Tuesday, 15 April 2025

 


နှလုံး သွေး နှင့် ရေး လေ သော အခါ…”



 

မောင် ( မန်း-တက္ကသိုလ် )

()

သင်းချို ….နေ့လယ် စာ ဘာစားမလဲဟင်…”

မောင်မောင်စိုး က သင်းချိုအေး ကို မေး လိုက်သည်။

အခု ကိုယ် တို့ က Peninsula Shopping Center  ဘက် မှာ ဆိုတော့ သင်းချို စားချင်တာ ဒီဘက်မှာ မရှိ လောက်ဘူး။ လမ်း ဟိုဘက် ချမ်း က Plaza ဘက် ကူးရ မယ် လေ …”

မောင်မောင်စိုး က Peninsula Shopping Center   ဘက် က ကင်မရာ ဆိုင် များမှာ Camera Lens များ Body များကို တစ်ဝင် တစ်ဆိုင်ထွက် လိုက်ကြည့်  နေသည်။  သင်းချိုအေးက လည်း  လိုက် ခြင်သည် ဆို၍ ခေါ်လာသည်။ ဒီ ဘက်မှာက ကင်မရာ နှင့် မိုဘိုင်း တယ်ဖုံး စသည့် လျှပ်စစ် ပစ္စည်း တွေ ရောင်း တဲ့ ဆိုင် တွေ က အများစု မြန်မာ စားသာက်ဆိုင်က မရှိလှ။ Coleman Street အခြား ဘက်ရှိ Peninsula Plaza ဘက်မှာ သာ မြန်မာ ဆိုင်များ ရှိသည်။

 Peninsula Plaza သည် စင်ကာပူ တွင် Little Myanmar လို့ ဆိုရလောက် အောင် အလုပ်ပိတ်ရက်များ တွင် ရွှေမြန်မာ များ တိုး မပေါက် အောင် စည် ကား စွာ စုဝေး သည့် နေရာ ဖြစ်သည်။လွန်ခဲ့တဲ့ နှစ် သုံးဆယ်-လေးဆယ် ခန့် က စင်ကာပူ စာရင်းဝင် အင်းဝင် အလုပ်ကိုင်နေကြသည့် ရွှေမြန်မာ အိမ်ထောင်စု အရေ အတွက် မှာ လေးရာပင် မကျော်။ ရိုးရိုး လာသူရော အမျိုးမျိူး လာသူရော အားလုံးပေါင်း ပါမှ သောင်း ဂဏန်းပင် မရှိ ။အခု အချိန်တွင် သိန်း ပေါင်း များစွာ ရှိနေလေပြီ။

စင်ကာပူတွင် အလုပ်လုပ်ကိုင် နေထိုင်သည့် အိန္ဒိယမျိုးနွယ်များ စုဝေးနေထိုင်ရာ Bukit Timah လမ်း အောက်ပိုင်း နှင့် Serangoon Road တစ်ဝိုက်ကို Little India ဟုခေါ်သည်။ အလုပ် အားလပ် ရက် များတွင် စင်ကာပူ၌ အလုပ်လုပ်ကိုင် လျှက် ရှိကြ သည့် ဖိလစ်ပိုင် အလုပ်သမား များ က Orchard Road ရှိ Lucky Plaza တွင် စုဝေး ကြကာ ထိုင်း များ က Beach Road ရှိ Golden Mile Tower မှာ စုဝေးကြသည်။ အင်ဒိုနီးရှား များ မှာ Paya Lebar အရပ်ရှိ City Plaza မှာ စုဝေးလေ့ ရှိကြသည်။ ထိုနေရာ များတွင် သူ တို့ တစ်တွေတစ်တွေရဲ့ ဒေသဆိုင်ရာအစားအသောက် အသုံးအဆောင်နှင့် ဝန်ဆောင်မှု လုပ်ငန်း များ အစုံ ရသည်။  ရွှေ မြန်မာများ စုဝေးရာ က မူ  Little Myanmar ဟု ဆိုရမည့် Pennisular ပင် ဖြစ် လေသည်။

ပင်နီစူလာ ပလာဇာ၏ အထပ်တိုင်းတွင် မြန်မာဆိုင်များရှိသည်။ ပင်နီစူလာ တစ်ခုလုံး မြန်မာ ဆိုင်တွေ က အပြည့် ရွှေမြန်မာတစ်ယောက် လိုအပ်တာ တစ်ခုကို နှုတ်က ရွတ်ကြည့်ပါ အလွန်ကတ်သီး ကတ်သတ် နိုင်သည့် ပစ္စည်းက  လွဲလို့ ကျန်တာ အားလုံး ပင်နီစူလာမှာ ရနိုင်ပေသည်။ မရ နိုင် ဆိုတာ မရှိ သလောက်။

ကွမ်းယာတို့ မိုးဒီ နဲ့ ကြော်ငြာ တဲ့ ထက်လင်းရင်လူး ဆေးတို့လို အသေး အဖွားက အစ၊ ငွေလွှဲ တဲ့ ကိစ္စ နိုင်ငံကူးလက်မှတ် ဆိုင်ရာ ကိစ္စများ နိုင်ငံတကာဗီဇာ ဆိုင်ရာ အကျိုးဆောင်မှု များ အလယ်၊ ဆေးခန်း နှင့် ဥပဒေ အကျိုးဆောင် အဆုံး အားလုံး ရနိုင်သည်။ မြန်မာ လဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ဆံပင်ညှပ် ဆိုင်၊ ဓါတ်ပုံဆိုင်၊ အလှပြင်ဆိုင် လေယာဉ်လက်မှတ် အရောင်းဆိုင် Stay Permit ကိစ္စ ဆိုင်ရာ အကျိုး ဆောင်လုပ်ငန်းများ၊ မြန်မာ နိုင်ငံ သို့ ပစ္စည်း ပို့ ငွေ ပို့ ငွေ လဲ ( Money Exchange ) အဝတ် အထည် ပြင်ဆိုင် စသည် တို့ အားလုံး ရှိသည်။ You name it, I have it လို့ ဆိုရမည့် နေရာ ဖြစ်သည်။

 အလုပ် နားရက် တစ်ရက် အတွင်း လိုခြင်တာ လုပ်ခြင်တာ အားလုံး - ဟိုပြေး ဒီပြေး.. ပြေး နေစရာ မလို ပင်နီစူလာ တွင် အားလုံး ပြီး နိုင်သည်။

သင်းချို အတွက် အရေး မကြီးပါဘူး အကိုအကို စား တာ သင်းချို စားပါမယ်

ကဲ ဒီ လိုဆို ..အကိုတို့ Plaza ဘက် ကူးမယ် လူနည်း နည်း ရှင်း တဲ့ အင်းလေး ဆိုင် သွား ကြမယ်

လမ်းကူး တော့ သင်းချိုအေးက ကားရှင်း ရှင်း၊ ရှုပ်ရှုပ် လုပ်နေကြ အတိုင်း မောင်မောင်စိုး လက်ကို ဆွဲ ကာ ကူးသည်။




Little Myanmar, Peninsula Plazar.



မောင်မောင်စိုး ကဲ့ သို့   လူထု နှင့် ဆက်ဆံ ရသည့် ကောင်စစ်လို သံရုံး အရာ ရှိ လည်း မဟုတ်  အားလပ် ရက်များ တွင် မြို့ ထဲ သွားလေ့ မရှိ ဘဲ တော ထဲ သွားကာ ငှက်တွေ ကို ဓါတ်ပုံ သွား ရိုက် နေ သည့် Bird Photographer လို လူ ကို မြန်မာ အသိုင်း အဝိုင်း တွင် သိ သူ အလွန် နည်း လှသည်။

 “ အကို ..အမှန် ပြော ရင် သင်းချို ..လေ ပင်နီစူ ကနေ အခြား ဘယ်နေရာ မှ ဟုတ်တိ ပတ်တိ ရောက်ဘူးတာ မဟုတ်ဘူး။ အကို ငှက်တွေကို ဓါတ်ပုံသွား ရိုက် နေတဲ့ စင်ကာပူ အရှေ့ဖျားက ပါဆာရစ် ဆိုတဲ့ နေရာ ကို လိုက် ကြည့် ခြင်တယ် အကို….

