Nuffnang Ads

Friday, 24 March 2017




92 – Theory of Colours                                        ၉၂ - အရောင် များအကြောင်း







“  ဓါတ်ပုံ ဆိုင်ရာ အရောင်များ အကြောင်း တစ် စေ့ တစ်စောင်း  “
( Theory of colour )





By Soe Hlaing




ပဏာမ စကား။


အင်္ဂလိပ် လိုရေးထားတဲ့ Theory of Colour  ခေါင်းစဉ် ကို ကြည့် လိုက်ပါက အတော်ကြီး ကျယ် တဲ့ မှတ်စု လို ဖြစ်နေပါသည်။

အမှန် ပြော ရ ပါက အကျွန်တော် အရောင်များ အကြောင်းကို သဘောမ ပေါက်လှပါ။ တွဲ ၍ကြည့် ကာ ခွဲခြားစိတ် ဖြာ ခံစား သည် လည်း နည်းပါသည်။ ဓါတ်ပုံ မှာ Colour အရောင်စပ် ၊ အထူးသဖြင့် Scenery လို ရှုခင်း တွေ ရိုက်ရာ မှာ အနု အရင့် အထားအသိုလ် ဖွဲ့စည်းပုံ တွေဟာ အရေးကြီးတာ သိပေမဲ့ ထိထိရောက်ရောက် မလေ့ လာဖြစ်ခဲ့ပါ။

ကျွန်တော့် ကို အရောင် များ အကြောင်း စတင် ကာ မိတ် ဆက် သင်ပေးသည့်သူ မှာ ကိုမင်းသိုက် ( Ko Minn Thike ) ဖြစ်ပါတယ်။ နောက်ပိုင်း တွင် ကျွန်တော် ကို Colour Theory အကြောင်း  ရေးထား တဲ့ ဗြတိန် နိုင်ငံ ထုတ် စာအုပ် ကို ပေးကာ လေ့ လာစေခဲ့ ပါသည်။

သူ့ကြောင့် ကျွန်တော် အရောင် အကြောင်း တစ်စွန်း တစ်စ သိခွင့် ရခဲ့ပါသည် ။ ကိုမင်းသိုက် ကို ဤမှတ်စု လေး နဲ့ ဂါရ၀ ပြု အပ်ပါသည်။

Country Road ရှိ ဓါတ်ပုံ မှတ်စုများတွင် Colour အကြောင်း မပါ သေးပါ။ ရေးလိုသော် လည် ကိုယ် ကို နှို က် လည်း ခြေ ခြေ မြစ်မြစ် မသိ သောကြောင့် မရေး ဖြစ်ပါ။ ကံ အားလျှော် စွာ အရောင် နှင့် ပတ်သက် ၍ ကျွန်တော် ကဲ့ သို့ လူပြိန်း များ နားလည် နိုင်လောက် သည့် Colour  ဆိုင်ရာ ဆူလွယ် နပ်လွယ် ဆောင်းလေး တစ်စောင် တွေ့ ရှိ လိုက်မိပါသည်။

သို့နှင့် ကျွန်တော် ကဲ့ သို့ သိ လိုသည့် မိတ်ဆွေများ ရှိပါက လည်း လေ့ လာ နိုင်စေရန်  မျှဝေ သည် သဘော ဖြင့် ရေးသား လိုက် ခြင်း ဖြစ်ပါသည်။

အခု ရေး သော မှတ်စု သည် ကိုမင်းသိုက် မေးတဲ့ စာ အုပ် ၊ Ted Gore ရဲ့ ဆောင်းပါး၊ တို့ အပြင်  John Enman တို့ ရဲ့ ဆောင်းပါး တွေ ထည်းက ဆူလွယ် နပ်လွယ် အပိုင်း  လေးများကို  ဆီလျှော် သလို စုပေါင်း ဘာသာပြန် ထားခြင်း ဖြစ်ပါသည်။

အင်္ဂလိပ် မှ မြန်မာဘာသာ သို့ ပြန်ဆိုရာ တွင် အခက်အခဲ ရှိသော နေရာ များ၊ ဘာသာပြန်ကာ မှ ပို ရှုပ် ထွေးသွားနိုင်သည့် နေရာ များတွင် မူရင်း အင်္ဂလိပ် ဘာသာ ကိုသာ သုံးစွဲ ထားပါသည်။ အချို့ နေရာ များတွင် လည်း မြန်မာ ဘာသာပြန် ကို ဖတ်လိုက် ပါက အဓိပ္ပါယ် ကောက်လွဲ သွား မည် ကို စိုးရိမ် သောကြောင့်  မြန်မာ ဘာသာ ပြန် ကို မူရင်း အင်္ဂလိပ် စာ နှင့် ပါ ဆောင်းထည့် ဖေါ်ပြ ထား ကြောင်း ဖေါ်ပြ ထားအပ် ပါသည်။



မျက် လုံးထဲ ထင်း ကနဲ ဖြစ်စေ တဲ့ အရောင်။


ဓါတ်ပုံ တစ်ပုံ ကောင်းသည် ဆိုးသည် မပြော မှီ ပထမ အရေးအကြီးဆုံးမှာ ကြည့်သော သူ ကို ရုပ်ချည်း ဖမ်း ထား နိုင်ရမည်။ ဖမ်းစား ခြင်း မဟုတ်ဘဲ ကြည့်သူ ကို ဓါတ်ပုံရှေ့ က ရုန်း ထွက် ၊ လွတ်ထွက် မသွား နိုင် အောင် ဖမ်းထားနိုင်ရမည်။


နောက်ပိုင်း တွင် မှ ကြည့် သူ က ကောင်းသည် မကောင်းသည် ကြိုက် သည် မကြိုက် သည် ကို ဆုံးဖြတ် ပါလိမ့် မည်။ ဤ ကဲ့ သို့ ဖမ်းမထား နိုင် ပါက မှ ကြည့် သူ က ကောင်းသည် ၊ မကောင်းသည် ကြိုက် သည် ၊ မကြိုက် သည် ကို ဆုံးဖြတ် နိုင်သည့် အဆင့် သို့ ရောက် လာတော့ မည် မဟုတ်ပါ။


