ပေါ်
မှာ ရောင်ပြန် အရိပ် ကျေ နေတာ ဟာ Horizontal Symmetry ရဲ့ ဥပမာ ကောင်းတစ်ခုပါ။
Horizontal Symmetry ဟာ Rule of Thirds နဲ့
တွဲ လို့ အလွန် ကောင်းတဲ့ Composition မျိုးပါ။
3- Radial Symmetry.
ဗဟို ချက်မ နေရာ က နေ ဖြာထွက်
လာတဲ့ ပုံ ရိပ် များ ဖြစ်ကြတဲ့ Bicycle ရဲ့ Spokes များ၊ ဒေစီ ပန်း ရဲ့ ပွင့်ဖတ်များ
၊ ရေ လှိုင်း ဂယက် စသည် တို့ ဟာ Radial Symmetry များ ဖြစ်ကြပါတယ်။
Radial Symmetry နမူ နာ ပုံ များ -
အခြားသော Symmetry တစ်ခု က တော့ Dynamic Symmetry လို့ ဆိုပါတယ်။
ရှေး ဂရိ ခေတ် ထည်းက သုံးခဲ့တဲ့
နည်း လို့ သိရပါတယ်-
မူရင်း ဆောင်းပါး တွေတော့ မပါ ပါ။ ဖြည့် စွက် ထားခြင်း ဖြစ် ပါတယ်။
မူရင်း မှာ Symmetry ဆိုတာ လောက်ဘဲ ဖေါ်ပြပါတယ်။
Symmetry မျိုးကွဲ များ ကို သိသာ
နိုင်ရန်အ တွက် Symmetry မူကွဲ များ အ ကြောင်း
ကို ပြန် ရှာ ကာ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။
Dynamic Symmetry means a
specific form of composition—a way of building a picture or other object in
good proportion so that it is pleasing to the eye. Dynamic Symmetry is the
method by which the Greeks built their temples and their gods.
Dynamic Symmetry means a
composition of spaces or areas, one in harmony or sequence with another.
လို့ အကြမ်း ဖြဉ်း ရေးထားတာ တွေ့ ရပါတယ်။
10. Patterns
Pattern သည် ပုံ ( Shape )
တစ်ခု ၊ လိုင်း တစ်ခု ကို ထပ် ခါ တလဲလဲ ဖွဲ့ စည်း ထားတဲ့ ပုံမျိုး လို့ ဆိုနိုင်ပါတယ်။
Pattern Composition မှာ အ ရေးကြီး တာက Frame ကို အပြည့် ဖြည့် ထားရ မှာ ဖြစ်ပါတယ်။
Pattern နမူနာ ပုံများ -
11. Depth (Layers)
ပုံတစ်ပုံ ရဲ့ထူးခြား တဲ့ အလွှာ လိုက် ( Layer ) ရှိနေ သော အ နေ အထားလို့
ဆိုရပါမယ်။ သင် အင်္ကျီ ကိုအလွှာ လိုက် ဝတ် ထားတဲ့ ပုံ စံ မျိုးပါ။
Photography ဆိုတာ Two Dimensional အ နေ အထား ပါ။ ဒီလို Layer တွေ ကြောင့် Depth ဖြစ်လာ တဲ့ အခါ မှာ Three Dimensional ဖြစ်လာပါတယ်။
Foreground, Middle
ground, Back Ground စသည်ဖြင့် အလွှာ တွေ ဖြစ်လာပါတယ်။ ဒီ အလွှာ တွေ က ကြည့် သူရဲ
ရဲ့ အာရုံ ကို တစ်လွှာ စီအလိုက် ရုံကို
ဆွဲ သွားပါ လိမ့် မယ်။
12. Depth of Field
ပုံ တစ်ပုံ ရဲ့ ပြတ်သား မှု
ဧရိယာ ကိုဘယ်လောက် ထား မလဲ ဆိုတဲ့ အ ကြောင်း ဖြစ်ပါတယ်။