မောင်မောင်စိုး အပတ်စဉ် ရုံးပိတ် ရက် တိုင်း  စင်ကာပူ အရှေ့ ဖျား ပင်လယ်ကမ်း ခြေ က Pasr Ris အရပ်ရှိ လမု ရွှံ့ ညွံ တော

 ( Mangroves ) ထဲ က ငှက် တွေ နဲ့  Kingfisher ငှက် တွေ တင်ပနိစ် (Tampinese) မြစ် မှာ ရေ ထဲ ဒိုင်ဗင် ထိုး ဆင်း ပြီး ငါး ဖမ်း  တာကို အားလပ် ရက် တိုင်း သွား ရိုက် လေ့ရှိသည်။

Pasir Ris Mangroves သည် Kingfisher ငှက် များ ပုံမှန် လှည့် လယ် ကျက်စား နေသည်နေရာ ဖြစ်သည်။  Stork billed Kingfisher ( ဆင်ပိန်ညှင်း), Common Kingfisher ( ပိန်ညှင်း), Collored Kingfisher ( ပိန်ညှင်းဂုတ်ဖြူ ), White Throated Kingfisher ( လည်ဖြူ ပိန်ညှင်း ), စတဲ့  ငှက်တွေ ငါး ဖမ်း တာ ကို ဓါတ်ပုံရိုက် ရန် အလွန် ကောင်း သည့် နံမည်ကြီး နေရာ ဖြစ်သည်။ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် နိုင်ငံများ မှ  Bird Photographer များပင် လာ ရိုက် လေ့ ရှိကြ သည်။

 Kinfisher ငှက် များ အလွန် လျှင်မြန်သည့် အလျှင် နှုန်း နဲ့ ရေ ထဲ ထိုးဆင်း ကာ ငါး ဖမ်းပြီး ရေ ပန်းပွား များနဲ့ အတူ ရေပေါ် ပျံ တက် လာသည့် ပုံ ကို အမိအရ ရိုက်ကြ သည်မှာ ဓါတ်ပုံ သမားများအတွက် Great Challenge ဖြစ်သည်။ ငှက် နဲ့ လူ Game ကစား သလို ဖြစ်နေသည်။ Kingfisher ငှက် ငါး နဲ့ အတူ ရေ ပန်းပွား များနဲ့ ရေပေါ် ပျံ တက် လာတဲ့ ပုံ ရလိုက်လျှင် “ We Win… “ လို့ ဆို ကြသည်။ ငှက် ..ငါးဖမ်းပြီးလို့ အသိုက် ကို ပြန် သွားလျှင် “ Game Over….” လို့ ပြော လေ့ရှိကြသည်။

Kingfsherများ အနက် Common Kingfisher ပျံသန်းနေစဉ် in-flight ရိုက်ရသည်မှာ အခက်ဆုံး ဖြစ်သည်။ Common Kingfisher သည် စင်ကာပူ ဌာနေ ငှက် ( Native Bird ) မဟုတ်။ သူ့ ရာသီရောက်မှသာ အခြားသော နိုင်ငံများ မှ စင်ကာပူ သို့ ခနတာမျှ ကူးလာသည့် Migrate Bird ဖြစ်သည်။  အကောင်က စာကလေး သာသာ သေးသေး လေး သာ ရှိပြီး ပျံသန်း သည့် အမြန် နှုန်း မှာ တစက္ကန့် ကို (၁၁) မီတာ ( 40km/hr ) လောက် အမြန်နှုန်း နဲ့ ပျံ သည်အတွက် အဆိုပါ အကောင် သေးသေး လေး ကို ဤမျှသော အမြန်နှုန်း ဖြင့် ပျံနေစဉ် Continuous Auto Focus ဖြင့် Focus ဖမ်းရ သည်မှာ မိရန် အလွန့်အလွန်  ခက်သည့် ငှက် ဖြစ် သည်။

မောင်မောင်စိုး တို့ အဓိက ရိုက်သည့် ငှက် မှာ Stork billed Kingfisher ဖြစ်သည်။ အကောင်လည်း ကြီး လှလည်း လှ ပုံမှန် လည်း လာလေ့ ရှိကာ ငါး လည်း အကြိမ်ကြိမ် ဖမ်း ဖြစ်သည်။ သည်အကြောင်း သင်းချိုအေး ကို ပြောထားဘူးတော့ ..အထူးအဆန်းကို စိတ်ဝင်စား တဲ့ သင်းချိုအေး ..ပူဆာလေပြီ။

အဆင်ပြေ တဲ့ နေ့ ခေါ် ပါ့ မယ် .. ဟိုရောက် တော့ မှ လမု တော ထဲ မှာ ပျင်းတယ် ပူ တယ်၊ စိတ်ညစ် တယ် လို့ မငြီး ကြေးနော်

အကို..ရယ်အကို ရှိနေတဲ့ အရပ်မှာ ….သင်းချို ..ပြင်းတယ် လို့ဆို ပါ့ မလား….ကွယ်.  “

သည်လို အပြောမှာ မောင်မောင်စိုးနစ်မော နေမိ ပါသည်။

()

မောင်မောင်စိုး ရဲ့ ပြည်ပ-တတိယ အကြိမ် တာဝန်ကျ ( Third Assignment )  သော စင်ကာပူ သံရုံး မှာ တာဝန် ယူရတာက ပထမ အတွင်းဝန်(ကုန်သွယ်ရေး) ဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးရာ ကိစ္စ ရက်များကို ကြီးကြပ် ကူညီ ဆောင်ရွက် ပေးရ သူ ဖြစ်သည်။ ယခင် မြန်မာ နိုင်ငံ ကုန်သွယ်ရေး ကို နိုင်ငံတော်က လုပ်ကိုင် နေစဉ်က လုပ်ငန်း ဆောင်တာ များ လှစေကာမူ ယခု ကုန်သွယ်ရေး ကဏ္ဌမှာ ပုဂ္ဂလိက ပိုင်း ဆိုင်ရာ များ လာသည့် အချိန် တွင် လုပ်ငန်း ထုထယ် က အရင် ကလောက် မများ လှ။ သည် နေရာသည် မိမိတွင် လိုနေသည့် လစ်လပ်နေသည့် Trade and Investment ဆိုင်ရာ ပညာ ဗဟုသုတ ကွက်လပ် ကို အတော် ဖြည့် နိုင်သည့် နေရာ ဖြစ်သည် ဟု ဆိုရမည်။ သည်နေ့ တွင် ကုန်သည် လုပ်ငန်းရှင် များ ရော သံတမန် ကိုပါ ဖိတ် ကြား ထား သည့်စင်ကာပူ Marina Bay မှာ ကျင်းပတဲ့ ကုန်သွယ်ရေး ဖွံ့ဖြိုးမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး ပွဲ မောင်မောင်စိုး တက် ရသည်။

မစ္စတာစိုး…. စင်ကာပူ ဟာ သယံဇာတ မပြော နဲ့ ရေ ကိုတောင် မလေးရှားက နေ ဝယ် သောက် နေရတဲ့ အဖြစ်က အခုလိုFirst World လောက် အဆင့် ရောက် လာတာ ကို ကျွန်တော့် အမြင် တင် စား ပြော ရရင် ငွေကြေး လယ်ပတ်မှု ကြိမ်နှုန်း များ များ မြန်မြန် လယ်ပတ်မှု ကြောင့် ဖြစ်ပါတယ်။  အခြား အရာ တွေ က လယ်ပတ်မှု များရင် ပြုန်းတည်းတယ်၊ ငွေကြေး ကတော့ လယ်ပတ်မှု များလေ ပွား များ လာလေဘဲ လို့ ဆိုရမယ်၊စင်ကာပူ တိုးတက် မှု ရဲ့ အဓိက မောင်းနှင် အား က တော့ Financing ဘဲ လို့ ဆိုနိုင်ပါတယ်။

ဆွေးနွေး ပွဲ အပြီး မှာ မိတ်ဆွေ စင်ကာပူ လုပ်ငန်းရှင်တစ်ဦ်း ဖြစ်တဲ့ Michel Pone ‌ပြော လိုက် ခြင်း ဖြစ်ပါသည်။ သူ က ပင် ဆင်လက်၍…..