ဤ ကဲ့ သို့ ကြည့်သူကိုဖမ်း ထားနိုင် ရန် မှာ ပုံတစ်ကို မီတာ ပေါင်း များစွာ အကွာ က ကြည့် လိုက်သည်နှင့် ထင်းကနဲ ဖြစ် နေ စေလောက် သည့်  Structure ရှိနေရမည်။ Strong Compositional Order ရှိနေရမည်။ ပုံ တစ်ပုံ သည်  အဆိုပါ အချက်များ မရှိပါက အတွင်း၌ မည်သို့  သော Details များ ထည့် ထားစေကာ မူ Story မရှိသော ပုံ ဖြစ်နေပေလိမ့်မည်။
 Structure ဆိုသည်မှာ ပုံတစ်ပုံ အား မှန်ကန်စွာ ဖေါ်ဆောင်ထားသည့် အရောင်၊ ပုံစံ ( Shape) နှင့် အလင်း- အမှောင် တို့ ၏ Contrast တို့ ဖြစ်ပင်ဖြစ်သည်။

ဤကဲ့ သို့ ပုံ တစ်ပုံ က   ကြည့် သူ ကို သူ၏ ညွှတ်ကွင်း မှ ရုံး မထွက် နိုင်အောင် ဖမ်း ထားနိုင်မည့် အချက် များ တွင် အရောင် ( Colour) လည်း ပါ ၀င် ပါသည်။

ဓါတ်ပုံ တစ်ပုံ ၏ အရောင် ဆွဲ ဆောင် နိုင်မှု ကို အောက် ပါ ပုံ ဖြင့် ဥပမာ ပြရပါမည်။ အဆိုပါ ပုံ မှာ Country Road ရှိ ဓါတ်ပုံ ဆိုင် ရာ မှတ် စု အမှတ် (၆၇)  ဖြစ်သော “ ဓါတ် ပုံကောင်း တစ်ပုံ ဆို သည်မှာ “   http://shlaing.blogspot.sg/2014/03/67-is-good-photograph-what-is.html မှ ထုတ် ထားသည့် ပုံ ဖြစ်ပါသည်။




အရောင်၊ ပုံစံ ၊ အလင်းအမှောင် တို့ ကို သာသာကဲကဲ ဖြင့် ဖွဲ့ စည်းထားသည့် Strong Structure ပုံ တစ်ပုံ။





အထက်ပါ ပုံသည် နိုင်ငံ တကာ ပြိုင် ပွဲ များတွင် ဆုများစွာ ရခဲ့ သော ပုံတစ်ပုံ ဖြ စ်သည်။ အရောင်၊ ပုံစံ ၊ အလင်းအမှောင် တို့ ကို သာသာကဲကဲ ဖြင့် ဖွဲ့  စည်းထား သည့်  Strong Structure ပုံ တစ်ပုံ ဖြစ်သည်။


ပုံ၏ အလယ် တွင် အနီရောင် အချွန်း ကိုထားပြီး ဘေး မှ အပြာ ရောင် မီး ခိုးရောင်  များဖြင့် ရံ ထားသည်။ အနီရောင်မှာ Subject ၏ ပင်မ အရောင် ( Positive Space) ဖြစ်ပြီး အပြာ နှင့် မီးခိုးရောင်တို့ မှာ ရံ ထားသည့် (Negative  Space ) အရောင် ဖြစ်သ ည် ။ အပြာ နှင့် မီးခိုး ရောင်များ အကြားတွင် ထည့် ထားသည့်  အနီရောင်  သည် ကြည့်သူ၏ မျက်စေ့ အတွင်းသို့ ခုန် ကာ ၀င်လာလိမ့် မည်။


ဤ ပုံ ကို Ultra-Wide angle Lens ဖြင့် ရိုက်ထားသည်။ Ultra-Wide angle Lens ဖြင့် ရိုက်ထားသည့် အတွက် ပုံ၏ ထောင့်နေရာ များ တွင် အနည်းငယ် မှောင် နေသည်။ ယင်းကို Falloff ဟု ခေါ်သည်။ ဤ Falloff သည် အလယ် ပိုင်းရှိ လင်းနေသည့် နေရာ ကို အာရုံ ရောက်အောင် ပို့  ပေးသည်။ 


ဤကဲ့သို့ အလယ်  အထူး ပြု  သောအနီရောင် ( Central emphasis Red) ပုံ မှာ တစ်မိုင် ခန့် အကွာ မှ ကြည့် သူ၏  အာရုံ ကိုပင် ဆွဲယူ နိုင်သည်။


 အထက်တွင် ဖေါ်ပြသကဲ့သို့ ပုံ ကို ကြိုက်သည် မကြိုက်သည်   အပထား ၊ ဖြတ်သွား ရာ တွင် ရုတ်တရက် ကြည့်လိုက်သည် နှင့် နောက်ပြန်လှည့်ကာ ကြည့် ရ သည့် ပုံ မျိုး ၏   နမူနာ ပုံ ဖြစ်သည်။ ပုံ ကောင်း တစ်ပုံ ကိုဖွဲ့ စည်း ရာ တွင်  ဤ ကဲ့  သို့       Strong  Structure   ရှိရန်မှာ အဓိက အချက်ဖြစ်သည် ။ ဤ ပုံမျိုးသည် ကြည့်  သူ၏  အာရုံ ကို ကနဦး ဖမ်းထားပြီး မှ ကျန်သည့် Detailed Story ကို ဆက်ခံစား စေရမည့် ပုံမျိုး ဖြစ်သည်။


အထက်ပါ နမူနာပုံ တွင် ပါသည့် Less Details များမှာ  အနီရောင်၏  အနောက် မှ ထိုးထွက်နေသည့် အ၀ါရောင်၊ ပုံ၏ အလယ်တွင် ထိုးထွက်ေ န သည့်   တိမ်တိုက် ၊ ကြမ်းပြင် ပေါ် ရှိ ဆီကွက် များ အနီရောင် နံရံ များပေါ် တွင် စီးကျနေသည့် မိုးရေ စီးကြောင်း များ ဖြစ်ကြသည်။