Portrait ရိုက်သလို ကိုယ် ပြလိုတဲ့
Subject ကိုသာ ပြတ်သားစေပြီး ကျန် တာ အားလုံးကို ဝါး နေ စေမဲ့ Shallow Death of Field နဲ့ ရိုက် ကြ လေ့ ရှိပါတယ်။
ဒီနည်း ဟာ Subject ရဲ့
Background Distraction ကို ဖယ်ရှား လိုက်တဲ့ နည်းဖြစ်ပါတယ်။
ဒါမှ မဟုတ်
Hyper-focal distance နဲ့ ရှုမျှော် ခင်း ကို ရိုက်သလို Foreground မှ နောက်ဆုံး
Background အထိ - အစ အဆုံး ပြလို တဲ့ အ တွက် အားလုံး ပြတ်သား နေ တဲ့ Deep depth of
Field နဲ့ ရိုက် ပြ မှာ လား ၊ ဘယ် လို ပြ မလဲ ဆိုတာ လည်း အ ရေးကြီးတဲ့ Composition
တစ်ခု ပါ။
အောက် မှာ ပြ
ထားတဲ့ ပုံ တွေ မှာ Depth of Field ကို
Subject အ ပေါ် Center of Interest ရ ဘို့ ဘယ် လို ကစား ထားတယ် ဆိုတာ တွေ့ နိုင်ပါတယ်-
လူ ပုံကို သာ Depth of Field ပေးထား ပြီး နောက်ခံ Background ကို ထင်ထင် ရှားရှား မပြလို တဲ့ အ တွက် ဝါး ထား တဲ့ Shallow Depth of Field ဖြစ်ပါတယ်။
Depth of Field ရဲ့ အထူအပါးဟာ
-
1- Lens ရဲ့ Focal Length အတို အရှည် ၊
2- Camera Aperture အကျဉ်း အကျယ်၊
3- Subject နှင့် ကင်မရာ တို့ ရဲ့ အက ွာ အ ဝေး၊
(Focusing Distance,)
4- ကင်မရာ Sensor ၏ အရွယ် အစား (Size of
Sensor, )
စတဲ့ အချက် တွေ အပေါ် မူတည်နေပါတယ်။
အထက် က ပုံက Focal Length, Aperture and Distance to Subject တို့ ရဲ့ DOF အပေါ် အကျိုး သက်ရောက် မှု ကို ပြ ထားတဲ့ ပုံဖြစ်ပါ။
အထက် က ပုံ က တော့
Aperture အကျဉ်း အကျယ် တစ်ခု ထည်း ရဲ့ DOF အပေါ်သက်ရောက်မှု တစ်ခုထည်းကို နမူနာ ပြ
ထားတဲ့ ပုံ ဖြစ်ပါတယ်။
Different Type of Depth
of Fields.
Deep
Depth of Field.
13. Viewpoint
ပုံ ကို ဘယ် လိုနေရာ က ပြ မလဲ ဆိုတဲ့ Angle ကိုဆိုလိုတာပါဘဲ။ ဒီ ရိုက်နည်း က လည်း အ တော် လေး ထိရောက်တဲ့ နည်းပါ။
သာမန် ရိုက်ရိုး ရိုက်စဉ် ရိုက်နေတဲ့
အ နေအထားက နေ အ ပေါ်စီး ၊ အောက်စီး ၊ အလယ် နေရာ က ဖြတ် ရိုက် တဲ့ နည်း ( Low
Angle, High Angle, Over Shoulder) စသည် များအပြင်
သာမန်အားဖြင့် ကမ်းခြေ က ရေ ထဲ ကို ရိုက်နေရာ မှ ရေထဲ က နေ ကုန်းပေါ် ကို ပြန်ရိုက်တဲ့ နည်း စသည်
ဖြင့် မြင် ကွင်း ကို ပြောင်း ပေး လိုက် ခြင်း ဖြင့် အမြင် ဆန်း ကာ
Subject ဟာ ထူးခြားတဲ့ ပုံ ဖြစ်လာစေပါတယ်။
အောက် မှာ ပြ ထား တဲ့ Angle အမျိုးမျိုး က နေ ရိုက် ထားတဲ့ ပုံ များ ကို ကြည့် ပါရန်။
Over the Shoulder.