 “…မစ္စတာ လီကွမ်ယူ ဝန်ကြီးချုပ် တာဝန်ယူ စဉ် က တမ္ဘာ လုံး ရဲ့ Stock and Share Market တွေကို လေ့ လာတယ်။ နံနက်မှာ စဖွင့်တဲ့  အမေရိကန် လော့အင်ဂျလိစ်ဈေးကွက် ကအစ နေ့ခင်း ဖရန့်ဖတ်ဈေးကွက် အလယ် ပိုင်း တိုကျို ဈေး ကွက် အဆုံး တစ်နေကုန် ဈေးကွက်တွေ ကို အပြန် ပြန် အလှန် လှန် လေ့လာ ပြီး နောက် လွတ်နေတဲ့ စင်ကာပူ ကွက်လပ်  နေရာ လေး မှာ စတော့ ဈေးကွက် တစ်ခု ဖြစ်အောင် ကမ္ဘာ့ ဘဏ်ကို တင်ပြပြီး ဖန်တည်း ပေးခဲ့တယ်။ စီးပွားရေး အမြင် ကျယ် တယ်လို့ ဆ်ုရမယ်။ အခု ကြည့်လေ ကျွန်တော်တို့အချိန် နဲ့ စင်ကာပူထက် အရှေ့ဘက် အများကြီး ရောက်နေတဲ့ ဟောင်ကောင် အချိန်တို့  တူနေတာ ကို …..   ”

လေ့လာ သင်ယူခြင်း ဆိုသည့် Leaning Process ဆိုသည်မှာ ဘယ်သော အခါ မှ ရပ်တန့် သွားသည် မရှိ။ လမ်း လျှောက် ရင် လည်း ပညာ သင် နိုင် တယ် လို့ ဆိုရပါမည်။

 

သံရုံး ပြန်ရောက် သည်နှင့် သံအမတ်ကြီး ခေါ် သည်ဆို သံအမတ်ကြီး ရုံး ခန်း သို့ တန်း ဝင် ရသည်။

သံအမတ်ကြီးက ..

ကိုမောင်မောင်စိုး …. ခင်ဗျား က တော့ Trade Desk ( ကုန်သွယ်ရေး ) ကို ကိုင်ပေမဲ့ အုပ်ချုပ်ရေး ကိုင်တဲ့ ကို မျိုးဝေ အရေးပေါ် ခွင့်ပြန် သွားလို့ Admin ခန ကိုင်ပေးပါဗျာ။ ရုံးချုပ်မှာ တုန်း က ခင်ဗျားက စီးပွားရေးမှာ ရော အုပ်ချုပ်ရေး မှာ ပါ လုပ်ခဲ့ ဘူး တဲ့ သူ မို့ ခင်ဗျားကို တာဝန် ပေးတာပါ။

ဟုတ်ကဲ့ သံအမတ်ကြီး ကျွန်တော် က လူလွတ်မို့ အချိန် လည်း ပေးနိုင်ပါတယ် လိုတာ ကို ညွန်ကြား ပါ ခင်ဗျာ

ကိုမောင်မောင်စိုး ..အခု အရေး တကြီး လိုတာ က သံ ရုံးဆေးသုတ် ဘို့ပါ ကျွန်တော် တို့ သံရုံးက နိုင်ငံသား အများစု လာနေတော့ ဆေး ကျို့ တို့ ကျဲတဲ ဖြစ်နေတာ အမြင် မကောင်းဘူးဗျာ။ ဘဏ္ဌာ ငွေ မလောက် လို့ ခွင့်ပြု မိန့် တင်ထားတာ လည်း မကျ သေး တော့ လုပ်ငန်း ကြိုလုပ် ထားလို့ ရအောင် ခင်ဗျား လုပ်ငန်းရှင် မိတ် ဆွေ တွေ နဲ့ ညှိ နှိုင်း ဆောင်ရွက် စမ်းပါဗျာ၊

မခက်လောက် ဘူး ထင်ပါတယ် သံ အမတ်ကြီး ကျွန်တော် အဆင်ပြေအောင် ဆောင် ရွက် လိုက် ပါမယ်။ ဆေးသုတ် လုပ်ငန်း လုပ်နေတဲ့ ကျွန်တော့် မိတ်ဆွေ သုတ်ဆေးလုပ်ငန်းရှင် တွေ ရှိပါတယ်။ အရင်က ဆေး သုတ် တာ တင်မက အသေးစား ပြင်ဆင် မှု တွေ လည်း သူတို့ ဘဲ လုပ်ပေးခဲ့ ဘူးပါ တယ်။

အေး ဗျာခင်ဗျား အစီ အစဉ် အတိုင်း ဆက်လုပ် ပါဗျာ ….”

()

သည်လိုနဲ့ မောင်မောင်စိုး လည်း  မိတ်ဆွေ ဖြစ်သူ Nippon Paint Trading နှင့် ဆေးသုတ် လုပ်ငန်းရှင် ကိုမောင်ထွန်း နေထိုင် ရာ Bukit Batok အရပ်ရှိ  Regent Heights Condo သို့  ချီတက် ခဲ့ ရလေတော့ သည်။

သင်းချိုအေး နဲ့ တွေ့ ဆုံ ခဲ့ သည့် အဖြစ် ကလေး လို့ ဆိုရပါမည်……

ကိုမောင်ထွန်း နေ ထိုင်သည့်  Regent Heights Condo  ရောက် တော့ Regent Heights Condo ဆေးသုတ် ချိန် မို့ ဆေးသုတ် သည့် မွန် အမျိုးသား အုပ်စု ကို တွေ့လိုက်ရသည်။ ကိုမောင်ထွန်း က မွန် အမျိုးသား ဖြစ်သည်။  သူ့ လုပ်သား အများစု သည်လည်း မွန်အမျိုးသား များ ဖြစ်ကြသည်။ ကိုမောင်ထွန်း နဲ့ ရင်းနှီး သူ မို့ သူ့ ဆေးသုတ် လုပ် သား အတော်များများ  ကိုလည်း မောင်မောင်စိုး သိ သည်။

ကိုမောင်ထွန်း နေသည့် Tower-C ရှေ့ ကို မောင်မောင်စိုး ရောက်တော့ လုပ်သား ခေါင်း ဆောင် အောင်မင်း က ..

ဆရာဦးမောင်ထွန်း ကို လာတွေ့ တာလား သူဌေး အပြင် ခန ထွက် သွားတယ် ဒီ နားလေးတင်ပါမကြာ ခင်ပြန်လာ မှာ ပါ...ကျွန်တော် တို့ လည်း သူ့ ကို စောင့်နေတာ ….”