ဤပုံ ၏ အဓိက ဖွဲ့ စည်း မှု မှာ Shape, Colour and Balances တို့ ဖြ စ်သည်။   စင်စစ် အားဖြင့် ဤ ပုံသည် အမိုးပင် မရှိသည့် စွန့် ပစ်ထားသော ပစ္စည်း သိုလ်လှောင် ရုံ အဟောင်း ကို ရိုက်ထားခြင်း သာ ဖြစ်သည်။


ဓါတ်ပုံ ရိုက်ရာ တွင် မိမိ စိတ်ဝင်စားသည့် အကြောင်းအရာ ကို စွဲမြဲ စွာ ဆုတ်ကိုင် ၍ ရိုက်ရ ပါမည်။ မိမိ Excitement ဖြစ်သည်ကို ခံစား ရိုက်ကူး ခြင်း ဖြင့် အဆိုပါ ခံစားချက်သည် ပုံကို ကူးစက် လာကာ ပုံ ကောင်း ရလာပါလိမ့် မည်။


အထက်ပါ အကြောင်းအရာ မှာ “ What is considered a good Photograph “ ဆောင်းပါး မှ အရောင် နှင့် ပတ်သက်သည့် အပိုင်းကို  နိဒါန်း သဘော  အဖြစ်  ထုတ်နှုပ် ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။



ပုံ တစ်ပုံ တွင် အရောင် ဖွဲ့ စည်းမှု။


ဓါတ်ပုံ တစ်ပုံ ၏ အရောင် ဖွဲစည်းမှု သည် ရှ မျှော်ခင်း သာ မက အခြားသော ပုံ များတွင် လည်း ကြည့်သောသူ ကို စွဲ ဆောင် ရာ တွင်  အလွန် အရေးကြီးကာ   အဓိက ကျ သောနေရာ တွင် ရှိပါသည်။


သင့်မြတ် စွာ သော အရောင် များဖြင့် ဖွဲ့ စည်းထားသည် ပုံ သည် ကြည့် သူ ကိုဖမ်းစား နိုင်စေသည်။ သို့ သော်  အများစု လက်ခံ ထားသော ယေဘူယျ  အားဖြင့် အစပ်  မတည့် သည့်  အရောင်များ ဖြင့် ပေါင်း စပ်  လိုက်ပါမူ ကြည့်သူ ကို ဆွဲ ဆောင် ရမည့် အစား မျက်စေ့ စပ်သွားစေမည့် ပုံ ဖြစ် လာပါလိမ့် မည်။


အကြောင်း မှာ အရောင် ဆိုသည်မှာ အရောင် အလိုက် မြင် နိုင် သည့်   သီးသန့် လှိုင်း အလျှား ( Wavelength ) ရှိသည်။ ဖွဲ့ စည်း ထားသည့် ရောင်များ ၏ လှိုင်း အလျှား ( Wavelength )  အခြင်းခြင်း သဟဇာတ ( Harmonious ) ဖြစ် နေသည့် အရောင်များ ဖြင့်ဖွဲ့ စည်း ထား ပါမူ ကြည့်သော သူ မျက်စေ့ တွင် သာယာ လှပ ပသာဒ ရှိ သော     မြင်ကွင်း တစ်ရပ် ဖြစ် လာပါလိမ့် မည်။


ဥပမာ ပြရသော် သံ စဉ် တစ်ပုဒ် ကို စောင်း ဖြင့် တီး ခတ် ရာ တွင်  မှန်ကန်သည့်   စောင်း ကြိုး  Cord အလိုက် တီး ခတ် ပါက သာယာ နာပျော် ဘွယ်ရာ သံစဉ် ထွက် ပေါ်လာပြီး။ မှားယွင်းသည့် Cord ဖြင့် တီးခတ်ပါက နားမခံသာ သည့် သံစဉ်  ထွက်လာ  ပါ မည်။

ထို့ အတူပင် အရောင်တွင် လည်း  အရောင်များ သဟဇာတ ဖြစ်စွာ ပေါင်းစပ် မှု ကို “ Colour Cord “ ဟု တင်စားခေါ်ဝေါ် လေ့ ရှိ ပါသည်။








သဟဇာတ ဖြစ်သည့် အရောင်များ။
 ( Types of Colour Harmonies )


Analagous –


Analague Harmony ဆိုသည်မှာ အရောင် တစ်ရောင်  နှင့် နီးစပ်ရာ အလား တူ အရောင်များ နှင့် ပေါင်းစပ် ဖွဲ့ စည်း ခြင်း ဖြစ်ပါသည် ။ ဤ အရောင်ဖွဲ့စည်းမှု တွင်  အရောင်နှစ်မျိုးသာ ရှိနို င်သည်။  သို့ မဟုတ် ၊ ယင်းနှင့်နီးစပ်ရာ အရောင် တွဲများသည်   အောက် တွင်ပြထားသော Colour Wheel တစ် ၀က် လောက်အထိ လည်းရှိ  နိုင်ပါသည်။


အောက်ပါ Colour Wheel တွင်ပြ ထားသော စက်ဝန်းစိတ် ပို ကျယ် သွား သည်နှင့် Analogues Harmony ၏ သဘော တရားသည် တစ်ဖြည်း ဖြည်း လျှော့ ကျ သွားမည် ဖြစ်ပါသည်။ အရောင် စပ် မကောင်း တော့ ဟု ပြော ခြင်း မဟုတ်ပါ ။ It will start to lose its identity as an analogous harmony ကို ဆိုလိုခြင်း ဖြစ်ပါသည်။


အောက်ပါ Colour Wheel ကို ကြည့် လျှင် ပိုရှင်းပါမည်။







ဆိုလိုသည်မှာ အထက်ပါ Colour Wheel ထဲ ရှိ စက်ဝိုင်းပြတ် ၏ဧရိယာ  ပြောင်းလဲ သွားသည် နှင့် အမျှ analogous harmony လျှော့ သွားပါမည်။ အရောင်စပ် ပျက် သွားခြင်း မဟုတ်ပါ ။ It will start to lose its identity as an analogous harmony ကို ဆိုလို ခြင်း ဖြစ်ပါသည်။


အထက် ပါ Colour Wheel  ပါ နီးစပ်ရာ အရောင်များ နှီးနွယ် ရာ အစိမ်း ရောင်လွှမ်း ပြီး ဖွဲ့ စည်း ထားသော နမူ နာပုံ ကို အောက် တွင် တွေ့ နိုင်ပါသည်။