တြိဂံ နဲ့ ဒေါင့်ဖြတ် မျဉ်း တွေ ဟာ ပုံ ရဲ့ Dynamic
Tension ကိုပေးပါတယ်။ ပုံ ကို ဆွဲ ဆောင် မှု ပိုရှိစေပါတယ်။
အ ကြောင်း က တော့ ကျွန်တော် တို့ တစ် တွေဟာ ရေပြင် ညီ ( Horizontal Line ) နဲ့ ဒေါင်လိုက် ( Vertical Line ) တွေ ကို သာ အ တွေ့ များနေ ကြလို့ပါဘဲ။
ဒီ လို ပြော လိုက် လို့ Triangles & Diagonals တွေ ကို လိုက် ရှာပြီး ရိုက် ရမယ် လို့ မဆိုလိုပါ။ သဘာ၀ မှာ ဒါ တွေ ရှိပါတယ်။ အောက်မှာ ပြ ထားတဲ့လှေကား ထစ်မှာ မိန်းကလေး ထိုင်နေတဲ့ ပုံ ကိုကြည့်ပါက သဘာ၀ Triangle ကို တွေ့ နိုင်ပါတယ်။
မိသား စု ပုံ ကို Triangle အ နေအထား နဲ့ စီစဉ် ကာ ရိုက် နိုင်သလို Model တစ်ဦးရဲ့ လက် ကို သူ့ တင်ပါး ပေါ် ထောက် ခိုင်း လိုက်ရင် လည်း Triangle ဖြစ်လာတာပါဘဲ။ တစ်ခါ တစ်ရံ မှာ Leading Lines တွေ ဟာ လည်း Triangles & Diagonals တွေ အဖြစ်ရှိနေတာ တွေ့ နိုင်ပါတယ်။
15. Fill the Frame
အကယ် လို့ Subject ရဲ့ နောက်ခံ
Background ဟာ ဘယ်လို မှ မလွှဲ သာ မ ရှောင်သာ အ နှောက် အယှက် တွေ များနေတဲ့ အ နေအထားမျိုး
ရှိနေရင် ပုံ ကို Frame အ တွင်း ဖြည့် နိုင် သ လောက် ဖြည့် လိုက်ပါ။
Pattern များကို ရိုက်ရင် လည်း Frame အပြည့် ဖြည့် ရိုက် ပါ။
16. Simplicity
Subject တစ်ခု ထည်းကို မည် သို့ သော အ နှောက် အယှက် ( Distraction ) မှ မရှိစေဘဲ ရိုးရိုး လေး ရိုက် ခြင်း ဟာ လည်း ကြည့် သူရဲ့ မျက်စေ့ Subject အပေါ် ကို တန်း ကာ ရောက်စေတဲ့ ရိုက် နည်း ပါဘဲ။
ဓါတ်ပုံ မှာ " Simple
is Beauty " ရိုးရိုး လေး ဟာ လှ ပါတယ်
ဆိုတဲ့ စကားရှိပါတယ်။ Minimalism Photography သဘော မျိုး ပါဘဲ။
ဒီလို ရိုးရိုးလေး ပြ ဘို့ အ တွက် Subject ကို Zoom ဆွဲ ကာ အနီး ကပ်
( Close up ) အဖြစ် ရိုက် တာမျိုး လည်း ရှိပါတယ်
17. Left to Right Rule
ပုံ တစ်ပုံ အတွင်း ရှိ သက်ရှိ
သက်မဲ့ များ ပုံ ကို ပုံ ရဲ့ လက်ဝဲ ဘက်မှ နေ လက်ယာ ဘက် သို့ ရွေ့ လျှား နေ စေ သည့် Photography composition rule ဖြစ်ပါတယ်။
ဥပမာ အားဖြင့် မော်တော် ဆိုင်ကယ် ဘက်ဝဲ ဘက်မှ လက်ယာ ဘက် သို့ မောင်း နှင် နေသည့်ပုံ၊ လူ ဘက်ဝဲ ဘက်မှ လက်ယာဘက် သို့ လမ်း လျှောက် နေ သည့် ပုံ ၊ ငှက် ဘက်ဝဲ ဘက်မှ လက်ယာ ဘက် သို့ ပျံ နေသည့် ပုံ မျိုး ကို ဆိုလိုပါတယ်။
ဒီ Composition Rule ဟာ Rule of Space နဲ့ လည်း ဆက် နွယ် နေပါတယ်။