ဒီ ကိုလာတာ ဆေးသုတ်တဲ့ လုပ်ငန်း အတွက် ဆိုတာ သူ ရိပ်စား မိသည်။

မောင်မောင်စိုး  အောင်မင်း တို့ နဲ့ စကားပြော နေစဉ် ဈေး မှပြန် လာသည့် ဖိလစ်ပိုင် လိုလို၊ တရုတ် စပ် လိုလို ဖြူဖြူ သွယ်သွယ် ချော ချော အသက် နှစ်ဆယ် အတော်ကျော် သုံးဆယ် နား စွန်း ပုံ သော မိန်း ကလေး တစ်ဦး အထုပ် ပေါင်းစုံ တိုးလို့ တွဲ လောင်း နဲ့ တိုက် ဆင်ဝင် ရှေ့ ရောက် လာသည်

အမလေး တော်မော လိုက် တာ…” လို့ ငြီး လိုက်တော့ မှ မြန်မာ   လေးမှန်းသိလိုက်သည်။

ဟဲ့သင်းချိုအေးမော ရင် အထုတ်တွေ ထားခဲ့ငါ အခန်း ထဲ အထိ လိုက် ပို့ ပေးမယ်

အောင်မင်း က အော် ပြော လိုက်သည်။

အောင်မင်းဘာပြော တယ်…. နင် ..နာချင် ပြီ ထင်တယ်

နင်ကလဲ စိတ်ကြီး ဘဲ ဟယ်….ငါ က မီးဖိုချောင် အခန်း ထဲ ကို ပို့ ပေး မယ် ပြောတာ ..ပါ 

အမျိုးသမီးငယ် လည်း ဆောင့်ဆောင့် အောင့် အောင့် နဲ့ ဓါတ်လှေခါး ထဲ ဝင်သွားသည်။

ကိုအောင်မင်းသူ က ဘယ်သူလည်း “ ..မောင်မောင် စိုးက မေး တော့..

ဆရာသူက သူဌေး ရဲ့ ဆွေ မကင်း မျိုး မကင်း ထည်းက ပါ ကျွန်တော် နဲ့ လည်း ရပ်ဆွေ ရပ်မျိုး လိုပါ။ သူဌေး ရဲ့ Gambak က နိပွန် သုတ်ဆေး ရုံး မှာ စာရေး လုပ် ပါတယ်။ ဒီ Regent Heights အိမ် က Gambak ရုံး  နီး နီးလေး မို့ ရုံး ကို လည်း စက်ဘီး နဲ့ သွားလိုက် ရုံး အလုပ် ပါး တဲ့ အချိန် မှာ အိမ်ပြန်လာပြီး  အိမ်ဖေါ်တွေ ကို အိမ် အလုပ် ကူ လုပ် လိုက် နဲ့ပေါ့၊ စိတ် တို တတ် လို့ လိုက် တာ ပါ

မကြာမှီ ကို မောင်ထွန်းရောက် လာတော့ အိမ်ပေါ် အတူ တက်ကာ လုပ်ငန်း ညှိနိုင်းကြ သည်။

ကိုမောင်ထွန်း က ..” ကိုမောင်မောင်စိုးကျွန်တော်..မြန်မာသံရုံး နဲ့ လုပ်ငန်း ဆောင်ရွက် တာ ကြာပါ ပြီ၊ ရုံး လုပ်ငန်း ခက်အခဲ တွေ ကို နားလည် ပါတယ်။ ငွေရေး ကြေး ရေး က အကြာင်း မဟုတ်ပါ ဘာမှ မပူ ပါနဲ့ ကျွန်တော် ဆောင်ရွက် ပေးပါမယ်။

ထိုစဉ် သင်းချိုအေး က ကော်ဖီ ဘန်း ကိုင် ကာ ကော်ဖီခွက်တွေ လာချ ပေးသည်။ သင်းချိုအေးက အဝတ် အစား ပင် လဲ ပြီးနေပြီ။

အတော်ဘဲ…. ကိုမောင်မောင်စိုးဒါ ကျွန်တော့် ရုံးကိစ္စတွေ လုပ်ကိုင်ပေးတဲ့ သင်းချိုအေးပါ။ လုပ်ငန်း အသေးစိတ် ကို သူ နဲ့  ဆွေးနွေး ပါ။ သင်းချိုအေး ဒါ.. မြန်မာသံရုံး က ပထမ အတွင်းဝန် ဦးမောင်မောင်စိုးအခု လုပ်ငန်း ကိစ္စ နဲ့ ပတ်သက်လို့ ..သူနဲ့ ဆက်သွယ် ဆောင်ရွက် ရမယ်။

သင်းချိုအေးက မောင်မောင်စိုး ကို အကဲ ခတ် ကြည့် ကြည့် သည်။ မောင်မောင်စိုး ကလည်း ဓါတ်ပုံ သမား ပီပီ သင်းချိုအေး ရဲ့ အလှကို စူးစမ်း တဲ့ အကြည့်နဲ့ ကြည့် မိသည့်။ အကဲ ခတ်သည့်  မျက်လုံး နဲ့ စူးစမ်း တဲ့ မျက်လုံး  တို့ ဆုံ မိကြ လေသည် တွင် ……..

()

 

တစ်နေ့ မောင်မောင်စိုးမြို့ ထဲ ကို ကိစ္စတစ်ခု နဲ့ သွား ဘို့ ရုံး အောက် ဆင်း လာတော့ နိုင်ငံကူး လက်မှတ် သက်တန်း တိုး ရန်နဲ့ ကောင်စစ် ဆိုင်ရာ ကိစ္စ များ ဆောင်ရွက် ရန် ရုံးရှေ့ ဧည့် ဆောင်ရှိ  လူတွေ အကြား ရှေ့ ဆုံး ခုံ မှာ ထိုင်နေတဲ့ သင်းချိုအေး ကို အမှတ်မထင်တွေ့ လိုက်ရသည်။ ကောင်စစ် ကိစ္စ ဆိုတာ ကိုတော့ သိသည်။ သို့သော်.. မောင်မောင်စိုး က အနား သွားပြီး

သင်ချိုအေး ….လုပ်ငန်း ကိစ္စ နဲ့ ပတ်သက် ပြီး ဦးမောင်ထွန်း ဘာများ လိုက် လို့ လဲ ဗျာလို့ တစ်ဘက်လှဲ့ နဲ့ ပြော ကာ ရုံး အောက်ထပ် ဧည့် ခန်း သို့ ခေါ် လာပါသည်။ သင်းချိုအေး က…….

ဆရာ..နိုင်ငံကူး စာအုပ် သက်တန်း လာတိုးတာပါ။ အားလုံး ပြီး ခါ နီးမှ Employment-Pass Photocopy တစ်ခု ပေးဘို့ ကျန်နေလို့ ရုံး မှာ လည်း အလုပ်က တန်း လန်းနဲ့ အချိန် မှီ ပြန်ဘို့ က လည်း ရှိ တယ်။ Tanglin ဘက် ဆင်း သွား ရင် လည်း အချိန်မမှီ တော့ လို့ဘာလုပ်ရမှန်း မသိ ဖြစ်နေလို့ ပါ..