Analogous color schemes တွင် အရောင် တစ်ရောင် ၏ မျိုးတူ နီးစပ်ရာ အရောင်များ ( Next to each other ) သုံး ထားသည့် အတွက် ကြည့် ရသည်မှာ သက်တောင့် သက်သာ ပြေပြေ ပြစ်ပြစ် ရှိသည်။



အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင် များတွင် တွေ့ ရတတ် သည် အရောင်စပ် ဖြစ်သည်။ Analogous color schemes ကို သုံးပါက Contrast ပို ရှိရန် လိုသည် ကို သတိပြု ရပါမည်။ အထက်ပါ ပုံ ၏ ရေ အရောင်နှင့် တော အုပ် အရောင်ကို ကြည့်ပါရန်။




Complementary –


Colour Wheel တွင် တစ် ဖြောင့် ထည်း ဆန့် ကျင် ဘက် ဖြစ်နေသော အရောင် များ နှင့် ဖွဲ့ စည်း မှု ဖြစ်ပါသည်။ အောက် ပါ Colour Wheel ပုံကို ကြည့် ပါက  အ၀ါ ရောင် နှင့် အပြာ ရောင် ကို တွေ့ နိုင်ပါမည်။ ဥပမာ ပြထား သည့် အရောင် နှစ် ရောင် တင်မက ယင်း နှင့်  နီးကပ်ရာ အရောင်များ လည်း ပါလာနိုင်ပါသည်။ Colour Wheel ၏ တစ်ဘက် တွင် အရောင် များ ဘေး သို့ ဖြာ ထွက် လျှင် အခြား တစ်ဘက်တွင် လည်း ဘေး သို့ ဖြာ ထွက် လာပါမည်။ သဘာဝ တွင် အနွေး ရောင် နှင့် အအေး ရောင် ပေါင်းစပ် ထားသည့် အရာများ အဖြစ် တွေ့  နိုင်ပါသည်။







အောက် ပါပုံ မှာ Commentary Colour Scheme အရ ဖွဲ့ စည်း ထား သော ပုံ ဖြစ်ပါသည်။ 







Split complementary –


Split Complementary Color Scheme သည် Hue ( "colors". Red, green, blue, yellow, and orange are a few examples of different hues ) အရောင် သုံးရောင်စပ် ကိုသုံး ထားခြင်း ဖြစ်ပါသည်။ ပထမ မိမိ လိုသော အရောင်တစ်ရာင် ( Main Starting Colour ) ကို ရွေး ကာ နောက် တွင် Colour Wheel ၏ ဆန့် ကျင် ဘက်မှ complementary color harmony  အရောင် များ နှင့် တိုက်ရိုက်ထိ စပ်နေသော အရောင် နှစ်ရော င် ကို ထပ် ရွေး ကာ ဖွဲ့ စည်း ခြင်း ဖြစ်ပါသည်။






အောက်ပါ ပုံ တွင် ပြ ထားသကဲ့ သို့ Colour Wheel အား ပန်ကာ လို သဘော ထားကာ အလယ် A နေရာ ကို မဏ္ဍိုင် သဘော ထားကာ မျှား သုံးချောင်း ကို လှည့် လိုက်ပါက Split complimentary colour scheme အမျိုးမျိုး တွေ့ နိုင်ပါမည်။

အောက်ပါ ပုံ ကို နမူနာ ပြ ရပါလျှင် ဥပမာ Base Colour အဖြစ် Yellow ( B) ကို ယူ ထားပါသည်။ colour wheel ရှိ အခြား ဘက်ရှိ လက်တန် ( C ) and (D) တို့ သည် Yellow နှင့် split complimentary ဖြစ်သော အရောင်များဖြစ်ပါသည်။

အောက်တွင် ဆက်လက် ဖေါ်ပြမည့် Triadic  နှင့် တူ သလို ရှိ သော် လည်း Triadic ကဲ့ သို့ Colour Wheel ကို သုံးချိုး ညီ ပိုင်းထားခြင်း (equilateral triangle on the wheel ) မဟုတ်သည်ကို တွေ့ နိုင်ပါသည်။











အသုံးရ ခက် သောဖွဲ့ စည်းမှု ဖြစ်စေ ကာ မူ အချို့ သော အခြေ အနေ များတွင် လွန်စွာ အသုံး ၀င်သော အရောင် စပ် ဖြစ်ပါသည်။

အောက်ပါ ပုံ မှာ Split Complimentary colour scheme အရ ဖွဲ့ စည်း ထားသော ပုံ ဖြစ်ပါသည်။







Monochromatic –

အရောင် တစ်ရောင်ထည်း ဖြင့်ဖွဲ့စည်း ထားသော အရောင် စပ် ဖြစ်ပါသည်။ Brightness,  Saturation အတိုး လျှာ့ အမျိုးမျိုး ရှိ နိုင်ပါသည်။ အထူးသဖြင့် အဖြူ အမဲ ပုံ များ ဖြစ်ကြ ပါသည်။









အောက်ပါ နမူ နာပုံ မှာ Monochromatic  Colour Scheme နမူ နာပုံများ  ဖြစ်ပါသည်။




















Triadic –

အရောင် သုံးရောင် ဖြင့် ဖွဲ့ စည်း ထားခြင်း ဖြစ်ပါသည်။ အရောင် သုံးရောင်စလုံးမှာ Colour Wheel ၏ အချိုးညီ သုံးနေရာ (equilateral triangle on the wheel ) မှ ဆ တူ အရောင် များ ဖြစ်ကြ ပါသည်။


ဤ Harmony အရောင်စပ် ခြင်းသည် landscape photograph  တွင် split complementary နှင့် အတော် ဆင်သည်။


Triadic scheme တွင် အရောင်များသည် Unsaturated versions of Hue အရောင်များ ဖြစ်စေကာမူ Vibrant and Active ဖြစ်သည်။Triadic colour scheme သည်  အရောင် Balance လုပ်ရန် အလွယ် ဆုံး ဖြစ်သည်။