18. Rule of Space
အချို့ သော အ ခြေ အ နေမျိး
အ တွက် တည်ငြိမ် နေတဲ့ Subject ၊ ရွေ့ လျှားနေတဲ့ Subject တို့ ရဲ့ ရှေ့မှာ နေရာ ကွက်လပ် ( Room of Breath ) ချန် ထားပေးရပါမယ်။ ကျပ် မ
နေ စေရပါဘူး။
ဤ နည်း ဖြင့် ကြည့်သူရဲ့ မျက်စေ့ ဟာ ပုံထည်းက subject ရွေ့လျှား နေတဲ့ ၊ သွား နေတဲ့ ဦး တည် ချက် အတိုင်း လိုက် သွား ပါလိမ့် မယ်။
ဒီ Rule of Space ဥပဒေသ ဟာ
အရင်ပြော ခဲ့ တဲ့ Negative Space Rule နဲ့ ချိတ်
ဆက်နေပါတယ်။
ဒါ ဟာ အရင် က ပြော ခဲ့ တဲ့ ချို့သောနေရာ တွေ မှာ Composition Rule တစ်ခု နဲ့ တစ်ခု ဟာ ထပ်နေတဲ့ Overlap ဖြစ်နေတယ် ဆိုတဲ့ သာဓက ပါဘဲ။
အကယ် ရွေ့ သာ Room of
Breath နေရာ ရှေ့ မှာ မရှိဘဲ နေရာ လွတ်ကို နောက် မှာ ထားခဲ့ရင် ကြည့် ရသည်မှာ သက်တောင့်
သက်သာ ရှိမှာ မဟုတ်ပါ။
19. Rule of Odds
မ - ၈ဏန်း ဥပဒေသ က တော့ ပုံ
တစ်ပုံအ တွင်း မှာ အရာဝထ္ထု (၂) နှစ်ခု ၊
(၄) လေးခု ၊ (၆) ခြောက်ခု စတဲ့ စုံ ဂဏန်း ထားတာထက် (မ) ဂဏန်း
ဖြစ်တဲ့ (၃) သုံးခု ၊ (၅) ငါးခု၊ (၇) ခုနှစ်ခု စတဲ့ ( မ ) ဂဏန်း အရေ အတွက် ထားခြင်း
က ပို၍ အာရုံ ကို ဆွဲ ဆောင် မှု ရှိတယ် ဆိုတဲ့ ဥပဒေသ ဖြစ်ပါတယ် ။
ပုံ အ တွင်း မှာ သက်ရှိ သက်မဲ့
များ ရဲ့ (မ) ဂဏန်း အရေ အ တွက် ဟာ အလွန် အစွမ်း ထက်တဲ့ Composition ပါ။ ဒီ ဥပဒေသ ဟာ
Rule of Symmetry နဲ့ ဆန့် ကျင် သလို တော့ ဖြစ်နေပါတယ်။
Rule of Odd sample Pictures.
အချုပ်
စကား။
“ No Rules are inscribed
on the Stone “ ဘယ်ဉပဒေ သ ကို မှ ပုံသေ ယူ ရန် မလိုပါ ဆိုတဲ့ ဆိုရိုးစကား Photography မှာ ရှိပါတယ်။
Photography Composition
Rules တွေ ကို ကောင်း စွာ နားလည် သဘော ပေါက် လာပြီ ဆိုရင်တော့ လိုအပ်လျှင် လိုအပ် သလို ဥပဒေသတွေကို
ချိုးဖေါက် ပြီး မိမိလိုသလို အနုပညာ ကိုဖန်တည်း ကွန့်မြူး နိုင်ပါတယ်။
ဒါ ပေမဲ့တစ်ခု သတိထားရမှာ က
Photography Composition Rule တစ်ခု ကို ချိုးဖေါက် တော့ မယ် ဆိုရင် မည်သည့် အတွက်
ချိုးဖေါက် ရတာ လဲ ဆို တဲ့ အ ကြောင်း ရှိရပါမယ်။ ဘယ်လို ဆန်းသစ် ကွန့်မြူးမယ် ဆိုတဲ့ စိတ်ကူး လည်း ရှိရပါမယ်။
ဒီလို မဟုတ် ဘဲ ဥပဒေသ တွေ ကို
အ ကြောင်း မဲ့ ချိုးဖေက် လို့ က တော့ ပုံ ဟာ
အ တော်ကြည့် လို့ အဆင်မပြေ ပုံ ဖြစ် သွား နိုင်
တဲ့ အခြေ ဖြစ်သွားနိုင် တာ ကို သတိ ပြု ရပါမယ်။
-----------------------------------