စိတ် မပူ ပါနဲ့ သင်းချိုအေးကိုယ် စီစဉ် ပေးပါမယ်ပြော ကာ လိုအပ်တာလေး မိတ္တူ ကူး ပေးကာ ကောင်စစ် အရာ ရှိကိုလည်း အကျိုး အကြောင်း ရှင်း ပြ ပေး လိုက်တော့ သင်းချိုအေး သက်ပြင်း ချ နိုင်သွားပါသည်။

နှစ်ဦးသား မျက်လုံး ခြင်း ဆုံ ရာ အဆင့် မှ ရှေ့ တစ်ဆင့် တက် လာ တဲ့ ရင်းနှီး တွယ်တာမှု  လေး တွေ စတင် ရစ် ပတ်နှောင် ဖွဲ့  ခဲ့ မိကြ လေသည်။

နောက် ပိုင်း တွင် ဆေးသုတ် လုပ်ငန်း တင်သာမက အခြား အသေးစား ပြုပြင် ထိန်းသိမ်း ရေး လုပ်ငန်း ဆိုင်ရာ များပါ ပါလာ၍ သင်းချိုအေး နဲ့ ဆက်ဆံရေးဟာ အလုပ် သဘောအရရော ပုဂ္ဂိုလ် ရေးအရ ပါ ပြောဆို ဆက်ဆံ တာများ လာလေသည်။

 ကာလ ကြာ လာတော့ရင်းနှီးမှု တွေ က အရည် ပျော် ကာ ရစ်နွယ် ပေါင်းစည်းမှု တွေဟာ မျက်ဝန်းမှ သည် နှလုံးသား ဆီ သို့ စီးဆင်း လာ လေသည်။ နှစ်ဦးသား ရဲ့ အပြော တွေ ကြား မှာ တွယ်တာမှု တွေ ပါ လာ သလို  တွေ့ ဆုံမှု တွေ ကြား မှာ ကြင်နာမှု နဲ့ သံယော ဇဉ် တွေ ညိ တွယ် လာ ကြလေသည်။

သည်နေ့  စင်ကာပူ မြို့လယ် Orchard Road လမ်းမ ပေါ်တွင် အက၊ အလှ ပြ ကား  တွေ အမျိုးမျိုးသော Float တွေ နဲ့ စည်ကား စွာ လှည့် လည် ကြ သည့် Chingay Parade လှည့် လယ် ပွဲ ရှိသည်။ သံရုံး က St. Martin’s Drive မှာ မို့  Orchard Road နဲ့  အနီး ကလေး လမ်း လျှောက် သွားရုံ သာ ညနေ မှာ မောင်မောင်စိုး သင်းချိုအေး ကို သံရုံး အောက်ရှိ Tanglin Mall မှာ စာ စား ရင်း ပိုင်း Chingay Parade ပြ မည် ဟု ချိန်းထားသည်။



Singapore, Chingy Parade.


တိုက်တိုက် ဆိုင်ဆိုင် ညနေ နာရီမှာ Seama Consult Company က Mr. Andrea သံရုံးသို့ လာကာ မြန်မာနိုင်ငံ နှင့်တိုးတက် ဆောင်ရွက် နိုင်သည့် ကုန်သွယ်မှု ဆိုင်ရာ Trade Opportunities ကို ဆွေးနွေး လိုပါသည် ဟု ဆို လာ သည်။

တစ်ခါ … Mr. Andrea က အရေး ပေါ် ကိစ္စ ပေါ် လာသဖြင့် ညနေ :၃၀ နာရီလောက် မှာ တွေ့လိုပါသည် ဟု ဆိုပြန် သည်။ ခင်မင်သူတွေ မို့ Formality သိပ်မရှိလှ။ တွေ့ကြတာပေါ့ လို့ ဘဲပြော ပါ လိုက်ပါသည်။

သင်းချိုအေးကို အခြေ အနေပြော ထားပြီး Appointment ပြီးတာနဲ့ ဖုန်း ဆက်လိုက်မည် တက္ကစီ နဲ့ သံရုံး အောက် Tanglin လမ်းပေါ်ရှိ   Tanglin Mall ကို လာ ဘို့ ပြော ထားရသည်။

သင်းချိုအေး  ကလည်း သူ ဒီနေ့ ညနေ တက်နေသည့် FSAC ( Financial Services Audit Certificate ) သင်တန်း ကလည်း အချိန်ပို တိုးယူ ထား လို့ နောက်ကျ မည် ဆို၍ နှစ်ဦး နှစ် ဘက် အဆင်ပြေ သွားသည်။

Mr. Andrea  လည်း သူပြော တဲ့ အချိန် မှာ  ရောက်လာပါသည်။

မောင်မောင်စိုး ကတော့ Investment Opportunity in Myanmar နဲ့  နိုင်ငံ တစ်နိုင်ငံ ရဲ့ ဖွံ့ဖြိုး တိုး တက်မှု မှာ Foreign Direct Investment ( FDI) ရဲ့ အရေးပါမှု ကို လက်ရှိ အခြေ အနေနဲ့ ယှဉ် ကာ လက်ရှိ အခြေ အနေအရ အားသာမှု အားနည်းမှု အဖု အထစ် စသည် တို့ ကို ပြော ပြ သည်။

Mr. Andrea က မှတ်သား လောက် သည့် စင်ကာပူ စီးပွားရေး အလွန်ကျဆင်း စဉ်က မည်ကဲ့ သို့ ပြန်လည် ဦးမော့ လာ အောင် ဆောင်ရွက် ခဲ့ သည့် အတွေ့ အကြုံ ကိုပြော ပြသည်။

၁၉၈၅/၈၆ လောက် အတွင်း စင်ကာပူ စီးပွားရေး ကျဆင်း စဉ်က လက်ရှိဝန်ကြီးချုပ် မစ္စတာ လီရှမ်လုံ က Trade and Industry ဒုတိယ ဝန်ကြီး၊ စင်ကာပူ စီးပွားရေး တိုးတက် လာဘို့ အတွက် ပြုပြင် ပြောင်း လဲရေး တွေ လုပ် ဘို့ သူ့ ကို ဝန်ကြီးချုပ် က စီးပွာရေး တိုးတက်ဖွံ့ဖြိုး ရေး ဘုတ် အဖွဲ့ မှာ ဥက္ကဌ ခန့် ပြီး တာဝန်ပေးတယ်.. မစ္စတာ လီရှမ်လုံ  ဆောင်ရွက် ပုံ က သင်္ချာ တစ်ပုဒ် တွက် ရာ မှာ အဖြေ ကနေ ပုဒ္ဆာ  ကို  ပြန်ထုတ် တဲ့ နည်း လို လုပ် လိုက် တယ် လို့ ဆိုရမှာပေါ့ ဗျာ။

လုပ်ငန်း ဆောင်ရွက်မှု  အများ ကြီး ရှိတဲ့ ထည်း က အရေး ပါတဲ့ အဓိက လုပ်ငန်း ပိုင်း တစ်ခု ကိုပြော ရရင် စီးပွားရေး နယ်ပါယ် က ထိပ်တန်း လုပ်ငန်း ရှင်တွေ ကို ဖိတ်တယ်၊ ကျွန်တော် လည်း ဒီ အစည်း အဝေး တက်ခဲ့ပါတယ်။ မစ္စတာ လီရှမ်လုံ က လက်ရှိ ကုန်သွယ် ရေး သွက်လက်စွာ လယ် ပတ် မှု ကို အဖု အထစ် ဖြစ်စေတာတွေက ဘာတွေ လဲ၊ ဒါ တွေ ကို ဘယ် လို ဖြေရှင်း ကြမလဲ ….မေးတယ်။

လုပ်ငန်းရှင် တွေ တင်ပြ တာ တွေ ကို အချုပ် ပြော ရရင်---“ အချိန် ကာလ တစ်ခု အတွင်းအခွန် အခ လျှော့ ချပေးရေး၊ လုပ်အားခ လျှော့ ချ ပေး ရေး၊ ဆိပ်ကမ်းခွန် လျှော့ချ ပေးရေး၊ ဆောက် အဦ ငှားရမ်း တွေ လျှော့ ချ ပေး ရေး များ စတဲ့ ဝန်ဆောင် မှု ( Overhead Costs) တွေ ရဲ့ ဝန်ထုပ် ဝန်ပိုး များ လျှော့ချ ပေး ရေး အပြင် သူ တို့ ရင် ဆိုင်နေရတဲ့ အကြပ် အတည်း တွေ ကို တင်ပြတယ်။