အောက်ပါ ပုံ မှာ Triadic colour scheme ဖြင့် ဖွဲ့ စည်း ထားသော ပုံ ဖြစ်ပါသည်။








Quadratic –


Colour Wheel အတွင်း ရှိ လေးထောင့် ကွက် ၏ ထောင့် ( Angle ) နေရာ များ ရှိ  အရောင် လေး ရောင် နှင့် ဖွဲ့စည်း သည့် အရောင် စပ် ဖြစ်ပါသည်။

















Complementary color harmonies နှစ်ခု ကို သုံးထားသည့် အတွက် ယင်းကို Double Complementary ဟု လည်း ခေါ်လေ့ ရှိသည်။





Quadratic Colour scheme နမူနာ  ပုံ များ။


















Diad 



Hues ( Pure spectrum colour ) နှစ်ခု ဖြင့် ပိုင်း ခြားထားသော အရောင် နှစ်မျိုး စပ် ဖြင့် ဖွဲ့ စည်းထားခြင်း ဖြစ်ပါသည်။







Diad နမူနာ ပုံ။







ဤ ကဲ့ သို့ အရောင် စပ် နှစ်မျိုး ဖြင့် ပေါင်း စပ် ခြင်း ဖြင့် အတော် ကောင်း မွန်သော အရောင် စပ်များစွာ ရှိနိုင်သည်။ အချို့ သော အရောင် များသည် အရောင် အခြင်း ခြင်း Compliment မဖြစ်စေကာမူ ပေါင်း စပ် လိုက် ခြင်း ဖြင့် အလွန် ကောင်းမွန် သည့် အရောင် စပ် ဖြစ်လာသည်။



ဥပမာ အားဖြင့် Pink and Blue တို့ သည် တစ်ရောင် နှင့် တစ်ရောင် Complimentary မဖြစ်၊ Colour Wheel တွင် လည်း နီးစပ် သော အရောင်များ မဟုတ် ကြပါ။ သို့ ရာ တွင် အထက်ပါ ပုံ တွင် မြင်ရ သည့် အတိုင်း Pink and Blue အရောင် စပ်လိုက် ခြင်း ဖြင့် အလွန် ထူးခြားသော အရောင်စပ် ရလာသည်။


အရောင် များ ပေါင်း စပ် ဖွဲ့ စည်း မှုသည် အနပညာ ခံ စားမှု တစ်ရပ် သာ ဖြစ်သောကြောင့် မည်သည့် ဥပဒေ သ ကို မှ မူသေ ယူ၍ မရပါ။ မိမိ ၏ မျက်လုံး သည်သာ အကောင်းဆုံး အဆုံး အဖြတ် ဖြစ်ပါ လိမ့် မည်။




အချုပ် စကား။



ဆိုခဲ့သည့် အတိုင်း Landscape photography တွင် အထက်ပါ Colour Harmonies များ အားလုံးကို လိုက်နာရမည် ဟု မဆိုလိုပါ။


သဘာဝ ပတ်ဝန်း ကျင် တွင် တွေ့ နေရသည့် အရောင် များသည် အထက်တွင် ဖေါ်ပြ  ထား သော Colour Scheme အတိုင်း မဟုတ် စေကာမူ  လူတို့   ဖန်တည်း ရန် မလိုဘဲ  သဘာဝ အလျှောက်  သဟဇာတ ဖြစ်နေချဉ်း  သာ ဖြစ်ပါသည်။ ရှားရှား ပါးပါး အချို့သော နေရာ များတွင်သာ အထက်ပါ Colour Scheme များအတိုင်း ဖြစ် သော အရောင်များ နှင့် ဖွဲ့စည်းထားသည့် မြင်ကွင်း များကို  တွေ့ နိုင်ပါသည်။



 ပန်းချီ မှာ မူ လိုသည့် အတိုင်း အရောင်များ     ပေါင်းစပ်ဖွဲ့  စည်း နိုင်စေကာမူ ဓါတ်ပုံ   မှာ မူ ပန်းချီ ကဲ့ ကို ဖန်တည်း နိုင်ရန် အခွင့် အလမ်း နည်းပါသည်။ သို့ရာ တွင်  အနု ပညာ ဆိုသည် မှာ အကန့် အသတ် စည်းဘောင် တို့ ဖြင့် ကန့်သတ်ထားနိုင် သည့် အရာ မဟုတ် သည့် အတွက် အထက်ပါ  Colour scheme များကို အခြေ ခံကာ  တတ်နိုင်သမျှ မိမိ ခံစား မိ သကဲ့သို့ စိတ်ကူး ကွန့် မြူး ဖန် တည်း နိုင်ကြ စေ ရန် ဆန္ဒပြု အပ် ပါသည်။



--------------------------------------------------

Thursday, 16 March 2017




91 – Common mistake in Metering                             ၉၁ - Metering တွင် မှားတတ်သည်များ။





“ Camera Metering နဲ့ ပတ်သက်တဲ့ သတိပြု ရန် အချက်ကလေး များ  “







ဓါတ်ပုံ ရိုက်ရာ တွင် ပထမ ဦးစွာ သိထားသင့်သော  အချက် များ ဟု ဆိုရမည့် ကင်မရာ Single Point Focusing, Depth of Field များအပြင် နောက်ဆုံး တွင် Camera Metering မှတ်စု ကို ယခင်  အပတ်အ တွင်းက ကျွန်တော် Blog တွင် တင်ခဲ့ပါ တယ်။

Metering နဲ့ ပတ်သက် လို့ အရင် ကလည်း သတိ လွတ်ကာ အလွဲ အမှားများ ဖြစ် ခဲ့ ၍ ပုံများ ပျက် ခဲ့ ဘူးပါ တယ်။ သို့ ရာ တွင် ကံ အားလျှော်စွာ ပြန် ရိုက် နိုင်သည့် အခြေ အနေ မျိုး မို့ လို အပ် သောပုံများ ပြန်ရခဲ့ ပါတယ်။


ယခု လောလော လတ်လတ် အမှားမှာ မူ အားလုံးကြိမ်းသေ အောင် ပြင်ဆင်ထားပြီး နောက် အလွန် အဖိုးတန် သည့် အခွင့် အရေး ရ ချိန် တွင်  အပိုင် ဆိုပြီးရိုက် လိုက်ရာ ပြန်စစ်ကြည့် မှ Metering နေရာ လွဲ ချော် သွား သည့် အတွက် အဘိုးတန် ပုံ တစ်ပုံ မှ ကောင်းစွာမရလိုက် သည့် အဖြစ်နဲ့ ကြုံ ခဲ့ရပါတယ်။

ဤ မှတ်စု မှာ ယင်း အဖြစ်မျိုး ကို အခြားသော သူ များလည်း ကျွန်တော် ကဲ့ သို့ မဖြစ်စေရန် သတိ ထားမိကြစေရန် ပြန် လည် မျှ ဝေပေးသည့် မှတ်စု ဖြစ်ပါ တယ်။


ဖြစ်စဉ် က ဒီလိုပါ။

ပြီးခဲ့သော တနင်္ဂနွေ ( ၂၀၀၇ မတ်လ ၁၂ ) ရက်နေ့ က Pasir Ris Park တွင် Pied Fantail အသိုက် ကို သွားရိုက် ကြပါတယ်။ သားပေါက် ကလေးတွေ အတော် ကြီး နေပြီး ဖြစ်လို့  ငှက် ကလေး တွေ ကို အစာ ခွံ့ တာနဲ့ အသိုက် - အ၀င် အထွက် in flight ရိုက်လို့ အတော် ကောင်းတဲ့ အချိန် ပါ။ ဒါကြောင့် လည်း မြန်မာ ငှက် ဆရာ များ နဲ့ စင်ကာပူ က ငှက် ဆရာ အတော် များများ လာကြပါတယ်။

 ငှက် ကလေးတွေ တောင်ပံ အခတ် စမ်း နေပုံ  ကြည့် ရတာ ဒီနေ့ ဘဲ အသိုက် က ထွက် မဲ့ပုံ ပေါ်ပါတယ်။  ဒါနဲ့ ငှက် ကလေး အသိုက် ကပျံ အထွက် ကို စောင့် ရိုက် မယ် ဆိုပြီး ဇွဲ နဘဲ နဲ့ စောင့် နေသူများလည်း ရှိပါတယ်။ ကျွန်တော်လည်း ပထမ က ပြန်မယ် လုပ်ပြီးမှ မပြန်တော့ ဘဲ စောင့် ရိုက် ပါတယ်။


ငှက်သားပေါက် ကလေးများ တောင်ပံ အခတ် စမ်းနေသည့် ပုံ။


အကယ် ၍ ငှက် ကလေး များ အသိုက် ကနေ ပျံ ထွက် ရင် မည်သည့် အကိုင်းက ပျံ ထွက် နိုင်မည် ဆိုသည် ကို ကျွန်တော် နှင့် ကို ဇော် ဇော် ( U Zaw Zaw ) တို့ ရွေးကြ ပါတယ်။


ကျွန်တော် တို့ နှစ်ယောက် စလုံးက အောက် တွင် ပြ ထားတဲ့ သစ် ကိုင်းက ဘဲ ပျံ ထွက် ဘို့ များတယ် လို့ တွက်ကြပါတယ်။ ဒါ နဲ့  ဒီအကိုင်း နဲ့ Plane of Focus တစ်ညီ ထည်း ကျမဲ့ နေရာ မှာ ကင်မရာ ကို နေရာ ချ လိုက် ကြပါတယ်။




အခြား ဖြစ်နိုင် ဘွယ် ရာ တစ်ခု ကတော့ အသိုက် နောက် က သစ်ကိုင်း ကို လည်း ခုန် ပြီး ကူး သွားနိုင်ပါတယ်။ ကိုယ် မွေးထားတဲ့ Model ငှက် မဟုတ်တော့ ဘာကို မှ အစိုး မရပါ။ အဲဒီနေရာ  ဆိုရင် တော့ ကျွန်တော် တို့ Setting လုပ်ထားတဲ့ Depth of Field ကနေ လွတ်သွား လို့ ပုံ ပြတ်သား မှု မရ နိုင်တော့ပါ။






ဒီနေရာ မှာ အရေး ကြီးတာ တစ်ခု က အကြောင်းကြောင်းကြောင့် ငှက် က ဘေးတိုက် တည့် တည့် မှန်း ထားတဲ့ အကိုင်း ကနေ မပျံ ဘဲ နည်းနည်း စောင်းပြီး ပျံ လိုက်ပါက ခေါင်းရောအမြီး ပါ ပြတ်သားအောင် Depth of Field ကို Set လုပ်ရန် လို ပါမယ်။

လိုခြင် တဲ့ Angle ရ တဲ့ နေရာ က အသိုက် နဲ့ ဝေးတော့ Focal length ကို 600 mm က လျှော့ လို့မရပါ။ ဒီ တော့ 600 mm မှာ ရှိတဲ့ အကျယ်ဆုံး ဖွင့် နိုင်တဲ့ Aperture ဟာ f – 6.3 ဆိုစေကာမူ  Depth of Field  ဟာ အလွန် ပါးနေ ဆဲပါ။

ဒါကြောင့် နှစ်ယောက် သား မတိုင် ပင်ကြဘဲ ကျွန်တော် တို့ Set လုပ်ထားတဲ့ Aperture Setting တွေဟာ f – 8 ဖြစ်နေတာ တွေ့ ရပါတယ်။ အလင်း ရောင် ကွယ်နေတဲ့ နေရာ မျိုး မှာ Aperture ကို ဒီထက် ကျဉ်း လိုက်ရင်   ISO ပို တက်သွားတာ ကို မဖြစ်စေလို တဲ့ အတွက်ပါ။ အလင်းရောင် ကောင်းလာရင် f – 9 လောက် လည်း ထားပါတယ်။

ငှက် ကလေးတွေ ပျံ တာနဲ့ သူတို့ မိခင် ဖခင် တို့ ပျံ တာကတော့ အသိုက် အ၀င် အထွက် မို့ သိပ်မမြန် လှ ပါ။ အထူးသဖြင့် အသိုက် အ၀င်မှာ သစ် ကိုင်းတွေ ကို ရှောင် ၀င်ရ လို့ အရှိန် လျှော့ ၀င် လေ့ ရှိပါတယ်။ ဒါကြောင့် Exposure speed  1/1250s လောက်နဲ့ ဘဲ ရိုက်ပါတယ်။ ဒီထက် မြန်မြန် ပျံလည်း တောင်ပံ ဖြား လေးတွေ မှာ Motion Blur လည်း ရခြင်လို့ပါ။