မစ္စတာ လီရှမ်လုံ က  တင်ပြ တဲ့ အချက် အားလုံး နီး ပါး ကို ဆောင်ရွက် ပေးတယ်၊ ထုထယ် ကြီးမားလှတဲ့ FDI ကြီး တွေ ဟောကနဲ ဟော ကနဲ ပြန်ဝင်လာတယ် တစ်နှစ် အတွင်း စင်ကာပူ စီးပွားရေး ပြန်ဦးမော့ လာတယ်။…. မစ္စတာ လီရှမ်လုံ ရဲ့ လုပ် နည်း အလွန်မှန် တယ်။ ဆရာ ဝန် ဆေးကု ရာ မှာ လူ နာ က သူခံ စားနေရတာ တွေ ကို အတိအကျ ပြော နိုင်ရင် ဆရာ ဝန် ဟာ လူနာ ဘာရောဂါ ဖြစ်နေ တယ် ဆိုတာ ဆုံး ဖြစ်ရ လွယ် တာပေါ့ ဗျာ၊

မောင်မောင်စိုး အတွင် တော့ လုပ်ငန်း လုပ်ဆောင်ရွက်ရင်းလေ့လာ မှတ်သား စရာများ ရခဲ့ ပါသည်။

Appointment ပြီးတော့ သင်းချိုအေး ထံ ဖုန်းဆက်ပြီး သူ လည်း Tanglin Mall ကို ဆင်း ခဲ့ ပြီး Taxi Stand က စောင့်နေ သည်။

မကြာမှီ သင်းချိုအေး ရောက် လာတော့ Tanglin Mall အောက်ထပ်မှာ ညနေစာ စားပြီး နှစ်ဦးသား Orchard လမ်းဘက် လျှောက် လာကာ  Chingay Parade ကြည့် ကြသည်။ ရောင်စုံ မီး များအောက်တွင် လမ်း အပြည့် ရောင်စုံ အဝတ် အစားများ နဲ့ အက များ  မီးရောင်စုံ ထွန်း ထားသည့် အလှပြ ကား များကို သင်းချိုအေး  တအံ့ တဩ ကြည့် နေမိသည်။ ပျော်ရွှင် လင်း လက်နေသည့် သင်းချိုအေး မျက်နှာ လေး ကို မြင်ရတော့ မောင်မောင်စိုး လည်း ပျော် သည်ပေါ့။

အကိုလာမဲ့ တနင်္ဂနွေဘယ် မှာ တွေ့ ကြမလဲ ဟင်…”  သင်းချို မေး တော့

“ At the same time and same place, သည် အချိန် သည် နေရာ ပင်နီစူလာ မှာ ဘဲ ပေါ့ ..သင်းချို..

ပါဆာရစ် သွားမယ်လေအကို…”

မောင်မောင်စိုး မငြင်း ရက်ပါ အင်းလိုက်ရပါ သည်။

 

()

တနင်္ဂနွေ နေ့ မနက် နာရီ၊ Bukit Batok , MRT Station မှာ တွေ့ ကြ ဘို့ ချိန်း လိုက်သည်။

သင်းချိုအေး နေသည့် Regent Heights နဲ့  Bukit Batok , MRT Station ( လျှပ်စစ်ရထား ဘူတာရုံ ) မှာ  ဘတ်စကား နှစ် မှတ်တိုင် သာ ဝေးသည်။ ဝါသနာပါ လို့ ကတော့ လမ်း ပင် လျှောက် သွားလို့ ရသည်။  မောင်မောင် စိုး နေထိုင် သည့် Upper Bukit Timah အရပ်ရှိ Hume Part-1 က မူ  အတန်ငယ် လှမ်း သည့် ဘတ်စ်ကား မှတ် တိုင်လောက် စီး တဲ့ နေရာ ဖြစ်သည်။

ဓါတ်ပုံ ရိုက် သွားတယ် ဆိုစေကာမူ လူသူ မနီး တဲ့ တောထဲ တစ်နေကုန် သွား ကာ Wildlife ရိုက် ရတာမို့ သယ်ရ တဲ့ ပစ္စည်း က တော့ မနည်း လှပါ။ ကင်မရာ အိတ်တွင် ငှက် ရိုက် သည့် တစ် စက္ကန့် ကို (၁၂) Frame လောက် ရိုက် နိုင်သော  Shutter Speed အလွန် မြန်သည့် ကင်မရာ နှင့် ရှုမျှော်ခင်း ရိုက် သည့် ကင်မရာ ဘော်ဒီ နှစ်လုံး၊ ငှက်ရိုက်သည့် Focal Length 600 mm Lens, ဘက်စုံသုံး 18-200 mm Lens ,  တောထဲမှာ ပန်းများနှင့် ပိုး ကောင် မွှားကောင် လေး များ ရိုက်ရန် 105 mm, f/2.8 Macro Lens Wireless Remote Controls, Tripod, Gimbal Head  စသည် တို့အပြင်၊ အဝေးက ငှက် အခြေအနေကို ကြည့်ရန် Night Vision, 12 X 25 Vitacon Binoculs အသေး ၊ပင်ပန်း လွန်းပါက ခေတ္တ လဲ လျှောင်းရန် ကင်းဗတ်စ လေမှုတ် သွင်း ရသည့် ခေါင်းဦး ငယ် စသည် တို့ ထည့် ထားရသည်။

ထို့ အပြင် မိုးရွာပါက လူရော ကင်မရာ အိပ် ကိုပါ ကာ နိုင်သည့် မိုးကာ၊ ချွေးအလွန်ထွက်ပါက လဲလှယ် ရန် T-Shirt အပို, တော ထဲတွင် မိုးရွာ လေတိုက်ပြီး အလွန် အေးလာပါက ဝတ်ရန် Wind Breaker အပါး၊ အရေးပေါ် သောက်ရန် ဆေး First Aid Kit 0.5 Lt. Direct Drink Water Bottle အဆာပြေ စား ရန် Snacks  စသည် တို့ ကိုပါ သယ် ရသဖြင့် ကင်မရာ အိပ် သည် (၁၂ ) ကီလို ခန့် လေး သည်။

ချိန်းသောအချိန် မှာ သင်းချိုအေး Bukit Batok MRT Station သို့ ရောက်နှင့် နေလေပြီ။

ဘူတာရုံ ထဲ မဝင်မှီ အပြင် က မလေး အစားအသောက် ရောင်းတဲ့ ဆိုင်မှာ နှစ်ယောက်သား မလေး ထမင်း နာဆီလာမတ် ( Nasi Lemak ) စားကြပြီး ရထားစီး ကြလေသည်။ သည်နေရာ က နေ Pasir Ris ရောက်ဘို့ နှစ်နာရီ နီးပါး ရထားစီးရသည်။

ကြာလာတော့ လမ်း မှာ သင်ချိုအေး အိပ်ငိုက်လာ ကာ မောင်မောင်စိုး ပုခုံးပေါ် ခေါင်း မှီကာ မှိန်း နေသည်။ မောင်မောင်စိုးက တော့ ဓါတ်ပုံ တစ်ပုံ အတွင်း Subjects များရဲ့ အထားအသိုလ် ဆိုင်ရာ Photography Composition Rule တစ်ခု ဖြစ်သည့် Lines in the Photography ကို ဖတ်နေသည်။

လမ်းတစ်ဝက် လောက် ဖြစ်သည့်  Kallang River ကျော်လာတော့ သင်ချိုအေး နိုးလာသည်။

က စာရင်းတွေ လက်စ မသတ် နိုင်လို့ အိပ်ယာဝင် နောက်ကျသွားတယ် အကို။ အကိုဘာတွေ ဖတ်နေတာလဲ..ဟင်

ဓါတ်ပုံ ထဲ မှာ အဓိကပြမဲ့  ( COI ) Center of Interest ဖြစ်တဲ့ Subject နေရာ ဆီ ကို ကြည့် သူ အာရုံ ဆွဲခေါ် သွား စေတဲ့ Line ( မျဉ်း) တွေ အကြောင်းပါ..သင်းချို