ကျွန်တော် ကတော့ ငှက် တောင်ပံ တွေ အားလုံး Freeze ဖြစ်နေတာ ထက် တောင်ပံ အဖျားလေးတွေ ၀ါး ( Motion Blur ) နေတာ ဟာ Artistic Impression အရ လှ တယ် လို့ ယူဆ ပါတယ်။ ဒါ ကတော့ အနုပညာ သဘော သက်ရောက် လို့ လူတစ်ကိုယ် အကြိုက် တစ်မျိုး စီ ဖြစ်နိုင် ပါတယ်။








Metering ယူ ခြင်း။


ကိုဇော်ဇော် ရော ကျွန်တော် ပါ Nikon သမားများဖြစ် ကြ ပါတယ်။ Metering ယူ ရာ တွင် လည်း မတိုင်ပင်ဘဲ Center Weighted Average ကို ယူ ကြပါတယ်။ ကျွန်တော့် ကင်မရာ D4  ရဲ့ Center Weighted Average Area ကိုတော့ မူလ 12 mm ကနေ 8 mm ကို လျှော့ ချ လိုက်ပါတယ်။

ကျွန်တော် တို့ နေရာ ယူ ထားတဲ့ နေရာက ညနေ စောင်း နေကျ ချိန်  အလင်း ရောင် ပြောင်းပြန် ( Against the Light ) ရိုက် ရတဲ့ အချိန် မို့ Contrast အတော်များ ပါတယ်။





ဒါကြောင့် အလင်းရောင် ( Exposure ) ကို ကိုယ် လိုသလိုရ ခြင် တဲ့ စိတ် ကူးနဲ့ အသိုက် နောက် က အလင်းရောင် မျှ တယ် လို့ ထင်တဲ့ နေရာ ဆီ ကို Active Focus Point ကို ပို့ လိုက်ပါတယ်။

Focus က တော့ အောက်ပါ ပုံ မှာ ပြ ထား တဲ့ အတိုင်း  အသိုက် နဲ့ သစ်ကိုက် ဆုံ နေတဲ့ (A) နေရာ မှာ  AF -( C ) ရဲ့ Single ( Active focus point ) နဲ့ Manual အသေ ဖြတ်ထား တဲ့ အတွက် အသိုက် ရယ် သစ် ကိုင်း အဆုံ နေရာ နဲ့ တစ်ပြင်ညီ  Plane of Focus  နေရာ တွေ ကို Focus  ဖြတ် ပါ လိမ့် မယ်။ 

Metering က တော့ အလင်းရောင် မျှ စေ ဘို့ စိတ် ကူး နဲ့ Active Focus Point ကို ( B) နေရာ ကို ရွှေ့ လိုက်ပါတယ်။  ( B ) နေရာ မှာ ရှိတဲ့  အလင်းရောင် အတိုင်း Firmware က Exposure ကို တွက်ပေး ဘို့ ခိုင်းလိုက် တာပါ။





 ( B ) နေရာ မှာ Exposure မျှမျှ တတ ဖြစ်နေ တယ် လို့ ယူဆ လို့ ဒဓနေရာကို Active Focus Point ပို့ ထားပြီး  Metering ယူ ရခြင်း ဖြစ်ပါတယ်။

အထက်ပုံ ( B ) နေရာ ကိုကြည့်ပါက သစ်ကိုင်း အောက် ပိုင်းက နည်းနည်း မှောင် ပါတယ်။ အောက် ပုံ ကို ကြည့်ပါက သစ်ကိုင်း က လွတ်သွားတဲ့ ( D ) လို နေရာ မှာေ တာ့   မဲ မှောင် နေပါတယ်  ။  သစ် ကိုင်း ကို နေထိုး နေတဲ့( C )လို နေရာ တွေ နဲ့ သစ်ရွက် တွေ က အလွန် တောက် ပနေပါတယ်။


 ဒီလို အလင်းရောင်မတူ တဲ့ နေရာ တွေ ကိုလိုက် လို့ မည်ကဲ့ သို့ Exposure ထွက် လာမယ် ဆိုတာ ကို သိအောင် ငှက် မလာ ခင်ထည်း က အကြိမ် ကြိမ် စမ်းရိုက် ရပါတယ်။



Active Focus Point ကို အလင်း အမှောင် နေရာအမျိုးမျိုး ပြောင်းကာ ထောက်ထားသည့်ပုံ။



အထက်ပါ ပုံ တွင် ပြထားသည့် အတိုင်း အကယ်၍ သစ်ကိုင်း အောက် က မှောင် နေတဲ့  ( D ) နေရာ ကို Active Focus Point ကို ပို့ လိုက်ရင် Camera firmware က တအား မှောင် တယ် ဆိုကာ Exposure ကို တအားတင် လိုက်လို့ အောက်က ပုံ ကဲ့ သို့ Overexpose ဖြစ်သွား ပါတယ်။





အကယ်လို့ တအား လင်းနေတဲ့ အသိုက် နဲ့ သစ်ကိုင်း ဆုံရာ ( C )  ပိုင်းကို Active Focus Point ကို ထောက်လိုက် ပါက  Camera Firmware က အလွန် လင်းတယ်လို့ မှတ်ကာ အောက် က ပုံ လို  Exposure ကို လျှော့ ချ လိုက်တာ တွေ့ ရပါတယ်။ 






Family Picture.


Metering နေရာ များကို စစ်ပြီးချိန် တွင် အသိုက် သို့ Pied Fantail အထီးရော အမ ပါ လာပါတော့တယ်။ ဒီလို မိစုံ - ဖစုံ မိသားစု Family ပုံမျိုး ကို ငှက် ရိုက်တဲ့ လူ တိုင်း လို ခြင်ကြပါတယ်။ အလွန် လည်း ရ ခဲ တဲ့ ပုံ မျိုး ပါ။

ကျွန်တော် ဘက် က Angle သည် အလွန် ရှင်း နေပါတယ်။ Metering ကို လည်း စိတ် တိုင်းကျ Set လုပ်ထား ၊ Angle က လည်း ကောင်း ၊ ဘာမှ ပြော စရာမလို ၊ ကျွန်တော် တစ်စက္ကန့် (၁၁ ) ပုံ နှုန်း နဲ့ ငှက် တွေ အသိုက် ပေါ် မှာ အခြေ ကျ ပြီး ပျံ ထွက် သွား တဲ့ အထိ ပုံအတော် များများ ရိုက် လိုက်ပါတယ်။

ငှက် အထီး ၊ အမ တွေလည်း ပျံ ထွက် သွားတော့ ပုံ တွေ ကို အားရ၀မ်းသာ စွာ ပြန် စစ်ပါတယ်။

 ဒီအခါ မှာ ပုံတွေ က အထင် နဲ့ အမြင် တက်တက် စင် လွဲ နေတာ တွေ့ ရပါတယ်။ ပုံတွေ ဟာ    Underexposed ဖြစ်ပြီး   မှောင် နေ ကာ  သုံး မရ တော့  လောက်နှီးပါး ဖြစ်နေတာ တွေ့ ရပါတယ်။

အောက်ပါ Family Picture ပုံ အတိုင်းပါဘဲ။





ဘာကြောင့် လည်း လို့ ပြန် စစ် ကြည့် တော့ Metering နေရာ လွဲ သွားတာ  ကြောင့် ဒီလို ဖြစ် သွားတာ လို့ သိလိုက် ရပါတယ်။

ဒီလို Metering နေရာ လွဲ သွားတာဟာ ကင်မရာ လှုပ် သွားတဲ့ အတွက် တကဲ့ ကို နေရာ သေး သး လေး အပေါ် ထောက်တားတဲ့ Active Focus Point ဟာ မူလ နေရာက နေ ဒီထက် ပို လင်းတဲ့ နေရာ ကို ပြောင်း သွားနိုင် သလို လေတိုက် လို့ သစ်ကိုင်းတွေ လှုပ် ရင်လဲ ပြောင်း သွား နိုင်ပါတယ်။ 


Focal Length 600 mm လောက် မှာ ကင်မရာ နည်းနည်း လေး လှုပ် တာနဲ့  Metering ဖမ်း ထားတဲ့ နေရာ ဟာ သိသိ သာသာ ပြောင်း သွား  နိုင်ပါတယ်။

Metering ယူရန် Set လုပ်ထားတဲ့ Active Focus Point ဟာ အထက် မှာ ပြ ထားတဲ့ ပုံ အတိုင်း ( C ) ကဲ့ သို့ နေရာ မဟုတ်စေကာမူ အတော် လင်းသည့် သစ်ကိုင်းနေရာ ကို ပြောင်း ကာ ထောက် လိုက် မိခြင်းသာ ဖြစ်ပါ မယ်။

ဒီ လိုပြော နိုင်တာက အရင် က ဖြစ်ဘူးလို့ပါ။ ကျွန်တော် Japanese Garden မှာ Tailor bird အသိုက် ရိုက်စဉ် က ဒီ အတိုင်း  ဖြစ်ဘူးပါတယ်။





အထက်ပါပုံ အတိုင်း Metering အနီ လေးထောင့် ကွက် ကလေးကို ငှက် ငယ် ကလေးတွေ ရဲ့ ခေါင်းကို ယူ ကာ ရိုက်ပါတယ်။ အလင်းရောင် ဘာ ပြသနာ မှ မရှိပါ။

ဒီ အချိန် မှာ လေ တိုက် နေပါတယ်။ အသိုက် က သစ်ရွက်တွေ ကို စည်းနှောင်ကာ လုပ်ထားလို့ လုပ် ထားတဲ့ အသိုက် မို့ လေ အတိုက်မှာ လှုပ်နေပါတယ်။ လေတိုက် လို့ အသိုက် ရွေ့ အသွားမှာ  Metering ယူရန် ပို့ ထားတဲ့ Active Focus Point ဟာ အသိုက် နောက် က အလွန် လင်း ပြီး နေရောင် အောက်မှာ တောက်ပနေတဲ့ မျက်တော ကို သွား ထောက် လိုက် တာ ကို ကျွန်တော် မသိလိုက်ပါဘူး။

ဒီတော့ Camera Firmware က  တအားလင်းနေ လို့ မှတ် ကာ Exposure ကို လျှော့ ချ လိုက် လို့ အောက် ပါအတိုင်း ခတ်မှောင် မှောင် Underexposed ဖြစ်သွားပါတယ်။




သို့သော် ဒါလေးတွေ ပြန် ရလိုက်ပါတယ်။

ဤ ကဲ့ သို့ မှား ခဲ့ ပေမဲ့  RAW နဲ့ ရိုက်ထားလို့ Pied Fantail Family Photo ကို  ပြန် ပြု ပြင်ရာ အောက်ပါ အမိ-အဖ နဲ့ ငှက်ငယ်လေး နှစ်ကောင် ပါတဲ့ မိသားစု ပုံကို အခြေ အနေ လောက် ရလိုက်ပါတယ်။




ကံအားလျှော်စွာ ငှက်ငယ် လေး တစ်ကောင် အသိုက် က ပျံ ထွက် သွားတဲ့ အောက်ပါ ပုံ ကိုလည်း အကောင်းဆုံး မဟုတ် စေကာမူ လက်ခံ နိုင်လောက်တဲ့ အဆင့် လောက် ရ လိုက်ပါတယ်။



ဤကဲ့ သို့ အမှားမျိုး မှား ရာ တွင် ပြန် ရိုက် နိုင်သည့် ပုံ များ အတွက် မထောင်းတာ ပါသေည်လည်း ပြန်ရိုက် လို့ မည် သို့ မှ  မလွယ် သည့် ယခု လို Pied Fantail Family Photo မျိုး အတွက် မှာ မူ ကြီးစွာသော ဆုံးရှုံး မှု မျိုး ဖြစ်စေတယ် လို့ ဆိုရပါမယ်။

ကျွန်တော် ကဲ့ သို့ အမှား မ ဖြစ်စေ ရေး အတွက် ကျွန်တော့် အတွေ့ အကြုံ  ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။

-------------------------------------