သင်းချိုက စာအုပ် လှမ်းယူ ကာ ဟိုလှန် ဒီလှန် ကြည့် ရင်း ..” မျဉ်းတွေ က လည်း များ လိုက် တာ “  လို့ ဆိုသည်။ 

လိုင်းတွေ များပေမဲ့ တကယ် သုံးတာ ကသိပ် မများ လှပါဘူး ..သင်းချို များသော အားဖြင့် Leading Lines တစ်နေရာ မှာ မျဉ်းတွေ ဆုံ ကြတဲ့ ( Converging Line)လိုင်း၊  ဒေါင်လိုက် ( Vertical Line ) လိုင်း  အလျှားလိုက် ( Horizontal Line) လိုင်း တွေ ကိုသာ အဓိက သုံးကြတာပါ ဒေါင်လိုက်နဲ့ အလျှားလိုက် လိုင်း တွေ ကို ပုံတွေ ထဲမှာ သုံးတဲ့ အခါ မှာ မျဉ်း တွေ ဟာ   (Parallel Line) မျဉ်းပြိုင် တွေ ဖြစ်လာတယ်။ ဒီလိုင်းတွေဟာ စာအုပ်ထဲမှာ နမူနာပြထားတဲ့ ပုံတွေထဲ ကလို ကိုယ် ပြလိုတဲ့ နေရာ ကို ထိထိ ရောက်ရောက် ဆွဲဆောင်သွားနိုင်တဲ့လိုင်းတွေဖြစ်တယ် သင်းချို..”..သင်ချိုအေး ငြိမ်နေ သည်...အတော်ကြာမှ….

အကို ရယ်မျဉ်း ပြိုင် တွေ ဟာ ဓါတ်ပုံ ထဲ မှာ ဆွဲ ဆောင်မှု ရှိတယ် ဆို ပေမဲ့ ဆုံ မှတ် မရှိတဲ့ လိုင်း ကို သင်းချို မကြိုက်ဘူး အကိုဆုံစည်း မှု မရှိဘူးဆိုတဲ့ နိမိတ် လို့ထင်နေလို့ပါ….

သင်းချိုအေး ဘာကို ဆိုလိုတယ် ဆိုတာ မောင်မောင်စိုး နားလည် ပါသည်။ သို့သော် တုံနိ ဘာဝေ နှုတ် ဆိပ် နေ လိုက် မိပါသည်။

ရထား Pasir Ris ဘူတာ ကို ဆိုက်ပြီ။ ဘူတာ ရုံ နဲ့ ဆက်လျှက် Bus Interchange  အဆောက် အအုံ က နေ မျက်ခင်း လေး ကို ဖြတ်၍ Car Park-B ထဲ သွား ကာ Pasir Ris Park ဝင် လိုက် သည်။ Park ထဲ ရောက်သည်နှင့်  တော လမ်း ပင်ပျိုတန်း ရေကန် ငယ် နားနေဆောင် ထိုင်ခုံ လေး များ ရေ စီးသံ သဲ့ သဲ့ လေး များ ကျေးငှက် ကလေး များ  အော် မြည်သံ တွေ ကြား  ရတဲ့ သင်းချိုအေး ဟာ မျက်နှာ ဝင်း လက်လာသည်။








တဖြည်းဖြည်း နဲ့ မောင်မောင် စိုး တို့ Bird Photographer များ Kingfisher ငှက် ရေထဲ ဒိုက် ထိုးဆင်းကာ ငါး ဖမ်း တဲ့ ပုံ ရိုက် သော  Sungei Tampinese,  (Sungei မလေး ဘာသာ = မြစ်  )  တင်ပနိစ် မြစ် ပေါ် က  တံတားလေး ပေါ် ရောက် တော့ မြို့ ထဲ နဲ့ လုံး မတူ တဲ့ သဘာဝ ပါတ်ဝန်း ကျင် မှာ တံတားလေး ပေါ် ရောက် တော့ မြို့ ထဲ နဲ့ လုံး မတူ တဲ့ သဘာဝ ပါတ်ဝန်း ကျင် လေး မှာ သင်းချိုအေး နစ်မြော နေမိပါပြီ။













     

သာယာ လိုက် တဲ့ နေရာ အကို ရယ်တစ်ကူးတက ခေါ်လာ တာ ကို ကျေးဇူးတင် လိုက် တာ…”

သင်းချို….စင်ကာပူ မှာ ရှေး ဆိုရိုးစကား တစ်ခု ရှိတယ်.. Thank you can not eat. တဲ့ “…. လို့ နောက်လိုက်တယ်။

ပါးစပ် ကလေး နဲ့ တင်   “ Thank you ” လို့ ပြောတာဟာ အရည်မရ အဖတ်မရ စား လို့ မရ သောက် လို့ မရ အလဟဿ ..ဘဲ … “   လို့ ဆိုတာ ပါ။ သင်းချိုအေး က လည်း ခေတ် သမီး ပျိုချက် ဆို နားကွက် က မီးတောက် သူ

သင်းချို အေး .. သူ့ လက်လေး ကို မောင်မောင်စိုး ထံ ကမ်း ပေးပြီး  …

ကဲဆရာ သမားအမြီး  ကိုဘဲ စား စားခေါင်း ကိုဘဲ စားစားကြိုက် ရာ သာ စား ပေတော့ ..” လို့ ငေါ့ တော့ တော့ ပြောလိုက်လေ သည်။

ကမ်းလင့် သော လက် ကို မောင်မောင်စိုး က အသာ ဆွဲ ကာ ရယ် နေလိုက် ပါသည်။


Stork billed Kingfisher.


















မကြာ ခင် မောင်မောင်စိုး ရဲ့ လက်ဦး Bird Photography ဆရာ Mr. Lai နဲ့ ငှက် ရိုက်ဖေါ် ရိုက်ဖက် မိတ်ဆွေ တွေ ရောက်လာပါသည်။ ဆရာ Mr. Lai က ..

မောင်စိုး ..မင်း ဧည့်သည် ပါလာ တော့ Stork billed Kingfisher ကို စောင့် မနေပါနဲ့ .. Hut-5 ကို ခေါ် သွား သူ နားနေ ပါစေ…”  အလိုက် တသိ ပြော လိုက်သည်။

Hut-5 သည် တင်ပနိစ် (Tampinese)  မြစ်ပေါ် တွင် ဆောက် ထားသော လူများ နားနေသည့် ရေလယ် ဆောင် အမှတ် - ( Hut -5) ကလေး ဖြစ်ပါသည်။ Pasir Ris ရဲ့ အလှ အပ အားလုံး ကို ခံ စားနိုင်တဲ့ နေရာပါ။ Pasir Ris Mangroves ( ရွှံ့ ညွံ ဖုံးနေတဲ့ လမုတော ) နေရာ အားလုံး ကို ရွှံ့ ညွံ တွေ ပေါ် ကနေ  လမ်း လျှောက် လို့ ရအောင် ဆောက် ထားတဲ့ သစ်သား တံတား ( Boadwalk ) ပေါ်က နေ ရေလယ် ဆောင် အမှတ် - ( Hut -5) သို့ သင်းချိုအေး ကို ခေါ် သွား ပါသည်။











စင်ကာပူမြို့
ကွန်ကရိ တော ကြီး( Concrete Jungle)  ထဲကနေ တစ်ခါ မှ သဘာဝ ပတ်ဝန်းကျင် ထဲ ရောက် ဘူးခြင်း မရှိသေးသည့် သင်းချိုအေး တစ်ယောက် လမုတောကြီး ထဲ က Boardwalk ပေါ် မှာ တောနံ့ တောင် နံ့ လေး နဲ့ လမ်း လျှောက်ရတဲ့ အပြင်   မြစ်ပြင်ပေါ်မှာ ဆောက် ထားတဲ့  Hut-5 ရဲ့ သာယာ လှပ သော သဘာဝပတ်ဝန်ကျင်၊ သင်းပျံ့ သော တော ရနံ့ သာယာ နာပျော် ဘွယ်ရာ ကျေးငှက်သံ များ  ထဲ မှာ နစ်မြော နေမိပေသည်။


နေ့လယ်စာ စား ချိန် တွင် Pasir Ris MRT Station အနီးက  White Sands Mall အပေါ် ထပ်ရှိ Food Center မှာ  သွားစား ကြသည်။











 Park သို့ ပြန်အလာတွင် ငှက် ဓါတ်ပုံ ရိုက်ရာ တံတား  အနီးရှိ လေးဘက် လေးတန် ဖွင့် ဘော်လုံးကွင်း တစ်ဝက် နီးပါး လောက်ရှိသော ကွန်ကရိ နဲ့ ဆောက် ထားတဲ့ နားနေ ဆောင်ကြီး Park Open Air Shelter ) သို့ သင်းချိုအေး ကို ပို့ပေး လိုက်ပါသည်။ သည် နားနေ ဆောင်ကြီး ရဲ့ အနီး မှာ သန့်စင်ခန်း သုံးရေ သောက်ရေ အားလုံးရကာ တယ်လီ ဖုံး ပင် အားသွင်း နိုင်သော ပလပ် ပေါက် များ ရှိသည့် နေရာ ဖြစ်သည်။


 Park Open Air Shelter, Our Common Hall.

သည် အချိန် မှာ  အပတ်စဉ် တနင်္ဂနွေ နေ့ အားလပ်ရက် တိုင်း  Par Ris Park သို့ အုပ်စု လိုက် အပန်းဖြေ ရန် လာလေ့ရှိသည့် စင်ကာပူတွင် အလုပ် လုပ်ကိုင်နေကြသော ဖိလစ်ပိုင်သူ မိန်းကလေး များ အင်ဒို နီးရှား၊ မလေးရှား မိန်းကလေး အတော်များများ လည်းရောက်နေကြပြီ။ မြို့ထဲ နဲ့ ဝေး သည့် နေရာ မို့ မြန်မာ မိန်းကလေး များ ကတော့ မရှိသလောက် ရှားလှပေ သည်။…. သင်းချိူအေး က နှတ်သွက် လျှာသွက် မို့ ခန အတွင်း မိန်းကလေး များ ချင်းချင်း  အကျွမ်း တဝင် ဖြစ်သွား ကြလေသည်။

သင်းချို..အခု အချိန် က နေ အတော် ပူနေတယ်ဒီမှာ ခန နားနေလိုက်ပါ။ အကို တံတား ( Wooden Bridge ) ကို သွားပြီး ဓါတ်ပုံ ရိုက် လိုက်ဦးမယ်ပျင်း တဲ့ အချိန် လိုက်ခဲ့ လေ ” ..သင်းချိုအေးခေါင်းညှိမ့် ပြ လိုက်သည်။ 






နားနေဆောင် နဲ့ ငှက် ရိုက်တဲ့ နေရာ ကလည်း နီးတော့ တစ်ခါ တစ်ရံ ဓါတ်ပုံ ရိုက်တာ လာကြည့်သည်။  နေ ကလည်းပူ ငှက် မြစ်ထဲ ဒိုက်ထိုးဆင်းတာကို အမိ အရ ရိုက် တဲ့ အခွင့်အရေး လက်မလွတ်သွား ရလေအောင် Photographer များ အသေအလဲ အာရုံ စိုက် နေရ တဲ့အချိန် များတွင် နားနေ ဆောင်ကို ပြန်သွား လိုက် နဲ့ သင်းချိုအေး ပျင်း ချိန် ပင်မရပါ။

သည်လို နဲ့ ညနေ စောင်း လာတော့ ငှက် လည်း အသိုက် ကို ပြန် လူတွေ လည်း တစစ ပြန်ပြီ။

မောင်မောင်စိုး တို့ နှစ်ယောက်သား လည်း  Pasir Ris MRT Station သို့ မပြန်မှီ Pasir Ris Park နားနေဆောင် နဲ့ တံတား အကြား ရှိ ရေကန်လေး ဘေး က သစ်သား ခုံ တန်းလေးပေါ် တွင် ထိုင်ကာ အပန်းဖြေ ကြသည်။ နေမင်း ကြီး သည် လည်း ဝင်စပြုနေပြီ၊ တင်ပနိစ် မြစ်ပေါ်တွင် Cattle Egret ( ကျွဲကျောင်း ဗျိုင်း), Grey Heron ( ငဟစ်မွဲ ), Night Heron ( လင်းဝက်), Milky Stork    စတဲ့ ရေပျော် ငှက် တွေ လည်း အိပ်တန်း သို့ တစ်စ တစ်စ လေးတွဲ့ စွာ ပျံ နေကြလေပြီ။ Pasir Ris Mangrove ကြီး တွင် ကျေးသံ ငှက်သံ ရေစီးသံ သဲ့သဲ့ လေပြေ ညှင်းသံ နွဲ့နွဲ့  ကလွဲ လို့  အားလုံး တိတ်ဆိတ် နေလေပြီ။

အကို….သင်းချို လေရထားပေါ် မှာ ဖတ် ခဲ့ ရတဲ့ မျဉ်းပြိုင် လို ဆုံ ရပ် မရှိတဲ့ အဖြစ် မျိုး ကို သိပ် စိုးရိမ် မိတယ်...အကို… “  …. ပြိုတော့ မဲ့ မိုး သဏ္ဌာန် ညိုနေသည့် မျက်နှာ လေး နဲ့ ပြော တော့ မောင်မောင်စိုး က သူ့ ဘယ်လက်နဲ့ သင်းချို ပုခုံး လေး ကို အသာ ဖက် ထားလိုက်ကာ….

သာမန် စာရွက်ပေါ် မှာ ခဲတန် နဲ့ ရေး တဲ့ မျဉ်းတွေ မှာ သာ မျဉ်းပြိုင် ဆိုတာ ရှိတာပါ ...သင်းချို.. မေတ္တာ ဆိုတဲ့ စာရွက်ပေါ် မှာ နှလုံး သွေးနဲ့ ရေး တဲ့ အခါ “   ဆုံမှတ် မရှိတဲ့ မျဉ်း ပြိုင် ဆိုတာ ဘယ်သော အခါ မှ မရှိပါ ဘူး …. ဆုံရပ် ရှိ တဲ့ မျဉ်း တွေ ချဉ်းပါ ဒီ မှာ ကြည့် သင်းချို နဲ့ ကိုယ် တို့ ရဲ့ ဆုံရပ် လေ…”   လို့ ဆိုကာ …..မောင်မောင်စိုး က သူ့ ဘယ်ဘက် ပုခုံး ကို ပြ လိုက်တော့ ..သင်းချို အေး ..က သူ့ခေါင်း ကလေး ကို မောင်မောင်စိုး ရဲ့ ပုခုံးပေါ် တွင် အသာ မှီ လိုက် သည်။

သင်းချို အေး ထံမှ ဘာ စကားသံ ထွက် မလာ …..

စိတ်သက်သာရာ   သင်္ကေတ ဖြစ်တဲ့  လေးတွဲ့ တွဲ့ သက်ပြင်း ချသံ လေး သာ  ကြား လိုက် ရသည်။

ပါဆာရစ် မှာ နေ ဝင် လေ ပြီ

သို့ သော်….သူတို့ နှစ်ဦး ရဲ့ နှလုံး သား တွေထဲ မှာ တော့ နေအာရုဏ် တက် လင်း လက် လျှက် ရှိနေ ဆဲ သည် ပင် ……


Sunset at  Pasir Ris .

                                                                                             မောင် ( မန်း တက္ကသိုလ် )

 (31 Aug 2023) 


No comments:

Post a Comment